သပြေမြိုင် - မြေပဲဆီသန့်

သပြေမြိုင် - မြေပဲဆီသန့် မြေပဲဆီ စစ်စစ်ကို ယုံကြည်စိတ်ချစွာ ?

မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ပါစေ ညီမလေး
07/11/2022

မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ပါစေ ညီမလေး

🥜 မြေပဲဆီစစ်စစ် ဖြစ်ကြောင်း အထူးအာမခံပါတယ်နော်😊😊💯 ရာနှုန်းပြည့် အနံ့ အရသာ အရောင် 👍🏿 အာမခံပါတယ်သပြေမြိုင်သဘာ၀မြေပဲဆီသန့်က...
30/10/2021

🥜 မြေပဲဆီစစ်စစ် ဖြစ်ကြောင်း အထူးအာမခံပါတယ်နော်😊😊
💯 ရာနှုန်းပြည့် အနံ့ အရသာ အရောင်
👍🏿 အာမခံပါတယ်

သပြေမြိုင်
သဘာ၀မြေပဲဆီသန့်ကို
စိတ်ချယုံကြည်စွာ
သုံးစွဲလိုက်ပါ ...

🔶 ၁ ပိဿာ ၁၀၀၀၀ ကျပ်
🔶 ၁၀ ပိဿာ ၉၆၀၀၀ကျပ်
ဆက်သွယ်ရန် - 09250764454

တတ်နိုင်သလောက် လှူဖြစ်ခဲ့တယ်https://www.facebook.com/107329441186285/posts/290803999505494/
15/07/2021

တတ်နိုင်သလောက် လှူဖြစ်ခဲ့တယ်
https://www.facebook.com/107329441186285/posts/290803999505494/

ရခိုင်ပြည်နယ် ကျောက်ဖြူဆေးရုံကြီး Covid ICU အတွက် HFNC ဝယ်ရန် ကျွန်တော်တို့ သူငယ်ချင်းများဆုံစည်းရာ မှတဆင့်အလှူရှင် သပြေမြိုင် မြေပဲဆီသန့်မိသားစု မှ အလှူငွေ ၁ သောင်း ကျပ် ကိုပါဝင်လှူဒါန်းလာခဲ့ပါတယ်

ခုလိုလိုအပ်တဲ့နေရာတွေမှာ သူငယ်ချင်းများဆုံစည်းရာ အသင်းနဲ့အတူ တတပ်တအားပါဝင်လှူဒါန်းပေးပါသော အလှူရှင်မိသားစုကို ကျေးဇူးအထူးပင်တင်ရှိပါတယ် စိတ်ချမ်းသာကိုယ်ကျန်းမာ၍ လိုအင်ဆန္ဒပြည့်ဝကြပါစေ ကိုဗစ်အန္တရာယ်ကလဲကင်းဝေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် 🙏

🙏 အလှူပေးသူကိုယ်စိတ်နှစ်မူ ကျန်းမာချမ်းသာကြပါစေ။




😈မီးဖိုချောင်ထဲက "မရဏမင်း (ခ) သေမင်း"😈👩‍🍳ကျွန်မတို့ မီးဖိုချောင်ထဲမှာ နေ့စဉ်အသုံးပြုနေတဲ့အရာ တွေထဲမှာ စားသုံးဆီကလည်း တစ်...
04/07/2021

😈မီးဖိုချောင်ထဲက "မရဏမင်း (ခ) သေမင်း"😈

👩‍🍳ကျွန်မတို့ မီးဖိုချောင်ထဲမှာ နေ့စဉ်အသုံးပြုနေတဲ့အရာ တွေထဲမှာ စားသုံးဆီကလည်း တစ်ခုအပါအ၀င်ပဲ ဖြစ်ပါတယ်။ အိမ်ရှင်မတွေရဲ့ နေ့စဉ်ချက်ပြုတ်မှုမှာ မပါမဖြစ်ပါရတဲ့ စားသုံးဆီဟာ ကျန်းမာရေးအတွက် စိတ်ချယုံကြည်ရပြီး သန့်ရှင်းလတ်ဆတ်ဖို့လည်း လိုအပ်ပါတယ်။

🍯စျေးသက်သာတဲ့ဆီ၊ အရည်အသွေးမပြည့်မှီတဲ့ ရောနှောဆီနဲ့ စားအုန်းဆီတွေ စားသုံးမှုတွေကြောင့် ကျွန်မတို့ မြန်မာနိုင်ငံမှာ အသက် (၄၅)နှစ် နောက်ပိုင်း လောက်ဆိုရင်...

