Trustworthy Accountancy Professional

Trustworthy Accountancy Professional Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Trustworthy Accountancy Professional, Consulting Agency, Kamayut.

Celebrating a Valued Client's Milestone.We were honored to attend the 13th Anniversary and Gala Dinner of Pro Niti Co., ...
03/06/2026

Celebrating a Valued Client's Milestone.

We were honored to attend the 13th Anniversary and Gala Dinner of Pro Niti Co., Ltd. on 1 June 2026.

As a trusted professional service provider, we take pride in supporting our clients throughout their business journey. It was a privilege to celebrate this significant milestone with Pro Niti Co., Ltd. and to witness the success, growth, and achievements they have accomplished over the past thirteen years.

We extend our sincere congratulations to the management team and employees of Pro Niti Co., Ltd. on this remarkable achievement. We greatly value our professional relationship and appreciate the trust they have placed in our services.

We wish Pro Niti Co., Ltd. continued success, sustainable growth, and many more milestones in the years ahead.

Congratulations on 13 successful years!





 💼 Financial Institutions Industry ထဲမှာ မိမိတို့ရဲ့ Audit skill ကို တိုးတက်ချင်သူများ📈 မိမိတို့ရဲ့ Career ကို Next Leve...
22/04/2026


💼 Financial Institutions Industry ထဲမှာ မိမိတို့ရဲ့ Audit skill ကို တိုးတက်ချင်သူများ
📈 မိမိတို့ရဲ့ Career ကို Next Level သို့ တက်လှမ်းချင်သူများအတွက်

Audit Excellent for Financial Institutions Training

✨ ဒီ Training က ဘာတွေထူးခြားလဲ
✅ Banking & NBFIs နှစ်ခုလုံးကို cover လုပ်ထားသော Practical Training
✅ Real-world Audit knowledge & hands-on approach
✅ Industry Experts တွေကနေ တိုက်ရိုက်သင်ကြားပေးခြင်း
✅ Communication & Reporting skills များကို တိုးတက်စေခြင်း

📚 **What you will learn:**
🔹 Module 1: Internal Auditing Essentials
🔹 Module 2: Financial Institutions Overview
🔹 Module 3: Audit Risk Assessment & Planning
🔹 Module 4: Legal & Compliance
🔹 Module 5: Audit Operations for NBFIs [MFIs, Finance Companies, etc]
🔹 Module 6: Audit Operations for Banking: Branch Banking
🔹 Module 7: Audit Operations for Banking: Functional/Departmental
🔹 Module 8: IT Audit Fundamentals
🔹 Module 9: Effective Communication, Reporting & Follow-up
🔹 Module 10: Extended Module [Subject to Additional Requirement]

📅 Start Date: 31 May 2026
🗓 Duration: 3 Months (Sunday Only)
⏰ Time: 10:00 AM – 12:00 PM
💻 Training Method: Live Sessions via Zoom Application

💰 Fees: 300,000 MMK [Early Registration Discount Offered]

👨‍🏫 Trainers: TAP Lead Trainer + Invited Industry Experts

🚨 Limited Seats – First Come, First Served!

📩 Register Now:
🔗 https://forms.gle/Y94sjE4iAgcP5MA49

📞 09759813696 (Viber), 09421091993 (Viber)
📧 [email protected]

👉 မိမိတို့ရဲ့ Audit Career ကို တိုးတက်ချင်သူများအတွက် လက်မလွတ်သင့်တဲ့ အခွင့်အရေး။

🎉🎉"Happy Birthday, Our Leader, U Kyaw Swar Aung! 🎉🎉Wishing you a fantastic milestone filled with happiness, good health,...
21/04/2026

🎉🎉"Happy Birthday, Our Leader, U Kyaw Swar Aung! 🎉🎉

Wishing you a fantastic milestone filled with happiness, good health, and continued success.

Thank you for your guidance, support, and for always inspiring our team.

