Coach Win Win Than

Coach Win Win Than Coaching ပညာဖြစ် လူသားတွေရဲ့ စဉ်းစားနိုင်စွမ်းကို ကူညီပေးမည်။

23/12/2025
20/12/2025

အရောင်းကို အာရုံစိုက်ရင် တစ်ကြိမ်ရောင်းရလိမ့်မယ်

ဖောက်သည်ကိုအာရုံစိုင်ရင် အကြိမ်ကြိမ်ရောင်းရလိမ့်မည်

သင်ရော ဘာကို အာရုံစိုက်မလဲ

-winwinthan

21/05/2025

စနစ် ဆိုသည်မှာ ဘာလဲ

စနစ်ကျတဲ့လုပ်ငန်းတွေက ဘာတွေ
အားသာပြီး

စနစ်အားနည်းတဲ့လုပ်ငန်းတွေက ဘာတွေ ကြုံတွေ့ရနိုင်ချေ ရှိလဲ။

သိသလောက်လေး မျှဝေကြမယ်

20/05/2025

လုပ်ငန်းတစ်ခုက ကလေးတစ်ယောက်နဲ့တူတယ်။

📌စတင်တဲ့အချိန်
အရာအားလုံးက ကိုယ်လက်ကိုယ်ခြေပဲ ။
တံမြတ်စည်းလှဲလည်းကိုယ်
စရင်းကိုင်ကလည်း ကိုယ်
စျေးဝယ်လည်းကိုယ်
စျေးရောင်းလည်း ကိုယ် ပါပဲ။

📌 ကြီးထွားမှုမြင့်ချိန်
ဝန်ထမ်းလေးတွေရှိလာပြီ
တာဝန်းသေးသေးလေးတွေကို စတင် လက်လွဲလာပြီ။
ကိုယ်လုပ်တဲ့ အလုပ်တွေကို မှတ်သားမယ်
သင်ပေးမယ်
စောင့်ကြည့်မယ် လက်လွဲကြည့်မယ်ပေါ့

📌စနစ်ချချိန်
ကိုယ်ကြီးသလောက်ပဲ ကိုယ့်လုပ်ငန်းက ကြီးနိုင်မယ်အချိန်မို့ လုပ်ငန်းရှင်ရဲ့ လေ့လာသင်ယူမှု ကအရေးကြီးတဲ့အချိန်တစ်ခုပေါ့
နေ့စဉ်လုပ်နေကျ တွေကိုလွယ်ကူမြန်ဆန်အောင် 1ဘာလုပ် 2ဘာလုပ်ဆိုပြီးစတင်စနစ်ချမယ်။
ငွေနဲ့ ကုန်ပစ္စည်းတွေကို စနစ်ချမယ် လုပ်ပေးမယ် လူတွေကို စီမံမယ် sop တွေရေးမယ်
ဘယ်သူပဲလုပ်လုပ် တစ်ပုံစံတည်း ရနေဖို့ KPIတွေသတ်မှတ်မယ် ပေါ့

📌ချဲ့ထင်တဲ့အဆင့်
တစ်ဆိုင်ကနေ ၂ဆိုင် ၃ဆိုင်
Offline ရောင်းနေရာကနေ Online
Proudest ၁၀၀ကနေ ၂၀၀ ၊၃၀၀ -၁၀၀၀ ပေါ့

📌ပြန်ရောင်းချိန် (သို့)ရှယ်ယာခေါ်ချိန်
အဲအချိန်မှာတော့ လုပ်ငန်းရှင်က အကြံပေးနေရာကနေပြီး ဆက်သွားမလား
တစ်ခါတည်းရောင်းလိုက်မလားပေါ့

သင်ယူလေ့လာသလောက် မျှဝေ ထားပါတယ်
အခုမှ လုပ်ငန်း စတင်လုပ်ကိုင်ပြီး လုပ်ငန်းစနစ် တကျ ပိုမိုတိုးတတ်ချင်သူများအတွက် လမ်းပြမြေပုံလေးပါ။

-win than-

20/05/2025

သင့်အနေနဲ့ရည်မှန်ချက်ပန်းတိုင်ကို ရယူဖို့အတွက် လုပ်မယ်၊လုပ်မယ်နဲ့ ရွှေ့ဆိုင်နေတဲ့အရာတွေက ဘာတွေဖြစ်မလဲ။

ချရေးကြည့်ရအောင်✍️

-win than-

19/05/2025

အခြေနေတိုင်းမှာ တန်ဖိုးရှိတဲ့သင်ခန်းစာတွေကို ရှာဖွေပါ။

သင်ရဲ့လုပ်ငန်း ထဲမှာ သင်ကိုယ်တိုင်း သဘောမကျ ပဲ ပြောင်းလဲချင်နေတဲ့ အစိတ်အပိုင်းတွေ ချရေးကြည့်ပါ။

