CommitWealth

CommitWealth Strategies of how to live life differently in a more secure and efficient way by becoming a libertarian and a global citizen.

A proven diversified route for you, your family and your wealth through promising jurisdictions. About Second Citizenship & Residency By Investment, Offshore Business Formation & Banking, Plan A, Plan B in offshore jurisdictions to build more diversified, secure, prosper, healthier and peaceful futures for yourself and your loved ones.

🇨🇦Entrepreneur တွေအတွက် Canada PR ရရှိဖို့ အရိုးရှင်းဆုံး၊ အလွယ်ကူဆုံးနဲ့ အမြန်ဆုံး နည်းလမ်း 🇨🇦 *Total Words: (1065)*Est...
12/01/2022

🇨🇦Entrepreneur တွေအတွက် Canada PR ရရှိဖို့ အရိုးရှင်းဆုံး၊ အလွယ်ကူဆုံးနဲ့ အမြန်ဆုံး နည်းလမ်း 🇨🇦

*Total Words: (1065)
*Estimated Time To Read: 20Âą mins

Canada နိုင်ငံရဲ့ Immigration System က အ​တော်စနစ်ကျပြီး ခိုင်မာပါတယ်။ Point Based Immigration System ကိုကျင့်သုံးတာ​ကြောင့် အသက်အရွယ်၊ ပညာအရည်အချင်း၊ အ​တွေ့အကြုံ၊ အလုပ်အကိုင် အ​တွေ့အကြုံ၊ ဘာသာစကားကျွမ်းကျင်မှု၊ ဝင်​ငွေ စတဲ့ အချက်များစွာကို ကြည့်ပြီး Point နဲ့ အမှတ်​ပေးရင်း Immigration တံခါးကို စနစ်ကျကျ ကိုင်တွယ်စိစစ်ပြီး အဖွင့်အပိတ်လုပ်​ပေးတဲ့ နိုင်ငံ ဖြစ်ပါတယ်။

လာရောက်အခြေချနေထိုင်လိုသူတွေအတွက် လုပ်ငန်းကျွမ်းကျင်မှု နယ်ပယ်အလိုက်၊ Skill တွေအလိုက် Federal ပြည်ထောင်စု အဆင့်မှာရော၊ Provincial ပြည်နယ်အဆင့်​တွေမှာပါ အခြေချနေထိုင်နိုင်မယ့် လမ်းကြောင်းတွေ အများကြီး ဖွင့်ပေးထားပါတယ်။

အဲဒီ လမ်းကြောင်းများစွာထဲက Entrepreneur တွေနဲ့ ကိုက်တဲ့ လမ်း​ကြောင်းတစ်ခုကတော့ Owner Operator LMIA Work Permit လမ်းကြောင်း ဖြစ်ပါတယ်။

Canada နိုင်ငံမှာ Business လုပ်ငန်းသစ်တစ်ခု Set Up လုပ်ချင်တဲ့၊ ဒါမှမဟုတ် Canada ကရှိပြီးသား Business လုပ်ငန်းတစ်ခုခုကို ဝယ်ယူပြီးတော့ ကိုယ်တိုင်စီမံလည်ပတ်ချင်တဲ့ နိုင်ငံခြားသား Entrepreneur တွေအတွက် စီစဉ်ပေးထားတဲ့ Federal Program မျိုးကတော့ တော်တော်လေးနည်းပါတယ်။

Federal Program For Self-Employed Immigrants ဆိုတဲ့ အစီအစဉ်တစ်ခုရှိပါတယ်။ ဒါပေမယ့် ဒီအစီအစဉ်က Athletes တွေနဲ့ Cultural Performer တွေအတွက် အဓိထားတဲ့ အစီအစဉ် ဖြစ်ပါတယ်။ နောက်တစ်ခုဖြစ်တဲ့ Federal Startup Visa Program၊ သူကလည်း သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေနဲ့ Partner အဖြစ်လက်တွဲပြီး အတူတူလုပ်ရမယ်လို့ သတ်မှတ်ထားပြန်ပါတယ်။ အကယ်၍ ဒီ Federal Programs တွေက ကိုယ့်ရဲ့ လိုအပ်ချက်တွေနဲ့ မကိုက်ညီဘူး ဒါမှမဟုတ် PNP Two Step Entrepreneur Streams တွေက Process အရမ်းနှေးပြီးတော့ ကိုယ့်ရဲ့ Business Plan တွေအတွက်လည်း လုပ်ငန်းစဥ် ရှုပ်​ထွေးမှု​တွေရှိမယ်ဆိုရင် Owner Operator LMIA Work Permit လမ်းကြောင်းကို ရွေးချယ်နိုင်ပါတယ်။ ဒီနည်းလမ်းနဲ့ Canada မှာ ကိုယ်ပိုင် Business တစ်ခု Setup လုပ်ပြီး လုပ်ငန်းလည်ပတ်ရင်းနဲ့ အခြေချနိုင်မှာ ဖြစ်ပါတယ်။

Owner Operator LMIA လမ်း​ကြောင်းက Two Step Program တစ်ခုပါ။ ကနဦး Work Permit ရမယ်။ အဲဒီ Work Permit က​နေတဆင့် Canada မှာ PR ဖြစ်လာ​အောင် သွားနိုင်တဲ့ Platform တစ်ခုဖြစ်ပါတယ်။ ဒီလမ်းကြောင်းမှာ ပါဝင်တဲ့ အဆင့်တွေကတော့-

1. Canada မှာ လက်ရှိ လုပ်ငန်းလည်ပတ်နေတဲ့ လုပ်ငန်းတစ်ခုခုကို ဝယ်ယူ တာ ဒါမှမဟုတ် Canada မှာ လုပ်ငန်းအသစ်တစ်ခု ကိုယ်တိုင် စတင် Setup လုပ်ရမှာ ဖြစ်ပါတယ်။

2. အလုပ်ရှင်ဖြစ်တဲ့ ကိုယ်ကိုယ်တိုင်ကပဲ ကိုယ့်ဟာကိုယ် အလုပ်​နေရာ Position တစ်ခုကို လုပ်ငန်းထဲမှာ ပြန်ခန့်​ပေးရမှာပါ။ Boss ကလည်းကိုယ်ပဲ၊ ဝန်ထမ်းကလည်း ကိုယ်ပဲ ဖြစ်မယ့် လမ်း​ကြောင်း​ပေါ့။ အဲအတွက် Owner Operator LMIA လျှောက်ပေးဖို့ လိုအပ်ပါတယ်။

3. ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ Business လုပ်ငန်းမှာ Work Permit နဲ့ ပြန်ပြီး ဝန်ထမ်း ပြန်လုပ်ရမှာ ဖြစ်ပါတယ်။

4. Express Entry ကတစ်ဆင့် Canada PR ကိုဆက်လက် ​လျောက်ထားနိုင်မှာ ဖြစ်ပါတယ်။

Owner operator လမ်းကြောင်းက Canada မှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတဲ့ နိုင်ငံခြားသားတိုင်းကို ဖွင့်ပေး မထားပါဘူး။ Owner operator တစ်ယောက်အဖြစ် ဘောင်ဝင်ဖို့ဆိုရင် အရေးကြီးတဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီပြည့်မှီဖို့ လိုအပ်ပါတယ်။ ကိုယ်ကိုယ်တိုင် လုပ်ငန်းနဲ့ ပတ်သက်ပြီး Business Control ရှိဖို့၊ အလုပ်အကိုင်ဖန်တီးပေးခြင်း သို့မဟုတ် ကျွမ်းကျင်မှုတစ်ခုခုကို transfer လုပ်ပေးနိုင်ခြင်း တို့လို Canada အတွက် အကျိုးရှိစေမယ့် အချက်တွေနဲ့ ကိုက်ညီဖို့ လိုအပ်ပါတယ်။

လုပ်ငန်းပိုင်းဆိုင်ရာ ထိန်းချုပ်လုပ်ပိုင်ခွင့် ရှိမရှိ

ကိုယ် Owner operator အဖြစ်လုပ်ကိုင်မယ့် လုပ်ငန်းတစ်ခုဟာ ကိုယ်ကိုယ်တိုင် အပြည့်ပိုင်ဆိုင်တဲ့ လုပ်ငန်းဖြစ်နေရပါမယ်။ အဲလိုမဟုတ်ဘူးဆိုရင် ကိုယ်က လုပ်ငန်းရဲ့ ရှယ်ယာအများစုကို ပိုင်ဆိုင်ထားတဲ့သူ ဖြစ်ရပါမယ်။

Canada နိုင်ငံအတွက် အကျိုးတစ်စုံတစ်ရာ ရှိမရှိ

ကိုယ့်လုပ်ငန်းက Canada နိုင်ငံအတွက် အကျိုးတစ်စုံတစ်ရာ ပြန်ပြုပေးနိုင်ရပါမယ်။ ဥပမာ။ ။ ကိုယ့်လုပ်ငန်းက အလုပ်အကိုင်တွေဖန်တီးပေးနိုင်ရမယ်။ လုပ်ငန်းကျွမ်းကျင်မှုတွေ ဖန်တီးပေးနိုင်ရပါမယ်။ Canada လုပ်ငန်းတစ်ခုကို ဒီအတိုင်း အသားလွတ်ဝယ်လိုက်ပြီးတော့ ကိုယ့်ကိုယ်ကို အဲဒီအလုပ်မှာ ဝန်ထမ်းအဖြစ် ပြန်ဝင်လုပ်ရုံနဲ့ မရပါဘူး။ အရေးအကြီးဆုံး တိုင်းတာတဲ့ အချက်တစ်ခုက ကိုယ့်ရဲ့ Canada နိုင်ငံအတွင်း တည်ရှိမှုရယ်၊ လုပ်ငန်းအတွင်း ကိုယ့်ရဲ့ ပါဝင်ပတ်သက်မှုတွေက Canadians တွေအတွက် အလုပ်အကိုင်တွေဖန်တီးပေးနိုင်မှု ရှိမရှိ၊ ပြီးတော့ Canadian တွေအတွက် လုပ်ငန်းကျွမ်းကျင်မှုတွေ ပုံဖော်ပေးနိုင်ခြင်း ရှိမရှိ စတဲ့အချက်တွေကို ကြည့်ပါတယ်။

လုပ်ငန်းအတွင်း အမှန်တကယ် တက်ကြွပါဝင်စီမံမှု ရှိမရှိ

Owner operator လမ်းကြောင်းဖြစ်တဲ့အတွက် ရိုးရိုး ငွေကြေးထည့်ဝင်ပြီး ရင်းနှီးမြှုပ်နှံတဲ့ Passive Investment မျိုးနဲ့ မတူပါဘူး။ Owner operator ဆိုတဲ့အတိုင်း လုပ်ငန်းပိုင်ရှင်ကိုယ်တိုင် လုပ်ငန်း စီမံလည်ပတ်မှုထဲမှာ တက်တက်ကြွကြွ ပါဝင်ပတ်သက်ပေးနေရပါမယ်။

ကိုယ်လုပ်မယ့် လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ လုပ်ငန်းအတွေ့အကြုံ ကောင်းကောင်းရှိထားရပါမယ်။ ပြီးတော့ လုပ်ငန်းတစ်ခု တည်ထောင်ပြီး ရေရှည်တည်တံ့အောင် အောင်အောင်မြင်မြင်စီမံဖူးတဲ့ သမိုင်းကြောင်းကောင်း လည်း ရှိထားဖို့လိုအပ်ပါတယ်။ ကိုယ့်လုပ်ငန်းအတွက် အသေးစိတ်ကျတဲ့ Business Plan တစ်ခု ရေးဆွဲပြီးတော့ အဲဒီ Business Plan အတိုင်း လက်တွေ့စီမံလုပ်ကိုင်တဲ့အခါမှာလည်း ကိုယ်တိုင် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်မှု ရှိရပါမယ်။

Canada authority တွေကလည်း ကိုယ့်ရဲ့ Business Plan ကို အလုပ်ဖြစ်မဖြစ် စောင့်ကြည့်ဆန်းစစ်မှုတွေ လုပ်နေမှာဖြစ်သလို ကိုယ့်ရဲ့လုပ်ငန်းပိုင်း ကျွမ်းကျင်မှုနဲ့ ကိုယ့်ရဲ့ လုပ်ငန်းအပေါ် အမှန်တကယ် Control ရှိမရှိ၊ ပြီးတော့ ဒီလုပ်ငန်းထဲမှာ ကိုယ့်ရဲ့ တက်တက်ကြွကြွ ပါဝင်ပြီး စီမံလုပ်ကိုင်မှု ရှိမရှိ ဆိုတဲ့အချက်တွေကို စောင့်ကြည့်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

LMIA ASSESSMENT (CANADA အလုပ်အကိုင်ဈေးကွက်အပေါ် ထိခိုက်မှု ရှိမရှိစစ်ဆေးခြင်း လုပ်ငန်းစဉ်)

