Heisa Social entrepreneurship

Heisa Social entrepreneurship Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Heisa Social entrepreneurship, Business service, Kale.

မိမိတို့ထံတက်ရောက် ဖြေဆိုအောင်မြင်သွားသူ တဦးပါ။
04/05/2024

မိမိတို့ထံတက်ရောက် ဖြေဆိုအောင်မြင်သွားသူ တဦးပါ။

💝💝💝နိုင်ငံခြားမှာကျောင်းတက်ချင်တဲ့ မောင်-မယ်တို့အတွက်....💝💝💝ကိုယ့်သားသမီးတွေကို နိုင်ငံခြားမှာ ကျောင်းထားချင်တဲ့ မိခင်-ဖ...
04/05/2024

💝💝💝နိုင်ငံခြားမှာကျောင်းတက်ချင်တဲ့ မောင်-မယ်တို့အတွက်....
💝💝💝ကိုယ့်သားသမီးတွေကို နိုင်ငံခြားမှာ ကျောင်းထားချင်တဲ့ မိခင်-ဖခင်တို့အတွက်....နိုင်ငံတကာကလက်ခံတဲ့ IELTS အင်္ဂလိပ်စာသင်တန်းကို ကလေးမြို့မှာဖွင့်လှစ်လိုက်ပါပြီ။ 💝💝💝

🌟⏱IELTS အင်္ဂလိပ်စာသင်တန်း (၄ပတ်)⏱🌟
👨‍🎓အင်္ဂလိပ်စာအခြေခံရှိနှင့်ထားပြီး IELTS ဖြေဆိုရမည့်သူများအတွက်ရည်ရွယ်သည်။ (အရည်အချင်းစစ်စာမေးပွဲ အရင်ဖြေဆိုရမည်)။
👨‍🎓Reading, Listening, Writing & Speaking အား Band 6နှင့်အထက် ရရှိရန်သင်ကြားပေးသည်။
👨‍🎓တကယ်ဖြေဆိုသကဲ့သို့ လေ့ကျင့်နိုင်ရန် Mock Testများဖြင့်လေ့ကျင့် သင်ကြားပေးသည်။
👨‍🎓ဖြေဆိုမည့်နေရာ (ရန်ကုန်၊မန္တလေး)သို့ဖြေဆိုနိုင်ရန် ရက်ချိန်း ချိတ်ပေးသည်။

🌟⏰IELTS အင်္ဂလိပ်စာသင်တန်း (၁၂ပတ်)⏰🌟
👩‍🎓ကျောင်းတက်ရန်လိုအပ်သည့် IELTS ဖြေဆိုရမည့်သူများအတွက်ရည်ရွယ်သည်။ 4skill ကိုပါလေ့ကျင့်သင်ကြားပေးသည်။
👩‍🎓Reading, Listening, Writing & Speaking အား Band 6နှင့်အထက် ရရှိရန်သင်ကြားပေးသည်။
👩‍🎓တကယ်ဖြေဆိုသကဲ့သို့ လေ့ကျင့်နိုင်ရန် Mock Test ၂ကြိမ်စစ်ဆေးသည်။
👩‍🎓ဖြေဆိုမည့်နေရာ (ရန်ကုန်၊မန္တလေး)သို့ဖြေဆိုနိုင်ရန် ရက်ချိန်းချိတ်ပေးသည်။

🚫 တန်းခွဲသစ်များအတွက် လူဦးရေကန့်သတ်ထားပါသဖြင့် တက်ရောက်လိုပါက ကြိုတင်စာရင်းပေးသွင်းရန်လိုအပ်ပါသည်။ 🚫

ဆက်သွယ်ရန် -
📧[email protected]
☎️09941942399

နိုင်ငံခြားမှာကျောင်းတက်လိုပါသလား?🔥မိမိသားသမီးတွေကို နိုင်ငံခြားမှာ ကျောင်းထားဖို့ပြင်နေပါသလား?🔥မိမိကိုယ်တိုင်ကရော နိုင်...
04/05/2024

နိုင်ငံခြားမှာကျောင်းတက်လိုပါသလား?

🔥မိမိသားသမီးတွေကို နိုင်ငံခြားမှာ ကျောင်းထားဖို့ပြင်နေပါသလား?
🔥မိမိကိုယ်တိုင်ကရော နိုင်ငံခြားမှာ ကျောင်းတက်ဖို့ပြင်နေပါသလား?
🔥မြို့ကြီးတွေမှာပဲရတဲ့ Education Consultation လိုအပ်နေပါသလား?
🔥ဘယ်ကနေစလုပ်ရမလဲ မသိ ဖြစ်နေပါသလား?
🔥ဘာတွေလိုအပ်မယ်ဆိုတာမသိ ဖြစ်နေပါသလာ?

ရန်ကုန်၊မန္တလေးမှာပဲရနိုင်တဲ့ Educational Consultation ကို စျေးသက်သက်သာသာဖြင့် ကလေးမြို့မှာ ရယူနိုင်ပါပြီ..။

ရရှိနိုင်သောဝန်ဆောင်မှုများ
👑မိမိနှင့်သင့်တော်မည့် ကောလိပ်၊တက္ကသိုလ် ရွေးချယ်ခြင်း
👑တက်ရောက်လိုသော ကျောင်းအားလျှောက်ပေးခြင်း
👑လိုအပ်သော အင်္ဂလိပ်စာ အရည်အသွေးမြှင့်တင်ခြင်း (General English & IELTS, TOEFL comming soon)

စျေးနှုန်းနှင့် သိရှိလိုသည်များ စုံစမ်းမေးမြန်းမှု များပြားသည့်အတွက် ကြိုတင်ဘွတ်ကင်ရယူရန် Messenger မှတဆင့် ဘွတ်ကင်ရယူနိုင်ပါသည်။

ဝေဟင်ကို စိုးမိုးဖို့ကို လူတွေဟာ ခေတ်အဆက်ဆက်ကြိုးပမ်းခဲ့ကြတယ်။ ၂၀ရာစုအစမှာ ရိုက်ညီနောင်ကနေ လေယာဉ်ပျံကိုတီထွင် အောင်မြင်ခ...
18/06/2020

ဝေဟင်ကို စိုးမိုးဖို့ကို လူတွေဟာ ခေတ်အဆက်ဆက်ကြိုးပမ်းခဲ့ကြတယ်။ ၂၀ရာစုအစမှာ ရိုက်ညီနောင်ကနေ လေယာဉ်ပျံကိုတီထွင် အောင်မြင်ခဲ့ ကြပြီးနောက်မှာ လူ့သမိုင်းဟာ တခေတ်ဆန်းခဲ့ပြီး

Heisa Media

လောကမှာမိတ်ဆွေကောင်းရဖို့ အင်မတန်ခက်ခဲပါတယ်။ မိတ်ဆွေကောင်းဆိုတာ ကိုယ့်ဘဝရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်သလို
18/06/2020

လောကမှာမိတ်ဆွေကောင်းရဖို့ အင်မတန်ခက်ခဲပါတယ်။ မိတ်ဆွေကောင်းဆိုတာ ကိုယ့်ဘဝရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်သလို

Heisa Media

သူ့နာမည်က အဲရစ်ယွမ်လို့ခေါ်တယ်။ မြန်မာပုံပြင်မှာ ကြွက်သေတခုအရင်းပြုလို့ ချမ်းသာတဲ့သူလို ကိုဗစ်ကြောင့် လူတိုင်း စီးပွားရေ...
18/06/2020

သူ့နာမည်က အဲရစ်ယွမ်လို့ခေါ်တယ်။ မြန်မာပုံပြင်မှာ ကြွက်သေတခုအရင်းပြုလို့ ချမ်းသာတဲ့သူလို ကိုဗစ်ကြောင့် လူတိုင်း စီးပွားရေးကျနေချိန်မှာ သူကတော့ အအောင်မြင်ဆုံးစီးပွားရေးတခုကို

Heisa Media

လမ်းဘေးထည်ရောင်းခဲ့တဲ့ ကမ္ဘာအချမ်းသာဆုံး သူဌေး--------------------------------------------တချိန်က စပိန်မှာ သူငယ်ချင်း နှ...
17/06/2020

