Zaw's World

Zaw's World Zaw's WORLD ( BEST SERVICE PROVIDER)

🍒 ကိုယ့် ကို နာ ကျင် အောင် လုပ် ခဲ့ တဲ့      သူ ကို မ မုန်း ပါ နဲ့ . . . !        မ ကျိန် ပါ နဲ့ . . . !🍒 သူ့ အ ကု သိုလ်...
22/12/2021

🍒 ကိုယ့် ကို နာ ကျင် အောင် လုပ် ခဲ့ တဲ့
သူ ကို မ မုန်း ပါ နဲ့ . . . !

မ ကျိန် ပါ နဲ့ . . . !

🍒 သူ့ အ ကု သိုလ် ကို
ကိုယ့် အ ကု သိုလ် ဖြစ် သွား အောင်
မ ခံ ယူ ချင် ပါ နဲ့ . . . !

သူ မ ကောင်း ရင် သူ ခံ ရ ပါ လိမ့် မယ်
ကိုယ် က ကြား ထဲ က နေ ပြီး တော့
ကျိန် စာ တိုက် ပေး နေ စ ရာ မ လို ပါ ဘူး . . . ။

🍒 မေ တ္တာ ပဲ ပို့ ပေး လိုက် ပါ . . .
မေ တ္တာ တွေ စစ် ရင် စူး ကို စူး ပါ တယ် . . .

🍒 ၀ဋ် တွေ လည် တဲ့ တစ် နေ့ နေ့၊
တစ် ချိန် ချိန် ကျ ရင် ကိုယ် ခံ ခဲ့
ရ သ လို မျိုး သူ လည်း ပဲ
ပြန် ခံ ရ ဦး မှာ အ သေ ချာ ပါ ပဲ . . .

အဲ့ အ ခါ ကျ ရင် ကိုယ့် ကို
သူ ကိုယ် ချင်း စာ တတ် လာ မှာ ပါ . . . 💭❤️

လမင်းမေ ~ 𝐋 . ᴍ . 𝐌𝕒𝐲

( သာသနာသက္ကရာဇ် ၂၅၆၅ ခု၊
မြန်မာသက္ကရာဇ် ၁၃၈၃ ခု၊
နတ်တော် လဆုတ် ၃ )

( 𝖣𝖾𝖼 - 2𝟣 / 𝟤𝟢𝟤𝟣
{ 𝟪 : 𝟣𝟩 𝖯 . 𝖬 } / 𝖳𝗎𝖾𝗌𝖽𝖺𝗒 )

✪ 𝖢𝗋𝖾𝖽𝗂𝗍 . 🌸

🌹🌹🌹ပန်းပျိုးလက်🌹🌹🌹ဖြူစင်တဲ့စိတ်စေတနာ နဲ့ တောက်ပနိုင်ဖို့အရေး ပန်းလေးတွေလို ပျိုးပေးခဲ့ပြီးပြီပဲဖူးပွင့်လာတဲ့ပန်းဆီက ရတဲ့...
15/12/2021

🌹🌹🌹ပန်းပျိုးလက်🌹🌹🌹

ဖြူစင်တဲ့စိတ်စေတနာ နဲ့

တောက်ပနိုင်ဖို့အရေး ပန်းလေးတွေလို

ပျိုးပေးခဲ့ပြီးပြီပဲ

ဖူးပွင့်လာတဲ့ပန်းဆီက ရတဲ့ရနံ့ဟာ

မွှေးသော်ရှိ မမွှေးသော်ရှိ

ပန်းပျိုးသူလက်နဲ့ ဖျက်ဆီးခြေမွလိုစိတ်မရှိခဲ့ပါ။

အစဉ်အမြဲ ပွင့်ဖူးဝေဆာနိုင်ဖို့ရာ

ဆန္ဒမှာ ပန်းပျိုးသူရဲ့ စေတနာပါ

🌹🌹🌹🌹🌹🌹🌹

****  လူ၏ အကြိုက်၊ဆယ်ခါလိုက်လည်း၊မလိုက်တစ်ခါ၊ ရှိခဲ့ပါမူ၊ကြီးစွာရန်သူ၊ စွဲမှတ်ယူ၏ တဲ့၊ *****ကိုယ်ပြုတဲ့ကံဘယ်သူခံရမလဲ?တစ်...
14/12/2021

**** လူ၏ အကြိုက်၊
ဆယ်ခါလိုက်လည်း၊
မလိုက်တစ်ခါ၊ ရှိခဲ့ပါမူ၊
ကြီးစွာရန်သူ၊ စွဲမှတ်ယူ၏ တဲ့၊ *****

ကိုယ်ပြုတဲ့ကံဘယ်သူခံရမလဲ?

