03/04/2024
# ကမ္ဘာအရည်သွေးအကောင်းဆုံး
မြန်မာ့*ကျောက်စိမ်း💎💎💎အကြောင်း #
*****************************************
• ပြည်တွင်း၌ *ကျောက်စိမ်းဟုဆိုတာနှင့်
• ကချင်ပြည်နယ် "ဖားကန့်"ကိုသာ ပြေးမြင်ကြပါသည်။ ( ဖားကန့်ရတနာမြေတစ်ခုထဲ သာ *ကျောက်စိမ်း*ထွက်ရှိခြင်းမဟုတ်ပါဗျာ။ အခြားနေရာဒေသတွေလဲ *ကျောက်စိမ်းထွက်ရှိပါသည်*(အောက်၌ ဆက်လျှက်ဖော်ပြပါမည်)
ကမ္ဘာနဲ့ မြန်မာ၌ သိသာကျော်ကြားထင်းရှာသော
*ဖားကန့်သည် အဘယ်ကြောင့် အမည်ပေါက်သလဲ ဆိုရလျှင်* အကြောင်းအရင်းခံ ၂မျိုးရှိပါသည်။
၁။ ဖားကန့်မှ ထွက်ရှိသော *ကျောက်စိမ်းသည်
မြန်မာတွင်မက "ကမ္ဘာ၌ပါ အကောင်းဆုံး
အရည်သွေးမြင့်မားသော (ဂျေဒိုက်ကျောက်စိမ်း)
တန်ဖိုးမြင့် ထွက်ရှိခြင်းကြောင့် ကျောက်စိမ်းနှင့် ပတ်သက်လျှင် *ဖားကန့်ဟု လူသိများခြင်းဖြစ်ပါသည်*
၂။ မြန်မာပြည်၌ *ကျောက်စိမ်းထွက်ရှိတဲ့
ကျောက်ကြောလွှာ အကြီးဆုံးကို *ဖားကန့်အနီးတဝိုက်၌ တွေ့ရှိခြင်းကြောင့် လုပ်ကိုင်သူများခြင်း
ခေတ်အဆက်ဆက် လုပ်ကိုင်ခဲ့ပေမဲ့ မကုန်သေး
ပေါများနေခြင်းတို့ကြောင့် * ယနေ့ထက်တိုင်*
ဖားကန့်ဟု လူသိများရခြင်းဖြစ်ပါသည်။
******************************************
✍️✍️✍️ မြန်မာပြည်မြောက်ပိုင်း ၁၃ရာစု အချိန်ကာလတစ်ခုတွင် *ယူနန်*ကုန်သည်(လားကုန်သည်) မှ စတင်တွေ့ရှိပါသည်။ (သမိုင်းအစစ်ပါဗျာ💎💎💎)
******************************************
• မြန်မာပြည်၌ * ကျောက်စိမ်းအဓိက ထွက်ရှိသော နေရာဒေသကြီး (၃)ခုသာ ရှိပါသည်။
*မှော်ဒေသကြီးအမည်များမှာ
၁။ "ဖားကန့်ရတနာနယ်မြေ
၂။ မော်လူး မော်ဟန် ရတနာမြေ(နမ္မချီ)
၃။ ခန္တီးရတနာမြေ
တို့ ဖြစ်ပါသည်။
*၁။ဖားကန့်ရတနာမြေကို ကချင်ပြည်နယ်
ဖားကန့်မြို့နယ်၊လုံးခင်းဖားကန့်ရတနာနယ်မြေ
လည်းကောင်း
၂။ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊နှင့်
စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်၊ မော်လူး၊ မော်ဟန် ရတနာနယ်မြေလည်းကောင်း
၃။စစ်ကိုင်းတိုင်း၊ခန္တီးမြို့နယ်၊ ခန္တီးရတနာနယ်မြေ
လည်းကောင်း
ကျောက်ကြောကြီးများကို တွေ့ရှိပါသည်။
***************************************
• ကမ္ဘာပေါ်၌ ကျောက်စိမ်းကို အဓိက သုံးစွဲသော နိုင်ငံမှာ *တရုတ်နိုင်ငံဖြစ်၍* တရုတ်လူမျိုးတို့သည်လဲ ကျောက်စိမ်းရတနာအား နန်းစဉ်သုံး
• တော်၀င်ရတနာအဖြစ် မြတ်မြတ်နိုးနိုး၀တ်စဉ်သုံးစွဲပြီး *ဘုရားက ပေးသော ရတနာတစ်ပါးအဖြစ် ယုံကြည်ပြီး ပြင်းပြင်းပြပြ မက်မောစွာ
• တန်ဖိုးထား သုံးကြပါသည်။(တရုတ်လူမျိုးများသည် ကျောက်စိမ်းကို အခြားရတနာများထက် အဓိပတိ အချုပ်အချာ ထိပ်ဆုံးရတနာအဖြစ် သတ်မှတ်ယုံကြည်ကြပါသည်။
• ***************************************
ကမ္ဘာပေါ်၌ ဂျေးဒိုက်အကောင်းဆုံး ၇၀%
ကို မြန်မာပြည်မှ ထွက်ရှိပါသည်။
******************************************
• တရုတ်တို့ ယူဆ ယုံကြည်သော
• ကျောက်စိမ်း၏ အကြောင်း။
ကျောက်စိမ်းရတနာအား ၀တ်ဆင်သူတိုင်းသည်
၁။ သဒ္ဒါတရား ရက်ရောခြင်း
၂။ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံခြင်း
၃။တရားမျှတသော စိတ်ရှိခြင်း
၄။ မိမိကိုယ်ကို နှိမ့်ချသော "နိဝါတ"စိတ်ရှိခြင်း
၅။အသိလိမ္မာ ညဏ်ပညာကြီးမာခြင်း
၆။ဘေးအန္တာရယ်ကင်းခြင်း
၇။စီးပွားဥစ္စာ တိုးပွားခြင်း
၈။ ဘုန်းတန်းခိုး၊ ရာထူးအာဏာကြီးမြင့်ခြင်း
၉။အသက်ရှည် ကျန်းမာခြင်း
ဟူသော ဂုဏ်အဂ်ါရပ် (၉)ရပ်နှင့် ပြည့်စုံသည်ဟု
ယုံကြည်ကြပါသည်။
******************************************
ကျောက်မျက်ရတနာတို့၏ ထင်ရှားသော
အကြောင်းတရားမှာ။
၁။ လှပခြင်း
၂။ကြာရှည်ခံခြင်း
၃။ရှားပါးခြင်း တို့ဖြစ်ပါသည်။
