ATDM's Gold & Currency Advisory

ATDM's Gold & Currency Advisory Register for class - 09 697 579 897 သင်တန်းအပ်နံရန် - 09 697 579 897

 #ချမ်းသာမယ့်သူတွေကကြီးကြီးတွေးတယ်  #ဆင်းရဲမယ့်သူကသေးသေးလေးပဲတွေးတယ်တစ်ခါကကျွန်တော့်ရဲ့ Seminar တစ်ခုမှာ သင်ကြားရေးဆရာတစ...
26/10/2020

#ချမ်းသာမယ့်သူတွေကကြီးကြီးတွေးတယ်
#ဆင်းရဲမယ့်သူကသေးသေးလေးပဲတွေးတယ်

တစ်ခါကကျွန်တော့်ရဲ့ Seminar တစ်ခုမှာ သင်ကြားရေးဆရာတစ်ယောက်လာတက်တယ်။ အရင်က သူဟာတစ်နှစ်ကို ဒေါ်လာ ၂၅၀၀၀၀ ၀င်ငွေရတဲ့ဘ၀ကနေ သုံးနှစ်အတွင်းမှာ ဒေါ်လာ သန်း ၆၀၀ ၀င်ငွေရတဲ့လူတစ်ယောက် ဖြစ်လာခဲ့တယ်။ သူ့ရဲ့လျှို့ဝှက်ချက်ကို ပြန်မေးကြည့်တော့ “ကျွန်တော် ကြီးကြီးကျယ်ကျယ်စဉ်းစားတတ်တဲ့ အချိန်ကစပြီး အစစအရာရာ ပြောင်းလဲသွားတာပဲ” လို့ ပြောပါတယ်။

ဝင်ငွေနဲ့ပတ်သက်တဲ့ နည်းဥပဒေတွေ ပုံသေနည်းတွေကို ကျွန်တော်နည်းနည်းလောက် ညွှန်ပြပေးချင်ပါတယ်။

“သင့်ရဲ့ဝင်ငွေဆိုတာ သင်ဈေးကွက်ကို ပို့ဆောင်ပေးလိုက်တဲ့ တန်ဖိုး (Value) နဲ့ တိုက်ရိုက်အချိုးကျတယ်ဆိုတာ မှတ်ထားပေးပါ”။

ဒီနေရာမှာ အဓိက စကားလုံးဖြစ်တဲ့ တန်ဖိုး (Value) ကို ဈေးကွက်ထဲမှာ ဘယ်လိုဆုံးဖြတ်သလဲဆိုတဲ့ အခြေခံ အချက် ၄ချက်ကို ပြောပြပေးပါမယ်။

အဲဒါတွေက ရောင်းလိုအား၊ ၀ယ်လိုအား၊ အရည်အသွေးနဲ့ အရေအတွက် တွေပဲ ဖြစ်ပါတယ်။

ဒီ ၄ချက်ထဲမှာ လူအများစုအတွက် အကြီးမားဆုံးစိန်ခေါ်မှုက အရေအတွက်ပဲဖြစ်ပါတယ်။ အရေအတွက်ဆိုတဲ့အဓိပ္ပါယ်ကို ရိုးရိုးလေး ဘာသာပြန်ပေးရမယ်ဆိုရင် သင့်ရဲ့ထုတ်ကုန်ကိုဘယ်လောက်များများ ဈေးကွက်ထဲ ရောက်အောင်ပို့ပေးနိုင်သလဲ ဆိုတာကို ဆိုလိုတာပါပဲ။

နောက်တနည်းပြောရမယ်ဆိုရင် လူဘယ်လောက်များများကို ၀န်ဆောင်မှုပေးနိုင်သလဲ ဒါမှမဟုတ် ဘယ်လောက်များများကို အကျိုးပြုနိုင်သလဲလို့ ဆိုလိုတာပဲဖြစ်တယ်။

ဥပမာအားဖြင့် ကျွန်တော်ကျင်လည်နေတဲ့ သင်ကြားရေးလုပ်ငန်းမှာ သင်ကြားရေးဆရာတစ်ယောက်က တစ်ချိန်ထဲမှာ လူ ၂၀လောက်ရှိတဲ့အုပ်စုကို သင်ကြားပေးနိုင်တယ်။ ဒါပေမယ့် တချို့ကျတော့ လူတစ်ရာလောက်ကို သင်ကြားပေးနိုင်တယ်။ တချို့ကျတော့ လူငါးရာ တစ်ထောင် ငါးထောင် စသဖြင့် သင်ကြားပေးနိုင်တယ်။ ဒီလိုသင်ကြားပေးမှုတွေ ကွာသွားတာနဲ့အမျှ သူတို့ဝင်ငွေတွေ ကွာသွားမယ်ဆိုတာ တွေးနေစရာတောင် မလိုပါဘူး။

