N'SEN

N'SEN N’SEN means the regional voice of MSMEs. It’s a place to learn, build, and test real businesses.

At N’SEN, we focus on Micro, Small, and Medium Enterprises — data driven businesses that actually work here, particularly in KUTKAI, and in Northern Shan!

📣 သင်တန်းအပ်နှံမှု စတင်လက်ခံနေပါပြီ။ 📣Essential MSMEs Training ProgramFounding Cohort – Batch 1အသက် (၁၈) နှစ်မှ (၂၅) နှစ...
14/02/2026

📣 သင်တန်းအပ်နှံမှု စတင်လက်ခံနေပါပြီ။ 📣

Essential MSMEs Training Program
Founding Cohort – Batch 1

အသက် (၁၈) နှစ်မှ (၂၅) နှစ်ကြား လူငယ်တစ်ဦးအနေနဲ့ သင်ဟာ...

"ကိုယ်ပိုင် အငယ်စားလုပ်ငန်းတစ်ခုခုကို စတင်ချင်တယ်၊ ဒါပေမယ့် တကယ်ရော လုပ်နိုင်ပါ့မလား" လို့ အလေးအနက် စဉ်းစားနေသူလား။

Essential MSMEs Start-up Training Programဆိုတာ ရိုးရိုးသင်တန်းတစ်ခု မဟုတ်ပါဘူး။

သင်ယူခြင်း (Learning) → လက်တွေ့လုပ်ဆောင်ခြင်း (Doing) → ကိုယ်ပိုင်ရပ်တည်နိုင်ခြင်း (Independence) ဆီသို့ စနစ်တကျ လမ်းညွှန်ပေးမယ့် ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။
________________________________________
🎓 သင်တန်းအကျဉ်း (Program Overview)

📅 သင်တန်းစတင်မည့်ရက် - ဖေဖော်ဝါရီလ ၁၈ ရက်
⏳ ကြာမြင့်ချိန် - ၄ ပတ်
🕒 စုစုပေါင်း - ၄၈ နာရီ (စနစ်ကျသော သင်ကြားမှုပုံစံ)
👥 သင်တန်းသားဦးရေ - အယောက် ၁၈ ဦး သာ (အကန့်အသတ်ဖြင့်)
🎯 အလုပ်သင်ကာလ - ရက်ပေါင်း (၉၀) တိတိ။

‘ဤသင်တန်းဟာ ပို့ချရုံသက်သက်လုပ်မယ့် workshop မဟုတ်ဘဲ၊ ဘာသာရပ်အလိုက် ကျွမ်းကျင်သူများမှ အနီးကပ် ကြီးကြပ်ပေးမယ့် "ပထမဦးဆုံးသော အဖွင့်သင်တန်းအပတ်စဉ်" (Professional Cohort) တစ်ခု ဖြစ်ပါတယ်။’
________________________________________
📚 သင်ယူရမည့် ဘာသာရပ်များ

 Essential MSME Start-up Management: အသေးစားနှင့် အငယ်စား စီးပွားရေးလုပ်ငန်းများ စနစ်တကျ စတင်ပုံ။

 AI for MSME: အသေးစားနှင့် အငယ်စားစီးပွားရေးလုပ်ငန်းများအတွက် အရေးပါသော လက်တွေ့ အသုံးချ မှတ်ညဏ်တု နည်းပညာ။

 Practical Finance: လက်တွေ့ကျသော ဘဏ္ဍာရေးစီမံခန့်ခွဲမှု (ငွေသားစီးဆင်းမှုနှင့် ဆုံးရှုံးမှု ကာကွယ်ရေး) ။

 Hyper-Local Marketing: ကွတ်ခိုင်မြို့၏ လက်ရှိအခြေအနေနှင့် ကိုက်ညီသော ဈေးကွက်ရှာဖွေရေး။

 Digital Branding: ဖုန်းတစ်လုံးတည်းဖြင့် Branding & The Art of Photography ပြုလုပ်ခြင်း (Photo & Short Video)။

 Internship & Opportunity Pathways: ဒေသအခြေပြု အသေးစားနှင့် အငယ်စားလုပ်ငန်းခွင်များအတွင်း လက်တွေ့လေ့လာခွင့်နှင့် အနာဂတ် အခွင့်အလမ်းများ (အရည်အချင်းပေါ် မူတည်သည်)။
________________________________________
💰 သင်တန်းအတွက် ရင်းနှီးမြှုပ်နှံမှု (Program Investment)

🎯ပုံမှန်သင်တန်းကြေး - ၄၄၉,၀၀၀ ကျပ်

🎯Founding Cohort (အထူးအဖွင့်သင်တန်းကြေး) - ၂၄၉,၀၀၀ ကျပ်

တစ်နာရီလျှင် သင်တန်းကြေး ၅,၂၀၀ ကျပ် ဝန်းကျင်သာ ကျသင့်မည်ဖြစ်ပြီး၊ စနစ်တကျ ပြင်ဆင်ထားသော MSME သင်ကြားမှုနှင့် အနီးကပ်ကြီးကြပ်မှုများအတွက် တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါမယ်။
________________________________________
📌 ငွေပေးသွင်းရန် သတ်မှတ်ချက်များ (Payment Structure)

✔ ပထမဦးဆုံး ပဏာမကြိုတင်ပေးသွင်းရမည့်ငွေ (Deposit) - ၁၀၀,၀၀၀ ကျပ် (ပြန်လည်အမ်းပေးမည်မဟုတ်ပါ)

✔ ကျန်ရှိငွေ ၁၄၉,၀၀၀ ကျပ်ကို သင်တန်းမစတင်မီ (၁) ရက်အလိုတွင် အပြီးသတ်ပေးသွင်းရမည်။

ပဏာမကြိုတင်ငွေ ပေးသွင်းပြီးမှသာ သင်တန်းသာ၊ သင်တန်းသူများအဖြစ် အတည်ပြုမည် ဖြစ်သည်။
သင်တန်းစတင်သည့် ပထမရက်မတိုင်မီ ငွေအပြီးပေးသွင်းရမည်ဖြစ်ပြီး၊ သင်တန်းကာလအတွင်း အရစ်ကျပေး သွင်းခွင့် မရှိပါ။