တစ်ခါက ရွာတစ်ရွာမှာ
အလွန်သဘောကောင်းတဲ့
တောင်သူကြီးတစ်ယောက်ရှိပါတယ်။
သူဟာလူတစ်ဖက်သားကိုလည်း
အလွန်သနားတတ်ပါသ တဲ့။

တစ်နေ့တော့
နေစရာထိုင်စရာမရှိလို့..
ယောင်ချာချာဖြစ်နေတဲ့
လင်မယားနှစ်ယောက်ကို
ခေါ်လာပြီး သူ့ယာတဲလေးမှာ
နေထိုင်ခွင့်ပေး ထားပါသ တဲ့။

ဆန်နဲ့ဆီ၊ဟင်းချက်စရာ
တို့တို့တိတိတွေကိုလည်း
တစ်လစာလောက်
ပေးလိုက်ပါသေးတယ်။
နေစရာ
တဲလေးကလည်း အဆင်သင့်ပါပဲ။

တစ်ဧကကျော်လောက်ရှိတဲ့
ယာကွက်ထဲမှာ
သီးနှံလေးတွေကိုလည်း
စိုက်ခွင့်ပေးပါတယ်။

ဒါပေမယ့်
သူ့ရဲ့အိုစာမင်းစာအတွက်ဆိုပြီး
စိန်တစ်လုံးသရက်ပင်၊သံပုရာပင်နဲ့
ပိန္နဲပင်လို နှစ်ရှည်ပင်အချို့ကို
စိုက်ခိုင်းပါသတဲ့။

ဘူး၊ဖရုံ၊ငရုတ်၊သခွားပင်တွေကိုတော့
သူတို့ဖာသာစိုက်ပြီး ရောင်းချစားစေပါတယ်။

ဒီလိုနဲ့..
လင်မယားနှစ်ယောက်ဟာ
ပြင်ပကအလုပ်လေးတွေလုပ်ရင်း
ယာကထွက်တဲ့သီးနှံလေးတွေ ရောင်းရင်း
စီးပွားရေးလေးအဆင်ပြေလာပါတယ်။

လင်မယားလေးနှစ်ယောက်ဟာ
သူတို့ရဲ့ကျေးဇူးရှင်တောင်သူကြီးကို
ဝါဝင်ဝါထွက်တိုင်း ကန်တော့တဲ့အပြင်
ဟင်းလေးတွေကောင်းရင်လည်း
ဦးဦးဖျားဖျားပို့ပါတယ်။

စိန်တစ်လုံးသရက်တွေလည်း သီးလို့
သံပုရာသီးတွေလည်းဝေလို့
နေချင်စဖွယ်ယာတဲလေး ဖြစ်လာပါတယ်။

တောင်သူကြီးနဲ့သူတို့လင်မယားဟာလည်း
သားအဖတွေသဖွယ် ချစ်ခင်လာကြပါသတဲ့။

တစ်နေ့တော့ တောင်သူကြီးဟာ
သူတို့လင်မယားနှစ်ယောက်ကိုခေါ်ပြီး

"မင်းတို့လင်မယားနှစ်ယောက်လည်း
ငါ့ယာတဲလေးမှာနေတာ ၅ နှစ်ရှိပြီ။
မင်းတို့စီးပွားရေးလေးလည်း အဆင်ပြေပြီမို့
ငါလည်း အသက်ကကြီး ငွေလည်းလိုနေလို့
ငါ့ယာတောလေးကိုရောင်းတော့မယ်
မင်းတို့ နေစရာရှာပါတော့
တစ်လအချိန်ပေးမယ်"လို့ပြောပါသတဲ့။