🎂 Cheers to 40 amazing years and many more ahead! 🎂

— From all of us at Trustworthy Accountancy Professional"

What is RCM, History of and Application of RCM ိုတာဘာလဲ။RCM ဆိုတာက Risk Control Matrix (or) Risk and Control Matrix ကို ...
17/04/2026

What is RCM, History of and Application of RCM

ိုတာဘာလဲ။
RCM ဆိုတာက Risk Control Matrix (or) Risk and Control Matrix ကို အတိုကောက်ခေါ်ဝေါ်တာဖြစ်ပြီး စာရင်းစစ်တိုင်း စာရင်းစစ်ဌာနတိုင်း မဖြစ်မနေ သိရှိပြီး အသုံးပြုနေဖို့ လိုအပ်တဲ့ Tool တစ်ခုပဲဖြစ်ပါတယ်။

ဲ့_သမိုင်းကြောင်း။
၁၉၄၀ အစောပိုင်းနှစ်တွေမှာတော့ စာရင်းစစ်ဆေးခြင်းဟာ Vouchers and Verification လို့ခေါ်တဲ့ arithmetic accuracy ပေါ်မှာ အာရုံစိုက်တဲ့ 100% Verification ပဲဖြစ်ပါတယ်။ Risk ကို အခြေခံခြင်းမရှိသလို Internal Auditing အပေါ်မှာလည်း အထူးအာရုံစိုက်ခံရခြင်း မရှိသေးပါဘူး။

၁၉၄၁ ခုမှာတော့ IIA [The Institute of Internal Auditors] ကို စတင်ဖွဲ့စည်းခဲ့ပြီး Internal Auditing ကို Profession အဖြစ် အသိအမှတ်ပြုလာခဲ့ပါတယ်။ ဒီတိုးတက်ပြောင်းလဲမှုဟာ
Systematic Audit Program ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဖြစ်သလို RCM ပေါ်ပေါက်လာမှုရဲ့ သမိုင်းအစလည်းဖြစ်ပါတယ်။

၁၉၇၀ ပြည့်နှစ်များမှာတော့ အမျိုးမျိုးသော ဘဏ္ဍာရေးဆိုင်ရာ မသမာမှုများကြောင့် Foreign Corrupt Practices Act of 1977 ကို ပြဌာန်းခဲ့ပြီး Internal Control System ပေါ်မှာ
အထူးအာရုံစူးစိုက်မှုများရှိလာခဲ့ပါတယ်။

၁၉၉၂ ခုနှစ်မှာတော့ “Internal Control is a Process” ဆိုတဲ့ Concept ကို COSO Framework မှ စတင်မိတ်ဆက်လာခြင်းနဲ့အတူ ကြီးမားတဲ့ အလှည့်အပြောင်းတွေ စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ Risks နဲ့ Objectives ကို ချိတ်ဆက်ထားတဲ့ Map [Matrix Format] တွေ စတင် အသုံးပြုလာကြပါတယ်။

၂၀၀၂ ခုနှစ်မှာတော့ အားလုံးသိကြတဲ့ Enron နဲ့ WorldCom Cases တွေကြောင့် Sarbanes-Oxley Act [SOX 2002] ကို ပြဌာန်းခဲ့ပါတယ်။ SOX 2002 Section 404 မှာတော့ Internal
Control Over Financial Reporting [ICFR] ကို စီမံခန့်ခွဲသူတွေအနေနဲ့ Document and Test လုပ်ရမယ်ဆိုတဲ့ ပြဌာန်းချက်ကြောင့် RCM ကို Mandatory ဖြစ်စေခဲ့ပါတယ်။

ဒါကြောင့် “COSO က RCM ကိုမွေးဖွားပေးခဲ့ပြီး SOX က Mandatory ဖြစ်စေတယ်” ဆိုတဲ့ သမိုင်းဝင်မှတ်တမ်းတွေကို
ပေါ်ပေါက်လာစေခဲ့တာပဲဖြစ်ပါတယ်။

