Mahlaing Fire Service. Department

Mahlaing Fire Service. Department We are able rescue.We prevent Fire.We protect Fire.

(12.7.2022) ၊ဝါဆိုလပြည့်နေ့တွင် မလှိုင်မြို့နယ်မီးသတ်ဦးစီးမှူးရုံးရှိ တပ်ဖွဲ့ဝင်နှင့် တပ်ဖွဲ့ဝင်မိသားစုများမှ ဘုရားအမှူ...
12/07/2022

(12.7.2022) ၊ဝါဆိုလပြည့်နေ့တွင် မလှိုင်မြို့နယ်မီးသတ်ဦးစီးမှူးရုံးရှိ တပ်ဖွဲ့ဝင်နှင့် တပ်ဖွဲ့ဝင်မိသားစုများမှ ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသကင်္ကန်း ဆပ်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်း၊ခဲဖွယ်၊ဘောဇဥ်၊ ချိုချဥ်အရသာ အဖြာဖြာတို့အား ဆပ်ကပ်လှူဒါန်းမှု အစုစုတို့ကို (၃၁)ဘုံ ကျင်လည်ကုန်သော လူနတ်ဗြဟ္မာ၊ သတ္တဝါများအားလုံး ထပ်တူထပ်မျှ ရကြပါစေသော်……🙏🙏🙏

(၄.၆.၂၀၂၂) ရက် (စနေနေ့ ) (၇ : ၀၀) အချိန် မလှိုင်မြို့နယ်၊ ကုန်းတဲကျေးရွာအုပ်စု၊ ကုန်းတဲ(မ)ရွာ၊ ဘုန်းတော်ကြီးကျောင်း၊ ရပ်...
04/06/2022

(၄.၆.၂၀၂၂) ရက် (စနေနေ့ ) (၇ : ၀၀) အချိန် မလှိုင်မြို့နယ်၊ ကုန်းတဲကျေးရွာအုပ်စု၊ ကုန်းတဲ(မ)ရွာ၊ ဘုန်းတော်ကြီးကျောင်း၊ ရပ်တော်မူဘုရားရင်ပြင်တော်တွင် မလှိုင်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်🙏🙏🙏

(21.5.2022)စနေနေ့ မလှိုင်မြို့၊ အ.ထ.က (မလှိုင်)တွင် မလှိုင်မြို့နယ်မီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များမှ ဌာနဆိုင်ရာများနှင့်ပူ...
21/05/2022

(21.5.2022)စနေနေ့ မလှိုင်မြို့၊ အ.ထ.က (မလှိုင်)တွင် မလှိုင်မြို့နယ်မီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များမှ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ပြည်သူ့အကျိုးပြု သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်

(16.5.2022) မြန်မာသက္ကရာဇ် ၁၃၈၄ခု နှစ်၊ ကဆုန်လပြည့်ကျော် (၂)ရက်နေ့တွင် မလှိုင်မြို့နယ်မီးသတ်ဦးစီးမှူးရုံးရှိ တပ်ဖွဲ့ဝင်...
17/05/2022

(16.5.2022) မြန်မာသက္ကရာဇ် ၁၃၈၄ခု နှစ်၊ ကဆုန်လပြည့်ကျော် (၂)ရက်နေ့တွင် မလှိုင်မြို့နယ်မီးသတ်ဦးစီးမှူးရုံးရှိ တပ်ဖွဲ့ဝင်နှင့် တပ်ဖွဲ့ဝင်မိသားစုများမှ မလှိုင်မြို့၊သမိုင်းဝင်ရွှေမုဌောစေတီတော်မြတ်ကြီး၌ ကျင်းပပြုလုပ်သော (၁၀၃)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးတွင် စုပေါင်းလှူဒါန်း၍ လုပ်အားပေးကုသိုလ်ယူခြင်း
🙏ပြုပြုသမျှသော ကောင်းမှုကုသိုလ်အစုစုတို့ကို (၃၁)ဘုံ ကျင်လည်ကုန်သော လူ၊နတ်၊ဗြဟ္မာ၊သတ္တဝါများအားလုံး ထပ်တူထပ်မျှ ရကြပါစေသော်🙏

၁၃၈၄ခု နှစ်၊  ကဆုန်လပြည့်နေ့ အခါသမယ၌ မလှိုင်မြို့နယ်မီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်မိသားစုများမှ "ရွှေမုဌောစေတီတော်မြတ်ကြီး" တ...
14/05/2022

၁၃၈၄ခု နှစ်၊ ကဆုန်လပြည့်နေ့ အခါသမယ၌ မလှိုင်မြို့နယ်မီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်မိသားစုများမှ
"ရွှေမုဌောစေတီတော်မြတ်ကြီး" တွင် သံဃာတော် (၁၀၈)ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် ညောင်ရေသွန်း ကုသိုလ်ယူ🙏

(၅.၅.၂၀၂၂)ရက်နေ့ မလှိုင်မြို့နယ်မီးသတ်စခန်းတွင် (၇၆)ကြိမ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကျင်းပခဲ့ရာ မလှိုင...
05/05/2022

(၅.၅.၂၀၂၂)ရက်နေ့ မလှိုင်မြို့နယ်မီးသတ်စခန်းတွင် (၇၆)ကြိမ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကျင်းပခဲ့ရာ မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေး
အဖွဲ့ဥက္ကဌ ဦးစိုးမင်းထက်မှ တပ်ဖွဲ့နေ့မိန့်ခွန်းအား တက်ရောက်ဖတ်ကြားကာ မလှိုင်မြို့နယ်မီးသတ်စခန်းရှိ အိမ်ထောင်သည်လိုင်းခန်း သန့်ရှင်းသပ်ရပ်မှု အကောင်းဆုံးဆုအား ချီးမြှင့်ပေးပြီး မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေး
အဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးဌေးသန်းမှ ဝတ်စားဆင်ယင်မှုအကောင်းဆုံးဆုအား ချီးမြှင့်ပေးကာ ဆီမီးလောင်မှု၊
ဂတ်စ်မီးလောင်မှု၊ ရေတွင်းအသက်ကယ်နှင့် အထပ်မြင့်အဆောက်အဦ ရှာဖွေကယ်ဆယ်ရေး စွမ်းရည် သရုပ်ပြမှုအား ဌာနဆိုင်ရာများမှ တက်ရောက်အားပေး၍ သရုပ်ပြသသည့် တပ်ဖွဲ့ဝင်များအာ ဂုဏ်ပြုဆုငွေများ
ပေးအပ်ခဲ့။

