Businesses
Businesses Welcome from Business
🎎Kinoki Detox Foot Pads 🎎(10ခုပါ 1ဘူး)🎅🎅 📌သွေးတိုး📌ဆီးချို၊၊သွေးချို📌ခေါင်းတစ်ခြမ်းကိုက်📌ထိုင်မရ ထမရ နဲ့ခါးနာ📌ည ည ကျ အြေ...
29/01/2021
🎎Kinoki Detox Foot Pads 🎎(10ခုပါ 1ဘူး)🎅🎅
📌သွေးတိုး
📌ဆီးချို၊၊သွေးချို
📌ခေါင်းတစ်ခြမ်းကိုက်
📌ထိုင်မရ ထမရ နဲ့ခါးနာ
📌ည ည ကျ အကြောနာ(ပေါင်၊ခြေသလုံး ၊ခြေဖဝါး)
📌ခြေဖဝါးပူ၊အေးတာတွေ
📌မျက်ရိုးကိုက်၊မျက်စိမှုန်တာတွေ
သိသိသာသာသက်သာတယ်တဲ့
တစ်ပတ်မှာ ငါး ည တော့ ဆက်တိုက်
ကပ်ပေးဖို့လိုတယ်တဲ့။
👵 👴ကဲ သက်ကြီးရွယ်အိုရှိတဲ့ အိမ်တွက်
မဖြစ်မနေဆောင်ထားဖို့လိုတယ်နော်။
🎎Kinoki အဆိပ်ထုပ်ကပ်ခွာ
🎎ဂျပန် ခြေဖဝါးနှိပ်ပညာကို အခြေခံပြီး တကိုယ်လုံးမှာ ရှိတဲ့ သွေးကြောများ စုစည်းရာ ခြေဖဝါးမှ အဆိပ်အတောက် အပူအပုတ်များကို စွန့်ထုတ်စေမှာ ဖြစ်ပါတယ်
🎎ခန္ဓာကိုယ် မှာ ရှိတဲ့ အဆိပ် အတောက်တွေ အားလုံး ကင်းစင်ဖို့ အတွက် တစ်လ ဆက်တိုက် ကပ်ပေးသင့်ပါတယ်
🎎ခန္ခာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်း
🎎ကြွက်သားနှင့် သွေးကြောများကို သန်စွမ်းစေခြင်း
🎎အညောင်း အညာပြေပြီး ခန္ဓာကိုယ်ကိုပေါ့ပါးလန်းဆန်းစေခြင်း
🎎ခြေဆီအနံ့ဆိုးထွက်ခြင်းကို
ကာကွယ်ပေးခြင်းကြောင့် လူကြီးလူငယ်
မရွေး သုံးစွဲသင့်ပါတယ်
🎎ညအိပ်ခါနီး ပုံမှာ ပြထားတဲ့ အတိုင်း
ခြေဖဝါးမှာ ကပ်ပေးရုံပါပဲ ခါး/ပခုံး စသည့်နေရာများလည်း အသုံးပြုနိုင်ပါတယ်
🎎ထူးခြားတဲ့ ဆေးအာနိသင်ကြောင့် တစ်ညတာ သုံးပေးရုံနဲ့ မနက်မိုးလင်းတဲ့ အချိန် မှာတော့ သင့် ခန္ခာကိုယ်တွင်းမှ အဆိပ်အတောက် များကို Kinoki ကပ်ခွာ မှာ သင်ကိုယ်တိုင် မြင်တွေ့ရမှာပါ
🎎ဈေးနှုန်းလည်း အထူးသက်သာပြီး
ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတဲ့ KINOKI (ကီနိုကီိ) အဆိပ်ထုတ် ခြေဖဝါးကပ်ခွာ ကို အခုပဲ ဝယ်သုံးကြရအောင်👍👍👍
🎎ဖေဖေ မေမေတို့အတွက် ဝယ်ပေးသင့်တယ်နော်👪👬👭
🎎ညအိပ်ချိန်လေး ခြေဖဝါးမှာကပ်ပေးလိုက်ရုံနဲ့သားသမီးတွေ ဂရုစိုက်ပေးတာခံရတယ်ဆိုတဲ့ပီတိလေးရရှိအောင် အခုပဲ ဝယ်ပေးလိုက်ပါ..🚶🏃
👉တစ်ဘူး - 1500 ကျပ်🚶🏃
(တစ်ထုပ် 10 ခု ငါးည စာ ပါသည်။)
👉တလစာ 6ဘူး-9000Ks
🚚အခြားမြို့နယ် ငွေလွဲဝင် ကား/စာတိုက်တင်ပေးသည်✅✅✅
မှာယူလိုလျှင် cb /
☎09890424616
☎09256093404
☎09962544497
☎09955577973
🎅လက်ကားဈေး သီးသန့် ရှိသည်🎉🎊
🎅ဘူး၁၀၀ဈေး✅✅
🎅ဘူး၂၀၀ဈေး✅✅
🎅ဘူး၅၀၀/၁၀၀၀✅✅ဈေး သီးသန့် ရှိသည်။😀😀
မဂ်လာပါ
14/11/2020
မဂ်လာပါ
🌐🤔 လီကာရှင်း၏ ဒဿနများ 🌐🌐↔↔↔↔↔↔↔↔↔↔↔↔↔👼 လူတွေမှာ ၂၀% က လည်ပင်းအထက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်၊ 💪 ၈၀% က လည်ပင်းအောက်ပိုင်းနဲ့ ...
08/10/2020
🌐🤔 လီကာရှင်း၏ ဒဿနများ 🌐🌐
↔↔↔↔↔↔↔↔↔↔↔↔↔
👼 လူတွေမှာ ၂၀% က လည်ပင်း
အထက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်၊
💪 ၈၀% က လည်ပင်း
အောက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်။
⏰ ၂၀% က အချိန်ဝယ်တယ်၊
🕰 ၈၀% က အချိန်ရောင်းတယ်။
🏙 ၂၀% က လုပ်ငန်းကိုင်ငန်းကြီးတွေ
လုပ်တယ်၊
🛠 ၈၀% က အလုပ်လုပ်တယ်။
☝ ၂၀% က အနာဂတ်အတွက် အစီအစဉ်
ချတယ်၊
🤔 ၈၀% က အိပ်ယာထမှ ဒီနေ့
ဘာလုပ်မယ်ဆိုတာ စဉ်းစားတယ်။
😇 ၂၀% က ကိုယ့်ကိုယ်ကို ပြောင်းလဲတယ်၊
🌴 ၈၀% က ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်တယ်။
💰 ၂၀% က ဥစ္စာကြွယ်ဝတယ်၊
🗿 ၈၀% က ဆင်းရဲတယ်။
👍👍👍 သင် ၂၀% လုပ်မလား၊
👎👎👎 ၈၀% လုပ်မလား။
🔁 တတိယ ၈ နာရီ
===========
လူတိုင်းလူတိုင်းကို တစ်ရက်မှာ ၈ နာရီစာ အပိုင်းအခြားသုံးခုစီ မျှမျှတတပေးထား
တယ်။
ပထမ ၈ နာရီမှာ လူတွေအလုပ်လုပ်ကြ
တယ်၊ ဒုတိယ ၈ နာရီမှာ လူတွေအိပ်ကြတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ကွဲပြားခြားနားချက်တွေကို များသောအား
ဖြင့် တတိယ ၈ နာရီကနေ ဖန်တီးခဲ့ကြတာပဲ။
🔀 လမ်းနှစ်လမ်း
=============
လူတိုင်းမှာ လျှောက်စရာ လမ်းနှစ်လမ်းရှိတယ်၊ တစ်လမ်းက လျှောက်ကိုလျှောက်ရမယ့် လမ်း၊ နောက်တစ်လမ်းက ကိုယ်
လျှောက်ချင်တဲ့ လမ်း။
မလျှောက်မနေ လျှောက်ကိုလျှောက်ရမယ့်လမ်းကို လှလှပပလျှောက်ပြီးမှ ကိုယ်
လျှောက်ချင်တဲ့လမ်းကို လျှောက်လို့ရပါ
လိမ့်မယ်။
🛅 တခါသုံး ယုံကြည်မှု
================
ယုံကြည်မှုဆိုတာ စာရွက်တစ်ရွက်လိုပဲ၊
ကြေသွားပြီ ဆိုတာနဲ့ ဘယ်လိုပဲဖြန့်ဖြန့်
နဂိုအတိုင်း ပြန်မဖြစ်တော့ဘူး။
🔂 နောင်တ
==========
နောက် အနှစ် ၂၀ ကြာသွားတဲ့အခါ
သင့်ကိုပိုပြီး စိတ်ပျက်စေမှာက
သင် လုပ်ခဲ့တဲ့ ကိစ္စတွေ မဟုတ်ဘူး၊
သင် မလုပ်လိုက်ရတဲ့ ကိစ္စတွေပဲ။
⛲ နေရာ
========
အအေးတစ်ပုလင်းကို လမ်းဘေးဆိုင်မှာ ၁၀ နဲ့ ရောင်းတယ်၊ ဟိုတယ်မှာ ၃၀နဲ့ ရောင်းတယ်။ လူတစ်ယောက်ရဲ့ တန်ဘိုးဟာလည်း သူရောက်နေတဲ့ နေရာပေါ်မှာပဲ မူတည်တယ်။
💠 သမာဓိ
==========
စကားတစ်ခွန်း မပြောသေးခင်မှာ
သင်ဟာ အဲဒီစကားရဲ့ အရှင်သခင်ပဲ၊
ပြောလိုက်ပြီ ဆိုရင်တော့ သင်ဟာသူ့ရဲ့
ကျွန်ဖြစ်သွားပြီ။
🕵 ရွေးချယ်မှု
============
နောက်ဆုံးတော့လည်း သင်ဘာကို
ယုံရင်ဘာ ဖြစ်တာပဲ။ ဘာလို့လဲဆိုတော့
ဒီကမ္ဘာပေါ်မှာ ကြောက်စရာ အကောင်းဆုံး ဝေါဟာရ နှစ်ခုရှိတယ်……