လင်မယားနှစ်ယောက်ယာတဲကို
ပြန်ရောက်တော့
မိန်းမဖြစ်သူက ပြောပါသတဲ့။

"တောင်သူကြီးမတရားဘူး
စိန်တလုံးတွေသံပုရာတွေသီးလာမှ
ကျွန်မတို့ကို နှင်ထုတ်တယ်။
တော် ဒီအတိုင်းပဲ ငြိမ်ခံနေမှာလား"
လို့ပြောပါသတဲ့

ယောင်္ကျားလုပ်သူက
"ဒီအတိုင်းတော့ငြိမ်ခံမနေနိုင်ဘူးဟေ့
ဒို့စိုက်ထားတဲ့ အပင်တွေ
ဒို့ပြန်ဖျက်ဆီးရမယ်" ဆိုပြီး
သရက်ပင်တွေ၊ သံပုရာပင်တွေကို
အရင်းကနေ ခုတ်လှဲပစ်ပါသတဲ့။

မိန်းမလုပ်သူကလည်း
ဘူး၊ဖရုံ၊ငရုတ်၊ သခွားပင်တွေကို
အကုန် ဖျက်ဆီးပြစ်ပါသတဲ့။

နေချင့်စဖွယ်ယာတဲလေးဟာ
သုဿန်တစ ပြင်လို
ခြောက်သွေ့သွားပါတော့တယ်။

သစ်ပင်တွေအလဲလဲအပြိုပြို
သီးပင်စားပင်တွေ
ပျက်ဆီးသွားတာကိုကြည့်ရင်း
လင်မယားနှစ်ယောက်
အလွန်ကျေနပ်နေကြပါသတဲ့။

"ခင်ဗျား ဘာတတ်နိုင်သေးလဲ"
လို့တောင် ကြိမ်းဝါးလိုက်ကြပါသေးတယ်။

အဲဒီညမှာတော့
အောင်သေအောင်သားအနေနဲ့
မွေးထားတဲ့ကြက်ကလေးကိုတောင်
ရိုက်ချက်စားလိုက်ပါသေးတယ်။

မိန်းမလုပ်သူက
"တောင်သူကြီးက.. သူ့အပင်တွေ
ပျက်ဆီးကုန်တာတွေ့လို့ ပြောရင်
ဘယ်လို လုပ်မလဲလို့" မေးတော့

"မေးရဲရင်မေးကြည့်လေ
သူ့အပင်တွေလို
အပိုင်းပိုင်းဖြတ်ပစ်မယ်လို့"
ဒေါသတကြီးအော် ဟစ်လိုက်တယ်။

ဒေါသဦးဆောင်နေတဲ့သူနဲ့
မိတ်ဆြွေပုရတာ
အလွန်ကြောက်စရာ ကောင်းပါတယ်။

အဲဒီနေ့က တောင်သူကြီး
ရောက်မလာလို့ တော်ပါသေးတယ်။
ရောက်လာလို့
မေးမိပြောမိရင် မလွယ်လောက်ပါဘူး။

လင်မယားနှစ်ယောက်ဟာ
လောဘနဲ့ဒေါသဦးဆောင်နေတာကြောင့်
မောဟဖုံးပြီး ကျေးဇူးတရားကို
လုံးလုံးသတိ မရကြတော့ပါဘူး၊
ကျေးဇူးရှိမှ
ကျေးစွပ်တယ်ဆိုတာ သိပ်မှန်တာပါပဲ။

လူတော်တော်မျာများဟာ
သူတို့အတွက် အကျိုးပြုနေရင်
သူတို့အတွက်
အသုံးချစရာရှိနေသေးရင်
အဲဒီလူအပေါ်
ကျေးဇူးတွေ သိတတ်သလောက်

သူတို့ကို အကျိုးမပြုနိုင်တော့ရင်
အသုံးချလို့မရတော့ဘူးဆိုရင်တော့
ကျေးစွပ်ဖို့ဝန်မလေးတဲ့အပြင်
အဆင်းမှာ တွန်းချဖို့ ဝန်မလေးတဲ့
သူတွေလည်း ဖြစ်သွားကြပါတော့တယ်။

လင်မယားနှစ်ယောက်ဟာ
သီးနှံပင်တွေကိုဖျက်ဆီးရုံနဲ့တင်
အားမရသေးပါဘူး
ဘာတွေဆက်ပြီးဖျက်ဆီးရင်
ကောင်းမလဲလို့တိုင်ပင်ကြပါတယ်။