****************************
*ကျောက်စိမ်းသည် * အစိမ်းရောင်း တစ်မျိုးထဲမဟုတ်ပဲ အရောင်မျိုးစုံဖြင့် တည်ရှိနေပါသည်။
* # # # # # # # # # # # # # # # # # # # # # # # # # # # #
သင်ဆရာ၊မြင်ဆရာ၊ကြားဆရာ များကို
ဦးညွှတ်လျှက် တဆင့်ပြန်ရေးသားပေးပါသည်။
#ကျောက်စိမ်းမြင့်မိုရ် #(လုံးခင်း)
#ရေမဆေးကျောက် ဆေးနည်းတချို့
သိကောင်းစရာ #
******************************************
*ရေမဆေးကျောက်ဆိုတာ သဘာကျောက်စိမ်းမြေကြောမှ ထွက်ရှိလာတဲ့အခါ ကျောက်၏ ခွံပေါ်၌ ဖုံးအုပ်လွှာပုံစံ အလွှာတစ်ထပ် ပါရှိသည်။။ ထိုအလွှာအား ချော်အလွှာဟု ခေါ်ပါသည်။
*ရေမဆေးကျောက်မှန်လျှင် ချော်အလွှာပါရှိရပါမည်* (ရေမဆေးကျောက်၏ တန်ဖိုးသည်
*ကျောက်ကြောနှင့်၊ မှော်၊ ချော်ပုံစံ အခြေနေပါရှိမူပေါ် မူတည်၍ ဈေးနှုန်းတန်ဖိုးများ ကွဲပါသည်။။ ကျောက်၏ တန်ဖိုးအား ပုံသေမှတ်မရပါ။)
ရေမဆေးကျောက်ဆိုလျှင် မေါက်မကပ်သော ကျောက်ကြောမှ ထွက်ရှိပါက *ချော်အလွှာတစ်ခုသာ ပါရှိပြီး ၊ ပထမဆုံး မြင်တွေ့ရမှာ ကျောက်၏ ချော်အလွှာ သာဖြစ်ပါသည်။ ချော်အလွှာ၏ အောက်၌ ကျောက်၏အခွံနှင့် ကျောက်ယမ်းအား တွေ့ရှိရပါမည်။)
အချို့ မေါက်ကပ်ကြောမှ ထွက်သော ရေမဆေးကျောက်များ၌ တစ်တုံးလုံးဖြစ်စေ အနည်းငယ်ဖြစ်စေ မေါက်ကပ်လျှက် ပါရှိတတ်ပါသည်။
ထိုမေါက်ကပ်သော ကျောက်များ၌ ချော်လွှာအထက် မေါက်ကပ်နေပါသည်။ ဦးစွာ မြင်ရမှာ
မေါက်ကပ်အလွှာဖြစ်၍ မေါက်ကပ်လွှာအောက်က ချော်လာပါမည်။ ချော်အောက်မှ အခွံ၊ယမ်းတွေ့ကပါမည်။
၁။မေါက်အလွှာ(ပထမ)
၂။ ချော်အလွှာ(ဒုတိယ)
၃။ အခွံနဲ့ ယမ်း(နောက်ဆုံး)
ထိုသို့ တွေ့ရှိပါမည်ဗျာ။
၁။မေါက်ကပ်သော ရေမဆေးကျောက်များကို
ဆေးတဲ့အခါ မေါက်ကပ်အလွှာလေးအား
စိန်တူ (or) အမာခံ အချွန်အမာပါ တစ်ခုခုနဲ့ ထုရိုက်ခွါ၍ မောက်အလွှာလေးကွာအောင် ထုရပါသည် ။ အမာခံတစ်ခုခု မရှိပါက အိမ်သုံးသံရိုက်တူ ၊ ကျောက်ဖြတ်သားများနှင့် မေါက်အလွှာ ချော်အလွှာ အား ခေါက်လို့ရပါသည်ဗျာ။
။(အားအနည်းသုံး၍သာ ထုရပါမည်။
အားအင်များပါက ကျောက်ပဲ့ခြင်း၊ ကျောက်အခွံ၊ယမ်း ထိခိုက်နာခြင်း၊ ကျောက်အခွံပေါ်၌ လှပချက် ပြချက် တစ်စုံတစ်ခုပါရှိက ထိခိုက်မိ၍ ကျောက်ပျက်ကာ ဈေးမရခြင်း(ရသင့်တဲ့ တန်ဖိုး မရခြင်း၊ ဖြစ်တတ်ပါသည်။ ကျောက်မဆေးတတ်လျှင် ကျောက်ပျက်တတ်ပါသည်။ ဈေးတန်းတစ်ခု ထွက်ရမဲ့ ကျောက်* ကျောက်ဆေးချက်ညံ့ခြင်း၊ ကျောက်ဆေးချက်လွန်ခြင်းကြောင့် ရသင့်ရထိုက်သော တန်ဖိုးငွေ မရတတ်ဖြစ်ကာ လူကြိုက်နည်းပါသည်။ ကျောက်ဆေးတဲ့အခါ *ကျောက်မပျက်အောင် ဆေးဖိုးနဲ့
လှပနိုင်သော ကျောက်ရုပ်ရှိပါက ကျောက်ဆေးသူကြောင့် ကျောက်ရုပ်ပျက် ကျောက်ရုပ်ပျောက်ကာ ဈေးတန်းမရ ဖြစ်ပါမည်။ မလှပသော ကျောက်ကို ဆေးလို့ပျက်တာ အကြောင်း မဟုတ်ပေမဲ့ ဈေးကောင်းစွာ ရနိုင်သော ကျောက်အား
ဆေးချက်လွန်၊ ဆေးနည်းမကျခြင်းကြောင့် ကျောက်လှပမူ လျှော့နည်းတတ်ခြင်း ဖြစ်တတ်ပါသည်။ မလှမပ ဆေးထားတဲ့ ကျောက်
အတော်အသင့် ရောင်းစားမဲ့ ရုပ်ပါရင်တောင် ဆေးနည်းမကောင်းရင် ဈေးမရနိုင်ပါ။)
၂။မေါက်ကပ်အလွှာ ပြီးရင် ချော်အလွှာကို
ချော်ထူပါက ဆေးရခက်သော ချော်ပုံစံဖြစ်ပါက
အပေါ်ကအတိုင်း ချော်နေရာလေးတွေကို
စိန်တူ/အိမ်သုံသံရိုက်တူ၊အချွန်ပါသော အမာခံတစ်ခုခု၊ ကျောက်ဖြတ်သား၊ တစ်ခုခု အဆင်ပြေသလို သုံးကာ ချော်နေရာများကို ဖြေးဖြေးအားအနည်းငယ်သုံး၍ ကျောက်ခွံစပ်၊ယမ်းနေရာတွေကို မထိခိုက် မနာကျင်အောင် ခေါက်ရပါမည်။
ဆေးရခက်သော ချော်အား သံပဒပ်ကြမ်း၊ ဆူးခြစ်နဲ့ လျှောက်ပွတ်နေပါက အတော်ကို ကြာအောင်ဆေးရပါမည်။ တစ်စုံတစ်ခုနှင့် ခေါက်၍