တစ်ခုက ခေါင်းမာတာ၊ နောက်တစ်ခုက
ကြိုးစားတာ။ ကြိုးစားတဲ့ကောင်က သူ့ကိုသူပြောင်းလဲ ပစ်တယ်၊ ခေါင်းမာတဲ့ကောင်က သူ့ကံကို သူပြောင်းလဲပစ်တယ်။
💥 မနာလိုခြင်းနှင့် အားကျခြင်း
====================
သူများတွေထက် မဆိုစလောက် သာတဲ့အခါ သင့်ကိုမနာလို ဖြစ်ကြလိမ့်မယ်။ သူတို့တွေထက် အဆပေါင်းများစွာ သာသွားတဲ့အခါ သင့်ကိုအားကျကြလိမ့်မယ်။
😃 နောက်ဆုံးအပြုံး
===============
ဘယ်သူ့ကိုမှ မယှဉ်နိုင်ဘူးလို့ ထင်တဲ့အခါ အားမငယ်ပါနဲ့၊ သင်ဟာ သာမန်လူတစ်
ယောက်ဆိုတာလည်း သတိရပါ။
သူများတကာ ရယ်မောနေတာတွေ့ရင်
လည်း တကမ္ဘာလုံးမှာ သင်တစ်ယောက်
တည်း ဝမ်းနည်းပူဆွေးနေတယ် မထင်ပါနဲ့၊ တကယ်တော့ သူများတွေက သင့်ထက်ပိုပြီး ဟန်လုပ်တတ်လို့ပဲ။
အကူအညီ မဲ့နေတဲ့အခါ မင်းငိုချင် ငိုလိုက်ပါ၊ သို့သော် ငိုပြီးရင်တော့ ပြန်ပြီးနိုးကြားတက်ကြွ လာရမယ်၊ အရာရာကိုလက်လွှတ်ဆုံးရှုံး ပါစေဦးတော့၊ သင့်ရဲ့အပြုံးလေးကိုတော့ ရှုံးမသွားပါစေနဲ့။
🌝 ပူပင်သောက
============
လူတစ်ယောက်ရဲ့ ပူပင်သောက တွေကနေ သူ့ရဲ့ စိတ်နေသဘောထား အတိုင်းအဆနဲ့ အနာဂတ် အောင်မြင်မှုရဲ့ အတိမ်အနက်ကို မှန်းဆလို့ ရတယ်။
တနည်းအားဖြင့်၊
ပြဿနာ အသေးလေးတွေဟာ
အချိန်ကုန်ခံပြီး ပူပန်နေစရာ မလိုဘူး၊
တကယ့်ကြီးမားတဲ့ ကိစ္စတွေ ကျပြန်တော့
ပူနေရုံနဲ့လည်း အကျိုးမရှိဘူး။
အချိန်တိုတိုနဲ့ ပြဿနာ ဖြေရှင်းနိုင်စွမ်း
ရှိရင် အရာရာတိုင်းဟာ မိုးတွေထန်ပြီးတဲ့နောက် ပွင့်လင်းသွားတဲ့ ရာသီဥတုလို သာယာနေမှာပါပဲ။
🏟 အောင်မြင်မှုနှင့် တိုးတက်မှု
======================
သင် မအောင်မြင်လို့ ရတယ်၊ သို့သော်
မတိုးတက်လို့ မရဘူး။ သင့်ရဲ့ အောင်မြင်မှုကို ကဖျက်ကယက် လုပ်မယ့်သူတွေ
ရှိကောင်းရှိလိမ့်မယ်၊ ဒါပေမဲ့
သင့် တိုးတက်တာကိုတော့ ဘယ်သူမှ
ကာဆီးကာဆီး လုပ်မှာ မဟုတ်ဘူး။
🎆 ဖိအားနှင့် တွန်းအား
=================
အပြင်က သက်ရောက်တဲ့ အားကြောင့်
ကွဲသွားတဲ့ ကြက်ဥဟာ အစာတစ်လုပ် ဖြစ်သွားပေမယ့် အတွင်းကနေ ရုန်းထွက်လာတဲ့ အားကြောင့် ကွဲသွားတဲ့ ကြက်ဥကျတော့ အသက်တစ်ချောင်း ဖြစ်လာစေတယ်။
လူ့ဘဝ ဆိုတာလည်း အဲလိုပါပဲ၊
အပြင်ကလာတဲ့ အားတွေက ဖိအားတွေ
ဖြစ်ပြီး အတွင်းကနေ ဖြစ်တည်လာတဲ့ အားတွေက ကြီးပြင်းရှင်သန်မှုပါ။
ပြင်ပက အားတွေနဲ့ အခွဲခံဖို့ပဲ ထိုင်စောင့်
နေလို့ရှိရင် သင်ဟာ သူများရဲ့ အစာတနပ် ဖြစ်သွားမှာ မလွဲပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး အတွင်းကနေ ဖောက်ထွက်နိုင်ရင်တော့ ကိုယ့်ရဲ့ ရှင်သန်ကြီးပြင်းခြင်းဟာ အသက်တစ်ချောင်း အသစ်တဖန် ပြန်လည်မွေးဖွားလာတာနဲ့ တူတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။
သင့်လက်ထဲမှာ ပိုက်ဆံရှိရင် သင်ဟာ
ကိုယ့်ကိုယ်ကို ဘယ်သူလဲ ဆိုတာ
မေ့နေတတ်ပါတယ်။
သို့ပေမယ့် သင့်ဆီမှာ ပိုက်ဆံ မရှိတော့ရင်တော့ သင်ဟာ ဘယ်သူလဲ ဆိုတာကို တစ်ကမ္ဘာလုံးက မေ့ထားပါလိမ့်မယ်။
ဒါဟာ ဘဝပဲ။.............
သူဌေးကြီး လီကာရှင်း၏ ကျော်ကြားလှ
သော နိယာမ ဒဿနများပင် ဖြစ်သည်။
#
Credit:🖋🖋🖋 Org
✍️ ဘဝမှာ စည်းစိမ်ချမ်းသာကြွယ်ဝမှုတွေထက် ကိုယ်ကျင့်သိက္ခာရှိမှုက ပိုအရေးကြီးပါတယ်။Ethics (ကိုယ်ကျင့်တရား) လို့ပြောရင်-----...
01/09/2020
✍️ ဘဝမှာ စည်းစိမ်ချမ်းသာကြွယ်ဝမှုတွေထက် ကိုယ်ကျင့်သိက္ခာရှိမှုက ပိုအရေးကြီးပါတယ်။
Ethics (ကိုယ်ကျင့်တရား) လို့ပြောရင်
------------------------
⏳စိတ်ဓာတ်၊ စိတ်နေစိတ်ထား (Morale)
🔍 အကျင့်စရိုက် (Character)
🔍 အကျင့်သီလစင်ကြယ်မှု (Virtue)
🔍လူတစ်ဦးချင်းစီရဲ့ တန်ဖိုးထားမှု (Value)
🔍 စံသတ်မှတ်ချက် (Principle)
🔍 တည်ကြည်ဖြောင့်မတ်မှု (Integrity)
🔍 ရိုးသားမှု (Honesty)
🔍 တာဝန်ယူမှု၊တာဝန်ခံမှု (Responsibility)
🔍 တရားမျှတမှု (Fairness)
⌛️ ဆုံးဖြတ်ရွေးချယ်မှု (Choices) ... စသဖြင့်
ဘဝခရီးလျှောက်လှမ်းရာမှာ ခံယူချက်တွေ၊ လုပ်ဆောင်ချက်တွေကို အများကြီးပြောင်းလဲသက်ရောက်သွားစေပါတယ်။
♻️သေချာတာတော့ အဲ့ဒီ လုပ်ဆောင်ချက်တွေက လူတစ်ယောက်ရဲ့ Identity ကို ကိုယ်စားပြုပေါ်လွင် လာစေမှာပါ။
🚫Ethic မရှိတဲ့ လူတစ်ယောက်က လူ့အဖွဲ့
အစည်းထဲမှာ ကြာကြာမရပ်တည်နိုင်သလို
🚫Ethic မရှိတဲ့ Business တစ်ခုကလည်း အောင်မြင်ဖို့ မလွယ်ဘူး။ အောင်မြင်ရင်လည်း ရေရှည်မရပ်တည်နိုင်ဘူး။
✅ကိုယ်ကျင့်တရား ဆိုတာ အချိန်တိုင်း၊ နေရာ
တိုင်းမှာ စောင့်ထိန်းဖို့လိုပါတယ်။
✅ဘဝမှာ ဘယ်အခြေအနေမျိုးမှာပဲ ရောက်ရှိရပ်တည်နေပါစေ၊ ကိုယ်ကျင့်တရားကောင်းစွာနဲ့ ရှင်သန်နေနိုင်ခြင်းက အဓိပ္ပာယ်ရှိပြီး ကိုယ်တိုင်မှာ ပိုမိုတန်ဖိုးရှိနေမှာပါ။
✅လူ့ကျင့်ဝတ်ဆိုတာကို အတူတကွ နားလည်
လိုက်နာရင်း ကိုယ်ကျင့်တရားကောင်းမွန်စွာဖြင့် ဘဝခရီးလမ်းကို အောင်မြင်စွာ လျှောက် လှမ်း ကြပါစို့နော် 🤝
သင်ယူ - လေ့လာ - မျှဝေရင်း
Business
11/08/2020
ပန်းပုပုံပြင်
=======
သူဟာ ဘယ်လို သစ်သားမျိုးနဲ့ မဆို
ထုပေးနိုင်တယ်။
အသက်ဝင်လွန်းတော့
အနီးနားက ရွာတွေအထိပါ
ပညာ သင်ချင်တဲ့ သူတွေ
ကလည်း များတယ်။
ဒါပေမယ့် လာလိုက် သမျှ
တပည့်တွေကလည်း
ဒါနဲ့ တနေ့ကျတော့
အရုပ် က ဘာကြောင့်
ကွာခြားရတာလဲ။
မေး တယ်။
ဒီတော့ ပန်းပုဆရာက........