⛔ သွေးတိုး၊ ဆီးချို၊ လေဖြတ် ရောဂါများ၊
⛔ နှလုံးသွေးကြောကျဉ်း ရောဂါ၊
⛔ ကင်ဆာရောဂါများ၊
⛔ အစာအိမ်၊ အူမကြီးဆိုင်ရာရောဂါများ၊
⛔ကျောက်ကပ်ရောဂါ၊
⛔အယ်ဇိုင်းမားရောဂါနှင့်
တစ်ခြားသောရောဂါများ ယခင်ကထက် ပိုမိုအဖြစ်များ လာကြတာကိုတွေ့ရပါတယ်။

♦️ရောနှောဆီနဲ့ မသန့်တဲ့ဆီတွေကိုစားမိရင် အသက်ငယ်ရွယ်တုန်းမှာ မသိသာပေမယ့် အသက်ကြီးလာတာနဲ့အမျှ ကျန်းမာရေးအခြေအနေတွေ ဆိုးရွားလာမှာဖြစ်ပါတယ်။

🥜မြေပဲဆီသန့်စစ်စစ်ကိုသာ ရေရှည်စားသုံးပါက🥜

(၁) နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေကို ကာကွယ်ပေး ပါတယ်။
(၂) ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးပါတယ်။
(၃) ကိုယ်ခံအားကိုလည်းမြင့်တက်စေပါတယ်။
(၄) သွေးတွင်းအဆီပါ၀င်မှု ကိုလက်စထရောကို လျှော့ကျစေပါတယ်။
(၅)သွေးဖိအားကိုထိန်းညှိုပေးနိုင်ပြီး သွေးတိုးရောဂါကို လည်း ကာကွယ်ပေးပါတယ်။
(၆) Vitamin E ပါလို့ အသားအရည်ကိုတင်းရင်း လှပစေပါတယ်။
(၇) အသက်ကြီးပိုင်းတွေမှာဖြစ်လေ့ရှိတဲ့ မှတ်ဉာဏ် အားနည်းတတ်တဲ့ အယ်ဇိုင်းမားရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

♦️ဒါ့အပြင် သဘာဝမြေပဲဆီစစ်စစ်မှာတော့ အိုမီဂါ 6, အိုမီဂါ 9 နဲ့ ဗီတာမင် E ဓာတ် ကြွယ်၀စွာပါ၀င်တဲ့အပြင် Monounsaturated နဲ့ Polyunsaturated Fat တွေလည်းပါ၀င်တာကြောင့် နှလုံးနဲ့ပတ်သက်တဲ့ ရောဂါဖြစ်ပွားနိုင်ခြေကို ၄၀%အထိလျှော့ချပေးပြီး သွေးတွင်းအဆီဓာတ် နဲ့ သကြားဓာတ်တွေကိုလည်း ထိန်းညှိုပေးတဲ့အတွက် ဆီးချိုသမားတွေအတွက်လည်း အထူးသင့်လျော်ပါတယ်။

♦️ဒါကြောင့် မိသားစုဘ၀မှာ အသက်ရှည်ပြီး ကျန်းမာဖို့ အတွက်ဆိုရင် နေ့စဉ်စားသုံးနေတဲ့ စားသုံးဆီတွေကို လည်း ဂရုစိုက်ပြီး ရွေးချယ်အသုံးပြုတတ်ဖို့ အထူးပင် လိုအပ်ပါကြောင်း မိဘပြည်သူများကိုစေတနာ ရှေ့ထားပြီး ရေးသားတင်ပြလိုက်ရပါတယ်ရှင့်။😊

