Kaung Htet San Mobile Second & Accessories Shop - Kalaw

Kaung Htet San Mobile Second & Accessories Shop - Kalaw Mobile Phone Shop & Accessories

ဤ ၂၀၂၆ ခုနှစ် ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) သည် မြတ်စွာဘုရား၏ ဘဝနှင့်ပတ်သက်၍ အလွန်ထူးခြားသော နေ့ထူးနေ့မြတ် ဖြစ်သည်။ဤစာသားမျာ...
30/04/2026

ဤ ၂၀၂၆ ခုနှစ် ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) သည် မြတ်စွာဘုရား၏ ဘဝနှင့်ပတ်သက်၍ အလွန်ထူးခြားသော နေ့ထူးနေ့မြတ် ဖြစ်သည်။

ဤစာသားများသည် ၂၀၂၄ ခုနှစ်က ဆရာတော်ဘုရားကြီးချီးမြင့်ခဲ့သော စာသားဖြစ်ပြီး ယခု ၂၀၂၆ ခုနှစ် ကဆုန်လပြည့်နေ့တွင်လည်း ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့အနေဖြင့် မြတ်ဗုဒ္ဓ၏ ဂုဏ်တော်၊ ကျေးဇူးတော်များကို မှန်းမျှော်ပူဇော်နိုင်ကြပါရန် ထပ်မံနှိုးဆော်တိုက်တွန်းအပ်ပါသည်။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး စီစဉ်ညွှန်ကြားပေးထားသည့် "နေ့မြတ်မဟာ ဗုဒ္ဓပူဇာ ကဆုန်လပြည့်ဗုဒ္ဓနေ့" အတွက် ရဟန္တာအရှင်မြတ်တို့ ရွတ်ဆိုပူဇော်လေ့ရှိသော ဗုဒ္ဓပူဇာမြတ်ကထာ ကိုလည်း ကုသိုလ်ဖြစ် ပြန်လည်မျှဝေ ပူဇော်အပ်ပါသည်။
===================================================================================================

“ကဆုန်လပြည့် ဗုဒ္ဓနေ့”

ဤကဆုန်လပြည့်နေ့သည် မြတ်စွာဘုရား၏ ဘဝနှင့် ပတ်သက်၍ အလွန် ထူးခြားသော နေ့ထူးနေ့မြတ်ဖြစ်သည်။

“ဗျာဒိတ်တော်ခံ၊ ဖွား၊ ပွင့်၊ စံ”
—------------------------------
၁။ ဤကမ္ဘာမှ မတိုင်မီ လေးအသင်္ချေနှင့် ကမ္ဘာ (တစ်သိန်း) အထက် သုမေဓာရှင်ရသေ့ဘဝမှာ ဒီပင်္ကရာမြတ်စွာဘုရားထံ၌ ဗျာဒိတ် ပန်ဆင်ခဲ့သောနေ့သည် ကဆုန်လပြည့်နေ့ဖြစ်သည်။

၂။ လုမ္ဗိနီအင်ကြင်းဥယျာဉ်၌ မယ်တော်မာယာဒေဝီမှ ဖွားမြင်တော်မူသောနေ့သည်လည်း ကဆုန်လပြည့်နေ့ဖြစ်သည်။

၃။ မဟာဗောဓိပင်အောက်၌ ဘုရားအဖြစ်သို့ ရောက်တော်မူသော (ပွင့်တော်မူသော) နေ့သည်လည်း ကဆုန်လပြည့်နေ့ ဖြစ်သည်။

၄။ ကုသိနာရုံမလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန် စံတော်မူသောနေ့သည်လည်း ကဆုန်လပြည့်နေ့ပင်ဖြစ်သည်။
🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷

“ဗုဒ္ဓနေ့”

ကဆုန်လပြည့်နေ့သည် မြတ်ဗုဒ္ဓ၏ ဘဝမှာ ထူးခြားသော အတွေ့အကြုံသုံးရပ် ဆုံတွေ့သော ရက်မြတ်ဖြစ်သည်။

(၁) ဖွားမြင်တော်မူသည့်နေ့၊

(၂) ဗုဒ္ဓအဖြစ်သို့ ရောက်ရှိတော်မူသည့်နေ့၊

(၃) ပရိနိဗ္ဗာန်ပြုတော်မူသည့်နေ့၊

ဤထူးခြားချက် သုံးရပ်သည် ကဆုန်လပြည့်နေ့၌သာ ဖြစ်ပေါ်ခဲ့သည်။ သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင်သူတော်စင်များသည် ဤနေ့ထူးနေ့မြတ် ရောက်တိုင်း မြတ်ဗုဒ္ဓ၏ ဂုဏ်တော်ကျေးဇူးတော်များကို မှန်းမျှော်ပူဇော်ကြပါရန် နှိုးဆော်တိုက်တွန်း အပ်ပါသည်။