“ကျုပ်တို့မှာ အခြေခံအနေနဲ့ ကတော့
သုံးရတာချင်း အတူတူပဲ။
ဒါပေမယ့်
ဥပမာဗျာ . .
အကုန်ပီပြင်တယ်ဗျာ။
ဖယ်ထုတ်ရမလဲ ဆိုတာပဲ”
ပုံပြင်က
အဲ့ဒီနားပဲ လတ်စသတ်သွားတာ။
ကိုယ့်ကို
ကိုယ် ဘာဖြစ်ချင်တာလဲ။
အရင်ဆုံး
သေချာ အောင်လုပ်။
ကျန်တာတွေ၊ မလိုအပ်တဲ့
ဆိုတဲ့ အတွေး။
တခါ တလေကျတော့လည်း
ကိုယ့်ဘ၀ထဲကနေ
ဘယ်လိုအရာတွေကို
သိပေမယ့် အထုတ်ရခက်၊
အားနာစိတ်တွေလား၊
မခံချင် စိတ်တွေလား၊
သံယောဇဉ်တွေလား၊
တွေဝေ စိတ်တွေလား။
ဘာဆို ဘာမှန်းမသိတော့
အခု အချိန်မှာ
ဘယ်ဆန်းမလဲ။
ဒီအကြောင်း ကို
လူတစ်ယောက်ရဲ့ ဘ၀မှာ
သူလိုချင်တဲ့အရာ ကို ရဖို့ မဖြစ်မနေ
အချစ် ပါခဲ့ပြီဆိုရင်
ကိုယ် ရေရေရာရာ မသိတဲ့
တစ်ကယ်ဆို
ကိုယ့်အသွေးအသားကို
ပန်းပု ပညာက အခက်ဆုံးပဲ။
credit
ပန်းပုပုံပြင်
=======
တခါတုန်းက ရွာတစ်ရွာမှာ
ပန်းပုဆရာ တစ်ယောက်ရှိတယ်။
သူဟာ ဘယ္လို သစ်သားမျိုးနဲ့ မဆို
ပန်းပုရုပ် ကို ပီပြင်အောင်
ထုပေးနိုင်တယ်။
သူထွင်းလိုက်တဲ့ လက်ရာတွေက
အသက်၀င်လွန်းတော့
အနီးနားက ရွာတွေအထိပါ
သူ့သတင်းက ကျော်ကြားတယ်။
ဒီတော့ တပည့်လက်သားအဖြစ်နဲ့
ပညာ သင်ချင်တဲ့ သူတွေ
ကလည်း များတယ်။
ဒါပေမယ့် လာလိုက် သမျှ
တပည့်တွေကလည်း
ဆရာ့လက် ရာ ကို မမှီနိုင်ဘူး။
ဒါနဲ့ တနေ့ကျတော့
ဆရာ့ကို လူတစ်ယောက်ကမေးတယ်။
ဆရာထုတဲ့အရုပ်နဲ့ တခြားလူတွေရဲ့
အရုပ် က ဘာကြောင့်
ကွာခြားရတာလဲ။
ဆရာ့လက်ရာတွေက ဘာကြောင့်
ပိုပြီးတော့ ပီပြင်ရတာလဲလို့
မေး တယ်။
ဒီတော့ ပန်းပုဆရာက........
ကျုပ်တို့မှာ အခြေခံအနေနဲ့ ကေတာ့
သုံးရတာချင်း အတူတူပဲ။
ဒါပေမယ့်
မြင်အောင် ကြည့်တတ်တဲ့
အမြင် နေရာမှတော့ ကွာသွားပြီ။
ဥပမာဗ်ာ . .
ဆင်ရုပ်ထွင်းမယ်ဆိုပါတော့။
ဒီသစ်ပိုင်းထဲကနေ ဘယ်နေရာက
ဆင်ရဲ့ အစိတ် အပိုင်းဖြစ်သင့်တယ်၊
ဘယ်နေရာကိုတော့ မဖြစ်ထိုက် လို့
ဖယ်ထုတ် သင့်တယ် ဆိုတာကို
သေသေချာချာ သိနေဖို့ပဲ။
မလိုတဲ့ အပိုင်းကို ဖယ်ထုတ်
လိုက်နိုင်တော့ ထွင်းတဲ့ လက်ရာ
ပီပြင်တာပေါ့ဗျာ၊ ဆင်ဆိုရင်လည်း
ဆင်ရုပ်၊ မြင်းဆိုလည်း မြင်းရုပ်၊
အကုန်ပီပြင်တယ်ဗျာ။
အရေးကြီးတာက ဘယ်အပိုင်းကို
ဖယ်ထုတ်ရမလဲ ဆိုတာပဲ
ပုံပြင်က
အဲ့ဒီနားပဲ လတ္စသတ္သြားတာ။
ကိုယ့်ကို
တည့်တည့် လာပြောသလိုချည်းကို
တည့်ကြီး ခံစားလိုက်ရတာက
ကိုယ် ဘာဖြစ်ချင်တာလဲ။
အရင်ဆုံး
ကိုယ် ဘာဖြစ်ချင်တာလဲဆိုတာ ကို
သေချာ အောင်လုပ်။
ဖြစ်ချင်တဲ့ အစိတ်အပိုင်းကလွဲရင်
ကျန်တာတွေ၊ မလိုအပ်တဲ့
အရာတွေကို စိတ်ပြတ်ပြတ် သားသားနဲ့ပဲ
ဖယ်ထုတ်ပစ်လိုက်ပေတော့
ဆိုတဲ့ အေတြး။
တခါ တလေကျတော့လည်း
ကိုယ့်ဘ၀ထဲကနေ
ဘယ်လိုအရာတွေကို
ဖယ်ထုတ်ပစ်ရမလဲ ဆိုတာ ကိုတော့
သိပေမယ့် အထုတ်ရခက်၊
အထွင်းရ ခက်နေတတ်ပါသေးတယ် ။
အားနာစိတ်တွေလား၊
မခံချင် စိတ်တွေလား၊
သံယောဇဉ်တွေလား၊
တွေဝေ စိတ်တွေလား။
ဘာဆို ဘာမှန်းမသိတော့
အခု အချိန်မှာ
ပီပီပြင်ပြင် မဖြစ် သေးတာက
ဘယ်ဆန်းမလဲ။
ဒီအကြောင်း ကို
သူငယ်ချင်းတစ်ယောက်နဲ့
ပြောဖြစ်တော့ သူက ပြန်ပြောတယ်။
လူတစ်ယောက်ရဲ့ ဘ၀မွာ
သူလိုချင်တဲ့အရာ ကို ရဖို့ မျဖစ္မေန
ဖယ်ထုတ်ရမယ့် အပိုင်းမှာ
အချစ် ပါခဲ့ပြီဆိုရင်
အဲ့ဒီ လူက ပျော်နိုင်ပါ့ မလားတဲ့ ။
ကိုယ် ရေရေရာရာ မသိတဲ့
မေးခွန်းမို့ နှုတ်ဆိတ်နေလိုက်မိတယ်။
တစ္ကယ္ဆို
ကိုယ့်အသွေးအသားကို
ကိုယ်တိုင်ပြန်ပြီး ထွင်းထုရတဲ့
ပန်းပု ပညာက အခက္ဆုံးပဲ။
credit
တစ်နေ့မှာ ခရုငယ်တစ်ကောင်ဟာ မြေပြင်မှာ တွားသွားနေတယ်။ဒါကို လိပ်တစ်ကောင်က တွေ့တော့"ငါ့ကျောပေါ်တက်ပါ၊ ငါခရီးကြုံ ပို့မယ်" လိ...
