Electpro Electrical & Automation

Electpro Electrical & Automation Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Electpro Electrical & Automation, Business service, No, 236/A, Lower Mingalardon Road, Insein.

125 Ton Crane အမှတ်တရ ဘယ်လိုမှFunction မဖြစ်လို့ရပ်နေတဲ့Crane ဝိုင်းတော်သားတွေရဲ့ကူညီမှုနဲ့အောင်မြင်သွားပြီ Main Hoist မ...
28/05/2024

125 Ton Crane အမှတ်တရ ဘယ်လိုမှFunction မဖြစ်လို့ရပ်နေတဲ့Crane ဝိုင်းတော်သားတွေရဲ့ကူညီမှုနဲ့အောင်မြင်သွားပြီ Main Hoist မှာ Schneider Altivar 71 110 KW နှစ်လုံး Scenechro မောင်း တာ တစ်လုံး Close loop Vector Control Speed Mode တစ်လုံးကို Encoder မကောင်းတော့ Open loop Vector Control Torque Mode Torque Speed Switching နဲ့မောင်း လိုက်တာအောင်မြင်သွားပါပြီ

Electpro´s next Milestone
17/05/2018

Electpro´s next Milestone

အရည်​​သွေးမြင့်​​၊အကြမ်းခံ ​Veichi VFDများအသုံးပြု၍  ဒုတိယ​မြောက်​​ကျောက်​ခွဲစက်​ ကိုလည်း ​အောင်​မြင်​စွာ တပ်​ဆင်​ လည်...
14/12/2017

အရည်​​သွေးမြင့်​​၊အကြမ်းခံ ​Veichi VFDများအသုံးပြု၍ ဒုတိယ​မြောက်​​ကျောက်​ခွဲစက်​ ကိုလည်း ​အောင်​မြင်​စွာ တပ်​ဆင်​ လည်​ပတ်နိုင်​ခဲ့ပြန်​ပါပြီ။ယုံကြည်​စွာဖြင့်​လုပ်​ငန်းအပ်​နှံပြီး Electproရှိ Crewများအား လက်စွမ်းပြခွင့်​​ပေးခဲ့​သော ကိုဝင်းမိုး​အောင်
အား အထူးပင်​ ​ကျေးဇူးတင်​ပါတယ်​။
အလုပ်​ပင်​ပန်းသည့်​ကြား နယ်​စုံလှည့်​​ခြေဆန့့်​ပြီး ကြီးကြပ်​မှုအနဲဆုံးနဲ့​အောင်​မြင်​​အောင်​​ဆောင်​ရွက်​နိုင်​ခဲ့ကြတဲ့ Electpro ဝိုင်း​တော်​သားတို့အတွက်​ ဂုဏ်​ယူ​ကျေနပ်​မိပါတယ်​။

ဖြစ်​တတ်​တဲ့သ​ဘော​          စက်​ရုံတစ်​ရုံမှာ သုံးထားတဲ့PLC power supplyကဒ်​ပျက်​​နေလို့ စက်​ရုံက Maintenanceအကိုတစ်​​ယေ...
08/11/2017