"ကျုပ်တို့ရောက်စက ဒီတဲလေးဟာ
ဒီလောက် မကောင်းသေးဘူး၊
ကျုပ်တို့ပြုပြင်ထားလို့...
ဒီလောက်ကောင်းနေတာ
ပြန်ဖျက်ပစ်ရမယ်" လို့
မ်ိန်းမက ပြောလိုက်ပါတယ်။

ယောင်္ကျားလုပ်သူက..
တဲကလေးကို
ဖျက်ဆီးပြစ်လိုက်ပါတော့တယ်၊
ယာတောတစ်ခုလုံး
မြင်မကောင်းအောင် ဖြစ်သွားပါပြီ။

နောက်နေ့မှာတော့တောင်သူကြီးဟာ
ရွာသူကြီးရယ်
လူကြီးလေးယောက်ရယ်နဲ့အတူ
ယာတောကို ရောက်လာခဲ့ပါတယ်။

ယာတောကြီးတစ်ခုလုံး
မြင်မကောင်းအောင်ပျက်စီးနေတာ
တွေ့တော့ အလွန်အံ့သြသွားခဲ့ပါတယ်။

မေးမိတော့...
လင်မယားနှစ်ယောက်က
"ကျုပ်တို့စိုက်တဲ့အပင်နဲ့
ကျုပ်တို့ပြင်ထားတဲ့တဲ
ကျုပ်တို့ပြန်ဖျက်ဆီးတာ
ဘာလုပ်ချင်လဲလို့"
ရိုင်းစိုင်းစွာ ပြန်ဖြေကြပါတယ်။

တောင်သူကြီးက
"မိုက်လိုက်ကြတာကွယ်...ငါက
မနေ့က ဆုံးဖြတ်ချက် ပြောင်းခဲ့တယ်။

ငါ...သာသနာ့ဘောင်
အပြီးဝင်တော့မှာမို့ ဒီယာတောကို
မင်းတို့အမည်နဲ့ အပြီးလွဲခဲ့မယ်ဆိုပြီး
သူကြီးရယ်
ရပ်မိရပ်ဖတွေရယ် ခေါ်လာခဲ့တာကွဲ့"

"ဗျာ...ကျနော်တို့ကို
ပေးခဲ့မယ်ဟုတ်လား ??"

လင်မယားနှစ်ယောက်
ရှုံးပွဲချ ငိုပါတော့တယ်။

တောင်သူကြီးကခွင့်လွှတ်ပြီး
ယာတောကိုပေးချင်ပေမဲ့
သူကြီးနဲ့ရွာသားတွေက
ကျေးဇူးမဲ့တတ် ဒုစရိုက်ဆန်လှတဲ့
လင်မယားကိုပေးဖို့ သဘောမတူကြောင်း
အကြီးအကျယ်ကန့်ကွက်ကြလို့
ဘုန်းကြီးကျောင်းကိုပဲ
လှူဖြစ်သွားခဲ့ပါတော့တယ်။

လင်မယားနှစ်ယောက်ကိုတော့
ရွာသားတွေက
ခွေးမောင်းသလို နှင်ထုတ်ခဲ့ကြပါတယ်။

သေသေချာချာဖတ်ဖြစ်ရင်တော့
လူတွေရဲ့သဘောသဘာဝက

လူ၏ အကြိုက်၊
ဆယ်ခါလိုက်လည်း၊
မလိုက်တစ်ခါ၊ ရှိခဲ့ပါမူ၊
ကြီးစွာရန်သူ၊ စွဲမှတ်ယူ၏ တဲ့၊

သူတစ်ပါးကိုကူညီတာ
ကောင်းမြတ်ပေမယ့်
အခွင့်အရေးသမားတွေနဲ့ တွေ့တဲ့အခါ

ကျေးဇူးမဲ့သူတို့၏
သွားရာလမ်းအတိုင်း
ကိုယ်ပြုတဲ့ကံ ကိုယ်ပဲခံစားရမြဲပါ...။

Credit☆Original Writer

ရိုးသားမှုကို ☆တန်ဖိုးထားပါ☆🙏🌷🌷🌷

CRDပုံထဲမှာ ကောင်လေးက အောက်မှာမြွေတစ်ကောင်ရှိနေတယ်ဆိုတာမသိဘူးမိန်းခလေးကလဲ ကောင်လေးကျောက်တုံးပိနေတယ်ဆိုတာမသိဘူး။မိန်းခလေး...
14/12/2021

