The Best Choies

The  Best Choies The best Choies for all.

***ကျောက်လောကထဲ ဝင်မယ်ဆို******သင်ကျောက်သမားတယောက် ဖြစ်လိုပါသလားလွယ်ပါသည် သို့သော် သင်ဝါသနာပါဖို့တော့ လိုပါသည် ပါရမီပါဖိ...
12/05/2020

***ကျောက်လောကထဲ ဝင်မယ်ဆို***

***သင်ကျောက်သမားတယောက် ဖြစ်လိုပါသလားလွယ်ပါသည် သို့သော် သင်ဝါသနာပါဖို့တော့ လိုပါသည် ပါရမီပါဖို့လဲ လိုပါသည် ဒါတွေမပါဘဲနှင့်တော့ သင်ကျောက်သမားတယောက် မဖြစ်နိုင်ပါ ဝါသနာနှင့်ပါရမီ ပါလျှင်ဖြစ်ပြီ။

***ဝါသနာ ပါရုံနဲ့ ကျောက်လုပ်စား လို့တော့ မရသေးပါ ကျောက်လောကကြီးက သင့်ကို မူကြိုတန်းအဖြစ် လက်ခံလိုက်ခြင်းမျှသာပါ အဲဒီကနေ တဆင့်ပြီးတဆင့် သင် အတွေ့အကြုံပေါင်း များစွာသင်ကြားရပါလိမ့်မယ် သင်ပေါင်းသင်း ဆက်ဆံတဲ့နယ်ပယ်က သူတွေဟာ မင်းရဲ့ဆရာတွေ‌ပေါ့။

***အဲဒီနေရာမှာ မင်း သန်ရာသန်ရာ လေ့လာလိုက်စားပါ ကျားတောထဲက သမင်တကောင်လို ပြေးဖို့လည်းပြင် အစာလည်စား မင်အနားကဟာတွေက ဆွဲစားသွားတတ်လို့ပါ ပြေးရင်း သွားရင်း
စားရင်းနဲ့ အတွေ့အကြုံတွေသင်ကြား ကျောက်လောကသားတွေအကြောင်း ကောင်းကောင်းသိရင်
မင်းပါရမီပါမယ် ထင်တဲ့ လိုင်းထဲ ဝင်နွှဲလို့ရပြီပေါ့။

***ဘယ်အလုပ်ဖြစ်ဖြစ် အောက်ခြေကစတာကောင်းတယ် မင်းက ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ ကျင်လည်ကျက်စား ပွဲစားလေးလုပ်ပေါ့ ကိုယ်ရွေးလိုက်တဲ့ ကိုယ်ဝန်းကျင်က ဘာဂွင်တွေလုပ်စားတာလည်း အနဲဆုံးတော့သိမယ်။

*** ပုတီးလား ပန်းပုလား အချပ်လား အတစ်လား လက်ကောက်လားဂွင်လား လုံးစွတ်လားအရေလား
ဖြတ်သားလား ဖြတ်ရှုံးနန်းကျန်လား ဖြတ်ရှုံးပြန်လုံးလား အကျန်အဖန်လား အမှန်အကန်လား ဒီအခြေခံလုပ်စားကြတဲ့အထဲ ထပ်နွှဲလိုက်အုံးပေါ့ ဒါကိုဘောလုံးလိုပြောရင် ဂျူနီယာတန်း ခြေဝင်စမ်းရတဲ့သဘော မင်းအစွမ်းနဲ့ သဘာက စီနီယာ ဖြစ်ခွင့်ရဖို့စွမ်းဆောင် ပေးလိမ့်မယ်။

***ဘဝတခုတည်ဆောက်တဲ့အခါ နေသားတကျဖြစ်ဖို့ အချိန်ကုန်မယ် ကိုနုံရင် နုံသလို ငွေပါထပ်ကုန်မယ် အဲဒီအခါမှ အတွေ့အကြုံ ရင့်ကျက်တဲ့ ကျောက်သမားဘဝကို ရမှာပါ ဒါဆို စီနီယာဖြစ်ပြီ
ကိုယ်လုပ်မဲ့ လိုင်းကို ပိုင်ပိုင််နိုင်နိုင်ဂရုစိုက် လုပ်ပါ
ဟိုဟာဟုတ်နိုးနိုး ဒီဟာဟုတ်နိုးနိုး ရိုးရိုးမလုပ်ရင်တော့ ကျားဆွဲတာခံရတတ်တယ်။