#ဘာကြောင့်_RCM_ကို_အသုံးပြုကြတာလဲ။
RCM ကို ပြင်ဆင်အသုံးပြုရတဲ့ အဓိက အကြောင်းရင်းကတော့ Risk တွေမှာ သက်ဆိုင်ရာ Control တွေ ရှိတယ်ဆိုတာကို သက်သေပြနိုင်ဖို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် Risk Assessment တကြိမ်တည်းဆောင်ရွက်ရုံနဲ့ပြီးပြည့်စုံတာမျိုးမဟုတ်ဘဲ သက်ဆိုင်ရာ Frequency အလိုက်ဆောင်ရွက်နေမှသာ Updated ဖြစ်နေသော RCM ကို Documented လုပ်ထားနိုင်မှာပဲဖြစ်ပါတယ်။

ဒါ့ကြာင့် RCM မှာ Risk နဲ့ Control ကို Mapping လုပ်ခြင်းဆိုတာက အဓိက အဖြစ်ပါဝင်နေတာပဲဖြစ်ပါတယ်။

RCM တစ်ခုပြင်ဆင်ရေးဆွဲ အသုံးပြုနိုင်ဖို့အတွက် Business/Process ကိုကောင်းစွာနားလည်ခြင်း၊ Risk ကိုဖော်ထုတ်နိုင်ခြင်း၊ ဖော်ထုတ်နိုင်သည့် Risk များအတွက် သက်ဆိုင်သည့် Control များကို ချမှတ်နိုင်ခြင်း၊ Risk Owner နှင့် Frequency သတ်မှတ်ခြင်းနဲ့ Control Testing ပြုလုပ်ခြင်းတို့ကို အဆင့်ဆင့် ဆောင်ရွက် သွားရမှာပဲဖြစ်ပါတယ်။

Risk and Control Matrix ပြင်ဆင်ရေးဆွဲခြင်းများကို TAP မှ မကြာခင်ဖွင့်လှစ်မည့် သင်တန်းတွင် ထည့်သွင်းဆွေးနွေးသင်ကြားပေးသွားမှာဖြစ်ပါတယ်။

U Kyaw Swar Aung
Senior Partner
Trustworthy Accountancy Professional

Financial Institutions (Banks, MFIs, Finance Companies) များတွင် စာရင်းစစ်များအဖြစ်လုပ်ကိုင်ဆောင်ရွက်လိုသူများနှင့် မိမိ...
15/04/2026

Financial Institutions (Banks, MFIs, Finance Companies) များတွင် စာရင်းစစ်များအဖြစ်လုပ်ကိုင်ဆောင်ရွက်လိုသူများနှင့် မိမိတို့၏ လက်ရှိ Career အား Development လုပ်လိုသည့် စာရင်းစစ်များအတွက် TAP မှ မကြာခင်ဖွင့်လှစ်ပေးသွားမည့်
!

[သင်ကြားမည့် Lead Trainer and Trainer များ, Invited Trainer များ၏ Profile များအား ထပ်မံဖော်ပြသွားပါမည်။]

FINANCIAL INSTITUTIONS AUDIT PROFESSIONAL DEVELOPMENT PROGRAM

(Banking & Non-Banking Financial Sector)

The program is delivered by Industry practitioners and subject-matter experts with extensive experience across banking, financial services, and audit disciplines.

This program is ideally suited for:
1. Audit and risk professionals within financial institutions,
2. Banking and microfinance practitioners seeking to enhance audit capabilities
3. Accounting and finance professionals pursuing specialization in audit
4. Graduates aspiring to establish a career in the financial services sector

Enrollment Information

Program Schedule: (To be announced)
Delivery Mode: (Online / In-person)

For registration and further inquiries:
FB Page Messenger and Viber No. 09759813696

Committed to Developing the Next Generation of Audit Professionals in Financial Institutions

The Diploma Awarding Ceremony for the Diploma in Professional Internal Auditing program was held at the Excellent Choice...
11/04/2026

The Diploma Awarding Ceremony for the Diploma in Professional Internal Auditing program was held at the Excellent Choice Institute of Finance and Management on 27 March 2026.

As an invited lecturer, U Kyaw Swar Aung, Senior Partner of TAP, attended the ceremony to congratulate the graduates on their achievements.

We extend our sincere congratulations to all graduates and wish them continued success in their future careers.

