Juelietmay

Juelietmay နာကျင်မူ့တွေကမျက်နာမှာမပေါ်ဘူးလေးနော့😔😔

05/02/2026

ပြန်မထွက်သွားဖို့တောင်းဆိုချင်ပါတယ်

အပြင်က ဖိအားကြောင့် ဥကွဲသွားရင် မရှင်သန်တော့ဘူး။အတွင်းက တွန်းအားကြောင့် ဥကွဲသွားရင်တော့ရှန်သန်လာမယ်။ ဘဝသစ်တစ်ခုရမယ်။ဥခွံ...
16/03/2023

အပြင်က ဖိအားကြောင့်
ဥကွဲသွားရင် မရှင်သန်တော့ဘူး။

အတွင်းက တွန်းအားကြောင့် ဥကွဲသွားရင်တော့
ရှန်သန်လာမယ်။ ဘဝသစ်တစ်ခုရမယ်။

ဥခွံကွဲသွားတာခြင်းတူပေမယ့်
အခြေအနေကမတူဘူး။

ပြင်ပက ဖိအားတွေဒဏ်ကြောင့်
ဘဝပျက်ခံမလား…။
အတွင်းက တွန်းအားတွေနဲ့
ဘဝသစ်တစ်ခုကို စတင်မလား…။

ထွက်ပေါက်မရှိရင် ဖောက်ထွက်လိုက်ပါ…။
ဖောက်ထွက်ရဲမှ ရှန်သန်မယ်..။
ဖောက်ထွက်ရဲမှ လွတ်မြောက်မယ်…။
ဘယ်တော့မှ တစ်နေရာတည်းမှာ ပိတ်မိမနေစေနဲ့ ..။

ဖိအားတွေ ဘယ်လောက်များများ …
တွန်းအားတွေနဲ့
တွန်းကန်ပါ ၊ တွန်းလှန်ပါ ၊ တွန်းထုတ်ပစ်ပါ။

🥚🐣🐥🐓




www.Juelietmay.com

ကိုယ့်ကိုလှပအောင်နေပါကိုယ့်ကိုယ်ကိုပျော်ရွင်မူပေးကြိုးစား💪💪💪
23/02/2023

ကိုယ့်ကိုလှပအောင်နေပါ
ကိုယ့်ကိုယ်ကိုပျော်ရွင်မူပေး
ကြိုးစား💪💪💪

💪💪💪
23/02/2023

💪💪💪

အပြောအဆို ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာလူကြီးဆန်ခြင်း တစ်မျိုးပါ။အစော်ကား ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာခွင့်လွှ...
12/02/2023

အပြောအဆို ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ
လူကြီးဆန်ခြင်း တစ်မျိုးပါ။

အစော်ကား ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ
ခွင့်လွှတ်ခြင်း တစ်မျိုးပါ။

အထင်လွဲခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ
သဘောထား ကြီးခြင်း တစ်မျိုးပါ။

အဖြစ်အပျက် အမှန်ဆိုတာ
အချိန်က စကားပြောသွားပါလိမ့်မယ်။

စိတ်ထိခိုက်သွားပြီး ဘာမှ ပြန်မပြောခြင်းဟာ
စိတ်ရင်းကောင်းခြင်း တစ်မျိုးပါ။

မေတ္တာရဲ့ အအေး အနွေး ဟာ
အချိန်ကသာ သက်သေပြသွားပါလိမ့်မယ်။

ဘာကိစ္စ အတွက်ပဲ ဖြစ်ဖြစ် စိတ်လောပြီး မငြင်းဆိုပါနဲ့...

ဘာအကြောင်းအရာကိုမှ စိတ်လောပြီး မရှင်းပြပါနဲ့...

နားလည်ပြီးသား သူအတွက် ရှင်းပြဖို့ မလိုအပ်သလို...

နားမလည်ချင်တဲ့ သူအတွက်
ရှင်းပြလည်း အပို ဖြစ်နေတတ်တယ်။

စကားပြောတတ်ဖို့ နှစ်,နှစ် ပဲ သင်လိုက်ရပေမဲ့
ပါးစပ် ပိတ်တတ်ဖို့တစ်သက်တာ ကြိုးစားကြရမယ်။

လောက နိယာမအရ... အနစ်နာခံတဲ့လူဟာ
နောက်ဆုံးမှာ တကယ်မနစ်နာသလို

ငြင်းခုံမှုမှာ အရှူံးပေးတဲ့ သူဟာလည်း
နောက်ဆုံးမှာ တကယ် မရှူံးပါဘူး.....