CRD

ပုံထဲမှာ ကောင်လေးက အောက်မှာမြွေတစ်ကောင်ရှိနေ
တယ်ဆိုတာမသိဘူး

မိန်းခလေးကလဲ ကောင်လေးကျောက်တုံးပိနေတယ်ဆို
တာမသိဘူး။

မိန်းခလေးကတွေးတယ်...
ငါပြုတ်ကျတော့မယ် ငါတွယ်မတတ်နိုင်ဘူး တတ်ရင်
မြွေကငါ့ကိုကိုက်တော့မှာ...
သူငါ့ကိုဘာလို့ အားနည်းနည်းလောက် ထပ်စိုက်ပြီး ဘာ
လို့ဆွဲမတင်ရတာလဲ...?

ကောင်လေးလဲ စဉ်းစားပြန်တယ်...
ငါအရမ်းကိုနာကျင်နေပြီ...ယခုချိန်အထိ ငါတတ်နိုင်
သလောက် သူ့ကိုဆွဲထားရဲ့သားနဲ့ နည်းနည်းလောက်ထပ်
ကြိုးစားပြီး တွယ်တတ်ဖို့ ဘာကြောင့်မလုပ်ရတာလဲ...?

သင်ခန်းစာကတော့

အောက်ကလူမှာရှိတဲ့ဖိအားကိုမင်းဘယ်တော့မှမြင်နိုင်မှာ
မဟုတ်ဘူး။ ပြီးတော့ အောက်ကလူကလဲ မင်းမှာရှိတဲ့
နာကျင်မှုကို မမြင်နိုင်ဘူး။
ဒါဟာ ဘဝပဲ.....

အဲ့ဒါဟာ အလုပ်ဖြစ်စေ မိသားစုဖြစ်စေ ခံစားချက်တွေ
ဒါမှမဟုတ်မိတ်ဆွေတွေပဲဖြစ်ဖြစ် တစ်ယောက်ကို တစ်
ယောက်ပိုပြီးတော့နားလည်မှု့ပေးနိုင်ဖို့ ကြိုးစားသင့်
တယ်...

အခြေအနေအရပ်ရပ်မှာ တစ်ဖက်သားရဲ့ ရှု့ထောင့်ကနေ
လည်း ကြည့်ပေးနိုင်ရမယ်...

ကိုယ်ချင်းစာစိတ်ထားပါ နှစ်ဦးနှစ်ဖက်မျှတွေးနိုင်ဖို့
သင်ယူပါ...
သူတပါး၏အမြင်နဲ့ခံယူချက်ကိုလက်ခံစဉ်းစားပါ...

ကြင်နာမှုနဲ့ စိတ်ရှည်ခြင်းက ပိုပြီးတော့ ခရီးရောက်စေ
တယ်...

ငါတို့ဆုံတွေ့ရတဲ့လူတိုင်းမှာ တိုက်ပွဲကိုယ်စီနဲ့တိုက်ခိုက်နေ
ကြရတယ်။
သူတို့ရဲ့တိုက်ပွဲတချို့ကိုတော့ မင်းကြားနိုင်မှာ မဟုတ်
ဘူး...

လူတွေအပေါ်နားလည်ပေးမယ်။
မေတ္တာတရားထားမယ် ကူညီမယ်လို့ ဆန္ဒရှိတာဟာ လူ
တွေအပေါ်ထားသင့်တဲ့အရာတွေဖြစ်တယ်...

အဖိုးတန်တဲ့အကြံဥာဏ်တချို့ပေးခဲ့မယ်...

သုံသပ်ဖို့ကို လေ့ကျင့်ပါ။
မယူစခင် သုံးသပ်ပါ။
မစွပ်စွဲခင် သုံးသပ်ပါ။
ပြီးတော့
သင် ကြမ်းတမ်းစွာ တုံ့ပြန်တော့မဲ့ အချိန်တိုင်းမှာလည်း
သုံးသပ်ပါ...။

" နောင်တ နောင်မှရတယ်" ဆိုတဲ့ ဆိုရိုးကို ရှောင်ရှားသင့်
တယ်......