လမ်းဘေးထည်ရောင်းခဲ့တဲ့ ကမ္ဘာအချမ်းသာဆုံး သူဌေး
--------------------------------------------
တချိန်က စပိန်မှာ သူငယ်ချင်း နှစ်ယောက် ရှိတယ်၊ ဘရန်ကိုနဲ့ အော်တေဂါလို့ခေါ်တယ်၊ ဘရန်ကို မိဘတွေက ချမ်းသာတယ်၊ ဒီတော့ ဘရန်ကိုက ဆေးကျောင်းအရင်တက်တယ်၊ ပြီးတော့ စာမကျက်နိုင် တော့ဘူးဆိုပြီး အင်ဂျင်နီယာလိုင်း ပြောင်းတယ်၊ ဒါလည်း ကြာကြာမခံပါဘူး၊ ရုပ်ရှင် မင်းသား ပြောင်းလုပ်ပြန်တယ်၊ မအောင်မြင်ဘူး၊ နောက်ဆုတ်ဖို့ လမ်းရှိတော့ အလွယ်တကူ အရှုံး ပေးတယ်၊ အကြောင်း ပြချက် ပေါင်းစုံ ပေးပြီး နောက်ဆုံးတော့ သူ့မိဘ လက်ငုပ် ကုန်သည်ပဲ လုပ်တော့တယ်၊ သူ့ပုံပြင်လေးက ဒီမှာ ပြီးပြီ။
မပြီးသေးတဲ့ ပုံပြင်ထဲက ဇာတ်လိုက်နာမည်က အမန်စီယို အော်တေဂါ၊ သူ့မိသားစုက ဆင်းရဲတယ်၊ သူ့အဖေ က မီးရထားဌာနက အောက်ခြေဝန်ထမ်း၊ လခတလစာ က ကြက်ဥ ဆယ်ဒါဇင် ဝယ်ရင်ကုန်ပြီ၊ ဆင်းရဲလွန်း လို့ ၁၄နှစ်မှာ ကျောင်းထွက် လိုက်ရတယ်၊ အလုပ် လိုက်ရှာရင်းနဲ့ အကျႌ ရောင်းတဲ့ ဆိုင်မှာ အကူအလုပ် ရတယ်၊ ဒီအလုပ်ကို လုပ်ရင်း အရင်း အနှီးနဲ့ အတွေ့အကြုံရှာခဲ့တယ်၊ လမ်းဘေးမှာ အထည်ဟောင်းတွေ ရောင်းတဲ့ အလုပ်ကို နှစ်ပေါင်းများစွာ လုပ်ခဲ့တယ်။
အခက်အခဲတွေ မရေမတွက်အောင် တွေ့လွန်း တော့ နောက်ဆုတ်လိုက်ချင်စိတ် အကြိမ်ကြိမ် ပေါ်တယ်၊ နောက်ဆုတ် ဖို့ပြန်ကြည့် တော့ တခြား ထွက်ပေါက်မရှိဘူး၊ ဆင်းရဲ လွန်းပြီး ပညာရေးမပြီးတဲ့ အတွက် တခြား အလုပ် ရှာမရဘူး၊ ဒါနဲ့ဒီအလုပ် တစ်ခုပဲ ဇောက်ချ လုပ်တော့ မယ်ဆိုပြီး အားတင်း ကြိုးစားတယ်၊ နောက်နှစ် နှစ်ဆယ် လောက် အကြာမှာ ကိုယ်ပိုင် အဝတ် အထည်တွေ ချုပ်ပြီး စရောင်းကြည့်ရာ ကနေ နည်းနည်း အဆင်ပြေ လာတယ်၊ အဲဒီအချိန် အသက် ၃၆နှစ်။
သူ့အသက် လေးဆယ်ဝန်းကျင် ၁၉၇၅ မှာ ZARA ဆိုတဲ့ တံဆိပ်တပ်ပြီး အဝတ်အထည် စရောင်း တယ်၊အဝတ်စျေးကွက်ကို နှစ်ပေါင်းများစွာ အရည်ကျို သောက်လာတဲ့ သူဟာ ZARA ကို ဆယ်နှစ် အတွင်း အောင်မြင်အောင် ဦးဆောင်နိုင်ခဲ့တယ်၊ ၁၉၈၉ မှာ ပေါ်တူဂီ စျေးကွက် ကို စတင်ဝင်တယ်၊ နောက် ဆယ်နှစ် မှာ ကမ္ဘာ အဝတ်အထည် လောက ရဲ့ ထိပ်တန်း ပြင်သစ်၊ လန်ဒန်စျေးကွက်ထဲကို ZARA ရောက် လာပါပြီ။
၂၀၀၁ မှာ ZARA ကို စတော့စျေးကွက် တင်တယ်၊ZARA ဟာ အလွန် လျင်မြန်စွာ တိုးတက် လာတယ်၊ ၂၀၁၅ မှာ နိုင်ငံပေါင်း ၈၈ နိုင်ငံ မှာ ဆိုင်ပေါင်း (၆၇၄၆) ဖွင့်လှစ်နိုင်ခဲ့ပြီး အမြဲတမ်း ဝန်ထမ်း တစ် သိန်း လေးသောင်း ကျော်ခန့်ထား နိုင်ခဲ့ပါတယ်၊ ဖို့ မဂ္ဂဇင်းရဲ့၂၀၁၅ ကမ္ဘာ့တန်ဖိုး အကြီးဆုံး တံဆိပ် တစ်ရာမှာ ZARA က တံဆိပ် တန်ဖိုးသက်သက် ကို ဒေါ်လာ ၉.၄ ဘီလီယံ နဲ့ နံပါတ် ၅၈ ချိတ်ခဲ့ပါ တယ်၊ ကျွန်တော်တို့ကြားဖူးတဲ့ (Sony, Panasonic, Lexus, Rolex, Adidas, Hyundai, KIA, Volkswagen, Nissan, Canon, Chevrolet, Colgate, Red Bull, Estée Lauder) တို့ထပ် ZARA ရဲ့ တံဆိပ်တန်ဖိုးက ပိုမြင့်ပါတယ်)။
အော်တေဂါဟာ Inditex ကုမ္ပဏီကို ထူထောင်ပြီး ZARA ရဲ့မိခင်ကုမ္ပဏီ အဖြစ် သတ်မှတ်ကာ Inditex ရဲ့ဖွဲ့စည်းပုံ ထဲထည့်ခဲ့ တယ်၊ Inditex ရဲ့ အောက်မှာ (ZARA, Pull&Bear, Massimo Dutti) အပါအဝင် တံဆိပ် ရှစ်ခုပိုင်ဆိုင် တယ်၊ ၂၀၀၄ နဲ့ ၂၀၁၄ ဆယ်နှစ် အတွင်း (Inditex) ဟာ ရာခိုင်နှုန်း (၅၇၀) ကြီးထွား လာပြီး ၂၀၁၄ ကနေ ၂၀၁၅ တစ်နှစ် အတွင်း နောက်ထပ် ငါးဆယ် ရာခိုင်နှုန်း ထပ် ကြီးထွားတယ်၊ Inditex ကုမ္ပဏီရဲ့ စုစုပေါင်း ရှယ်ယာတန်ဖိုး ၅၉.၂၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်တဲ့ တချိန်က ဆင်းရဲလှတဲ့ အော်တေဂါရဲ့ ကြွယ်ဝမှုဟာ တစ်ရှိန်ထိုး တိုးတက် လာပြီး ၂၀၁၀ မှာ ကမ္ဘာ အချမ်းသာဆုံး နံပါတ် ကိုး ၊ ၂၀၁၃ မှာ နံပါတ် သုံးနဲ့ လက်ရှိအချိန် ၂၀၂၀မှာ ၅၇.၅ဘီလီယံနဲ့ နံပတ်သုံးနေရာမှာရှိနေပါတယ်၊။