ချော်အလွှာများ အမှုန့်ပုံစံ၊ ထိုမှ ပြားပိသွားတဲ့အခါမှ ဆူးခြစ်ဖြင့် တိုက်ရပါမည်။(ဆူးခြစ်အကြမ်းသုံးပါ ဆေးရခက်သော ချော်အမျိုးအစားဆိုလျှင်၊ ဆေးရလွယ်ကူသော ချော်အမျိုးအစားဖြစ်ပါက၊ ဆူးခြစ် သုံးရန်မလိုပါ၊ သံပဒပ်ကြမ်းဖြင့် တိုက်ယုံဖြင့် ရပါသည်။ ဆေးရခက်သော ချော်အမျိုးအစားဖြစ်ပါက ဆူးခြစ်အကြမ်းသုံးပါ ပြီးမှ ဆူးခြစ်အနုသုံးပါ၊(ဆူးခြစ် အကြမ်း/အနု တစ်ခုထဲ ရှိပါက၊ ထိုတစ်ခုနှင့်သာ
ချော်အလွှာများကို အားအနည်းသုံး ဖိပွတ်ဆေးရပါမည်။ ပြီးမှ သံပဒ်အကြမ်းသုံး/ပြီးရင် သံပဒပ်အနုသုံးပါ၊ နောက်ဆုံး ကျောက်ခွံနှင့် ကျောက်ယမ်း ပြန်လှဖို့အတွက် ယမ်းဖော်ပုံစံ အလှဆေး
ဆားကျောက်နှင့် ပွတ်ဆေးရပါမည်။(လက်ထဲသို့ထည့်၍ ပွတ်ဖိဆေးလျှင်လဲရပါသည်၊ သို့မဟုတ်ပါ လက်နှင့်ဆေးလို့ လက်ကို "ချ"ဆူးကဲ့သို့ အသားထဲ ပေါက်၀င်တတ်သည် တစ်စုံတစ်ခုထဲ ထည့်၍ လက်နှင့် ကျောက် ကြားခံတစ်ခုထား၍ ဆေးလျှင် လက်ထိခိုက်မူ မရှိနိုင်ပါ။
ဆားကျောက်နှင့်ဆေးပြီးတဲ့အခါ ပြီးပါပြီ။(ချော်ပြောင်ရပါမည်။ ကျောက်အခြေနေကို ကြည့်ရပါမည်၊ ကျောက်သည် ချော်ရိပ်ခံဖြင့် မီးပေါက်ကာလာပါနေလျှင် ချော်ပြောင်အောင်မဆေးရပါ ချော်ရိပ်ချန်ဆေးရပါသည်။ ချော်ရိပ်အား ပြောင်နေအောင်ဆေးလို့ ကာလာအစစ်မဟုတ်ပဲ
ချော်ကာလာမီးပေါက်ဖြစ်နေလျှင် အပြောင်ဆေးခြင်းကြောင့် ဖြူဖွေး နုရိပ်သန်း နုပေါက်ပုံစံ ခွံမရင့်တော့ပဲ ခွံနုတတ်သည်။ ကျောက်အခွံပုံစံကိုလဲ သိထားဖို့လိုပါသည်။)
ကျောက်ဆေးပစ္စည်းများကိုင်တဲ့အခါ စိန်တူခေါက်လို့ မိမိတို့လက် ပြန်ထိထုမိတတ်ပါသည်။ ဆူးခြစ်ကိုင်ရင်လဲ ဆူးခြစ်မှ သံဆူးလေးများ မိမိလက်ကို ပြန်ထိမိတတ်ပါသည်။ သံပဒပ်ကြောင့်လဲ အန္တာရာယ်ဖြစ်တတ်သည်။
ကျောက်ဆေးတဲ့အခါ အန္တာရာယ်မဖြစ်အောင် အထူးသတိထား၍ ဆေးပါ။
ကျောက်ဆေးနည်းကို ပုံသေပြောလို့မရပါ။
ကျောက်ချော်ပါးခြင်း၊ ကျောက်ချော်ဆေးရလွယ်ကူသော ကျောက်ကြောအမျိုးအစားများ၌
သံပဒပ်ကြမ်း၊ သံပဒပ်နု၊ ဆားကျောက် ၃ခုသုံးယုံဖြင့် အဆင်ပြေပါသည်။(မှော်ဆီစာကြောထွက်တွေကို စိန်တူ၊ ဆူးခြစ် မသုံးပါနှင့်၊ သံပဒပ်ကြမ်း၊သံပဒပ်နု၊ ဆားကျောက် သုံးယုံနဲ့ အဆင်ပြေပါသည်။)
စိန်တူနှင် (တစ်စုံတစ်ခုဖြင့်ခေါက်တဲ့အခါ)
ရေထဲမချပဲ ခေါက်လို့ရပါသည်။ ဆူးခြစ်၊ သံပဒပ်အကြမ်း၊သံပဒပ်အနု၊ဆားကျောက်သုံးမှသာ
ရေထဲတွင်လည်းကောင်း ရေနဲ့ထိတွေ့၍ လည်းကောင်း ဆေးကပါမည်။ အစိုပုံစံဆေးရသည် ၊ အေခြာက်ပုံစံမဆေးရပါ)
ကျောက်ဆေးတဲ့အခါ ချော်ပါးခြင်းကတစ်မျိုးဆေးရ၍ ၊ချော်ထူ မေါက်ကပ်သော ကျောက်များအား ပုံစံတစ်မျိုးဆေးရပါသည်။
ချော်ပါးသော ကျောက်အား ကျောက်၏အခွံနှင့် အလွန်နီးနီးကပ်ကပ် ရှိနေတာကို တွေ့ရပါမည်။
ချော်ထူပါက ကျောက်၏အခွံကို နီးနီးကပ်ကပ် မြင်တွေ့ဖို့မလွယ်ပါ။
ဆားကျောက်အစား (ဆားကျောက်မရှိလျှင်) အိမ်သုံးဆားကို အသုံးပြုနိုင်ပါသည်။
ကျောက်ခွံပေါ်၌ ပန်း၊ ပဲ၊အရည်၊ချွမ် တွေ့ပါက
ထိုနေရာများကို သံပုရာသီးနှင့် အိမ်သုံးဆား ရော၍ ဖိပွတ် ထပ်ခါ ထပ်ခါဆေးပါ။ အရည် ကာလာ၊ပန်း၊ပဲ အရောင်များ ပို၍ တောက်ပ စိုပြေလာပါမည်။(ပို၍ ရွှင်မြူးလာပါမည် အရည်ကျောက်ဆေးနည်းဟု မှတ်ပါဗျာ။)
(မှတ်ချက်။ ။မန်းနေရာကို ပွတ်တံ သံလွှာစားနှင့် မပွတ်ပါနှင့် မကျွမ်းကျင်လျှင် မန်းနေရာ မန်းကြိုးနေရာ ပျက်ပါမည်ဗျာ။ အရည်မန်း၊ အရည်ကြိုးပါလျှင် ထိုနေရာကို ပွတ်တံ သံလွှာစားနှင့် သုံးချင်ပါက နားလည်သူနှင့် တိုင်ပင်ပြီးမှသာ လုပ်စေချင်သည်။ သို့မဟုတ်ပါက မန်းပျက် အရည်ပျက်၍
ရသင့်တဲ့ငွေ မရတတ်ပါဗျာ။
ကျောက်များကို ဆေးပြီးတဲ့အခါ အစိုပုံစံဖြင့်ထားရပါမည် အခြောက်ပုံစံ မထားရပါ။ ရေထဲသို့ ဆေးပြီးသား ကျောက်များထည့်ထားရပါမည်။ ထိုမှသာ ကျောက်ဆီ ကျောက်သား ခမ်းခြောက်ခြင်းမှ ကာကွယ်ပါသည်။ ဆေးပြီးသား ကျောက်အား အခြောက်အတိုင်း ထားလျှင် ကျောက်ဆီ ကျောက်သားခန်းခြောက်ခြင်း မီးပေါက်ကိပ် လျှော့နည်းခြင်း၊ ချော်ရိပ် ပြန်တက်လာခြင်း ဖြစ်တတ်ပါသည်။(တချို့ကျောက်တွေ ဆေးပြီးတဲ့အခြေနေနှင့် ဆေးပြီးလို့ ရက်ကြာသွားတဲ့အခြေနေ ကွာတတ်ခြင်း