မြန်မာသက္ကရာဇ် (၁၃၈၄)ခုနှစ် အတာသင်္ကြန်ကာလနှစ်ဆန်း ၁ရက်နေ့တွင် မလှိုင်မြို့ပေါ်ရှိ ဘုရားစေတီများအား အလှူရှင်များနှင့် မလ...
17/04/2022

မြန်မာသက္ကရာဇ် (၁၃၈၄)ခုနှစ် အတာသင်္ကြန်ကာလနှစ်ဆန်း ၁ရက်နေ့တွင် မလှိုင်မြို့ပေါ်ရှိ ဘုရားစေတီများအား အလှူရှင်များနှင့် မလှိုင်မြို့နယ်မီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များစုပေါင်း၍ ဘုရားရေသပ္ပါယ်ခြင်းများဆောင်ရွက်🙏🙏🙏

( ၅.၁၀.၂၀၂၁ ) ၀၈:၀၀ အချိန်တွင် မလှိုင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ ရွှေမုဌောစေတီတော် ပတ်ဝန်းကျင်ရှိ မြက်ပင်များ သ...
05/10/2021

( ၅.၁၀.၂၀၂၁ ) ၀၈:၀၀ အချိန်တွင် မလှိုင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ ရွှေမုဌောစေတီတော် ပတ်ဝန်းကျင်ရှိ မြက်ပင်များ သန့်ရှင်းမှုပြုလုပ်ဆောင်ရွက်ခြင်း

14/08/2021

ှိုင်မြို့နယ်ဒေသဆိုင်ရာအချက်အလက်များ
=============================
ဒေသသမိုင်းအကျဉ်း
---------------------------------
မလှိုင်မြို့ရှိ ရွှေမုဌောစေတီတော်မြတ်ကြီးသည် သာသနာ သက္ကရာဇ် ၂၁၄ ခုနှစ်၊ တော်သလင်း လပြည့်ကျော် (၁) ရက် (BC ၃၃၀)တွင် တည်ထောင်ထားသည်ဟူသော ဘုရားသမိုင်းအရ လည်းကောင်း ၊ ပုဂံပြည်ကို ပထမတည်ထားသော သမုဒ္ဒရာဇ်မင်း မတိုင်မီကပင် မလှိုင်မြို့နယ် ပြူကန်ရွာ တွင်ပြူတို့ကျေးရွာ တည်ထောင်နေထိုင်ကြကြောင်းကို ဆည်ထိပ်ကျေးရွာ ရွှေစာပင်စေတီတော် အထောက် အထားအရ လည်းကောင်း ၊ သက္ကရာဇ်(၄၇၅)ခုနှစ် ပန်းအိုင်ရွှေမုဌောဘုရားသည် ရှေးဟောင်းသာ ရဇေယျကျမ်းအရ လည်းကောင်းမလှိုင်ရွာရှိပုပ္ပရုံရတနာဦး စေတီတော်လောကဉာဏ် ထွန်းလင်းရုပ်ပွားတော် ကြီးအကြောင်း ကမ္ပည်းရေးထိုးထားသည့် ကြေးသွန်းခေါင်းလောင်းကြီးတွင် (၁၁၆၃)ခုနှစ် တန်ခူး လပြည့် ကျော် (၁၁)ရက် တနင်္ဂနွနေ့တွင် ရေစက်သွန်းချအမျှဝေခဲ့ကြောင်း အထောက်အထားအရလည်းကောင်း၊ မလှိုင်မြို့နယ်သည် ရှေးကာလကြာရှည်ကပင်ရွာအဖြစ် တည်ထောင်ခဲ့ကြောင်း သိရှိရပါသည်။ ဆရာတော် ဦးတိလောက (ရဝေထွန်း) ပြန်ဆိုသည့် ပရိယတ္တိစာတမ်းတွင် မြို့ပိုင်ရုံးစိုက်ရာ ယခုမြို့သည် မြန်မာ မင်းများ လက်ထက် ကလည်း မြို့ဟုခေါ်ဘူးကြောင်း အထောက်အထားတွေ့ရသည်။ ထိုစဉ်ကမလှိုင်သည် မြို့ဖြစ်သည်ဟု သိရသော်လည်း လွန်ခဲ့သောနှစ်ပေါင်း(၁၇၀)ကျော် ဘိုးတော်ဘုရားလက်ထက်လောက်က ရွာတစ်ရွာသာ ဖြစ်ကြောင်း ရှေးခေါင်းလောင်းတခုက ဖေါ်ပြပေသည်ဟု ရေးသားထားပေသည်။ ထို့အပြင် ပန်းအိုင်ရွာမှ ဆရာကြီးဦးမြင့်ဦး၏ လေ့လာမှတ်တမ်းအရ မလှိုင်၊ ပန်းလှိုင်၊ ပန်းအိုင်ရွာ ညီနောင်သည် နိဂုံးများ ၊ မြန်မာ ဘုရင်များလက်ထက်ကပင်ပန်းတလှည်း(ပင်းတလဲ)စီရင်စု၊ပင်းတလဲမြို့ဝန်၏လက်ထက် အောက်တွင် ရှိခဲ့ ကြောင်း သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့သော ရွှေမုဌောဘုရားအနီးတွင်ပန်းများ လှိုင်နေသည် ကို အစွဲပြု၍ ပန်းလှိုင်ဟု အမည်ပေး ပညတ်ခဲ့ရာကာလရှည်ကြာလာသည့်အချိန်တွင် မလှိုင်ဟု ဖြစ်ပေါ် လာခဲ့ပါသည်။ ပြည်ထဲရေးနှင့်သာသနာရေး၀န်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ (၁၉၇၂) ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်အမိန့်ကြော်ငြာစာအမှတ် (၃၀၂)ဖြင့် မြို့အဖြစ် သတ်မှတ်ထားပါသည်။