14/07/2020
တစ်နေ့မှာ ခရုငယ်တစ်ကောင်ဟာ
မြေပြင်မှာ တွားသွားနေတယ်။
ဒါကို လိပ်တစ်ကောင်က တွေ့တော့
"ငါ့ကျောပေါ်တက်ပါ၊ ငါခရီးကြုံ ပို့မယ်" လို့ဆိုတယ်။
လိပ်ကျောပေါ် ခရုငယ်တက်သွားတော့
တီကောင်တစ်ကောင် ရှိနေပါတယ်။
တီကောင်က " သေချာထိုင်နော်
သူသွားတာ တော်တော်မြန်တယ် "လို့ပြောတယ်။
ဒီဟာသကို ကွား (ကြား) ခါစက
လိပ်ရဲ့ လေးစားဖွယ်သဘောထား
တီကောင်ရဲ့ အထင်ကြီး အားကျပုံနဲ့
ခရုငယ်ရဲ့ ကျေးဇူးတရားပြည့်ဝနေတဲ့ မျက်ဝန်းကို
ကျွန်ုပ် မြင်ယောင်ခဲ့မိတယ်။
ဒါကို ဟာသတစ်ပုဒ်လို သဘောထားပြီး
တွေ့သူတိုင်းကို ပြောပြခဲ့ပါတယ်။
တစ်ချို့က
"လိပ်က သူ့ဟာနဲ့သူတောင် အင်အားမရှိ
သွားတာလည်း နှေးတာတောင်
တစ်ခြားသူကို ကူချင်သေးတယ်" လို့
ဝေဖန်အပြစ်တင်တယ်။
တစ်ချို့ကလည်း တီကောင်ကို
"အမြင်မကျယ်တဲ့ တွင်းထဲက ဖားသူငယ်အဖြစ်"
ခိုင်းနှိုင်းတယ်။
တစ်ချို့ကလည်း ခရုငယ်ကို
"ကိုယ့်ဘာသာမလျှောက်ဘူး။
အမြန်လိုတော့ အနှေးတွေ့ပြီလေ"လို့ အပြစ်ဖို့တယ်။
ဟာသတစ်ပုဒ်က
ဒီလိုအငြင်းပွားလိမ့်မယ်လို့
ကျွန်ုပ် တွေးထင်မထားခဲ့မိဘူး။
ဒါပေမယ့် လူတစ်ယောက်ရဲ့ ပြောစကားက
ကျွန်ုပ်ရင်ကို လှုပ်ခါသွားခဲ့တယ်။
သူပြောတာက
"လိပ်က နှေးတယ် ဒါပေမယ့်
တီကောင်နဲ့ ခရုငယ်ရဲ့အမြင်မှာ သူကမြန်တယ်
ကိုယ့်လောက်မစွမ်းသူကို ကူညီတာ
အကူအညီလိုအပ်သူကို ကူညီတာဟာ
ဘယ်လောက်ပဲ ကူညီနိုင်တာဖြစ်ဖြစ် ချစ်စရာပါ"
ဒီစကားလေးတစ်ခွန်းက
လူကို လှုပ်နှိုးသွားစေပြီးတော့
ပုံပြင်ရဲ့ တကယ့်အဓိပ္ပါယ်ကို နားလည်သွားခဲ့ပါတယ်
'တတ်စွမ်းသလောက် ကူညီတယ်။
ကိုယ်ထက် ခွန်အားနည်းသူကို ကူညီတယ်။
လက်တစ်ဖက် အကူအညီလိုသူကို
လက်တစ်ဖက် ကမ်းတယ်။
ကူညီမှုက နည်းများမဆို
အကူအညီလိုသူကို ကူညီတာဟာ
မွန်မြတ်ခြင်းတစ်ပါးပါ'
ဖယောင်းတိုင်ငယ်လေးရဲ့ အလင်းက
ဘယ်အထိ ဝေးဝေးလင်းနိုင်မလဲ၊
ဒါပေမယ့် သူ့အနီးဝန်းကျင်က
အမှောင်ကိုတော့ ခွင်းနိုင်ပါတယ်။
Credit မူရင်းရေးသူကို credit ပေးပါတယ်။
(ဘယ်သူမှန်းမသိလို့ပါ။)
ပြန်လည် share ခြင်းဖြစ်ပါတယ်။
★A thousand mile -journeystarts with a single step.★★မိုင်တစ်ထောင်ဝေးတဲ့ခရီးသည် ခြေတစ်လှမ်းက စတာပဲ.★
12/07/2020
★A thousand mile -journey
starts with a single step.★
★မိုင်တစ်ထောင်ဝေးတဲ့ခရီးသည် ခြေတစ်လှမ်းက စတာပဲ.★
အချက်ပြမီးခိုး********လူတစ်ယောက်ဟာသင်္ဘောပျက်ပြီး ကျွန်းတစ်ကျွန်းပေါ် တစ်ယောက်တည်းရောက်သွားသတဲ့..။နေ့တိုင်းနေ့တိုင်းဘုရားသခ...
02/07/2020
အချက်ပြမီးခိုး
********
လူတစ်ယောက်ဟာသင်္ဘောပျက်ပြီး ကျွန်းတစ်ကျွန်းပေါ် တစ်ယောက်တည်းရောက်သွားသတဲ့..။
နေ့တိုင်းနေ့တိုင်းဘုရားသခင် သူ့ကိုကယ်ဖို့ဆုတောင်းတယ်...
နေ့တိုင်းနေ့တိုင်း တစ်ယောက်ယောက်များလာကယ်မလား မိုးကုတ်စက်ဝန်းကိုမျှော်ကြည့်တယ်.။
နောက်တော့.ရာသီဥတုဒဏ်ခံနိုင်ဖို့တဲလေးတစ်လုံးဆောက်ပြီးသူနေရတယ်..။
တစ်နေ့တော့သူ..အစာသွားရှာပြီးပြန်လာတော့
သူတဲလေးမီးလောင်နေတာတွေ့တယ်..။
ကံဆိုးမိုးမှောင်ကျလှတဲ့သူ့ဘ၀ကိုသူကျိန်ဆဲ.. ငိုကြွေးပြီး..အိပ်ပျော်သွားတယ်...။
နောက်နေ့မနက်မှာတော့...သူ့ကိုသင်္ဘောတစ်စီးကလာကယ်တယ်...။
သင်္ဘောကတ်ပတိန်ကိုမေးတယ်သူဒီမှာရှိမှန်းခင်ဗျားတို့ဘယ်လိုသိသလဲပေါ့..။
ကတ်ပတိန်ကပြောတယ်...ခင်ဗျားမီးခိုးနဲ့အချက်ပြခဲ့တယ်လေတဲ့..။
တစ်ခါတစ်လေဘဝမှာ ကိုယ်တန်ဖိုးထားရတဲ့အရာတွေလည်း ဆုံးရှံးရတတ်ပါတယ်။
ဒီတစ်ခါသင်ချစ်ရတဲ့..သင့်ရဲ့တစ်ခုတည်းသောပိုင်ဆိုင်မူ..တဲလေးမီးလောင်သွားရင်..မငိုပါနဲ့...။
အဲဒါဟာ ပိုကောင်းတဲ့အရာတစ်ခုခု ဖြစ်လာဖို့ အတွက်လည်း ဖြစ်နိုင်ပါသေးတယ်။
အဲဒါဟာ..သင့်အတွက် အချက်ပြမီးခိုး.ဖြစ်နိုင်ပါသေးတယ်...။
Credit
Unicode
အချက်ပြမီးခိုး
********
လူတစ်ယောက်ဟာသင်္ဘောပျက်ပြီး ကျွန်းတစ်ကျွန်းပေါ် တစ်ယောက်တည်းရောက်သွားသတဲ့..။
နေ့တိုင်းနေ့တိုင်းဘုရားသခင် သူ့ကိုကယ်ဖို့ဆုတောင်းတယ်...
နေ့တိုင်းနေ့တိုင်း တစ်ယောက်ယောက်များလာကယ်မလား မိုးကုတ်စက်ဝန်းကိုမျှော်ကြည့်တယ်.။
နောက်တော့.ရာသီဥတုဒဏ်ခံနိုင်ဖို့တဲလေးတစ်လုံးဆောက်ပြီးသူနေရတယ်..။
တစ်နေ့တော့သူ..အစာသွားရှာပြီးပြန်လာတော့
သူတဲလေးမီးလောင်နေတာတွေ့တယ်..။
ကံဆိုးမိုးမှောင်ကျလှတဲ့သူ့ဘ၀ကိုသူကျိန်ဆဲ.. ငိုကြွေးပြီး..အိပ်ပျော်သွားတယ်...။
နောက်နေ့မနက်မှာတော့...သူ့ကိုသင်္ဘောတစ်စီးကလာကယ်တယ်...။
သင်္ဘောကတ်ပတိန်ကိုမေးတယ်သူဒီမှာရှိမှန်းခင်ဗျားတို့ဘယ်လိုသိသလဲပေါ့..။
ကတ်ပတိန်ကပြောတယ်...ခင်ဗျားမီးခိုးနဲ့အချက်ပြခဲ့တယ်လေတဲ့..။
တစ်ခါတစ်လေဘဝမှာ ကိုယ်တန်ဖိုးထားရတဲ့အရာတွေလည်း ဆုံးရှံးရတတ်ပါတယ်။
ဒီတစ်ခါသင်ချစ်ရတဲ့..သင့်ရဲ့တစ်ခုတည်းသောပိုင်ဆိုင်မူ..တဲလေးမီးလောင်သွားရင်..မငိုပါနဲ့...။
အဲဒါဟာ ပိုကောင်းတဲ့အရာတစ်ခုခု ဖြစ်လာဖို့ အတွက်လည်း ဖြစ်နိုင်ပါသေးတယ်။
အဲဒါဟာ..သင့်အတွက် အချက်ပြမီးခိုး.ဖြစ်နိုင်ပါသေးတယ်...။
Credit
သူအသက်  ၆ နှစ်အရွယ်မှာပဲအဘိုးဖြစ်သူရဲ့ ကုန်စုံဆိုင်မှကိုကာကိုလာ ၆ လုံးကို ၂၅ ပြားနဲ့ဝယ်ကာ၊သူငယ်ချင်းတွေကို ၁ လုံး ၅ ပြား...
