The Sun Real Estate

The Sun Real Estate NO MONEY

25/03/2024

- နေရောကောင်း ရောင်းမည်
- ရွှေတောင်ကြားလမ်းမ ၊ ဗဟန်း
- မြေအကျယ် - ၇၅'×၈၅' (၀.၁၅ ဧက)
- ထောင့်ကွက်
- ၈၇၀၀၀ သိန်း (ညှိနှိုင်း)

မြေတိုင်းရန် ဘယ်လိုလျှောက်မည်လဲ ???-+-+-+-+-+မြေတိုင်းရန် ဘယ်လိုလျှောက်မည်လဲ ??လျှောက်ထားလိုသူသည် ဌာနမှ သတ်မှတ်ပုံစံနှင့...
07/03/2024

မြေတိုင်းရန် ဘယ်လိုလျှောက်မည်လဲ ???
-+-+-+-+-+
မြေတိုင်းရန် ဘယ်လိုလျှောက်မည်လဲ ??
လျှောက်ထားလိုသူသည် ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသာစီစစ်ရေးကတ်ပြား၊ မြေပိုင်မြေဖြစ်က မှတ်ပုံတင်စာချုပ်စာတမ်း၊ ဂရန်မြေဖြစ်က မြေဌားဂရန်စာချုပ်နှင့် နောက်ဆုံးထမ်းဆောင်ထားသော မြေခွန်ပြေစာ၊ အမည်ပေါက်မဟုတ်က ပိုင်ဆိုင်မှုအထောက်အထား စာချုပ်စာတမ်း သို့မဟုတ် ပိုင်ဆိုင်မှုနှင့် သက်ဆိုင်သည့် တရားရုံးစီရင်ချက်နှင့် ဒီကရီမူရင်းများ တင်ပြလျှောက်ထားရပါမည်။
ဌာနမှ အထောက်အထား မိတ္တူများအား မူရင်းနှင့်တိုက်စစ်ဆေး၍ လက်ခံပေးပါသည်။
လျှောက်ထားသူ တင်ပြသော အထောက်အထားနှင့် မြေစာရင်းရှိ အထောက်အထားကိုက်ညီမှု မှန်ကန်မှုရှိပါက လျှောက်ထားသည့်မြေကွက်နှင့် ထိစပ်နေသည့်ပတ်ဝန်းကျင်မြေကွက်များမှ မြေတိုင်းတာမည်ဖြစ်ကြောင်းကြော်ငြာစာတွင် သိရှိကြောင်းလတ်မှတ်ရေးထိုးပေးရပြီး ကန့်ကွက်မှုမရိုပါက သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေ၍ မြေတိုင်းတာပေးပြီး မြေတိုင်းမြေပုံထုတ်ပေးပါသည်။

မြေအမျိုးအစားအလိုက် စာရွက်စာတမ်းစစ်ဆေးရမည့် ပုံစံများ--------------အိမ်ခြံမြေဈေးကွက်အတွင်းမှာ မြေ၊ တိုက်ခန်းရောင်းဝယ်မှု...
05/03/2024

မြေအမျိုးအစားအလိုက် စာရွက်စာတမ်းစစ်ဆေးရမည့် ပုံစံများ
--------------
အိမ်ခြံမြေဈေးကွက်အတွင်းမှာ မြေ၊ တိုက်ခန်းရောင်းဝယ်မှုတွေမှာ ရောင်းမှားဝယ်မှားမဖြစ်ပေါ်စေဖို့ မြေအမျိုးအစားအလိုက်စစ်ဆေးရမယ့် စာရွက်စာတမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်...

အိမ်ခြံမြေ၊တိုက်ခန်း ဝယ်ယူမယ်ဆို ရင် အိမ်ခြံမြေ၊ တိုက်ခန်းအမျိုးအစား အလိုက် လိုအပ်တဲ့ စာရွက်စာတမ်းတွေက အပြည့်အဝမတူညီနိုင်ပါဘူး !! ဒါကြောင့် အိမ်ခြံမြေ၊ တိုက်ခန်း ဝယ်ယူတဲ့အခါပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်း အပြည့်အစုံကိုတိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ဒါကြောင့် အိမ်ခြံမြေဝယ်ယူသူတွေ အနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သိရှိထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