ကိုယ်က Canada ကို Temporary Foreign Worker Program အောက်ကနေ Skilled Worker အဖြစ်နဲ့ ဝင်ရောက် လုပ်ကိုင်ရမှာဖြစ်လို့ ကိုယ့်ရဲ့ လုပ်ငန်းရှင်/ကိုယ့်ရဲ့ ကုမ္ပဏီက LMIA လို့ခေါ်တဲ့ Labor Market Impact Assessment ကို အစိုးရသတ်မှတ်ချက်အတိုင်း လျှောက်ပေးရမှာပါ။ Owner operator အဖြစ်နဲ့ သွားမယ့် ကိုယ့်ရဲ့ အစီအစဉ်က ကိုယ့်အတွက် လျှောက်ပေးတဲ့ LMIA approval ကျမှပဲ ဆက်လုပ်လို့ ရမှာ ဖြစ်ပါတယ်။

ကိုယ်က လုပ်ငန်းအသစ်တစ်ခုကို စပြီး Set Up လုပ်မှာလား? ဒါမှမဟုတ် ရှိပြီးသား Canada လုပ်ငန်းတစ်ခုကို ဝယ်ယူမှာလား? ဆိုတဲ့အချက်ပေါ်မူတည်ပြီးတော့ Canada authority တွေဘက်က စစ်ဆေးမယ့် အချက်တွေက ကွဲပြားသွားမှာ ဖြစ်ပါတယ်။

ရှိပြီးသား CANADA လုပ်ငန်းတစ်ခုကို ဝယ်ယူခြင်း

အကယ်၍ ကိုယ်က ရှိပြီးသား လုပ်ငန်းတစ်ခုကို 100 ရာခိုင်နှုန်း အပြည့် ဝယ်လိုက်ပြီးတော့ အဲဒီလုပ်ငန်းရဲ့ Sole Owner ဖြစ်လာမယ်ဆိုရင် LMIA Assessment က ကိုယ့်ရဲ့ အဲဒီလုပ်ငန်းအတွင်း အလုပ်အကိုင်အသစ်ဖန်တီးပေးနိုင်မှု၊ ရှိလက်စ အလုပ်အကိုင်နေရာတွေကို မြဲအောင် ထိန်းပေးနိုင်မှု ပြီးတော့ ဝန်ထမ်းတွေကို လုပ်ငန်းပိုင်းနားလည်တတ်ကျွမ်းမှုတွေတိုးတက်အောင် ဘယ်လောက်ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးနိုင်လဲ? ဆိုတာတွေအပေါ် မူတည်မှာ ဖြစ်ပါတယ်။

အကယ်၍ LMIA Approval ကျပြီး Work Permit ရမှ လုပ်ငန်းတစ်ခုကို အပြီးအပြတ်ဝယ်ယူတာမျိုး လုပ်ချင်တယ်ဆိုရင် Share Purchase Agreement လိုခေါ်တဲ့ လုပ်ငန်းရှယ်ယာဝယ်ယူရန် အကြိုသဘောတူညီမှု ပြီးစီးအောင်ဆောင်ရွက်ထားခြင်းနဲ့အတူ လုပ်ငန်းဝယ်ယူဖို့အတွက် ကြားခံ Escrow အကောင့်ဖွင့်ထားတာမျိုးတွေ လုပ်လို့ရပါတယ်။

လုပ်ငန်းဝယ်ယူပြီးမှ ကိုယ်ကိုယ်တိုင် LMIA တင်တာ၊ အလုပ်ပြန်ခန့်တာတွေ လုပ်လို့ရသလိုပဲ အဲဒီလုပ်ငန်းကို မဝယ်ယူခင် လက်ရှိလုပ်ငန်းရှင်က ကိုယ့်အတွက် LMIA အရင်တင်ပေးပြီး Approval ရတာနဲ့ ဝန်ထမ်းအဖြစ်ခန့်တာတွေလုပ်။ ဒါတွေအားလုံးပြီးသွားပြီဆိုမှ အဲဒီလုပ်ငန်းတစ်ခုလုံးကို လက်လွှဲရယူ ဝယ်ယူတာမျိုးတွေလည်း လုပ်နိုင်ပါတယ်။

အကယ်၍ ကိုယ်က လုပ်ငန်းတစ်ခုကို Partner နဲ့အတူ ဝယ်ယူတာမျိုး၊ ဒါမှမဟုတ် လုပ်ငန်းတစ်ခုလုံးကို အပိုင်ဝယ်ယူတာမျိုး မဟုတ်ဘဲ လုပ်ငန်းတစ်ခုရဲ့ Share တချို့ကို ဝယ်ယူတာဆိုရင် Authority တွေဘက်က LMIA Approval မပေးခင် အောက်မှာ ဖော်ပြထားတဲ့ အချက်တွေကို အဓိကထားပြီး စစ်ဆေးပါတယ်။

1. အဲဒီလုပ်ငန်းရဲ့ အဓိက Share အများစုကို ဝယ်ယူထားခြင်း ရှိမရှိ?

2. ကိုယ့်ရဲ့ သဘောထား၊ ဆန္ဒမပါဘဲနဲ့ ကိုယ့်ကိုခန့်ထားတဲ့ အလုပ် Position နေရာကနေ အလုပ်ထုတ်တာမျိုး လုပ်လို့ ရမရ?

3. လုပ်ငန်းရှယ်ယာ ပိုင်ဆိုင်မှုရှိသော်ငြားလည်း လုပ်ငန်းစီမံလည်ပတ်မှုအတွင်းမှာရော တက်တက်ကြွကြွနဲ့ ပါဝင်မှု ရှိမရှိ

4. ဝန်ထမ်းလစာတွေကို အလုပ်ရှင်တပိုင်း ဝန်ထမ်းတပိုင်းဖြစ်နေတဲ့ ကာယကံရှင်ဘက်က ငွေအိပ်စိုက်ပြီး ပေးနေရတာမျိုး မဟုတ်ဘဲနဲ့ လုပ်ငန်းလည်ပတ်မှုချည်းသက်သက်ကနေရလာတဲ့ ဝင်ငွေနဲ့တင် လုံလောက်အောင် ပေးနိုင်မှု ရှိမရှိ

5. အလုပ်ရှင်တပိုင်း ဝန်ထမ်းတပိုင်းဖြစ်တဲ့ ကာယကံရှင်ဘက်က အဲဒီလုပ်ငန်းမှာ အလုပ် Position တစ်ခု ရပြီဆိုတာနဲ့ သူ့ဘက်က စပြီး တာဝန်ခံရမယ့်၊ တာဝန်ယူရမယ့်အပိုင်းတွေကို ဆောင်ရွက်မှု ရှိမရှိ

လုပ်ငန်းသစ်တစ်ခု ကိုယ်တိုင် SET UP လုပ်ခြင်း

လုပ်ငန်းစီမံခန့်ခွဲမှုတွေမှာ Actively အမြဲပါဝင်ပတ်သက်နေဖို့ဆိုတာ Canada မှာ အခုမှစတင်ခါစ လုပ်ငန်းအသစ်တစ်ခုရဲ့ လုပ်ငန်းရှင်အနေနဲ့ ခက်ခဲမှုအချို့ ရှိနိုင်ပါတယ်။ ဒါကို LMIA နဲ့ Work Permit တွေတင်တဲ့အခါ လုပ်ငန်းအတွင်း ကိုယ်ယူထားရတဲ့ Role နဲ့ ဒီလုပ်ငန်းအသစ် ကောင်းကောင်း အထမြောက်လည်ပတ်နိုင်ဖို့ အစကနေအဆုံးထိ အစစအရာရာ ဦးစီးလုပ်ဆောင်နေရတဲ့ တာဝန်မျိုးစုံကို ကိုထောက်ပြရင်းနဲ့ သက်သေပြလို့ရပါတယ်။

အဲဒီတာဝန်မျိုးစုံထဲမှာ အောက်ဖော်ပြပါ အချက်တွေ ပါဝင်နိုင်ပါတယ်။

1. လုပ်ငန်းစတင်မှုအတွက် လိုအပ်မယ့် Contract မျိုးစုံအတွက် ညှိနှိုင်းမှုတွေလုပ်ဆောင်ရခြင်း၊ ရုံးလုပ်ငန်းလည်ပတ်မှုအတွက် နေရာအဆောက်အဦငှားရမ်းမှုတွေ၊ လုပ်ငန်းခွင်မှာ လိုအပ်မယ့် ကိရိယာအသုံးအဆောင်တွေအတွက် Contract တွေဆောင်ရွက်ရတာနဲ့ အခြား အလုပ်သမားတွေနဲ့ Appointment တွေယူရတာမျိုးတွေ။

2. လုပ်ငန်းသစ်စတင်နိုင်ဖို့အတွက် Canada Revenue Agency မှာ Business Number (BN) လျှောက်ရတာနဲ့ အခြား လုပ်ငန်းစည်းမျည်း သတ်မှတ်ချက်တွေအရ လုပ်ရတဲ့ လုပ်ငန်းစဉ်တွေ၊ လိုင်စင်တွေနဲ့ လိုအပ်တဲ့ ခွင့်ပြုချက်တွေရယူခြင်းတွေ။

3. လုပ်ငန်းပိုင်းဆိုင်ရာ ကိုယ့်ရဲ့ နားလည်ကျွမ်းကျင်မှုနဲ့ လုပ်ငန်းသစ်ကို စီစဉ်အကောင်အထည်ဖော်တဲ့ အရေးကြီးအဆင့်တွေမှာ ကိုယ့်ရဲ့ ပါဝင်မှုရှိကြောင်းတွေကို ဖော်ပြပေးမယ့် Business Plan အသေးစိတ်တစ်ခုကို ပြင်ဆင်ခြင်း။

4. LMIA တင်တဲ့အခါ တခြားအလုပ်အကိုင်တွေ အကုန်လုံးအတွက် လိုအပ်တဲ့ အလုပ်​ခေါ် ကြော်ငြာတင်ခြင်းကိစ္စကို Owner Operator LMIA မှာ ကင်းလွတ်ခွင့်ပြုထားပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ အချက်တွေအပြင် Authority တွေဘက်က နောက်ထပ်အလေးထား စိစစ်မယ့်အချက်တစ်ခုကတော့ English သို့မဟုတ် French Language တစ်ခုခုအ​ပေါ်မှာ ပိုင်နိုင်ကျွမ်းကျင်မှု ကိုယ်ဘယ်​လောက်ရှိလဲဆိုတဲ့ အချက် ဖြစ်ပါတယ်။

အခု ပြောခဲ့တဲ့ အချက် 4 ခုထဲမှာ အခက်အခဲ အရှုပ်အထွေးသိပ်မရှိဘဲ Positive LMIA ရရှိဖို့အတွက်ဆိုရင်တော့ ကာယကံရှင်အနေနဲ့ IELTS ဖြစ်ဖြစ်၊ CLB ဖြစ်ဖြစ် Valid ဖြစ်တဲ့ Language Test တစ်ခုခုကို ဖြေဆိုထားပြီး အနည်းဆုံး Score ဥပမာ။ ။ CLB 5.0 နဲ့ အထက် ရရှိထားရင် ပိုစိတ်ချရပါတယ်။

LMIA APPROVAL ရပြီးနောက်ပိုင်း

LMIA approval ရပြီးတော့ Work Permit ရအောင် ဆက်လက်လုပ်ဆောင်ရတဲ့ အဆင့်တွေက Temporary Foreign Worker Program အောက်ကနေ လျှောက်တဲ့ အခြားအလုပ်တွေအားလုံးနဲ့ အတူတူပါပဲ။

ကိုယ့်အတွက် Work Permit Approval ရပြီဆိုတာနဲ့ ကိုယ့်ရဲ့ Business မှာ စပြီး အလုပ်လုပ်လို့ရပါပြီ။ ပြီးတော့ PR ရှိဖို့အတွက် တခြား Skilled Worker တွေလိုပဲ ပြင်ဆင်စရာရှိတာတွေ ဆက်လက်ပြီးတော့ပြင်ဆင်ရုံပါပဲ။

ကိုယ့်ရဲ့ ကိုယ်ပိုင် Express Entry Profile ကို Create လုပ်ပြီးတော့ Federal Skilled Worker Program (FSWP) အတိုင်း ဆက်လျှောက်ရုံပါပဲ။ ကိုယ့်ရဲ့ ကိုယ်ပိုင် Canada Business လုပ်ငန်းကနေ ရရှိထားတဲ့ Job Offer ရှိနေပြီဖြစ်လို့ Canada Employer တစ်ဦးကပေးတဲ့ Full Time Job Offer ရှိမှ Express Entry မှာ ရနိုင်တဲ့ Points 200 ကို အလွယ်တကူ ဘောင်ဝင်နိုင်မှာ ဖြစ်ပြီး ITA (Invitation To Apply) ကိုလည်း ခပ်မြန်မြန်နဲ့ ရရှိမှာ ဖြစ်ပါတယ်။