♦️ဒီဆောင်းပါးလေးက အားလုံးအတွက်အကျိုးရှိ စေမယ်လို့ထင်ရင်လည်း တစ်ခြားသူတွေပါသိသွား အောင်လို့ Like & Share လေးလုပ်ပေးသွား ပါအုံးနော်...👍

♦️နောက်ထပ်အခုလိုမျိုး ကျန်းမာရေးဆိုင်ရာဗဟုသုတ တွေကိုဖတ်ချင်တယ် ဆိုရင်တော့ ရွှေအိုးကြီး Page လေးကိုလည်း Follow လုပ်ခဲ့အုံးနော်..🙏

ကျေးဇူးတင်ပါတယ်😊

♦️အရောအနှောကင်းပြီး စစ်မှန်တာ “သပြေမြိုင်” သဘာဝမြေပဲဆီ

#သပြေမြိုင်
#မြေပဲဆီသန့်စစ်စစ်
#ရာနှုန်းပြည့်အာမခံပါသည်

Crd
ရွှေအိုးကြီး

 #မြေပဲဆီ စစ် မစစ်ကို ဘယ်လိုသိနိုင်မလဲ? ဘယ်လိုစမ်းသပ်ကြည့်ကြမလဲ?ဒီတစ်ခါ သပြေမြိုင်မြေပဲဆီကို ဝယ်ယူသုံးစွဲနေကြတဲ့ ခ custo...
02/07/2021

#မြေပဲဆီ စစ် မစစ်ကို ဘယ်လိုသိနိုင်မလဲ? ဘယ်လိုစမ်းသပ်ကြည့်ကြမလဲ?

ဒီတစ်ခါ သပြေမြိုင်
မြေပဲဆီကို ဝယ်ယူသုံးစွဲနေကြတဲ့ ခ customer တွေကို မျှဝေပေးသွားချင်တာက လူတွေအပြောများနေတဲ့ မြေပဲဆီစစ်မစစ်ကို ဘယ်လိုသိနိုင်မလဲ?
ဘယ်လိုစမ်းသပ်ကြည့်ရမလဲဆိုတာကို အလွယ်နည်းလေး ပြောပြချင်ပါတယ်။

မြေပဲဆီကို စျေးကြီးပေး ဝယ်စားနေကြရပြီး လက်ရှိစျေးကွက်ထဲမှာလည်း အရောအ‌‌နှောတွေ များပြားလာတော့ ကိုယ်ဝယ်လိုက်တဲ့ ဆီဟာ မြေပဲဆီမစစ်မှာကို အရမ်းစိုးရိမ်တတ်ကြပါတယ်။ ဒါဟာဖြစ်သင့် ဖြစ်ထိုက်တဲ့ စိုးရိမ်မှု တစ်ခုပါ။

အဲ့တော့ ကိုယ်စျေးကြီးပေးဝယ်ထားရတဲ့ မြေပဲဆီစစ်မစစ်ကို အောက်က နည်းလမ်းလေးတွေနဲ့ စမ်းသပ်ကြည့်ကြရအောင် . . .
မစမ်းသပ်ခင်မှာ မြေပဲဆီအကြောင်းလေးကို သိထားဖို့လိုပါတယ်၊

#မြေပဲဆီက အရသာနဲ့ အနံ့က ဘယ်လိုရှိသလဲ?