📦 Struggling with Inventory Accuracy? We’ve Got You Covered!Trustworthy Accountancy Professional (TAP) is proud to intro...
10/04/2026

📦 Struggling with Inventory Accuracy? We’ve Got You Covered!

Trustworthy Accountancy Professional (TAP) is proud to introduce our Inventory Verification Service — designed to help businesses strengthen their warehouse and inventory management.

🔍 What we do:
✔ Verify your inventory balances and movements,
✔ Identify discrepancies and improve accuracy,
✔ Strengthen internal controls,
✔ Ensure reliable and transparent stock records.

With TAP’s expertise, you can gain confidence in your inventory data, reduce risks, and make better business decisions.

📩 Contact us today to learn more!
📧[email protected],
📧[email protected]
📞09759813696

 စာရင်းစစ်များအတွက် အရေးကြီးသော Red Flag တစ်ခုLavish Lifestyle ဆိုတဲ့ အကြာင်းအရာနဲ့ပတ်သက်ပြီး ကျွန်‌တော်ရဲ့ Junior Audit...
05/04/2026


စာရင်းစစ်များအတွက် အရေးကြီးသော Red Flag တစ်ခု

Lavish Lifestyle ဆိုတဲ့ အကြာင်းအရာနဲ့ပတ်သက်ပြီး ကျွန်‌တော်ရဲ့ Junior Auditor တွေနဲ့ Audit သင်တန်းတွေမှာ မကြာခဏဆွေးနွေးလေ့ရှိပါတယ်။

ဘာကြောင့်ဆွေး‌နွေးပေးရသလဲဆိုရင် Lavish Lifestyle ဟာ စာရင်းစစ်များ သတိမမူမိတဲ့ Red Flag တစ်ခုအဖြစ်ရှိနေတတ်တဲ့ အတွက်ဖြစ်ပါတယ်။

အဲတာကြာင့် ဒီပို့စ်မှာလဲ ကျွန်တော်အနေနဲ့ Lavish Lifestyle အကြောင်းကို ကျွန်တော်တို့ရဲ့ လုပ်ငန်းတွင်း စာရင်းစစ်များ (Internal Auditors) အတွက် မျှဝေပေးသွားပါမယ်။

#ပထမဆုံး_Lavish_Lifestyle_ဆိုတာဘာလဲ
Lavish Lifestyle ဆိုတာ လူတစ်ယောက်အနေနဲ့ မိမိရဲ့ ဝင်ငွေပမာဏနဲ့ မလျော်ညီသော/မမျှတသော အသုံးအဆောင်ပစ္စည်းများဝယ်ယူသုံးစွဲနေခြင်း၊ မြင့်မားသော အသုံးစရိတ်များ သုံးစွဲခြင်းကို ဆိုလိုတာပဲဖြစ်ပါတယ်။ ဥပမာ luxury assets, frequent travel, high spending တို့ပြုလုပ်နေခြင်းပဲဖြစ်ပါတယ်။

ဒီနေရာမှာ လုပ်ငန်းတွင်းစာရင်းစစ်များအနနဲ့ လူတစ်ယောက်ရဲ့ Personal Behavior ကို အကဲဖြတ် သုံးသပ်တဲ့အခါ လုပ်ငန်းခွင်အခြအနေရဲ့ ပြင်ပကိုပါ မြင်အောင်ကြည့်နိုင်ဖို့လိုပါတယ်။

ဘာကြောင့် ဒီလိုပြောရသလဲဆိုရင် မှားယွင်းကောက်ချက်ချမိခြင်းဆိုတဲ့ Risk ကနေ ရှောင်ရှားနိုင်ဖို့ပဲဖြစ်ပါတယ်။ ဆိုလိုတာက လစာအရမ်းနည်းသာ ဝန်ထမ်းတစ်ဦးသည် Latest IPhone Model ကို အသုံးပြုခွင့်မရှိဆိုတဲ့ ပေတံနဲ့ တိုင်းတာမိတဲ့ အမှားမျိုး ပြုလုပ်မိကြမှာစိုးတဲ့အတွက်ပဲဖြစ်ပါတယ်။