တစ်ဦးပေါ်တစ်ဦး ကြင်နာမှုရှိကြပါ...

©®ဘဝရဲ့ခရီးသည်

အလုပ်လုပ်တာလဲ လုပ်ပေါ့စီးပွားရှာတာလဲ ရှာပေါ့ကြီးပွားတိုးတက်လိုစိတ်ရှိတာဟာလူပီသပါတယ်။ဒါပေမယ့် ကိုယ့်ဘဝတဆစ်ချိုးမှာ ကူညီပေ...
14/12/2021

အလုပ်လုပ်တာလဲ လုပ်ပေါ့

စီးပွားရှာတာလဲ ရှာပေါ့

ကြီးပွားတိုးတက်လိုစိတ်ရှိတာဟာ

လူပီသပါတယ်။

ဒါပေမယ့် ကိုယ့်ဘဝတဆစ်ချိုးမှာ ကူညီပေးခဲ့တဲ့

တပါးသူကို လှေကားထစ်လို အသုံးချပြီး

သူတော့ဖြစ်ချင်ရာဖြစ်

ငါတော့ကြီးပွားတိုးတက် ရမယ် ဆိုတဲ့

စိတ်ထားရှိတဲ့ လူတစ်စုကတော့

လူယုတ်မာစာရင်းထဲ ဝင်မှန်းမသိဝင်နေတာကို

အဟုတ်ထင် လုပ်ချင်ရာလုပ်လို့ရမယ် အထင်နဲ့

အနိုင်ကျင့် လူပါးဝနေတဲ့ သူတို့ဘဝသာယာပါစေ။

သံသရာတကွေ့ပြန်‌မတွေ့ဖို့စိတ်ဆန္ဒရှိပေမယ့်

အမှတ်မထင်ပြန်တွေ့ကြတဲ့အခါ

သူတို့ဘဝလေးတွေ

ဤထပ်မက တောက်ပြောင်လှပနေပါစေ။



#တွေးမိတွေးရာ

13/12/2021

TIME'S OVER!

သူတို့အကြိုက်လိုက်နေပေးစဉ်သင်ကကောင်းနေမှာဖြစ်ပြီး....သူတို့စိတ်ထဲမတွေ့တော့ရင်သူတို့စိတ်ကြိုက်နေမပေးရင်သင်ဟာ သူတို့ရန်သူဖ...
11/12/2021

သူတို့အကြိုက်လိုက်နေပေးစဉ်
သင်ကကောင်းနေမှာဖြစ်ပြီး....
သူတို့စိတ်ထဲမတွေ့တော့ရင်
သူတို့စိတ်ကြိုက်နေမပေးရင်
သင်ဟာ သူတို့ရန်သူဖြစ်သွားမှာပါ။
-------------

သင့်တစ်နေ့တာအတွက် စိတ်ကြည်နေဖို့
အမှိုက်လိုလူတွေရဲ့
ပုပ်နေတဲ့စကားတွေ
လောက်တက်နေတဲ့ အပြုအမူတွေကို
ဘာလို့ ဆက်ပြီးခံစားနေမှာလဲ။

-------------

အသက်အရွယ်ရလာတော့
ကိုယ့်ကိုမလိုအပ်တဲ့လူတွေတွေ့ရင်
ဝမ်းမနည်းမိတော့ဘူး
သူတို့လိုအပ်တဲ့လူတွေ
သူတို့နားမှာ တည်မြဲနေပါစေပဲဆုတောင်းတယ်။

ကိုယ့်ကိုမကြိုက်တဲ့လူတွေတွေ့ရင်လည်း
သူတို့ကျေနပ်အောင် လိုက်မနေပေးတော့ဘူး
သူတို့ကြိုက်တဲ့လူတွေနဲ့သူတို့
ဆက်နေပါစေလို့သာ ဆုတောင်းတယ်။

ကိုယ့်ကိုမကောင်းပြောတာပြန်ကြားရင်
အစကတော့ဒေါသဖြစ်မိတယ်
ဒါပေမယ့် ပုထုဇဉ် လူတွေဆိုတာ
ဘုရားကိုတောင်သတ်ဖို့ကြိုးစားခဲ့ကြသေးတာပဲ
ဆိုပြီး ဖြေသိမ့်နေလိုက်မိတယ်။