"အခွင့်အလမ်းထက် တာဝန်ယူလိုစိတ်က အဓိက ဖြစ်ပါတယ်။"
________________________________________
🛠 သင်တန်းပြီးဆုံးပြီးနောက် အရည်အချင်းပြည့်မီသော သင်တန်းသားများအတွက် နောက်ဆက်တွဲအခွင့်အလမ်းများ -

 N’SEN MSMEs Management Centre လက်အောက်ရှိ အသေးစားနှင့် အငယ်စားလုပ်ငန်းများတွင် လက်တွေ့လုပ်ငန်းခွင် (Internship) ဆင်းခွင့်။

 လုပ်ဆောင်ချက်အပေါ် မူတည်သော Performance-based Opportunity Pathway များ။

 အလားအလာရှိသူများအတွက် အထူးသီးသန့် ရင်းနှီးမြုပ်နှံမှု (Angel Investment) ရရှိနိုင်မည့် အခွင့်အလမ်းများ။

(မှတ်ချက် - အခွင့်အလမ်းအားလုံးမှာ အာမခံချက်မဟုတ်ဘဲ၊ မိမိ၏ ကြိုးစားအားထုတ်မှုအပေါ်တွင်သာ မူတည်ပါသည်။)
________________________________________
🎯 လျှောက်ထားနိုင်သူများ

 အဓိကအုပ်စု - အသက် ၁၈ နှစ်မှ ၂၅ နှစ်ကြား။
 အထူးစဉ်းစားပေးမည့်အုပ်စု - အသက် ၂၆ နှစ်မှ ၂၈ နှစ်ကြား (ခိုင်မာသော စိတ်အားထက်သန်မှုရှိသူများ)
________________________________________
📝 လျှောက်ထားရန် ပုံစံအဆင့်

၁။ လျှောက်လွှာတင်ခြင်း (Application Submit)

၂။ တယ်လီဖုန်းဖြင့် လူတွေ့စစ်ဆေးခြင်း (Screening Call)

၃။ သင်တန်းတက်ရောက်ခြင်းအတည်ပြုရန် ပဏာမကြိုတင်ငွေ (Deposit) ပေးသွင်းခြင်း
________________________________________
📌 လျှောက်လွှာပိတ်ရက် - ဖေဖော်ဝါရီလ ၁၈ ရက်

(နယ်ဝေးမှ လျှောက်ထားသူများအတွက် နေရာလွတ်ရှိမှုပေါ်မူတည်၍ ရက်အနည်းငယ် ထပ်မံစောင့်ဆိုင်းပေးနိုင် ပါသည်။)

📍 တည်နေရာ - အမှတ် (၁) ရပ်ကွက်၊ ဗျူဟာလမ်း၊ ရှင်ဂ်ရာဆေးရုံအနီး၊ ကွတ်ခိုင်မြို့ ၊ ရှမ်းမြောက်။

📞 ဖုန်းနံပါတ် - [၀၉၄၀၀၂၀၀၂၂၃]

📧 Email - [[email protected]]

“အခွင့်အလမ်းဆိုသည်မှာ တာဝန်ယူလိုစိတ်ရှိသူများအတွက်သာ။”

အသေးစားနှင့် အငယ်စားစီးပွားရေးလုပ်ငန်းများကို အမှန်တကယ် စိတ်ပါဝင်စားသူများသာ ဖိတ်ခေါ်ပါသည်။




📣 Essential MSMEs Training Program သင်တန်းပြီးရင် ဘာဆက်ဖြစ်မလဲ? 📣N’SEN Opportunity Pathway – အနာဂတ်အတွက် လမ်းကြောင်းသစ်အ...
12/02/2026

📣 Essential MSMEs Training Program သင်တန်းပြီးရင် ဘာဆက်ဖြစ်မလဲ? 📣

N’SEN Opportunity Pathway – အနာဂတ်အတွက် လမ်းကြောင်းသစ်
အသက် (၁၈) နှစ်ကနေ (၂၅) နှစ်ဆိုတာ ဘဝရဲ့ အရေးကြီးဆုံး လမ်းဆုံလမ်းခွတစ်ခုပါ။

တချို့က ပညာဆည်းပူးနေဆဲ၊ တချို့က အလုပ်ခွင်ထဲ ရောက်နေပြီ၊ တချို့ကတော့ မိသားစုလုပ်ငန်းကို ဝိုင်းကူပေးနေကြပါတယ်။ ဒါပေမယ့် လူငယ်တိုင်းရဲ့ ရင်ထဲမှာ မေးခွန်းတစ်ခု ရှိနေတတ်ပါတယ် —

“ငါ ကိုယ်တိုင်ရော အသေးစားလုပ်ငန်းတစ်ခုခုကို အောင်အောင်မြင်မြင် စတင်နိုင်ပါ့မလား?”

N’SEN က ဒီမေးခွန်းအတွက် ခိုင်မာတဲ့ အဖြေတစ်ခုဖြစ်မယ့် Opportunity Pathway အစီအစဉ်ကို ဖန်တီးလိုက်ပါတယ်။

📚 အဆင့် (၁) – Training [48 Hours] (အခြေခံကို ကျောက်တိုင်လို ခိုင်မာစေဖို့)

အောင်မြင်တဲ့ အသေးစားနှင့် အငယ်စား လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ "မြန်မြန်အောင်မြင်ဖို့" ထက် "အခြေခံမှန်ဖို့" က ပိုအရေးကြီးပါတယ်။ ဒီသင်တန်းမှာ —

MSME System: ခေတ်သစ် MSME စနစ်ကို အခြေခံကစပြီး နားလည်စေရမယ်။ MSME အတွက် အရေးပါတဲ့ AI အသုံးချမှု။

Practical Finance: အရှုံးမရှိစေမယ့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု။

Hyper-Local Marketing: ကွတ်ခိုင်စျေးကွက်နဲ့ ကိုက်ညီမယ့် လက်တွေ့ကျကျ စျေးကွက်ထိုးဖောက်နည်း။

Digital Branding: စမတ်ဖုန်းတစ်လုံးနဲ့တင် ကိုယ့်လုပ်ငန်းကို Branding ကောင်းကောင်းထွက်အောင် (Photography & Short Video) ဖန်တီးနည်း။