ခွင့်လွှတ်ပေးသူက မြတ်ပြီးသားပါ။

Credit:

စိတ်ကိုအရည်အသွေးမြှင့်ကြရအောင်😊www.Juelietmay.com
05/02/2023

စိတ်ကိုအရည်အသွေးမြှင့်ကြရအောင်😊

www.Juelietmay.com

ဆက်လျှောက် 💪💪 💠💠💠💠💠💠💠ဖြစ်ချင်တာတွေ ဖြစ်မလာသေးတဲ့အခါရည်မှန်းချက်နဲ့ ကြိုးစားမယ်။မဖြစ်ချင်ချင်တာတွေ ဖြစ်နေရတဲ့အခါသည်းခံစိတ...
18/01/2023

ဆက်လျှောက် 💪💪
💠💠💠💠💠💠💠

ဖြစ်ချင်တာတွေ ဖြစ်မလာသေးတဲ့အခါ
ရည်မှန်းချက်နဲ့ ကြိုးစားမယ်။

မဖြစ်ချင်ချင်တာတွေ ဖြစ်နေရတဲ့အခါ
သည်းခံစိတ်နဲ့ ဆက်လျှောက်မယ်။

ဘာအတွက်နဲ့မှ စိတ်ကို
အလေလွင့် အဆုံးရှုံးမခံနဲ့။

တစ်ချို့အရာတွေက ကံနဲ့ဆိုင်သလို
တစ်ချို့အရာတွေက အားထုတ်မှု အနည်းအများနဲ့
ဆိုင်တယ်။

လုပ်ပိုင်ခွင့်ရတဲ့အချိန်မှာ အကောင်းဆုံး ကြိုးစားခဲ့ရင်
ဘယ်လိုရလဒ်အတွက်ကြောင့်မှ
နောင်တရစရာ မလိုဘူး။

အိပ်မက်တွေက ဈေးကြီးတယ်။
တတ်နိုင်သလောက် နည်းနည်းချင်း စုသွားရင်တော့
တစ်နေ့မှာ အိပ်မက်အကောင်းစားကြီးတစ်ခုကို
လက်ဝယ်ပိုင်ပိုင် ရရှိမှာပါ။

မကြိုးစားဘဲနဲ့ ညည်းညူနေတာဟာ
လူညံ့ လူဖျင်းတွေ လုပ်နေကျအလုပ်ပါ။

မျှော်လင့်ချက်တွေ အရောင်မမှိန်သရွေ့
ငါတို့မှာ တောက်ပတဲ့အနာဂတ်တွေ ရှိတယ်။

လဲကျရင် ပြန်ထမယ်
ထိုးနှက်ရင် သည်းခံမယ်။
နှေးရင် နှေးပါစေ
ရပ်မနေဖို့သာ အရေးကြီးတာပါ။
ဆက်လျှောက်နေသရွေ့
ပန်းတိုင်သွားတဲ့လမ်း မပျောက်ပါဘူး။
တစ်နေ့ရောက်ဖို့ လျှောက်နေဖို့ပဲ လိုပါတယ်။

အလင်းသစ်(သဲကုန်း)
www.Juelietmay.com

ကိုယ့်ကို အမြဲတမ်း ပျော်စေနိုင်တာလဲကိုယ်ပဲရှိတယ်။ကိုယ့်ကို အမြဲတမ်း ဂရုစိုက်ပေးနိုင်တာလဲကိုယ်ပဲရှိတယ်။ကိုယ့်ကို အမြဲတမ်း...
07/01/2023