လူတွေအပေါ်သိပ်ဂရုစိုက်လွန်းတာကို
လျှော့လိုက်ပါ
နေရတာပေါ့ပါးသွားမယ်။

သူတို့ကကိုယ့်တစ်ယောက်ထဲကို
လိုက်ကြည့်နေတာမဟုတ်သလို
ကိုယ့်ကိုမတွေ့လည်း နောက်လူတွေကို
ဆက်ကြည့်နေမှာဖြစ်တယ်။
ကိုယ့်အကြောင်းပြောစရာမတွေ့လည်း
နောက်တစ်ယောက်အကြောင်းကို
ထပ်ပြောနေမှာဖြစ်တယ်။

သူတို့အကြိုက်လိုက်နေပေးစဉ်
သင်ကကောင်းနေမှာဖြစ်ပြီး....
သူတို့စိတ်ထဲမတွေ့တော့ရင်
သူတို့စိတ်ကြိုက်နေမပေးရင်
သင်ဟာ သူတို့ရန်သူဖြစ်သွားမှာပါ။

သူတို့ပါးစပ်ထဲမှာပဲ
သင်က ကောင်းလိုက် မကောင်းလိုက်
သူတို့အမြင်မှာ
သင်က ခင်ဖို့ကောင်းလိုက် မုန်းဖို့ကောင်းလိုက်
သူတို့အတွေးမှာ
သင်က သူရဲကောင်းဖြစ်လိုက် သစ္စာဖေါက်ဖြစ်လိုက်
အနိမ့်အမြင့် မျိုးစုံနဲ့ သူတို့စိတ်ထဲမှာ
တနေ့တမျိုးမရိုးရအောင်
သင်က ကပြနေရတာပါ။

တကယ်တော့
လူတွေကိုသိပ်ဖက်တွယ်လွန်းရင်
သိပ်အာရုံထဲထည့်ထားရင်
အာရုံနောက်ရမှာက သင်ပဲဖြစ်တယ်။
သူတို့ကတော့ သူတို့အလုပ်ဖြစ်တဲ့
ပြောမယ် ဆိုမယ် ဝေဖန်မယ် ကဲ့ရဲ့မယ်
ချီးမွမ်းမယ်ဆိုတာတွေကို
ဆက်လက်လုပ်နေမှာဖြစ်တယ်။

ဒါ့ကြောင့်
လူတချို့သင့်ကိုမလိုဘူးဆိုရင်
မနှစ်သက်ဘူးဆိုရင်
မကောင်းပြောနေတယ်ဆိုရင်
ဘာမှ ခံစားမနေဘဲ
ကိုယ်လုပ်စရာရှိတာ ဆက်သာလုပ်ပါ
နေတတ်သလိုဆက်သာနေပါ။

သင့်တစ်နေ့တာအတွက် စိတ်ကြည်နေဖို့
အမှိုက်လိုလူတွေရဲ့
ပုပ်နေတဲ့စကားတွေ
လောက်တက်နေတဲ့ အပြုအမူတွေကို
ဘာလို့ ဆက်ပြီးခံစားနေမှာလဲ။

ကိုယ့်ခန္ဓာကိုယ်မှာရှိတဲ့
လက်ချောင်းခြေချောင်းတွေတောင်
အတိုအရှည်မတူညီကြတာပဲ။

သူ့ဘဝ ကိုယ့်ဘဝ
သူယုံကြည်ရာ ကိုယ်ယုံကြည်ရာ
သူ့လမ်း ကိုယ့်လမ်း
သူအခြေအနေ ကိုယ့်အခြေအနေ
တူညီနိုင်မှာမှမဟုတ်တာပဲလို့သိမှတ်နေလိုက်ပါ။

CREDIT WRITER

%% %ပေးစရာရှိတဲ့သူများပိုက်ဆံ မပေးဘဲနဲ့ရောစားနေသောက်နေရတာတွေ မြိုကျတယ်လား???✔✔✔ ​​မြိန်ရည် လျှက်ရည် သုံး​ဆောင်ကြပါ✔✔✔ မျ...
10/12/2021

%% %ပေးစရာရှိတဲ့သူများပိုက်ဆံ မပေးဘဲနဲ့ရော

စားနေသောက်နေရတာတွေ မြိုကျတယ်လား???