အရသာနဲ့ အနံ့ကို ခံစားကြည့်ရုံနဲ့ မြေပဲဆီ စစ်မစစ်ကို မသိနိုင်ပါဘူး၊ တစ်ချို့က ပြောကြတယ် မြေပဲဆီကို လျှာပေါတင်ကြည့်ရင် ရှတတနေမှတို့ ဘယ်လိုအရသာလေး ဖြစ်နေမှ မြေပဲဆီစစ်တယ်တို့ပေါ့။ တစ်ချို့ကလည်း အရောင်က ကြည်နေမှတို့ နောက်နေမှမြေပဲဆီစစ်တယ်တို့ပေါ့။ တကယ်တော့ ဒါဟာ ရာနှုန်းပြည့် မမှန်နိုင်ပါဘူး ဘာကြောင့်လဲဆိုတော့ မြေပဲအမျိုးအစား များစွာရှိလို့ပါပဲ။ လက်ရှိဆီလုပ်ငန်းမှာ ကြိတ်တဲ့မြေပဲအမျိုးအစားပေါမူတည်ပီး အရသာက ကွဲပြားပါတယ်။ အနံ့ပိုင်းမှာလည်း ထိုနည်း၄င်းပါပဲ။ တိုးတက်လာတဲ့ နည်းပညာတွေနဲ့အတူ ဓာတု ပစ္စည်းတွေဟာလည်း အင်မတန်မှ အစွမ်းထက်လှပါတယ်။ ယခုခေတ်မှာ စားအုန်းဆီကိုတောင် မြေပဲဆီအနံ့ ထွက်အောင်လုပ်ဖို့ဆိုတာ ခဲယဥ်းလှတဲ့ အရာတစ်ခုမဟုတ်ပါဘူး။

#အိုကေ ဒါဆို ကျနော်တို့ မြေပဲဆီစစ်မစစ် အိမ်မှာအလွယ် စမ်းသပ်ကြည့်ရအောင်

ကျနော်တို့ အတော်များများ သိထားကြတာက မြေပဲဆီဟာ မခဲဘူးလို့ သိထားကြတယ်။ ဒါဟာလည်း ရာနှုန်းပြည့် မမှန်ပါဘူး။ ဆီတွေတိုင်းမှာ သူ့ရဲ့သတ်မှတ်ထားတဲ့ အအေးမှတ်ကို ရောက်ရင် ခဲပါတယ်။ ပဲဆီ၊ နှမ်းဆီ မခဲဘူးဟူသောထင်မြင်ယူဆချက်မှာလွဲမှားနေပါတယ်။ အဲ့တော့ အရင်ဆုံး မြေပဲဆီကို ရေခဲသေတ္တာ ထဲမှာထည့်ပီး စမ်းကြည့်နိုင်ပါတယ်။ ကျနော်တို့ စားအုန်းဆီတွေဟာ အပူချိန် 8°C မှာစပီး ခဲပါတယ်။ မြေပဲဆီစစ်စစ်ကတော့ အပူချိန် 4°C ထိ မခဲပါဘူး။ ရေခဲသေတ္တာ အခဲခန်းဟာ အပူချိန် 0°C အောက်မှာရှိပါတယ်။ ရေခဲသေတ္တာထဲမှာ မြေပဲဆီဟာ စေးပျစ်သွားတဲ့သဘောရှိပြီး သတ်မှတ်ထားသော အခဲမှတ်ရောက်လျှင် ခဲပါတယ်။ မြေပဲဆီစစ်ရင် ရေခဲသေတ္တာကနေ အပြင်ကိုထုတ်လိုက်တဲ့အခါမှာ (သို့) သာမန်အပူချိန်ကို ရောက်သွားရင် ခပ်မြန်မြန်ပျော်သွားပါတယ်။ ဒါဟာ အခြားဆီတွေနဲ့ မတူတဲ့ မြေပဲဆီရဲ့ အဓိက ထူးခြားချက်ပါ။ စားအုန်းဆီ ရောထားခဲ့မယ်ဆိုရင် အချိန်တော်တော်ကြာသည်အထိ ပျော်ဖို့အတွက် သိသိသာသာကို စောင့်ရပါတယ်။ ဒီနည်းလမ်းနဲ့ မိမိသုံးတဲ့ မြေပဲဆီ စစ်မစစ်ကို စမ်းသပ်နိုင်ပါတယ်။ ဗဟုသုတအနေနဲ့ ထုတ်လုပ်တဲ့ နည်းပညာပေါမူတည်ပီး အခဲမှတ်ကွာခြားချက်တွေကို အောက်မှာ လေ့လာကြည့်ပါ။

