20/08/2026
လက်ဖက်ကောင်းစားချင်ရင်
ပလောင်တောင်တက်နှေးရသတဲ့။
စကားပုံလေး ရှိခဲ့ပါတယ်။
ရှေးထုံးကိုလည်း မပယ်နဲ့၊
ဈေးသုံးဆိုလည်း မလွယ်နဲ့ ဆိုတဲ့ စကားပုံလေးလည်း မှတ်သားခဲ့ဖူးပါတယ်။
ရှေးထုံးကို မပယ်နဲ့ ဆိုတာကို လက်ခံထားပေမယ့်.....
ခုအခါ မတော့ ... လက်ဖက်ကောင်းကောင်းစားချင်ရင် တောင်တက်နှေးတဲ့ ကိုပလောင်ကြီး ကို ထိုင်စောင့်နေစရာ မလိုတော့ဘူးနော့်။
ဈေးသုံးဆိုလည်း မလွယ်နဲ့ ဆိုတဲ့ စကားပုံ လေး ကို လက်တွေ့ ကျင့်သုံး နိုင်တဲ့ အခွင့်အရေးလည်း
" ရှင်းသန့် " မှာ ရနေပြီလေ့။
တောင်တက်နှေးတဲ့ ကိုပလောင်ကြီး
တောင်အောက်မရောက်သေးဘူး ဆိုရင်တောင်
" ရှင်းသန့် " မှာ လက်ဖက် ကောင်းကောင်းလေးတွေ ရှိနေပြီပဲ။
သင့်တင့်တဲ့ဈေးနှုန်းလေးနဲ့ အရသာရှိရှိ
လက်ဖက်နှပ်လေးတွေက ချစ်ကာကာတွေ ကို warmly welcome ပါတဲ့ ရှင်။
နှစ်ပြန်ကြော်လေးကလည်း သူ့အကြောင်း ထည့်မရေးသေးလို့ စိတ်ကောက်နေလေရဲ့။
ဟုတ်ပ၊ နှစ်ပြန်ကြော် ကြွပ်ကြွပ်မွမွ လေးကလည်း......
အသက်အရွယ်ကြီးလို့ သွားမကောင်းသူတွေ၊ ပဲကြော်လေးတော့ ဝါးချင်ပါရဲ့၊ မာထင်ထင်ကြီး ဖြစ်နေမှာစိုးတယ် လို့ တွေး ထားမိသူတွေကို ...မိတ်ဆက်ပါရစေတဲ့။
လမ်းကြုံလို့ပဲဖြစ်ဖြစ်၊ လမ်းမကြုံဘဲ တမင်တကာပဲ ဖြစ်ဖြစ် ကြွခဲ့ပါဦးရှင့်။
ရှင်းသန့် လက်ဖက်နဲ့ နှစ်ပြန်ကြော် မိသားစုက warmly welcome ပါရှင့်။
09 97 6347890
09 97 5458 171