သင်အခုမှ စလုပ်ချိန်ဆို ဘယ်ကနေစပြောင်းရမယ် မှန်မသိသလို
ရှုတ်ထွေးနေတဲ့ ကြိုထုတ်ကြီးကို ဖြေးနေရသလိုခံစားရလိမ့်မယ်။
အဲဒါက သဘာဝပါပဲ။

သင်အတွက် အလွယ်ကူဆုံးအစိတ်ပိုင်းသေးသေးလေးကနေသာ စလုပ်ကြည့်လိုက်ပါ။

စလုပ်ပါ ဆက်လုပ်ပါ ပြီးဆုံးအောင် လုပ်ပါ
ပြောင်းရဲတဲ့သတ္တိရှိပါ။

-win than-

16/05/2025

အခက်ခဲကာလ မှာ လုပ်ငန်းရပ်သွားလို့
ဘယ်သူကမှ သင့်ကိုအပြစ်တင်ကြမှာ မဟုတ်ပါဘူး
တစ်ခုရှိတာက ဘယ်သူကမှလည်းပြန်လည်ထူထောင်ပေးနိုင်ကြမှာ မဟုတ်ပါဘူး
ကြံ့ကြံ့ခံပြီး ဆက်ကြိုးစားနေဖိုပဲလိုပါတယ်။

အနည်းဆုံး သင့်အိမ်မက်အတွက် တော့ဆက်ကြိုးစားနေဖို့က သင့်တာဝန် ဖြစ်နေလိုပါပဲ။

-win than-

13/05/2025

လုပ်ငန်းကို စနစ်ချ ချင်တယ် ဘယ်က စလုပ်ရမလဲ——

လုပ်ငန်း ဆိုသည် မှာ လူ ၊ငွေ ၊ကုန်ပစ္စည် တိုကို ပေါင်းစပ် လည်ပါတ်ပြီး အလုပ်လုပ်ရတာဖြစ်တဲ့ အတွက်

ငွေ နဲ့ ကုန်ပစ္စည်းကို စနစ်ချပြီး
လူတွေကို စီမံ ရတာဖြစ်ပါတယ်။

လပ်လီလုပ်ငန်းရှင်တွေ အတွက် အတွေ့ကြုံလေးတွေကို သိသလောက်
မျှဝေ ပေးချင်ပါသေးတယ်။

လုပ်ငန်းကို ကိုယ်က ပိုင်ပြီး
လုပ်ငန်းက ကိုယ်ကိုပိုင်နေတဲ့ အဖြစ်မှ ကင်ဝေးပြီး ပိုမိုတိုးတတ်တဲ့ လက်လီလုပ်ငန်းရှင်များ ဖြစ်ကြပါစေ။

-win than-
13-05-2025

23/03/2025

အခုချိန်မှာ-
အဓိကရယူဖို့ကြိုးစားနေတဲ့အရာက ဘာဖြစ်မလဲ။

အဲဒါကိုဘယ်နည်းနဲ့ကြိုးစာရယူမလဲ။

ပိုမိုကောင်းမွန်းတဲ့နည်းလမ်းတွေက ဘာတွေရှိနိုင်မလဲ။

စဉ်းစာပြီးဖြေကြည့်ရအောင်

-win than-

21/03/2025

မနေ့က အရောင်းဝန်ထမ်းတစ်ဦးဆီမှ
ရလိုက်တဲ့ Learning တစ်ခု——

သူရောင်းတဲ့ products
သူရဲ့အရောင်း ကောင်တာ စာပွဲ နဲ့လုပ်ငန်းအသုံးဆောင်ပစ္စည်းတွေကို
သူ့ မျက်နှာလေးလို့ သဘောထားပါတယ်တဲ့

အမြဲသန့်ရှင်းနေအောင်ဂရုပြုပြီး လှပ အောင် သန့်ရှင်းနေအောင် ထားရမှ စိတ်ချမ်းသာတာပါတဲ့

မထက်မှတ်ပဲ ကြားလိုက်ရတဲ့စကား တစ်ခွန်းက အတွေးတွေအများကြီးတွေးလိုက်မိပါတယ်။
လူတစ်ယောက်တန်ဖိုးကို ထပ်ပေါင်းပေးလိုက်တာက သူဘယ်လောက် လှပချောမောလဲဆိုတာထက် အလုပ်အပေါ်ထားတဲ့ သဘောထား၊ခံယူချက် စိတ်ထားနဲ့ အလုပ်ကျွမ်းကျင်မှု skills တွေသာဖြစ်ပါလိမ့်မည်။

အခုခေတ်မှာတော့ ရှိတော့ ရှိမယ် ရှားလိမ့်မည်ထင်ပါတယ်။
စိတ်ထဲ လေးစားသွာမိတယ်🥰

လေကကို ဆရာအနေနဲ့ကြည့်ရင် သင်ယူစရာတွေကြီပါပဲ

Address

Haymar
Kawthaung

Website

Alerts

Be the first to know and let us send you an email when Coach Win Win Than posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share