07/05/2021
ကျုပ်တို့ ရည်ရွယ်ချက်ခိုင်မာစွာ စတင်ခဲ့တယ် ၊
လုပ်ဆောင်ခဲ့ကြတယ် ။
ကျုပ်တို့ ရယူမဲ့ပန်းတိုင်ကိုလဲ ချပြခဲ့ပြီးပြီ
ကျုပ်တို့တိတ်ဆိတ်စွာ ပြင်ဆင်နေခဲ့တယ်/ပြင်ဆင်နေတယ်
အခုတော့ ကျုပ်တို့မျှော်လင့်သလို
အချိန်ဟာကျရောက်လာပြီ ကျရောက်လာနေပြီ ။
အချိန်ကျပြီ ဒါဟာ..အခုချိန်ပဲ
အများကြီးမပြောတော့ဘူး
ပထမဆုံးအနေနဲ့
ကျုပ်တို့ KSDF အနေနဲ့ NUG ကဦးဆောင်ဖွဲ့စည်းတဲ့
PDF ရဲ့လမ်းညွှန်မှုအောက်ကိုရောက်ရှိလိုက်ပါဆောင်ရွက်မယ်ဆိုတာကိုအသိပေးလိုတယ် ။
နောက်ဆုံးအနေနဲ့
ကလေးဒေသခံအင်အားစုနဲ့ ဖွဲ့စည်းထားတဲ့
KSDF ပျောက်ကြားတပ်ဖွဲ့ဝင်များဟာ
ကာကွယ်ရေးဝန်ကြီးဌာနမှ ဖွဲ့စည်းတည်ထောင်သော
ပြည်သူ့ကာကွယ်ရေးတပ် PDF အောက်သို့
ကူးပြောင်းအမှုထမ်းဆောင်မည် ဖြစ်ကြောင်းကို
ထပ်လောင်းအသိပေးလိုတယ် ။ ဒါပါပဲ ။
အရေးတော်ပုံအောင်မည် ။
KSDF