ဒါမှမဟုတ် Skilled Worker တွေအတွက်ဖွင့်ပေးထားတဲ့ PNP (Provincial Nominee Program)Stream ကို ရွေးပြီးတော့လည်း PR status ရအောင် လုပ်လို့ရမှာပါ။ Provincial Nomination ကို ရခဲ့ရင် Points ပေါင်း 600 ရရှိပြီး PR အတွက် ITA ကို ရရှိနိုင်ပါတယ်။

OWNER OPERATOR လမ်းကြောင်း နှင့် PNP ENTREPRENEUR STREAM လမ်းကြောင်း

Owner Operator LMIA Work Permit လမ်းကြောင်းက PNP Entrepreneur Stream လမ်းကြောင်းကနေ လျှောက်တာထက် ပိုကောင်းတဲ့ အားသာချက်တချို့ ပေးပါတယ်။

Owner Operator LMIA ကို Federal Program For Temporary Worker ခေါင်းစဉ်အောက်ကနေ Process လုပ်တာပါ။ အဲတော့ PR ကို Federal လမ်းကြောင်းကနေ လျှောက်လို့ ရမှာပါ။ ဘာကွာသွားလဲဆိုရင် Federal လမ်းကြောင်းက လျှောက်တာဖြစ်လို့ Province, Territory ​တွေ ကန့်သတ်ချက်မရှိဘဲ ကိုယ်ကြိုက်တဲ့ Province, Territory ကို စိတ်ကြိုက်ရွေးပြီးတော့ Settle လုပ်နိုင်တဲ့ အခွင့်အရေးကို ရတာပါ။

PNP လမ်းကြောင်းကနေ လျှောက်တဲ့သူကျတော့ သူလျှောက်တဲ့ သက်ဆိုင်ရာ ပြည်နယ်မှာ Settle လုပ်ပေးဖို့ လိုအပ်ပါတယ်။ တခြားပြည်နယ်တွေမှာ ပိုကောင်းတဲ့ အခွင့်အလမ်းတွေ ရှိနေရင်တောင်ပေါ့။

PNP Entrepreneur Stream တွေမှာ ဒုတိယအနေနဲ့ သတိပြုရမယ့်အရာတစ်ခုက အနည်းဆုံး Net Worth ဘယ်လောက်ရှိရမယ် ဆိုတဲ့သတ်မှတ်ချက်နဲ့ အနည်းဆုံး ရင်းနှီးမြှုပ်နှံရမယ့် ပမာဏဆိုတာတွေ ရှိနေတာပါ။ Owner Operator လမ်းကြောင်းကကျတော့ ကိုယ်တတ်နိုင်သလောက်ရင်းနှီးမြှုပ်နှံဖို့ ခွင့်ပြုပေးပြီး Net Worth အများကြီး မရှိရင်တောင် ကိုယ့်ကို PR ပါဆက်လျှောက်နိုင်​အောင် တံခါးဖွင့်ပေးထားပါတယ်။

နောက်ဆုံးအချက်တစ်ခုကတော့ PR ရဖို့ PNP Stream လမ်းကြောင်းကနေလျှောက်တာက Owner Operator လမ်းကြောင်းက လျှောက်တာထက် အများကြီးပိုရှုပ်ထွေးတယ် ဆိုတာပါပဲ။

ပထမဆုံး ဒီ Program ကို စိတ်ဝင်စားကြောင်းပြောတဲ့ Expression of Interest ဆိုတာကို Submit လုပ်ရပါတယ်။ ပြီးရင် ကိုယ်အခြေချချင်တဲ့ အဲဒီပြည်နယ်ကို ပြင်ဆင်လေ့လာမှု ခရီးစဉ်တချို့သွားရပါတယ်။ ITA ရပြီးတာနဲ့ Business Performance Agreement လို့ခေါ်တဲ့ အဲဒီပြည်နယ်မှာ စီးပွားလုပ်ငန်းလုပ်ပါမယ်ဆိုတဲ့ သဘောတူညီချက်ကို ပြုရပါတယ်။ အဲဒါပြီးတာနဲ့ သတ်မှတ်ထားတဲ့ အနည်းဆုံး ရင်းနှီးမြှုပ်နှံမှုကိုလုပ်ရပြီး PR ဆက်လျှောက်ဖို့အတွက် Eligible မဖြစ်ခင် Work Permit နဲ့ အနည်းဆုံး 1 နှစ်ခွဲကနေ အများဆုံး 3 နှစ်အထိ အလုပ်လုပ်ရမှာ ဖြစ်ပါတယ်။
Owner Operator LMIA Work Permit လမ်းကြောင်းက Canada မှာ ကိုယ်ပိုင် လုပ်ငန်းစီးပွား လုပ်ကိုင်ဖို့ ဆုံးဖြတ်ချက်ချလိုက်တဲ့ တစ်နှစ်အတွင်းမှာ PR ဖြစ်လာဖို့ လွယ်ကူမျှတတဲ့၊ လုပ်ရကိုင်ရအစဉ်ချောတဲ့ အခြေအနေတစ်ခုကို လမ်းခင်းပေးထားပါတယ်။

🇵🇹Portugal Golden Visa ယူပြီး EU PR/ EU Citizen ဖြစ်နိုင်မယ့် အခွင့်အရေး🇵🇹မိမိနဲ့ မိမိသားသမီး ဆွေစဉ်မျိုးဆက်နောင်ရေးအေးဖ...
12/01/2022

🇵🇹Portugal Golden Visa ယူပြီး EU PR/ EU Citizen ဖြစ်နိုင်မယ့် အခွင့်အရေး🇵🇹

မိမိနဲ့ မိမိသားသမီး ဆွေစဉ်မျိုးဆက်နောင်ရေးအေးဖို့၊ တိုးတက်ဖို့အတွက် Plan B အနေနဲ့ စဉ်းစားသင့်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။

အရင်းအနှီး သိန်း 6000 နဲ့ အထက် တတ်နိုင်တဲ့ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံသူ၊ လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာပြည်ရဲ့ အိမ်၊ ခြံ၊ မြေ၊ ရွှေ၊ ငွေ၊ ကျောက်၊ နဲ့ အခြားပြည်တွင်း ဈေးကွက် အခြေပြုတဲ့လုပ်ငန်းတွေ ဒီလို ဈေးကွက်တွေထဲမှာပဲ လှည့်ပတ်မြှုပ်နှံနေမယ့်အစား တခြားပိုကောင်းတဲ့ နိုင်ငံရပ်ခြားဈေးကွက်တွေမှာ Diversify လုပ်ပြီး ရင်းနှီးမြှုပ်နှံနိုင်မယ့် ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Risk To Reward (R/R) တွက်လိုက်ရင် အလားအလာကောင်းတဲ့ နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှုတွေထဲက တစ်ခုကို ဒီကနေ့ မိတ်ဆက်ပေးပါ့မယ်။ အဲဒါကတော့ မြန်မာဘောလုံးချစ်သူတိုင်းရဲ့အချစ်တော် ကမ္ဘာကျော်ဘောလုံးကစားသမား C Ronaldo ကြီး မွေးဖွားကြီးပြင်းခဲ့တဲ့ သူ့ရဲ့အမိနိုင်ငံ Portugal ပဲ ဖြစ်ပါတယ်။

Europe ရဲ့ အနောက်တောင်ဘက်ခြမ်း Spain နိုင်ငံရဲ့ အနောက်ဘက်မှာ တည်ရှိတဲ့ ဒီ Portugal နိုင်ငံလေးက သူ့ရဲ့ အိမ်နီးချင်း Spain၊ French၊ Germany တို့လောက် လူဦးရေ အရမ်းကြီး မထူထပ်၊ Economy အရွယ်အစားအရမ်းကြီး မကြီးလှပေမယ့် သူ့ဟာလေးနဲ့သူတော့ အတော်အေးချမ်းဖွံ့ဖြိုးပြီး နေချင်စရာကောင်းတဲ့ Europe နိုင်ငံလေး တစ်ခုဖြစ်ပါတယ်။ နိုင်ငံရဲ့ အနောက်ဘက်တစ်ခြမ်းလုံး ရှည်လျားလှပတဲ့ Atlantic ကမ်းခြေနဲ့ထိစပ်နေပြီးတော့ တစ်နှစ်ပတ်လုံး နေသာတဲ့ ရေလှိုင်းစီးနိုင်တဲ့ ကမ်းခြေတွေလည်း အများကြီးရှိလို့ ကမ္ဘာတစ်လွှားက ရေလှိုင်းစီးအားကစား နှစ်ခြိုက်သူတွေရဲ့ အသည်းစွဲနိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

Portugal ဆိုတဲ့ ဒီ Europe နောက်ဖေးပေါက် နိုင်ငံလေးမှာ ကမ္ဘာတစ်လွှားက Investor တွေ၊ Developing Countries တွေက ချမ်းသာပြီး အမြင်ရှိတဲ့ သူတွေ Investment လုပ်ဖို့ အရမ်းမျက်စိကျကြပါတယ်။ အဲဒီလို မျက်စိကျတဲ့အလျောက်လည်း အပြိုင်အဆိုင်နဲ့ကို ရင်းနှီးမြှုပ်နှံနေကြတာပါ။ ဘာကြောင့်လဲ? အဓိကက ကြွယ်ဝချမ်းသာလာပြီဆိုရင် ဘယ်သူမဆို ကိုယ့်နိုင်ငံဆိုတဲ့ နယ်နမိတ်ကျဉ်းကျဉ်းလေးတစ်ခုထဲမှာပဲ ပိတ်ပြီး ပတ်နေလို့မရတော့ဘူးဆိုတာ သိကြပါတယ်။ ငါးကြီးလာရင် ကန်ရေနဲ့မရတော့ဘူး၊ မြစ်ရေဖြစ်ဖြစ်၊ ပင်လယ်ရေဖြစ်ဖြစ်၊ သမုဒ္ဒရာရေဖြစ်ဖြစ် ပိုပြီး စိတ်ချရတဲ့၊ အလားအလာရှိတဲ့ စားကျက်ကျယ်တဲ့နေရာတွေကို ပြောင်းရစမြဲပါပဲ။ Asset Protection တို့၊ Wealth Management တို့၊ Diversification တို့၊ Generational Wealth တစ်ခုကို ပုံဖော်ဖို့တို့ဆိုတာ ခေတ်အမြင်ရှိတဲ့၊ အမြော်အမြင်ကြီးတဲ့ ငွေကြေးကြွယ်ဝသူတိုင်းအတွက် အသက်ထက်မက အရေးကြီးတဲ့ Case တစ်ခုဖြစ်ပါတယ်။ Flag Theory နဲ့ ပြောရရင်တော့ Plan B လို့ ပြောရမှာပေါ့။

အခုအားလုံး Portugal မှာ ရင်းနှီးမြှုပ်ချင်ရတဲ့ အဓိက အကြောင်းအရင်းက ဒီလိုပါ။ လက်ရှိမြန်မာငွေကြေးတန်ဖိုး သိန်း 6000 နဲ့ အထက်၊ Euro ငွေကြေးနဲ့ဆိုရင် Euro 300,000 + ကို အချိန်ကာလ 5 နှစ်နည်းဆုံး ရင်းနှီးမြှုပ်နှံရင် ပြန်ရမယ့် ROI (Return On Investment)ကောင်းတယ်ဆိုတဲ့ အချက် တစ်ချက်တည်းကြောင့်တင် မဟုတ်ပါဘူး။ အဓိကက နောက်ထပ်ရမယ့် Additional Benefit ကြောင့် ပိုပြီး မြှုပ်နှံချင်နေကြတာပါ။ အဲဒါကတော့ Portugal Permanent Residency (PR) ကို 5 နှစ်အတွင်း ရရှိနိုင်မယ့် Portugal Golden Visa Program ကြောင့်ဖြစ်ပါတယ်။