တည်နေရာနှင့်အကျယ်အဝန်း
----------------------------------------------
မလှိုင်မြို့နယ်သည် မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၅၅ မိနစ် မှ ၂၁ဒီဂရီ နှင့် အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၂၅ မိနစ် မှ ၉၅ ဒီဂရီ ၅၀ မိနစ်အကြားတွင်တည်ရှိပါသည်။ မြို့၏ဧရိယာအကျယ်အဝန်းမှာ (၃.၃၅ စတုရန်းမိုင်)နှင့် ကျေးရွာအုပ် စုများ၏ဧရိယာအကျယ်အဝန်းမှာ(၄၂၅.၃၅ စတုရန်းမိုင်)ဖြစ်ပါသည်။ မလှိုင်မြို့နယ်၏ အကျယ်အဝန်းဧရိယာမှာ (၄၂၈.၇၀ စတုယန်းမိုင်)ဖြစ်ပါသည်။

နယ်နိမိတ်
------------------
မလှိုင်မြို့နယ်၏ မြောက်ဘက်တွင် မြင်းခြံခရိုင် ၊ တောင်သာမြို့နယ် ၊ နွားထိုးကြီးမြို့နယ် ၊ တောင်ဘက်တွင် မိတ္ထီလာခရိုင် ၊ မိတ္ထီလာမြို့နယ် ၊ အရှေ့ဘက်တွင် မိတ္ထီလာခရိုင် ၊ ဝမ်းတွင်းမြို့နယ် ၊ အနောက်ဘက်တွင် မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ကျောက်ပန်းတောင်းမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက် တည်ရှိပါသည်။

မြေမျက်နှာသွင်ပြင်
------------------------------
မြို့နယ်၏ မြောက်ပိုင်းတွင် ယာမြေများဖြင့် ညီညာသောလွင်ပြင် ရှိပြီး အရှေ့ပိုင်းတွင် ကျောက်စရစ်ကုန်းမြေများ ၊ ဆပ်ပြာမြေများ ၊ တောင်ဘက်တွင် လျှိုမြောင်ချောက်ကမ္ဘားများ ၊ အနောက်ဖက်တွင် ပုပ္ပားတောင်နှင့် ထိစပ်နေသော တောင်ကုန်း၊တောင်တန်းများတည်ရှိပါသည်။ မြို့၏ တောင်ဘက်ပိုင်းမှစတင်၍ မြောက်ဘက်သို့ တဖြေးဖြေးနိမ့်ဆင်းလာသော မြေမျက်နှာပြင်ကြောင့် မိမိမြို့နယ်အတွင်းမှ မြောက်ဖက်နှင့် အရှေ့မြောက်ဖက်သို့ ရေများစီးဆင်းသွားပါသည်။

ရေဆင်း
--------------
မြို့၏တောင်ဘက်ပိုင်းမှစတင်၍ မြောက်ဘက်သို့ တဖြေးဖြေး နိမ့်ဆင်းလာသော မြေမျက်နှာပြင်ကြောင့် မိမိမြို့နယ်အတွင်းမှ မြောက်ဖက်နှင့်အရှေ့မြောက်ဖက်သို့ ရေများစီးဆင်းသွားပါသည်။ ရေဆင်းအရထင်ရှားသော ချောင်းများမှာ သင်ပုန်းချောင်း(ခေါ်) ရေချိုချောင်းသည် တောင်ပုလုဆည်သို့လည်းကောင်း၊ သိမ်ကုန်းချောင်း မှစ၍နဝရတ်ချောင်း အမည်ခံပြီး တံခွန်တိုင်ဆည်သို့လည်းကောင်း၊ ဘူးတောင်းချောင်းအမည်ခံ၍ စည်သူဆည် အတွင်းသို့လည်းကောင်း၊ ညောင်အုပ်ချောင်းအမည်ခံ၍ ဇီးတောဆည်သို့လည်းကောင်း၊ လယ်ဗျားမှစတင်စီးဆင်း လာသောချောင်းနှင့် ကျောက်တန်းမှစတင်စီးဆင်းလာသောချောင်းသည် မြင်းဦးလှည့်ချောင်းအမည်ခံ၍ ဆင်တဲဝ ချောင်းသို့လည်းကောင်း၊အသီးသီးစီးဝင်ပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်
----------------------------------------------------------
ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၉၀၀ အမြင့်တွင်တည်ရှိပြီး မြို့နယ်၏ မြောက်ပိုင်းတွင် ယာမြေများဖြင့် ညီညာသောလွင်ပြင်ရှိပြီး အရှေ့ပိုင်းတွင် ကျောက်စရစ်ကုန်းမြေများ ၊ ဆပ်ပြာမြေများ ၊ တောင်ဘက်တွင် လျှိုမြောင်ချောက်ကမ္ဘားများ ၊ အနောက်ဖက်တွင် ပုပ္ပားတောင်နှင့် ထိစပ်နေသော တောင်ကုန်းတောင်တန်းများ တည်ရှိပါသည်။

ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်
========================
ရာသီဥတု
------------------
မလှိုင်မြို့နယ်သည် ပူပြင်းခြောက်သွေ့သော ရာသီဥတုရှိပြီး ဖေဖော်ဝါရီလနှင့် မတ်လများတွင် အမြင့်ဆုံးအပူချိန် ၃၉C ၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် အနိမ့်ဆုံးအပူချိန် ၃၂ HC ရှိပါသည် ။