ကိုယ့်ကို အမြဲတမ်း ပျော်စေနိုင်တာလဲ
ကိုယ်ပဲရှိတယ်။

ကိုယ့်ကို အမြဲတမ်း ဂရုစိုက်ပေးနိုင်တာလဲ
ကိုယ်ပဲရှိတယ်။

ကိုယ့်ကို အမြဲတမ်း နားလည်ပေးနိုင်တာလဲ
ကိုယ်ပဲရှိတယ်။

ဘယ်သူ့ကိုမှ မမျှော်လင့်နဲ့
ဘယ်သူ့ကိုမှ မစောင့်နဲ့
ကိုယ်လုပ်စရာရှိတာကိုယ်လုပ်။

ကိုယ်က စပြီး အမှားမဖြစ်အောင်နေ။
အနည်းဆုံးတော့ ကိုယ့်လိပ်ပြာကိုယ်လုံပါတယ်။

#သံသရာခရီးသွား____
www.Juelietmay.com

ဘယ်အရာမှမလွယ်ကူပေမဲ့ ရိုးသားစွာနဲ့ကြိုးစားပါဖြည့်ဖြည့်ချင်း ဘဝကအစပြုလာပါလိပ့်မယ်လိုချင်တဲ့ပန်းတိုင်တစ်နေ့နေ့ရောက်လာပါလိပ...
06/01/2023

ဘယ်အရာမှမလွယ်ကူပေမဲ့ ရိုးသားစွာနဲ့
ကြိုးစားပါဖြည့်ဖြည့်ချင်း ဘဝကအစပြုလာပါလိပ့်မယ်
လိုချင်တဲ့ပန်းတိုင်တစ်နေ့နေ့ရောက်လာပါလိပ့်မယ်
အားမလျှော့ပဲ ရဲရဲသာရင်ဆိုင်လိုက်ပါ💪💪

ငွေရှာပါ.....ပိုက်ဆံစုပါ....ဘယ်သူ့ကိုမှ အားမကိုးပါနဲ့ဘဝမှာ ကိုယ်ကလွဲရင် ဘယ်သူကမကိုယ့်အတွက် အမြဲရှိမနေပေးနိုင်ပါဘူး။ဘာကြေ...
06/01/2023

ငွေရှာပါ.....ပိုက်ဆံစုပါ....

ဘယ်သူ့ကိုမှ အားမကိုးပါနဲ့
ဘဝမှာ ကိုယ်ကလွဲရင် ဘယ်သူကမ
ကိုယ့်အတွက် အမြဲရှိမနေပေးနိုင်ပါဘူး။

ဘာကြောင့်ပဲဖြစ်ဖြစ် ရိုးသားပါ
ဘယ်နေရာရောက်ရောက် ရိုးသားပါ
ဘာလုပ်လုပ် ရိုးသားပါ
ဘာပြောပြော ရိုးသားပါ။

ဘယ်အခြေအနေမှာဖြစ်ဖြစ် ရိုးသားပါ
ရိုးသားခြင်းဟာ လူ့တန်ဖိုးအစစ်ဖြစ်လို့
ရိုးသားမှုမရှိလျှင် လူဟာ တန်ဖိုးမရှိပါဘူး။

ဘာမှမရှိပေမယ့် အမြဲရိုးသားမှုရှိနေတော့
ကိုယ်ဟာ တန်ဖိုးရှိတဲ့သူ ဖြစ်နေပါပြီ။

ဘာမှမသိရင်အောက်ကျို့ရတယ်
ဒါကြောင့် သိအောင် လေ့လာပါ

ဘာမှမရှိရင် မျက်နှာငယ်ရတယ်
ဒါကြောင့် ရှိအောင် ကြိုးစားပါ

ငွေရှာပါ၊ ပိုက်ဆံစုပါ
ဘယ်သူ့အပေါ်မှ မမှီခိုဘဲ
ဘယ်သူ့မျက်နှာကိုမှ မကြည့်ဘဲ
နေနိုင်တဲ့အထိ ကြိုးစားရှာဖွေပါ။🥰

www.Juelietmay.com

ဝေဖန်အပြစ်ပြောတတ်တာကျမတို့ပတ်ဝန်ကျင်မှာပါဂရုမစိုက်ပဲကိုယ့်အလုပ်ကိုသာဆက်လုပ်ပါ❣️❣️
04/01/2023

ဝေဖန်အပြစ်ပြောတတ်တာကျမတို့ပတ်ဝန်ကျင်မှာပါ
ဂရုမစိုက်ပဲကိုယ့်အလုပ်ကိုသာဆက်လုပ်ပါ
❣️❣️

လဲကျလည်းပြန်ထကြိုးစားရမှာကိုယ့်တာဝန်🥰🥰
04/01/2023

လဲကျလည်းပြန်ထကြိုးစားရမှာကိုယ့်တာဝန်🥰🥰

Address

Loikaw
11

Website

Alerts

Be the first to know and let us send you an email when Juelietmay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share