ဖြစ်​တတ်​တဲ့သ​ဘော
စက်​ရုံတစ်​ရုံမှာ သုံးထားတဲ့PLC power supplyကဒ်​ပျက်​​နေလို့ စက်​ရုံက Maintenanceအကိုတစ်​​ယောက်​က External Power Supplyနဲ့ထွင်​ပြီးသုံးထားတယ်​။စက်​ရုံက ကုန်​သည်​ဆီက​နေ PLC spareတစ်​လုံး ဝယ်​​တော့ ကျ​နော်​တို့
Programသွားသွင်း​ပေးကြတယ်​​ပေါ့ဗျာ။
PLCအ​ဟောင်းထဲက​နေ programယူဖို့လုပ်​တယ်​။စက်​ကရပ်​ထားတာကြာ​တော့ ထွင်​သုံးထားတဲ့Power supplyက သတ်​မှတ်​ဗို့ မထွက်​ပဲ​ကြောင်​​နေပြန်​​ရော။ဟိုကလိဒီကလိနဲ့power supplyအဆင်​​ပြေပြန်​​တော့ PLCကpasswordခံထားပြန်​​ရော။passwordဖြည်​မဟဲ့ဆိုပြီး Try လိုက်​တာ
Eeprom
code​တွေuploadယူပြီး ကြည့်​​တော့ ​တွေ့​နေကျပုံစံမဟုတ်​ပဲ blank projectပုံစံမျိုး​တွေ့​နေရတယ်​။စိတ်​ထဲမှာ​တော့ ကမ္ဘာပျက်​​နေပြီ​ပေါ့ဗျာ။Eepromဖြုတ်​တုန်းက တစ်​ခုခု​ကြောင့်​များ အထဲက Code​တွေပျက်​ကုန်​ပြီလား​ပေါ့။
ပျက်​သွားရင်​ plc programအစအဆုံးပြန်​​ရေး​ပေးရမှာ။စက်​​ရောင်းတဲ့ Companyဆီကပဲ programလှမ်းဝယ်​ရမလား။ကိုယ်​တိုင်​ပဲ အချိန်​​ပေးပြန်​​ရေးရမလား။ရေး​ရော​ရေးနိုင်​ပါ့မလားဆိုတဲ့လား​ပေါင်းများစွာနဲ့ ရင်​ဘက်​ထဲ ​ဗြောင်းဆန်​ရင်းerror ဖြစ်​နိုင်​မယ်​ထင်​တာ​တွေ လိုက်​စစ်​​နေတာ​ပေါ့ဗျာ။
Hardwareပိုင်းစစ်​တယ်​။IC Pin​တွေခဲပူး​နေသလား။eeprom programmerက​ရောအလုပ်​လုပ်​ရဲ့လား။ကြိုး​တွေ​ရောမိရဲ့လား။ဘာfaultမှမ​တွေ့ဘူး။ဒါဆိုsoftwareပိုင်း​ကြောင့်​​လား။အကုန်​uninstallပြန်​လုပ်​။Driver​တွေဖြုတ်​ချ။အစအဆုံးပြန်​တင်​။ Antivirusများ ငြိ​နေသလား။အကုန်​Exitလုပ်​။မထူး​သေးဘူး။
ဒါနဲ့ blank projectဖြစ်​​နေတာ​သေချာရဲ့လား code​တွေ တစ်​ခုချင်းလိုက်​စစ်​ကြည့်​တယ်​။3မီးနစ်​​လောက်​စိတ်​ရှည်​လက်​ရှည်​စစ်​ပြီး​တော့ Hex Codeသဲလွန်​စ​တွေ ​ဟိုတစ်​ခု ဒီတစ်​ခု ​တွေ့ရတယ်​။လူပျိုဘဝ ရည်းစား​အ​ဖြေ​ပေးတာထက်​​တောင်​ ရင်​ခုန်​​ပျော်​စရာ​ကောင်း​သေးတယ်​ဗျာ။Code​တွေကို မြန်​မြန်​​တောင်​ မစစ်​​တော့ဘူး။တစ်​ခုချင်း​လေး စိတ်လှုပ်​ရှားစွာနဲ့ စစ်​လာလိုက်​တာ
တစ်​​နေရာအ​ရောက်​ Code​တွေအစုလိုက်​အပြုံလိုက်​ ​တွေ့​တော့တာပဲ။ပျော်​လိုက်​တာဆိုတာ​လေ။Code​တွေကို saveပြီး paasword​ဖော်​တဲ့software​လေးနဲ့စစ်​လိုက်​​တော့ ပုံထဲကအတိုင်း ပ​ယောဂမှန်​​တော့ တုန်​ဆင်းလာ​တော့တာပဲဗျို့။passwordကိုတန်း​တွေ့တာပဲ။passwordရပြီဆို​တော့ ပြီးပြီ​ပေါ့ဗျာ။
တကယ်​​တော့ မပြီး​သေးပါဘူးဗျာ။
ဆက်​ရရင်​ plc အ​ဟောင်းထဲက programကိုယူဖို့ PLCကိုpower​ပေးတယ်​။power supplyကပြန်​​ကြောင်​​နေပြန်​​ရော။
စိတ်​မရှည်​​တော့တာနဲ့ PLCအသစ်​က power supplyကဒ်​နဲ့ အ​ဟောင်းက processorကဒ်​ကို တွဲဖို့လုပ်​တယ်​။တွဲပြီးလို့
့ power လဲဖွင့်​လိုက်​​ရော ဖုန်းကနဲ​နေတာပဲ
EEPROM​လေးလစ်​သွားပြီလားဆိုပြီး အ​ပြေးလွှားဖွင့်​ကြည့်​​တော့ eepromကဘာမှမဖြစ်​ဘူး။power supplyကဒ်​အသစ်​​လောင်​သွားတာ။
ပစ္စည်းလာသွင်းပါတယ်​ဆို သွင်းမဲ့ပစ္စည်းက ပျက်​သွား​တော့ ​သေ​ရော​ပေါ့ဗျာ။power supplyကဒ်​အသစ်​ဘာလို့​လောင်​သွားတာလဲ​မေးစရာရှိတယ်​။ကျ​နော့အထင်​​တော့ plc အ​ဟောင်းက processorကဒ်​မှာ
Errorရှိရမယ်​။ဒါ​ပေမဲ့ ထွင်​သုံးထားတဲ့ External power supplyက Watt များ​တော့ ဘာမှမဖြစ်​​ပေမဲ့ Plc အသစ်​က power supplyက Wattနဲ​တော့ မခံနိုင်​ပဲပျက်​ပါ​လေ​ရော။
ပြန်​ပြင်​ဖို့ရာပစ္စည်း​တွေကလဲရန်​ကုန်​မှာဆို​တော့ ဘာမှမတတ်​နိုင်​ပဲ Programကိုပဲ Backupယူပြီး ပြန်​လာခဲ့ရတာ​ပေါ့ဗျာ။အခု​တော့ ပြန်​ပြင်​ပြီး PLCကိုကားတင်​​ပေးလိုက်​ပါပြီ။ဇာတာများကျချင်​ရင်​ ဘာလုပ်​လုပ်​ ဘာမှကိုအဆင်​မ​ပြေတာ။စက်​ပြင်​​လောက Serviceသမား​တွေအတွက်​ ဖြစ်​တတ်​တဲ့သ​ဘော​လေး​တွေ​ပေါ့ဗျာ။