ဥပမာ Network Marketing နက်ဝေါ့မားကက်တင်းလုပ်ငန်းကိုပဲ တွေးကြည့်ရအောင်။ အသင်းအဖွဲ့ ၁၀ယောက်ရှိတဲ့အဖွဲ့နဲ့ အယောက် တစ်သောင်းရှိတဲ့အဖွဲ့မှာ ဘယ်အဖွဲ့က ရောင်းအားပိုကောင်းပြီး ၀င်ငွေပိုကောင်းမလဲ။ ဒါကရိုးရိုးလေး တွေးကြည့်ရုံနဲ့သိနိုင်ပါတယ်။

ကျွန်တော်အရင်က ပြောဖူးသလို ကျွန်တော့်မှာ လက်လီအရောင်းဆိုင် ရာနဲ့ချီပြီးရှိတယ်။ ပြီးတော့ ထောင်ချီသောင်းချီလူတွေကို ၀န်ဆောင်မှု ပေးနိုင်တယ်။ တစ်ဖက်က ကျွန်တော့်ပြိုင်ဘက်က ၆လလောက်ကြာတော့ ကျွန်တော့် ဆိုင်တစ်ဆိုင်အနားမှာ ကျွန်တော့်ဆိုင်ထက် ၁၀ဆလောက်ကြီးတဲ့ စတိုးဆိုင် အကြီးကြီးတစ်ခု လာဖွင့်တယ်။ နောက်ဆုံးတော့ သူက စီးပွါးကျသွားပြီး ကျွန်တော်က ချမ်းသာသွားတယ်။ ဘာကြောင့်လဲဆိုတဲ့အဖြေကရှင်းပါတယ်။ သူကတစ်ဆိုင်ပဲရှိပြီး ကျွန်တော်ကဆိုင်အများကြီးရှိလို့ပေါ့။

ဒါကြောင့် သင့်ဘ၀ကို သင်ဘယ်လိုပုံဖော်ချင်သလဲ။ သင့်စီးပွါးရေးကို ဘယ်လိုပုံတည်ဆောက်ချင်လဲ။ တစ်ယောက်ထဲလား။ အဖွဲ့သေးသေးနဲ့လား ဒါမှမဟုတ် အဖွဲ့ကြီးကြီးနဲ့လား။ ဒါကတော့ကိုယ့်ရဲ့ ရွေးချယ်မှုပါပဲ။

လူတော်တော်များများကတော့ သေးသေးလေးပဲ စဉ်းစားရဲတယ်။ ဘာကြောင့်လဲဆိုရင် ပထမအချက်က ကြောက်လို့.. သူတို့တွေရှုံးမှာကြောက်တယ်။ ပြီးတော့ မအောင်မြင်မှာကို သေမလောက်ကြောက်ကြတယ်။ ဒုတိယတစ်ချက်က သူတို့ရဲ့စိတ်ခံစားချက်ကိုက သေးသေးလေးပဲ ခံစားရတာကို သက်တောင့်သက်သာရှိလို့။ ဘာကြောင့်လဲဆိုတော့ သူတို့ကိုယ်သူတို့ အကြီးကြီးနဲ့ မထိုက်တန်ဘူးလို့ တွေးထားလို့ပါပဲ။

#မီလျံနာတို့ရဲ့လျှို့ဝှက်ချက်များ
#တီဟာဗေကာ

ကိုယ့် ကိုယ်ကိုယ် သံသယဖြစ်ပီဆိုရင် ဒါလေးတွေ ကျိန်းသေလုပ်ပါ*ခေါင်းတွေ ထိုးကိုက်ပါတယ် ပေါက်ကွဲမတတ် (day 1)*လည်ချောင်းမှာ ယ...
13/09/2020

ကိုယ့် ကိုယ်ကိုယ် သံသယဖြစ်ပီဆိုရင် ဒါလေးတွေ ကျိန်းသေလုပ်ပါ

*ခေါင်းတွေ ထိုးကိုက်ပါတယ် ပေါက်ကွဲမတတ် (day 1)

*လည်ချောင်းမှာ ယားပီးချောင်းခြောက်ဆိုးချင်လာပါတယ်(day 2)

