Kaung Pyae Trading Co.,Ltd

Kaung Pyae Trading Co.,Ltd Be Satify, join with us.

အားလုံးပဲ မင်္ဂလာပါ။အခြေအနေအမျိုးမျိူးကို ကျော်လွန်လာပီးတဲ့နောက်မှာတော့အားလုံးမေးမေးနေတဲ့ "ကြက်ပေါက်ဘယ်တော့ရမှာလဲအစ်ကို"...
13/06/2022

အားလုံးပဲ မင်္ဂလာပါ။
အခြေအနေအမျိုးမျိူးကို ကျော်လွန်လာပီးတဲ့နောက်မှာတော့
အားလုံးမေးမေးနေတဲ့ "ကြက်ပေါက်ဘယ်တော့ရမှာလဲအစ်ကို" ဆိုတဲ့စကားတွေအတွက် ကျွန်တော်တို့ဆီမှာ ရာကြက်မီးလွတ်အနည်းငယ် ရောက်ရှိနေပီဖြစ်ကြောင်း ရှေးဉီးစွာ သတင်းကောင်းပါးချင်ပါတယ်။
* ဒီတစ်ခေါက် ရာကြက်မီးလွတ်များ အရေအတွက် အကောင်ရေ (၁၂၀၀) ခန့်သာရရှိသေးမည်ဖြစ်ပြီး တစ်ကောင်ကို ရောင်းဈေး (၃၀၀၀ ကျပ်) ဖြစ်ပါတယ်။
* June 17 ရက်လောက်ဆိုရင် (၃၀)ရက်သားပြည့်မည်ဖြစ်ပြီး ကာကွယ်ဆေး (၄) ကြိမ်ပေးပြီးပြီဖြစ်ပါတယ်။
* ကြက်များကို (၁၄)ရက်ခန့် မီးကိုင်ခန်းထဲတွင်သာထားပြီးနောက် ကျန်ရက်များကို မီးကိုင်ခန်း အပြင်တွင် ပတ်ဝန်းကျင်နှင့် ထိတွေ့ပြီး ဒဏ်များခံနိုင်ရန် လွတ်ပေးထားခြင်းဖြစ်ပါတယ်။
* လူကြီးမင်းတို့ စိတ်ဝင်စားပြီး မှာယူမည်ဆိုပါက လားရှိုးမြို့အတွင်းဆိုရင် အိမ်တိုင်ရာရောက် လာရောက် ပို့ဆောင်ပေးမည်ဖြစ်ပြီး အခြားမြို့နယ်များကိုလည်း ကားဂိတ်တင်ပေးပါသည်။

*** ကြက်ကျန်းမာရေးအခြေအနေကို Comment တွင် video နှင့်တကွ ဖော်ပြထားပါသည်။

လေးစားအပ်ပါသော customer များခင်ဗျာကျွန်တော်တို့ထံတွင် မှာယူထားသော ကြက်ပေါက်များသည် တရုတ်ဖက်တွင် ရောဂါအခြေအနေကြောင့် lock...
19/04/2022

လေးစားအပ်ပါသော customer များခင်ဗျာ
ကျွန်တော်တို့ထံတွင် မှာယူထားသော ကြက်ပေါက်များသည် တရုတ်ဖက်တွင် ရောဂါအခြေအနေကြောင့် lockdown များဆက်လက်ရှိနေသေးခြင်းကြောင့်နှင့် လမ်းခရီးအခြေအနေအမျိုးမျိုးကြောင့် သတ်မှတ်ရက်များအတွင်း မရောက်ရှိနိုင်သေးပါကြောင်း ရှေးဉီးစွာ အနူးညွတ်တောင်းပန်လိုပါတယ်။ ကျွန်တော်တို့အနေနှင့် တတ်နိုင်သမျှ အစွမ်းကုန် အော်ဒါထားသော ကြက်များရရှိရန်အလို့ငှာ ကြိုးစားနေကြောင်းလည်းအသိပေးအပ်ပါသည်။ မည်သည့်ရက်တွင်ရရှိမည်ကို အတိအကျမသိသော်ငြားလည်း အချိန်ကာလ အလွန်အမင်းကြာမြင့်မည်မဟုတ်ပါ။ ကြက်များရောက်လာမည့် (၂) ရက်အလိုတွင် လူကြီးမင်းများထံသို့ အကြောင်းကြားပေးလာမည်ဖြစ်ပါသဖြင့် စိတ်ရှည်သည်းခံစွာဖြင့် စောင့်ဆိုင်းပေး ပါရန် အနူးညွှတ် တောင်းဆိုအပ်ပါသည်။

ရိုင်းကြက်၏အချက်အလက်များရိုင်းကြက်သည် တရုတ်ပြည်တွင်းကြက်များအနက် စားသုံးများသော ကြက်မျိုးဖြစ်သည်။ ရိုင်းကြက်သည် အရည်အသွေ...
15/04/2022