🔰ဂရန်မြေ ဂရန်မြေဝယ်မယ်ဆိုရင် ဂရန်အမည် ပေါက်"မှန် မမှန်၊ စစ် မစစ်" ကိုသက်ဆိုင်ရာ ရုံးမှာ သွားရောက် စစ်ဆေးရမှာ ဖြစ်ပါတယ်။ - ဂရန်မြေနဲ့ ပတ်သက်လို့ စစ်ဆေးရမယ့် စာရွက်စာတမ်းကနည်းပါတယ်။ ဂရန်အမည်ပေါက် မှန် မမှန်ကိုသာရုံးမှာ သွားရောက် စစ်ဆေးဖို့ပဲ လိုအပ်ပါတယ်။

🔰ပါမစ်မြေ ပါမစ်မြေဆိုတာကတော့ မြို့သစ်ဘက်တွေမှာ ချထားပေးတဲ့မြေအမျိုးအစား ဖြစ်ပါတယ်။ပါမစ်မြေကို ဝယ်ယူမယ် ဆိုရင် ချ ထားပေးတဲ့ပါမစ် မှန် မမှန်၊အဆိုပါ ပါမစ်ကို အင်ထရီပြင်ထားဖို့ လိုအပ်ပါ တယ်။ အင်ထရီဆိုတာက မြေနေရာအကွက်ချပြီး ထုတ်ပေးလိုက်တဲ့ပါမစ်ကိုပြန်လည် စစ်ဆေးပြီးနေထိုင်ခွင့်ပြုတဲ့အမှတ် တံဆိပ်ဖြစ်ပါတယ်။ အင်ထရီဝင်ပြီးသား ပါမစ်ဆိုရင် နောက်ကျောဘက်မှာ လေးထောင့်တံဆိပ်တုံးလေးနဲ့ ပြန်လည်စိစစ်ပြီးဖြစ်ကြောင်း ပါရှိရမှာ ဖြစ်ပါတယ်။ အင်ထရီ မဝင်ရသေးတဲ့မြေကွက်တွေက ဈေးကွက်အတွင်းမှာ ဈေးနှုန်းကွဲလွဲမှုရှိတယ် လို့ သိရတယ်။“ ဈေးနှုန်းမကွာဘူးဆိုရင်တောင် ရာတန် အကွက်တွေမှာဈေး ငါးသိန်း၊ ၁၀ သိန်း ကွာတယ်၊ ထောင်တန် အကွက်တွေမှာဆိုရင် အင်ထရီမဝင်ရသေးလို့ ပွဲပျက် တာတွေတောင် ရှိတယ်” လို့ ပါမစ်မြေမှာ စာရွက်စာတမ်းလည်း မှန်ကန်မှုရှိပြီးအင်ထရီလည်း ဝင်ထား မယ်ဆိုရင်အမည်ပေါက်ပိုင်ရှင်ရဲ့ မှတ်ပုံတင်မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ ပါရှိရပါမယ်။အဆိုပါ မိတ္တူတွေကိုလည်း မူရင်းနဲ့တိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။