🛠 အဆင့် (၂) – Internship [သီအိုရီမဟုတ်တဲ့ လက်တွေ့စစ်မြေပြင် - အလုပ်သင်ကာလ - ရက် (၉၀)]

သင်တန်းပြီးဆုံးတဲ့အခါ စည်းကမ်းတကျနဲ့ တာဝန်ယူမှု အပြည့်ရှိသူတွေကို N’SEN ရဲ့ Ready-to-Operate Micro Enterprises (၃) ခုမှာ လက်တွေ့ Internship ဆင်းခွင့်ပေးမှာပါ။ လုပ်ငန်းတစ်ခုစီမှာ ရက် (၃၀) ခန့် အလှည့်ကျ လေ့လာသင်ယူသွားရမယ့် စနစ်ဖြစ်ပါတယ်။

စာအုပ်ထဲက သင်ခန်းစာတွေမဟုတ်ဘဲ တကယ့် Customer (စားသုံးသူ / ဖောက်သည်) တွေနဲ့ ထိတွေ့ရမယ်။

တကယ့်ငွေကြေးကို စနစ်တကျ ကိုင်တွယ်ရမယ်။

ကြုံလာမယ့် အခက်အခဲတွေကို ကိုယ်တိုင်ဖြေရှင်းတတ်အောင် လေ့ကျင့်ပေးမယ်။

ဒီအဆင့်ဟာ သင့်ရဲ့ စိတ်ဓာတ် (Mindset) နဲ့ စည်းကမ်းတကျဖြစ်မှု (Discipline) ကို တကယ်စမ်းသပ်မယ့်ကာလ ဖြစ်ပါတယ်။

🌱 အဆင့် (၃) – Opportunity Pathway (ကိုယ်ပိုင်လမ်းကြောင်းသစ်)

Internship ကာလမှာ တာဝန်ယူမှုရှိတယ်၊ Finance & Marketing ကို ကျွမ်းကျင်တယ်၊ Teamwork ကောင်းပြီး ကိုယ်ကျင့်တရား (Integrity) ခိုင်မာတယ်ဆိုရင်— သင့်ရဲ့ ကိုယ်ပိုင် အငယ်စားလုပ်ငန်းတစ်ခု (Micro Enterprise) ကို စတင်နိုင်ဖို့ လုပ်ငန်းစတင်ပျိုးထောင်သူများအတွက် အရင်းအနှီးပံ့ပိုးမှု (Angel Investment) လမ်းကြောင်းကိုပါ ဖွင့်လှစ်ပေးသွားမှာပါ။

သတိပြုရန် - ဤအခွင့်အရေးသည် လူတိုင်းအတွက်မဟုတ်သလို၊ လွယ်လွယ်ကူကူရမည့် အာမခံချက်လည်းမဟုတ်ပါ။ အမှန်တကယ် ကြိုးစားပြင်ဆင်ထားသူများအတွက်သာ ရည်ရွယ်သည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။

🎯 ဘယ်သူတွေ တက်ရောက်သင့်သလဲ?

ဒီ Program ကို အဓိကအားဖြင့် အသက် ၁၈ မှ ၂၅ နှစ်အတွင်း လူငယ်များအတွက် ရည်ရွယ်ပါတယ်။ ဒီအရွယ်ဟာ လေ့လာသင်ယူမှု အားအကောင်းဆုံးနဲ့ လမ်းကြောင်းသစ်ကို ရဲရဲဝံ့ဝံ့ လျှောက်လှမ်းနိုင်တဲ့ အချိန်ဖြစ်လို့ပါ။

အသက် ၂၆ မှ ၂၈ နှစ်အတွင်း - အကယ်၍ သင်ဟာ စိတ်ဓာတ်ခိုင်မာပြီး စွန့်စားမှုကို လက်ခံနိုင်သူဖြစ်ပါက N’SEN အနေနဲ့ သင့်ကို ကြိုဆိုပါတယ်။

“သင်ယူခြင်း → လက်တွေ့လုပ်ဆောင်ခြင်း → ကိုယ်တိုင်ရပ်တည်နိုင်ခြင်း”

ဆိုတဲ့ လမ်းကြောင်းအတိုင်း လျှောက်လှမ်းပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ချင်သူတွေအတွက် N’SEN ရဲ့ တံခါးကို အမြဲဖွင့်လှစ်ထားပါတယ်။

📌 Registration Details ကို မနက်ဖန် ကြေညာပေးသွားပါမယ်။ စောင့်မျှော်ပေးကြပါဦး။



📢 ညနေပိုင်း အညာထမင်းကြော်နှင့် ဗမာ(အညာဒေသ)အထူးဟင်းလျာများအတွက် စားဖိုမှူး (၁) ဦး အမြန်အလိုရှိသည် 👨‍🍳🔥ကွတ်ခိုင်မြို့က ငါဒ...
11/02/2026

📢 ညနေပိုင်း အညာထမင်းကြော်နှင့် ဗမာ(အညာဒေသ)အထူးဟင်းလျာများအတွက် စားဖိုမှူး (၁) ဦး အမြန်အလိုရှိသည် 👨‍🍳🔥

ကွတ်ခိုင်မြို့က ငါဒို့ဆိုင် မီးဖိုချောင် မှာ ဒေသခံတွေရဲ့ အကြိုက်နဲ့ ထပ်တူကျမယ့် ဟင်းလျာတွေကို စေတနာပါပါ ချက်ပြုတ်ပေးဖို့ အဖွဲ့ဝင်အသစ်တစ်ယောက် ရှာနေတာပါ။

"ကျနော်တို့နဲ့အတူ လက်တွဲပြီး လုပ်ငန်းကို ရှေ့ဆက်တိုးချင်သူတွေကို ဖိတ်ခေါ်ပါတယ်" ✨
________________________________________

🍽️ အဓိက တာဝန်ယူရမယ့် ဟင်းလျာများ

 ဗမာ(အညာ)ရိုးရာ ထမင်းကြော်/ ထမင်းဆီဆမ်း။
 ဗမာ(အညာ)ရိုးရာ အထူးချက်ဟင်းလျာများ။
 မိသားစုတိုင်း နေ့စဉ်နှစ်သက်စွာစားသုံးကြတဲ့ အခြေခံဒေသစာများ။

✅ ဘယ်လိုလူမျိုးကို ရှာနေတာလဲ?