(Cloudy Point ကို ံC ဖြင့်ဖော်ပြထားပါတယ်။)
မြေပဲဆီ (4 မှ 13) ၊ နှမ်းဆီ (-3.9 မှ -8.7) ၊ နေကြာဆီ (-9.5 မှ 7.2) ၊ ပဲပုပ်ဆီ (-3.5 မှ) ၊ စားအုန်းဆီ (3 မှ 18)

နောက်တစ်နည်းကတော့ ဒီလိုမှမဟုတ်လို့ လုံးဝကို တိတိကျကျ သိချင်ပါတယ်ဆိုရင်တော့ ဓာတ်ခွဲခန်းကို ပို့ပီးစမ်းသပ်နိုင်ပါတယ်။

ကျနော်တို့ သပြေမြိုင်
မြေပဲဆီဟာ ဓာတုပစ္စည်းများ ရောနှောခြင်း၊ မြေပဲဆီမဟုတ်သော အခြားဆီမှာ ရောနှောထားခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ပဲ သဘာဝ မြေပဲမှထွက်သော မြေပဲဆီအတိုင်းသာ ရောင်းချပါတယ်။
သပြေမြိုင်
မြေပဲဆီကို မည်သည့်ပညာရှင်၊ မည်သည့်ဓာတ်ခွဲခန်းတွင်မဆို စမ်းသပ်နိုင်ပြီး ဆီအရောအနှောများ၊ ဓာတုဆေးဝါးအရောအနှောများ ပါခဲ့လျှင် လူကြီးမင်း ဝယ်ယူသုံးစွဲသော ဆီတန်ဖိုးထက် (၁၀)ဆ ပြန်လည်ပေးလျော်ပါမည်။ မျက်မြင်ကိုယ်တွေ့ စောင့်ယူချင်ပါလျှင်လည်း လူကြီးမင်းတို့ ရှေ့တင်ပင် စောင့်ကြည့်ပီး ဝယ်ယူနိုင်ပါကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်ခင်ဗျာ။ ကျနော်တို့ဟာ ငွေကြေးထက် ယုံကြည်မှုကို ပိုမိုတန်ဖိုးထားပီး သုံးစွဲသူများအတွက် ကျန်းမာရေးနှင့် ညီညွတ်စေရေးကို အဓိက ကြိုးစားလျက်ရှိပါတယ်။

🥜🥜မြေပဲဆီ၃ ပိသာ အားပေးသွားတဲ့ ကိုမောင်မောင်သန်း မိသားစု ကို ကျေးဇူးအထူးတင်ပါ ခင်ဗျာ 😊 စီးပွားလဒ်လာဘ လည်းဒီရေအလား တိုးတက်...
29/06/2021

🥜🥜မြေပဲဆီ၃ ပိသာ အားပေးသွားတဲ့
ကိုမောင်မောင်သန်း မိသားစု ကို
ကျေးဇူးအထူးတင်ပါ ခင်ဗျာ 😊
စီးပွားလဒ်လာဘ လည်း
ဒီရေအလား တိုးတက်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်🙏🙏

🤔🤔🤔ငါတို့ စားသုံးနေတဲ့
မြေပဲဆီတွေက တစ်ကယ် စစ်ရဲ့လားလို့
ဝေခွဲမရ ဖြစ်နေရင်🤔🤔🤔

မြေပဲဆံအသန့်တွေ ကို စျေးကြီးပေးဝယ် ကြိတ်ခွဲပြီး
အရောအနှောကင်းစွာနဲ့ စေတနာထား ထုတ်လုပ်ထားသော
သပြေမြိုင် - မြေပဲဆီ သန့်ကို သတိရလိုက်ပါ ခင်ဗျာ😊😊

သင်ဟာအိမ်ရှင်မကောင်းတစ်ယောက်မဖြစ်ချင်ဘူးလား?နောက်ပြီး ကိုယ့်မိသားစုကိုအရမ်းဂရုစိုက်တဲ့သူရောမဖြစ်ချင်ဘူလား?အခုလိုကာလမှာကိ...
28/06/2021