18/06/2020
သူအသက် ၆ နှစ်အရွယ်မှာပဲ
အဘိုးဖြစ်သူရဲ့ ကုန်စုံဆိုင်မှ
ကိုကာကိုလာ ၆ လုံးကို ၂၅ ပြားနဲ့ဝယ်ကာ၊
သူငယ်ချင်းတွေကို ၁ လုံး ၅ ပြားစီနဲ့ ပြန်ရောင်းပြီး၊
20% အမြတ်ငွေလုပ်ငန်းနဲ့
သူရဲ့ရင်းနှီးမြုပ်နှံမှူပုံစံ စတင်ခဲ့ပါတယ်။
ခုနှစ်ကတော့ ၁၉၃၆ ပေါ့....
ပြီးတော့ စက်ဘီးနဲ့ သတင်းစာပို့တဲ့လူအဖြစ်လဲ လုပ်ခဲ့ပြီး
အဲ့ခေတ်ရဲ့ ပုံမှန်လခစား လူတွေထက်တောင်
ဝင်ငွေပိုရနေပါသေးတယ်တဲ့။
အသက် ၁၁ အရွယ်မှာတော့
ရှယ်ရာရောင်းဝယ်ရေး အကြောင်းကို
လေ့လာပြီး သူနားလည်တတ်ကျွမ်းနေပါပြီ။
ဟုတ်ပါတယ်။
အသက်ငယ်ရွယ်သည့် အချိန်မှာပဲ
သူဟာ ငွေကြေးရင်းနှီးမြုပ်နှပ်သည့်
ပညာရှင်တစ်ယောက်တောင် ဖြစ်နေပြီလေ။
ဟုတ်ကဲ့။
အဲ့ခေတ်အရ
Golf သီး ဝယ်ရိုက်ဖို့ဆိုတာ ငွေအကုန်ကျများသည့်ခေတ်ဖြစ်ပါတယ်။
ငွေအကုန်အကျ နည်းပြီး
Golf သီး ကစားချင်တဲ့လူတွေအတွက်ဆိုရင်
Second hand golf သီး ဝယ်ကစားရမည့်ခေတ်ဖြစ်ပါတယ်။
ဟုတ်ကဲ့
အဲ့ချိန်မှာလည်း သူဟာ golf သီးလက်ဟောင်း ရောင်းပြီး
နာမည်ကြီး golf သီးလက်ဟောင်း
အရောင်းသမားတောင်ဖြစ်ခဲ့ပါတယ်။
လူအများရဲ့ အထင်ကတော့...
ဒီကလေးဟာ ဂေါက်ကွင်းနားက ရေထဲကျနေသည့်
ဂေါက်သီးတွေကို ကောက်ယူပြီး ပြန်ရောင်းချနေတယ်လို့
အထင်မြင်လွဲခဲ့ပါသေးတယ်။
တကယ်တမ်းတော့
ဂေါက်သီးများကို ချီကာကိုမြို့ကနေ
တင်သွင်း ယူရောင်းချနေခြင်းပဲဖြစ်ပါတယ်။
သူဂေါက်သီးဟာ
လှပပြီး အသန်မာဆုံးလို့လဲ ကြော်ငြာဝင်ခဲ့ပါသေးတယ်။
ဒီဂေါက်သီးအရောင်းအဝယ်လုပ်ငန်းမှာလဲ
အမြတ်ငွေ အမြှောက်အများရခဲ့တယ်လို့လဲ ဆိုပါတယ်။
တခြားလုပ်ငန်း ဖြစ်တဲ့
တံဆိပ်ခေါင်းရောင်းဝယ်ခြင်း၊
ကားရေဆေး ဝင်ဆောင်မှူပေးခြင်းလဲ လုပ်ခဲ့ပါတယ်။
ကားရေဆေးတာ အရမ်းပင်ပန်းလွန်းလို့
မနိုင်တော့ပဲ ကားရေဆေးတာ နားလိုက်ပါတယ်လို့လဲ
ပြောပြပါတယ်။
သူ့ ကလေးဘဝရဲ့
အကောင်းဆုံး ဝင်ငွေရသည့် လုပ်ငန်းကတော့
ငွေအကြွေစေ့ထည့် ကစားရသည့်
Pinball ဂိမ်းစက်ပဲဖစ်ပါတယ်။
Pinball ဂိမ်းစက်တစ်လုံးကို
၂၅ ဒေါ်လာဖြစ်ဝယ်ခဲ့ပြီး
သူငယ်ချင်းတစ်ယောက်ကိုလဲ ရှယ်ရာပေးခဲ့ပါတယ်။
အကြောင်းကတော့ ဒီသူငယ်ချင်းဟာ
Pinball ဂိမ်းစက်ကို ပြုပြင်တတ်လို့ပဲဖစ်ပါတယ်။
ဆံပင်ညုပ်ဆိုင်တွေကို သွားပြီး
သူတို့ဟာ နာမည်ကြီးကုမ္ပဏီတစ်ခုမှဖြစ်ပြီး
Pinball စက်ကို ဆိုင်သို့အလကား လာချထားမှာဖြစ်ပြီး
ဂိမ်းလာဆော့တဲ့လူစီက ငွေကြေးအမြတ်အပေါ်
ရှယ်ယာပေးမယ်လို့ ကြော်ငြာလိုက်တော့
ဘာငွေကြေးမှ မရင်းနှီးပဲ ငွေရနိုင်မဲ့
အခွင့်အရေးအပေါ် ဆံပင်ညုပ်ဆိုင်အများပိုင်းက လက်ခံခဲ့ကြပါတယ်။
ဟုတ်ကဲ့ မယုံနိုင်စရာပဲ
သူ ၂၅ဒေါ်လာနဲ့ ဝယ်လာသည့်
လက်ဟောင်း pinball စက်လေးက
ပထမရက်မှာပဲ ဝင်ငွေ ၄ ဒေါ်လာဖန်တီးပေးခဲ့ပါတယ်။
မကြာခင်မှာပဲ သူဟာ
ဝါရှင်သန် တစ်မြို့လုံးနီးပါးရဲ့ ဆံင်ညုပ်ဆိုင်တွေကို
Pinball စက်တွေ တပ်ဆင်ပြီး နာမည်ကြီးကုမ္ပဏီကပါ
လို့ပြောပီး တပ်ဆင်ခဲ့ပါတယ်။
ဟုတ်ကဲ့။
အရမ်းကောင်းတဲ့ ရင်းနှီးမြုပ်နှပ်မှူ တစ်ခုဖြစ်ခဲ့ပါတယ်။
တစ်နှစ်ခန့်ကြာသော်
ဒီ pinball လုပ်ငန်းကို
အကြိုးအမြတ်များနဲ့ ပြန်ရောင်းချလိုက်ပါတယ်။
ဟုတ်ကဲ့ သူကတော့
Warren Buffett ပဲဖြစ်ပြီး၊
ဒီရင်းနှီးမြုပ်နှပ်မှူအကြောင်းကတော့၊
သူငယ်ငယ်က
သူ့ရဲ့တစိတ်တပိုင်း ရင်းနှီးမှူအကြောင်းသာဖြစ်ပါတယ်။
သူအကြောင်းကို ဒီထက်ပိုလေ့လာလိုက်ရင်တော့
ရင်းနှီးမှူပညာများစွာကို ထက်တွေ့ရမှာပဲဖြစ်ပါတယ်။
ဟုတ်ကဲ့
ကျတော်ကတော့ ရင်းနှီးမြုပ်နှပ်မှူကောင်းသူတစ်ယောက်တော့မဟုတ်ပေမဲ့၊
ရင်းနှီးမြုပ်နှပ်မှူ ကျွမ်းကျင်သူများကတော့
Warren buffett ဘာတွေကိုသင်ပေးနေတာလဲဆိုတာ
ကောင်းကောင်းကြီး သိနေကြမှာပဲဖြစ်ပါတယ်။
Warren buffett ပြောပြသည့် တန်ဖိုးအရှိဆုံး
စကား(ချက်)ကို ရွေးချယ်ပြီး
Golden way စာဖတ်သူများအတွက် တင်ပြချင်ပါတယ်။
၁။ သင်အမှန်တကယ် အသုံးမလိုတဲ့ ပစ္စည်းများအမြဲဝယ်ယူနေပါက
တစ်နေ့ကျ သင်ရဲ့အသုံးဝင်နေသည့်ပစ္စည်းများကို ရောင်းရပါလိမ့်မယ်။
၂။ စိတ်ချမ်းသာမှူအရှိဆုံးလူဖြစ်ဖို့အတွက်
အကောင်းဆုံးဆိုသည့် အရာများရှိနေဖို့မလိုပါဘူး၊
ကိုယ်ရှိနေတာကို ရောင့်ရဲတင်းတိမ်အကောင်းမြင်ရင်
စိတ်ချမ်းသာမှူ အရှိဆုံးလူဖြစ်ပါပြီ။
ဟုတ်ကဲ့၊
(WB ဟာ သန်းကြွေသူဌေးဖြစ်ပေမဲ့
ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေသည့် လူတစ်ယောက်ပါတဲ့နော်)
၃။ သုံးပြီးမှ ကျန်တဲ့ငွေကို မစုပါနဲ့ = စုပြီးမှ ကျန်တဲ့ငွေကို သုံးပါတဲ့...