သဘာဝပေါက်ပင်များ
------------------------------------
မလှိုင်မြို့နယ်သည် အလယ်ပိုင်းဒေသတွင်တည်ရှိပြီး ပူပြင်း ခြောက်သွေ့သောဒေသဖြစ်၍ သဘာဝ ပေါက်ပင်များအနေဖြင့် တမာ ၊ ထနောင်း ၊ မန်ကျီး ၊ ထန်း ၊ ရှား ၊ လက်ပံ ၊ ကုက္ကို ၊ ညောင် ၊ ကန္တာရ၊ မယ်ဇလီ ၊ ဇီးဖြူ ၊ သရက် တို့ဖြစ်ပါသည် ။

တောရိုင်းတိရစ်ဆာန်များ
-------------------------------------
သမင် ၊ ချေ ၊ တောခွေး ၊ တောကြောင် ၊ ကြောင်အိုးစည် ၊ မြေခွေး ၊ မြွေဟောက် ၊ ယုန် ၊ မြွေစိမ်း ၊ မြက်လျှော ၊ ကင်းလိပ် ၊ ကင်မလက်မဲ ၊ ကင်းမီးကောက် ၊ ကင်းခြေများ ၊ ဖွတ် ၊ ပဒပ် ၊ ဖားပြုတ် ၊ ငှက်ခါး ၊ တစ်တီတူး ၊ ဥသြ ၊ ချိုး ၊ ခါ ၊ ငုံး ၊ ဆက်ရက် ၊ ကျီးကန်း ၊ သပိတ်လွယ်ငှက်၊ ငါးရံ ၊ ငါးခူ ၊ ငါးရှဉ် ၊ ငါးသလဲထိုး ၊ ပုဇွန် ၊ ဂဏန်း ၊ ကုန်းလိပ်တို့ ဖြစ်ပါသည် ။

သဘာဝပတ်ဝန်းကျင်လက်ရှိအခြေအနေ
----------------------------------------------
မလှိုင်မြို့နယ်၏ လက်ရှိသဘာဝပတ်၀န်းကျင်အခြေအနေ မှာ သစ်တောဖုံးလွမ်းမှု (၂၅.၄၁%) ရှိပါသည်။၄င်းအနက်ကြိုးဝိုင်းသစ်တောဖုံးလွမ်းမှု့မှာ(၃.၂၆%)ဖြစ်ပြီးကြိုးပြင်ကာကွယ်တောဖုံးလွှမ်းမှုမှာ (၂.၅၉%)ရှိပါသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ
--------------------------------------------------------
မလှိုင်မြို့နယ်သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများအတွက် ကြိုးဝိုင်းတော (၈၉၅၉)ဧက ၊ ကြိုးပြင်တော(၇၁၁၃)ဧက ထိန်းသိမ်းလျက်ရှိပါသည်။ သစ်တောစိုက်ခင်း တည် ထောင် နိုင်မှုမှာ ကျွန်းတစ်အိမ်ထောင်လျှင်(၃)ပင်ဖြင့် စုစုပေါင်း(၆၈၇၇)ပင်၊ သစ်မာတစ်အိမ် ထောင်လျှင် (၂၀)ပင်၊ စုစုပေါင်း(၁၈၅၃၀)ပင်၊ ကျေးရွာထင်းစိုက်ခင်း(၃၅၈၆)ဧက ဖြစ်ပါသည် ။

သဘာဝဘေးအန္တရာယ်ကျရောက်မှု
-------------------------------------------------------
မလှိုင်မြို့နယ်သည် အလယ်ပိုင်းမိုးနည်းရပ်ဝန်းဒေသတွင် တည်ရှိပြီး မြစ်ချောင်းများမရှိ၍ သဘာဝဘေးအန္တရာယ် ရေကြီး ခြင်းများ မရှိပါ ။ တစ်ခါတစ်ရံ လေပြင်းများအနည်းငယ် တိုက်ခတ် လေ့ရှိပါသည်။

လူဦးရေဆိုင်ရာအချက်အလက်များ
=========================
နေထိုင်သည့်တိုင်းရင်းသားလူမျိုးစုများ
-----------------------------------------------------------
မလှိုင်မြို့နယ်တွင်နေထိုင်ကြသောတိုင်းရင်းသားလူမျိုးစုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
၁။ ချင်း - ၁ ဦး
၂။ ဗမာ - ၁၇၇၃၀၄ ဦး
၃။ အခြား - ၁၂၅၆ ဦး

မြို့နယ်ချုပ် - ၁၇၈၅၆၁

အိမ်ခြေအိမ်ထောင်စုလူဦးရေ
=====================
မလှိုင်မြိုနယ်၏ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလကုန်အထိ လူဦးရေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(က) အိမ်ခြေ/အိမ်ထောင်စု
------------------------------------------
မလှိုင်မြို့နယ်၏ အိမ်ခြေစုစုပေါင်းမှာ -
မြို့ပေါ်ရှိ အိမ်ခြေ (၃၁၄၆) အိမ်၊
အိမ်ထောင်စု (၃၁၁၄) စုရှိပြီး၊
ကျေးလက်နေ အိမ်ခြေ ( ၃၀၁၈၄) အိမ်၊
အိမ်ထောင်စု (၃၀၅၄၇) စုရှိရာ
စုစုပေါင်းအိမ်ခြေ (၃၃၃၃၀) အိမ် နှင့်
အိမ်ထောင်စု (၃၃၆၆၁) စု ရှိပါသည်။

(ခ) လူဦးရေ
-----------------------
အသက်(၁၈)နှစ်အထက်
--------------------------------------
မြို့ပေါ်နေ ကျား(၄၈၁၅) ဦး၊ မ(၅၉၈၃) ဦး၊
စုစုပေါင်း (၁၀၇၉၈) ဦး၊
ကျေးလက်နေ ကျား(၅၁၄၃၀) ဦး၊ မ(၆၂၁၃၄) ဦး၊
စုစုပေါင်း (၁၁၃၅၆၄) ဦး၊
မြို့နယ်တွင်း ကျား(၅၆၂၄၅)ဦး၊ မ(၆၈၁၁၇)ဦး၊
စုစုပေါင်း (၁၂၄၃၆၂)ဦး၊