အလွန်ကြွယ်ဝနေတဲ့ အော်တေဂါဟာ အံ့သြ စရာကောင်းစွာ ပုဂ္ဂိုလ်ရေး မကျော်ကြား အောင် (Very Low Profile) နဲ့နေထိုင်ခဲ့တယ်၊ စျေးပေါတဲ့ အပြာရောင် ကုတ်၊ အဖြူရောင်ရှပ်နဲ့ ခဲရောင် ဘောင်းဘီပဲ ဝတ်ပြီးနေတယ်၊ တန်ဖိုး အသင့် အတင့် မြင့်တဲ့ သူ့ကိုယ်ပိုင် ZARA တံဆိပ်တောင် မဝတ်ဘူး၊ သန်းကြွယ် သူဌေးဖြစ်နေတာ ကြာပြီ ဖြစ်တဲ့ ၁၉၉၉ ထိ သူ့ ဓာတ်ပုံ အင်တာနက်မှာ ရှာမရဘူး၊ မီဒီယာ တွေ ကို အင်တာဗျူး အလုပ်မခံ ဘူး၊ ၂၀၀၀ ခုနှစ်မှ အင်တာဗျူးလုပ်ခံရလို့ သူ့ဘဝ အကြောင်း လူတွေသိလာတယ်၊ ဒါကလည်း ၂၀၀၁ မှာ သူ့ ကုမ္ပဏီ ကို စတော့ စျေးကွက် တင်မှာမိုလို့ CEO Branding အနေနဲ့မဖြစ်လို့သာ အဗျူးခံ တာပါ။
မြန်မာပြည် အဝတ်အထည် စျေးကွက် ထဲက ကိုယ်ပိုင် တံဆိပ်နဲ့ထုတ်လုပ်ချင်တဲ့ မိတ်ဆွေ တွေကို ZARA ရဲ့လုပ်ဟန် တချို့ကို ပြောပြချင်ပါ တယ်၊ အကုန်ယူလို့မရရင်တောင် ဗဟုသုတ အနေနဲ့ပါ၊
၁၊ ဆိုင်ခန်းအတွက် အကောင်းဆုံး နေရာ တွေကို ပဲ ရွေးဖွင့်ခဲ့တယ်၊
၂၊ ကြေငြာစရိတ်ကို လျော့ချခဲ့တယ်၊ တခြား ပြိုင်ဘက် ကုမ္ပဏီတွေ ဝင်ငွေရဲ့ ၃.၅ မှ ၅ ရာခိုင်နှုန်း ကြား ကြေငြာစရိတ်သုံးချိန်မှာ အော်တေဂါ က အံ့သြဖွယ် ၀.၃ ရာခိုင်နှုန်းပဲ သုံးခဲ့တယ်၊
၃၊ အလုပ်ချိန်ကို တိုးမြင့်ပြီး ရောင်းအားပိုကောင်း စေခဲ့တယ်၊
၄၊ အရေးအကြီးဆုံး အချက်က အဝတ်ဒီဇိုင်းတစ်ခု ရဲ့ သက်တမ်းကို အတိုဆုံးထားခဲ့တာပါပဲ၊ ဖန်တီးမှု အသစ်တွေ စဉ်ဆက်မပြတ် လုပ်နေခဲ့တဲ့ အတွက် ဒီဇိုင်းအသစ်တွေ အဆက်မပြတ်ထွက်နေခဲ့တယ်၊
အော်တေဂါဟာ ခုဆို အသက် ၇၉ နှစ်ရှိပါပြီ၊ ဆင်းရဲ လွန်းလို့ ၁၄ နှစ်မှာ ကျောင်းထွက်ခဲ့ရပြီး အလုပ် သမား ဘဝနဲ့နှစ်ပေါင်း များစွာ နေခဲ့ရတဲ့သူဖြစ် ပါတယ်၊ အသက် ၄၀ ရောက်မှ ကိုယ်ပိုင်လုပ်ငန်း စတင်နိုင်ခဲ့တဲ့ မီးရထား အောက်ခြေ ဝန်ထမ်းတစ်ဦး ရဲ့ သားတစ်ယောက် ဖြစ်ပါ တယ်၊ လမ်းဘေး အထည် တွေ စရောင်းပြီး ဘဝစခဲ့တဲ့ အော်တေဂါ ဟာ ZARA တည်ထောင်ပြီး နှစ် လေးဆယ် အကြာ မှာ ယှဉ်ပြိုင်ဖို့ခက်လှတဲ့ နည်းပညာခေတ်ရဲ့ ဘီလူး (Titan) တွေကို မယုံနိုင်စရာ ကျော်ဖြတ်ပြီး ကမ္ဘာ အချမ်းသာဆုံး တစ်ဦး ဖြစ်ခဲ့ပါပြီ။
စစ်တမ်းတစ်ခုရှိပါတယ်၊ သန်းကြွယ်သူဌေး (၇၅) ရာခိုင်နှုန်းလောက်ရဲ့ မိဘတွေ ဟာ မချမ်းသာ ကြပါဘူး၊ ဖိအားများစွာနဲ့ကိုယ်ထူးကိုယ်ချွန် ပင်ပန်းစွာ ကြိုးစားပြီးမှ အောင်မြင်ကြ ပါတယ်၊ ဒီလိုဇာတ်လမ်းမျိုးဟာ သိပ်တော့ မဆန်းပြားပါဘူး၊ ဒါပေမယ့် ဘဝကို ပင်ပန်းစွာစ ခဲ့ရတဲ့ ကမ္ဘာ့ အချမ်းသာဆုံး သူကြွယ်ကြီးရဲ့ ဇာတ်လမ်းကို ဖတ်မိတဲ့ အချိန်မှာ မရေးဘဲ မနေနိုင်တော့ပါဘူး၊ ဒီနေ့ သာမန်ဘဝမှာ ရောက်နေပေမယ့် တချိန် အောင်မြင် လာနိုင်တဲ့ မြန်မာ လုပ်ငန်းရှင် လောင်းလျာ တွေကို ဂုဏ်ယူအားကျ စေချင်တဲ့ စိတ်နဲ့ရေးပါတယ်၊
အကယ်၍ ဒီစာဖတ်နေတဲ့ မိတ်ဆွေတို့ရဲ့မိဘ တွေများ မချမ်းသာခဲ့ဘူး ဆိုရင် ငါတို့သိပ်ကံကောင်း တယ်လို့ သတ်မှတ်ပြီး ဝမ်းသာလိုက်ပါ၊ ကျွန်တော် လည်း မိတ်ဆွေတို့အတွက် ဝမ်းမြောက်ပါတယ်၊ ဘာကြောင့် လဲ ဆို တော့ မိတ်ဆွေတို့ သန်းကြွယ် သူဌေး ဖြစ် လာဖို့ မွေးရာပါ သူဌေးသားတွေ ထက် အခွင့်အရေး ၃ ဆပိုများ နေပါတယ်။