 ချက်ပြုတ်တဲ့အခါ လက်ရာမှန်ပြီး အရသာရှိအောင် ချက်နိုင်သူ။
 မီးဖိုချောင် စည်းကမ်းရှိပြီး သန့်ရှင်းမှုကို ဂရုစိုက်သူ။
 အလုပ်အပေါ် စိတ်ဝင်စားမှုရှိပြီး အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်နိုင်သူ။
 အသက် (၂၅) နှစ်မှ (၄၅) နှစ်အတွင်း (အမျိုးသမီးရော၊ အမျိုးသားပါ လျှောက်ထားနိုင်ပါတယ်)။

(ကချင်၊ ရှမ်း၊ ဗမာ၊ တရုတ် ရိုးရာအရသာတွေကို အနည်းဆုံး ၂ မျိုးခန့် နားလည်သူ သို့မဟုတ် ကွတ်ခိုင်မြို့ခံဆိုရင် ပိုဦးစားပေးပါမယ်။)
________________________________________

💚 ခံစားခွင့်နှင့် အကျိုးခံစားခွင့်များ

အစမ်းခန့်ကာလ (၃ လ) -

💵 အခြေခံလစာ - ၅ သိန်း မှ ၇ သိန်း ကျပ်အကြား (အတွေ့အကြုံနှင့် အရည်အချင်းပေါ် မူတည်ပြီး ညှိနှိုင်းပေးပါမယ်)။
💊 အခြေခံ ကျန်းမာရေးစရိတ် ထောက်ပံ့မှု (နှာစီး၊ ချောင်းဆိုး၊ သာမန်ဖျားနာ - လိုအပ်ပါက)။

အထူးခံစားခွင့်များ -

🏠 မီးဖိုချောင်အနီး အဆောင် စီစဉ်ထားရှိသည် (၂ ယောက် တစ်ခန်း)။ (ကွတ်ခိုင်မြို့ ခံမှလွဲ၍)
🍛 နေစားငြိမ်း။

အမြဲတမ်းဝန်ထမ်း ဖြစ်ပြီးနောက် -

💵 အခြေခံလစာ - ၇ သိန်း မှ ၁၀ သိန်း ကျပ်အကြား (အတွေ့အကြုံနှင့် အရည်အချင်းပေါ် မူတည်ပြီး ညှိနှိုင်းပေးပါမယ်)။
💵 အထူးဘောနပ်စ် - မျှော်မှန်းပွဲရေ အရောင်းပြည့်မီကျော်လွန်ပါက လစဉ်ခံစားရရှိမည့် အထူး ခံစားခွင့်။
💵 နှစ်ပြည့်ဘောနပ်စ် - လုပ်သက်ပြည့် ဘောနပ်စ် (နှစ်ကုန်နောက်ဆုံးလတွင် အခြေခံလစာအပေါ် မူတည်တွက်ချက်ပေးသည်)။
💊 အခြေခံ ကျန်းမာရေးစရိတ် ထောက်ပံ့မှု (နှာစီး၊ ချောင်းဆိုး၊ သာမန်ဖျားနာ - လိုအပ်ပါက)။
🏥 နှစ်စဉ် အခြေခံကျန်းမာရေးစစ်ဆေးခြင်း (၁) ကြိမ်။

အထူးခံစားခွင့်များ -

🏠 မီးဖိုချောင်အနီး အဆောင် စီစဉ်ထားရှိသည် (၂ ယောက် တစ်ခန်း)။ (ကွတ်ခိုင်မြို့ ခံမှလွဲ၍)
🍛 နေစားငြိမ်း။
________________________________________

📍 ဆက်သွယ် လျှောက်ထားရန်

အလုပ်ကို အမြန်ဆုံး စတင်နိုင်ရပါမယ်။ စိတ်ဝင်စားရင် အောက်ပါအတိုင်း ဆက်သွယ်လိုက်ပါ -

📧 CV ပေးပို့ရန် - [email protected]
📞 ဖုန်းဆက်ရန် - 09 262 306 348 (ရုံးချိန် ၉ နာရီ မှ ၄ နာရီအတွင်း)
📍 နေရာ - ကွတ်ခိုင်မြို့။

ဒီလုပ်ငန်းကို N'SEN MSMEs Management Centre ကနေ မိတ်ဆွေတချို့နဲ့ ပူးပေါင်းရင်းနှီးမြုပ်နှံထားပြီး၊ လုပ်ငန်းကိုလည်း စီမံခန့်ခွဲသွားမှာ ဖြစ်ပါတယ်။






📢 ဟင်းချက်ဝါသနာပါပြီး လူနာများအတွက် စေတနာထားတတ်တဲ့ စားဖိုမှူး (၁) ဦး အမြန်အလိုရှိသည်။ 👩‍🍳🍲"ကျနော်တို့က ဝန်ထမ်း/အလုပ်သမား...
11/02/2026

📢 ဟင်းချက်ဝါသနာပါပြီး လူနာများအတွက် စေတနာထားတတ်တဲ့ စားဖိုမှူး (၁) ဦး အမြန်အလိုရှိသည်။ 👩‍🍳🍲

"ကျနော်တို့က ဝန်ထမ်း/အလုပ်သမားကိုပဲ ရှာနေတာမဟုတ်ပါဘူး၊ နှလုံးသားနဲ့ အလုပ်လုပ်မယ့် စားဖိုမှူး (၁) ဦးကို ရှာနေတာပါ။"

လူနာများအတွက် အဓိကထားပြီး အာဟာရလည်းဖြစ်၊ စားလို့လည်းကောင်းတဲ့ ဟင်းလျာတွေကို မေတ္တာအပြည့်နဲ့ ချက်ပြုတ်ပေးဖို့ ငါဒို့ဆိုင် မီးဖိုချောင် (ကွတ်ခိုင်မြို့) ကနေ အဖွဲ့ဝင်အသစ်ကို ဖိတ်ခေါ်လိုက်တာပါ။ ✨
________________________________________

💚 ဘယ်လိုလူမျိုးကို ရှာနေတာလဲ?