*အနံ့ တဖြေးဖြေးလွင့်လာပါတယ် လုံးဝမပျောက်သွားသေးပါဘူး(day3)

*ကိုယ်စားတဲ့ အစားအစာတွေ အနံ့ စပျောက်လာပီ အိမ်သာ အနံ့ ဟင်းချက်တဲ့ အနံ့ ဘေးပတ်​ဝန်းကျင်အနံ့ လုံးဝ အရှင်းပျောက်သွားပါပီ (day 4)

စိတ်အေးအေးထားပါ စိတ်ကိုတင်းထားပါ စိတ်ကိုခိုင်ခိုင်ထားပါ ဘာသောကမှ မရောက်ပါနဲ့ရှင်

ဒီရောဂါသည် ကိုယ်ခံအားလျော့တဲ့ အချိန်ဝင်လာတတ်ပီး ကိုယ်ခံအား ပြန်ပြည့်တဲ့ အခါ သူ့ အလိုလို ပြန်ထွက်သွားမှာပါ

မိမိလုပ်ရမှာက ရောဂါအခံ ဆီးချို သွေးချိုသွေးတိုး ရှိလားအရင်စစ်ရပါမယ်​(အိမ်​မှာပဲ စက်​ဖြင့်​ စစ်​​ဆေးပါ လူ အထိ​တွေ့နည်းနိုင်​သ​လောက်​ နည်း​အောင်​ဂရုစိုက်​ပါ) ​ရောဂါအခံရှိလျှင်​ ​ဆေးရုံတန်းသွားပါ

အကယ်​၍ ​ရောဂါအခံမရှိခဲ့လျှင်

*ကြက်ဥ ​​တနေ့2လုံးစားရန်

*နံနက်စာ ပေါင်မုန့် နို့ ဂျုံပြောင်း ဆန်​အကုန်စားပါ နံနက်စာ စားပီးတာနဲ့ (​သေချာတာတစ်ခုက အနံ့ ပျောက်နေတဲ့ အတွက်အစားအသောက်တွေသည် အရသာရှိမှာ စားချင်မှာ မဟုတ်ပါဘူး )
မစားချင်ဘူး ဆိုပီး မစားပဲမနေပါနဲ့ ကိုယ်ခံအားကောင်းအောင်စားရမှာပါ)ပီးရင်

* Civit bbi 100 ကို ၂လုံးသောက်ပါ

*ရေနွေးနဲ့ ဆားရည် ပါးလုပ်ကျင်းပါ

*ရေနွေးကြမ်း အဖန်ရည်သောက်​ပါ ဂျင်းနဲ့ထန်းညက် ပြုတ်ထားတာသောက်ပါ

*အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ

*နေပူနေရင် မနက်နေကို မိနစ် ၂၀လောက်လှူံပါ

*နေခင်းဘက်လည်း ထမင်းစားပါ အသီး၊အရွက်တွေစားပါ ကြက်သား ငါးစားပါ

*ပီးရင် ရေနွေးနဲ့ သံပုရာရည် ဖျော်သောက်ပါ သံပုရာသီးကို နှစ်ပီးများများထည့်သောက်ပါ

*နေ့ ခင်း ၂နာရီလောက် အနည်းဆုံး ပြန်အိပ်ပါ

*နိုးတာနဲ့ စားဖို့ လုပ်ပါ အားရှိတာစားပါ

*ညဘက်လည်း ထမင်းစားပါ

*Civit 2လုံးထပ်သောက်ပါ

*အိပ်ခါနီး ရေနွေးနဲ့ ဆားရည် ပါးလုပ်ကျင်းပါ

*ညဘက်စောစော အိပ်ပါ

*သုံးရက်မြောက်နေ့ဆို အနံ့ အနည်းအကျင်ြး​ပန်ရလာပါလိမ့်မယ်

*တစ်ပတ် ဆယ်ရက်ဆို ပြန်ကောင်းသွားမှာပါ

*အိမ်မှာပဲ stay home ပါ

(​မှတ်ချက်- ​​ချောင်းအရမ်းဆိုးတာ အသက်ရှူကြပ်တာ ဝမ်းသွားတာ မောဟိုက်တာ အဖျားတတ်လာတာဆို ဆေးရုံသွားပီး ဆေးကုသမူခံယူရပါမယ်​ရှင်​)

- တနေ့ကို ​​ဆားရည် ၂ခါပလုပ်​ကျင်းရန်

- ကြက်​ဥ 2လုံးစားရန်

- ထမင်း 2ကြိမ်​စားရန်​(​နေ့လည်​စာနှင့်​ညစာ)