Crd: Phyokokonaing

Game Changer!!!!!! ..... ကမ္ဘာကြီးရဲ့ စီးပွားရေး၊ နိုင်ငံရေး၊လူမှုရေး၊စစ်ရေး ကစားကွင်းကိုပြောင်းလဲစေတဲ့လူကို Game Change...
17/06/2020

Game Changer!!!!!! .....
ကမ္ဘာကြီးရဲ့ စီးပွားရေး၊ နိုင်ငံရေး၊လူမှုရေး၊စစ်ရေး ကစားကွင်းကိုပြောင်းလဲစေတဲ့လူကို Game Changer လို့ခေါ်ပါတယ်..
TESLA လူစီး လျပ်စစ်ကား ကို တည်ထွင်ပြီး အကြီးအကျယ်အောင်မြင်ခဲ့တဲ့ Elon Musk က TESLA လျပ်စစ် ကုန်တင်ကား ကို တီထွင်ပြီး တကမ္ဘာလုံးရဲ့ ရေနံလိုအပ်ချက် အညွှန်းဇယား ကိုရိုက်ချိုးပစ်လိုက်ပါတယ်..
TESLA Truck ဟာ ဘတ္ထရီကိုအသုံးပြုပြီး မိုင် ၅၀၀ တဆက်တစပ်တည်းသွားနိုင်မယ်.. မိုင် ၅၀၀ မှာ နာရီဝက် အားပြန်သွင်းရပါမယ်... နောက်ထပ် မိုင် ၅၀၀ သွားနိုင်မယ် ...တန်ချိန် ၄၀ တင်နိုင်မယ်တဲ့... တနာရီ ၆၅ မိုင်မောင်းနိုင်တယ်... အော်တိုပိုက်လော့ပါလို့ မောင်းရင်းတန်းလန်းဒရိုင်ဘာ နှစ်လုံးရောဂါဖြစ်ရင်တောင် ကားက အလိုအလျောက် အရေးပေါ်ကို ဖုံးဆက်မယ်... အလိုအလျှောက်ရပ်သွားမယ်.... အော်တိုဘရိတ်စနစ်ပါတယ်.. ဒီကားတွေ လျပ်စစ်အားသွင်းတဲ့ ဆိုင်တွေဟာ နေရောင်ခြည်ကနေ လျပ်စစ်စုဆောင်းပြီး ဓါတ်ဆီဆိုင်တွေလို နေရာတိုင်းမှာရှိလာမယ်... ၂၀၁၉ မှာ အဲ့ဒီကုန်ကား စ ရောင်းမယ်တဲ့...
အယင်က လူတွေဟာ လျပ်စစ်အားသိုလှောင်စနစ်နဲ့ ကုန်စည်သယ်တဲ့ကုန်ကားခေတ် မရောက်နိုင်သေးဘူးလို့ ထင်ကြပါတယ်... ဘတ္ထရီအိုးလေးလေးကြီးနဲ့ မီးချောင်းတချောင်းလောက်ပဲဖွင့်လို့ရတဲ့ခေတ်ကို ဖြတ်လာဖူးတဲ့ကျွန်တော်တို့ လျပ်စစ်ကားတွေက ကုန်သယ်နိုင်မယ်ပြောရင် မယုံနိုင်ဘူး.... ဒီလောက်ကုန်စည်အများကြီးကို လျပ်စစ်ကားနဲ့ ဘယ်လိုသယ်မလဲ? ဘတ္ထရီအိုးတွေအလေးချိန် နဲ့ သူ့ဘာသူ တိုင်ပတ်နေမှာပေါ့ လို့ ထင်ခဲ့ဖူးတယ်...
ဒီမေးခွန်းကို TESLA က ရိုက်ချိုးပစ်လိုက်ပြီ... ဒီဇယ် နဲ့ ဓါတ်ဆီကားတွေ တနေ့နေ့ နားတော့မှာ သေချာသွားပြီ..... TESLA ဟာ လျပ်စစ်သဘောၤတွေ၊ လျပ်စစ်လေယာဉ်တွေ ဆက်တည်ထွင်မှာပဲ.....ကမ္ဘာကြီးရဲ့ ရေနံလိုအပ်ချက်လျော့ကျသွားမယ်... ကာဗွန်ထုတ်လွှတ်မှု နည်းသွားမယ်... စိမ်းလန်းစိုပြေတဲ့ကမ္ဘာမြေဖြစ်လာနိုင်မယ်...
တခါက ကျွန်တော်ဟာ ဟားဗတ်တက္ကသိုလ်က ပါမောက္ခတယောက်ကိုမေးဖူးတယ်.. တရုတ်က အမေရိကန်ကိုကျော်ဖြတ်သွားမလား လို့.... သူက မဖြစ်နိုင်ဘူးတဲ့... တရုတ်မှာ ရေနံမထွက်ဘူး... တကမ္ဘာလုံးရဲ့ ရေနံဈေးကွက်ကို အမေရိကန်နိုင်ငံ က ထိမ်းချုပ်ထားတယ်တဲ့... ကျွန်တော်က တနေ့နေ့ကမ္ဘာကြီးရဲ့ ရေနံလိုအပ်ချက်လျော့လာမှာပါ အခု လျပ်စစ်ကားတွေ နဲ့ ဆိုလာတွေ စ သုံးလာပြီပဲ လို့ပြန်ငြင်းတော့ ကုန်စည် အကြီးအမားသယ်နိုင်တဲ့ သဘောၤတွေ ရထားတွေ ကုန်ကားတွေ လျပ်စစ်နဲ့ မဖြစ်မချင်း ရေနံကျွန်ဖြစ်နေသရွှေ့ တရုတ်အမေရိကန် ကိုမကျော်နိုင်ဘူးတဲ့.... အမေရိကန်ရဲ့ ရေနံစုထားမှု၊ ဈေးကွက် ထိမ်းချုပ်မှု ဟာ ကမ္ဘာမှာအကြီးအမားဆုံးပဲတဲ့....
ဒါကိုသိတဲ့ တရုတ်က ရေနံရှိရာ ကို လမ်းဖေါက်တဲ့ OBOR အစီအစဉ် စ တင်တယ်...OBOR .. one Belt .. one Road အစီအစဉ် နဲ့ အရှေ့အလယ်ပိုင်းကို လမ်းဖေါက်တယ်... အမေရိကန်ကိုကျော်ဖြတ်ဖို့ ကြိုးစားနေတယ်...
အခု Elon Musk လို ပုဂ္ဂိုလ်မျိုးက TESLA Truck ကို တည်ထွင်ပြီး ကမ္ဘာ့ ရေနံဈေးကွက် ကို ကမောက်ကမဖြစ်စေမဲ့ တက္ကနော်လော်ဂျီ အသစ် ကို ဖေါ်ထုတ်လိုက်တယ်...ဒီကုမ္ပဏီရဲ့ တည်ထွင်မှုဟာ ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး စဉ်းစားပုံတွေပြောင်းလဲသွားနိုင်ပါတယ်..တရုတ်ကြီးတောင် OBOR ဆက်လုပ်ဖို့ တွန့်သွားနိုင်တယ်..အမေရိကန်လည်း တွန့်သွားမယ်... အာရပ်တွေ ငိုကုန်တော့မယ်...
မကြာခင်မှာ လူတွေအသုံးပြုနေတဲ့ အင်ဂျင်တွေကို ရေနံလောင်စာ ကနေ မီးအပူပေးပြီးလည်ပတ်ရတဲ့ စနစ် ချုပ်ငြိမ်းတော့မယ်... ရေနွေးငွေ့ကနေ ဓါတ်ဆီ ဒီဇယ်ပြောင်းတဲ့ စနစ်ပေါ်ခဲ့တယ်... အခု ဓါတ်ဆီ ဒီဇယ်ဟာ ရေနွေးငွေ့လို သမိုင်းထဲချန်ခဲ့ရတော့မယ်....ရေနံလိုအပ်ချက် နည်းသွားမယ်... ရေနံဟာ လျပ်စစ် ထုတ်ဖို့သက်သက်သာ သုံးလာကြမယ်... နောင်ကျရင်ကမ္ဘာ့လေထုညစ်ညမ်းစေတဲ့ ရေနံကို ဘိုင့်ဘိုင်လုပ်နိုင်လာမယ်...
သူတို့နိုင်ငံရဲ့ လမ်းတွေကတော့ TESLA လူစီးကားတွေ ကုန်ကားတွေ မောင်းလို့အဆင်ပြေတယ်... ကျွန်တော်တို့ နိုင်ငံကလမ်းတွေလည်း TESLA လူစီးကားနဲ့ Truckတွေ မောင်းလို့ရအောင် ကြိုပြီး အဆင့်မြှင့်သင့်တယ်... TESLA ဒါမှမဟုတ် လျပ်စစ်ကားစနစ်...စံ နဲ ကိုက်ညီတဲ့ လမ်းတွေ ဖြစ်သင့်တယ်..
Elon Musk ဟာ Steve Job အသစ်! တနေ့နေ့မှာ သောမတ်အက်ဒီဆင်လို ကမ္ဘာက ကျေးဇူးတင်မှတ်တမ်းဝင်ဦးမယ်....
ကျေးဇူးတင်ပါတယ် Elon Musk နဲ့ TESLA!
Crd: ကျော်စွာမင်း(ပုဂံ)

Amazon CEO ဂျက်ဖ်ဘီဇော့ ရဲ့ စကားကြီးသုံးခွန်းအမေဇုန်သူဌေး ဂျက်ဖ်ဘီဇော့ဟာ ကိုဗစ်ကာလအတွင်းမှာ  ပိုင်ဆိုင်မှု ၂၄ ဘီလီယံတောင...
17/06/2020