ဟုတ်ကဲ့ အရမ်းတန်ဖိုးရှိတဲ့ စကားတွေပါ....
=============================
ကျတော်ရေးသည့် စာပုံစံနဲ့
Warren Buffett ရဲ့
ရင်းနှီးမြုပ်နှပ်မှူအကြောင်းထက်ဖတ်ချင်ရင်
Like & share များများလုပ်ပေးကြပါနော်...
Credit 👉Khun min htet
Golden way
.ရစ်ချက်ဘရင်ဆန် ပြောပြတဲ့ ဘဝအတွက် အောင်မြင်ပျော်ရွှင်ရေး စည်းမျဉ်း 8️⃣ ခု....~~~~~~~~~~~~~~~~~~~~~~~~~~~~ ဗြိတိန် နံမည်ကေ...
07/06/2020
.ရစ်ချက်ဘရင်ဆန် ပြောပြတဲ့ ဘဝအတွက် အောင်မြင်ပျော်ရွှင်ရေး စည်းမျဉ်း 8️⃣ ခု....
~~~~~~~~~~~~~~~~~~~~~~~~~~~~
ဗြိတိန် နံမည်ကျော်သူဌေးကြီး က သူရဲ့ ပထမဆုံးသော စီးပွားရေးကို ဆယ်ကျော်သက် အသက်အရွယ်မှာ စလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းသူဟာ လုပ်ငန်းကုမ္ပဏီတွေအများကြီးကို ထူထောင်ခဲ့ပြီး ဒီထဲတွေမှာ Virgin Records ၊Virgin Airlines ၊ Virgin Express ၊ Virgin Mobile ၊ Virgin Hotels ၊ Virgin Cruises နဲ့ Virgin Galactic တို့ အပါအဝင်ဖြစ်ပါတယ်။
တကယ်တမ်းမှာ စွန့်ဦးတီထွင်မှုဆိုင်ရာ အောင်မြင်မှုတွေ ရဖို့နဲ့ပျော်စရာ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဖန်တီးရတာ သူ့အတွက်တော့ အင်မတန် ရိုးရှင်းပါတယ်လို့ Branson ကပြောပါတယ်။ “ တစ်ခြားသူတွေကို ချစ်ပါ၊ သင်ပိုင်ဆိုင်ထားတဲ့ အရာအားလုံးအတွက်ကျေးဇူးသိတတ်ပါ၊ ကြင်နာပါ၊ သတိရှိရှိနေထိုင်ပါ၊ နောက်ပြီး ဘယ်တော့မှ နိုး လို့ မပြောမိစေနဲ့၊ သင်မအောင်မမြင်မချင်း ရှေ့ဆက်သွားပါ” လို့ ၎င်းက ပြောပါတယ်။
အောက်ပါတို့ကတော့ ဘ၀ ပျော်ရွှင်မှုနဲ့ အလုပ်အကိုင် အောင်မြင်မှုအတွက် Richard Branson ကျင့်သုံးတယ်ဆိုတဲ့ စည်းမျဉ်းများ ဖြစ်ပါတယ်။
1️⃣ သင့် အောင်မြင်မှုကို သင်ရှာတဲ့ ငွေကြေးပမာဏ နဲ့ ဘယ်တော့မှ မတိုင်းတာပါနဲ့။
မကြာခဏဆိုသလို လူတွေဟာ အောင်မြင်မှုကို သူတို့ ငွေဘယ်လောက် ရှာနိုင်တယ်ဆိုတာနဲ့ပဲ တိုင်းတာတတ်ကြပါတယ်။ ဒါပေမယ့် လူတွေဟာ ပျော်အောင် နေထိုင်ပြီး ကမ္ဘာကြီးအတွက်ပိုကောင်းတဲ့ နေရာတစ်ခုဖြစ်အောင် အာရုံစိုက်လုပ်ဆောင်သွား မယ်ဆိုရင် ငွေက အလိုလို ဝင်လာမှာပဲလို့ Branson ကယုံကြည်နေပါတယ်။
“ အောင်မြင်မှုအတွက် စွန့်ဦးတီထွင်သူတိုင်းရဲ့ စံသတ်မှတ်ချက်ဟာ ငွေကြေး ဖြစ်တယ် ဆိုတဲ့ လွဲမှားတဲ့ အယူအဆတစ်ခု ရှိနေ ပါတယ်။ ဒါ မဟုတ်ပါဘူး။ ငွေရဖို့ တစ်ခုတည်းသက်သက်အတွက် ကျွန်တော် ဘယ်တော့မှအလုပ်မလုပ်ခဲ့ပါဘူး” လို့သူဌေးကြီးက ပြောသွားပါတယ်.
သင့်အနေနဲ့ ဘဝမှာ အောင်မြင်မှုတွေ ဘယ်လောက် ရရ ၊သင့်အနေနဲ့ ထပ်လုပ်စရာတွေ အများကြီး ရှိသေးတယ်လို့တွေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။
2️⃣ ဖုန်း၊တက်ဘလက်တွေ ထားခဲ့ပြီး မျက်နှာချင်းဆိုင် တွေ့ဆုံပြောဆိုပါ။
ယနေ့ အများစုလိုပဲ Branson လည်း နည်းပညာကို နှစ်သက်သူဖြစ်ပါတယ်။ ဒါပေမယ့် ဒီအပေါ်မှာ ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ၎င်းနဲ့ ၎င်း တန်ဖိုးထား ဂရုစိုက်တဲ့သူတွေနဲ့ တွေ့ဆုံမယ့်အချိန်တွေမျိုးမှာဖြစ်ပါတယ်။
လက်ရှိအခိုက်အတန့်မှာ မျက်နှာချင်းဆိုင် တွေ့ဆုံပြောဆိုမှုနေရာမှာ အစားထိုးနိုင်တာ ဘာမှ မရှိသေးဘူးလို့` ၎င်းက ပြောပါတယ်။ ဒီအတွက် ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့ devicesတွေကို ဘေးဖယ်ထားရလိမ့်မယ်လို့ ၎င်းက ပြောသွားပါတယ်။
3️⃣. သင် လုပ်သမျှ အရာတိုင်းအတွက် စိတ်ကိုပျော်အောင်ထားပါ။
သင့် စိတ်ထဲမှာ မပျော်ဘူးဆိုရင် သင်လုပ်နေတဲ့ အလုပ်ကတစ်ခုခု မှားယွင်းနေပါလိမ့်မယ်။ ဒီတော့ သင်လုပ်သမျှ အရာကိစ္စတိုင်းမှာ စိတ်ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်နိုင်မယ့် နည်းလမ်းတွေရှာသင့်ပြီး သင့်ဘဝကို တန်ဖိုးထားသင့်ကြောင်း Branson ကပြောပါတယ်။
တစ်နည်းအားဖြင့် အသက်ရှင်ဖို့ အလုပ်လုပ်ခြင်းထက်အလုပ်လုပ်ဖို့ အသက်ရှင်သင့်ကြောင်း ၎င်းက ပြောပါတယ်။
4️⃣. သင် အပြင်ထွက်လို့ရနိုင်မယ့် ဝါသနာတစ်ခု ရှာပါ။
စိတ်ပျော်ရွှင်မှုအတွက် အဓိက ကျတဲ့အချက်က သင့်ကိုအပြင်မှာ အချိန်တစ်ချို့ ကုန်ဆုံးဖို့ တွန်းအားပေးနိုင်တဲ့ဝါသနာတွေကို ရှာခြင်းဖြစ်တယ်လို့ သူဌေးကြီးက ပြော ပါတယ်။
အပြင်ထွက် နေထိုင်ခြင်းက သင့်ကို စိတ်ဖိစီးမှု၊ ပူပန်သောကရောက်မှုတွေကို တွန်းလှန်ရာမှာ ကူညီပေးနိုင်သလို သင့်ကိုပင်ပန်းနွမ်းနယ်သမျှ ပြန်လည်အားပြည့်စေနိုင်ကြောင်း ၎င်းကပြောသွားပါတယ်။ “ဒါက သင့် စိတ်ခံစားချက်ကို တက်ကြွစေမယ့်၊ စိတ်ခံစားချက်တွေကို ပိုကောင်းစေမယ့်၊ ပိုထိန်းချုပ်စေနိုင်မယ့် ကြီးကျယ်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။