ရိုင်းကြက်၏အချက်အလက်များ

ရိုင်းကြက်သည် တရုတ်ပြည်တွင်းကြက်များအနက် စားသုံးများသော ကြက်မျိုးဖြစ်သည်။ ရိုင်းကြက်သည် အရည်အသွေးအားဖြင့် အင်မတန်ကောင်းသောအမျိုးအစားတွင်မပါဝင်သော်လည်း အသားနှင့်ဥတွင် အာဟာရဓာတ်များ များစွာပါဝင်နေသည်။ အားနည်ချက်အနေဖြင့် ထောက်ပြရမည်ဆိုလျှင် ကြက်၏အရည်အသွေးမှာ အသားတိုး CP ကြက်များကဲ့သို့ ပုံစံချင်းတူနေသောကြောင့် အရည်အသွေး အသင့်အတင့်သာရှိသည်။ သို့သော် မျိုးပွားနှုန်းမြင့်ခြင်း၊ ကျန်းမာရေးမှာလည်း တခြားကြက်မျိုးများထက် အင်မတန် ပိုမိုကောင်းမွန်နေခြင်း၊ အသားနှင်ဥ များသည်လည်း အာဟာရနှင့် အရသာများပြည့်စုံနေခြင်း၊ ကြီးထွားနှုန်းလည်း မြန်ခြင်း၊ အစာမရွေးခြင်း စသောအချက်တို့သည် ရိုင်းကြက်တို့၏ အားသာချက်များဖြစ်နေသည်။
ရိုင်းကြက်များသည် 2016 ခုနှစ်တွင် တရုတ်ပြည်တွင်း၌ စားသုံးမှု တန်ချိန်စုစုပေါင်း (13သန်း) တန်ချိန်ရှိခဲ့ပြီး ယွမ် ဘီလီယံ (200) နီးပါး ရှိခဲ့သည်။ ၎င်းကိုကြည့်ခြင်းအားဖြင့် ရိုင်းကြက်များသည် စားသုံးမှုအတွက် အရေးပါမှုတွင် ကြီးမားနေကြောင်းကို သိရှိနိုင်သည်။
ကျွန်တော်၏ ထင်မြင်ယူဆချက်အရ ရိုင်းကြက်များသည် မြန်မာပြည်တွင် ဈေးကွက်မရှိသလောက်ဖြစ်နေသေးသည်။ တစ်ချို့သည်လည်း CP ကြက်ဟူ၍ မှားယွင်းစွာ ထင်မြင်နေမှုများကိုလည်း ကြားဖူးသည်။ တကယ်တော့ ရိုင်းကြက်များသည် CP ကြက်မဟုတ်ပါ။ CP ကြက်နှင့် ဒေသကြက်မျိုးများ၏ ကြားတွင်ရှိသော ကြက်မျိုးဟူ၍သားပြောပါရစေ။ အဘယ်ကြောင့်ဆိုသော် ဒေသကြက်များကဲ့သို့ အချိန်ကြာမြင့်စွာ မွေးမြူနေရခြင်းမဟုတ်သလို CP ကြက်များကဲ့သို့ အချိန်တိုတောင်းနေခြင်းလည်းမဟုတ်ဘဲ သူတို့နှစ်မျိုး၏ ကြားတွင်ရှိသော ကြာချိန်မျှသာ ကြာမြင့်နေခြင်းကြောင့်ဖြစ်သည်။
ကျွန်တော် နယ်စပ်သို့ ဒေသကြက်များ တင်ပို့နေချိန်တွင် တရုတ်နှင့် စကားပြောဖြစ်ခဲ့စဉ်က ရိုင်းကြက်၏ ကောင်းကျိုးများစွာပြောပြီး ရိုင်းကြက်များသာ ပို၍မွေးသင့်ကြောင်း အကြံပြုခံရဖူးပါတယ်။ သို့သော်ငြားလည်း ဈေးကွက်ကမသေချာသေးသောကြောင့် ရိုင်းကြက်ကို မွေးမြူမည်ဆိုပါက ကျွန်တော်တို့အတွက် စွန့်စားလွန်းခြင်းတစ်ခုဖြစ်နေပါတယ်။ မည်သို့ပင်ဆိုစေကာမူ ကျွန်တော်သည် အထက်ပါအကြောင်းအရာများကြောင့် ရိုင်းကြက်များကိုသာ မွေးဖို့ ဆုံးဖြတ်ထားပါတယ်။ ဆက်ရန်ရှိသည်။ အခုတော့ နားဉီးမည်။