Amazon CEO ဂျက်ဖ်ဘီဇော့ ရဲ့ စကားကြီးသုံးခွန်း
အမေဇုန်သူဌေး ဂျက်ဖ်ဘီဇော့ဟာ ကိုဗစ်ကာလအတွင်းမှာ ပိုင်ဆိုင်မှု ၂၄ ဘီလီယံတောင်မှ တိုးပွားလာခဲ့ ပါတယ်။ အကြောင်းကတော့ ကိုဗစ်ကာလ အတွင်း လူတွေဟာ အိမ်ထဲမှာပဲ နေနေရကာ လော့ဒေါင်းချခံရတဲ့အတွက် အရင်တုန်းကနဲ့မတူ အမေရိကန်နိုင်ငံတွင်းတင်မက တကမ္ဘာလုံး ကနေ ပစ္စည်း မှာယူမှုတွေ အဆမတန် ပြုလုပ်ခဲ့ တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။
ကမ္ဘာ့အချမ်းသာဆုံး ဖြစ်နေတဲ့ ဂျက်ဖ်ရဲ့ ဦးဆောင်မှုကြောင့် အမေဇုန်ဟာ ဒေါ်လာ ထရီလီယံတန်တဲ့ ကုမ္ပဏီဖြစ်လာတယ် ဆိုတာငြင်းစရာမရှိပေမယ့် သင့်တော်တဲ့ ဝန်ထမ်းတွေကြောင့်မဟုတ်ရင်လဲ ဒီလိုအောင်မြင်ဖို့ ခက်ခဲမယ် ဆိုတာအသေအချာပါ..။ အဲဒါကြောင့် ဝန်ထမ်းရွေးချယ်တဲ့မန်နေဂျာကို သူမှာလေ့ရှိတဲ့ စကားသုံးခွန်း ရှိပါတယ်။
(၁) ဒီလူကိုခင်ဗျားလေးစားလာနိုင်လောက်သလား။
ဂျက်ဖ်ရဲ့ ပထမ မှတ်ကျောက်က လေးစားမှုဖြစ်တယ်။ သူက ဝန်ထမ်းရွေးချယ်တဲ့ မန်နေဂျာတွေကိုယ်တိုင်လေးစားရလောက်တဲ့ သူတွေကိုပဲ လိုချင်ပါတယ်။ ကိုယ်တိုင်က တခြားလူတွေအတွက် စံပြ ဥပမာဖြစ်လောက်တဲ့ ပါရမီ ရှိသူတွေ ကိုခန့်ထားဖို့ပြောလေ့ရှိပါတယ်။ ဒီပထမ မှတ်ကျောက်နဲ့တင် လူတော်တော် များများကို စစ်ချလိုက်ပါတယ်။
(၂) ဒီလူက သူ့လုပ်ငန်းခွင်ကို ပိုမိုအဆင့်မြှင့်တင်နိုင်လောက် သလား။
နောက်တခုက လူတယောက်ကို ခန့်အပ်တယ်ဆိုတာ ကုမ္ပဏီတခုလုံးကို ပိုမို မြှင့်တင်နိုင်ဖို့ပါ။ နောက် ၅နှစ်အကြာမှာ ကုမ္ပဏီရဲ့ အခြေအနေဘယ်အခြေအနေ ရောက်နေမယ်မလဲ ဆိုတာ သူတို့ရဲ့ မျှော်မြင်မှုနဲ့သက်ဆိုင်တာမို့လို့ပါပဲလို့ သူပြောလေ့ ရှိပါတယ်။
(၃) ဘယ်နေရာနဲ့ဆို ပိုမိုထွန်းတောက်လာနိုင်စရာရှိ သလဲ
နောက်ဆုံးတခုက အလုပ်လာလျှောက်သူတွေရဲ့ ကျွမ်းကျင်မှုရယ် သူတို့ပါရမီနဲ့ သင့်တော် တဲ့နေရာမှာ နေရာချပေးတတ်ဖို့ပါပဲ။ တခါတလေ လူတချို့ဟာ သူတို့ နဲ့မသင့်တော်တဲ့အလုပ်မှာ လာလျှောက်တတ်ကြပါတယ်။ အဲဒီလိုမျိုးမှာ သူတို့ရဲ့ ရှိရင်းစွဲ အရည်အချင်းကို မြင်အောင်ကြည့်တတ်ဖို့ နဲ့ ပိုမိုထွန်းတောက်လာနိုင်ဖွယ် ရှိတဲ့ နေရာကို ပြောင်းလဲနေရာချပေးဖို့ပါပဲ။

၁၉၉၈ခုနှစ် ဝန်းကျင်၊ ကမ္ဘာမှာ စစ်အေးတိုက်ပွဲ နိဂုံးပိုင်း ရောက်နေပြီး အိန္ဒိယနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတို့ သူနိုင်ကိုယ...
17/06/2020