✅ ဟင်းချက်နည်းစာအုပ်အတိုင်းတင်မဟုတ်ဘဲ စားသုံးမယ့်လူနာများ အတွက် စေတနာရှေ့ထား ချက်ပြုတ်ပေးနိုင်သူ။
✅ အိမ်ချက်လက်ရာ အရသာရှိရှိနဲ့ အာဟာရဖြစ်အောင် ချက်နိုင်သူ။
✅ စိတ်ရှည်သည်းခံပြီး တာဝန်ယူမှုရှိသူ။
✅ အသက် (၂၅) နှစ်ကနေ (၄၅) နှစ်အတွင်း ရှိသူ။

(ရှမ်းမြောက်ဒေသခံဖြစ်ပြီး ရှမ်း၊ ကချင်၊ တရုတ်၊ ဗမာ ရိုးရာဟင်းလျာတွေ အနည်းဆုံး ၂ မျိုးလောက် ကျွမ်းကျင်ရင် ပိုဦးစားပေးမှာနော်။ အမျိုးသမီးရော အမျိုးသားပါ လျှောက်ထားနိုင်ပါတယ်။)
________________________________________

💰 ရရှိမယ့် ခံစားခွင့်များ

အစမ်းခန့်ကာလ (၃ လ) –

💵 အခြေခံလစာ - ၅ သိန်း မှ ၇ သိန်း ကျပ်အကြား (ကျွမ်းကျင်မှုအပေါ်မူတည်ပါမည်)။
💊 အခြေခံ ကျန်းမာရေးစရိတ် ထောက်ပံ့မှု (နှာစီး၊ ချောင်းဆိုး၊ သာမန်ဖျားနာ - လိုအပ်ပါက)။

အထူးခံစားခွင့်များ -

🏠 မီးဖိုချောင်အနီး အဆောင် စီစဉ်ထားရှိသည် (၂ ယောက် တစ်ခန်း)။ (ကွတ်ခိုင်မြို့ ခံမှလွဲ၍)
🍛 နေစားငြိမ်း။ (နံနက်ခင်းစာ မပါဝင်ပါ)

အမြဲတမ်းဝန်ထမ်း ဖြစ်ပြီးနောက် -

💵 အခြေခံလစာ - ၇ သိန်း မှ ၁၀ သိန်း ကျပ်အကြား (ကျွမ်းကျင်မှုအပေါ်မူတည်ပါမည်)။
💵 အထူးဘောနပ်စ် - မျှော်မှန်းပွဲရေ အရောင်းပြည့်မီကျော်လွန်ပါက လစဉ်ခံစားရရှိမည့် အထူးခံစားခွင့်။
💵 နှစ်ပြည့်ဘောနပ်စ် - လုပ်သက်ပြည့် ဘောနပ်စ် (နှစ်ကုန်နောက်ဆုံးလတွင် အခြေခံလစာအပေါ် မူတည်တွက်ချက်ပေးသည်)။
💊 အခြေခံ ကျန်းမာရေးစရိတ် ထောက်ပံ့မှု (နှာစီး၊ ချောင်းဆိုး၊ သာမန်ဖျားနာ - လိုအပ်ပါက)။
🏥 နှစ်စဉ် အခြေခံကျန်းမာရေးစစ်ဆေးခြင်း (၁) ကြိမ်။

အထူးခံစားခွင့်များ -

🏠 မီးဖိုချောင်အနီး အဆောင် စီစဉ်ထားရှိသည် (၂ ယောက် တစ်ခန်း)။ (ကွတ်ခိုင်မြို့ ခံမှလွဲ၍)
🍛 နေစားငြိမ်း။
________________________________________

📍 လျှောက်ထားရန် နည်းလမ်း

အလုပ်ကို အမြန်ဆုံး စတင်နိုင်ရပါမယ်။ စိတ်ဝင်စားရင် အောက်ပါအတိုင်း ဆက်သွယ်လိုက်ပါ -

📧 CV ပေးပို့ရန် - [email protected]
📞 ဖုန်းဆက်ရန် - 09 262 306 348 (ရုံးချိန် ၉ နာရီ မှ ၄ နာရီအတွင်း)
📍 နေရာ - ကွတ်ခိုင်မြို့။

ဒီလုပ်ငန်းကို N'SEN MSMEs Management Centre ကနေ မိတ်ဆွေတချို့နဲ့ပူးပေါင်းရင်းနှီးမြုပ်နှံထားပြီး၊ လုပ်ငန်းကိုလည်း စီမံခန့်ခွဲသွားမှာ ဖြစ်ပါတယ်။






📣 Post 3 | ဒီ Program က လူတိုင်းအတွက် မဟုတ်ပါဘူး။ကွတ်ခိုင်မှာလူငယ်တချို့ အခွင့်အရေး မရတာက စိတ်ခွန်အား သို့မဟုတ် ကိုယ့်ကိ...
09/02/2026

📣 Post 3 | ဒီ Program က လူတိုင်းအတွက် မဟုတ်ပါဘူး။

ကွတ်ခိုင်မှာ
လူငယ်တချို့ အခွင့်အရေး မရတာက စိတ်ခွန်အား သို့မဟုတ် ကိုယ့်ကိုယ်ကိုယုံကြည်မှု မရှိလို့ မဟုတ်ပါဘူး။

ဒါပေမယ့်—
အခွင့်အရေးကို ကိုင်တွယ်နိုင်တဲ့ "အရည်အချင်း၊ စည်းစနစ်တကျရှိမှုနဲ့ မျှော်မှန်းထားတဲ့ ဘဝအတွက် အဆင်သင့်ဖြစ်မနေရင်၊ မကိုက်ညီရင်" အခွင့်အရေးက ရေရှည် မတည်မြဲပါဘူး။

ဒါကြောင့်
N’SEN MSMEs Management Centre ရဲ့ Training Program က
လူတိုင်းအတွက် မဟုတ်ပါဘူး။
________________________________________

🎯 အသက်အရွယ် သတ်မှတ်ချက်

ဒီ Program ရဲ့ အဓိက Target Group က—
👉 အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း လူငယ်များ ဖြစ်ပါတယ်။