Portugal PR ရပြီဆိုရင် Citizen ဖြစ်ဖို့၊ Portugal Passport ရဖို့ ဆက်လက်လျှောက်ထားနိုင်မယ့် အခွင့်အရေး ရရှိမှာ ဖြစ်ပါတယ်။ Portugal Citizen/ Passport မရခင် Portugal PR ဖြစ်ရုံ Level နဲ့တင် ရရှိမယ့် အကျိုးအမြတ်က မသေးပါဘူး။ Portugal နိုင်ငံအတွင်း တရားဝင် အမြဲတမ်းနေထိုင်အလုပ်လုပ်ကိုင်နိုင်မယ့်အပြင် Schegen နိုင်ငံတွေကိုလည်း Visa Free Access နဲ့ ဥဒဟို ဝင်ထွက်သွားလာနိုင်မယ့် အခွင့်အရေးကို အနည်းဆုံး ရရှိကြမှာဖြစ်ပါတယ်။ Portugal Passport ရပြီဆိုရင်တော့ ပြောစရာကိုမလိုတော့ပါဘူး။ အားလုံးသိတဲ့အတိုင်း ကိုယ်ကြိုက်တဲ့ တခြားဘယ် EU နိုင်ငံတစ်ခုကိုမဆို EU နိုင်ငံသားတွေနည်းတူ အတားအဆီးမရှိ တရားဝင် ဝင်ထွက်သွားလာနိုင်မှာပါ။ ဒါတင်ပဲလား? ဒါတင်မကပါဘူး။ အလုပ်လုပ် အခြေချနေထိုင်ချင်သပ ဆိုရင်လည်း တရားဝင် အခြေချနေထိုင်ပြီး အလုပ်လုပ်ကိုင်နိုင်တဲ့ တရားဝင်အခွင့်အရေးတွေ ပွင့်သွားပြီ ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ Portugal Passport ကိုင်တဲ့ Portugal နိုင်ငံသားတစ်ယောက် ဖြစ်သွားပြီဆိုရင် အခုပြောခဲ့တာတွေအပြင် ကမ္ဘာ့တစ်ဝှမ်း နိုင်ငံပေါင်း 149 နိုင်ငံကို Visa Free နဲ့သွားနိုင်မယ်၊ Visa On Arrival နဲ့သွားနိုင်တဲ့ နိုင်ငံပေါင်းကလည်း 40 ကျော်လောက်ရှိမယ်။ ဒါတွေကတော့ Portugal Golden Visa Program ကနေတဆင့် ပုံဖော်သွားနိုင်မယ့် လမ်းကြောင်းနဲ့ အကျိုးအမြတ်တွေကို အကြမ်းဖျင်းချပြတာ ဖြစ်ပါတယ်။

PORTUGAL GOLDEN VISA ဆိုတာ

ဒါဆိုရင် Portugal Golden Visa ဆိုတာ PR ကိုပြောတာလား? မဟုတ်ပါဘူး။ အထူးအခွင့်အရေးတွေပေးထားတဲ့ Visa ဖြစ်လို့ Golden Visa လို့ပြောရတာ ဖြစ်ပါတယ်။ အမှန်ကတော့ Temporary Residency 5 နှစ်နဲ့အတူ 5နှစ်ပြည့်တဲ့အခါ PR လျှောက်ထားခွင့်နဲ့ Citizen ဖြစ်ခွင့်ကိုပါ လျှောက်ထားနိုင်မယ့် Program ဖြစ်ပါတယ်။ ဒီ Portugal Golden Visa ရဲ့ သက်တမ်းက စုစုပေါင်း 5 နှစ်ရှိပါတယ်။ တစ်ခါတည်း ဒီ 5 နှစ်စာကို ပေါင်းပေးတာလားဆိုတော့ မဟုတ်ပါဘူး။ ပထမ 1 နှစ်စာ Visa ပေးတယ်။ အဲအတွက် Temporary Resident Card(TRC) ရမှာပါ။ ပထမ 1 နှစ်ပြည့်လို့ (TRC) သက်တမ်းတိုးတဲ့အခါ 2 နှစ်စာ Visa ထပ်ပေးပါတယ်။ အဲဒီ 2 နှစ်ပြည့်လို့ (TRC) သက်တမ်းထပ်တိုးတဲ့အခါ နောက်ထပ် 2 နှစ်စာ Visa ထပ်ပေးပါတယ်။ Visa ပေးတဲ့ပုံစံက နှစ်အလိုက် ပေါ်လစီအပြောင်းအလဲပေါ်မူတည်ပြီး ပေးတဲ့ ကာလအပိုင်းအခြားလေးတွေ နည်းနည်းကွဲနိုင်ပါတယ်။ သေချာတာကတော့ စုစုပေါင်း 5 Years Visa ပေးတာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် နိုင်ငံတော်တော်များများမှာ Residency ရတယ်ဆိုရင် တစ်နှစ်ကို အနည်းဆုံး 6 လနဲ့အထက်နေပေးမှ Residency ကို ဆက်ပေးပါတယ်။ ဥပမာ။ ။ တခြားနိုင်ငံတစ်ခုမှာ ကိုယ်က Residency ရထားတယ်ဆိုပါစို့။ ကိုယ် Residency ရထားတဲ့ နိုင်ငံရဲ့ အပြင်မှာ 6 လနဲ့အထက် နေမိသွားရင် ကိုယ့်ကိုပေးထားတဲ့ Residency က တော်တော်များများ Cancel ဖြစ်သွားလေ့ရှိပါတယ်။ ဒါပေမယ့် ဒီPortugal Golden Visa ရထားတဲ့သူတစ်ယောက်အတွက်ကျတော့ သူ့အနေနဲ့ Portugal နိုင်ငံထဲမှာ တစ်နှစ်ကို အနည်းဆုံး 7 ရက်၊ (သို့မဟုတ်) 1 Week ပဲ နေပေးရုံနဲ့တင် သူ့ရဲ့ Residency တရားဝင်မှုကို ဆက်လက်ထိန်းသိမ်းသွားနိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုး သတ်မှတ်ချက် အရမ်း Flexible ဖြစ်လို့လည်း နိုင်ငံတကာက Investor တွေအတွက် အရမ်းလွတ်လပ်ပြီး’အဆင်ပြေတဲ့ နံပါတ် 1 အကြိုက်အများဆုံး Investment Migration Program တစ်ခုအဖြစ် ရှိနေတာ ဖြစ်ပါတယ်။ Portugal ရဲ့ နောက်ထပ်ထူးခြားတဲ့ အချက်တစ်ချက် ကိုပြောပြချင်ပါတယ်။ Europe မှာ Birthright Citizenship ပေးတဲ့ တစ်ခုတည်းသောနိုင်ငံ ဖြစ်ပါတယ်။ ကလေးတစ်ယောက်က Portugal နိုင်ငံမှာမွေးရင် နိုင်ငံသား ဖြစ်ခွင့်ပေးတဲ့ ဥပဒေပြဌာန်းပေးထားတာ မကြာသေးပါဘူး။ ဒါပေမယ့် ကန့်သတ်ချက်၊ စည်းမျဉ်းသတ်မှတ်ချက်တော့ ရှိပါတယ်။ အဲဒါကတော့ Portugal မှာ မွေးတဲ့ ကလေးတစ်ဦးရဲ့ မိဘနှစ်ပါးလုံး တရားမဝင်နေထိုင်တဲ့သူဖြစ်လို့မရပါဘူး။ အနည်းဆုံး အဖေသော်လည်းကောင်း၊ အမေသော်လည်းကောင်း တစ်ဦးဦးက Portugal မှာ တရားဝင်နေထိုင်မှု 1 နှစ်ရှိထားသူ ဖြစ်နေရမှာ ဖြစ်ပါတယ်။ ဘာပဲပြောပြော Birthright Citizenship မပေးတဲ့ ကျန် EU နိုင်ငံတွေထက်တော့ အများကြီးသာသွားပါပြီ။ Portugal မှာ ပညာရေးက တခြားနိုင်ငံတွေလိုပဲ Public နဲ့ Private နှစ်ခုခွဲထားပြီးတော့ တက္ကသိုလ်ကလွဲရင် အစိုးရ Public School တွေဟာ Citizen တွေအတွက်ရော၊ Foreigner တွေအတွက်ရော Tuition Free နဲ့တက်နိုင်ပါတယ်။ ကိုယ့်သားသမီး ပညာရေးအနာဂတ်အတွက် အုတ်မြစ်ကောင်းကောင်းချပေးချင်တဲ့ မိဘတွေအတွက် အများကြီးအားရစရာကောင်းတဲ့ အချက်ပါ။

FAMILY MEMBER တွေပါ ပူးတွဲပြီး အကျိုးအမြတ်ခံစားနိုင်မယ့် အားသာချက်
Portugal Golden Visa ရဲ့ အားသာချက်က လျှောက်မယ့်သူနဲ့အတူ သူ့ရဲ့ မိသားစုဝင်တွေပါတွဲပြီး လျှောက်နိုင်တာပါ။ Portugal လို လုံခြုံပြီး တည်ငြိမ်တဲ့ နိုင်ငံတစ်နိုင်ငံမှာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘဲ ကိုယ်နဲ့အတူ ကိုယ့်မိသားစုဝင်တွေပါ လျှောက်လို့ရမယ့် Program ဖြစ်လို့ အရမ်းကောင်းပါတယ်။

ကိုယ်နဲ့အတူ လျှောက်လို့ရမယ့် မိသားစုဝင်တွေကတော့- ကိုယ့်ရဲ့ အိမ်ထောင်ဖက် ဒါမှမဟုတ် တရားဝင် အတူနေတဲ့ Partner (Male/Female)
အသက် 18 နှစ်မပြည့်သေးတဲ့ ကလေးအသက် 18 ကျော်တယ် 26 နှစ်အောက်ဆိုရင်တော့ အိမ်ထောင်မပြုရသေးတဲ့သူဖြစ်ရမယ်၊ ပြီးတော့ အချိန်ပြည့်ကျောင်းသား/သူအဖြစ် လျှောက်ထားကြောင်းလည်း အထောက်အထားပြနိုင်ရပါမယ်။ ဒါမှမဟုတ် သူတို့က မိဘကို ငွေကြေးအရမှီခိုနေရဆဲဖြစ်တဲ့အကြောင်း အထောက်အထား ဖော်ပြပေးနိုင်ရပါမယ်။

အိမ်ထောင်ဖက်ရဲ့ မိဘတွေက အသက်အရွယ် 66 နှစ်အထက်ရှိရင်၊ ဒါမှမဟုတ် ကိုယ့်မိဘတွေဆိုရင်တော့ အနည်းဆုံး အသက်အရွယ် 55 နှစ်ရှိတဲ့သူ
အသက် 18 မပြည့်သေးတဲ့ အိမ်ထောင်ဖက်ရဲ့ မောင်နှမသားချင်းတွေဆိုရင်လည်း ကိုယ့်ရဲ့စောင့်ရှောက်မှုအောက်မှာ ရှိနေကြောင်း တရားရုံးရဲ့ အတည်ပြုမှုနဲ့အတူပြနိုင်ရင် ရပါတယ်။

PORTUGAL GOLDEN VISA ကို ဘယ်သူတွေ လျှောက်နိုင်မှာလဲ?

Portugal Golden Visa ကို လျှောက်ထားချင်တဲ့သူက-

1. Golden Visa မလျှောက်ခင် Non EU ဒါမှမဟုတ် Non Swiss ဒါမှမဟုတ် Non EEA နိုင်ငံသားတစ်ယောက် ဖြစ်နေရပါမယ်။ (*ဒီအချက်ကတော့ မြန်မာနိုင်ငံသားတွေဆိုတော့ ပြောစရာမလိုတော့ပါဘူး ကိုက်ညီပြီးသားဖြစ်နေတော့လေ)

2. အနည်းဆုံး Euro 250,000 ကို Portugal မှာ 5 နှစ်ထိ အနည်းဆုံး ရင်းနှီးမြှုပ်နှံမှု လုပ်ပေးရပါမယ်။ ရင်းနှီးမြှုပ်နှံနိုင်မယ့် Route တွေကတာ့ Investor တွေအတွက် ရွေးချယ်စရာ အများကြီး စီစဉ်ပေးထားပါတယ်။ ကိုယ်နဲ့အကိုက်ညီဆုံးဖြစ်မယ့်၊ အဆင်အပြေဆုံးဖြစ်မယ့် လမ်းကြောင်းတစ်ခုကို ရွေးပြီး လျှောက်ပေးရမှာ ဖြစ်ပါတယ်။

3. နောက်ကြောင်း ရာဇဝတ်မှုကင်းရှင်းရပါမယ်။

4. Golden Visa ရရှိပြီး ပထမနှစ်မှာ အနည်းဆုံး 7 ရက်၊ ဒုတိယ 2 နှစ်မှာ အနည်းဆုံး 14 ရက်၊ တတိယ 2 နှစ်လည်း ထိုနည်း၎င်းပါပဲ 2 နှစ်အတွင်း အနည်းဆုံး 14 ရက်နေပေးဖို့ လိုအပ်ပါတယ်။ (*အတူတူပါပဲ 5 နှစ်အတွင်း တစ်နှစ်ကို အနည်းဆုံး 7 ရက်နေပေးဖို့ လိုပါတယ်)နေပေးရပါမယ်။

5. ရင်းနှီးမြှုပ်နှံမယ့် ငွေကြေးပေါ့

PORTUGAL GOLDEN VISA ကို ဘယ်လိုလျှောက် ရမလဲ?