ပြောင်လဲမူ ဖြစ်ပေါ်ခြင်း ဖြစ်ပါမည်။မီးပေါက်အားပါ လျှော့နည်းတတ်ပါသည်။
နုရိပ်သန်းနိုင်သောကျောက်များ မျိုးတန်းလျှော့သော ကျောက်များကို ခွံရောင်ဖွေးတဲ့အထိ ပြောင်နေအောင်မဆေးရပါ။ ချော်ခံရိပ်အနည်းငယ်ကျန်မှ နုရိပ် အခံကို အကာကွယ်ပုံစံဖြစ်၍ ဈေးပြန်နိုင်ပါသေးသည် မီးပေါက်ဂုဏ်ဖြင့် ရောင်းစားကမည်။ သို့မဟုတ်ပါက
မီးပေါက်ပေမဲ့ ဆေးချက်လွန်ခြင်းကြောင့်
မီးပေါက်ပေမဲ့ ဈေးမရတတ်ပါ။
ကျောက်ဆေးနည်းသည် ပုံသေ အလွန်ပြောရခက်ပါသည်။
အသားကျောက်ကို တစ်မျိုး
အရည်ကျောက်ကို တစ်မျိုး ပုံစံမတူ
ဆေးရတာ ရှိပါသည်။
ထိုနည်းလိုပဲ ချော်ပါးတာနှင့်
ချော်ထူတာ ဆေးရတာ ကွဲပြန်ပါသေးသည်။
ကြက်သွေးကြောများဆေးတဲ့အခါ အတတ်နိုင်ဆုံး ရေမသုံးပဲ ပုဂံဆေးစတီးပတ်နှင့် ကျောက်ကို ရေမဆွတ်ပဲ အခြောက်အတိုင်း ပွတ်တိုက်ရပါမည်။ ပြီးလျှင် ပြန်ကြည်ပါ နုပေါက် နုရိပ်သန်းနေလျှင် ရေချယုံသာ ရေချပါ။ ကျောက်မျိုးရင့် ကျောက်မျိုးတန်းအားကောင်းမှ ရေနဲ့ ဆက်လျှက်ဆေး သံပဒပ်၊အဆင့်ဆင့်သုံး
ဆားကျောက်သုံးရပါသည်။
ရေမဆေးကျောက်တစ်လုံး၏
ဆေး၍ ရောင်းကွက်သည်လဲ ဆေးချက်နှင့်
ဆိုင်ပါသည်။
တချို့ ဆေးချက်ကြောင့် ကျောက်လှသလို
တချို့ဆေးချက်ကြောင့် ကျောက်ပျက်တတ်ပါသည်ဗျာ။
အပွေး အတက်ပါသော ကျောက်များကို
စက်ပဒပ် မခပ်ရပါ။ အပွေးအတက်ပါသော ကျောက်အား စိန်တူနှင့် ခေါက်မဆေးရပါ။
အပွေးအတက်များ ကြိုး၍ ကျောက်ပျက်တတ်သည်။ ထိုနည်းတူစွာ အရည်၊ပဲ၊ပန်း၊မန်း၊
တစ်ခုခု ခွံပေါ်၌ တွေ့လျှင် ထိုနေရာကို လုံး၀ စိန်တူနှင်ြ မခေါက်ကပါ။ စိန်တူ ရိုက်အားကြောင့်
အပွေးအတက်၊ပဲ၊ပန်း၊အရည်၊မန်း၊များ ပျက်ပါမည်။
ကျောက်ခေါက်ဆေးတဲ့အခါ ကျောက်ခွံ ၊ကျောက်ယမ်း၊ ခွံ၌ ပါတတ်သော လှချက်တစ်စုံတစ်ခုကို ထိမိခိုက်မိအောင်မဆေးရပါ။
စတင်လေ့လာသူများအနေဖြင့် စက်ပဒပ်နှင့်မဆေးပဲ လက်ဖြင့်သာ ဆေးပါ။ ထိုမှသာ ချော်၏ သဘော ကျောက်ခွံ၊ ကျောက်ယမ်း ထိေတွ့မှတ်မိလှပါမည်။
ကျောက်တစ်လုံးကို အလှဆုံးနေရာမှ ရှာ၍
ဖောက်ဆေး၊ ဆေးရပါသည်။ တွေ့တဲ့နေရာ
စတင်ဆေးလို့မရပါ။ စဦးစွာ ဆေးတဲ့နေရာလှပါက ထိုနေရာလေး တစ်ကွက်ဖြင့် ပြချက်ပုံစံအခြေနေ ဖော်ရှိုး လုပ် ရောင်းနိုင်ပါသည်။
ကျောက်များကို ပွတ်တိုက်ဆေးတဲ့အခါ
သံပဒပ်၊ ဆူးခြစ်များ အနာလမ်းကြောင်းများပေါ်
ကန့်လန့်ဖြတ် အပေါင်း(+)ပုံစံ ဆေးရပါမည်။
အနာလမ်းကြောင်းအတိုင်း မဆေးရပါ။
ကျောက်ဆေးတဲ့အခါ မျဉ်းဖြောင့် ပုံစံအတိုင်းသာ
ဆွဲရပါသည်။
ကျောက်မဆေးတတ်လျှင်
ယမ်းပျက်မည်
ကျောက်ခွံပျက်မည်
ပြချက်လှချက်ပါရှိက ပျက်မည်
#ကျောက်စိမ်းမြင့်မိုရ် #(လုံးခင်း)
# ကျောက်စိမ်းအား ဘာကြောင့်
၀ယ်မည်နည်း #
# # # # # # # # # # # # # # # # # # # # # # # #
* ကျောက်စိမ်းလုပ်ငန်း ပြည်တွင်းမှာတင်
* ဖွံ့ဖြိုး တွင်ကျယ်စ ပြုလာပါသည်။
ပြည်တွင်းမှာ * ကျောက်စိမ်းအရိုင်း ကုန်းကြမ်း
အရိုင်းတုံးတဆင့် အချောထည်အဆင့် သို့ အဓိက ထားလုပ်ကိုင်သော မြို့မှာ မန္တလေးဆိုလျှင်မမှားပါ #
# အမြဲ ရောင်း၀ယ်နေကြ လူအများအတွက်
ကျောက်စိမ်းလုပ်ငန်းဆိုတာ အခက်အခဲနည်းနိင်ပေမဲ့ * စတင်ပြီး လုပ်ကိုင်လိုချင်သူများအတွက်*
အခက်အခဲများစွာ ရှိလာပါသည်။
# ကျောက်စိမ်းအား နားမလည်ရင်
မ၀ယ်ပါနှင့်။ သို့ပေမဲ့ နားလည်လိုစိတ်
သိလိုစိတ်ကြောင့် ၀ယ်သင့်ပြန်သည်။
၀ယ်ယူမှ ကျောက်စိမ်းနှင့် ထိတွေ့ခွင့်ရှိမည်
ထိုမှသာ ကျောက်စိမ်း၏ သဘောတရား ပညာများ အတွေ့အကြုံတွေ သိမြင်လာပါမည်။
# ကျောက်စိမ်းကို မိမိတို့ နိုင်သလောက် အဆုံးအရှုံးခံနိုင်တဲ့ ပမာဏပုံစံဖြင့် ၀ယ်ယူလေ့လာရပါမည်။( ၁သိန်းထက် ကျော်လွန်သော ကျောက်များကို ၀ယ်ယူမည်ဆိုလျှင် ဆုံးရှုံးမူ ပို၍ များလာနိုင်ပါသည်။ ✍️✍️✍️သိန်းထပ်ကျောက် ဆယ်ကျောက်၊ ထောင်ကျောက်များ (ငွေမည်မျှ ပေါနေပါစေ) ကျောက်စိမ်း၏ တန်ဖိုး အရည်အသွေး
ရောင်းဈေးကွက်၊ ၀ယ်ဈေးကွက်၊ လုပ်ချက်ပညာ