သင်ဟာအိမ်ရှင်မကောင်းတစ်ယောက်မဖြစ်ချင်ဘူးလား?
နောက်ပြီး ကိုယ့်မိသားစုကိုအရမ်းဂရုစိုက်တဲ့သူရောမဖြစ်ချင်ဘူလား?
အခုလိုကာလမှာကိုယ်ခံအားရောမကောင်းချင်ဘူးလား?🤔

မီးလေးခနလောက်မှိတ်ပေးပါဗျာ။အဲမှားလို့စတာပါ။အဖြေကရိုးရှင်းပါတယ်။သပြေမြိုင်မြေပဲဆီစစ်စစ်ကိုသာမျက်စိစုံမှတ်ပီးသုံးကြည့်လိုက်ပါ။ မျက်စိဆုံမှိတ်ခိုင်းရတာကအကြောင်းအရင်းရှိပါတယ်။😍

👉🏻သပြေမြိင်မြေပဲဆီ-၁ပိသာ = ၉၀၀၀ ကျပ်/
၁၀ ပိသာ =၈၅၀၀၀ မှာ
တောင်ကုတ် ကျောက်ဖြူ၊ ရမ်းဗြဲ၊ delivery free😍😍

လူကြီးမင်းတို့ရဲ့ကျန်းမာရေးကိုဦးစားပေးပီးထုတ်လုပ်ထားပါတယ်။အခြောက်ခံထားတဲ့မြေပဲလုံးဆံအသန့်များဖြင့်သာကြိတ်ခွဲထားတာကြောင့်
၁၀၀%မြေပဲဆီသန့်ကြောင်းအာမခံပါတယ်။
ရေနွေးနဲ့ပေါင်းတင်ကြိတ်ခွဲထားတာမဟုတ်တာကြောင့်ပဲဆီပုတ်ခြင်း၊ Aflatoxinမှိုအဆိပ်ဖြစ်ခြင်းမှကင်းဝေးစေပါတယ်။ကြိတ်ခွဲပီးရလာနဲ့ဆီတွေကိုလဲoil filterနဲ့ထပ်စစ်ထားတာမို့ ကဲဘာလိုသေးလဲဗျာ။အရောအနှောတွေလဲလုံးဝလုံးဝမပါရှိဘဲခေတ်မှီနည်းပညာဖြင့်သာထုတ်လုပ်ထားပါတယ်။💖

ဒါထင်ပဲလားဆိုတော့ မဟုသေးပါဘူး။
လေဖြတ်ဝေဒ နာ၊နှလုံးသွေးကြောကျဥ်း၊နှလုံးရောဂါဖြစ်ခြင်းမှကာကွယ်ပေးခြင်း၊ဆံပင်ကိုနက်မှောင်သန်စွမ်းစေခြင်း၊အသားအရေနုပျိုခြင်း၊ကိုယ်ခံအားကိုလဲကောင်းစေပါတယ်။💖
ဒါကြောင့်ကိုယ်ဟာမိသားစုရဲ့Heroဖြစ်ချင်တယ်ဆိုရင်တော့သပြေမြိုင်နဲ့ချက်ပြုတ်စို့😍

မှာယူလိုပါက page cb သို့
Ph 09250764454/09261133823 ကို
ဆက်သွယ််ဝယ်ယူနိုင်ပါတယ် 💖💖

ဆီ ၂ ပိဿာ ဝယ်ယူသွားတဲ့  ကျောက်ဖြူမြို့မှဒေါ်မလှခင် မိသားစု အား ကျနော်တို့ သပြေမြိုင် ပဲဆီသန့်မှ ကျေးဇူး အထူးတင်ရှိပါတယ် ...
28/06/2021

ဆီ ၂ ပိဿာ ဝယ်ယူသွားတဲ့ ကျောက်ဖြူမြို့မှ
ဒေါ်မလှခင် မိသားစု အား ကျနော်တို့ သပြေမြိုင် ပဲဆီသန့်
မှ ကျေးဇူး အထူးတင်ရှိပါတယ် ခင်ဗျာ ☺😍