- အစာပြေ 2နပ်​စားရန်​(နံနက်​စာနှင့်​ည​နေစာ)

- ကြက်သွန်ဖြူ ကြက်သွန်နီ နေ့ တိုင်းစားပါရန်

- Civit 4လုံး(vitamin C 1000mg)​သောက်​ရန်

- ကိုယ်ခံအားကောင်းအောင် စားပီးအိပ် အိပ်ပီးစားပါရန်

- အအေးမခံပါနဲ့ နွေးနွေးထွေးထွေးနေပါရန်

- ရေနွေးသောက်ပါရန်

- ပူပူလောလော ထမင်း ဟင်းစားပါရန်

- သေးခဏခဏပေါက်ရန်​နှင့်​​ချွေးထွက်အောင်နေပါရန်

- အအေးတွေ သောက်မည့်​အစား Royal D လိုဓာတ်ဆားများများသောက်ပေးရန်

- ကိုယ်​လက်​​လေ့ကျင်​ခန်းလုပ်​ပါ(ပင်​ပန်း​လောက်​သည်​ထိ ပြင်းပြင်းထန်​ထန်​ မလုပ်​ပါရန်​)

တစ်နေ့(၂)နာရီအလုပ်လုပ်ရုံနဲ့ တစ်ပတ်ကိုမြန်မာငွေသိန်း(၁၅၀)လောက်ရနေတဲ့လူငယ်တစ်နေ့ကို (၂)နာရီပဲ အလုပ်လုပ်ရပြီး တစ်ပတ်ကို မြ...
23/08/2020

တစ်နေ့(၂)နာရီအလုပ်လုပ်ရုံနဲ့ တစ်ပတ်ကိုမြန်မာငွေသိန်း(၁၅၀)လောက်ရနေတဲ့လူငယ်

တစ်နေ့ကို (၂)နာရီပဲ အလုပ်လုပ်ရပြီး တစ်ပတ်ကို မြန်မာငွေ သိန်းရာကျော်ဝင်နေတဲ့အလုပ်မျိုးကို ဘယ်သူမဆို လုပ်ချင်ကြမှာပါပဲ။ အလုပ်အတွက် အချိန်တွေအများကြီးလည်း ပေးစရာမလိုဘူး။ ရတဲ့ဝင်ငွေကလည်း အများကြီးပဲလေ။

အဲဒီလို အလုပ်တွေဟာ ရှားတော့ ရှားပေမယ့် တကယ်တမ်းရှာတွေ့ခဲ့ရင် အရမ်းကို ပျော်ဖို့ကောင်းသွားမှာပါနော်။

အခုလည်း ဝေးလ်နိုင်ငံမှာနေထိုင်တဲ့ ဆယ်ကျော်သက် လူငယ်လေးတစ်ယောက်ဟာ သူ့ရဲ့အလုပ်ကြောင့် သန်းကြွယ်သူဌေးဖြစ်ဖို့ နီးစပ်လို့လာခဲ့ပါပြီ။ သူက တစ်ပတ်ကို ဒေါ်လာ (၁၃၀၀၀)လောက်ရအောင်ရှာနိုင်ပြီး အဲဒီအတွက် တစ်ရက်ကို အများဆုံး (၃)နာရီ အထိပဲ အလုပ်လုပ်ရတာပါ။

အက်ရှ်လေ ရစ်ချက် လို့ခေါ်တဲ့ (၁၉)နှစ်အရွယ်လူငယ်လေးဟာ GCSE စာမေးပွဲကို ကျရှုံးခဲ့ပေမယ့် သူ့ရဲ့တကယ့်စွမ်းရည်တွေကို စတော့ဈေးကွက်ရောင်းဝယ်တဲ့ဖက်မှာ ရှာတွေ့သွားခဲ့ပါတယ်။

သူက အွန်လိုင်းကနေ စတော့ဈေးကွက် ရောင်းဝယ်တဲ့ အလုပ်ကို စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး အဲဒီအတွက် ရာနဲ့ချီတဲ့ စာအုပ်တွေကို အင်တာနက်ကနေ ဒေါင်းလုပ်ဆွဲကာ ဖတ်ရှုခဲ့ရတာပါ။