၁၉၉၈ခုနှစ် ဝန်းကျင်၊ ကမ္ဘာမှာ စစ်အေးတိုက်ပွဲ နိဂုံးပိုင်း ရောက်နေပြီး အိန္ဒိယနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတို့ သူနိုင်ကိုယ်နိုင် နိုင်ငံရေးနဲ့ စစ်ရေးဗျူဟာ ခင်းနေတဲ့အချိန်..အဲဒီအချိန်မှာ အိန္ဒိယက သူတို့ရဲ့ တိုက်ချင်းပစ် ဒုံးပျံ ကို ၁၉၉၈ ဖေဖော်ဝါရီ ၂၅ရက်နေ့ မှာ ပစ်လွှတ်ခဲ့ပါတယ်။ သူ့အရင်က စမ်းသပ်မှုတွေ မအောင်မြင်ခဲ့တာမို့ တနိုင်ငံလုံးကလဲ ရင်တမမနဲ့ စောင့်ကြည့်နေခဲ့ရတာပါ။ ပစ်ခတ်ဖို့ စက်လုပ်နှိပ်လိုက်တာနဲ့ ဒုံးပျံဟာ မီးရူးတန်းသဖွယ်မိုးပေါ်တက်သွားပြီး တနာရီ ကီလိုမီတာသုံး ထောင်နှုန်းနဲ့ ပျံသန်းကာ ပစ်မှတ်ကိုမလွဲတမ်း ထိခဲ့ပါတယ်။ နှစ်ပေါင်း ၂၅နှစ် ကျော် စမ်းသပ်လာခဲ့ပြီး အကြိမ်နှစ်ဆယ်ကျော် စမ်းသပ်ကျရှုံးခဲ့ရာကနေ သီးပွင့်လာတဲ့ ဒုံးပျံ ပစ်ခတ်မှုဟာ နောက်ဆုံးတော့ အောင်မြင်သွားတဲ့အတွက် အိန္ဒိယနိုင်ငံ ဟာလဲ တိုက်ချင်းပစ် မဟာဗျူဟာမြောက်ဒုံးပျံ ပိုင်ဆိုင်တဲ့နိင်ငံအဖြစ်သမိုင်းသစ်ထူနိုင်ပါတော့တယ်။
ဒီကိစ္စရပ်တွေ ပြီးသွားတော့ ဒီဒုံးပျံကို အောင်မြင်အောင် စမ်းသပ်တီထွင် ဦးဆောင်ခဲ့တဲ့သူကို အိန္ဒိယတနိုင်ငံလုံးက ချီးကျူးထောပနာပြုပြီး နိုင်ငံ့သူရဲကောင်း တဦးအဖြစ်သတ်မှတ်လိုက်ကြပါတော့တယ်။ သူဟာ ကျရှုံခဲ့တဲ့ စမ်းသပ်မှုတွေအတွက် ခေါင်းခံခဲ့ပြီး အောင်မြင်တဲ့အခါကျတော့ သူ့လုပ်ဖော် ကိုင်ဖက်တွေတော်လို့ပါဆိုကာ နာမည်ကောင်းမယူတဲ့ ခေါင်းဆောင်ကောင်း တဦးလဲ ဖြစ်တယ်။ သူကတော့ အိန္ဒိယနိုင်ငံရဲ့ ဒုံးပျံလူသားလို့ နာမည်တွင်ခဲ့တဲ့ ၁၁ဦးမြောက် အိန္ဒိယနိုင်ငံရဲ့ သမ္မတကြီး အေပီဂျေ အဗ္ဗဒူလ်ကလမ်ပဲ ဖြစ်ပါတယ်။
နာမည်ရင်း အဗူးလ်ပါကီးရ်ဂျိုင်နိုလာဒင်အဗ္ဗဒူလ်ကလမ်လို့ခေါ်တဲ့ ၁၁ဦးမြောက် အိန္ဒိယနိုင်ငံရဲ့ သမ္မတဖြစ်လာမယ့် အဗ္ဗဒူလ်ကလမ်လေးကို အိန္ဒိယနိုင်ငံ တမီးလ်နာဒူပြည်နယ်မှာ ၁၉၃၁၊ အောက်တိုဘာ ၁၅ မှာမွေးဖွား ခဲ့ပါတယ်။ အဖေဟာ လှေပိုင်ရှင်နဲ့ ဗလီက အီမမ်တဦးဖြစ်တယ်။ ယေက်ျားလေး ၄ယောက်နဲ့ မိန်းကလေး ၁ယောက်ပါတဲ့ မောင်နှမထဲမှာ အငယ်ဆုံးဖြစ်တယ်။ ကျောင်းတက်တော့ ကျောင်းမှာ အတော်ဆုံးမဟုတ်ပေမယ့် ထက်ပြီး ကြိုးစားတဲ့ ကျောင်းသားတဦးလဲဖြစ်တယ်။ အဓိက သူဟာ သင်္ချာမှာ ထူးချွန်ခဲ့တယ်။ အထက်တန်းအောင်တော့ မဒရပ်စ်တက္ကသိုလ်မှာ ရူပဗေဒ အထူးပြုနဲ့တက်ခဲ့ပြီး ဘွဲ့ရပြီးတဲ့နောက် မဒရပ်စ်နည်းပညာတက္ကသိုလ်မှာ လေကြောင်းနဲ့အာကာသ အင်ဂျင်နီယာ ပြန်တက်ပါတယ်။ ကျောင်းပြီးအောင် တင်သွင်းရတဲ့ ပရိုဂျက်တခုကို သူ့ကိုအမြင်ကပ်တဲ့ဆရာ တယောက်က ၃ရက်နဲ့အပြီးလုပ်ခိုင်းတာကို သူကလဲ ပြီးအောင်ကို လုပ်ဆောင်အောင်မြင်ခဲ့တယ်လို့ဆိုတယ်။
ကျောင်းပြီးတော့ အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ရေးဆိုင်ရာသုတေသနဲ့ဖွံ့ ဖြိုးရေး အဖွဲ့အစည်းမှာ ဝင်ရောက်လုပ်ကိုင်ခဲ့တယ်။ သူဟာ အဖွဲ့အစည်းမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး အိန္ဒိယ နိုင်ငံကို တင်းပြည့်ကျပ်ပြည့် နျူကလီးယာပိုင်ဆိုင်တဲ့ အင်အားကြီးနိုင်ငံတခုဖြစ်လာစေခဲ့ကာ သူ့ကိုလဲ အိန္ဒိယနိုင်ငံရဲ့ အမျိုးသား သူရဲကောင်းဖြစ်လာစေခဲ့တဲ့ "ပိုခရမ်-၂ နျူကလီးယား စမ်းသပ်မှု"ကို ၁၉၉၈ခုနှစ်မှာ ပြုလုပ်ခဲ့စဉ်မှာလဲ ဦးဆောင်မှုပေးခဲ့ပါတယ်။
အဲဒီနောက်၂၀၀၂မှာတော့ အဲဒီအချိန်က အာဏာရ ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစုကနေ သူ့ကို သမ္မတအရွေးခံဖို့ အမည်စာရင်းတင်သွင်းခဲ့ရာမှာ သူဟာမူစလင်ဘာသာ ဝင်ဖြစ်နေခဲ့ပေမယ့် ဟိန္ဒူကြီးစိုးပြီး အိန္ဒိယအမျိုးသားရေးစိတ်ပြင်းထန်တဲ့ အိန္ဒိယ အမျိုးသားကွန်ဂရက်ကတောင် သူ့ကို သမ္မတအဖြစ် ထောက်ခံခဲ့ပါတယ်။ ရွေးကောက်ပွဲမှာလဲ အဗ္ဗဒူလ်ကလမ်ဟာ အခက်အခဲမရှိ ကျော်ဖြတ်ခဲ့ပြီး အိန္ဒိယ နိုင်ငံရဲ့ ၁၁ဆက်မြောက် သမ္မတအဖြစ် ၂၀၀၂ ကနေ ၂၀၀၇ အထိတာဝန် ထမ်းဆောင်ခဲ့တယ်။
ဒီလို အစ္စလာမ်ဘာသာဝင် သမ္မတဖြစ်ပေမယ့် ဟိန္ဒူတွေ အများစုရှိတဲ့ အိန္ဒိယလိုနိုင်ငံ တစ်နိုင်ငံ လုံးက ချစ်ခင်ခြင်းခံရတဲ့ အကြောင်းရင်း ကိုကြည့်ရင်. အိန္ဒိယ ကာကွယ်ရေးနှင့် အာကာသ နည်းပညာ တိုးတက်မှု သုတေသန ဌာန မှာ ဆယ်စုနှစ် ၄ ခုစာ ဘဝကို ပေးဆပ်ခဲ့ခြင်း၊ ပါကစ္စတန်နဲ့ တရုတ်ပြည်ရဲ့ နူကလီယား စွမ်းရည်ကို မျှခြေ လုပ်ဖို့ "ပိုခရမ်-၂ နျူကလီးယား စမ်းသပ်မှု" ကို ၁၉၉၈ မှာအောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ခြင်း စတာတွေအပြင် အိန္ဒိယနိုင်ငံဖွံ့ဖြိုးတိုးတက်လာဖို့ ၁၉၉၈ ခုနှစ်မှာ ချမှတ်ခဲ့တဲ့ “အိန္ဒိယ မျှော်မှန်းချက် ၂၀၂၀” ဆိုတာရဲ့ နောက်ကွယ်က အဓိက မောင်းနှင်မှု တွန်းအားရှင်ဖြစ်နေတာ စတာတွေကြောင့်ဖြစ်တယ်လို့ ပြောရင်မမှားပါဘူး။ ဒါ့အပြင် ၂၀၀၂ ခုနှစ်မှာ သမ္မတအဖြစ်တာဝန်စယူတော့ သမ္မတ အိမ်တော်ကို စာအုပ်သေတ္တာနှစ်လုံးတည်း ပါလာပြီး ၂၀၀၇ခုနှစ်မှာ တာဝန် ကနားလို့ပြန် တော့လည်း ဒီသေတ္တာ နှစ်လုံးပဲပြန်သယ်သွားတဲ့ သူ့ရဲ့ရိုးဖြောင့်မှုဂုဏ်ကလဲ ပြောစမှတ်ပဲဖြစ်ပါတယ်။
၂၀၁၅ ဂျူလိုင် ၂၇ရက်နေ့၊အိန္ဒိယစီမံခန့်ခွဲမှုတက္ကသိုလ်မှာ လက်ချာပြောနေတုန်း ရုတ်တရက်လဲပါတယ်။ အဲဒီအချိန်မှာသူပြောနေတဲ့ ခေါင်းစဉ်က "ပိုမိုကောင်းမွန်သော ကမ္ဘာမြေ" ဖြစ်ပါတယ်။ သူလဲတဲ့အချိန်ဟာ ညနေစောင်း ၆:၃၅မိနစ်ဖြစ်ပြီး ၇:၄၅မိနစ်မှာဆုံးပါတယ်။ တသက်လုံးတိုင်းပြည်အတွက် ပေးဆပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးကို အိန္ဒိယက အမြင့်ဆုံးနိုင်ငံတော် ဈာပနအဖြစ် သတ်မှတ်ကျင်းပကာ တတိုင်းပြည်လုံးက နှုတ်ဆက်ခဲ့ကြပါတယ်။
မြန်မာပြည်ဟာ အိန္ဒိယနဲ့ လွတ်လပ်ရေးရချိန်မတိမ်းယိမ်းသလို၊ သမိုင်း နောက်ခံနဲ့ ပြည်တွင်းရေး ရှုပ်ထွေးမှုဟာလဲမကွာလှပါဘူး။ ဒီမိုကရေစီတိုင်းပြည် တခုအနေနဲ့ ကျွန်တော်တို့သင်ယူသင့်တဲ့ အချက်တွေလဲ အများကြီးရှိပါတယ်။ အရည်အချင်းရှိတဲ့သူဆိုရင် မတူကွဲပြားပေမယ့် နေရာပေးတာ၊ နိုင်ငံကို ကာကွယ်နိုင်တဲ့ (ကိုယ့်အချင်းချင်းတိုက်ဖို့မဟုတ်ပဲ) အများခန့်ငြားရလောက်တဲ့အရည်အချင်းရှိတဲ့ တပ်မတော်တရပ်ကို ထူထောင်နိုင်တာ၊ လူဦးရေများလို့ ဆင်းရဲနေသေးပေမယ့် ခိုင်မာတဲ့ နိုင်ငံရေးအင်စတီကျူးရှင်းကို တည်ထောင် နိုင်တာ စတာတွေဟာ ယူသင့်တဲ့အမူအကျင့်တွေလို့မြင်မိတယ်။
"အိပ်မက်ဆိုတာ အိပ်နေတုန်းမြင်မက်တာတွေမဟုတ်ပဲ၊ သင့်ကို အိပ်လို့မရအောင် မြင်မက်စေတဲ့ အရာတွေသာဖြစ်တယ်"
~အေပီဂျေ အဗ္ဗဒူလ်ကလမ် (၁၉၃၁-၂၀၁၅)

ref:
- Britannica and AbdulKalam.com.
- Indian express and BBC.