🥜 မိတ်ဆွေတို့ နေ့စဥ်အသုံး​ပြု
နေတဲ့ ဆီ တွေက
မိတ်ဆွေတို့ရဲ့ ကျန်းမာရေးကို အဆုံးအဖြတ် ပေးနေတဲ့
အတွက် ဆီကောင်း ဆီသန့် ကို ရွေးချယ် စားသုံးကြပါလို့
မေတ္တာဖြင့် အသိပေးအပ်ပါ ခင်ဗျာ😊

သပြေမြိုင် ပဲဆီသန့်
၁ပိဿာ = ၉၀၀၀ ကျပ်
၁၀ ပိဿာ = ၈၅၀၀၀ ကျပ်
🚙🚙
ကျောက်ဖြူ၊ ရမ်းဗြဲ ၊ အမ်း၊ မအီ၊ တောင်ကုတ်၊
🚚🚚
Delivery Free ပါနော်

☎ 09250764454
☎09261133823

🥜မြေပဲဆီတွေမှာပါ၀င်တဲ့ အယ်ဖာတောက်ဆင် (Aflatoxin) ခေါ် မှိုအဆိပ်များအကြောင်း🍙♦️အယ်ဖာတောက်ဆင် (Aflatoxin) ဆိုတာဘာလဲ?အယ်ဖာတ...
27/06/2021

🥜မြေပဲဆီတွေမှာပါ၀င်တဲ့ အယ်ဖာတောက်ဆင် (Aflatoxin) ခေါ် မှိုအဆိပ်များအကြောင်း🍙

♦️အယ်ဖာတောက်ဆင် (Aflatoxin) ဆိုတာဘာလဲ?

အယ်ဖာတောက်ဆင် (Alfatoxin) ဆိုတာ ဆေးပညာ အသုံးအနှုန်းတစ်ခု ဖြစ်ပြီး စိုစွတ်မှု ၁၀% အထက်ရှိတဲ့ အခန်းအပူချိန် ၂၄ ဒီဂရီစင်တီဂရိတ်မှာ ပေါက်ဖွားနိုင်တဲ့ အပြင် လူကိုအန္တရာယ်ပေးတဲ့ မှိုအဆိပ်တစ်မျိုးပဲ ဖြစ်ပါတယ်။

♦️ဘယ်လိုအစားအသောက်တွေမှာ ပါ၀င်တတ်လဲ?

အထူးသဖြင့် အယ်ဖာတောက်ဆင် (Aflatoxin) ဆိုတဲ့ မှိုအဆိပ်ကို မြေပဲအပါအ၀င်၊ ပဲအမျိုးမျိုး၊ ငရုတ်သီး၊ ငါးခြောက်၊ ပုစွန်ခြောက်၊ အစေ့ထုတ်ပြောင်း တွေမှာ ပါ၀င်တတ်ပြီး၊ ၎င်းကုန်ပစ္စည်းများကို အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ စားသောက်ကုန်တွေမှာလည်း ပါ၀င်နေတတ်ပါတယ်။

♦️ဆီမှာဘာကြောင့် ပါ၀င်လာတတ်သလဲ?

ဆီထုတ်လုပ်မှုဖြစ်စဉ်တစ်လျှောက်မှာ ကုန်ကြမ်းကနေ စတင်ပြီး ပါ၀င်လာတတ်ပါတယ်။ ဆုံဆီဖြစ်စေ၊ စက်ဖြင့် ထုတ်လုပ်သောဆီဖြစ်စေ ကုန်ကြမ်းအဆင့်မှာကတည်း က မှိုဓာတ်ပါလာခဲ့ရင် ရရှိလာတဲ့ ဆီတွေမှာလည်း မှိုဓာတ်ပါ၀င်လာမှာဖြစ်ပါတယ်။ ဒါတွေက စနစ်တစ်ကျ ထုတ်လုပ်မှု အားနည်းတာကြောင့်လည်း ဖြစ်သလို၊ သန့်ရှင်းမှု အားနည်းခြင်းကြောင့်လည်း ဖြစ်ပါတယ်။

🎯မှိုအဆိပ်ကြောင့်ဘယ်လိုဆိုးကျိုးတွေ ဖြစ်စေသလဲ?