သူက စတော့ဈေးကွက်ရဲ့ သဘောတရားတွေကို အရင်ဆုံး လေ့လာခဲ့ပြီး ဈေးနည်းတဲ့ စတော့တွေကိုဝယ်၊ ဈေးမြင့်လာရင် ပြန်ရောင်းဆိုတဲ့ အခြေခံစတော့ရောင်းဝယ်ရေးနည်းကို သုံးခဲ့တာလို့ BBC နဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

သူက အမြဲတမ်း ဈေးကွက်ရဲ့အခြေအနေကို စောင့်ကြည့်နေတတ်သူဖြစ်ပြီး အွန်လိုင်းကနေ သင်ယူမှုတွေအများကြီး လုပ်ခဲ့ရပါတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။အခုအချိန်မှာတော့ သူဟာ ဖုန်းတစ်လုံး၊ လက်ပ်တော့တစ်လုံးနဲ့တင် နေအိမ်ကနေ အလုပ်လုပ်ကိုင်နေခဲ့ပါပြီ။ သူ့ဆီမှာ ဈေးကြီးတဲ့ ကား (၅)စီးနဲ့အထက်ရှိနေပြီး ၊ နေအိမ်အကောင်းစားတစ်လုံးကိုလည်း ပိုင်ဆိုင်ထားခဲ့ပြီ။

သူ့ရဲ့သုံးသပ်မှုတွေက အံ့သြလောက်အောင် မှန်ကန်တယ်လို့ WalesOnline သတင်းဌာနက ဖော်ပြခဲ့ပြီး ဈေးကွက်ကို အကဲခတ်တဲ့နေရာမှာ အရမ်းကိုတော်တဲ့သူလို့တောင် ချီးကျူးရေးသားခဲ့ပါတယ်။သူက တစ်နေ့ကို (၃)နာရီလောက်ပဲ အလုပ်လုပ်တယ်ဆိုပေမယ့် စတော့ နဲ့ပတ်သက်တဲ့သတင်းတွေကိုတော့ တစ်နေ့လုံး မျက်ခြေမပြတ်စောင့်ကြည့်နေရပြီး ကွန်ပြုတာရှေ့မှာ အချိန်တော်တော်များများ ကုန်ဆုံးခဲ့ရတာပါ။

ညအချိန်မှာတော့ သူက ဈေးကွက်နဲ့ပတ်သက်တာတွေအကုန်လုံးကို ပစ်ချထားခဲ့ပြီး သူ့အတွက် ကိုယ်ပိုင်အချိန်အဖြစ် ဖန်တီးခဲ့ပါတယ်။

အက်ရှ်လေက သူ့ရဲ့အလုပ်ဟာ သက်သောင့်သက်သာရှိပြီး ၀င်ငွေကောင်းတယ်လို့ ပြောလို့ရပေမယ့် တကယ်တမ်းမှာတော့ အထီးကျန်ပြီး အားလုံးနဲ့အဆက်ပြတ်နေသလို ခံစားရကြောင်း BBC နဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။
.

စတင်ပြီးအရောင်းအဝယ်လုပ်ချင်သူများ
☎️09 697 579 897 ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ဘဝတွင် အောင်မြင်ရန် နည်းလမ်း💫💫💫💫💫💫💫💫💫(၁) ညင်ညင်သာသာ ပြောပါ။(၂) ပုံမှန် အသက်ရှုပါ။(၃) သပ်သပ်ရပ်ရပ် ဝတ်ပါ။(၄) စိတ်ရှည်ရှည် ...
04/08/2020

ဘဝတွင် အောင်မြင်ရန် နည်းလမ်း
💫💫💫💫💫💫💫💫💫

(၁) ညင်ညင်သာသာ ပြောပါ။

(၂) ပုံမှန် အသက်ရှုပါ။

(၃) သပ်သပ်ရပ်ရပ် ဝတ်ပါ။

(၄) စိတ်ရှည်ရှည် အလုပ်လုပ်ပါ။

(၅) ယဉ်ကျေးမှု ပြုမှုဆက်ဆံပါ။

(၆) ငွေပုံမှန်စုပါ။

(၇) ကျန်းမာအောင် စားပါ။

(၈) အိပ်ရေး လုံလုံလောက်လောက်အိပ်ပါ။

(၉) ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ပါ။

(၁၀)ထူးထူးခြားခြား တွေးခေါ်ပါ။

(၁၁)ရိုးရိုးသားသား ငွေရှာပါ။

(၁၂)ဥာဏ်ရှိရှိ အသုံးချပါ။

Credit to Original

သင်စိတ်အားငယ်တိုင်း ဖတ်ဖို့

၁-တစ်ရက်ရက်တော့ သင့်ရဲ့နာကျင်မှုဟာ
သင့်ဘဝရဲ့ခွန်အားတွေ ဖြစ်လာပါလိမ့်မယ်။
ရင်ဆိုင်ပါ။ ရဲရင့်ပါ။