5️⃣. အိမ်မက် ကြီးကြီး မက်ပါ။
Branson ပြောဖူးတာ တစ်ခု ရှိပါတယ်။ “ ကြီးမားတဲ့ အိမ်မက်မက်ပါ။ ဒီလိုဆိုရင် မယုံနိုင်စရာ စွန့်စားခန်းတစ်ခုနဲ့ သင့်ကိုကမ္ဘာကို ဦးဆောင်သွားနိုင်မယ့် အခွင့်အလမ်းတစ်ခု ရရှိစေပါလိမ့်မယ်” လို့ ၎င်းက ပြောပါတယ်။
သူ အသက် ၂၀ အရွယ်မှာပဲ Virgin Records ကို စလုပ်ခဲ့ပြီးဂီတလုပ်ငန်းထဲ ဝင်လုပ်ခဲ့ပါတယ်။
ဒါ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ လူတိုင်း ပြောခဲ့ပေမယ့် သူနားမထောင်ခဲ့ပါဘူး။ အဲဒီအချိန်က သူအောင်မြင်မယ်လို့လည်း အာမခံချက် မရှိခဲ့ပါဘူး။ ဒါပေမယ့် သူ့အိမ်မက်ထဲက သူ့ယုံကြည်ချက်အတိုင်း သူ့ကို ရှေ့တိုးလုပ်ဖို့ စိတ်ခွန်းအားဖြစ်စေခဲ့ပါတယ်။
6️⃣.အမြဲ သင်ယူလေ့လာပါ။
ဘဝဆိုတာ လေ့လာသင်ယူရမယ့် ကြီးမားတဲ့ အတွေ့အကြုံတစ်ခုသာ ဖြစ်သင့်ပါတယ်။ ကျွန်တော်တို့တွေဟာ ကျွန်တော်တို့ ရဲ့ အမြင်တွေ ကျယ်အောင် ၊ အသိဉာဏ် ၊ ပညာတွေ တိုးအောင် အမြဲကြိုးစားသွားသင့်ပါတယ်။ ဒီနေရာ သူဌေးကြီး Branson ဟာတက္ကသိုလ် တက်ရောက်ခဲ့ခြင်း မရှိပါဘူး။ တကယ်ဆိုသူဟာကျောင်းကနေ စောစော ထွက်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့် သူဟာသင်ယူလေ့လာခြင်းကို ဘယ်တော့မှ မရပ်တန့် ခဲ့ပါဘူး။ သူဟာ ဘဝကို ရှည်လျားတဲ့ တက္ကသိုလ် သင်ရိုးတစ်ခုအဖြစ် သဘောထားပြီး နေ့စဉ်နေ့တိုင်း အနည်းဆုံး အသစ်တစ်ခု ခု သိရှိနိုင်ဖို့ သူလေ့လာနေတယ်လို့ သိရပါတယ်။
7️⃣. အသစ်အသစ်သော အရာတွေအတွက် ကြိုးစားဖန်တီးဖို့မကြောက်ပါနဲ့။
Branson ကတော့ အယူအဆ အမြင်သဘောထားအသစ်တွေ ၊အိုင်ဒီယာ သစ်တွေ၊ ကြိုးပမ်းမှုအသစ်တွေ လုပ်ဖို့ ဘယ်တော့မှ ကြောက်ရွံ့တွန့်ဆုတ်ခဲ့သူ မဟုတ်ပါဘူး။ ဒီအတွက်ကြောင့် ခုဆိုရင် သူရဲ့ Virgin Group ကြီးက မတူညီတဲ့ ကုမ္ပဏီပေါင်း ၂၀၀ ကျော်နဲ့ စုဖွဲ့ထားတဲ့ အစုအဖွဲ့ကြီးတစ်ခုဖြစ်နေပြီ ဖြစ်ပါတယ်။
နောက်ပြီး Branson ဟာ သူ့ကိုယ်ကိုယ် လုပ်ငန်းနယ်ပယ်ဧရိယာတစ်ခုနဲ့မှာပဲ ကန့်သတ်ထားခြင်း မရှိပါဘူး။ သူဟာနယ်ပယ်သစ်တွေကို ခွဲထွက်ဖြန့်ကျက်ပြီး အသစ်အသစ်သောအရာတွေ ကြိုးစားဖန်တီးဖို့ အမြဲလမ်းဖွင့်ထားသူဖြစ်ပါတယ်။
8️⃣. ပျော်ရွှင်မှုကို အကျင့်တစ်ခု ဖြစ်အောင် လုပ်ပါ။
တစ်နေ့တာချင်းစီ၊ အခိုက်အတန့်တစ်ခုစီတိုင်းမှာ ပျော်ရွှင်မှုတွေရဖို့ အချိန်ယူ ရှာဖွေပါ။ ပျော်ရွှင်မှုက အောင်မြင်မှုရဲ့ ရလဒ်တစ် ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပျော်ရွှင်မှုက သင့်ကို အောင်မြင်လာအောင် ထောက်ကူပေးနိုင်တယ်လို့ Branson က ပြောပါတယ်။
“ မယုံနိုင်အောင် ထူးကဲတဲ့ ဘဝတစ်ခုမှာနေရတာ ကျွန်တော် သိပ်ကံကောင်းတယ်ဆိုတာ ကျွန်တော် သိပါတယ်။ လူအများစုကတော့ ဒါဟာ ကျွန်တော့်လုပ်ငန်းတွေ အောင်မြင်မှုကြောင့်လို့ပဲ ထင်မြင်ကြပါလိမ့်မယ်။ ကြွယ်ဝချမ်းသာမှုကြောင့် မဟုတ်ပဲ ပျော်ရွှင်နေတတ်တဲ့ အကျင့်တစ်ခုကြောင့် ပျော်ရွှင်နေရတာပါ..."
.
01/06/2020
ရိုးရိုးလေးပဲ အသက်ရှင်မယ့် သူတို့ 
ရိုးရိုးလေးပဲ အသက်ရှင်မယ့် သူတို့"""""""""""""""""""""""""""""""""""""""""သူတို့နှစ်ယောက်ရဲ့ဝတ်စားပုံနဲ့နေထိုင်ပုံက ရိုး...
01/06/2020
ရိုးရိုးလေးပဲ အသက်ရှင်မယ့် သူတို့
"""""""""""""""""""""""""""""""""""""""""
သူတို့နှစ်ယောက်ရဲ့
ဝတ်စားပုံနဲ့နေထိုင်ပုံက ရိုးရိုးလေးပဲ။
ကောင်မလေးက အမေရိကန်ကို
နိုင်ငံရေး ခိုလှုံဖို့ ပြေးလာတဲ့
တရုတ်-ဗီယက်နမ်
မျိုးဆက်ကမွေးတယ်။
နာမည်က ပရင်စလာချန်။
ကောင်လေး နာမည်က
မက်ခ် ဇူကာလ်ဘက်။
သူက အမေရိကန်ဖွား ဂျူးလူမျိုး
ဘာသာမဲ့ တစ်ယောက်။
ဟားဗတ်တက္ကသိုလ်ဒုတိယနှစ်
ကျောင်းပါတီမှာ သူတို့စတွေ့တယ်။
၂၀၀၃ မှာ စကြိုက်ကြတယ်။
၂၀၀၄ မှာကောင်လေးက
သူ့အိမ်မက်တွေအကောင်အထည်
ဖော်ဖို့ ကျောင်းထွက် သွားတယ်။
နောင်သုံးနှစ် အကြာ ၂၀၀၇ မှာ
သူ့ အိမ်မက်က ကမ္ဘာကျော်
သွားပြီး အသက် ၂၃ နှစ်နဲ့
ကမ္ဘာ အငယ်ဆုံး ဘီလီယံနာ
ဖြစ်လာတယ်။
၂၀၁၂ မေ ၁၉ မှာ ငယ်ချစ်
နှစ်ယောက် လက်ထပ် ကြတယ်။
ကောင်လေးရဲ့အိမ် နောက်ဘက်က
မြေကွက်မှာပဲ လက်ထပ်ပွဲ
ရိုးရိုးလေး ကျင်းပတယ်။
မီဒီယာတွေမှာ ဘီလီနာစုံတွဲရဲ့
အိမ်နောက်ဖေးကမင်္ဂလာပွဲလို့
သတင်းရေး ကြတယ်။
၂၀၁၅ ဒီဇင်ဘာမှာ ကောင်လေး
ပိုင်တဲ့ Facebook လုပ်ငန်းစု
ဟာ ကမ္ဘာတန်ဖိုး အကြီးဆုံး
အမှတ် တံဆိပ် ၁၀ ခု ထဲမှာ ပါလာပြီး
သူရဲ့ကြွယ်ဝမှု က
ဒေါ်လာ ၄၅ ဘီလီယံ ဖြစ်လာတယ်။
၂၀၁၅ ဒီဇင်ဘာ ၁ မှာ
သမီးဦးလေး မွေးတယ်။