⛔ကလေးငယ်တွေမှာဆိုရင် အစာအဆိပ်သင့်တာ၊
⛔ကိုယ်၀န်ဆောင်နေစဉ် ကလေးကိုထိခိုက်စေတာ၊
⛔အစာအိမ်ကင်ဆာနဲ့ တစ်ခြားသောကင်ဆာဖြစ်စေတာ၊
⛔လူမှာရှိတဲ့ ကိုယ်ခံအားစနစ် (Immue System) ကိုအားနည်းစေတာ၊
⛔အဆိုးဆုံးကတော့ အူမှတဆင့် အသည်းဆီကို ရောက်ရှိပြီး အသည်းရောင်၊ အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာ ရောဂါတွေကို ဖြစ်စေတတ်ပါတယ်။

♦️မှိုအဆိပ်က ဘယ်လိုဆီတွေမှာ အများဆုံးပါဝင် တတ်လဲ?

ဆုံဆီနဲ့ ကြိတ်တဲ့ မြေပဲဆီဟာ အနံ့အရသာ ကောင်းမွန် သလိုရှိပေမယ့် ရေပိုထည့်ရပြီး ကြိတ်ခွဲရတာဖြစ်တဲ့ အတွက် Moisture ဆိုတဲ့ ရေငွေ့ပါ၀င်မှု မြင့်မားတာ ကြောင့် Expire ဖြစ်တာမြန်ဆန်ပြီး Aflatoxin ဆိုတဲ့ မှိုအဆိပ် ပါ၀င်မှုရာခိုင်နှုန်းပိုများပါတယ်။

♦️မှိုအဆိပ်မဖြစ်အောင် ဘယ်လိုကာကွယ်သင့်လဲ?

မြေပဲများကို ရေငွေ့ပါ၀င်မှု၊ စိုထိုင်းဆသည် မှိုအဆိပ်ကို လွယ်ကူစွာ ပေါက်ပွားစေနိုင်တာကြောင့် အစိုဓာတ်နည်း နိုင်သမျှနည်းအောင် မှန်ကန်တဲ့နည်းလမ်းတွေနဲ့ အခြောက်ခံပေးရမှာဖြစ်တဲ့အပြင် မြေပဲကုန်ကြမ်းများကို ၀ယ်ယူတဲ့အခါမှာလည်း မျိုးကောင်း၊ မျိုးသန့် လုံးဆံသန့် တွေကို အသုံးပြုဖို့လိုအပ်ပါတယ်။

♦️ဒါကြောင့် မိသားစုဘ၀မှာ အသက်ရှည်ပြီး ကျန်းမာဖို့ အတွက်ဆိုရင် နေ့စဉ်စားသုံးနေတဲ့ စားသုံးဆီတွေကို လည်း ဂရုစိုက်ပြီး ရွေးချယ်အသုံးပြုတတ်ဖို့ အထူးပင် လိုအပ်ပါကြောင်း မိဘပြည်သူများကိုစေတနာ ရှေ့ထားပြီး ရေးသားတင်ပြလိုက်ရပါတယ်ခင်ဗျာ။

Crd
ရွှေအိုးကြီး
မြေပဲဆီစက်ရောင်းဝယ်ရေး

မြေပဲဆီ ပိဿာ ၂၀ ဝယ်ယူသွားတဲ့ ကျောက်ဖြူမြို့မှကိုအောင်တင်ထူး + မခင်စန်းဝင်း မိသားစု ကို ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ
26/06/2021

မြေပဲဆီ ပိဿာ ၂၀ ဝယ်ယူသွားတဲ့ ကျောက်ဖြူမြို့မှ
ကိုအောင်တင်ထူး + မခင်စန်းဝင်း မိသားစု
ကို ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ

Address

PaukPyin Village, Sane Town, Kyauk Phyu TownShip, Rakhine State
Kyaukpyu
07122

Website

Alerts

Be the first to know and let us send you an email when သပြေမြိုင် - မြေပဲဆီသန့် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share