ဒါကြောင့် လုပ်ငန်းခွင်မှာ ဒီလိုအခြအနေရှိတဲ့ Red Flag မျိုးကို သတိပြုမိကြပြီဆိုရင် အခြေအနေအကြောင်းအရာများစွာကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်မှာဖြစ်ပါတယ်။

လက်တွေ့ဥပမာနဲ့ မျှဝေပေးပါမယ်။
ကျွန်တော်အနေနဲ့ လုပ်ငန်းတစ်ခုမှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတစ်ခုက လုပ်ငန်းရဲ့ ငွေကိုင်သည် Latest ဖြစ်သော Luxury အသုံးအဆောင်ပစ္စည်းများသုံးစွဲနေတာကို သတိထားမိတဲ့အတွက် အဆိုပါဝန်ထမ်းရဲ့ လစာနဲ့အခြားခံစားခွင့်များအခြေအနေကို စတင် အကဲဖြတ်သုံးသပ်ပါတယ်။ အဲဒီအခါမှာ သူ့ရဲ့ အသုံးစရိတ်ဟာ ဝင်ငွနဲ့ လွန်စွာကွာဟမြင့်မားနေတာတွေ့ရပါတယ်။ ဒီလိုတွေ့ရပြီဆိုရင် အဆိုပါဝန်ထမ်းရဲ့ ပတ်ဝန်းကျင် အခြေအနေ၊ မိသားစု အခြေအနေတွေပါ ထည့်သွင်းသုံးသပ်ဖို့လိုတဲ့အတွက် ဆက်လက်ပြီး အကဲဖြတ်သုံးသပ်တဲ့အခါ ပြင်ပမှာ အခြားဝန်ထမ်းများကို ငွေကြေးများချေးငှားထားခြင်း၊ မိသားစု နောက်ခံအနေနဲ့လည်း ယခုကဲ့သို့ နေထိုင်လုပ်ကိုင်နိုင်အောင် ပံ့ပိုးပေးနိုင်ခြင်းမရှိဆိုတဲ့ အခြေအနေကို တိကျခိုင်မာစွာ သုံးသပ်အကဲဖြတ်နိုင်ခဲ့ပါတယ်။

ဒါကြောင့် အဆိုပါဝန်ထမ်းနဲ့ပတ်သက်ပြီး စနစ်တကျ စစ်ဆေးတဲ့အခါမှာ ငွေကြေးအလွဲသုံးစားမှုများ ပြုလုပ်ထားတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဒါဟာ Lavish Lifestyle Red Flag ကို သတိပြုခြင်းကနေ ရရှိလာတဲ့ အကျိုးကျေးဇူးပဲဖြစ်ပါတယ်။

ဒါကြောင့် Auditor တွေ အ‌နေနဲ့ လူတစ်ယောက်ရဲ့ lifestyle က သူ့ income နဲ့ မကိုက်ညီဘူးဆိုရင် အထူးသတိထားရမှာပဲဖြစ်ပါတယ်။

Lavish lifestyle (luxury assets, frequent travel, high spending) ဆိုတာ fraud risk ရှိနိုင်တဲ့ signal တစ်ခုဖြစ်နိုင်ပြီး ဒါဟာ wrongdoing ကို သက်သေပြတာ မဟုတ်ပေမယ့် deeper investigation လုပ်ဖို့ signal တစ်ခုပဲဖြစ်ပါတယ်။

စာရင်းစစ် (Auditors) တွေဟာ numbers တွေကိုသာမက လူတွေနဲ့ patterns တွေကိုပါ သတိပြုလေ့လာကြရမှာဖြစ်ပါတယ်။

Stay alert. Stay objective ဖြစ်ခြင်းဖြင့် အမှားအယွင်းနဲ့ မသမာမှုများကို ရှာ‌ဖွေဖော်ထုတ်ကာကွယ်နိုင်ကြတဲ့ စာရင်းစစ်‌ကောင်းများဖြစ်ကြပါစေ။