မေလ ၃၀၊ ၂၀၂၀ ရက်နေ့မှာ.. ကနေဒီအာကာသ စင်တာ ကနေ ဒုံးပျံတစင်းလွှတ်တင်လိုက်တာကို တကမ္ဘာလုံးကစောင့်ကြည့်နေခဲ့ပါတယ်။ အကြောင်း ...
17/06/2020

မေလ ၃၀၊ ၂၀၂၀ ရက်နေ့မှာ.. ကနေဒီအာကာသ စင်တာ ကနေ ဒုံးပျံတစင်းလွှတ်တင်လိုက်တာကို တကမ္ဘာလုံးကစောင့်ကြည့်နေခဲ့ပါတယ်။ အကြောင်း ကတော့ လူသားတွေသမိုင်းမှာ မကြုံဖူးသေးတဲ့ ခြေလှမ်းတခုကို ဉာဏ်ကြီးရှင် ဘီလီယံနာ သူဌေး အီလွန်မက်စ်ရဲ့ Space X ကုမ္ပဏီကနေ လှမ်းနေတာ မို့ပဲဖြစ်တယ်။ ဘာ​လို့လဲဆိုရင် အရင်က အာကာသ ဒုံးပျံလွှတ်တင်မှုဟာ အင်အားကြီးနို်ငံတွေမှသာလျှင် လုပ်ဆောင်နိင်တဲ့ အရာဖြစ်တဲ့အပြင် အစိုးရကနေသာ တာဝန်ယူ လွှတ်တင်ခဲ့တာဖြစ်တယ်။ အီလွန်မက်စ်ရဲ့ယခု လွှတ်တင်မှု ကတော့ ပုဂ္ဂလိက ပြင်ပအဖွဲ့မှ လွှတ်တင်မှုဖြစ်တဲ့အပြင် အောင်မြင်ခဲ့ပါက ပိုမိုလွယ်ကူရိုးရှင်းတဲ့ အာကာသခရီးသွားကဏ္ဍသစ်ကို လူသားတွေ စတင်နိုင်တော့မှာမို့ တကမ္ဘာလုံးမှ ရင်တမမနဲ့ စောင့်ကြည့်နေခဲ့ ခြင်းပဲဖြစ်တယ်။
ယခုအာကာသ ခရီးစဉ်အတွက် အမေရိကန်အမျိုးသားအာကာသအေဂျင်စီကနေ အီလွန်မက်စ်ရဲ့ Space X ကုမ္ပဏီအပြင် နာမည်ကျော် လေယာဉ်ပျံထုတ်လုပ်ရေး ကုမ္ပဏီ ဘိုအင်းကိုပါ လွှတ်တင်နိုင်ဖို့အရေး စာချုပ်ချုပ်ခဲ့တာဖြစ်ပြီး ၎င်းတို့ကို ၂.၄ဘီလီယံ နဲ့ ၄.၂ဘီလီယံတန်ကြေးရှိတဲ့စာချုပ်ကို အသီးသီးချုပ်ဆိုခဲ့တာဖြစ်တယ်။ ယခုမှာတော့ အီလွန်မက်စ်က ဘိုးအင်းကိုကျော်ပြီး အရင်လွှတ်တင် နိုင်တော့မှာဖြစ်တယ်။
ဒီခရီးမှာ အာကာသယာဉ်မှူးနှစ်ဦးလိုက်ပါသွားတာဖြစ်ပြီး ပစ်လွတ်ချိန်မတိုင်မှီ၃ နာရီ အလိုမှာ၎င်းတို့ကို အီလွန်မက်စ်ရဲ့ Tesla ကားနဲ့ လာကြိုခဲ့ပါတယ်။ အဲဒီနောက် လွှတ်တင်ဖို့ တစ်နာရီ မိနစ် ၅၀ အလိုမှာတော့ Space Xရဲ့ နာမည်ကျော် Crew Dragon Demo-2 အာကာသယဉ်ထဲကို ဝင်ရောက်လာခဲ့ကြပါတယ်။ အမေရိကန်တို့ရဲ့ မြေကနေ ဒုံးပျံ နောက်ဆုံးလွှတ်တင်နိုင်ခဲ့တာ ၂၀၁၁ ဂျုလိုင် ၈ နောက်ဆုံးဖြစ်ပြီး ကျန်တဲ့ လူလိုက်ပါခြင်းကိုတော့ ရုရှားတွေဆီမှာ တခုံ သန်း၈၀ပေးပြီးအငှားလိုက်ပါခဲ့တာဖြစ်လို့ အမေရိကန်မြေပေါ်ကနေ သူတို့ဒုံးပျံ နဲ့ ပြန်လည်လွှတ်တင်နိုင်တော့မှာဖြစ်လို့ တနိုင်ငံလုံးလဲ စိတ်လှုပ်ရှားနေပါတော့တယ်။
ဒီလိုနဲ့ မေလ ၃၀၊ ဖလော်ရီဒါ ဒေသစံတော်ချိန် ညနေ ၃ နာရီ ၂၂ မိနစ်မှာတော့ မစ်ရှင် စတင်ရန် ဒုံးပျံယာဉ် ထွက်ခွာခဲ့ပါတော့တယ်။ လွှတ်တင်ရန် သင့်မသင့် ကို မလွတ်တင်မီ ၄၅ မိနစ် အလိုတွင် ဆုံး ဖြတ်ခဲ့ကြတာဖြစ်ပြီး ရာသီဥတု အခြေအနေကိုတော့ အမေရိကန်လေတပ်ကတိုင်းတာပေးခဲ့တာပါ။ တကယ်လို့ မနေ့က မလွှတ်တင်နိုင်ခဲ့ရင် ယနေ့မေလ ၃၁ ရက်နေ့မှာ လွှတ်တင်သွားရန် စီစဉ်ခဲ့ကြတာဖြစ်တယ်။
သယ်ဆောင်ရေးဒုံးပျံဖြစ်တဲ့ Falcon 9 ရဲ့ ပထမအဆင့် ဒုံးပျံဟာ ဒုံးပျံထွက်ခွာပြီး ၂ မိနစ် ခွဲအကြာမှာတော့ လောင်စာကုန်ပြီး ဖြုတ်ထွက်သွားခဲ့ကာ ပင်လယ်ထဲက ဒုံးပျံခံယာဉ်ပေါ်မှာ အလိုအလောက် တည့်မတ်စွာ ဆင်းသက်ခဲ့ပါတယ်။
(ဒါဟာလဲ ထူးခြားတဲ့သမိုင်းသစ်တခုပဲ ဖြစ်တယ်။ ဘာ လို့လဲဆိုရင် အရင်က ဒုံးပျံလွှတ်တင်ရာမှာ သုံးတဲ့
ပထမအဆင့် ပင့်တင်ဒုံးပျံတွေဟာ သုံးပြီးရင် ပြန်သုံး
မရတော့လို့ ပင်လယ်ကျပျက်ကျခိုင်းရပါတယ်။ အီလွန် မက်စ်ကတော့ ပြန်သုံးလို့ရအောင် လုပ်နိုင်ခဲ့တာမို့ ကုန်ကျ စရိတ်များစွားသက်သာတဲ့ အာကာသ သမိုင်း ခြေလှမ်း သစ်ဖြစ်လာတာမို့ပဲ ဖြစ်တယ်။ စကားချပ်။)
ဒီလိုနဲ့...ပထမအဆင့်အပြီးမှာတော့ ဒုတိယအဆင့် ဒုံးပျံဟာ ၆ မိနစ်တာပျံသန်းခဲ့ပြီးနောက်မှာတော့ Crew Dragon အာကာသယဉ် ဟာ အာကာသထဲသို့ ရောက်ရှိခဲ့ပါတယ်။ အဲဒီနောက် ဒုတိယအဆင့် ဒုံးပျံဟာ အာကာသယာဉ်မှ ခွဲခွာပြီးတဲ့နောက် ယာဉ်ပေါ်မှာရှိတဲ့ ဒုံးအင်ဂျင်ငယ်တွေနဲ့ အာကာသစခန်းကိုသွား ချိတ်ဖို့ရန် အတွက် ပြင်ဆင်မှုတွေစတင်ပြုလုပ်ပါတယ်။
ဒီလိုနဲ့ နောက်ဆုံးမှာတော့ အမြင့်မိုင် ၂၅၀ ခန့်မှာရှိနေတဲ့ နိုင်ငံတကာ အာကာသစခန်း ISSကို Crew Dragon အာကာသယာဉ် ကနေ အလိုအလျောက် ချိတ်ဆက်စနစ်အသုံးပြုပြီး အာကာသစခန်း မှာရှိတဲ့ ချိတ်ဆက်ပေါက် နဲ့ ချိတ်ဆက် နိင်ခဲ့ပါတော့တယ်။