အသားတန်း၊အရည်၊ ဘာဆို ဘာမှ မသိပါက
တန်ဖိုးမြင့် ကျောက်များကို (လုံး၀)မ၀ယ်ယူသင့်ပါဗျာ။ (တစ်ခုတော့ရှိပါသည် အမြတ်အနည်းစား၍ မှန်မှန် ကန်ကန် လုပ်ကိုင်သူများထံမှ
*ကျောက်ကို ချစ်မြတ်နိုးလို့ ဖြစ်စေ၊ စုဆောင်းသိမ်းချင်သည်ဖြစ်စေ၊ ငွေအင်အားပေါများခြင်းကြောင့် ဖြတ်ကွမ် ဖေါက်လိုသည့်ဖြစ်စေ၊ရောင်းပေါက်ရောင်းဈေးကွက်သိထားခြင်းကြောင့်ဖြစ်စေ ၀ယ်နိုင်ပါသည်ဗျာ။)။ #တစ်ခုတော့ မေးပါ
*မိမိ၀ယ်တဲ့ကျောက် နားမလည်ပါက ရောင်းသူအား သေချာစွာ ရှင်းပြခိုင်းပါဗျာ။ထိုမှသာ နားလည်သူ၏ လမ်းညွန်ချက်နှင့်အတူ လုပ်ဆောင်လို့ရပါသည်။)
# ဘယ်နေရာ ဘယ်ဒေသကပဲ ရောင်းရောင်း
ကျောက်ရောင်းသူတွေကို *၀ယ်ယူသူဘက်မှ
အပစ်မြင်စရာ ရှိလာပါသည် #
ဥပမာ,ဆိုကြပါတော့ ၀ယ်ယူသူမှ
ရောင်းသူအပေါ်အမြင်, သူက ငါကို ကျောက်ရောင်းပေးတယ်၊ အပွင့် အချပ်၊ အထည်၊ပန်းပု ရနိုင်တယ်တဲ့၊ သူကိုယ်တိုင် မဖြတ်ပဲ ဘာကြောင့် ငါကို ရောင်းသလဲ ၊ မကောင်းလို့ ရောင်းတာလား၊
သူက နားလည်ပြီး မဖြတ်ဘူးဆိုရင် ၊သူရှုံးမယ်မှန်းသိလို့ နေမှာပါ၊(ကျောက်အားဖြတ်တဲ့အခါ
မအောင်ခဲ့ပါက ရောင်းသူကို ပို၍ အပြစ်မြင်လာကြပါသည်။ )
ဖြတ်လို့ အောင်ခြင်း/ မအောင်ခြင်းသည်
ရောင်းသူနှင့် သက်ဆိုင်သော အရာမဟုတ်ပါ။
သို့ပေမဲ့ ၁သောင်းတန်သောကျောက်ကို တစ်သိန်းရောင်းလျှင် အပစ်ပါ။ တစ်သိန်းတန်တဲ့ကျောက်
ဆယ်သိန်းရောင်းရင်အပစ်ပါဗျာ။
အဘယ်ကြောင့်ဆိုသော?
#ကျောက်တစ်လုံးအား ဖြတ်လို့ အောင်မယ်ဆိုပြီ
ထင်ထားသူများ ဖြစ်ပါက၊ လူကြီးမင်းတို့ကို ရောင်းနေမည်မဟုတ်ပါ။ #
သူတို့၏ ၀ယ်ရင်းဈေးထက် အမြတ်အနည်းငယ်သာ ၀ယ်ယူခ ပုံစံ ရောင်းပေးသူများထံမှ ယုံကြည်မူဖြင့် ၀ယ်လို့ရပါသည်။
# ကျောက်နားမလည်သေးရင် လူကိုခေါင်းပါ
လူကိုခေါင်းပြီးမှ ကျောက်၀ယ်ပါ။။
၀ယ်ယူပြီးတဲ့ကျောက်ကို ဘာလုပ်သင့်လဲလို့မေးပါ????
# ကျောက်စိမ်းကို ဘာတွေ ကြည့်၀ယ်သင့်သနည်း #
၁။ နယ်ဝေးမှ သူဆိုလျှင် မျက်မြင်မဟုတ်ပါက
တန်ကြေးမြင့်ကျောက်ကို မည်သူထံမှ မ၀ယ်သင့်ပါ။(သိန်းကြီးအထက်ကျောက်များ အားလုံးကို ဆိုလိုသည်)၀ယ်မည်ဆိုလျှင် / ၁။ကျောက်အရည်အချင်း၊၂။ လုပ်ချက်ပညာ၊၃။ လုပ်လို့ရသော အစိတ်အပိုင်းတစ်ခု၊ ၄။ ပြန်ရောင်းပေါက် ဈေးကွက်၊ ထို၄ချက်နှင့် နားလည်နေမှ ၀ယ်ယူသင့်သည်။ အဓိက ကျောက်တစ်လုံး၏ အရည်အချင်းနှင့်အတူ တန်ဖိုးဖြစ်နိုင်ချေ ခန့်မှန်းနှုန်း သိထားရပါမည်။
(ကျောက်၀ယ်ယူပြီး ဘာမှ ပြန်မလုပ်တတ်ရင်
အဲဒါနဲ့တင် လမ်းဆုံးကာ အရှုံးများပါမည်)
၂။ ကျောက်တစ်လုံး၏ ရုပ်ထွက်မူအခြေနေကို
ကြည့်တတ်ရပါမည်။
ကျောက်ရုပ်ဆိုသည်မှာ။ သောင်းကျောက်ရုပ်ကို
သောင်းထပ်၊အဖြစ်မြင်ပေးလို့ရသည်။ သောင်းကျောက်ရုပ်ကို သိန်းကျောက်အဖြစ်မြင်လို့မရပါ။ ထိုနည်းအတိုင်းသာ သိန်းကျောက်ရုပ်အား
ဆယ်ကျောက်အဖြစ် မြင်၍ မရပါ။ထိုသို့
သောင်းရုပ်၊ သိန်းရုပ်၊ ဆယ်ရုပ်၊ရာရုပ်၊ ထောင်ရုပ်၊ အနည်းဆုံး ခန့်မှန်းပုံစံဖြင့် သိထားမှသာ
မည်သူထံက ၀ယ်၀ယ်၊ ၀ယ်ပျော်ပါသည်။
သို့မဟုတ်ပါက ကျောက်၏ ရုပ်အားကို မခွဲတတ်ပဲ ငွေပေါတိုင်း လုပ်နေလျှင် အမှားသာ ကြုံတွေ့ရပါမည်။
၃။ ကျောက်နားလည်မှ ၀ယ်ပါ။
နားမလည်လျှင် ၀ယ်လိုအားလျှော့ပါ။
ငွေအားသိပ်မသုံးရန် လိုအပ်သည်။
ကျောက်၀ယ်မှ ကျောက်အကြောင်းသိလာမည်။
သို့ပေမဲ့ မိမိတို့ ဆုံးရှုံးခံနိုင်သော ငွေပမာဏလောက်သာ လုပ်ကိုင်သင့်သည်။
ပညာသင်ဆိုပါက နည်းနည်းနှင့် များများ ရနိုင်သော နေရာများမှာ ၀ယ်ယူပါ။(။ ကျောက်အောင်လိုစိတ်ထက် ပညာရဖို့သာ ဦးစားပေးပါ။။ ကျောက်သည် ဆန်းကြယ်ခြင်းကြောင့် မအောင်နိုင်ပါဟု အတတ်မပြောနိုင်ပါ။ ငွေနည်းနည်းနဲ့ ရင်းလျှင် နည်းနည်းသာ အောင်နိုင်ပါသည်။