ဒီအသက်အရွယ်ဟာ—
# မိမိရွေးချယ်ထားဖြစ်တဲ့ လမ်းကြောင်းကို ပြန်ချိန်ညှိနိုင်သေးတဲ့အချိန်
# အသစ်သောစည်းစနစ်များကို ပုံသွင်းယူနိုင်သေးတဲ့အချိန်
# မတူညီတဲ့ လုပ်ငန်းခွင်ရဲ့ ပတ်ဝန်းကျင်အသစ်မှာ လက်တွေ့အလုပ်သင် (Internship) ကာလများကို
အပြည့်အဝ သင်ယူသွားနိုင်ဖို့ ခံနိုင်ရည်ရှိနေသေးတဲ့အချိန်ဘဲ ဖြစ်ပါတယ်။
________________________________________

❌ ဒီ Program ကို လျှောက်မယ့်အခါ သေချာစဉ်းစားသင့်တဲ့သူတွေ

@ အသက် ၂၆ နှစ်ကျော် ဖြစ်ပြီး လက်ရှိ အလုပ်၊ ရွေးချယ်ထားပြီးဖြစ်တဲ့ဘဝလမ်းကြောင်း၊ မိသားစုတာဝန်တွေကို ပြောင်းလဲဖို့ အချိန်နဲ့ စိတ်ဓာတ် မပြင်ဆင်ရသေးသူများ

**အသက် ၂၆ နှစ်ကျော်လာတဲ့အခါ လူအများစုဟာ သူတို့ရဲ့ ဘဝလမ်းကြောင်းတစ်ခုကို အလုပ်၊ ဝင်ငွေ၊ မိသားစုဝင်တွေနဲ့အတူ အသားကျပြီးသား ဖြစ်နေကြပါပြီ။

***ဒီအချိန်မှာ လမ်းကြောင်းအသစ်တစ်ခု ပြောင်းဖို့ဆိုတာ
အခွင့်အရေးတစ်ခုမဟုတ်ဘဲ "မမျှော်မှန်းထားဖြစ်တဲ့အန္တရာယ်တစ်ခု"လည်း ဖြစ်နိုင်ပါတယ်။
________________________________________

✅ ဒါပေမယ့်…

အသက် ၂၆ - ၃၀ အတွင်းမှာ—ကိုယ့်ကိုယ်ကိုယ် ပြန်လည်စဉ်းစားပြီး

*အချိန်ပေးနိုင်မယ်
*စည်းစနစ်အသစ်များကိုလိုက်နာနိုင်မယ်
*Internship ကာလကို တကယ် ဖြတ်သန်းနိုင်မယ်
*လက်ရှိ လမ်းကြောင်းကို ပြောင်းဖို့
အန္တရာယ်ဒီဂရီ အနိမ့်အမြင့်ကို နားလည်သိမြင်ပြီး လက်ခံနိုင်မယ်
ဆိုရင်—

N’SEN က သင့်ကို မပိတ်ပင်ထားပါဘူး။ နွေးထွေးစွာ ကြိုဆိုပါတယ်။

ဒါပေမယ့် ဒီဆုံးဖြတ်ချက်ဟာ "ပေါ့ပေါ့ဆဆ မဖြစ်သင့်"ပါဘူး။
________________________________________

🧠 N’SEN ရဲ့ အမြင်

လူငယ်တစ်ယောက်ကို အောင်မြင်တဲ့လမ်းကြောင်းအပေါ်ရောက်နေစေတဲ့အရာက—

 ဉာဏ်ပညာ တစ်ခုတည်း မဟုတ်ပါဘူး
 နည်းစနစ် သို့မဟုတ် နည်းပညာ ကျွမ်းကျင်မှုတစ်ခုတည်း မဟုတ်ပါဘူး

"စည်းကမ်းတကျရှိမှု + လက်တွေ့ လုပ်ဆောင်ခြင်း + တာဝန်ယူနိုင်မှု"
ဒီသုံးခု ပေါင်းမှသာ ရေရှည် အလုပ်ဖြစ်နိုင်ပါတယ်။

N’SEN က အဲဒီအရာတွေကို ကြီးကြပ်လေ့ကျင့်ပေးမယ့် နေရာပါ။
________________________________________

“အခွင့်အရေးဆိုတာ လိုချင်သူတိုင်း မရပါဘူး။
အမှန်တကယ် ကိုင်တွယ်နိုင်သူပဲ ရပါတယ်။”

📌 N’SEN MSMEs Training Program

သည်ညနေပိုင်းမှာ—

 အလုပ်သင်မှတစ်ဆင့် အသက်မွေးဝမ်းကျောင်း လမ်းကြောင်း (Internship Pathway)

 ရရှိနိုင်မည့် အခွင့်အလမ်းများအား အသေးစိတ် ဖော်ပြချက် (Opportunity Details) ကို ဆက်လက် မျှဝေသွားပါမယ်။

#ဒီprogramကလူတိုင်းအတွက်မဟုတ်ပါဘူး။

The Mentors & The Curriculum“ဘာကို သင်မလဲ — ဘယ်သူတွေ သင်မလဲ”________________________________________ကွတ်ခိုင်မှာအသေးစားန...
08/02/2026

The Mentors & The Curriculum
“ဘာကို သင်မလဲ — ဘယ်သူတွေ သင်မလဲ”
________________________________________

ကွတ်ခိုင်မှာ
အသေးစားနဲ့ အငယ်စားလုပ်ငန်းတစ်ခုခုစတင်ဖို့ အခက်အခဲဖြစ်တာက
ငွေကြေး သို့မဟုတ် နည်းပညာမရှိလို့ မဟုတ်ပါဘူး။

"အခြေခံ စနစ်ကို နားမလည်သေးလို့ပါ။"

ဒါကြောင့် N’SEN MSMEs Management Centre မှာ
အရင်ဆုံး သင်ပေးမယ့်အရာက—

"အသေးစားနဲ့ အငယ်စားလုပ်ငန်းတစ်ခုကို အစကနေ ဘယ်လို ရပ်တည်မလဲ"

ဆိုတဲ့ အခြေခံအချက်တွေပါပဲ။
________________________________________

👥 ဘယ်သူတွေက သင်ပေးမှာလဲ?