၂-သင့်ကို မနာလို ဖြစ်နေတဲ့ သူတွေကို
ဗွေမယူပါနဲ့။ အနည်းဆုံးတော့ သင်ဟာ သူတို့ထက်
တော်တယ်လို့ သူတို့က ထင်ထားတယ်လေ။

၃-သင့်ကို တန်ဖိုးမထားတဲ့သူကို အရူးအမူး
စွဲလမ်းမနေပါနဲ့။
ကြာလာရင် သင်ပါ တန်ဖိုးမဲ့သွားလိမ့်မယ်။

၎-သင့်ရဲ့ပျော်ရွှင်မှုဟာ ဘယ်သူကို
သင့်ဘဝထဲ လက်ခံ
ရမယ် ဘယ်သူကို သင့်ဘဝထဲ
လက်မခံရဘူး ဆိုတာကို
သိခြင်းနဲ့ အများကြီး ဆိုင်ပါတယ်။

၅-သင့်ကို စိတ်ဆင်းရဲစေတဲ့ သူတွေကို
သင့်ဘဝထဲက
ထုတ်ပယ်လိုက်ပါ။ သင့်ဘဝရဲ့ ငြိမ်းချမ်းမှုက
သင့်လက်ထဲ မှာပါ။

၆-သူများတွေက သင့်ကို ဘယ်လို
ထင်နေသလဲ ဆိုတာ
အရေးမကြီးပါဘူး။ သင့်ကိုယ်သင် ဘယ်လို
မြင်သလဲ ဆိုတာက ပိုအရေးကြီးပါတယ်။

၇-သင့်ကိုယ်သင် ချစ်ပါ။ ကမ္ဘာတစ်ခုလုံးက
သင့်ကို ချစ်နေရင်လည်း သင့်ကိုယ်သင် မချစ်ရင်
သင်ဟာအချစ် ငတ်နေသူပါ။

၈-လူတိုင်းမှာ ရှူ့ထောင့်ကိုယ်စီ ရှိတာမို့
ငြင်းခုံမှုတိုင်းမှာ အရှုံး၊ အနိုင်ဆိုတာ မရှိပါဘူး။

၉-သင့်ကိုယ်သင် သူတစ်ပါးနဲ့ ယှဉ်ပြီး
အားငယ်မနေပါနဲ့။
လူတိုင်းမှာ မတူညီတဲ့ အစွမ်းအစ ကိုယ်စီ
ရှိကြပါတယ်။

၁၀-သင်ကိုယ်တိုင်က ခွင့်မပြုဘဲ ဘယ်သူမှ
သင့်ကို စိတ်အား
ငယ်အောင် ပြုလုပ်လို့ မရပါဘူး။

၁၁-ပျော်ပျော်နေပါ။ ကမ္ဘာပေါ်က ပြဿနာအားလုံးက
သင့်နဲ့ မဆိုင်ပါဘူး။

၁၂ -တတ်နိုင်သလောက် ကူညီပါ။
ကူညီတယ်ဆိုတာက
ပေါလွန်းလိံတော့ မဟုတ်ပါဘူး။ ဘာမှမရှိဘူးဆိုတဲ့
အကူအညီမဲ့နေစဉ် ခံစားချက်ကို အသေအချာ
နားလည် လို့ပါ။

၁၃-သင့်ကို လိုအပ်နေတဲ့သူတွေအတွက် ရှိနေပေးပါ။
ဒါပေမယ့် သင့်ကိုယ်သင်လည်း ပစ်မထားပါနဲ့။

၁၄-စာဖတ်ပါ။ စာဖတ်ခြင်းက သင့်ရဲ့စိတ်ကို
ရင့်ကျက်စေပြီး
သင့်ရဲ့ဘဝကို ပြောင်းလဲစေနိုင်ပါတယ်။

၁၅-တစ်စုံတစ်ယောက်နဲ့ ပြဿနာဖြစ်တဲ့အခါ
အဲ့ဒီပြဿနာက
တကယ်အရေးပါသလား စဉ်းစားပါ။
ဘာမှမဟုတ်တာ
လေးတစ်ခုအတွက်နဲ့ စိတ်ဆိုးဒေါသထွက်
နေတာမျိုး တွေကို ရှောင်ပါ။