ကျောက်ဆိုသည်က များများရင်းမှ များများအောင်တာပါ။ များများအောင်ဖို့ဆိုလျှင်
အောင်နိုင်ခြေများသော ကျောက်ရုပ်ပေါက်တဲ့ကျောက်များ ဈေးကောင်းပေးမှသာ ရမည်။
ဈေးများများပေး၍ ကျောက်ရုပ်မပေါက်လျှင် အောင်နိုင်ခြေနည်းပါမည်။
#ကျောက်တစ်လုံး၏ ဖြစ်တည်မူသည်
ကျောက်၏ခွံနှင့် ယမ်း ထိုအပြင် ပါရှိရာ ပြချက်များက စကားပြောပါသည်။
#အောင်သောကျောက်၏ လက္ခဏာများ #
ခွံကောင်းခြင်း၊ ယမ်းကောင်းခြင်း၊ မန်းကောင်းခြင်း(ပီပြင်သောမန်း)၊အရည်ကောင်းခြင်း၊အရည်ကြိုးပတ်၊ အပွေးဆန်းကြော ပီပြင်အားကောင်းခြင်း၊ အလင်းပေါက်အားကောင်းခြင်း၊ မှော်ကောင်းခြင်း၊ ချွမ် ,ပဲ၊ပန်း၊ ကောင်းခြင်း၊အမြုတ်အဆံမထိုးခြင်း၊အဖျက်မပါခြင်း၊
အပြစ်အနာဆာ နည်းခြင်း၊ ထိုအရာများ ပီပီပြင်ပြင်ပါရှိပါက ကျောက်အောင်နိုင်ပါသည်။
(ထိုသို့ ကောင်းမွန်ပီပြင်စွာ အောင်နိုင်ခြေများသော ကျောက်ကိုလဲ တစ်သိန်း ၉သောင်းနှင့် ၀ယ်လို့မရနိုင်ပါ။ အောင်သောကျောက်အများစု
မျက်မြင်ဆေးပြီးသားကျောက်ဖြစ်နေပါက
ဆယ်ကြီးရာကျောက်အဆင့် အနည်းဆုံးတည်ရှိပါသည်။( တချို့ကျောက်နားလည်ကြပါသည်။
ရင်းနှီးငွေ အရင်းခံငွေ မရှိခြင်းကြောင့် ကျောက်ကောင်းမှန်းသိလျှက်နှင့် ၀ယ်ခွင့်မရ ဖြတ်ခွင့်မရခြင်းကြောင့် ကျောက်အောင်ခွင့်မရပါ။ ကျောက်အောင်သောသူ အများစုသည် ငွေအားနှင့်ပါ ဆက်စပ်နေပါသည်။)
• ကျောက်လောက၌ အပြည့်အောင်ခြင်းသည်
• ကျောက်ဖြတ်ခြင်းဟု ဆိုကြပါသည်။
• သိုသော် အမြင်၌ မဖြတ်ခင် ရာပိုင်း ထောင်ပိုင်း
• ရောင်းစားရပေမဲ့ ဖြတ်တဲ့အခါ ရှုံးချင် ရှုံးပါသည်။ ထိုသို့မဖြစ်ဖို့ဆိုလျှင်
*ကျောက်တစ်လုံး၌ ပါရှိရာ
*ခွံပေါ် တွင် ကောင်းစွာသော
*ကျောက်ယမ်းတည်ရှိခြင်း
*မျိုးတန်းအားကောင်းခြင်း
*ခွံကောင်းခြင်း၊
*အရည်မန်းပါရှိက ပီပြင်ခြင်း၊
*မှော်ကောင်းခြင်း
*အကြွတ်ဆန်းကြောပါရှိက ပီပီပြင်ပြင်ပါရှိခြင်း
ပီပီပြင်ပြင် လှပါသော ပြချက်ပါမှသာ
အကြို အထောက်၊ ဘက်စုံကောင်းမှ ကျောက်ကောင်းတစ်လုံး ဖြတ်အောင်နိုင်ပါသည်ဗျာ။
မ၀ယ်လျှင်လဲမသိပါ။
၀ယ်မည်ဆိုလျှင်လဲ မိမိတို့ အဆုံးအရှုံးခံနိုင်သော
ငွေပမာဏကိုသာ တွက်ချက်၍(ပိုလျှံသောငွေ)
ဖြင့် လုပ်ကိုင် ၀ယ်ယူသင့်ပါသည်။
မှတ်ချက်။ ကျောက်နားမလည်သူများသည်
ကျောက်အား အခွံကို ချွတ်ပစ်ထားများပါသည်
ထိုသို့ လုံး၀(လုံး၀) မလုပ်ပါနှင့်
အခွံချွတ်ထားတဲ့ကျောက် အသားလှ အရည်လှနေရင်တောင် ဈေးကောင်းမရတာပါ။(ဥပမာဆိုရလျှင် သိန်းရာငွေ ရမဲ့အခြေနေမှ ဆယ်ပိုင်းလောက်နှင့်သာ အရောင်းအ၀ယ်ဖြစ်တတ်ပါသည်) နားမလည်သူများ၏ အခွံချွတ်ထားသောကျောက်အား ၀ယ်လက်များ အကြိုက်နည်းတတ်ပါသည်။ အခွံချွတ်မည် ကွမ်မည် ဖြတ်မည်ဆိုပါက နားလည်သူများနှင့်သာ တိုင်ပင်၍ လုပ်ဆောင်ပါဗျာ။ ရေမဆေး ဆေးထားသော
ကျောက်များ ကာလာပေါက် မီးထိုးပေါက် ပြချက်များ ပါရှိကာ ကျောက်ရုပ်လှနေမည်ဆိုလျှင် ထိုကျောက်တွေကို ကျောက်ဆီ ကျောက်သား မခမ်းချောက်အောင် ရေထဲသို့သာ ထည့်ထားသင့်ပါသည်။( နားမလည်သူများ အက်စစ် လုံး၀ မစိမ်ရပါ။ အက်စစ်စိမ့်တဲ့ကျောက်
အသုံးမချတတ်ပါက ခွံပျက်ကာ ဈေးမရ ဖြစ်
ကျောက်ပျက်တတ်ပါသည်။)
စာဖတ်သူအားလုံးကို အထူးကျေးဇူးတင်ပါသည်။
စာ၌ နားမရှင်းတာများ ပါရှိလျှင်
ဖုန်းဆက်၍ မေးနိုင်ပါသည်။
# ကျောက်စိမ်းမြင့်မိုရ် #(လုံးခင်း)
# ကျောက်စိမ်းနှင့် အရှုံး #
************************
*ကျောက်စိမ်းရတနာသည် အဖိုးတန်ရတနာ
စရင်း၀င်ပါသည်။
သို့သော် ကျောက်စိမ်းအလုံးတိုင်း အဖိုးတန်နေခြင်းမဟုတ်ပါ။ * ကျောက်စိမ်းတုံး၏ အရည်သွေး ကောင်းခြင်း/ညံ့ခြင်း ပေါ်မူတည်၍
တန်ဖိုးမြင့်၊ တန်ဖိုးနိမ့် ခွဲခြားကြပါသည်။