အသက်(၁၈)နှစ်အောက်
--------------------------------------
မြို့ပေါ်နေ ကျား(၂၁၄၁) ဦး၊ မ(၂၂၀၁) ဦး၊
စုစုပေါင်း (၄၃၄၂) ဦး၊
ကျေးလက်နေ ကျား(၂၄၇၈၂) ဦး၊ မ(၂၅၀၇၅) ဦး၊
စုစုပေါင်း (၄၉၈၅၇) ဦး၊
မြို့နယ်တွင်း ကျား(၂၄၇၈၂)ဦး၊ မ(၂၅၀၇၅)ဦး၊
စုစုပေါင်း (၄၉၈၅၇)ဦး၊

မြို့နယ်ချုပ်
========
မြို့ပေါ်နေ ကျား(၆၉၅၆)ဦး၊ မ(၈၁၈၄)ဦး၊
စုစုပေါင်း (၁၅၁၄၀)ဦး၊
ကျေးလက်နေ ကျား(၇၆၂၁၂)ဦး၊ မ(၈၇၂၀၉)ဦး၊
စုစုပေါင်း (၉၅၃၉၃)ဦး၊
မြို့နယ်တွင်း ကျား(၈၃၁၆၈)ဦး၊ မ(၉၅၃၉၃)ဦး၊
စုစုပေါင်း (၁၇၈၅၆၁) ဦး၊

အုပ်ချုပ်ရေးဆိုင်ရာအချက်အလက်များ
============================
အုပ်ချုပ်ရေးမှူးရုံးများ
----------------------------------
မြို့နယ်အုပ်ချုပ်ရေးမှူး ( ၁ ) ဦ၊
မြို့နယ်ရုံး (၁)ရုံး၊ ရပ်ကွက်ရုံး(၄) ရုံး၊ ကျေးရွာအုပ်စုရုံး(၅၂)ရုံး။

မလှိုင်မြို့နယ်ရှိဌာနဆိုင်ရာများ
-----------------------------------------------
၁။ မြို့နယ် ထွေ/အုပ်
၂။ မြန်မာနိုင်ငံရဲတပ်ဖွဲ့
၃။ မြို့နယ်တရားရုံး
၄။ မြို့နယ် ဥပဒေရုံး
၅။ မြို့နယ်စည်ပင်သာယာ
၆။ မြို့နယ်စာရင်းစစ်ရုံး
၇။ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး
၈။ မီးသတ်ဦးစီးဌာန
၉။ မြို့နယ် ပြန်/ဆက်ရုံး
၁၀။ မြို့နယ် လ.ဝ.က ရုံး
၁၁။ မြို့နယ် သမဝါယမ
၁၂။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန
၁၃။ မြို့နယ် လယ်/စီ ဦးစီးဌာန
၁၄။ မြို့နယ်ဆည်မြောင်းဦးစီးဌာန
၁၅။ မြို့နယ် မွေး/ကု
၁၆။ မြို့နယ် ဆသရ(အော်တို)
၁၇။ မြို့နယ် ဆသရ(ကြေးနန်း+စာတိုက်)
၁၈။ မြို့နယ်သစ်တောဦးစီးဌာန
၁၉။ မြို့နယ်စိမ်းစိုဦးစီးဌာန
၂၀။ မြို့နယ်အားကာဦးစီးဌာန
၂၁။ မြန်မာ့လျှပ်စစ်လုပ်ငန်း
၂၂။ မြို့နယ်ပညာရေး
၂၃။ မြို့နယ်ကျန်းမာရေး
၂၄။ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေး
၂၅။ မြို့နယ်ကျေးလက်လမ်းဦးစီးဌာန
၂၆။ မြန်မာ့စီးပွားရေးဘဏ်
၂၇။ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန
၂၈။ မြို့နယ်စီမံကိန်းဦးစီးဌာန
၂၉။ မြို့နယ်လမ်းဦးစီးဌာန
၃၀။ မြန်မာ့မီးရထား(ဘူတာ)
၃၁။ မြန်မာ့မီးရထား(သံလမ်း)
၃၂။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်
၃၃။ မြို့နယ်တိုင်းရင်းဆေးကုခန်း
၃၄။ စက်မှုသီးနှံ ဖွံ့ဖြိုးရေးဦးစီးဌာန
၃၅။ ဝါကြိတ်စက်ရုံ
၃၆။ စက်မှုလယ်ယာ
၃၇။ စားသုံးသူရေးရာဦးစီးဌာန
၃၈။ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန

နိုင်ငံရေးပါတီများ
----------------------------
၁။ ပြည်ခိုင်ဖြိုး
၂။ NLD
၃။ တစည
၄။ ပြည်ထောင်စု ကောင်းကျိုးဆောင်
၅။ ညီညွတ်သော ဒီမိုကရက်တစ်

အရွေးချယ်ခံရသောလွှတ်တော်ကိုယ်စားလှယ်များ
---------------------------------------------------------
ပြည်သူ့လွှတ်တော်
-----------------------------
ဦးလှထွန်းအောင်(NLD ပါတီ)

တိုင်းဒေသကြီးလွှတ်တော်
---------------------------------------
ဦးချစ်မင်းသိန်း(NLD ပါတီ)
ဒေါ်သီတာငြိမ်း(NLD ပါတီ)

စီးပွားရေးဆိုင်ရာအချက်အလက်များ
==========================
စီးပွားရေးဆိုင်ရာခြုံငုံသုံးသပ်ချက်
-----------------------------------------------------
မလှိုင်မြို့နယ်သည် မန္တလေးတိုင်းဒေသကြီးအတွင်းတည်ရှိပြီး စီးပွား ရေးအရဖွံ့ဖြိုးတိုးတက်မှု နှေးကွေး သော မြို့နယ်တစ်ခုဖြစ်ပါသည်။ မြို့နယ် အတွင်းရှိ ဒေသခံပြည်သူလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကိုအဓိကလုပ်ကိုင် ဆောင်ရွက် ကြပါသည် ။ မလှိုင်မြို့နယ်သည် ကုန်းလမ်းတစ်ခုတည်းဖြင့် သွားလာနိုင်သော မြို့နယ်ဖြစ်ပါသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာနှမ်း ၊ ပဲစဉ်းငုံ ၊ မြေပဲ ၊ ထန်းလျက်၊ မလှိုင်ဝါများဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးသို့ အများဆုံး တင်ပို့ ရောင်းချပါသည်။