Portugal Golden Visa က လျှောက်ရတာ တော်တော်လေး အစဉ်ချောပါတယ်။ ဒါပေမယ့် လျှောက်ရတဲ့အဆင့်လေးတွေတော့ ရှိပါတယ်။ Portugal Golden Visa ကို မလျှောက်ခင်မှာ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ Investment ကို ကိုယ်က ကြိုလုပ်ထားရမှာ ဖြစ်ပါတယ်။

Investment လုပ်နိုင်မယ့် Option တွေကို အကျဉ်းဖော်ပြရရင်တော့-

* Portugal နိုင်ငံအတွင်းပိုင်းကျတဲ့ အစိုးရကသတ်မှတ်ထားတဲ့ Designated Interior Area တွေရှိပါတယ်။ အဲဒီ Designated Area တွေမှာ Euro 500,000 အနည်းဆုံးတန်ကြေးရှိတဲ့ Residential Real Estate ကို ဝယ်ယူရင်းနှီးမြှုပ်နှံတာ (ဒါမှမဟုတ်) အဲဒီ Area တွေမှာ ရှိတဲ့ ပြန်လည်ဖွံဖြိုးရေး Rehabilitation Project တစ်ခုခုမှာ Euro 350,000 အနည်းဆုံး မြှုပ်နှံတာ။ အခြေချနေထိုင်မှုလူဦးရေနည်းပါးတဲ့ နေရာတွေကို Low Density Area ဆိုပြီးသတ်မှတ်ထားတာရှိပါတယ်။ အကယ်၍ ကိုယ်ဝယ်ယူရင်းနှီးမြှုပ်နှံတဲ့ Residential Property က အဲဒီ Low Density Area ထဲမှာ ရှိနေရင် ကိုယ့်ရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏသတ်မှတ်ချက်ကို 20% တရားဝင်အစိုးရကလျှော့ပေးပါတယ်။

* Portugal နိုင်ငံထဲက ဘယ် Commercial Real Estate မှာမဆို အနည်းဆုံး Euro 500,000 နဲ့အထက် ဝယ်ယူရင်းနှီးမြှုပ်နှံတာ ဒါမှမဟုတ် ကိုယ်က Rehabilitation Project တစ်ခုခုမှာ မြှုပ်နှံတာဆိုရင်တော့ အနည်းဆုံး Euro 350,000 မြှုပ်နှံရင်ရပါတယ်။ အကယ်၍ ကိုယ်မြှုပ်နှံတဲ့ Commercial Property က အပေါ်မှာ ပြောခဲ့တဲ့ Low Density Area ထဲမှာရှိနေရင် Investment Requirement ကို 20% အစိုးရက တရားဝင် လျှော့ပေးပါတယ်။

* Portugal မှာ Madeira နဲ့ Azores ဆိုပြီးတော့ ကိုယ်ပိုင်ဥပဒေပြဌာန်းပြီးအုပ်ချုပ်တဲ့ လှပတဲ့ Atlantic ကျွန်းကြီးနှစ်ခုရှိပါတယ်။ အဲဒီ Autonomous Island တွေမှာ ရင်းနှီးမြှုပ်လို့လည်းရပါတယ်။ ရင်းနှီးရမယ့် Amount ကတော့ အပေါ်မှာလိုပါပဲ Residential နဲ့ Commercial Real Estate တွေဆိုရင် အနည်းဆုံး Euro 500,000 ဖြစ်ပြီးတော့ Rehabilitation Project တွေဆိုရင်တော့ အနည်းဆုံး Euro 350,000 ပေါ့။

* Real Estate တွေ၊ Property တွေ၊ Rehabilitation Project တွေမှာ မမြှုပ်နှံချင်ဘူးဆိုရင် Investment Fund တွေမှာ မြှုပ်နှံလို့ရပါတယ်။ မြှုပ်နှံရမယ့် အနည်းဆုံး Investment Amount ကတော့ Euro 500,000 ပါ။

* Portugal နိုင်ငံမှာ Bank Account ဖွင့်ပြီး အနည်းဆုံး Euro 1.5 Million Deposit ထည့်ထားတာကလည်း နောက်ထပ် Option တစ်ခုပါပဲ။

* နောက်ထပ်တစ်ခုက Scientific Research လုပ်တဲ့ Project တွေမှာ အနည်းဆုံး Euro 500,000 ထည့်ဝင်တာ

* Portugal နိုင်ငံမှာ Company Set Up လုပ်ပြီး အနည်းဆုံး အမြဲတမ်းဝန်ထမ်း 10 ဦးခန့်ပြီး ကုမ္ပဏီတန်ကြေးကလည်း အနည်းဆုံးတန်ဖိုး Euro 500,000 ရှိရပါမယ်

*Portugal ရဲ့ အနုပညာရပ်ဆိုင်ရာ အဖွဲ့အစည်းမှာ အနည်းဆုံး Euro 250,000 ရှိတဲ့ Art Donation လုပ်တာ

ဒီလိုမျိုး Option တွေ အမျိုးမျိုးဖွင့်ပေးထားပါတယ်။ ကိုယ်အကြိုက်ဆုံး နည်းလမ်းကို ရွေးပြီးတော့ ရင်းနှီးမြှုပ်မှု လုပ်ရမှာ ဖြစ်ပါတယ်။

*Portugal Golden Visa အကြောင်း ဒီထက် အသေးစိတ်ဆက်လက် ရေးသားတင်ပြပေးပါ့မယ်ခင်ဗျ....။

🇹🇷Turkey CBI:သက်သာတဲ့ ရင်းနှီးမြှုနှံမှုတစ်ခုနဲ့ နိုင်ငံသား အမြန်ဆုံးခံယူနိုင်တဲ့ ကမ္ဘာ့အလှဆုံးနိုင်ငံတစ်ခု 🇹🇷Turkey နို...
12/01/2022

🇹🇷Turkey CBI:သက်သာတဲ့ ရင်းနှီးမြှုနှံမှုတစ်ခုနဲ့ နိုင်ငံသား အမြန်ဆုံးခံယူနိုင်တဲ့ ကမ္ဘာ့အလှဆုံးနိုင်ငံတစ်ခု 🇹🇷

Turkey နိုင်ငံဟာ အာရှနဲ့ ဥရောပ နယ်နမိတ်ချင်း ထိစပ်နေတဲ့ နေရာမှာ တည်ရှိနေတဲ့ နိုင်ငံတစ်ခုပါ။ နိုင်ငံရဲ့ အရှေ့ဘက်ခြမ်းက အာရှတိုက်ထဲမှာ ကျရောက်နေပြီးတော့ နိုင်ငံအနောက်ဘက်ခြမ်းက ဥရောပတိုက်ထဲမှာရှိနေတဲ့ ရာသီတုအလွန်သာယာပြီး နေချင်စရာလည်း အရမ်းကောင်းတဲ့ လှပတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံရှိပြီး၊ အရှေ့အနောက်ယဉ်ကျေးမှုတွေအားလုံး သဟဇာတကျကျ ပျော်ဝင်ပေါင်းစပ်နေတဲ့ တိုးတက်တဲ့ ဒေသတွင်း စီးပွားရေး၊ စစ်ရေး အင်အားကြီးနိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

အစ္စလမ်ဘာသာဝင် အများစုနေထိုင်တဲ့ နိုင်ငံတစ်ခုဆိုပေမယ့် တခြား ဘာသာဝင်တွေလည်း သူ့ဟာနဲ့သူ အခွင့်အရေးကောင်းကောင်းရှိတဲ့ လွတ်လပ်မျှတအေးချမ်းတဲ့ နိုင်ငံတစ်ခုပါ။ Turkey ဟာ CBI(Citizenship By Investment) Program ရှိတဲ့ နိုင်ငံတွေအားလုံးထဲမှာ တစ်ဦးချင်းဝင်ငွေ အမြင့်ဆုံး GDP နှုန်းထားရှိတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ G20 နဲ့ NATO အဖွဲ့ဝင်နိုင်ငံတစ်ခုလည်း ဖြစ်တဲ့ Turkey နိုင်ငံဟာ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်ပြီး ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေတဲ့ နိုင်ငံဖြစ်လို့ တရားဥပဒေစိုးမိုးမှုရှိပြီး ကမ္ဘာ့ဒေသအနှံ့အပြားက လူများစွာရဲ့ ရေကြည်ရာမြက်နုရာ လာရောက်အခြေချနေထိုင်လိုတဲ့၊ စိတ်ဝင်စားစရာ၊ စူးစမ်းစရာ၊ လေ့လာစရာ၊ လည်ပတ်စရာတွေ အများကြီးနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံတစ်ခုပါ။

ဥရောပတပိုင်း၊ အရှေ့အလယ်ပိုင်း တပိုင်းလို ဖြစ်နေတဲ့ Turkey နိုင်ငံဟာ ဥရောပနိုင်ငံတွေနဲ့ ကျောချင်းကပ်နေတာဖြစ်လို့ အိမ်ဦးနဲ့ကြမ်းပြင်လို ဝင်ထွက်သွားလာနိုင်ပြီး အရှေ့အလယ်ပိုင်း နိုင်ငံတွေနဲ့လည်း ရင်ဘတ်ချင်း ထိစပ်နေတဲ့ နိုင်ငံဖြစ်လို့ ကမ္ဘာ့ အ​ရှေ့အနောက်၊ တောင်နဲ့မြောက်က ဒေသတိုင်းနဲ့ အလှမ်းမဝေးတဲ့ ပထဝီဝင် အချက်အချာတော်တော်ကျတဲ့ နေရာမှာ ရှိနေပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ အမြဲအချိတ်အဆက်ရှိနေတဲ့ Turkey နိုင်ငံဟာ တိုင်းပြည်လူဦးရေ သန်း 80 ကျော်ရှိပြီး လူငယ်လူလတ် လူဦးရေကလည်း အထူးများပြားတဲ့နိုင်ငံဖြစ်လို့ တိုင်းပြည်စီးပွားရေးက ရေရှည်အတွက် အတက်ဘက်ကို ဦးတည်နေတဲ့ အခွင့်အရေးများစွာရှိတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။

🇹🇷Turkey CBI (Citizenship By Investment) Program နောက်ကြောင်းရာဇဝင်🇹🇷

ဒီလို အခွင့်အရေးများစွာနဲ့ ပြည့်နှက်နေတဲ့ လှပတိုးတက်တဲ့ Turkey နိုင်ငံဟာ 2016 ခုနှစ်ထဲမှာ တိုင်းပြည်စီးပွားရေး ရုတ်တရက်ကြီး ထိုးရပ်သွားလုနီးပါး အရှိုက်ထိစေခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု တချို့နဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေထဲက ရုပ်အဆိုးဆုံးတစ်ခုကတော့ လူပေါင်း 45 ဦးထိ သေဆုံးခဲ့ရတဲ့ 2016၊ June လတုန်းက Ataturk နိုင်ငံတကာလေဆိပ်မှာ Tourist တွေကို ဦးတည်တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်မှုပါပဲ။ ဒီတိုက်ခိုက်မှုတွေဟာ ISIS အကြမ်းဖက်တွေနဲ့ Kurd သူပုန်တွေရဲ့ လုပ်ဆောင်မှုဖြစ်တယ်လို့ Turkey အစိုးရဘက်က စွပ်စွဲပြီး တိုက်ခိုက်ချေမှုန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာလည်း 2016 Coup D'etat နဲ့ ထပ်မံကြုံခဲ့ရတဲ့အတွက် Turkey နိုင်ငံအနေနဲ့ ပြဿနာမီးတွေ ပြေလျော့ရမယ့်အစား ပိုအားကောင်းအောင် လောင်စာ ထပ်ဖြည့်ပေးလိုက်သလိုတောင် ဖြစ်သွားခဲ့ရပါတယ်။

ဒီကိစ္စတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေအနေနဲ့ နိုင်ငံစီးပွားရေး ရုတ်တရက် အကြပ်ရိုက်ခဲ့ရပြီး နိုင်ငံကိုလာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသည် အရေအတွက်ကလည်း သိသိသာသာ ကျဆင်းသွားခဲ့ ရပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု FDI တွေလည်း 2006 ခုနှစ်နဲ့ ယှဉ်လိုက်ရင် တဝက်လောက်ထိ ပြန်ကျဆင်းသွားခဲ့ပါတယ်။ ဒီလိုနဲ့ 2016 ခုနှစ်မှာ တိုင်းပြည်ရဲ့ Current Account Deficit ကုန်သွယ်လိုငွေက Billion ပေါင်း 34 Billions နီးပါးထိကို ကြောက်ခမန်းလိလိထိ ရှိခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ထောက်ပြစရာ ဆိုးဝါးတဲ့ စီးပွားရေးအကျိုးဆက်တွေထဲက တစ်ခုကေတာ့ ဈေးကွက်လိုအပ်ချက်ထက် အမြောက်အများ ပိုလျှံပြီး ငုတ်တုတ်မေ့နေတဲ့ အိမ်၊ ခြံ၊ မြေ ဈေးကွက်ပါပဲ။ ဒီလိုဖြစ်ရတဲ့ နောက်အကြောင်းရင်း တစ်ခုကတော့ လွန်ခဲ့တဲ့ နှစ်များစွာကတည်းက ဆောက်လုပ်ရေး ကဏ္ဍနဲ့ပတ်သက်ပြီး အင်တိုက်အားတိုက် အားဖြည့်လုပ်ဆောင်လာခဲ့တဲ့ သမ္မတအာဒိုဂန်ရဲ့ ပေါ်လစီကြောင့်လို့လည်း ပြောလို့ရပါတယ်။ အမှန်တော့ သမ္မတအာဒိုဂန်ရဲ့ စီးပွားရေး မိတ်ဖက်တော်တော်များများ ဒီဆောက်လုပ်ရေးကဏ္ဍထဲမှာ ပါဝင်နေကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အကြမ်းဖျင်း ခန့်မှန်းကြည့်ရမယ်ဆိုရင် ဈေးကွက်ထဲမှာ မရောင်းချရသေးတဲ့ အိမ်ခြံ​မြေ​ပေါင်း 2 သန်းလောက်ထိ ရှိနေတာပါ။ စတော့နဲ့ ရောင်းထုတ်မယ်ဆိုရင်လည်း 3 နှစ်လောက်ထိ အချိန်ပေးရနိုင်ပါတယ်။ ဒါကို သမ္မတ အာဒိုဂန်က မလိုလားပါဘူး။

