25/03/2020
Teamwork Skill - 2
21 ရာစုမှာTeam work ဟာအရေးကြီးလာပါတယ်။ Company ထဲမှာဖြစ်ဖြစ် လူမူအဖွဲ့အစည်းမှာဖြစ်ဖြစ် အဖွဲ့အစည်း (Team) သေးသေးလေတွေ ပူပေါင်းဆောင်ရွက်ခြင်းအားဖြစ် ရည်မှန်ချက်ပန်းတိုင်ကို ရောက်ရှိကြပါတယ်။ တိုးတက်အောင်မြင်နေတဲ့ Company အများစုဟာလဲ အဖွဲ့အစည်းလေတွေ အတူတကွ တက်ညီလက်ညီလုပ်ကြတဲ့ အတွက်အောင်မြင်မူတွေ ရရှိနေတာကိုလဲ ကျွန်တော်တို့ ကြားနေရတာပါပဲ။
21 ရာစုရဲ့ Team work ပုံစံက-
1)Thinking Together(အတူတကွစဉ်းစားတယ်)
2)Feeling Together (အတူတကွ ခံစာတယ်)
3)Working Together(အတူတကွအလုပ်လုပ်တယ်)
4)Win-Win Together(အတူတကွအောင်မြင်ကိုခံစာတယ်)
1) Thinking Together
အဖွဲ့အစည်းတစ်ခု ဖြစ်လာတဲ့အခါ အဖွဲ့အစည်းထဲမှာ ရှေ့ဆက်လုပ်ဆောင်ရမဲ့အလုပ်တွေ လက်ရှိဖြစ်နေတဲ့ပြဿနာတွေ အခက်အခဲတွေ နောင်ဖြစ်လာမဲ့ ပြဿနာ အခက်အခဲတွေ ကိုအတူတကွ စဉ်းစားပြီးလုပ်ဆောင်ရမှာဖြစ်ပါတယ်။
2) Feeling Together
အဖွဲ့အစည်းထဲမှာအတူတကွ စိတ်ခံစားချက်ထားရှိရမှာဖြစ်ပါတယ်။ကိုယ့်ခံစားက အရေးကြီးတယ် သူခံစားချက်အရေးမကြီးဘူး အဲ့လိုစိတ်မျိုးမထားပဲ ကိုယ့်ခံစားချက်ကိုလဲ ရှေ့တန်းတင်မယ် သူ့ခံစားချက်ကိုလဲ ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။
3) Working Together
အဖွဲ့အစည်းထဲမှာ အလုပ်လုပ်တဲ့အခါ သူကအလုပ်လုပ်တယ် ကိုယ်ကမလုပ်ဘူး ကိုယ်ကလုပ်တယ် သူကမလုပ်ဘူး အဲ့လိုဖြစ်နေရင် အချိန်ကြာလာတဲ့အခါ အမြင်တွေစောင်းနိုင်ပါတယ်။ အလုပ်လုပ်တဲ့အခါမှာလဲ အတူတကွလုပ်ဆောင်ရမှာဖြစ်ပါတယ်။
4) Win-Winn Together
အလုပ်တွေအတူတူ လုပ်ကိုင်ကြပြီး အောင်မြင်မူရရှိလာတဲ့အခါ အောင်မြင်မူကသူနဲ့မဆိုင်ဘူး ငါနဲ့ပဲဆိုင်တယ် အဲ့လိုစိတ်မျိုးမထားပဲ သူကိုအောင်မြင်မူပေးရမယ် နေရာပေးရမယ် ချီးမွှမ်းစကားပြောရမှာဖြစ်ပါတယ်။အောင်မြင်မူကိုလဲ အတူတကွခံစားရမှာဖြစ်ပါတယ်။
ယခုလို တိုးတက်အောင်မြင်နေတဲ့ခေတ်မှာ တစ်ဦးနဲ့တစ်ဦးယှဉ်ပြိုင်ခြင်းမလုပ်ပဲ အတူတကွ ပေါင်းစပ်လုပ်ကိုင်ရမှာဖြစ်ပါတယ် ကိုယ်မတတ်တာတွေကို သူကတတ်တယ် ကိုမသိတာတွေကို သူကသိတယ် သူ့အကူအညီနဲ့ကျွန်တော်တို့ သွားမယ်ဆိုရင် တစ်ဦးနဲ့တဦးကိုင်းကျွန်းမှီ ကျွန်းကိုင်မှီ ပုံစံနဲ့ ကျွန်တော်တို့ လိုချင်တဲ့ ရည်မှန်းချက်ကို ရောက်ရှိသွားမှာဖြစ်ပါတယ်။ အခုလိုအသင်းအဖွဲ့တွေပေါင်းစပ်လုပ်ကိုင်နေတဲ့ ခေတ်ထဲမှာ အသင်းအဖွဲ့များများနဲ့ ပေါင်းစပ်လုပ်ကိုင်ပြီး ကိုယ်မလုပ်နိုင်တဲ့အရာကို အသင်းအဖွဲ့က လုပ်ပေးနိုင်မှာဖြစ်ပါတယ်။နောက်ဆုံးပြောချင်တာကတော့ အသင်းအဖွဲ့များများဖွဲ့ပါ အသင်းအဖွဲ့တွေနဲ့ ပေါင်းစပ်လုပ်ကိုင်ပါ အသင်းအဖွဲ့ရဲ့ အားကိုယူပါ အောင်မြင်သောအသင်းအဖွဲ့တစ်ခု ပိုင်ဆိုင်နိုင်ကြပါစေ ဆုတောင်းပေးလျှက်။
အားလုံးကိုကျေးဇူတင်ပါတယ်။