ဈေးများနှင့်တည်နေရာ
------------------------------------
၁။ မြို့မဈေး (အမှတ်-၆)ရပ်ကွက်
၂။ မြို့ဦးကွက်သစ်ဈေး

ဘဏ်များ
-----------------
၁။ မြန်မာ့စီးပွားရေးဘဏ်
၂။ ကမ္ဘောဇဘဏ်
၃။ ဧရာဝတီဘဏ်

စတိုးဆိုင်နှင့်အရောင်းဆိုင်များ(အရေအတွက်)
-----------------------------------------------------
၁။ စတိုးဆိုင်(၄)ဆိုင်
၂။ ရွှေဆိုင်(၉)ဆိုင်
၃။ လျှပ်စစ်ပစ္စည်းဆိုင်(၂)ဆိုင်
၄။ ဖုန်း/ဖုန်းပစ္စည်းအရောင်းဆိုင်(၅)ဆိုင်
၅။ စာအုပ်ဆိုင်(၂)ဆိုင်
၆။ ဆေးဆိုင်(၇)ဆိုင်
၇။ စားသောက်ဆိုင်(၈)ဆိုင်
၈။ လက်ဖက်ရည်ဆိုင်(၁၆)

မြေအသုံးချမှု
----------------------
၁။ အသားတင်စိုက်ပျိုးမြေ(၁၇၈၁၉၄) ဧက
(က)လယ်မြေ(၂၆၅၁၉)ဧက
( ခ )ယာမြေ (၁၅၁၆၅၉)ဧက
( ဂ )ဥယျာဉ်မြေ(၁၆)ဧက
၂။ ကြိုးဝိုင်းကြိုးပြင်ကာကွယ်တောမြေ(၁၆၀၇၂)ဧက
၃။ တောရိုင်းမြေ(၇၆၈၆)ဧက
၄။ မြေရိုင်း(၂၇၈၃)ဧက
၅။ မစိုက်ပျိုးနိုင်သောမြေ(၂၁၄၇၃)ဧက
၆။ စက်မှုလုပ်ငန်းသုံးမြေ(၈၄)ဧက
၇။ မြို့မြေ(၃၉၄)ဧက
၈။ ရွာမြေ(၅၅၄၆)ဧက
၉။ အခြားမြေ(၃၆၀၆၂)ဧက

ဆည်မြောင်း တာတမံများ နှင့် ဆည်ရေသောက် ဧရိယာ
=====================================
(က) အစိုးရဆည်များ
-----------------------------------
၁။ ပုန်းမကြည် (မြေသားတမံ)
အကျိုးပြုဧက(၄၇၂)ဧက
၂။ ကျင်းသာဆည်(မြေသားတမံ)
အကျိုးပြုဧက(၄၀၀)ဧက
၃။ သင်ပုန်းဆည် (မြေသားတမံ)
အကျိုးပြုဧက(၃၀၀)ဧက
၄။ ချောင်းဇုံ (မြေသားတမံ)
အကျိုးပြုဧက(အလောင်းစည်သူရေကူကန်)
၅။ ဇီးတောဆည်(မြေသားတမံ)
အကျိုးပြုဧက(၄၀၈၃)ဧက

(ခ) ကိုယ့်အားကိုယ်ကိုးဆည်များ
---------------------------------------------------
၁။ စပါးတွင်းဆည်(မြေသား)၊(၅၀)ဧက
၂။ ကျွဲခြံဆည်(မြေသား)၊(၅၀)ဧက
၃။ မုံပင်ဆည်(မြေသား)၊(၃၀)ဧက
၄။ အိုင်မရိုးဆည်(မြေသား)၊(၂၀၀)ဧက
၅။ ထန်းပင်ကန်ဆည် (မြေသား)၊(၁၀၀)ဧက
၆။ မင်းငြမ်းဆည်(မြေသား)၊(၂၀၀)ဧက
၇။ သရက္ကောင်းပင်ဆည်(မြေသား)၊(-)ဧက
၈။ ရေကနင်းဆည် (မြေသား)၊(၁၅၀)ဧက
၉။ မကျီးပင်ပုဆည်(မြေသား)၊(၂၀၀)ဧက
၁၀။ ဆုံတွင်းဆည်(မြေသား)၊(၁၅၀)ဧက
၁၁။ အုတ်နှဲကန်ဆည် (မြေသား)၊(၅၀)ဧက
၁၂။ ဗလုတ်ဆည် (မြေသား)၊(၂၀၀)ဧက
၁၃။ ထိန်ကန်ဆည် (မြေသား)၊(၁၅၀)ဧက
၁၄။ သက္က့ယ်ကျင်းဆည် (မြေသား)၊(၅၀)ဧက
၁၅။ အလယ်ကန်ဆည် (မြေသား)၊(၁၀၀)ဧက
၁၆။ အထက်ကန်ဆည်(မြေသား)၊(၃၀)ဧက
၁၇။ ကန်စွန်းကန်ဆည် (မြေသား)၊(၉၀)ဧက
၁၈။ ရေကာဆည်(မြေသား)၊(၃၀)ဧက
၁၉။ ကုန်းလည်ဆည် (မြေသား)၊(၁၀၀)ဧက
၂၀။ မကျီးပင်ကန်ဆည်(မြေသား)၊(၁၀၀)ဧက
၂၁။ ကန်နီဆည် (မြေသား)၊(၁၈၀)ဧက
၂၂။ ငှက်ပျောကန်ဆည်(မြေသား)၊(၁၅၀)ဧက
၂၃။ ခွေးပျက်ဆည် (မြေသား)၊(၁၅၀)ဧက
၂၄။ ကျောင်းစုရွာဆည် (မြေသား)၊(၅၀)ဧက
၂၅။ သဘွတ်တဲဆည် (မြေသား)၊(၁၅၀)ဧက
၂၆။ တောင်ကုန်းဆည်(မြေသား)၊(၁၅၀)ဧက
၂၇။ ပေါက်တောဆည် (မြေသား)၊(၄၃၀)ဧက
၂၈။ ကူနီဆည် (မြေသား)၊(၁၁၀)ဧက
၂၉။ ကြိုးကြာဉဆည် (မြေသား)၊(၇၀)ဧက
၃၀။ မြေနည်းဆည်(မြေသား)၊(-)ဧက
၃၁။ ဝက်ကြီးသေဆည် (မြေသား)၊(၁၂၀)ဧက
၃၂။ ညောင်ပင်သာဆည် (မြေသား)၊(-)ဧက
၃၃။ ပေါက်တောဆည် (မြေသား)၊(၁၂၀)ဧက
၃၄။ လိပ်ခွဲဆည် (မြေသား)၊(၂၀၀)ဧက
၃၅။ စာဝင်ဆည် (မြေသား)၊(၃၀၀)ဧက
၃၆။ ဖိုးတလဆည် (မြေသား)၊(၃၀၀)ဧက
၃၇။ ကုန်းတဲဆည် (မြေသား)၊(၄၀၄)ဧက
၃၈။ ကြပ်ဖြူဆည် (မြေသား)၊(၃၀၀)ဧက
၃၉။ ဇီးကုန်းဆည် (မြေသား)၊(၁၁၆၈)ဧက
၄၀။ ဖန်ခါးကျင်းဆည် (မြေသား)၊(-)ဧက
၄၁။ မြို့ကုန်းဆည် (မြေသား)၊(၁၇၅)ဧက
၄၂။ ကျောင်းစုဆည်(မြေသား)၊(၅၀၀)ဧက
၄၃။ ဆားတောင်ဆည် (မြေသား)၊(၁၂၀)ဧက