15/04/2022

နောက်ပိုင်း ဤ Page မှာပဲ အရောင်းအဝယ် လုပ်ပါမယ်။
ထို့ကြောင့် ကျွန်တော်တို့ Page ကို Like & follow လုပ်ထားပေးကြပါ ခင်ဗျာ။ ကြက်နဲ့ သက်ဆိုင်တဲ့ ပစွည်းတွေ လက်လီလက်ကား ယူမဲ့သူများ messenger သို့မဟုတ် အောက်ဖော်ပြပါဖုန်းများကတဆင့် ဆက်သွယ်မှာယူနိုင်ပါတယ်။
ယခု ဤ ကောင်းပြည့် account နှင့် Kaung Pyae Trading Company Limited Page ကို ကျနော့် ဝန်ထမ်းတွေက မနက် (8:00 နာရီမှ) ညနေ (5:00 နာရီ) အတွင်း မေးမြန်းသမျှကို ဖုန်းဖြင့်သော်လည်းကောင်း၊ messengerဖြင့်သော်လည်းကောင်း တာဝန်ယူဖြေကြားပေးမည်ဖြစ်ပြီး ညပိုင်းတွင် messengerမှတစ်ဆင့် ကျွန်တော် ကောင်းပြည့်မှ ပြန်လည် တာဝန်ယူကိုင်တွယ်မည်ဖြစ်ပါသည်။

ဆက်သွယ်ရန် ဖုန်းများ - 09882122223 , 09664068699

13/04/2022

မဂ်လာပါ
၁၈,၁၉ ရက် ရောက်လာပြီး ဒုတိယသုတ်မှာ ဒေါင်း နှင့် ငုက်ကုလာအုပ် ပါလာပါမယ်ခင်များ၊၊

10/04/2022

မဂ်လာပါ
၁၃ရက် ရောက်လာမဲ့ ပွဲ့ နဲ့ လမ်း ခြေနေကြောင့် ကြက်တွေ ၁၇ ၊ ၁၈ ရက်သို့ ရက်ပြောင်းပါးမယ်ခင်များ။
ရစ်ပါးနီး မီးလွတ် အော်ဒါ တင်နိုင်ပါပြီ။

08/04/2022

ယူနန်ကြက်ပေါက် - 1400ကျပ်
ရာကြက်ပေါက် - 1200ကျပ်
ရိုင်းကြက်ပေါက် - 1300ကျပ်
မန်ဒါလီပေါက် - 1800ကျပ်
ခြင်သေ့ငန်းပေါက် - 16000ကျပ်
ဂွမ်းကြက် မီးလွတ် - 6000ကျပ်
ရစ်လုံး မီးလွတ် - 6500ကျပ်
ကြက်ဆင် မီးလွတ် - 11000ကျပ်
ရစ်ပါးနီ မဒန်း 25000ကျပ်

မင်္ဂလာပါခင်ဗျာကြက်အစာခွက်များကိုလည်း အရောင် အမျိုးအစား စုံလင်စွာ ရောင်းချပေးလျက်ရှိပါသည်။လက်လီဈေးများစုံလည်ခွက် အဖုံးပါ...
06/04/2022

မင်္ဂလာပါခင်ဗျာ

ကြက်အစာခွက်များကိုလည်း အရောင် အမျိုးအစား စုံလင်စွာ ရောင်းချပေးလျက်ရှိပါသည်။

လက်လီဈေးများ

စုံလည်ခွက် အဖုံးပါ (1.5 viss) = 5000ကျပ်
အထိုင်ခွက် (1.5 viss) = 5000 ကျပ်
အထိုင်ခွက် (1.5 viss) = 4800 ကျပ်

နယ်ဝေးမှ ဝယ်ယူအားပေးသည့်သူများအတွက် ပစ္စည်းတန်ဖိုးငွေချေပြီးနောက်နေ့ကားဂိတ်တင်ပေးပါမည်။

Ph - 09- 882122223
09- 664068699

မင်္ဂလာပါခင်ဗျာကြက်များများဆန့်ပြီး အသေအပျောက်ကင်းကင်းဖြင့် လိုရာခရီးဆက်နိုင်ရန် လိုအပ်သော အရည်အသွေးကောင်းပြီး များများဆ...
06/04/2022

မင်္ဂလာပါခင်ဗျာ

ကြက်များများဆန့်ပြီး အသေအပျောက်ကင်းကင်းဖြင့် လိုရာခရီးဆက်နိုင်ရန် လိုအပ်သော အရည်အသွေးကောင်းပြီး များများဆန့်သော ကြက်ခြင်းများလည်း လက်လီလက်ကား ရောင်းချပေးလျက်ရှိပါသည်။
ကြက်ခြင်းအခုံးနှင့်လေးထောင့်ဟူ၍ အမျိုးအစား နှစ်မျိုးရှိပါတယ်။
ကြက်ခြင်းအမျိုးအစားပေါ်မူတည်ပြီး‌ ဈေးများအပြောင်းအလဲရှိပါသည်။

