24/01/2026
Air Filter ကို နောက်ဆုံးဘယ်တုန်းက စစ်ဆေးခဲ့တာလဲ ….
အင်ဂျင်လည်ပတ်ဖို့ဆိုရင် လေနဲ့ လောင်စာဆီတို့ အချိုးကျရောစပ်ပြီး မီးလောင်ပေါက်ကွဲရတာပါ။ အင်ဂျင်ထဲမှာ လောင်စာဆီတွေ ကောင်းကောင်း လောင်ကျွမ်းဖို့အတွက် သန့်ရှင်းတဲ့လေကို ရရှိဖို့လိုအပ်ပါတယ်။
ပြင်ပကနေ ဝင်လာတဲ့ လေတွေ သန့်ရှင်းစေဖို့နဲ့ ဖုန်မှုန့်၊ အမှုန်အမွှားတွေ အင်ဂျင်အတွင်းထဲကို မဝင်စေဖို့အတွက်ကိုတော့ Air Filter က အဓိက စစ်ထုတ်ပေးတာပါ။ ဒါကြောင့် အချိန်ကြာလာတာနဲ့ အမျှ Air Filter မှာ အညစ်အကြေးတွေ ပိတ်ဆို့လာတဲ့အပြင် အင်ဂျင်ထဲကိုလည်း လေအလုံအလောက်မဝင်တော့ဘဲ လောင်စာဆီအချိုးက ပိုများနေပါလိမ့်မယ်။
ဒီလိုမျိုး ဖြစ်လာပြီဆိုရင်တော့
- ဆီပိုစားလာခြင်း
- အင်ဂျင်စွမ်းဆောင်ရည်ကျခြင်းနဲ့
- Spark Plug တွေကိုပါ ပျက်စီးစေနိုင်ပါတယ်။
ဒါကြောင့် လူကြီးမင်းတို့အနေနဲ့ Air Filterကို ကီလို ၃၀၀၀၀ ဝန်းကျင်လောက်ရောက်တိုင်း ပုံမှန်စစ်ဆေး လဲလှယ်ပေးသင့်ပါတယ်။ ဖုန်ထူတဲ့ ပတ်ဝန်းကျင်မှာ မောင်းနှင်နေရတယ်ဆိုရင်တော့ ကီလို ၅၀၀၀ လောက်ရောက်တိုင်း စစ်ဆေး သန့်ရှင်းရေးလုပ်ပြီး လိုအပ်ပါက လဲလှယ်သင့်ပါတယ်။
ပုံမှန်စစ်ဆေး လဲလှယ်တာတွေ လုပ်ဆောင်နိုင်ဖို့အတွက် လူကြီးမင်းတို့နဲ့အနီးစပ်ဆုံး Suzuki Authorized Service Center တွေရဲ့ လိပ်စာတွေကို အောက်ပါ Website Link လေးမှ တစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://suzukimyanmar.com/suzuki/dealer