🔰လယ်မြေ လယ်မြေ ဝယ်ယူမယ်ဆိုရင်တော့ လယ်မြေအတွက် အစိုးရကို အခွန်ပေးထားတဲ့ စလစ်၊ လယ်ယာမြေမှတ်ပုံတင် စာအုပ်၊ စလစ် up to date ဖြစ် မဖြစ် စစ် ဆေးရပါမယ်။ စလစ် up to date ဆိုတာကတော့ အစိုးရကို အခွန်ငွေပေးသွင်းထားတဲ့နှစ်က အနီးဆုံးနှစ် ဖြစ်ရပါမယ်။လယ်ယာမြေမှာ ပိုင်ဆိုင်မှု စာရွက်စာတမ်းဆိုတာ "လယ်ယာမြေ လက်ဝယ်ရှိသူတိုင်း" ရဲ့လက်ထဲမှာ မရှိနိုင်ပါဘူး။ လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်တဲ့အပေါ်အခွန် စည်းကြပ်ခံထားရတဲ့ မြေခွန် ပြေစာ သည်သာပိုင်ဆိုင်မှု ဖြစ်ပါတယ်။ အမှန်တကယ် လယ်ယာမြေကို လုပ်ကိုင်နေပြီးအခွန်စည်းကြပ်မှုကိုလည်း ထမ်းဆောင်ထားမယ်ဆိုရင်လယ်ယာမြေ လက်ရှိ ရှိသူအနေနဲ့ အင်္ဂါရပ်ညီညွတ်ပြီ လို့ဆိုနိုင်ပါတယ်။ လယ်ယာမြေလုပ်ကိုင်သူတွေကို မြေစာရင်းဌာနကအခွန်စည်းကြပ်မှု မှတ်ပုံတင်စာရင်းနဲ့ မြေပုံမှာမှတ်သားထား လေ့ရှိပါတယ်။ တချို့လယ်ယာမြေတွေက အခွန်ပြေစာအပြင်မြေစာရင်းပုံစံ ၁၀၅ ကိုလည်း ရေးကူးရယူထားရှိနိုင်ပါတယ်။မြေစာရင်းပုံစံ ၁၀၅ ဆိုတာက မြေစာရင်းဌာနကမှတ် ပုံတင်စာရင်း၊ မြေပုံ စသည်တို့မှာ မှတ်သားထားတဲ့အတိုင်း မှတ်တမ်းထိန်းသိမ်းတဲ့ မြေစာရင်းဌာန က ပုံစံတူရေးကူးပေးတဲ့ပုံစံ တစ်ခုဖြစ်ပါတယ်။ မြေစာရင်းပုံစံ ၁၀၅ မှာ မြေကွက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတစ်စုတစ်စည်း သိရှိနိုင်ပါတယ်။ ပုံစံ ၁၀၅ မှာ ဖော်ပြချက်အရမြေကွက်တည်ရှိတဲ့ မြို့၊ ရပ်ကွက်၊ ကျေးရွာ၊ ကွင်း၊ ဧရိယာ၊မြေအမျိုးအစား စတာတွေကို အလွယ်တကူ သိရှိနိုင်ပါတယ်။ “လယ်ယာမြေကို စလစ်တစ်ခုတည်းနဲ့ အရောင်းအဝယ်လုပ်တာတွေရှိတယ်၊ အဲဒါတွေက ရေရှည်မှာ အဆင်မပြေပါဘူး”လို့ ဆိုပါတယ်။ယခုအချိန်မှာ လယ်ယာမြေကို အရပ်သဘောရောင်းဝယ်နေကြပြီး စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ လယ်ယာမြေဥပဒေသစ်အရ မှတ်ပုံတင်ပြီးမှသာ တရားဝင် ဆောင်ရွက်လို့ရမှာ ဖြစ်တယ်။

🔰လန ၃၉ မြေ လန ၃၉ ဆိုတာက လယ်ယာမြေမှ တစ်ဆင့် အခြားမြေအဖြစ်ပြောင်းလဲ အသုံးပြုခွင့်ပြုထားတဲ့ မြေအမျိုးအစားဖြစ်ပါတယ်။လန ၃၉ မြေ ဝယ်ယူမယ်ဆိုရင် လယ်ယာမြေကနေ အခြားမြေပြောင်းလဲ အသုံးပြုခွင့်ပြုထားတဲ့ လန ၃၉ စာရွက် ရှိ ရပါမယ်။ဒါမှသာ လယ်ယာမြေကို အိမ်ယာမြေ၊ စက်မှုထုတ်ကုန် တစ်ခုခုပြောင်းလဲ အသုံးပြုမယ်ဆိုရင် လန ၃၉ ချထား ပေးတဲ့စာရွက်ရှိမှအဆင်ပြေမှာ ဖြစ်ပါတယ်။

🔰တိုက်ခန်းဝယ်မယ်ဆိုရင် တိုက်ခန်းအရောင်းအဝယ် ပြုလုပ်တဲ့အခါမှာ ဆက်စပ်စာချုပ်တစ်ခုရှိရုံနဲ့ ပိုင်ဆိုင်မှုအထောက်အထားပြည့်စုံပြီလို့ မထင်မှတ်သင့်ပါဘူး။ တိုက်ခန်းအရောင်းအဝယ်ပြုလုပ်တဲ့နေရာမှာ မရှိမဖြစ်လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့ ... 1️⃣ဆက်စပ် စာချုပ် 2️⃣ BCC (လူနေထိုင်ခွင့်) 3️⃣ မြေရှင်လက်မှတ် 4️⃣ရေမီတာ၊ မီးမီတာ စာရွက်စာတမ်းတွေ လိုအပ်ပါတယ်။ အဲသည်စာရွက်စာတမ်းတွေ ပါရှိရင်တော့ ပိုင်ဆိုင်မှု သေချာနိုင်တယ်လို့သိရပါတယ် 🔰ဘိုးဘွားပိုင်မြေ ဘိုးဘွားပိုင်မြေ ဖြစ်ခဲ့မယ်ဆိုရင်တော့သက်ဆိုင်ရာ မြေပိုင်ဆိုင်မှုမှတ်တမ်းမှာ ပိုင်ရှင်အဖြစ်မှတ်တမ်းရှိပြီး ဖြစ်ရမှာဖြစ် ပါတယ်။