Bravo my little two brithers.I am waiting any challange with my brothers.Thank u Nyi Lay and Nyan Myint.
25/09/2017

Bravo my little two brithers.I am waiting any challange with my brothers.Thank u Nyi Lay and Nyan Myint.

Electpro Electrical & Automation  Control Training   Course1.Basic Electricity & Electronic2.Industrial Field Devices   ...
11/06/2017

Control Training
Course
1.Basic Electricity & Electronic
2.Industrial Field Devices
1.Input Devices(Digital /Analog)
2.Output Devices (Digital/Analog)
3.Switch Logic
4.Relay Logic
5.Motor Control Methods
6.Programmable Logic
Controller(Siemens S7 200 PLC)
1.What is PLC?
2.Hardware &Wiring
3.Memory & Addressing Method
4.Programming(LAD)
1.Bit Logic
2.Timer
3.Counter
4.Data Transfer
5.Math Calculation
6.High Speed Counter
7.Modbus Communication
1.PLC••••••>PLC
2.PLC••••••>VFD
3.PLC••••••>PLC••••••>VFD
# #သင်​တန်းသားအ​ရေအတွက်​ကို၁၀​ယောက်​ပဲကန့်​သတ်​ထားတာပါ။လော​လောဆယ်​စာရင်း​ပေးပြီးသူက၇​ယောက်​ရှိပါတယ်။၃​ယောက်​သာလို​တော့လို့ တက်​​ရောက်​လိုပါက ကျ​နော့ဖုန်း ၀၉၂၆၃၃၃၆၃၁၃ကိုဆက်​သွယ်​စုံစမ်းနိုင်​​ပါတယ်​။