• ကျောက်စိမ်းလုပ်ငန်းသည် ကျယ်ပြန့်ကာ
• မာယာများပါသည်။ * မာယာအလွန်များသော
ခေါင်းကျောက်( ဘာမမြင် ညာမမြင် အတွင်းအခြေနေကို မြင်မြင်ထင်ထင် မသိရှိပဲ ခေါင်းရသောကျောက်ကို ခေါင်းကျောက်များဟု
ဆိုနိုင်ပါသည်) မဆိုထားနှင့် မျက်မြင် ဖြတ်ပြီးသား/ ကွမ်ပြီးသား ဖော်ချက် ဖြတ်ချက်ပါ၊ ကျောက်တွေကိုရောင်း၊ ၀ယ်ယူနေသူတိုင်း "တိတိကျကျ" သတ်မှတ်နှုန်းများဖြင့် ၀ယ်ယူနေရသည်မဟုတ်ပါ။ မိမိတို့ ကျောက်အပေါ် မြင်နိုင်အား ၊ မျက်စီအမြင်၊ပညာအမြင်၊လုပ်ချက်အမြင်၊ ဈေးကွက်အမြင်တွေနဲ့သာ သင့်တော်သလို လုပ်ကိုင်နေကြရပါသည်။
အမြဲလုပ်ကိုင်နေသူတွေလဲ ရောင်း၀ယ်ပြုနေတဲ့
ကျောက်အလုံးတိုင်း မြတ်နေသည်မဟုတ်ပါ။
ရှုံးတဲ့အခါလဲ ရှုံးနေပါသည်။( ကျောက်နားမလည်သူ စတင်လုပ်ကိုင်သူတွေဆို ရှုံးနေတာမဆန်းပါ" သိနေသူတွေကို မှားနေသေးရင် မသိတဲ့သူတွေက ပို၍ အမှားများပါမည်)
( ကျောက်သမားမှန်ရင် အမှားနှင့်မကင်းပါ
ကျောက်လောကမှာ ၀ယ်ရောင်းလုပ်လို့ မရှုံးဖူးတဲ့
ကျောက်သမား တစ်ယောက်မှ မရှိပါဗျာ)
ကျောက်လောကနှင့် အမြဲထိတွေ့ လုပ်ကိုင်သူတွေလဲ ထိုသို့ရှိပါသည်။
• ကျောက်လောက စတင်၀င်လာသူများအနေဖြင့် * ကျောက်စိမ်းနှင့် ဆက်စပ်သောအရာတွေ လုံး လုံးမသိခြင်းကြောင့် ရှုံးဖို့များလာသည်။
* စတင်၀ယ်မဲ့သူသည် *လောဘအားကြောင့်ဖြစ်စေ၊ ပညာလိုအပ်သည်ကြောင့်ဖြစ်စေ၊ ကျောက်စိမ်းလုပ်ကိုင်ကြည်မယ်ဟူတွေး၍
*ဖြစ်စေ ဘယ်လိုအကြောင်းနှင့် ၀ယ်၀ယ်
မိမိ၀ယ်လိုက်တဲ့ကျောက်*
*ကျောက်ပုံစံ ဘာမှန်းမသိ
*ကျောက်အမျိုးအမည် ဘာမှန်းမသိ
* ဘယ်မှော်က ထွက်လို့ ထွက်မှန်းမသိ
* မိမိ၀ယ်တဲ့ငွေနှင့် ကျောက်ပုံစံ ပေးရနှုန်းတန်သလားဆိုတာမသိ*
* ကျောက်တန်ဖိုးမသိ အရည်သွေးမသိ/အနိမ့်၊အမြင့်*
* ကျောက်က ဘာပြန်လုပ်လို့ရမှာလဲ အသားကျောက်လား၊အရည်ကျောက်လား?
*အရည်ရမှာလား?အသားရမှာလား?
*လုပ်ချက်+ ပညာ+ဈေးကွက်၊ နားမလည်
ထိုအချက်တွေမှ မသိရှိကာ
လုပ်ကိုင်နေရင် မှားပါမည်။
# # # # # # # # # # # # # # # # # # # #
မိမိတို့ ၀ယ်ယူတဲ့ကျောက်ကို ဘာလုပ်လို့ လုပ်ရမှန်းမသိ( ကျောက်၀ယ်သူတွေ ငွေရှိရင် မည်သည့်အရပ်မှဖြစ်ပါစေ ၀ယ်ယူရလွယ်ပါသည်။
သို့ပေမဲ့ ကျောက်တော့ ၀ယ်ကြပါသည်။ ကျောက်၀ယ်ပြီးတဲ့အခါ ဘာပြန်လုပ်ရမှန်းမသိတာနှင့် တိုင်ပတ်နေကြပါသည်။ ဘယ်နေရာရောင်းရမလဲ?ကျောက်က ဘယ်လောက်တန်နေလဲ? ကျောက်နဲ့ ပတ်သက်ရာ မသိရှိခြင်းတွေကြောင့် တိုင်ပတ်နေသည်။
တချို့က မသိပဲနှင့် ကျောက်၀ယ်သည်။
၀ယ်ပြီးတဲ့အခါ နားမလည်ပဲ မိမိတို့ စိတ်ထင်ရာ
ကျောက်ကို လျှောက်ကလိကြပါသည်။
ဖြတ်သည်၊ ကွမ်သည်၊ အခွံချွတ်သည်၊
********†******************"****
ဖြတ်ကွက်မမှန်၊ကွမ်ချက်မမှန်၊ အခွံချွတ်တာ ရုပ်အဆိုးဆုံးပါ( ကျောက်နားမလည်သူ လက်ထဲမှ
ကျောက်သည် မသိရှင်လျှင် ကျောက်ကို လျှောက်မကလိပါနဲ့ နားမလည်ပဲနှင့် လျှောက်ကလိရင် ကျောက်ပျက်တတ်၍ ဈေးကွက်ထိုးဖို့
ကျောက်ရုပ်မထွက်သလို ဈေးကောင်းလဲ ရလာမှာမဟုတ်၊ ကျောက်ရုပ်ပျက်အောင် ဈေးကွက်မရအောင် မိမိလုပ်ဆောင်ချက်ကြောင့် တစ်ခါ ပြန်မှားတတ်ပါသည်)
ကျောက်နားမလည်သူတွေ လက်ထဲမှ လျှောက်ကလိထားတဲ့ကျောက် ၀ယ်လက်မကြိုက်၊ ဈေးကွက်မ၀င်၊ ရောင်းပေါက်မလှဖြစ်တတ်ပါသည်။
မိမိတို့ကျောက်ကို တစ်စုံတစ်ခု
ဖြတ်မည်၊ ကွမ်မည်၊ အခွံချွတ်မည်ဆိုလျှင်
နားလည်သူများ လက်သို့သာ အပ်နှံခြင်း၊ အကြံညဏ်ယူခြင်း လုပ်သင့်ပါသည်။
တန်ဖိုးမြင့် ဈေးပေး၀ယ်တဲ့ ကျောက်တွေ ပို၍
ဂရုစိုက်သင့်ပါသည်။(နားမလည်ပဲနှင့် လုံး၀
လျှောက်မလုပ်ဖို့ပါ)
ကျောက်နားမလည်လျှင် မသိတာတွေ
များနေခြင်းကြောင့် * အရှုံးတွေက ဆုံးရှုံးမူမများသင့်ပဲ ပို၍ များနေပါအုံးမည်ဗျာ***
ဒီစာကို ဖတ်ပြီးတဲ့အခါ လူကြီးမင်းလက်ထဲ
ကျောက်ဘယ်နှစ်လုံးခန့် လျှောက်လုပ်ပြီးပြီလဲ?