အိမ်ခြံမြေ အကြောင်း သိကောင်းစရာများ အပိုင်း ( ၁ )၁။ SP/GP ဆိုသည်မှာမိမိရဲ့  အကြောင်းကိစ္စတွေအတွက် “ကိုယ်စားလှယ်”ကို “ပါဝ...
05/03/2024

အိမ်ခြံမြေ အကြောင်း သိကောင်းစရာများ အပိုင်း ( ၁ )

၁။ SP/GP ဆိုသည်မှာ

မိမိရဲ့ အကြောင်းကိစ္စတွေအတွက် “ကိုယ်စားလှယ်”ကို “ပါဝါ” ကို လွှဲပေးတာမျိုးဖြစ်ပါသည်။ မိမိကိုယ်စား လက်မှတ်ရေးထိုးနိုင်သည့်အပြင် စာရင်းလည်းရှင်းပိုင်ခွင့်ရှိပါတယ်။ တရားစွဲလည်းခံနိုင်ခွင့် ရှိပါတယ်။



၂။ Special Power and General Power

SP ဆိုတာ အထူးကိုယ်စားလှယ်လွှဲစာ ( Special Power ) အကြောင်းကိစ္စတစ်ခု၊ နှစ်ခု စသည်ဖြင့် အကန့်အသတ်ဖြင့်လွှဲပေးသည့် ကိုယ်စားလှယ်လွှဲစာဖြစ်ပါသည်။

GP ဆိုတာ အထွေထွေကိုယ်စားလှယ်လွှဲစာ ( General Power ) မိမိကိုယ်စား “ပါဝါ”

အကုန်ကို ကန့်သတ်ချက်မရှိလွှဲပေးလိုက်တဲ့ ကိုယ်စားလှယ်လွှဲစာဖြစ်ပါသည်။

အရွယ်ရောက်ပြီး ထပ် မည်သူကိုမဆို လွှဲပေးနိုင်ပါသည်။



၃။ SP/GP အရမ်းမပေးကြပါနှင့်

မှတ်ပုံတင်ပြီး SP/GP တို့ကို ခိုင်လုံတဲ့အ‌ကြောင်းမရှိပဲ ပြန်ရုပ်သိမ်းလို့ မရပါဘူးဗျာ။



၄။ ကိုယ့်ဝန်ထမ်းတော့ လွှဲနိုင်ပါတယ်။

ကိုယ့်ကိုလွှဲပေးထားတဲ့ SP/GP သူများကို ထပ်လွှဲလို့မရပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ ကုမ္ပဏီရုံးဝန်ထမ်းကိုတော့ ထပ်လွှဲနိုင်ပါတယ်။ ကိုယ်ကတာဝန်ယူရပါတယ်။



၅။ SP ထပ်လွှဲချင်လျှင်တော့

“လိုအပ်လျှင် ထပ်၍လွှဲနိုင်ပါသည်“ လို့ SP ပေါ်မှာ ရေးပေးထားလျှင်တော့ ထပ်ပြီး လွှဲလို့ရပါတယ်ခင်ဗျား။



၆။ SP/GP ပျက်ရခြင်း အကြောင်း(၆)ပါး

SP/GP တို့သည် ပြန်ရုပ်သိမ်းခြင်း၊ ငြင်းပယ်ခြင်း၊ ကိစ္စပြီးဆုံးခြင်း၊ သေဆုံးခြင်း၊ ရူးသွပ်ခြင်း နှင့် လူမွဲအဖြစ်ခံယူခြင်းတို့ဖြစ်မှသာလျှင် ပျက်ပြယ်ကြရပါသည်။ SP/GP တွင် သက်တမ်းရယ်လို့ မရှိပါ။



၇။ လူနေမြေကွက်တစ်ကွက်ကို သင်ရောင်းမည်ဆိုပါလျှင်

-စာရွက်စာတမ်းလည်း ပြည့်စုံရပါမည်။

-ရောင်းချပိုင်ခွင့်လည်း ရှိရပါမည်။

-မှတ်ပုံတင်စာချုပ်လဲ ချုပ်ပေးနိုင်ရပါမည်။



၈။ အမှုဖြစ်နေဆဲ အိမ် နှင့် ခြံ

တရားမမှု(သို့) ရာဇဝတ်မှု တစ်ခုခုမှာ ငြိစွန်းနေတဲ့ အိမ်နှင့်ခြံ ကို အမှုမပြီးမချင်း အမည်ပြောင်းလို့ မရပါဘူး ခင်ဗျား။