သစ်တောများ
------------------------
မလှိုင်မြို့နယ်သစ်တောကြိုးဝိုင်းသည်(၈၉၅၉ ဧက)ကျယ်ဝန်းပြီးကြိုးပြင်ကာကွယ်တော(၇၁၁၃)ရှိ၍ မြို့နယ် ချုပ်သစ်တောဧရိယာမှာ (၁၆၀၇၂ ဧက)ဖြစ်ပါသည်။ သန်း၊ သန်း၊ဒဟတ်၊ရှား၊ထနောင်း ၊ တယ်၊နီပပစေး၊သဘောက်၊ရုံး၊ သရော်၊မလွှ၊သဘွတ်စသည့် သစ်မျိုးများ ပေါက်ရောက်ပါသည်။

ဓါတ်အားခွဲရုံအမည်နှင့်ဖြန့်ဖြူးသည့်ဓါတ်အား(KW)
-------------------------------------------------------------
၁။ မလှိုင်ခွဲရုံ (၁၀၀၀၀)KW
၂။ ကျပ်ဆည်ခွဲရုံ (၅၀၀၀)KW
၃။ နှောကန်ခွဲရုံ (၅၀၀၀)KW
စုစုပေါင်း (၂၀၀၀၀)KW

ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်း
===================================
ရထားလမ်းနှင့် ဘူတာရုံများ
-------------------------------------------
၁။ မိတ္ထီလာ-မလှိုင်-တောင်သာ

ကားဂိတ်များ
-----------------------
၁။ လှိုင်ရွှေဝါ (မလှိုင်-မိတ္ထီလာ)
၂။ လှိုင်ရွှေဝါ (မလှိုင်- မန္တလေး)
၃။ လှိုင်ရွှေဝါ (မလှိုင်- ကျေးရွာ)

စိုက်ပျိုးရေးလုပ်ငန်း
==============
မလှိုင်မြို့နယ်၏ စိုက်ပျိုးထုတ်လုပ်နေသောအဓိကသီးနှံ (၁၀)မျိုးမှာ စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ဝါ၊ နှံစားပြောင်း၊ အစေ့ထုတ်ပြောင်းတို့ဖြစ်ကြပါသည်။
နှစ်ရှည်သီးနှံစိုက်ပျိုးမှုဧက
------------------------------------------
၁။ ထန်း - ၄၆၉၈ ဧက
၂။ သရက် - ၂၃ ဧက
၃။ အုန်း - ၅ ဧက
၄။ ဇီး - ၁၂၅ ဧက
၅။ လျှော်ဖြူ - ၂၄၆ ဧက
၆။ နံ့သာနီ/ဖြူ - ၇ ဧက
မြို့နယ်ချုပ် - ၁၅၀၄ ဧက

ဈေးကွက်ဝင်သီးနှံများစိုက်ပျိုးထုတ်လုပ်မှု
-------------------------------------------------
၁။ ကြက်သွန်နီ - ၄၃၇၆ ဧက
၂။ ဖရဲ - ၁၂၈၀ ဧက
မြို့နယ်ချုပ် - ၆၆၅၆ ဧက

စက်မှုလက်မှုလုပ်ငန်း
================
မြို့နယ်ရှိစက်ရုံများနှင့်အမျိုးအစား
-------------------------------------------------------
၁။ ဝါကြိတ်စက်ရုံ (နိုင်ငံပိုင်)

မြို့နယ်ရှိအလုပ်ရုံများ
------------------------------------
၁။ ဆုပြည့်စုံအထည်ချုပ်စက်ရုံ
၂။ ကြယ်ငါးပွင့် လဖက်ချဉ်စပ်လုပ်ငန်း

အိမ်တွင်စက်မှုလက်မှုလုပ်ငန်းများ(အရေအတွက်)
-----------------------------------------------------------
၁။ စက်ချုပ်လုပ်ငန်း - ၁၁၂
၂။ ပန်းတိမ်လုပ်ငန်း - ၃
၃။ မုန့်လုပ်ငန်း - ၁၅
၄။ ပဲခွဲစက် - ၄
၅။ ဆီကြိတ်စက် - ၃၇
မြို့နယ်ချုပ် - ၁၇၁