နောက်ကို မလုပ်ရန် သတိထားပါနော်*
#ကျောက်ဆိုတာ မကိုင်တတ်ရင် ပျက်ပါသည်ဗျာ။
# ကျောက်စိမ်းမြင့်မိုရ် #(လုံးခင်း)
#ကျောက်လောကသုံး ကွဲပြားသော
စကားလုံးများအကြောင်း #
******************************************
ကျောက်စိမ်းလောက၌ ကျောက်စိမ်းနှင့်သက်ဆိုင်သော စကားလုံးဆင်တူ အမည်များ
လွန်စွာ ရှိပါသည်။ ကျောက်စိမ်းနဲ့ သက်ဆိုင်၍
သုံးလေ့ သုံးထ စကားလုံးများကို အမြဲ လုပ်ကိုင်
နေသူများအတွက် အခက်အခဲမရှိ၊ သို့သော်
လက်ရှိ စတင်၀င်လေ့လာ၀င်လာသူများအတွက်တော့ ၊ နားမရှင်းသော စကားလုံးများနှင့်
အမှတ်မှား၊ အယူဆမှား မှတ်ယူမိတာ များလာပါသည်။။ ထိုသို့ဖြစ်လာခြင်းကြောင့် အကွဲအလွဲ
မှတ်ယူမူတွေ ထိခိုက်လာနိုင်ပါသည်။
* ကျောက်စိမ်းလုပ်ငန်း၌ စာစု စကားလုံးတွေ
* ဆင်တူညီသလို ရှိသော်လည်း အဓိပ္ပါယ်အရာ
* ကွဲလွဲပြန်ပါသည်*
ကျောက်စိမ်းလောက၌ အသုံးများသော
စကားလုံးများမှာ***
***************************************
1။။ ကျောက်မျိုး ။ ။ *ကျောက်မျိုး*လို့ စကားလုံး
နှစ်လုံးခန့်သာ သုံးပြီဆိုလျှင်၊ ထိုစကား၏ အဓိပ္ပါယ် ရည်ညွန်းခြင်းမှာ၊ ( ကျောက်စိမ်းမျိုး၊
ကျောက်စိမ်းကိုသာ ရည်ညွန်းပါသည်၊ (အခြား အသား အရည် ကောင်းသည်၊ ဆိုးသည်၊ ကျောက်၏ ကောင်းခြင်း၊ ဆိုးခြင်းကို ဆိုလိုသည်မဟုတ်၊ ကျောက်စိမ်းဖြစ်ကြောင်း ကျောက်စိမ်းမျိုးနွယ်စု အဖြစ်၊ အတိုစကားအရ ,ကျောက်မျိုးဟုသာ နှစ်လုံးထဲ သုံးပါသည်)
(ဥပမာ၊ အသီးများနှင့် နှိုင်းယှဉ်ပြပါမည်။
သရက်မျိုး။ သရက်ပင်မျိုးနွယ်အုပ်စု
မာလကာမျိုး ။ မာလကာပင်မျိုးနွယ်အုပ်စု
ဟုဆိုလိုသလို ကျောက်မျိုးလိုဆိုပါက ကျောက်စိမ်းမျိုး အုပ်စုကိုသာ ဆိုလာပါသည်ဗျာ)
ကျောက်မျိုးနဲ့ တွဲဆက်ကာ ကျောက်မျိုး၏
နောက်၌ စကားအဆက်တစ်ခုပါရှိလျှင် ထိုစကားစုနှင့်အတူ တဖန်ပြန်တွဲပြီး အဓိပ္ပါယ်ပြန်ယူရပါသည်)
ကျောက်မျိုးနှင့် တွဲဆက်ပြီး အသုံးများသော
စကားစုများမှာ။
ကျောက်မျိုးမှန်သည်၊ ကျောက်မျိုးေလျာ့သည်၊
ကျောက်မျိူးတင်းသည်၊ ကျောက်မျိုးလှသည်၊
ကျောက်မျိုးခိုင်သည်၊ကျောက်မျိုးကောင်းသည်၊
ကျောက်မျိုးတိမ်းသည်၊( ထိုစကားများကြားပါက၊ နားမလည်သူများအနေဖြင့် ပို၍ ရှုပ်ထွေသလိုထင်ရမည်၊ အမြဲလုပ်ကိုင်နေသူများအတွက်တော့ ကျောက်စိမ်းနှင့်ဆက်စပ်၍ သုံးသော
စကားကို ကြည့်ယုံနဲ့ ဘယ်အရာကို ဆိုလိုပြီး
ဘယ်လိုအဓိပ္ပါယ် သက်ရောက်ခြင်း ရှိသည်ကို
နားလည်ကြပါသည်။
ကျောက်မျိုးမှန်သည်( ကျောက်မျိုးမမှန်သည်)
ထိုစကား၏ အဓိပ္ပါယ်မှာ ။ ကျောက်စိမ်းစစ်ခြင်း၊
ကျောက်စိမ်းမစစ်ခြင်း၊ကိုသာ ရည်ညွန်းပါသည်၊
(ကျောက်မျိုးမှန်ခြင်းနှင့် ကျောက်မျိုးမမှန်ခြင်းပါ) # #( ကျောက်ကောင်းခြင်း။ ကျောက်သားကောင်းခြင်းကို ရည်ညွန်းနေခြင်းမဟုတ်ပါ၊
ကျောက်စိမ်းမျိုး၊ ဟုတ်ခြင်း/မဟုတ်ခြင်းကို
သာ ဆိုလိုမူသာဖြစ်ပါသည်)
ကျောက်မျိုးလှသည်၊ကျောက်မျိုးတင်းသည်၊ကျောက်မျိုးရင့်သည်၊ ကျောက်မျိုးစွာသည်
ကျောက်မျိုးခိုင်သည်၊ကျောက်မျိုးေကာင်းသည်ဟု
ဆိုလိုပြောလာလျှင်၊*( ကျောက်၏ အရည်အချင်း ကောင်းမွန်ကြောင်းနှင့် ကျောက်မျိုးသက်တမ်းကို ပါ ထည့်သုံးခြင်းဖြစ်သည်)
ကျောက်မျိုးေလျာ့သည်၊ကျောက်မျိုးနုသည်
ဆိုလာလျှင်။ ။
ကျောက်စိမ်းမျိုးမှန်သော်လည်း ကျောက်စိမ်းအညံ့၊ ကျောက်သက်တမ်းနည်းသည်ဟု
ကျောက်အညံ့ကို ညွှန်းဆိုသော အဓိပ္ပါယ်ဖြစ်ပါသည်။
* ကျောက်မျိုးမှန်တယ်၊ ကျောက်မျိုးရတယ်
* (ထိုစကားများသည် ကျောက်သားကောင်းပါသည်၊ ကျောက်သားရပါသည်ဟု ဆိုလိုခြင်း
* မဟုတ်ပါ ကျောက်စိမ်းမျိုး ကျောက်စိမ်းအစစ်ဖြစ်သည်ကိုသာ ရည်ညွှန်းခြင်းဖြစ်ပါသည်)
ကျောက်မျိုးတိမ်း၊ ။ ။ ထိုစကားသည်
ကျောက်စိမ်းမဟုတ်ခြင်းနှင့် ကျောက်စိမ်းကဲ့သို့
တူညီသလိုရှိကာ , ကျောက်စိမ်းမျိုးမဟုတ်သော
ကျောက်ပုံစံတူ မျိုးဖောက်၊ ကျောက်စိမ်းမျိုးစပ်၊
ကျောက်စိမ်းတုံး မမှန်ကန်ခြင်းကိုသာ
ရည်ညွှန်းပါသည်။( ကျောက်မျိုးတိမ်းဆိုလျှင်
ကျောက်စိမ်းမဟုတ်ဟု သတ်မှတ်ပါ)
မျိုးတန်း။ ။ ကျောက်စိမ်းတုံး၏ သက်တမ်းအနု၊ အရင့်ကို ဆိုလိုသော စကားဖြစ်ပါသည်။
မျိုးတမ်းေလျာ့ခြင်း၊ မျိုးတမ်းနုခြင်း၊ ဆိုလိုလျှင်
ကျောက်စိမ်းတုံး မှန်ပေမယ့်၊ ကျောက်သားညံ့ ကျောက်ညံ့ဖြစ်နိုင်သည်ဟု ဆိုလိုသော စကားများသာဖြစ်သည်။
မျိုးတန်းရင့်၊မျိုးတန်းခိုင်၊ မျိုးကောင်း။
ဆိုလိုပါက။။ ကျောက်၏ သက်တမ်းမြင့်လာသည်၊ ကျော