✔✔✔ ​​မြိန်ရည် လျှက်ရည် သုံး​ဆောင်ကြပါ

✔✔✔

မျက်နှာပြောင်တိုက် အရှက်ကင်းမဲ့သူတွေမှန်း

သိနှင့်ပြီးမို့ 💠💠💠💠💠

❌❌❌❌❌❌❌❌❌❌

သံသရာအတွက်သာမက ပစ္စုပ္ပန် ကာလအတွက်ပါ

သံရည်ပူတွေဆိုတာ သိရတဲ့ရက်

နောက်မကျသွားဖို့ပဲ ဆန္ဒပြုပေးပါတယ်။

❌❌❌❌❌❌❌❌❌❌

🚫🚫🚫🚫🚫🚫🚫🚫🚫🚫

အကြွေး သိန်း၃၀ ပေးစရာရှိရင်
၆ သိန်း ၅ ခါ ခွဲဆပ် ကြေတယ်

ရွှေရှိရင် ရွှေထုခွဲရောင်းပြီး ဆပ်လို့ရတယ်

အကြွေးဆိုတာ ဆပ်တတ်တာ /မဆပ်တတ်တာ
နည်းတာ/ များတာနဲ့ မဆိုင်ဘူး..

ဆပ်ချင်စိတ် ရှိတာ/ မရှိတာနဲ့ပဲ ဆိုင်တယ် !!!

လူတစ်ယောက်က အကြွေးရှိတယ်
သူဘယ်လိုတွေခေါင်းထဲထည့်
ဘယ်လောက်ပဲနည်းတဲ့ပမာဏပဲဖြစ်ပါစေ ..
ရရင်ရသလို ဆပ်တတ်တာ
လူမှန်ပဲ ဂတိတည်တဲ့သူပဲ!!

၆ သိန်းကို ၅ ခါ ခွဲဆပ်အုန်း
ကျေနပ်ပီးသား .!! !!
ကိုယ်နားလည်ပေးသလို သိတတ်ကြရင်
သာယာသောလောကကြီးဖြစ်မည်သာ

အကြွေးကင်းကင်းနဲ့
နေနိုင်အောင်ကြိုးစားပါ၊
အကုန်မဆပ်နိုင်သေးရင်တောင်
ပြေရာပြေကြောင်းပြောပြီး ဆပ်နိုင်သ၍လေး ဖဲ့ဆပ်ပါ

အကြွေးက ညဘက်ဆို
စိတ်ဖိစီးမှု့များတယ်၊
နေ့ဘက်ဆို သိမ်ငယ်စေတယ်
ဘဝမှာ ကြေအောင်ဆပ်မသွားနိုင်ရင်
နောက်ဘဝအပ္ပါယ်ကျလိမ့်မည်။

ပိုဆိုးတာက
ရဟန်း သံဃာ သမဏေ စသော
အလှူခံပုဂ္ဂိုလ်များအပေါ်
စကားအကြွေးမတင်မိပါစေနဲ့

လှူနိုင်သော အချိန်အခါမှ လှူပါ.....
မျှော်လင့်ချက်မပေးမိပါစေနဲ့.....
ကတိစကားပြုထားပါလျှင်လည်း
တည်နိုင်အောင် ကြိုးစားပါ...


မေတ္တာ ဖြင့် အရှင်ဒိဗ္ဗ..........

06/08/2021
12/07/2020

စက်တွေကရောက်တာ ကြာပေါ့.....ပြန်ရောင်းဖို့လည်း ကျန်ပါသေးတယ်ဝယ်ယူအားပေးချင်တယ်ဆို.... ဆက်သွယ်လိုက်နော်https://www.facebook...
07/07/2020

စက်တွေကရောက်တာ ကြာပေါ့.....

ပြန်ရောင်းဖို့လည်း ကျန်ပါသေးတယ်

ဝယ်ယူအားပေးချင်တယ်ဆို....

ဆက်သွယ်လိုက်နော်

https://www.facebook.com/profile.php?id=100041074032770

https://www.facebook.com/BESTSERVICEPROVIDDERZMH/

Address

Loikaw

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 18:00
Sunday 09:00 - 15:00

Website

Alerts

Be the first to know and let us send you an email when Zaw's World posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share