U Kyaw Swar Aung
Senior Partner
Trustworthy Accountancy Professional

 ို့တတ်မြောက်အပ်တဲ့_အဌာရသ_၁၈_ရပ်_အပိုင်း_၄ အပိုင်း (၄) ျင့်ဝတ်စံနှုန်းများProfessional Auditor တစ်ယောက်ဖြစ်ဖို့ Knowledg...
26/02/2026

ို့တတ်မြောက်အပ်တဲ့_အဌာရသ_၁၈_ရပ်_အပိုင်း_၄

အပိုင်း (၄)
ျင့်ဝတ်စံနှုန်းများ
Professional Auditor တစ်ယောက်ဖြစ်ဖို့ Knowledge နှင့် Skill များအပြင် မဖြစ်မနေလိုအပ်သည့် အရေးကြီးဆုံး အခြေခံအချက်မှာ Ethical Standards (ကျင့်ဝတ်စံနှုန်းများ) ဖြစ်ပါသည်။
Independence နှင့် Objectivity ကို ခိုင်မာစေသည့် အခြေခံအုတ်မြစ်မှာလည်း Ethical Standards ပင် ဖြစ်သည်။

ဆိုတာဘာလဲ?
Ethical Standards ဆိုတာက Auditor တစ်ယောက်အနေနဲ့ မှန်ကန်မှုကို ဦးစားပေးခြင်း၊တာဝန်သိစွာ လုပ်ဆောင်ခြင်း၊ အဖွဲ့အစည်းနှင့် သက်ဆိုင်သူများ၏ ယုံကြည်မှုကို ထိန်းသိမ်းခြင်းတို့အတွက် လိုက်နာရမယ့် စံနှုန်းများကို ဆိုလိုပါတယ်။

Internal Auditors အတွက် IIA Code of Ethics အရ လိုက်နာရမယ့် အောက်ပါအခြေခံကျင့်ဝတ် ၄ ချက်ဖြစ်တဲ့ Integrity, Objectivity, Confidentiality, Competency တို့ကိုပြဌာန်းထားတာတွေ့ရပါတယ်။

၁) Integrity
Integrity ဆိုတာက မှန်ကန်စွာ ပြောဆိုခြင်း၊ အမှန်ကို မဖုံးကွယ်ခြင်းနဲ့ လက်မခံသင့်တဲ့ လုပ်ရပ်များကို မလုပ်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ဥပမာ Management က Finding တစ်ခုကို Report ထဲမထည့်ဖို့ ဖိအားပေးလာတယ်ဆိုရင် Auditor အနေနဲ့ မဖြစ်မနေ သင့်လျော်တဲ့ နည်းလမ်းများမှတစ်ဆင့် တင်ပြဖို့လိုပါတယ်။
Integrity မရှိပါက Audit Function တစ်ခုလုံးရဲ့ ယုံကြည်မှုကို ပျက်စီးသွားနိုင်မှာပဲဖြစ်ပါတယ်။

၂) Objectivity
အပိုင်း (၃) မှာ ဆွေးနွေးခဲ့ပြီးဖြစ်သလို Ethical Standard တစ်ခုအနေနဲ့လည်း အရေးကြီးတာတွေ့ရပါတယ်။ Objectivity ဆိုတာက ကိုယ်ပိုင်အကျိုးစီးပွားနှင့် မရှုပ်ထွေးခြင်း၊ မိတ်ဆွေ/သူငယ်ချင်းဆက်ဆံရေးကြောင့် မျှတမှုကို မလျော့နည်းစေခြင်း နှင့် Evidence အပေါ်အခြေခံပြီး ဆုံးဖြတ်ခြင်းတို့ပဲဖြစ်ပါတယ်။

၃) Confidentiality
Internal Auditor တွေဟာ အဖွဲ့အစည်းရဲ့ Sensitive Information များကို ရယူဆောင်ရွက်ရတဲ့အတွက် ဒီသတင်းအချက်အလက်တွေကို မသင့်လျော်တဲ့သူများထံ ထုတ်ဖော်ပြောကြားခြင်း/ပေးပို့ဆောင်ရွက်ခြင်းတို့ကို မပြုလုပ်မိဖို့ လိုအပ်ပါတယ်။
Confidentiality ကို မထိန်းသိမ်းနိုင်ရင် ဥပဒေအရ အရေးယူခံရနိုင်ခြင်းနဲ့ ယုံကြည်မှု ပျက်စီးခြင်းတွေ ဖြစ်ပေါ်နိုင်ပါတယ်။