၁၆-သင်ဟာ နာကျင်မှုအပေါ်မှာ အာရုံစိုက်နေရင်
ဆက်ပြီး နာကျင်လိမ့်မယ်။ သင်ခန်းစာအဖြစ်
မြင်နိုင်မှ သင်ဟာ ရင်ကျက်လာလိမ့်မယ်။

၁၇-အချိန်က အကန့်အသတ်ရှိပါတယ်။
ဒါ့ကြောင့် တစ်ခြားလူတစ်ယောက်ရဲ့
ဘဝအတွက် ရှင်သန်ရင်း
သင့်အချိန်တွေကို မဖြုန်းတီးလိုက်ပါနဲ့။

# Copy by Kyaw Aye.

သင့်ကို လုံးဝ ချမ်းသာစေမည့် အရည်အချင်း ၃ ရပ်...*************************၁။ ငွေစုတတ်ရမည်။၂။ ငွေရှာကျွမ်းကျင်ရမည်။ ၃။ ရင်း...
27/07/2020

သင့်ကို လုံးဝ ချမ်းသာစေမည့် အရည်အချင်း ၃ ရပ်...
*************************

၁။ ငွေစုတတ်ရမည်။
၂။ ငွေရှာကျွမ်းကျင်ရမည်။
၃။ ရင်းနှီးတတ်ရမည်။

#ငွေစုတတ်ရမည်။
ပထမဆုံး ပြောချင်တဲ့အချက်က ငွေစုခြင်းပါ။
ဘာကြောင့် ငွေစုရတဲ့ အကြောင်းရင်း ပြောရတာလဲ ဆိုတော့။

အကယ်၍
ငွေဘယ်လောက်ပဲ ကျွမ်းကျင်စွာ ရှာနိုင်ပါစေ။
ငွေဘယ်လောက်ပဲ ၀င်ပါစေ။
ငွေတွေ စုမထားနိုင်ရင် = ငွေမကျန်
ငွေမကျန်တော့ = အရင်းအနှီးလဲ လုပ်စရာမရှိ။

လူတိုင်း အလုပ်စလုပ်ကြတယ်။
လစာ တွေလဲ တဖြေးဖြေးတိုးလာမယ်၊
နောက်ကေန အမြဲတမ်းလိုက်တိုးနေတဲ့
အရာတစ်ခုက အသုံးစရိတ်တွေပါပဲ။

လစာတိုးလာတော့
လူနေမှုပုံစံ(life style)ကို မြင့်တင်လိုက်တယ်၊
ဝင်ငွေနဲ့အညီ လိုက်ပြီးပြောင်းလဲတယ်။
မှားယွင်းပါတယ်။

လူတိုင်းနီးပါး ဖြစ်နေသည့် ပြသနာပါ။
စာရေးသူကိုယ်တိုင်လဲ ဖြစ်ဖူးပါတယ်။

ယခုခေတ် အသုံးအဆောင်များ
ပစ္စည်းများစွာကလည်း မက်မောစရာတွေပါ။
နေရာတိုင်းမှာလည်း ကြော်ငြာတွေချည်းပဲ
တစ်မျိုးပြီးတမျိုး မရိုးနိုင်အောင်
ကြော်ညာတွေ ခဏခဏတွေ့ပါများလာတော့။

ဦးနှောက်ရဲ့ အတွေးအခေါ်လဲပြောင်း၊
ကိုယ်ပဲ အဲ့ဒီအရာကို မရှိမဖြစ်
လိုအပ်နေသလိုလို၊
အဲ့ဒီ အသုံးအဆောင်ကို သုံးနိုင် မှ
အဲ့ဒီ အရာကို ရှိ မှ ဆိုသည့်
စိတ်တွေပေါ်ပေါက်လာတယ်၊

ဒီလို လိုချင်တပ်မက်မှုက
ငွေမမြဲစေ၊
ငွေကုန်သွားစေတဲ့ အကြောင်းရင်းပါ၊
စိတ်ခိုင်မာဖို့ လိုအပ်ပါတယ်။

အရေးကြီးဆုံး အချက်(၃)ချက်။
၁။ ကိုယ့်ကို သူများနဲ့ မနှိုင်းယှဉ်ပါနဲ့။
၂။ လိုချင်တပ်မက်မှုကို ပယ်ထားပါ။
၃။ လစာတိုးလာပေမဲ့
လူနေမှုပုံစံ၊ အသုံးအဆောင်တွေကို
မပြောင်းလဲပဲ ဘ၀ကို အရင်အတိုင်းပဲ
ဆက်လက်ဖြတ်သန်းသြားပါ။