PLC programming နှင့်​Industrial Controlကို​စိတ်​ဝင်​စား​လေ့လာလို​သောနည်းပညာတက္ကသိုလ်​​များ၊စက်မှု​ကျောင်းများနှင့်​သင်​...
10/04/2017

PLC programming နှင့်​Industrial Controlကို​စိတ်​ဝင်​စား​လေ့လာလို​သော
နည်းပညာတက္ကသိုလ်​​များ၊စက်မှု​ကျောင်းများနှင့်
သင်​တန်းများအတွက်​ ကိုယ်​တိုင်
လက်​​တွေ့တပ်​ဆင်​​​လေ့ကျင့်
နိုင်​သည့်​သင်​​ထောက်​ကူပြု
Training Kitများကို စိတ်​တိုင်းကျ​ဆောင်​ ရွက်​​ပေးလျက်​ရှိပါသည်​။

PLC Upgrade ပြုလုပ်​ခြင်း​အောင်​မြင်​စွာပြီးဆုံးခဲ့ပါပြီ။
27/03/2017

PLC Upgrade ပြုလုပ်​ခြင်း​အောင်​မြင်​စွာပြီးဆုံးခဲ့ပါပြီ။

 #ထူးဆန်းထွေလာစက်ပြင်ကမ္ဘာ                  ဒီတစ်ခါ စက်ပြင်အတွေ့အကြုံကလည်း ထူးဆန်းလို့ပြန်လည်မျှဝေပါတယ်။PLC Controlတွေပါ...
18/03/2017