၄) Competency
Auditor တစ်ယောက်အနေနဲ့ လိုအပ်တဲ့ Knowledge, Skill, Training ကို စဉ်ဆက်မပြတ်ရယူဖို့လိုအပ်ပါတယ်။ Competency မရှိဘဲ Audit လုပ်ခြင်းကို Ethical Breach တစ်ခုအနေနဲ့ သတ်မှတ်နိုင်ပါတယ်။

ဘယ်လို Ethical Risk တွေ ဖြစ်နိုင်လဲ?
Junior Auditor များအတွက် တွေ့ရနိုင်တဲ့ အသက်မွေးဝမ်းကြောင်းကို ထိခိုက်စေနိုင်တဲ့ Ethical Risk များအနေနဲ့ကတော့
၁) Gift / Entertainment များ လက်ခံမိခြင်း၊
၂) Personal Relationship ကြောင့် Finding အဖြစ်မထည့်သွင်းခြင်း၊
၃) Information Leak ဖြစ်ခြင်း
၄) Working Paper ကို မမှန်ကန်စွာ ပြင်ဆင်ခြင်းတို့ပဲ ဖြစ်ပါတယ်။

Ethical Risk များကို လျှော့ချနိုင်ဖို့ Junior Auditor များကို အကြံပြုချင်တာက
၁) Code of Ethics ကို ဖတ်ပါ၊ နားလည်ပါ၊ လက်တွေ့အသုံးချပါ။
၂) Gift Policy ကို လိုက်နာပါ၊ မသေချာရင် လက်မခံပါနဲ့ Disclosure လုပ်ပါ။
၃) Ethical Dilemma ဖြစ်ရင် ဆွေးနွေးပါ။ Supervisor သို့မဟုတ် Audit Committee Channel ကို အသုံးပြုပါ။
၄) Integrity ကို ကာကွယ်ပေးနိုင်ဖို့ Working Papers (Documentation) များကို အထူးဂရုစိုက်ပါ။
၅) Continuous Learning အမြဲပြုလုပ်ပါ။

Auditor များအနေနဲ့ Ethical Standards ကို ကိုယ်ပိုင် Professional Identity တစ်ခုအဖြစ် တည်ဆောက်ထားနိုင်ကြပါစေ။

U Kyaw Swar Aung, Senior Partner and Lead Trainer
Trustworthy Accountancy Professional

 ို့တတ်မြောက်အပ်တဲ့_အဌာရသ_၁၈_ရပ်_အပိုင်း_၃ အပိုင်း (၃) Independence and ObjectivityInternal Auditor တစ်ယောက်အဖြစ် အောင်မ...
19/02/2026

ို့တတ်မြောက်အပ်တဲ့_အဌာရသ_၁၈_ရပ်_အပိုင်း_၃


အပိုင်း (၃) Independence and Objectivity
Internal Auditor တစ်ယောက်အဖြစ် အောင်မြင်ဖို့ လိုအပ်တဲ့ အဌာရသ (၁၈)ရပ်ထဲမှာ “Independence and Objectivity” ဟာ အလွန်အရေးကြီးတဲ့ အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါတယ်။

Know the Organization ကို သိရှိထားခြင်း၊ IA Function ကို ခိုင်မာအောင် တည်ဆောက်ထားခြင်းတို့ရှိခဲ့ရင်တောင် Auditor ရဲ့ Independence နဲ့ Objectivity မရှိခဲ့ပါက Audit ရဲ့ တန်ဖိုးဟာ လျော့နည်းသွားနိုင်ပါတယ်။