ဓါတ်ဆီ/ဒီဆယ်အရောင်းဆိုင်
----------------------------------------------
၁။ ယုဝအောင်
၂။ NEW FORCE
၃။ NEW FORCE -2
၄။ ဆီဆိုင်မင်း
၅။ GREEN POWER

တံတားများ
=========
ပေ (၁၈၀)အောက်တံတားများ
-----------------------------------------------
၁။ ၁/၁၉ တံတား (၇၂ပေ၊ အာစီ)

ဟိုတယ်နှင့်တည်းခိုခန်း
-------------------------------------
မလှိုင်မြို့တွင်တည်းခိုခန်း (၂၀) ခု ရှိပါသည်။

ပညာရေးကဏ္ဍ
===========
အခြေခံပညာ
----------------------
အ.ထက ကျောင်းများ
-----------------------------------
၁။ အ.ထ.က - ( ၈) ကျောင်း
၂။ အ.ထ.က(ခွဲ) - ( ၂၃) ကျောင်း
၃။ အ.လ.က - ( ၁၄) ကျောင်း
၄။ အ.လ.က(ခွဲ) - ( ၆) ကျောင်း
၅။ မူလွန် - ( ၂၀) ကျောင်း
၆။ အ.မ.က - (၁၁၅) ကျောင်း
၇။ မူကြို - ( ၁) ကျောင်း

ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
--------------------------------------------------------
၁။ ရွှေကျင်ဘကကျောင်း(အမှတ်-၃)
၂။ ကျောက်တန်းဘကကျောင်း(ကျောက်တန်းကျေးရွာ)
၃။ ထနောင်းကိုင်းဘကကျောင်း(ထနောင်းကိုင်းကျေးရွာ)
၄။ ရေငံဘကကျောင်း (ရေငံကျေးရွာ)

ကျန်းမာရေးကဏ္ဍ
=============
ဆေးရုံများ
-------------------
၁။ မြို့နယ်ပြည်သူ့ဆေးရုံ
၂။ ကျောက်တန်းတိုက်နယ်ဆေးရုံ
၃။ ဆည်တိုက်နယ်ဆေးရုံ
၄။ နှောကန်တိုက်နယ်ဆေးရုံ

ဆေးပေးခန်းများ
----------------------------
၁။ ပါရမီ၊ (အမှတ် (၁)ရပ်ကွက်) သားဖွားခန်း
၂။ သုခမွန်( အမှတ် (၂)ရပ်ကွက်) ဓါတ်ခွဲခန်း
၃။ မျိုးချစ် (အမှတ် (၁)ရပ်ကွက်)၄
၄။ Dr မေအေး(အမှတ် (၃)ရပ်ကွက်) အထွေထွေ
၅။ Dr ဌေးမော်(အမှတ် (၁)ရပ်ကွက်)အထွေထွေ
၆။ Dr သိန်းနိုင်(အမှတ် (၂)ရပ်ကွက်) အထွေထွေ
၇။ Dr နိုင်လင်းအောင်(အမှတ် (၃)ရပ်ကွက်) အထွေထွေ
၈။ Dr တင်ဌေးဦး(အုတ်ကျင်းရွာ)အထွေထွေ
၉။ Dr နေမင်းမျိုးထွန်း (အမှတ် (၃)ရပ်ကွက်) အထွေထွေ

ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲ
-----------------------------------------------------
မလှိုင်မြို့နယ်ကျေးကျန်းမာရေးဌာန (၇) ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ(၃၂)ရှိပါသည်။

ဒေသတွင်အဖြစ်များဆုံးရောဂါများ
------------------------------------------------------
မလှိုင်မြို့နယ်တွင် ဝမ်းလျှော၊ တီဘီ၊ ဝမ်းကိုက်ရောဂါများ အဖြစ်များပါသည်။

ဘာသာရေးဆိုင်ရာအချက်အလက်များ
=============================

ဗုဒ္ဓဘာသာဆိုင်ရာသာသနိကအဆောက်အဦများ
---------------------------------------------------------
၁။ မလှိုင်ရွှေမုဌောဘုရား
၂။ ပန်းအိုင်ရွှေမုဌောဘုရား
၃။ မြို့ကုန်းဘုရား
သမိုင်းဝင်ထင်ရှားသောအဆောက်အဦနှင့်နေရာများ
------------------------------------------------------------
၁။ မလှိုင်ရွှေမုဌောဘုရား
၂။ ပန်းအိုင်ရွှေမုဌောဘုရား
၃။ မြို့ကုန်းဘုရား
၄။ ရှစ်မျက်နှာကျောင်းတိုက်
၅။ လေးမျက်နှာကျောင်းတိုက်
၆။ ရွှေပေါ်ကျွန်းစေတော်ဝင်ကျောင်းတိုက်
၇။ ပန်းအိုင်ကံစွယ်ကျောင်းတိုက်

အခြားဘာသာရေးအဆောက်အဦများ
-----------------------------------------------------------
အစ္စလာမ်ဘာသာ(ဗလီ)
-------------------------------------
မြို့ပေါ် (၂) ခု.credit.

၉.၈.၂၀၂၁ ရက်နေ့တွင် မလှိုင်မြို့အတွင်း နေသူများအား Covid-19ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လိုက်နာ...
09/08/2021

၉.၈.၂၀၂၁ ရက်နေ့တွင် မလှိုင်မြို့အတွင်း နေသူများအား Covid-19ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လိုက်နာရမည့်စည်းကမ်းချက် များကို မလှိုင်မြို့နယ်မီးသတ်ဉီးစီးမှူးရုံးနှင့် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဉီးစီးဌာန တို့ပူးပေါင်း၍ ​​ ​အသိပေးဆော်ဩခဲ့ပါသည် -

မလှိုင်မြို့နယ်မီးသတ်စခန်း

Address

Myothit
Mahlaing

Telephone

09979044700

Website

Alerts

Be the first to know and let us send you an email when Mahlaing Fire Service. Department posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share