ဒီမစ်ရှင်တခုလုံးရဲ့ အဓိကအောင်မြင်မှုဟာ Space X ရဲ့ ပိုင်ရှင် ဘီလီယံနာ အီလွန်မက်စ်ကြောင့်လို့ပြောရင်မမှားပါဘူး။ ကိုဗစ်ကာလအတွင်း အများသူငါ စီးပွားပျက်ကာ ဥစ္စာ လျော့ပါးနေကြပေမယ့် အီလွန်မက်စ်ကတော့ လျော့မ သွားတဲ့အပြင်တိုးလာကာ ဒေါ်လာ ၃၇.၂ ဘီလီယံလောက် ချမ်းသာနေပြီဖြစ်တယ်လို့ Forbes မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ အီလွန်မက်စ်ဟာ ငယ်ငယ်က စာတအားဖတ်တယ်။ သိပ္ပံဇာတ်လမ်းတွေကို အရူးအမူးစွဲလန်းတယ်။ အဲဒီ သိပ္ပံဇာတ်လမ်းတွေနဲ့ ငယ်ငယ်ကတည်းက မွေ့လျော်ခဲ့တဲ့ အီလွန်မက်စ် ဟာ ကြီးတဲ့အခါ ဒီအိပ်မက်တွေကို အကောင်အထည်ဖော်တဲ့ သူဖြစ်လာတယ်။ သူဟာ သူ့ကို စိတ်ပိုင်းဆိုင်ရာ နှိပ်စက်တဲ့ သူ့အဖေဆီကနေနဲ့ ထွက်ပြေးလာပြီးကြီးပွားချမ်းသာအောင်လုပ်ဖို့ ဆုံးဖြတ်ကာ တောင်အာဖရိကနေ ထွက်လာခဲ့ပါတယ်။ တောင်အာဖရိကနေ ကနေဒါကို အသက် ၁၇ နှစ်မှာ ရောက်လာပါတယ်။
လက်ချည်း သက်သက်နဲ့ရောက်လာတဲ့ အီလွန်မက်စ်ဟာ အလုပ်ကြမ်းတွေ လုပ်ကာ ရုန်းကန်ခဲ့ပြီးနောက်ကနေဒါ Queens တက္ကသိုလ်ကနေ အမေရိကန်ထိပ်တန်းတက္ကသိုလ် ပင်ဆယ်ဗေးနီးယားတက္ကသိုလ်မှာ ရူပဗေဒနဲ့ ဘောဂဗေဒအထူးပြုပြီး ဆက်တက်ပါတယ်။ ပါရဂူတန်း တက်ဖို့ ကျောင်းက လက်ခံပြီးခါမှ Zip2 လို့ခေါ်တဲ့အင်တာနက်ကုမ္ပဏီ ထောင်ပြီးစီးပွားရှာပါတယ်။ သူထောင်တဲ့ Zip2 ကုမ္ပဏီက ရန်ကုန်လမ်းညွှန်လိုမျိုးကို ဆော့ဝဲလ်ဗားရှင်းဖြစ်ပြီး သူ့ကုမ္ပဏီကို ကွန်ပြူတာကုအ္ပဏီ Compaq ကို ၁၉၉၇ခုနှစ်မှာ ဒေါ်လာ ၃၀၇သန်းနဲ့ ရောင်းရာ ကနေ သူကဝေစု ဒေါ်လာ၂၂ သန်း ရလိုက်တယ်။ အဲဒီကနေ ရတဲ့ငွေနဲ့ http://x.com/ ဆိုတဲ့ကုမ္ပဏီထပ်ထောင်ပါတယ်။ အဲဒီ ကုမ္ပဏီကအွန်လိုင်း banking ဝန်ဆောင်မှုမျိုးဖြစ်ပြီး နောက်တော့ Paypal နဲ့ ပေါင်းလိုက်တယ်။ အဲဒီကုမ္ပဏီကို နောက်တော့ eBay က ဝယ်သွားတော့ အခွန်ဆောင်ပြီး ဒေါ်လာသန်း ၁၈၀ လောက် Elon Musk က ရလိုက်ပြန်တယ်။ (သိပ်မကြာသေးခင်ကပဲ အီလွန်မက်စ်ဟာ Paypal ဆီကနေ http://x.com/ ကိုပြန်ဝယ်လိုက်ပါတယ်။)
အဲဒီကရတဲ့ငွေ အများစုကို ဒုံးပျံကုမ္ပဏီလေး စထောင်တဲ့နေရာမှာ ထည့်လိုက်တဲ့အပြင် တည်ထောင်စ လျှပ်စစ်ကားကုမ္ပဏီပေါက်စတစ်ခုမှာ ဒေါ်လာသန်းနဲ့ချီ ရင်းနှီးမြှုပ်နှံလိုက်ပြန်တယ်။ နောက်ပိုင်းမှာတော့ အဲဒီကုမ္ပဏီဟာ သူပိုင်ကုမ္ပဏီဖြစ်သွားပြီး ကားလောက တခေတ်ဆန်းစေခဲ့တဲ့ Tesla ကားကုမ္ပဏီ ဖြစ်လာပါတော့တယ်။ ဓာတ်ဆီ၊ ဒီဇယ်ဆီသုံးရတဲ့အတွက် လေထုညစ်ညမ်းမှုဖြစ်စေတဲ့ ကားတွေ နေရာမှာ Tesla က နေရာယူလာပါတော့တယ်။ ဒီ့အပြင် သူ့ရဲ့ Space X ဒုံးပျံကုမ္ပဏီဟာ အာကာသထဲကို လူတွေ စျေးချိုချိုနဲ့ ခရီးဆန့်ဖို့ရည်ရွယ်ကာတည်ထောင်ခဲ့တာ ဖြစ်ပြီး နောက်ပိုင်းကျရင် လူတွေ အင်္ဂါဂြိုဟ်မှာသွားနေဖို့၊ အဲဒီကတစ်ဆင့် တခြားဂြိုဟ်တွေ အာကာသတွေမှာ လူတွေ သွားနေနိုင်အောင် ရည်မှန်းကာ တည်ထောင်ခဲ့ခြင်းဖြစ်တယ်။ ဒီလောက်ဆိုရင် အီလွန်မက်စ်ဟာ တစ်ခေတ်တစ်ယောက်ဆိုတာ မှန်းကြည့်လို့ရပါပြီ။
အထက်မှာဖော်ပြခဲ့တဲ့ အာကာသခရီးဟာဆိုရင် အတိအကျသတ်မှတ်ထားတာမဟုတ်ပေမယ့်၂၀၂၀ ခု နှစ် သြဂုတ်လလောက်မှာ ကမ္ဘာပေါ်ပြန်ဆင်းသက်လာမယ်လို့ ခန့်မှန်းသိရပါတယ်။ ပြန်ဆင်းလာချိန်မှာတော့ အာကာသယာဉ် ဟာ လေထုထဲကို တစ်နာရီ မိုင်ပေါင်း ၁၇,၀၀၀နှုုန်းနဲ့ ဝင်ရောက်လာမှာဖြစ်တယ်။ ဒီအရှိန်နှုန်းနဲ့ ဝင်ရောက်လာမှုကြောင့် လေထုနဲ့ ပွတ်တိုက်ရာကနေ နေမျက်နှာပြင် အပူချိန် ပူပြင်းမှဖြစ်ပြီး အဲဒီနောက်မှာတော့အရှိန် နှေးးသွားအောင်ပါလာတဲ့ အထူးလေထီး ၄ ခု အား ဖွင့်ပြီး အတ္တလန်တိတ် သမုဒ္ဒရာအတွင်းမှာအသင့်စောင့်နေမယ့် Space X GO Navigator သင်္ဘောကနေဆယ်ယူလို့ရအောင် ဆင်းလာမှာဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းရှင် လူငယ်လူလတ်လူကြီး အများအပြားကအားကျရပြီး Google တည်ထောင်သူ လာရီပေ့ချ် အပါအဝင် နည်းပညာပိုင်း စီးပွားရေးပိုင်းထိပ်တန်းရောက်နေသူတွေကနေ လူသားသမိုင်းသစ်ကို ဖန်တီးမယ့်သူလို့ ယုံကြည်နေကြတဲ့ အီလွန်မက် ရဲ့ Space X နဲ့ Tesla ကားကုမ္ပဏီကနေ နောင်မှာ ဘာတွေများ ထပ်မံ တီထွင်ဆန်းသစ်အုံးမလဲ ဆိုတာ ဆက်လက်စောင့်မျှော်နေရတော့မှာ ဖြစ်ကြောင်း နဲ့ မြန်မာပြည်မှာလဲ ခုလို စွန့်ဦးတီထွင်သူတွေ အမြောက်အမြား ပေါ်ပေါက်လာစေဖို့ ရည်ရွယ်ရင်း ဒီစာရေးပါတယ်။

Ref:
-Insane Mode by Hamish Mckenzie
-space.com
-Businessinsider and Washington post.

Address

Kale
02091

Alerts

Be the first to know and let us send you an email when Heisa Social entrepreneurship posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Heisa Social entrepreneurship:

Share