၉။ အိမ် နှင့် ခြံ တရားဝင် ဝယ်တယ်ဆိုသည်မှာ

မရွှေ့မပြောင်းနိုင်သော ပစ္စည်းဖြစ်သောကြောင့် “ဝယ်သူ” က ငွေပေး၍ “ရောင်းချသူ” က ပိုင်ဆိုင်ခွင့်မှာ အမည်ပြောင်းပေးရတာကို “အရောင်းအဝယ်” လို့ ခေါ်ပါတယ်။ မှတ်ပုံတင်စာချုပ် စာတမ်းဖြင့် “သာ” ပြုလုပ်ရမယ်လို့ ဥပဒေက အတိအလင်းဆိုပါတယ်။



၁၀။ မရွှေ့မပြောင်းနိုင်သော ပစ္စည်း

အိမ်ခြံမြေသည် မရွှေ့မပြောင်းနိုင်သော ပစ္စည်းဖြစ်ပါ၍ရောင်းလျှင်၊ ပေးလျှင်၊ စွန့်လွှတ်လျှင်၊ အမှားပြင်လျှင်၊ ပိုင်ဆိုင်ကြောင်း ကြေညာလိုလျှင် မှတ်ပုံတင်စာချုပ် စာတမ်းဖြင့်သာပြုလုပ်ခွင့်ရှိပါသည်။



Crd = = ဆရာ ကြည်ဆိုး ( IC )

အိမ်ခြံမြေ အကြောင်း သိကောင်းစရာများ ၁၁။ ရက်ပေါင်း ( ၁၂၀ ) အတွင်း မှတ်ပုံတင်ပါ       အိမ်ခြံမြေ အတွက် မှတ်ပုံတင်စာချုပ်တွ...
05/03/2024

အိမ်ခြံမြေ အကြောင်း သိကောင်းစရာများ

၁၁။ ရက်ပေါင်း ( ၁၂၀ ) အတွင်း မှတ်ပုံတင်ပါ

အိမ်ခြံမြေ အတွက် မှတ်ပုံတင်စာချုပ်တွင် မြေပုံမြေရာဇဝင်လိုအပ်ပြီး အရပ်စာချုပ်ဖြင့် ဝယ်ပြီးနောက် ရက်ပေါင်း ( ၁၂၀ ) အတွင်းမှတ်ပုံတင် ချုပ်ဆိုရပါသည်။



၁၂။ အိမ်ခြံမြေကိစ္စ စာချုပ်တွေ မှတ်ပုံမတင်လို့ကတော့

စာချုပ်မှတ်ပုံမတင်လျှင် အိမ်ခြံမြေပိုင်ဆိုင်မှု တရားမဝင်ပါ၊ မွေးစားသားသမီးကိုလည်း အိမ်ခြံမြေ အမွေပေး၍ မရပါ။ အရပ်ကတိစာချုပ်တို့သည် တရားရုံးများ၌လည်း တရားဝင် တင်သွင်း၍ မရပါ ခင်ဗျာ။



၁၃။ မှတ်ပုံတင်ထားလျှင် နှစ် ( ၁၀၀ )၊ နှစ် ( ၂၀၀ ) အေးအေးလေး

စာချုပ်စာတမ်း မှတ်ပုံတင်ထားသော အိမ်ခြံမြေစာချုပ်တို့သည် နှစ် ၁၀၀၊ နှစ် ၂၀၀ မက ကြာမြင့်ပါစေ ရုံးလက်ခံကိုပြန်ကြည့်ခွင့်လည်း ရှိတယ်။ မိတ္ထူပြန်တောင်းခံလို့လဲရပါတယ်။ အဲဒီမိတ္ထူ Certifited Copy က တရားဝင်ပါတယ် ခင်ဗျာ။