N’SEN မှာ သင်ပေးမယ့်သူတွေက—

• အသေးစားနှင့် အငယ်စားလုပ်ငန်းများကို ကိုယ်တိုင် စတင်ပြီး ဆုံးရှုံးဖူး၊ ပြန်ထူထောင်ဖူး၊ ထိန်းသိမ်းခဲ့ဖူး၊ လက်ရှိလည်းလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေ

• ငွေကို မှန်မှန်ကန်ကန် မကိုင်ရင် ဘာဖြစ်တတ်လဲ သိတဲ့ Finance Professionals အတွေ့အကြုံရှိသူတွေ

• ကွတ်ခိုင်လို စျေးကွက်မှာ ဖောက်သည်ကို ဘယ်လို ဆက်ဆံရမလဲ သိတဲ့ Marketing လက်တွေ့သမားတွေ

စကားကိုဘဲလှအောင်ပြောတတ်သူများ မဟုတ်ပါဘူး။
လက်တွေ့လုပ်ဖူးပြီး သင်ပေးနိုင်တဲ့သူတွေပါ။
________________________________________

📚 Curriculum – 4 Major Pillars (Sneak Peek)

① Essential MSMEs Start-up Management (အရေးအကြီးဆုံး)

* MSME ဆိုတာ ဘာလဲ
* အလုပ်သမားဖြစ်တာနဲ့ လုပ်ငန်းရှင်ဖြစ်တာ ဘာကွာလဲ
* လုပ်ငန်းတစ်ခုရဲ့ နေ့စဉ်စနစ် (Open → Serve → Close)
* စည်းကမ်းမရှိရင် ဘာကြောင့် မရပ်တည်နိုင်လဲ

📌 ဒီအပိုင်းက အခြေခံအုတ်မြစ်ပါ။
📌 နားမလည်ရင် နောက်အပိုင်းတွေ မလုပ်နိုင်ပါဘူး။
________________________________________

② Finance for MSMEs (မရှုံးအောင် သင်ပေးမယ်)

 ငွေဝင် / ငွေထွက် ကို နေ့တိုင်း မှတ်နည်း
 ကိုယ်ပိုင်ငွေနဲ့ လုပ်ငန်းငွေ ခွဲထားရတဲ့ အကြောင်းရင်း
 ရောင်းရလည်း ဘာလို့ အမြတ်မကျန်တာလဲ
 အသေးစား လုပ်ငန်းတွေအတွက် သင့်တော်တဲ့ စျေးနှုန်း စဉ်းစားနည်း

📌 Finance ကို ကြောက်စရာမဖြစ်အောင် လက်တွေ့နဲ့ သင်ပေးမယ်။
________________________________________

③ Marketing for MSMEs (Localized) (ကွတ်ခိုင်အတွက်ပဲ)

 Ad မထည့်ဘဲ ဖောက်သည်ရတဲ့ နည်းလမ်း
 Word-of-mouth ကို စနစ်တကျ သုံးနည်း
 လူတွေ မပြောပေမယ့် စဉ်းစားနေတဲ့ “Pain” တွေ
 Trend မလိုက်ဘဲ ဒေသနဲ့ ကိုက်ညီအောင် လုပ်နည်း

📌 Yangon marketing မသင်ပါဘူး။
📌 ကွတ်ခိုင်အလုပ်ဖြစ်တာကိုပဲ သင်မယ်။
________________________________________

④ The Art of Photography & Short Video
(ယနေ့ MSME တွေအတွက် မဖြစ်မနေလိုအပ်)

 ဖုန်းနဲ့ ပုံကောင်း ဘယ်လို ရိုက်မလဲ
 အလင်း၊ အရောင်၊ အမြင် ဘယ်လို သုံးမလဲ
 Short video clip ရိုက်နည်း
 Edit လုပ်နည်း (အလွန်ရိုးရှင်း)
 Caption / Script ကို လူဖတ်ချင်အောင် ဘယ်လိုရေးမလဲ

📌 Camera မလိုပါဘူး — ဖုန်းနဲ့ပဲ လုပ်မယ်။
📌 ကိုယ့်လုပ်ငန်းကို ကိုယ်တိုင် ပြနိုင်ဖို့ သင်ပေးမယ်။
________________________________________

🤖 AI ကို ဘယ်လောက်အတိုင်းအတာထိ သင်မလဲ?
AI ကို အဓိကဘာသာရပ်အဖြစ် မသင်ပါဘူး။

N’SEN မှာ AI ကို—
• ယနေ့ MSME တွေအတွက် အကူအညီပေးတဲ့ ကိရိယာ အဖြစ်
• အခြေခံအသုံးချနည်း (Writing, Idea, Reply)
• Ethical issue (ဘာတွေ မသုံးသင့်လဲ)

📌 စုစုပေါင်း သင်ချိန်ရဲ့ ~10–15% ပဲ သုံးမယ်
📌 AI ကို မကြွားဘူး — အသုံးချတတ်ဖို့ပဲ သင်မယ်
________________________________________

“နည်းပညာက အထောက်အကူပဲ ဖြစ်ပါတယ်။

အလုပ်ဖြစ်တာက စနစ်နဲ့ စည်းကမ်းတကျရှိမှုပါ။”

📌 N’SEN MSMEs Training Program
အသေးစိတ်အချက်အလက်များကို မကြာခင် ဆက်လက် ကြေညာသွားပါမယ်။


***ကွတ်ခိုင်မြို့ရဲ့ အနာဂတ်ဒေါက်တိုင်တစ်ခုကို ကိုယ်တိုင် ဖန်တီးချင်တဲ့ လူငယ်များအတွက်…***လွန်ခဲ့တဲ့ (၄) နှစ်, ၂၀၂၂ ခုနှစ...
07/02/2026

***ကွတ်ခိုင်မြို့ရဲ့ အနာဂတ်ဒေါက်တိုင်တစ်ခုကို ကိုယ်တိုင် ဖန်တီးချင်တဲ့ လူငယ်များအတွက်…***

လွန်ခဲ့တဲ့ (၄) နှစ်, ၂၀၂၂ ခုနှစ်လယ်ခန့်၊ ကျနော်တို့ SHINGRA Healthcare ကို ကွတ်ခိုင်မှာ စတင်ခဲ့တုန်းက လူအတော်များများ မေးခဲ့ ကြတဲ့ မေးခွန်းတစ်ခုရှိပါတယ်။

“ကွတ်ခိုင်လို နေရာမျိုးမှာ စနစ်တကျစီမံခန့် ခွဲရတဲ့ လုပ်ငန်းမျိုး လုပ်လို့ရပါ့မလား…?”