ကဆုန်လပြည့်ဗုဒ္ဓနေ့
နေ့မြတ်မဟာ ဗုဒ္ဓပူဇာ
—-----------------------

ရဟန္တာအရှင်မြတ်တို့ ရွတ်ဆိုပူဇော်လေ့ရှိသော ဗုဒ္ဓပူဇာမြတ်ကထာ။

(၁) ဗုဒ္ဓေါ သော ဘဂဝါ၊ ဗောဓာယ ဓမ္မံ ဒေသေတိ။

(၂) ဒန္တော သော ဘဂဝါ၊ ဒမထာယ ဓမ္မံ ဒေသေတိ။

(၃) သန္တော သော ဘဂဝါ၊ သမထာယ ဓမ္မံ ဒေသေတိ။

(၄) တိဏ္ဏော သော ဘဂဝါ၊ တရဏာယ ဓမ္မံ ဒေသေတိ။

(၅) ပရိနိဗ္ဗုတော သော ဘဂဝါ၊ ပရိနိဗ္ဗာယ ဓမ္မံ ဒေသေတိ။

၁။ သော ဘဂဝါ၊ ဘုန်းကံကြီးမား၊ ထိုမြတ်ဘုရားသည်။ ဗုဒ္ဓေါ၊ သစ္စာလေးဖော်၊ အမှန်သိတော်မူ၍။ ဗောဓာယ၊ သစ္စာ လေးတန်၊ အမှန်စုံလင်၊ သိမြင်စေဖို့ရာ။ ဓမ္မံ၊ သစ္စာလေးပါး မြတ်တရားကို။ ဒေသေတိ၊ ရှင်းပြသိစေ၊ ဟောကြားတော်မူပါပေ၏။

၂။ သော ဘဂဝါ၊ ဘုန်းကံကြီးမား၊ ထိုမြတ်ဘုရားသည်။ ဒန္တော၊ စိတ်နှလုံးအေး၊ အလွန်ယဉ်ကျေးတော်မူသည်ဖြစ်၍။ ဒမထာယ၊ စိတ်နှလုံးအေး၊ ယဉ်ကျေးစေဖို့ရာ။ ဓမ္မံ၊ ဆုံးမသွန်သင်၊ ပြုပြင်ညွှန်ကြား၊ မြတ်တရားကို။ ဒေသေတိ၊ ရှင်းပြသိစေ၊ ဟောကြားတော်မူပါပေ၏။

၃။ သော ဘဂဝါ၊ ဘုန်းကံကြီးမား၊ ထိုမြတ်ဘုရားသည်။ သန္တော၊ နှလုံးစိတ်ဝမ်း၊ အလွန်ငြိမ်းချမ်းတော်မူသည်ဖြစ်၍။ သမထာယ၊ နှလုံးစိတ်ဝမ်း၊ ငြိမ်းချမ်းစေဖို့ရာ။ ဓမ္မံ၊ နည်းလမ်းညွှန်ကြား၊ မြတ်တရားကို။ ဒေသေတိ၊ ရှင်းပြသိစေ၊ ဟောကြားတော်မူပါပေ၏။

၄။ သော ဘဂဝါ၊ ဘုန်းကံကြီးမား၊ ထိုမြတ်ဘုရားသည်။ တိဏ္ဏော၊ နိဗ္ဗာန်ဘက်ကမ်း၊ တက်လှမ်းပြီးသည်ဖြစ်၍။ တရဏာယ၊ နိဗ္ဗာန်ဘက်ကမ်း၊ တက်လှမ်းနိုင်ဖို့ရာ။ ဓမ္မံ၊ နည်းလမ်းညွှန်ကြား၊ မြတ်တရားကို။ ဒေသေတိ၊ ရှင်းပြသိစေ၊ ဟောကြားတော်မူပါပေ၏။