၁၄။ မြေပုံမြေရာဇဝင် ရေးကူးပေးရန် လျှောက်ထားနည်း။

အသစ်ဆောက်လုပ်ခြင်း ။ အကြီးစားပြင်ဆင်ခြင်း။ ဘဏ်ငွေချေးခြင်း။ အရောင်း/အဝယ်စာချုပ်။ အမွေဆက်ခံခွင့်ကြော်ငြာ။ မြေကွက်ခွဲဝေခြင်းစာချုပ်။ စွန့်လွှတ်ခြင်းစာချုပ်။ အပိုင်းပေးစာချုပ်။ ခြံစည်းရိုးကာရံခြင်း။ မြေကွက်ခွဲစိပ်ခြင်း။ အဝီတွင်းတူးခြင်း။ လှူဒါန်းခြင်းစာချုပ်။ မှတ်တမ်းတင်ထားရှိရန်။ ကျူးလွန်ခြင်းပြမြေပုံ။ ဌာနဆိုင်ရာတင်ပြရန်။ အမှားပြင် စာချုပ်ချုပ်ရန်။ ငှားရန်စာချုပ်ချုပ်ရန်။ အပေါင်စာချုပ်ချုပ်ရန်။ မြေကွက်လဲလှယ်စာချုပ်။ မိသားစုစီမံမှုပြုလုပ်ရန်။ အခွန်လွတ်သာသနာဂရန်လျှောက်ရန်။ ဒီကိစ္စအတွက် ပိုင်ဆိုင်ကြောင်း အထောက်အထား၊ မှတ်ပုံတင်မိတ္ထူ၊ ဝန်ဆောင်ခတို့ပေး၍ ဌာနမှပုံစံတွင် ပြည့်စုံစွာရေးသွင်းလျှောက်ထားရပါမည်။



၁၅။မြေပုံမြေရာဇဝင်ကို " မြေရောင်းသူ " က ထုတ်ပေးရသည်

အိမ်ခြံမြေ အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ကြီးချုပ်ကြမည် ဆိုလျှင် " အရောင်းအဝယ်ပြုလုပ်ရန် အတွက်သာ " ဆိုသည့် မှတ်ချက်ပါသော သက်တမ်းတစ်နှစ်အတွင်း ရယူထားသည့် မြေပုံမြေရာဇဝင်ကို " မြေရောင်းသူ " က ထုတ်ယူပေးရမည် ဖြစ်ပါတယ် ခင်ဗျာ။



၁၆။ အိမ်မြေဝယ်သူသည်

စာရွက်စာတမ်းအရင်စစ်၊ ငွေကိုအပြည့်ပေး၊ မှတ်ပုံတင် စာချုပ်ကိုယ်တိုင်လုပ်ရပါသည်။



၁၇။အိမ်မြေဝယ်သူ၏ အခွင့်အရေး

စရန်ချပြီးဝယ်ပြီးသလိုပါပဲ။ ဆက်မဝယ်ဖြစ်လျှင် စရန်စာချုပ်ပါအချက်အလက်တွေအတိုင်း ရှေ့ဆက်ရပါမည်။



၁၈။ မြေဝယ်ယူသူကတော့ ကျန်တာအကုန်လုပ်ရသည်

အိမ်ခြံမြေ စာချုပ်မှတ်ပုံတင်ဖို့အတွက် ရာဖြတ်တင်ရသည့်အလုပ်၊ အခွန်တော်တံဆိပ်ခေါင်းဝယ်ရမည့် အလုပ်နှင့် ငွေဖြူ(ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ) ကိစ္စ တို့ကို " မြေဝယ်ယူသူ " ကတာဝန်ယူ ဆောင်ရွက်ရပါတယ်။



၁၉။ မြေမှန်သမျှကို နိုင်ငံတော်ကပိုင်ပါသည်

မြန်မာနိုင်ငံတွင်ရှိနေပါသော မြေမှန်သမျှကို နိုင်ငံတော်ကပိုင်ပါသည်ဟု ဖွဲ့စည်းပုံအခြေခံ ဥပဒေများတွင် ပြဌာန်းဖော်ပြထားပြီးဖြစ်ပါသည်။



၂၀။ လ/န ဥပဒေကို ဖျက်သိမ်းပြီးပါပြီး

လ/န ဆိုတာက ၁၉၅၃ - ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေဖြစ်ပါသည်။ ၂၀၁၂ - ခုနှစ်တွင် ဖျက်သိမ်းပြီးဖြစ်ပါသည်။ သို့သော်လည်း လ/န ၃၉ မှာ " လယ်ယာမြေ " မှ " လူနေမြေ " အဖြစ်သို့ ပြောင်းလဲနိုင်သော ပုဒ်မဖြစ်ပါ၍ လူသိများလှပါသည်။

Crd = = ဆရာ ကြည်ဆိုး ( IC )

Address

Between Hantharwaddy And Kyun Taw Road
Kamayut
1102

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when The Sun Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share