ဒီနေရာမှာ မှတ်ချက်တစ်ခုအနေနဲ့ ပြောပြစရာရှိတာက Turkey passport အ​ကြောင်းပါ။ Turkey passport ဟာ အိမ်နီးချင်းတခြား အရှေ့အလယ်ပိုင်းနိုင်ငံတွေရဲ့ passport တွေအားလုံးထက် Strong ပိုဖြစ်တဲ့၊ Rank လည်း ပိုမြင့်တဲ့၊ ကမ္ဘာပိုပတ်လို့ကောင်းတဲ့၊ ကမ္ဘာ့ နိုင်ငံ အ​တော်များများကို Visa Free Access အများကြီးရှိတဲ့ Passport ကောင်းတစ်ခုဖြစ်တယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ ဒီတော့ လက်ရှိ Passport အညံ့ကိုင်ထားရတဲ့ အိမ်နီးချင်း အာရပ်နိုင်ငံတွေက ကျိကျိတက်ချမ်းသာတဲ့ သူတွေက သူတို့နိုင်ငံတွေမှာ အခြေအနေမကောင်းရင် အခြားကျောမှီစရာ ဘာသာတူနိုင်ငံတစ်ခုရဲ့ Passport ကို Plan B အနေနဲ့ အရံကိုင်ထားချင်ကြပါတယ်။ အဲဒါကြောင့်လည်း မတန်တဆ ဈေးတင်ထားတဲ့ Turkey အိမ်ခြံမြေတွေကို ဝယ်ယူရင်းနှီးမြှုပ်နှံရင်း Turkey Passport ရရှိနိုင်မယ့် အစီအစဉ်မှာ ဒီဘောစိတွေက ကျေကျေနပ်နပ်ကြီး ဝယ်ယူရင်းနှီးမြှုပ်နှံဖို့ ဝန်မလေးကြပါဘူး။

ဒီအရှေ့အလယ်ပိုင်း ဘောစိတွေဟာ နဂိုကတည်းက Turkey Passport ရဖို့အတွက် Turkey မှာ ရင်းနှီးမြှုပ်နှံနိုင်မယ့် အခွင့်အလမ်းတွေကို ရှာနေကြတာ ဖြစ်ပါတယ်။ အခုလို 2016 ခုနှစ်မှာ ဖြစ်လာတဲ့ ကိစ္စတွေကြောင့် Turkey မှာ ရောင်းမထွက်​သေးဘဲ ပိုလျှံကုန်တဲ့ အိမ်၊ ခြံ၊ မြေတွေနဲ့ ဘယ်လောက်ဈေးကြီးပေးရပေးရ Passport ရမယ်ဆိုရင် ရင်းနှီးမြှုပ်နှံချင်တဲ့ အရှေ့အလယ်ပိုင်းက ဘောစိတွေနဲ့က ရေကန်အသင့်ကြာအသင့်လိုမျိုး တွေ့ကုန်ကြပါတယ်။ ဒီလိုနဲ့ Turkey CBI Program ကလည်း စတင်လာခဲ့ပါတော့တယ်။ Turkey CBI အတွက် အစကနဦးပိုင်းတုန်းက သတ်မှတ်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏ သတ်မှတ်ချက်တွေကတော့-

အနည်းဆုံး USD 1 Million တန်တဲ့ အိမ်၊ ခြံ၊ မြေကို ဝယ်ယူဖို့
ရင်းနှီးမြှုပ်နှံမှုဆိုရင်လည်း အနည်းဆုံး USD 3 Million ရင်းနှီးမြှုပ်နှံဖို့
ဒီ ရင်းနှီးမြှုပ်နှံမှု ပမာဏ သတ်မှတ်ချက်က လူအတော်များများရဲ့ စိတ်ဝင်စားမှုကို သိပ်မရရှိခဲ့ပါဘူး။ ဝယ်ယူရင်းနှီးမြှုပ်နှံမှုလည်း အရေအတွက်အားဖြင့် တော်တော်နည်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ရင်းနှီးမြှုပ်နှံမှု ပမာဏသတ်မှတ်ချက်ကို သိသိသာသာ လျှော့ချပေးလိုက်တဲ့ နောက်ပိုင်းကတည်းကစလို့ Turkey CBI Program ရယ်လို့ဆိုပြီး​တော့ Investment Migration နယ်ပယ်ထဲမှာ အုတ်အော်သောင်းတင်းနဲ့ ဟိုးလေးတကျော် ဖြစ်လာခဲ့ပါတော့တယ်။ အခုဆိုရင် Turkey CBI ကို နည်းလမ်း 3 ခုနဲ့ ရယူနိုင်မှာ ဖြစ်ပါတယ်။ အဲဒီနည်းလမ်း 3 ခုကတော့-

1.Turkey ရဲ့ အိမ်၊ခြံ၊မြေမှာ အနည်း USD 250,000 ဝယ်ယူရင်းနှီးခြင်း

2.စီးပွားလုပ်ငန်းစတင်ပြီး အနည်းဆုံး ဝန်ထမ်းဦးရေ 50 ကို အလုပ်အကိုင်ဖန်တီးပေးခြင်း

3.Turkey ဘဏ်တစ်ခုမှာ အကောင့်ဖွင့်ပြီး USD 500,000 Deposit ထည့်ခြင်း

ACQUIRING A PROPERTY (အိမ်ခြံမြေ ဝယ်ယူခြင်း)

အိမ်ခြံမြေဝယ်ယူခြင်းက Turkey CBI program ရဲ့ အဓိက ဆွဲဆောင်မှု ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း Turkey ငွေကြေး Lira ရဲ့တန်ဖိုးကျဆင်းနေတဲ့အတွက် အိမ်ခြံမြေဈေးကွက်အနေအထားက ရွေးချယ်စရာ အိမ်ခြံမြေများစွာရှိနေပါတယ်။ နိုင်ငံရပ်ခြားက ဝယ်ယူမယ့်သူတွေအတွက်တော့ ဈေးတန်တန်နဲ့ ဝယ်ယူနိုင်မယ့် အခြေအနေဖြစ်နေတာပေါ့။ Turkey Passport လျှောက်ထားရယူနိုင်ဖို့ USD 250,000 တန်ကြေးအနည်းဆုံးရှိတဲ့ အိမ်ခြံမြေတစ်ခုခုမှာ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်ပါတယ်။ အိမ်ခြံမြေဆိုတော့ အိမ်ဖြစ်ဖြစ်၊ တိုက်ခန်းဖြစ်ဖြစ်၊ မြေဖြစ်ဖြစ် ကိုယ်နဲ့ အဆင်ပြေတဲ့တစ်ခုခုကို ရွေးချယ်နိုင်ပါတယ်။ Turkey CBI က တခြား CBI program ရှိတဲ့ နိုင်ငံတွေလိုမျိုး အစိုးရက ကြိုတင်သတ်မှတ်ပေးထားတဲ့ ဈေးပိုတင်ထားတဲ့ အိမ်ခြံမြေတွေမှာ မြှုပ်နှံရတာမျိုး မဟုတ်ပါဘူး။ Turkey အိမ်ခြံမြေဈေးကွက် သမိုင်းကြောင်းပြန်ကောက်ရရင်လည်း Turkey Istanbul မှာ အိမ်ခြံမြေဈေးတွေက 5 နှစ်၊ 10 နှစ်ကာလတစ်ခုရောက်တိုင်း ဈေးနှစ်ဆထိ ခုန်တက်သွားနေကျ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်က အိမ်ခြံမြေ ဝယ်ပြီးပြန်ငှားစားမယ်၊ ကိုယ့် လက်ထဲ ရေရှည်ကိုင်ထားမယ်လို့ စိတ်ကူးထားတယ်ဆိုရင် Turkey အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံတာက အမြတ်လည်းကျန်မှာဖြစ်သလို တစ်ဖက်မှာလည်း Turkey passport က ကိုယ်ကိုယ်တိုင်ရော၊ ကိုယ့်မိသားစုဝင်တွေပါ အပိုဆုလိုမျိုးရမှာဖြစ်လို့ တန်တယ်ဆိုတာထက်ကို ပိုတန်တယ်လို့ ပြောရမှာပါ။ Turkey အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံတဲ့အခါ လိုက်နာရမယ့် အချက်တချို့ရှိပါတယ်။ အကယ်၍ကိုယ် Property တစ်ခုတည်းမဟုတ်ဘဲ နှစ်ခုပေါင်းမှ USD 250,000 တန်မယ့် အိမ်ခြံမြေမျိုးကို ဝယ်ယူမယ်ဆိုရင်တော့ အဲဒီဝယ်ယူလိုက်တဲ့ အိမ်ခြံမြေနှစ်ခုလုံးက မြို့နယ်တစ်ခုတည်းမှာ ဝယ်ယူရမှာဖြစ်ပါတယ်။ ပြီးတော့ ကိုယ်ဝယ်ယူလိုက်တဲ့ အိမ်ခြံမြေနှစ်ခုလုံးကို တူညီတဲ့ ရက်တစ်ရက်တည်းမှာပဲ မှတ်ပုံတင်ထားတာမျိုး ဖြစ်ရပါမယ်။ ဒါမှ Turkey CBI အတွက်လျှောက်ဖို့ အကျုံးဝင်မှာပါ။ နောက်တစ်ခု အရေးကြီးဆုံးအချက်က ကိုယ်ဝယ်ယူလိုက်တဲ့ Turkey အိမ်ခြံမြေကို အနည်းဆုံး 3 နှစ်တိတိ ကိုင်ထားရပါမယ်။ ဒီ 3 နှစ်အတွင်း ပြန်ရောင်းထုတ်တာမျိုး လုပ်ခွင့်မပြုပါဘူး။

CREATING JOBS (အလုပ်အကိုင်ဖန်တီးခြင်း)

နိုင်ငံရပ်ခြားမှာ ကုမ္ပဏီတစ်ခုကို Set Up လုပ်ဖို့ဆန္ဒ ရှိလို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ့်ရဲ့ လက်ရှိ လည်ပတ်နေတဲ့ လုပ်ငန်းအတွက် နိုင်ငံရပ်ခြားက ဈေးသက်သာတဲ့ လုပ်အားတွေကို Outsource လုပ်ချင်တယ်ဆိုရင်ပဲဖြစ်ဖြစ် Turkey ဈေးကွက်မှာ အလုပ်အကိုင်ဖန်တီးပေးရင်းနဲ့ Turkey passport ကိုရယူနိုင်မယ့် အစီအစဉ်လည်း ရှိပါတယ်။ အစကနဦးပိုင်းတုန်းက Turkey မှာ ကုမ္ပဏီထောင်ပြီး အနည်းဆုံး ဝန်ထမ်း 100 ခန့်နိုင်မှ ရပါတယ်။ အခုတော့ အနည်းဆုံးခန့်ထားရမယ့် ဝန်ထမ်းဦးရေကို 50 အထိ လျှော့လိုက်ပါပြီ။ Turkey မှာ လုပ်ငန်းတစ်ခုထူထောင်လည်ပတ်မယ်ဆိုရင်တော့ Turkey စီးပွားရေးလုပ်ငန်း အကြံပေးဝန်ဆောင်မှု တစ်ခုခုရယူဖို့ လိုအပ်နိုင်ပါတယ်။ ကုမ္ပဏီထောင်တာ၊ ဝန်ထမ်းလစာပေးတာတွေအတွက် ကုန်ကျစရိတ်က သူ့ဟာနဲ့သူ အတိုင်းအတာတစ်ခုရှိပါတယ်။ လုပ်ငန်းတစ်ခုထူထောင်ပြီး ဝန်ထမ်းအနည်းဆုံး 50 ဦးခန့်ထားမယ့်လမ်းကြောင်းက စုစုပေါင်းကုန်ကျငွေ ဘယ်လောက်ထိရှိသွားနိုင်လဲ အတိအကျတွက်ဖို့ ခက်ပါတယ်။ လုပ်ငန်းအမျိုးအစားအလိုက် မတူညီနိုင်ပါဘူး။ ဒီတော့ Turkey passport ရဖို့ အလုပ်အကိုင်ဖန်တီးခြင်းလမ်းကြောင်းကို ရွေးမယ်ဆိုရင် Turkey မှာ တရားဝင်စီးပွားရေးလုပ်ငန်းတစ်ခုကို ရေရှည် လုပ်ဖို့ရည်ရွယ်တဲ့ သူတွေကိုပဲ ညွှန်းချင်ပါတယ်။