***ကျောက်စိမ်း လောကကြီးဟာ လိုင်းခွဲပေါင်းများစွာရှိလို့ ဂျူနီယာဘဝ အတွေ့အကြုံယူကတည်းက
ကိုယ်ဝါသနာပါရာ စိတ်တိုင်းကျ ရွေးချယ်ကြပါ နေရာ ဒေသ မှော်ထည်းကလူနဲ့ မန္တလေးကလူ မူတော့ကွဲမယ်ပေါ့။

***မှော်ထဲကကျောက်သမား ပွဲစားကစချင်စမယ် မြေစာပုံပြေးပြီး ရေမဆေးက စချင်စမယ် မန္တလေးက ကျတော့ ဖြတ်ရူံးပြန်လုံး အကျန်အဖန်လေးနဲ့စချင်စမယ် ပွဲစားဖြစ်ဖြစ် တနန်းဖွင့် လက်ကောက်သား အချပ်သမားဖြစ်ချင်လည်း ဖြစ်မယ်ပေါ့။

***အချိန်ရယ် ငွေရယ် သဘာရယ် ရှိသွားရင်တော့ အပြောကျယ်လှတဲ့ ကျောက်စိမ်းနယ်ပယ်မှာ အပေါင်းအသင်းကောင်းသာ ရှာပါတော့ ဟိုလိုင်းဒီလိုင်း ဘာပေတန်တွေနဲ့မှ တိုင်းစရာမလိုတော့ပါဘူးကြီးကြီးဖြစ်စေ သေးသေးဖြစ်စေ လက်လှမ်မှီသွားပြီမို့ ကျောက်စိမ်းအကြောင်း ကောင်းကောင်းသိနေပြီပေါ့ အဲလိုအချိန်က ကျောက်ပေါပြီး မိတ်ကောင်းဆွေကောင်း ရှားတဲ့ကာလပါ။

***တကယ်တော့ ကျောက်လောကမှာ အလိုအပ်ဆုံး အရာဟာ ငွေမဟုတ်တော့ဘူး ရိုးသားမှု့ နဲ့သူငယ်ချင်းကောင်း ပါ တဦးအပေါ် တဦး အပြန်အလှန် ရုံကြည်ရသော သစ္စာ ရှိသော ရလိုမှု့နည်းပြီး ဝါသနာကို အရင်းခံသော သူငယ်ချင်းကောင်း မိတ်ဆွေကောင်းပါဘဲ။

***ကျောက်လုပ်ပြီး ပျော်ပျော် နေချင်ရင်ရိုးသားပါ
‌ဆင်းရဲတာ ချမ်းသာတာ ကံတရားက စီမံပေးပါလိမ့်မယ် စိတ်ကောင်းလေးတခုက သင့်ဘဝကို လှပစေမှာ အမှန်ပါ မိမိဘဝ ရေငုတ်ကျင်းခောတ် ကတည်းက ကျောက်ဝယ်ရောင်း လုပ်ခဲ့တာ အလိမ် အညာမပါခဲ့ဘူး ယနေ့အထိလည်း ကျောက်လုပ်ဆဲပျော်ပျော်ပါးပါးဘဲ ဆင်ရဲချမ်းသာဆိုတာ စိတ်ချမ်း
သာဖို့ကလည်း အရေးကြီးတာဘဲမဟုတ်လား။

*ဥစ္စာ ကံပေး မရသေး နှောင့်နှေး ဗျာပါ မရှိရာ*

*ကိုစံမြန်မာ*

11/05/2020
http://mc.warnaing.website/?p=1968
08/05/2020

http://mc.warnaing.website/?p=1968

ကိုဗစ်ရောဂါဖြစ်လိမ့်မယ်လို့ ဟောခဲ့တဲ့ အိန္ဒိယလူငယ်ဗေဒင်ဆရာ နောက်ထပ်ဟောကိန်းတစ်ခုထပ်ထုတ် May 8, 2020 Admin International news 0 Zawgyi.....

Address

Lashio
Lashiogyi
LASHIO

Website

Alerts

Be the first to know and let us send you an email when The Best Choies posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category