လက်တွေ့အလုပ်က မလွယ်ကူခဲ့ပါဘူး။ တခြားအသေးစားနဲ့ အငယ်စားစွန့် ဦးလုပ်ငန်းတွေလိုဘဲ အခက်အခဲတွေ၊ အကျပ်အတည်းတွေ၊ မယုံကြည်မှုတွေကို အဆင့်ဆင့် ဖြတ်ကျော်ခဲ့ကြရတာပါ။

ဒါပေမယ့် “စနစ်ရှိရင်၊ စည်းကမ်းတကျရှိရင်၊ မှန်ကန်တဲ့လူ့ စွမ်းအားအရင်းအမြစ်ရှိရင် ကွတ်ခိုင်မှာလည်း အလုပ်ဖြစ်နိုင်တယ်” ဆိုတာကို ကျနော်တို့ သက်သေပြနိုင်ခဲ့ပါတယ်။

အခုတော့ အဲဒီ အတွေ့အကြုံတွေကို ကွတ်ခိုင်က လူငယ်တွေ လက်ထဲကို တိုက်ရိုက် လက်ဆင့်ကမ်းလို့ရမယ် အချိန်အခိုက်အတန့်တစ်ခုကို ရောက်နေပါပြီ။ ကျနော်တို့လို သုညကနေစဖို့ မလိုတော့ဘူးပေါ့ဗျာ။

ဒါကြောင့် N’SEN MSMEs Management Centre ကို ပညာပြည့်ဝပြီး နှလုံးသားလှကြသော မိတ်ဆွေတချို့နဲ့ စတင်ဖြစ်လိုက်တာပါ။
________________________________________
N’SEN က သင်ပေးမယ့်အရာက
စာသင်ခန်းထဲက သီအိုရီတွေ၊ စကားလုံးတွေသက်သက် မဟုတ်ပါဘူး။

✔ MSME တစ်ခုကို လက်တွေ့ ဘယ်လိုစတင်မလဲ
✔ ငွေကို ဘယ်လို ထိန်းမလဲ
✔ ဈေးကွက်နဲ့ အမှတ်တံဆိပ် ဘယ်လိုထိုးဖောက်တည်ဆောက်မလဲ၊ ဖောက်သည်ကို ဘယ်လို ဆက်ဆံမလဲ
✔ အလုပ်ကို စည်းကမ်းတကျနဲ့ ဘယ်လိုလုပ်မလဲ

အဲဒီအရာတွေကို ကွတ်ခိုင်ရဲ့ လက်ရှိစျေးကွက်၊
ကွတ်ခိုင်ရဲ့ အရှိပကတိတရားနဲ့ပဲ လေ့လာရပါမယ်။
________________________________________
ဒီအစီအစဥ◌်က သင်တန်းတစ်ခုထဲတင် မဟုတ်ပါဘူး။

✔ သင်ယူရမယ့် စနစ်တစ်ခု
✔ အသေးစားနဲ့ အငယ်စား လုပ်ငန်းတစ်ခုကိုစလုပ်နိုင်အောင် ပြင်ဆင်ပေးမယ့် လမ်းကြောင်းတစ်ခု
✔ ကိုယ်တိုင် တာဝန်ယူရမယ့် စည်းကမ်းတကျဖြစ်မှု တို့ပါ။

ပါဝင်ချင်ရင် တကယ် လေ့လာချင်စိတ်ရှိဖို့ လိုပါတယ်။
________________________________________

“အချိန်ကောင်းကို မစောင့်ပါဘူး။ အခုအချိန်ကိုပဲ အကောင်းဆုံးအချိန်အဖြစ်ကိုယ်တိုင် ဖန်တီးမယ်။”

📌 N’SEN Essential MSMEs Training Program

အသေးစိတ်အချက်အလက်များကို မနက်ဖန် ထပ်မံ ကြေညာသွားပါမယ်။

'$enMSMEsManagementCentre

&Mindset
,MMSL,Northern Shan.

25/12/2025
“If survival isn’t enough for you anymore — what are you building next in 2026?”"ရုန်းကန်ရှင်သန်နေရရုံနဲ့ မကျေနပ်နိုင်တေ...
25/12/2025

“If survival isn’t enough for you anymore — what are you building next in 2026?”
"ရုန်းကန်ရှင်သန်နေရရုံနဲ့ မကျေနပ်နိုင်တော့ဘူးဆိုရင်... ၂၀၂၆ မှာလှမ်းသွားမယ့် မင်းရဲ့ နောက်ထပ်ခြေလှမ်းက ဘာဖြစ်မလဲ?"

If you are a youth (between 20 - 28) from Kutkai or Northern Shan…
If you want more than just survival…

N’SEN is for you.

Empower.
Invest.
Transform.

Localized MSME Bootcamp — Coming Soon in 2026.

[Designed with real local market data and hands-on learning,
with 3–5 MSME businesses launching alongside the program.]
[ဒီအစီအစဉ်ကို ‌ဒေသဈေးကွက်ရဲ့ တကယ့်အချက်အလက်တွေ၊ လက်တွေ့သင်ကြားမှုတွေနဲ့ ပုံဖော်ထားတာဖြစ်ပြီး၊ အစီအစဉ်နဲ့အတူ အသေးစားစီးပွားရေးလုပ်ငန်း ၃ ခုကနေ ၅ ခုအထိ တိုက်ရိုက်စတင် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။]

N’SEN MSME Center
Empower • Invest • Transform
📍 Kutkai | Northern Shan Region

Address

Byuhar Street
Kutkai
06373

Website

Alerts

Be the first to know and let us send you an email when N'SEN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share