သမီးလေး မွေးပြီးတော့ ပိုင်ဆိုင်မှုရဲ့
၉၉ ရာခိုင်နှုန်း လှူမယ် ဆုံးဖြတ်တယ်။
သူ့ငွေတွေနဲ့ ကမ္ဘာနေရာ အနှံ့က
လူသားတွေ အတွက်
ကျန်းမာရေး၊ ပညာရေး၊ သိပ္ပံ
သုတေသန နဲ့ စွမ်းအင် တို့ကို
ညီမျှစွာ ရရှိအောင် ပံ့ပိုးမယ်လို့
ဆုံးဖြတ်ထားတယ်။
ဒါက ကျွန်တော်တို့ အခု သုံးနေတဲ့
Facebook ဆိုတဲ့
လူမှုကွန်ယက် ကို တည်ထောင်ခဲ့တဲ့
ကမ္ဘာ အကြွယ်ဝဆုံး
ဘီလီယံနာ တစ်ယောက် ရဲ့
ဘဝကို ဖြတ်သန်းနေပုံပေါ့။
သူနဲ့ဆန့်ကျင်ဘက်ပုံစံ ဘဝကို
ဖြတ်သန်းနေတဲ့ ဘီလီယံနာ
တွေလည်း ရှိတယ်။
ဥပမာ - တရုတ် နံပါတ် ၁
ဘီလီယံနာ ဝမ်ကျန်လင်။
သူဟာ ဒေါ်လာ ၂၅ ဘီလီယံ ပိုင်မယ်
ခန့်မှန်းရတယ်။
ဒီကောင်လေး ပိုင်ဆိုင်မှုရဲ့
တဝက်လောက် ရှိတယ်။
ဘဝကို ဖြတ်သန်းပုံတော့ မတူဘူး။
သူတို့ ကြွယ်ဝမှုကို ပြဖို့တန်ဖိုးကြီး
ကျောက်စိမ်းနဲ့ လုပ်တဲ့
ပရိဘောဂ တွေ ဝယ်ရတယ်။
အခမ်းနားဆုံး အိမ်ကို ဆောက်ရတယ်။
လွန်ခဲ့တဲ့ နှစ်တွေက သူရဲ့သားကနေ
အိမ်မွေးခွေးကို ဈေးကြီးတဲ့
Apple နာရီ နှစ်လုံးပတ်ပြီး
လူမှုကွန်ယက်မှာ ဓာတ်ပုံ ရိုက်တင်
ကြွားခဲ့တယ်။
အာရပ်ကမ္ဘာက စော်ဘွားတွေလည်း
ဒီကောင်လေး တဝက်
လောက်တော့ ချမ်းသာတယ်။
သူတို့ လည်း ပင်ပန်းရှာတယ်။
နေ့တိုင်းအဖိုးတန်သစ်မွှေးအဆီ နဲ့
ထုတ်တဲ့ပစ္စည်းတွေသုံးရတယ်။
ရွှေချထားတဲ့ မာစီးဒီးကားတွေ၊
ရွှေတုံး ထုတ်ပေးတဲ့ အေတီအမ်
စက်တွေ၊ တန်ဖိုးကြီး ပြိုင်ကား၊
နာရီတွေ နဲ့ရွှေအတိပြီးတဲ့
ပရိဘောဂ ပစ္စည်း တွေ သုံးပြီး
ကြွယ်ဝမှုကို ပြိုင်ရရှာတယ်။
တပွဲကို မြန်မာငွေ
သိန်း သုံးဆယ်လောက် တန်တဲ့
ရေခဲမုန့်ကို စားပြရတယ်။
ပြီးရင် ခုန ကောင်လေး ပိုင်တဲ့
Facebook လူမှု ကွန်ယက် မှာ
တင်ကြွားရတယ်။
မက္ကဆီကို မူးယစ်ရာဇာ
အယ်ချာပိုရဲ့ သား တွေလည်း သူတို့
ကြွယ်ဝမှု နဲ့သြဇာ ရှိမှုကို လူမသိမှာ
ကြောက်နေတယ်။
ဒါကြောင့် ဈေး အကြီးဆုံးကားတွေ
အများကြီး ဝယ်ထားရတယ်။
မလိုဘဲနဲ့အိုင်ဖုန်း အများကြီး
ဝယ်ပြီး ရေထဲ စိမ်ပြရတယ်။
သိန်း ထောင်ချီပေးရတဲ့
သားရဲ တိရစ္ဆာန်တွေ မွေးပြတယ်။
သေနတ်တွေ ကိုင်ပြတယ်။
မိန်းမချောလေးတွေကို အနားမှာ
အများကြီး ခေါ်ထားရတယ်။
ပြီးမှ ဒါတွေ အကုန် ဓာတ်ပုံရိုက်
ခုနက ကောင်လေး ပိုင်တဲ့
Facebook ရဲ့ လုပ်ငန်းစု
တစ်ခု ဖြစ်တဲ့ Instragram
လူမှု ကွန်ယက်မှာ တင်ရတယ်။
သူတို့လည်း မသက်သာပါဘူး။
မြန်မာပြည် သူဌေးသားတွေလည်း
ပင်ပန်းတာပဲ။
သိန်းထောင်ဂဏန်း နာရီတွေ နဲ့
အဖိုးတန် ပြိုင်ကားတွေ ဝယ်ပြီး
ဓာတ်ပုံ ရိုက်တင်ရတယ်။
ပန်းသီး တခြမ်းပဲ့ပုံ တံဆိပ် နဲ့
အခြား တန်ဖိုးကြီး တံဆိပ် တွေကို
သူများမြင်အောင် အမျိုးမျိုး
စဉ်းစားပြီး ဓာတ်ပုံ ရိုက်ရတယ်။
ပြီးရင် ခုနက ကောင်လေးရဲ့
လူမှုကွန်ယက် မှာ တင်ရတယ်။
သူတို့မိဘ သူဌေးတွေလည်း
သိပ် မသက်သာ ပါဘူး။
သိန်းပေါင်း များစွာ အကုန်ခံပြီး
ဘုရား တွေတည်၊ သူတို့နာမည်
ကမ္ဗည်းထိုး၊ ရွှေအတိပြီးတဲ့
အင်္ကျီ အလေးကြီးဝတ်ပြီး ရေစက်ချ
ရတယ်။
ဒါမှဘာသာတရား ကိုင်းရှိုင်းတာရယ်၊
ချမ်းသာတာရယ်လူသိမယ်။
ဘဝမှာ ငွေကြေး ချမ်းသာမှု ဆိုတာ
အကြောင်းကြောင်း ကြောင့်
ရရှိနိုင်တယ်။
ဒီ ချမ်းသာမှုကို
ဘယ်လို အသုံးချနေလဲ က
ပို အရေးကြီးတယ်။
ကိုယ် လုပ်နေတဲ့ လုပ်ငန်း
ပိုအောင်မြင်အောင် လုပ်မယ်။
လူတွေ အများကြီး အလုပ်အကိုင်
ရရှိအောင် ဖန်တီးမယ်။
လူပတ်ဝန်းကျင်နဲ့
ကမ္ဘာမြေကြီး ကို အကျိုးပြုမယ်။
ဝါသနာပါရာတွေကို
စိတ်ကြိုက် ဖန်တီးမယ်။
ဘဝကို အကျေနပ်ဆုံး ဖြတ်သန်းမယ်။
ဒါဆို သိပ် အေးချမ်း
ကျေနပ်စရာ ကောင်းပါတယ်။
ကိုယ့်ကို သူများတွေက
အထင်ကြီးလာဖို့ ကိုယ် ချမ်းသာတာ
ပတ်ဝန်းကျင်က သိဖို့နေထိုင်ရ၊
ကြိုးစား ဓာတ်ပုံရိုက်ပြ နေရင်း
အချိန်ကုန် သွားရတာ
ပင်ပန်းလွန်းပါတယ်။
တခြားလူတွေနဲ့ပါ ပြိုင်နေရတော့
ပူလောင်တယ်။
ငွေတွေလည်း အလကား ကုန်တယ်။
ဒါတွေ လုပ်ပြနေမှ
လူ အထင်ကြီးမှာ မဟုတ်ပါဘူး။
ဘဝရဲ့ အမွန်အမြတ် ဆိုတာ
ရိုးရိုးလေး ရှင်သန်ရတာပါ။
၂၀၀၄ တုန်းက ဇက်ကာဘက်ဆိုတဲ့
ကောင်လေး က Facebook
ဆိုတဲ့ လူမှုကွန်ယက် ကို
စတည်ထောင် ခဲ့တယ်။
အခု သူ ၃၂ နှစ်ရှိပြီ။
ကမ္ဘာ အချမ်းသာဆုံး
ဘီလီယံနာ တစ်ယောက် ဖြစ်တယ်။
သူတို့ နှစ်ယောက် ထက်တော့
ကျွန်မတို့  ပို မချမ်းသာနိုင်ပါဘူး။
သူတို့တောင် ဘဝကို ရိုးရိုးလေးပဲ
ဖြတ်သန်းနေပါတယ်။
Facebook ကိုလည်း
ရိုးရိုးလေးပဲ သုံးနေပါတယ်။
Credit -m-myanmarnewsplu
Address
Magway
Website
Alerts
Be the first to know and let us send you an email when Businesses posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Share