MAKING A CAPITAL INVESTMENT (ငွေကြေးရင်းနှီးမြှုပ်နှံပြုခြင်း)

တကယ်လို့ကိုယ်က အိမ်ခြံမြေလည်း မဝယ်ချင်ဘူး၊ ကုမ္ပဏီလုပ်ငန်းလည်း မထောင်ချင်ဘူးဆိုရင် Turkey passport ရဖို့ နောက်ထပ်နည်းတစ်ခုကတော့ Turkey မှာ ငွေကြေးရင်းနှီးမြှုပ်နှံမှု တစ်ခုခုလုပ်ဖို့ လိုပါတယ်။ ငွေကြးရင်းနှီးမြှုပ်နှံနိုင်မယ့် နည်းလမ်းတော်တော်များများရှိပါတယ်။ အရေးကြီးတဲ့ မေးခွန်းကတော့ ဒီအတွက် ကိုယ်ဘယ်လောက် ရင်းနှီးမြှုပ်နှံရမလဲပေါ့။ လက်ရှိအချိန်မှာတော့ USD 500,000 သတ်မှတ်ထားပါတယ်။ Turkey ဘဏ်တစ်ခုမှာ Deposit အနေနဲ့ အဲဒီ USD 500,000 ကိုထည့်ထားတာမျိုး၊ နောက်တစ်ခုက Turkey Government Bond ဝယ်တာ ဒါမှမဟုတ် Venture Capital Investment Fund တစ်ခုခုမှာ Share ဝယ်တာမျိုးတွေလုပ်ပြီးတော့ Turkey passport ကို ရယူနိုင်မှာ ဖြစ်ပါတယ်။

ကောင်းသတင်းကတော့ Turkey ဘဏ်ထဲကို Deposit ထည့်တဲ့အခါ လက်ရှိတန်ဖိုးကျဆင်း​နေပြီး မတည်မငြိမ်ဖြစ်နေတဲ့ Turkey ငွေကြး Lira နဲ့ ထည့်ရမယ်လို့ သတ်မှတ်မထားတဲ့အတွက် တခြားခိုင်မာတဲ့၊ အားကောင်းတဲ့ ငွေကြေးတစ်ခုခု ဥပမာ- Euro ဖြစ်ဖြစ်နဲ့ ကိုယ်ကောင်းမယ်ထင်တဲ့ ခိုင်မာတဲ့ငွေကြေးတစ်ခုခုနဲ့ ထည့်နိုင်မှာဖြစ်ပါတယ်။ ထည့်သွင်းရမယ့် ပမာဏသတ်မှတ်ချက်ကတော့ ဘာငွေကြေးပဲဖြစ်ဖြစ် USD 500,000 နဲ့ ညီမျှရတဲ့ Deposit ဖြစ်ရမှာပါ။ ပြီးတော့ အချိန်ကာလအားဖြင့် အနည်းဆုံး 3 နှစ်ထည့်ထားပေးရမှာပါ။ တကယ်တော့ CBI program တွေအားလုံးထဲမှာ ဒီ အချိန်ကာလသတ်မှတ်ချက်က အနည်းဆုံး ဖြစ်ပါတယ်။

TURKEY PASSPORT ရနိုင်မယ့် အကောင်းဆုံး လမ်းကြောင်း

Turkey CBI program ထဲမှာ Turkey passport ကိုကုန်ကျစရိတ် အသက်သာဆုံးနဲ့ အမြန်ဆုံး ရနိုင်မယ့် နည်းကတော့ Turkey အိမ်ခြံမြေကို ဝယ်ယူရင်းနှီးမြှုပ်နှံတာပါပဲ။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ အတွက် အဆင်ပြေဆုံး ရွေးချယ်မှုလို့လည်း ပြောနိုင်ပါတယ်။ တခြားနည်းလမ်းတွေဖြစ်တဲ့ ကုမ္ပဏီထောင်၊ ဝန်ထမ်း 50 နဲ့အထက်ခန့်ပြီး အဲဒီလုပ်ငန်း မှန်မှန်ကန်ကန်ဆက်လက်လည်ပတ်ဖို့ ကိုယ်တိုင် စီမံကိုင်တွယ် အလုပ်ရှုပ်နေရမယ့် လမ်းကြောင်းနဲ့ အနည်းဆုံး USD 500,000 နဲ့ညီမျှတဲ့ ပိုက်ဆံကို Turkey ဘဏ်တစ်ခုခုမှာ Deposit ထည့်တာ၊ Turkey အစိုးရ Bond ဝယ်တာတွေလည်း လုပ်လို့ရပါတယ်။ ဒါပေမယ့် အမှန်​တော့ ဒီလမ်း​ကြောင်း​တွေက ပိုက်ဆံပိုကုန်ပြီး ခေါင်းပိုကြီးမယ့်၊ ဇယားပိုရှုပ်တဲ့ လမ်းကြောင်းတွေ ဖြစ်ပါတယ်။ အဲဒီအစား လွယ်ကူမြန်ဆန်ပြီး ဈေးပိုသက်သာမယ့် လမ်း​ကြောင်းဖြစ်တဲ့ Turkey အိမ်ခြံမြေကို ဝယ်၊ အငှားချထားရင်းနဲ့ အိမ်ခြံမြေတန်ဖိုး တတိတိတက်လာတာကို အရသာရှိရှိထိုင်ကြည့်ပြီး အနည်းဆုံး 3 နှစ်ပြည့်တဲ့အခါ အမြတ်ကောင်းကောင်းနဲ့ ပြန်ထုတ်ရောင်း၊ အမြတ်မများရင်တောင် Turkey နိုင်ငံသား Passport က ကိုယ်နဲ့ ကိုယ့်မိသားစုအတွက် အသားတင်ရလိုက်သလိုမျိုး ဖြစ်မှာမို့ အရမ်းကောင်းတဲ့ ရွေးချယ်မှုတစ်ခုဆိုတာ အ​သေအချာပါပဲ။

TURKEY CBI လျှောက်တဲ့အခါ သွားရမယ့် အဆင့်များ

Turkey CBI program/ Turkey passport ကို ရယူဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် လုပ်ဆောင်ရမယ့် အဆင့်လေးတွေကို ယျေဘူယျ ဖော်ပြပေးချင်ပါတယ်။ လျှောက်တဲ့အခါ အစအဆုံးကြာချိန်က အဲလောက်ကြီး မကြာလှပါဘူး 3-4 လအတွင်းပြီးပါတယ်။ Turkish ဘာသာစကားကိုလည်း တကူးတက လေ့လာထားဖို့လည်း မလိုပါဘူး။ အလုပ်သဘော ကနဦး Interview ဘာညာဝင်ရတာမျိုးတွေလည်း မရှိပါဘူး။ ဒါ့အပြင် Turkey နိုင်ငံထဲမှာ ရှိနေရမယ်ဆိုတာမျိုးလည်း မသတ်မှတ်ထားတဲ့အပြင် ကိုယ်က ဦးဆောင်လျှောက်ထားသူ တစ်ဦးဖြစ်ပြီး လိုအပ်တွေနဲ့ကိုက်ညီအောင် လျှောက်မယ်ဆိုရင် ကိုယ့်ရဲ့ မိသားစုဝင်တွေပါ Turkey နိုင်ငံသားဖြစ်ဖို့ အခွင့်အရေးရှိပါတယ်။

Turkey CBI လျှောက်ထားဖို့ Turkey ကို သုံးရက်တာမျှ ခရီးစဉ်သွားရုံနဲ့ အရေးကြီးလုပ်ဆောင်ရမှာတွေကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါတယ်။ အဲဒီ သုံးရက်ခရီးစဉ်အတွင်းမှာ ကိုယ်လိုချင်တဲ့၊ နှစ်သက်တဲ့ အိမ်ခြံမြေကိုတစ်ခုခုကို ဝယ်ပြီးတာနဲ့ ပိုင်ဆိုင်မှု အထောက်အထားဖြစ်တဲ့ Deed Title ကိုယူပြီး ကိုယ်နိုင်ငံကိုယ် ပြန်သွားပြီး ကျန်တဲ့နောက်ပိုင်း CBI လျှောက်ထားမှု အဆင့်တွေကိုတော့ ကိုယ့်ကိုယ်စားအစအဆုံး လိုက်လံဝန်ဆောင်မှုပေးမယ့် ယုံကြည်ရတဲ့ အသိအမှတ်ပြု ကိုယ်စားလှယ်ကနေတဆင့် အဝေးကနေ၊ အွန်လိုင်းကနေ ဆက်လက်လျှောက်ထားရုံပါပဲ။ ဒီလိုလျှောက်ထားပြီး 3-4 လောက်ကြာတာနဲ့ ကိုယ်ပေးထားတဲ့ နေရပ်လိပ်စာအတိုင်း လိပ်မူပြီး ကိုယ့်ရဲ့ Turkey နိုင်ငံသား Passport က အိမ်အရောက်ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုကနေတဆင့် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာမှာ ဖြစ်ပါတယ်။

အိမ်ခြံမြေ ဝယ်ယူမှုလမ်းကြောင်းကနေ Turkey CBI ရယူမယ်ဆိုရင် သွားမယ့် အဆင့် 4 ဆင့်-

ပထမအဆင့်။ ။ ကိုယ်ဝယ်ယူမယ့် PROPERTY ကို ရှာဖွေခြင်းနဲ့ ဝယ်ယူခြင်း

ဒီအဆင့်မှာ Turkey CBI ရဖို့ လုပ်ဆောင်ရတဲ့ Process တွေထဲက Investment လုပ်တဲ့အပိုင်း ဖြစ်ပါတယ်။ Tax Registration နံပါတ် ရယူခြင်း၊ Bank Account ဖွင့်ခြင်းတို့ကို အရင်လုပ်ဆောင်ရပါမယ်။ ပြီးတာနဲ့ ဝယ်ယူမယ့် Property ကို ရှာတဲ့ လုပ်ငန်းစဉ် စပါမယ်။ Turkey အိမ်ခြံမြေဝယ်ယူတဲ့အခါ ဘယ်လိုအခွန်တွေ ပေးဆောင်ရမယ်၊ ဘယ်နေရာမှာ ပိုပြီးတော့ ဝယ်ယူသင့်တယ်ဆိုတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ အသေးစိတ်ဆောင်းပါးကို နောက်ပိုင်း သီးသန့်ထပ်မံ ရေးသားတင်ဆက် ပေးပါ့မယ်။

ဒုတိယအဆင့် ။ ။ TURKEY CBI လျှောက်ထားဖို့ ကိုက်ညီသူဖြစ်ကြောင်း CERTIFICATE ရယူခြင်း

Real Estate လမ်းကြောင်းကတဆင့်သွားမယ်ဆိုရင် Certificate of Eligibility လို့ခေါ်တဲ့ ကိုက်ညီသူဖြစ်ကြောင်း Certificate ကို ရယူဖို့ လိုအပ်ပါတယ်။ Turkey CBI အတွက် သတ်မှတ်ထားတဲ့ ဥပဒေစည်းကမ်းချက်တွေနဲ့ ကိုက်ညီမှုရှိကြောင်း စိစစ်အတည်ပြုချက်လို့ ခေါ်နိုင်ပါတယ်။ ဒီ Certificate ရဖို့အတွက် Turkey နိုင်ငံ Environment and Urbanization ဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ General Directorate of Land Registry and Cadaster ဦးစီးဌာနမှာ လျှောက်ထားရမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေက အဆင့်တွေများပြီးတော့ အမှားအယွင်း အချွတ်အချော် မဖြစ်အောင်လည်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ ဒီလုပ်ငန်းစဉ်တွေကို နှစ်ရှည်ကြာကတည်းက ကျွမ်းကျင်အောင်မြင်စွာ လုပ်ဆောင်လာတဲ့ မိမိကိုယ်စား တရားဝင်ဆောင်ရွက်ပေးမယ့် ဝန်ဆောင်မှုတွေနဲ့ သွားသင့်ပါတယ်။