ဆိုတာဘာလဲ?
Independence ဆိုတာက Auditor တစ်ယောက်အနေနဲ့ မည်သည့် ဖိအား၊ သြဇာလွှမ်းမိုးမှု၊ အကျိုးစီးပွားဆိုင်ရာ ပတ်သက်မှုတို့မှကင်းလွတ်ပြီး လွတ်လပ်စွာ လုပ်ဆောင်နိုင်ခြင်းကို ဆိုလိုပါတယ်။
Internal Audit ရဲ့ လွတ်လပ်မှုကို အဓိကအားဖြင့် အဖွဲ့အစည်းရဲ့ Structure က သတ်မှတ်ပေးပါတယ်။

Internal Audit Function ဟာ Operational Management အောက်မဟုတ်ဘဲ
Audit Committee သို့မဟုတ် Board အောက်တွင် တိုက်ရိုက် Reporting Line ရှိဖို့ လိုအပ်ပါတယ်။
ဥပမာအားဖြင့် Internal Audit ကို CFO အောက်မှာထားပြီး Financial Department ကို စစ်ဆေးရမယ်ဆိုရင် လွတ်လပ်မှု ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် Reporting Line ကို သေချာစဉ်းစားဖို့ လိုအပ်ပါတယ်။

Best Practice အနေနဲ့ကတော့ Functionally အရ Audit Committee / Board ကို Report လုပ်ခြင်းနှင့် Administratively အရ CEO ကို Report လုပ်ခြင်း ဆိုတဲ့ Dual Reporting Structure ကို အသုံးများကြပါတယ်။


Auditor တစ်ယောက်ချင်းစီအနေနဲ့လည်း လွတ်လပ်မှုကို ထိန်းသိမ်းရမှာဖြစ်ပါတယ်။
ဥပမာအားဖြင့် မိမိယခင်လုပ်ခဲ့တဲ့ Department ကို ချက်ချင်း ပြန်လည်စစ်ဆေးခြင်းနဲ့ မိမိနဲ့ အနီးကပ်ဆက်ဆံရေးရှိတဲ့ လူကို စစ်ဆေးခြင်း၊ Incentive, Bonus, Promotion များကို Audit Result နဲ့ ချိတ်ဆက်ထားခြင်းဆိုတဲ့ အခြေအနေတွေက Independence ကို ထိခိုက်စေနိုင်ပါတယ်။

ဆိုတာဘာလဲ?
Objectivity ဆိုတာက မိမိရဲ့ ကိုယ်ပိုင်အမြင်၊ စိတ်ခံစားချက်၊ မိတ်ဆွေ/သူငယ်ချင်း ဆက်ဆံရေးများကို ဘေးချန်ပြီး အချက်အလက်အခြေပြု သုံးသပ်ဆုံးဖြတ်နိုင်ခြင်းကို ဆိုလိုပါတယ်။
Auditor တစ်ယောက်အနေနဲ့ “ထင်တယ်” ဆိုတာနဲ့ ဆုံးဖြတ်ချက်ချလို့မရဘဲ “အချက်အလက်” နဲ့ပဲ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

Evidence-based conclusion မရှိဘဲ Recommendation ပေးခြင်းဟာ Objectivity မရှိခြင်းဖြစ်ပါတယ်။

မရှိရင် ဘာဖြစ်နိုင်လဲ?
၁) Audit Report ကို Management မှ ယုံကြည်မှု အားနည်းခြင်း၊
၂) ထိရောက်သည့် Findings/Observations များအား တင်ပြနိုင်မှု မရှိခြင်း၊
၃) Risk ကို ရှာဖွေနိုင်မှု မရှိခြင်း၊
၄) Audit Function အား “Box-ticking” အဖြစ် အမြင်ခံရခြင်းတို့ဖြစ်ပေါ်နိုင်ပါတယ်။

ဒါကြောင့် Trusted Advisor ဖြစ်ချင်တဲ့ Auditor တစ်ယောက်အတွက် Independence နဲ့ Objectivity ဟာ မဖြစ်မနေလိုအပ်လှပါတယ်။ (အပိုင်း-၂ ဆက်ရန်)

U Kyaw Swar Aung, Senior Partner and Lead Trainer
Trustworthy Accountancy Professional

Address

Kamayut

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959759813696

Alerts

Be the first to know and let us send you an email when Trustworthy Accountancy Professional posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Trustworthy Accountancy Professional:

Share