လက်လီဈေး
75cm (ရှည်), 55cm (ကျယ်), 33cm (မြင့်) = 45000 MMK (အဝါ) (လေးထောင့်)
75cm (ရှည်), 55cm (ကျယ်), 26cm (မြင့်) = 38000 MMK (အဖြူနှင့်အဝါစပ်, အဖြူ) (အခုံး)

နယ်ဝေးမှ ဝယ်ယူအားပေးသည့်သူများအတွက် ပစ္စည်းတန်ဖိုးငွေချေပြီးနောက်နေ့ကားဂိတ်တင်ပေးပါမည်။

Ph - 09- 882122223
09- 664068699

မင်္ဂလာပါခင်ဗျာကြက်ပေါက်လေးများအတွက် အစာခွက်လေးတွေလည်း ရောင်းချပေးလျက်ရှိပါတယ်။အရည်အသွေးကောင်းမွန်မှုရှိသောပစ္စည်းများကိ...
06/04/2022

မင်္ဂလာပါခင်ဗျာ

ကြက်ပေါက်လေးများအတွက် အစာခွက်လေးတွေလည်း ရောင်းချပေးလျက်ရှိပါတယ်။
အရည်အသွေးကောင်းမွန်မှုရှိသောပစ္စည်းများကို အောက်ပါဈေးများဖြင့်ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါသည်။

လက်လီဈေးများ
35 (အသေး) = 1600 MMK
40 (အလတ်) = 3000 MMK
50 (အကြီး) = 4000 MMK
နယ်ဝေးမှ ဝယ်ယူအားပေးသည့်သူများအတွက် ပစ္စည်းတန်ဖိုးငွေချေပြီးနောက်နေ့ကားဂိတ်တင်ပေးပါမည်။

Ph - 09- 882122223
09- 664068699

မင်္ဂလာပါခင်ဗျာမိမိခြံထွက်ဥများကိုရောင်းချခြင်၍ဖြစ်စေ၊ တစ်ဆင့်ပြန်ရောင်းချင်၍ဖြစ်စေ ဒီလိုမျိုးအရည်အသွေးကောင်းမွန်သော ကြက...
06/04/2022

မင်္ဂလာပါခင်ဗျာ

မိမိခြံထွက်ဥများကိုရောင်းချခြင်၍ဖြစ်စေ၊ တစ်ဆင့်ပြန်ရောင်းချင်၍ဖြစ်စေ ဒီလိုမျိုးအရည်အသွေးကောင်းမွန်သော ကြက်ဥကဒ်များကို ဆောင်ထားသင့်တယ်နော်။
အရည်အသွေးကောင်းမွန်ပြီး ပလတ်စတစ် နှင့် စက္ကူ ဟူ၍ အမျိုးအစားနှစ်မျိုးရရှိနိုင်မည်ဖြစ်သည်။

လက်လီဈေးများ
ပလတ်စတစ် = 2000MMK
စက္ကူ = 1000 MMk
နယ်ဝေးမှ ဝယ်ယူအားပေးသည့်သူများအတွက် ပစ္စည်းတန်ဖိုးငွေချေပြီးနောက်နေ့ကားဂိတ်တင်ပေးပါမည်။

Ph - 09- 882122223
09- 664068699

မင်္ဂလာပါခင်ဗျာကြက်မီးကိုင်ရာတွင် အပူချိန် အနည်း၊ အများ ကွက်တိမကျမှုများကြောင့် ကြက်ပေါက်လေးများ ဆုံးရှုံးမှုမရှိစေရန် အ...
06/04/2022

မင်္ဂလာပါခင်ဗျာ

ကြက်မီးကိုင်ရာတွင် အပူချိန် အနည်း၊ အများ ကွက်တိမကျမှုများကြောင့် ကြက်ပေါက်လေးများ ဆုံးရှုံးမှုမရှိစေရန် အပူချိန်တိုင်း ကိရိယာလိုအပ်ပါတယ်။
အပူချိန်တိုင်းကိရိယာများကိုလက်လီလက်ကားရောင်းချပေးလျက်ရှိပါတယ်။

လက်လီဈေး
တစ်ခု = 3000 ကျပ်
နယ်ဝေးမှ ဝယ်ယူအားပေးသည့်သူများအတွက် ပစ္စည်းတန်ဖိုးငွေချေပြီးနောက်နေ့ကားဂိတ်တင်ပေးပါမည်။

Ph - 09- 882122223
09- 664068699

Address

Lashio

Telephone

+959882122223

Website

Alerts

Be the first to know and let us send you an email when Kaung Pyae Trading Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kaung Pyae Trading Co.,Ltd:

Share