တတိယအဆင့် ။ ။ RESIDENT PERMIT ရယူခြင်း

Turkey CBI လျှောက်ထားမှု လုပ်ငန်းစဉ်ကို ဆောင်ရွက်နေတဲ့အချိန်မှာ ကိုယ့်အနေနဲ့ Turkey မှာ တရားဝင် Resident ဖြစ်နေဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့်မို့ Turkish Passport အတွက် ရဖို့အတွက် လိုအပ်တဲ့ Investment ကို လုပ်ပြီးချိန်မှာ Resident Permit တစ်ခု ရဖို့ လိုအပ်ပါတယ်။
ဒီ Resident Permit ကို ကနဦးလိုအပ်တဲ့ Investment တွေလုပ်ပြီးလို့ Turkey CBI စလျှောက်ထားတဲ့ အချိန်ကတည်းက ထုတ်ပေးပါတယ်။ Residence Permit ထုတ်ပေးတဲ့ လုပ်ငန်းစဉ်တွေထဲမှာ ကမ္ဘာ့အမြန်ဆုံးထဲမှာ ပါပါတယ်။
Turkey Resident တစ်ယောက် ဖြစ်လာဖို့အတွက် Turkey နိုင်ငံမှာ အရင်ကတည်းက အချိန်ကာလာဘယ်လောက် တရားဝင်နေဖူးထားရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ မရှိပါဘူး။ Resident Permit ရပြီးသွားတဲ့ နောက်ပိုင်းမှာလည်း Turkey နိုင်ငံထဲမှာ ဘယ်လောက်ကြာအောင် နေရမယ်ဆိုတာမျိုးလည်း မရှိပါဘူး။

ပြောရရင်တော့ Turkey CBI လျှောက်ထားသူတွေရဲ့ လျှောက်ထားမှု လုပ်ငန်းစဉ်တွေ အပြီးမသတ်ခင် စပ်ကြားကာလမှာ သွားလာနေထိုင်ဆောင်ရွက်မှုတွေအတွက် တရားဝင်မှုရှိအောင် Resident Permit ထုတ်ပေးထားတဲ့သဘောပါ။

စတုတ္တထအဆင့် ။ ။ CITIZENSHIP အတွက် လျှောက်ထားခြင်း

နောက်ဆုံး အဆင့်ကတော့ Citizenship အတွက် လျှောက်ထားတာပါ။ Resident Permit ရပြီဆိုတာနဲ့ Provincial Directorate of Census and Citizenship ဌာနမှာ စာရွက်စာတမ်းအပြည့်အစုံနဲ့ တင်သွင်းလျှာက်ထားလို့ ရပါတယ်။ လုပ်ငန်းစဉ်သဘောအရတော့ ဒါတွေအားလုံးကို တစ်ရက်တည်းနဲ့ ပြီးစီးအောင် ဆောင်ရွက်လို့ရပါတယ်။

ဝမ်းသာစရာကောင်းတဲ့ အချက်တစ်ချက်က ကိုယ့်ရဲ့ Citizenship လျှောက်ထားမှုအပေါ် Turkey အစိုးရဘက်က ဆုံးဖြတ်ချမှုအပိုင်း ဆောင်ရွက်တဲ့အခါ လူကိုယ်တိုင် Turkey မှာ ရှိနေစရာ မလိုပါဘူး။ ဘာ Interview မှလည်း ထပ်လုပ်စရာာမလိုအပ်ပါဘူး။

အကျဉ်းချုပ်ပြောရရင် Turkey CBI လျှောက်ထားဖို့ လိုအပ်တဲ့ Document တွေ ကိုယ့်မှာ စုံလင်စွာရှိပြီဆိုတာနဲ့ ဆက်လုပ်စရာရှိတဲ့ Paperwork တွေအကုန်လုံးကို ကိုယ့်ရဲ့ Power of Attorney ပေးထားတဲ့ Lawyer နဲ့ လွှဲထားခဲ့ပြီး ကိုယ့်မိခင်နိုင်ငံကို Turkey Property ပိုင်ဆိုင်ကြောင်း သက်သေအထောက်အထား Title Deed ယူပြီးပြန်နေလို့ ရပါပြီ။ နောက် 3 လ၊ 4 လ ကြာရင် Turkey Passport ကို Mail ကတစ်ဆင့် လက်ခံရယူရုံပါပဲ။ Turkish passport ရဲ့ သက်တမ်းက 10 နှစ်ရှိတဲ့အတွက် ခဏခဏ သက်တမ်းတိုးနေရတာမျိုးတွေ လုပ်စရာ မလိုတော့ပါဘူး။

CBI PROGRAM ကတဆင့် TURKEY နိုင်ငံသား ဖြစ်လာရင် ရနိုင်မယ့် အကျိုးများ

အကယ်၍ စာဖတ်သူမိတ်ဆွေဟာ Real Estate မှာ ရင်းနှီးမြှုပ်နှံရတာကို နှစ်သက်သူတစ်ယောက်ဖြစ်တယ်၊ လက်ထဲမှာလည်း ရင်းနှီးမြှုပ်နှံဖို့ ငွေပိုငွေလျှံ အရံသင့်ရှိနေတယ်၊ ပြီးတော့ အဲဒီ ငွေပိုငွေလျှံကို မြန်မာနိုင်ငံပြင်ပက အလားအလာကောင်းတဲ့ ဈေးကွက်တစ်ခုခုမှာ ရင်းနှီးဖို့ ဆန္ဒရှိတဲ့သူ ဖြစ်တယ်ဆိုရင်တော့ Turkey က ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။
အရင်က USD 1 Million နဲ့ အစဖွင့်ခဲ့ပြီး အခု အများကြီး ဈေးသက်သာသွားပြီဖြစ်တဲ့ Turkish Citizenship ကို CBI program ကတဆင့် ရယူနိုင်ခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကို အောက်မှာ ဆက်ကြည့်ရအောင်-

ကိုယ်ဝယ်ယူရင်းနှီးထားတဲ့ Real Estate ကနေ အမြတ်ဝင်ငွေ ရရှိနိုင်ပါတယ်။ ကိုယ်ဝယ်ယူထားတဲ့ Real Estate ကို အငှားချလို့ ရပါတယ်။ ပြီးတော့ 3 နှစ်နဲ့အထက်ကြာတဲ့အခါ အမြတ်ကောင်းကောင်းနဲ့ ပြန်ရောင်းချင်လည်း ပြန်ရောင်းနိုင်ခြင်း။

Turkey နိုင်ငံနဲ့ ကမ္ဘာ့နိုင်ငံတော်တော်များများအကြား အပြန်အလှန် Visa Free နဲ့ သွားလို့ရအောင် နှစ်နိုင်ငံသဘောတူညီမှုတွေ ရေးထိုးထားခြင်းကြောင့် Turkish passport ကိုင်နိုင်ပြီဆိုတာနဲ့ ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း 110 ကျော်ကို Visa Free နဲ့ သွားလာနိုင်ခြင်း။ အဲဒီ Visa Free သွားနိုင်မယ့် နိုင်ငံတွေထဲမှာ Japan, Mexico, South Korea နဲ့အတူ Latin American နိုင်ငံအကုန်နီးပါး ပါဝင်ပါတယ်။ ဒီတော့ Global Mobility Score အနိမ့်ဆုံးနိုင်ငံတွေထဲကတစ်ခုဖြစ်နေတဲ့ မြန်မာ Passport အနီကို ဆက်မကိုင်ချင်တော့ဘူး Mobility Score ပိုမြင့်ပြီး အခြားအကျိုးအမြတ်တွေလည်း အများကြီးရနိုင်မယ့် Passport ကောင်းတစ်ခုကို ရယူဖို့ ဆုံးဖြတ်ထားပြီဆိုရင်တော့ Turkey passport က မြန်ဆန်လွယ်ကူစွာနဲ့ရယူနိုင်တဲ့ အကောင်းဆုံး ရွေးချယ်မှုတွေထဲက တစ်ခု ဖြစ်ခြင်း။

Turkish passport ကို ကိုင်ဆောင်ထားတဲ့သူတွေ အနေနဲ့ UK ကို ရွှေ့ပြောင်းအခြေချဖို့ အတော်လေးလွယ်ကူမှု ရှိပါတယ်။ Turkey နိုင်ငံသားတစ်ယောက် အနေနဲ့ UK Business person visa ကိုတင်လို့ ရပါတယ်။ ဒီနည်းနဲ့ British နိုင်ငံသားတစ်ယောက်ဖြစ်အောင် ဖြည်းဖြည်းချင်း လုပ်ဆောင်သွားနိုင်ခြင်း။

US မှာ လုပ်ငန်းသွားလုပ်နိုင်ခြင်း။ Turkey နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေကို US လာပြီး လုပ်ငန်းလာလုပ်လို့ရအောင် တံခါးဖွင့်ပေးထားပါတယ်။ US ကို ရွှေ့ပြောင်းပြီး လုပ်ငန်းလုပ်ချင်တဲ့ Turkey လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ E-2 Investor visa လျှောက်ပြီး သွားရောက်လုပ်ငန်းလုပ်ကိုင်နိုင်ခြင်း။

Turkey နိုင်ငံသားတစ်ယောက်အနေနဲ့ မကြာခင်မှာ EU နိုင်ငံတွေကို Visa Free နဲ့ သွားလာနိုင်မယ့် အလားအလာ အရမ်းများခြင်း။

Turkey CBI လျှောက်ထားမယ်ဆိုရင် ကိုယ့်ရဲ့ ပိုင်ဆိုင်ကြွယ်ဝမှု အရပ်ရပ်နဲ့ဆိုင်တဲ့ အချက်အလက်တွေကို ပြောပြစရာ မလိုအပ်ခြင်း။

တခြား CBI program ရှိတဲ့ နိုင်ငံတွေဆိုရင် သူတို့နိုင်ငံတွေမှာ CBI လျှောက်မယ့် သူတစ်ယောက်ကို ကမ္ဘာအနှံ့က သူတို့ရဲ့ ပိုင်ဆိုင်မှုကြွယ်ဝမှုတွေကို ပြောပြခိုင်းတာမျိုးတွေ ရှိပါတယ်။ Turkey CBI ကို လျှောက်ထားမယ်ဆိုရင်တော့ ဒီလိုမျိုး ကိုယ့်ရဲ့ ပိုင်ဆိုင်ကြွယ်မှု အချက်အလက်တွေ ပြောပြစရာ မလိုပါဘူး။ ကိုယ့်ရဲ့ Privacy ကို Turkey က အလေးထားခြင်း။

Turkey နိုင်ငံသားဖြစ်တဲ့အတွက် ကိုယ်နဲ့ ကိုယ့်မိသားစုဝင်တွေအတွက် Free Medical Care ကို ရရှိမှာ ဖြစ်ပါတယ်။ Turkey နိုင်ငံသားတစ်ယောက်အနေနဲ့ Medical Help ကို အကုန်အကျတပြားမှ ကျခံစရာမလိုဘဲ အခမဲ့ ရရှိနိုင်ခြင်း။ Turkey ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်က ကမ္ဘာ့ထိပ်တန်းအဆင့် မဟုတ်ရင်တောင် အလယ်အလတ်အထက်တန်း Level မှာတော့ ကောင်းကောင်း ရှိပါတယ်။ ဒီလို ကောင်းမွန်တဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိနိုင်ခြင်း။

Military Service ဝင်စရာမလိုအပ်ခြင်း။ Turkey CBI program ကတဆင့် Turkey Citizen ဖြစ်လာရင် ကိုယ်ကိုယ်တိုင်ရော ကိုယ့်မိသားစုဝင်တွေပါ စစ်မှုထမ်းစရာ မလိုအပ်ခြင်း။

အမွေဆက်ကမ်းခွင့်ရှိတဲ့ ဥပဒေကို ပြဌာန်းထားခြင်း။ အကြောင်းကြောင်းကြောင့် ကိုယ်တိမ်းပါးသွားခဲ့ရင် ကိုယ်ပိုင်ဆိုင်ခဲ့တဲ့ Real Estate ကို အမွေဆက်ခံမယ့်သူတွေအတွက် အမွေဆက်ခံလို့မရမှာကို စိုးရိမ်ပူပန်စရာ မလိုပါဘူး။ Turkey ဥပဒေက ကိုယ့်ရဲ့ အမွေကို တရားဝင်ဆက်ခံမယ့်သူတွေအတွက် အပြည့်အဝ အကာအကွယ်ပေးထားပါတယ်။ တရားဝင် အမွေဆက်ခံခွင့်ရှိတဲ့သူတွေလက်ထဲ ကိုယ့်ရဲ့အမွေကို ခိုင်မာစွာ လက်လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။ ဒီလိုစိတ်ချရင်အေးနိုင်တဲ့ အကာအကွယ်ပေးမယ့် ဥပဒေကို ခိုင်မာစွာ ပြဌာန်းပြီး ကျင့်သုံးခြင်း။

Address

Insein Township
Insein
11011

Website

Alerts

Be the first to know and let us send you an email when CommitWealth posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CommitWealth:

Share