၅။ သော ဘဂဝါ၊ ဘုန်းကံကြီးမား၊ ထိုမြတ်ဘုရားသည်။ ပရိနိဗ္ဗုတော၊ ကိလေသာဟူ အပူခပ်သိမ်း ငြိမ်းတော်မူသည်ဖြစ်၍။ ပရိနိဗ္ဗာယ၊ ကိလေသာဟူ အပူခပ်သိမ်း၊ ငြိမ်းအေးစေဖို့ရာ။ ဓမ္မံ၊ နည်းလမ်းညွှန်ကြား၊ မြတ်တရားကို။ ဒေသေတိ၊ ရှင်းပြသိစေ၊ ဟောကြားတော်မူပါပေ၏။

တံ ဘဂဝန္တံ၊ ဘုန်းကံကြီးမား၊ ထိုရှင်တော်မြတ်ဘုရားကို ပူဇေမ၊ ဗျာဒိတ်တော်ခံ၊ ဖွားပွင့်စံလတ်၊ နေ့မြတ်မဟာ၊ ယနေ့အခါ၌ ကြည်သဒ္ဓါပွားထုံး ရှိခိုးကြပါကုန်၏ အရှင်ဘုရား။

ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

12/04/2026

🙏နှစ်သစ်ဆုတောင်း🙏
~~~~
နှစ်သစ်မင်္ဂလာ
အချိန်အခါမှစ၍
ကိုယ်ကျန်းမာစိတ်ချမ်းသာပြီး
ဘေးရန်အပေါင်းမှ ကင်းဝေးကြပါစေ
ဘဝနှင့်ဆန္ဒလည်း ထပ်တူဖြစ်ကြပါစေ

01/04/2026

စက္ကန့်တိုင်းမှာ မင်းလေးနဲ့တူတူရှိချင်ပြီ 😍

14/03/2026

#လှတာလေးတွေပါသွားပြီ

18/09/2025

#ကောင်းထက်စံဖုန်းsecond_ကလော
#ပုလဲစတိုးနဲ့နန်ကော့ခေါက်ဆွဲဆိုင်ကြား
#ကလောမြို့မဈေးအရှေ့ဘက်
#ဘူတာလမ်း

18/03/2025

ဖုန်းရေစိုခံအိတ်တွေ ဆိုင်မှာရပြီ နော်

ချစ်ရတဲ့ customer များကိုကျေးဇူးတုန့်ပြန်သောအားဖြင့် ပြတ်တုန်းလပ်တုန်း ၂၃ ကာလဖြစ်တဲ့ လတိုင်း လတိုင်းရဲ့ ရက် ၂၀ နောက်ပိုင...
19/11/2024

ချစ်ရတဲ့ customer များကိုကျေးဇူးတုန့်ပြန်သောအားဖြင့် ပြတ်တုန်းလပ်တုန်း ၂၃ ကာလဖြစ်တဲ့ လတိုင်း လတိုင်းရဲ့ ရက် ၂၀ နောက်ပိုင်း ဖုန်း ဝယ်ယူအားပေးသူများကို မေတ္တာလက်ဆောင်များပေးသွားပါမယ် 🥰😍😘

20/09/2024

ဘယ်အရာမှမမြဲဘူး တစ်ခဏပဲ 🙏ဖုန်းဆိုင်လေးရေချိုး 🥰ကောင်းဆိုးလောကဓံ ကြံ့ကြံ့ခံ11/Sep/2024 & 13/Sep/2024

20/07/2024

Kalaw

ဘာလိုလဲ … ❓ ဘာရှာလဲ …  ❓ ရွေးချယ်စရာ တွေရှိမယ်နော် 🤩ဆိုင်လိပ်စာလေးက ဒီမှာ 👇🏻👇🏻👇🏻နန်ကော့ခေါက်ဆွဲဆိုင်နှင့်ပုလဲစတိုးကြားရပ...
01/05/2024

ဘာလိုလဲ … ❓
ဘာရှာလဲ … ❓


ရွေးချယ်စရာ တွေရှိမယ်နော် 🤩

ဆိုင်လိပ်စာလေးက ဒီမှာ 👇🏻👇🏻👇🏻
နန်ကော့ခေါက်ဆွဲဆိုင်နှင့်ပုလဲစတိုးကြား
ရပ်ကွက် (၄) ၊ ဘူတာလမ်း
ကလောမြို့။
🤙🏻 09428345631

Address

Kalaw
081

Telephone

+959428345631

Website

Alerts

Be the first to know and let us send you an email when Kaung Htet San Mobile Second & Accessories Shop - Kalaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kaung Htet San Mobile Second & Accessories Shop - Kalaw:

Share