#ထူးဆန်းထွေလာစက်ပြင်ကမ္ဘာ
ဒီတစ်ခါ စက်ပြင်အတွေ့အကြုံကလည်း ထူးဆန်းလို့ပြန်လည်မျှဝေပါတယ်။PLC Controlတွေပါတဲ့ စက်ရုံတွေမှာစက်ပြင်၊Maintenanceတာဝန်ကို
ယူထားကြတဲ့ သူများအတွက် ဂရုပြုစရာ အဖြစ်အပျက်လည်းဖြစ်ပါတယ်။
စက်ရုံတစ်ရုံက Generatorတွေကို Synchronizationလုပ်ရာမှာအသုံးပြုထားတဲ့ Fatek FBe Series PLC Moduleတွေဟာ Phase-Outဖြစ်သွားတဲ့အတွက် FBs Series Moduleတွေနဲ့ အဆင့်မြှင့်ဖို့ရာ မူလPLC Programကို Uploadယူခဲ့ပါတယ်။Uploadယူတဲ့နေ့မှာ PLCရဲ့ Battery Low Alarmပေါ်နေတာကိုသတိပြုမိတဲ့အတွက် တာဝန်ရှိသူတွေကို Batteryလဲလှယ်ဖို့နဲ့ Batteryအသစ်မရသေးတဲ့ကာလအတွင်း
PLCကိုPowerအမြဲ ပေးထားသင့်ကြောင်း
အကြံပြုခဲ့ပါတယ်။Batteryမကောင်းတော့ရင် Programပျောက်သွားနိုင်တဲ့အတွက်ပါ။
စက်ရုံမှ တာဝန်ရှိသူများမှလည်း ကျ နော်တို့ပြောပြီးနောက်ရက်မှာ PLCကို Powerအမြဲပေးခဲ့ ကြပါတယ်။ဖြစ်ချင်တော့အဲဒီနေ့မှာ မီးပျက်လို့ Generatorမောင်းတဲ့အခါ PLCကအလုပ်မလုပ်တော့ပါဘူး။စစ်ကြည့်တော့ PLCကRun LEDမလင်းတာကိုတွေ့ရတဲ့အတွက် Programပျောက်သွားပြီဆိုတာ သိခဲ့ပါတယ်။ဒါကြောင့့်Generatorကို Manual သာမောင်းနှင်ခဲ့ရပါတယ်။
ကျနော် တို့Program Backupယူတဲ့နေ့နဲ့
Batteryသက်တမ်းကုန်သွားလို့
Programပျောက်သွားတဲ့နေ့က တစ်ရက်တောင်မခြားတာကတော်တော်ထူးဆန်းတဲ့
အဖြစ်အပျက်ပါ။ တကယ်လို့များProgram Bakupယူတာတစ်ရက်လောက် နောက်ကျသွားခဲ့ရင်တော့ခေါင်းကြီးစရာပါပဲ။
Generator Controlမှာသုံးတဲ့ PLCဆိုတာလည်း EPCမီး ပြတ်တောက်တဲ့အခါမှသာ အလုပ်လုပ်ရတာဖြစ်လေတော့ ယခုလို Battery Low alarmပြနေတာကို သတိပြုမိဖို့ရာ ရာခိုင်နှုန်းအတော်နဲပါတယ်။(စက်ပြင်နဲ့Maintenanceတာဝန်ကိုယူထားသူတွေအနေနဲ့မိမိစက်ရုံကPLCတွေမှာBateryပါ/မပါ၊ပါရင် Battery Low Alarmပြ/မပြ၊နဲ့ Batteryလဲရလျှင်လဲလှယ်သည့်နေ့ရက်တို့ကို သတိထားမှတ်သား
ထားသင့်ကြောင်းအကြံပြုပါတယ်။)......Fatek PLCရဲ့ User Manualမှာbattery low alarmပြပြီးတစ်လအတွင်းလဲလှယ်ဖို့နဲ့
Batteryကိုတစ်မိနစ်အတွင်းအပြီးလဲဖို့ ရေးသားထားပါတယ်။
Battery သက်တမ်းကုန်လို့ Programပျောက်သွားတဲ့အခါ Backup ယူထားတာရှိရင် အခက်အခဲမရှိပေမယ့်Backupယူထားတာ မရှိရင်တော့ မူလprogramရေးသူကSupportမလုပ်ရင် Programအစအဆုံးပြန်ရေးရမှာဖြစ်ပါတယ်။အဲဒီအခါ အချိန်နှင့်ငွေကြေးလည်းများစွာ ကုန်ကျမှာဖြစ်တဲ့အတွက် မိမိစက်ရုံရှိ Control
Programများအား စက်ကောင်းနေစဉ်မှာပင်
Backupယူသိမ်းဆည်းထားသင့်ကြောင်း
ထပ်လောင်းအကြံပြုလိုပါတယ်။
Program Backupယူခြင်းRestoreပြုလုပ်ခြင်းနှင့် Phase-Outဖြစ်သွားသော Controllerများအား Upgradeပြုလုပ်ခြင်းများကိုလည်း ကျနော်များ Electrical & Automationမှ ဝန်ဆောင်စရိတ်သက်သာစွာဖြင့် ဆောင်ရွက်ပေးနေပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။
လေးစားစွာဖြင့်
Electpro Electrical & Automation

အသစ်ထပ်မံရောက်ရှိလာသော Measuring Instrumentsများဖြစ်ပါတယ်။Part Noနှင့်ဈေးနှုန်းများကိုပစ္စည်းတစ်မျိုးချင်းအလိုက်ဖော်ပြပေ...
17/03/2017

အသစ်ထပ်မံရောက်ရှိလာသော Measuring Instrumentsများဖြစ်ပါတယ်။Part Noနှင့်ဈေးနှုန်းများကိုပစ္စည်းတစ်မျိုးချင်းအလိုက်ဖော်ပြပေးထားပါတယ်။နယ်မှမှာယူလိုသူများအတွက်လည်း ကားဂိတ်အရောက်ပို့ဆောင်ပေးပါတယ်ခင်ဗျာ။

Address

Insein

Telephone

09450692052

Website

Alerts

Be the first to know and let us send you an email when Electpro Electrical & Automation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share