ငွေသုံးတာ မလောက်ဘူးတွေ၊ ဘာတွေ မပြောပါနဲ့။

လူဆိုတဲ့ အမျိုးက ၀င်ငွေနည်းသည်ဖြစ်စေ၊
များသည်ဖြစ်စေ၊ ငွေဘယ်လောက်ရှိရှိ
ငွေ အကုန်လုံးသုံးတတ်တဲ့ ပညာကိုယ်စီ
ရှိနေကျတာပါပဲ။

လစဉ်လတိုင်း ကိုယ့်ရဲ့ဝင်ငွေကို
၅ ပုံ = ၁ ပုံ ဖြစ်ဖြစ်
၅ ပုံ = ၂ ပုံ ဖြစ်ဖြစ် စုဖြစ်အောင်စုပါ။
မဖြစ်မနေစုပါ၊ ရေရှည်စုပါ၊
အရင်းအနှီး အတွက်ထားပါ။

#ငွေရှာ ကျွမ်းကျင်ရမည်။

ငွေရှာတဲ့ အပိုင်းမှာလည်း အရေးကြီးလှပါတယ်။
လူတစ်ယောက်ရဲ့ဘ၀ စတင်ဖို့
ဘ၀ ပြောင်းလဲသွားဖို့အတွက်
ငွေရှာခြင်းက အဓိကကျပါတယ်။

လူတစ်ယောက် အတွက်
ငွေရှာ မကျွမ်းကျင်ရသည့်
အကြောင်းရင်း (၂)ချက်ရှိပါတယ်။

(1)ကိုယ့်ကိုယုံကြည်မှုမရှိခြင်း၊
အရည်အချင်းရှိရဲ့သားနဲ့ သတ္တိမရှိခြင်း
ကိုယ့်အရည်ချင်းကို အထင်သေးခြင်း၊
လက်ရှိအလုပ်ကလွဲပြီး၊ ကျန်တာ ဘာ မှ
ထပ်လုပ်လိုသည့် စိတ်မရှိခြင်း၊
ငပျင်းကျခြင်း။

ဟုတ်ကဲ့။
အသစ်အဆန်းတွေ အချိန်ရှိရင်
ရှိသလို လုပ်ကြည့်ပါ။
ကိုယ်ပိုင်ကျွမ်းကျင်မှုကို လက်တွေ့အသုံးချပါ။
စမ်းသပ်လုပ်မယ် ဆိုတဲ့အတွေးနဲ့ မလုပ်ပါနဲ့၊
တကယ်လုပ်ပါ၊
ကျဆုံးတိုင်း ပြန်လည်နိုးထပါ။

(2)ငွေရှာမကျွမ်းကျင်ရသည့်
နောက်တစ်ချက်ကတော့၊
လူကိုယ်တိုင်ကိုက မတော်လို့၊
ဘာမှမသိ၊
ဟိုနှစ်က သိပြီးသားဟာကို
ဒီနှစ်မှာပြန်လာလုပ်။
ဒီနှစ်က သိပြီးသားလဲ နောက်နှစ်မှ ပြန်လုပ်၊
မပြောင်းမလဲ ဒီလိုသာ ဖြတ်သန်း၊
လေ့လာဖို့ စိတ်ကူးမရှိ ဘာပညာမှ မတတ်၊

ဟုတ်ကဲ့။
ငွေရှာကျွမ်းကျင်ဖို့။

ဘယ်အလို အရည်အချင်းရှိရမလဲ။
ဘာတွေလေ့လာဖို့လိုအပ်သလဲ။
ရှာဖွေပါ၊ သင်ယူပါ၊ ပြောင်းလဲလိုက်ပါ။

လက်ရှိဝင်ငွေ ဘယ်လောက်ပဲများ များ
ဝင်ငွေ တစ်လှိုင်းထဲသာ ရှိနေခြင်းက
သိပ်မကောင်းပါဘူး။

အပိုဝင်ငွေ ၂ လှိုင်း၊ ၃ လှိုင်း၊ ရှိနိုင်ဖို့ကလဲ
အတော် ကြိုးစားရယူမည့် အရာပါ။

အပိုဝင်ငွေ စရှာခြင်းက။
လစာလောက်တော့ ငွေရမည်မဟုတ်။

သို့သော်
အတွေ့အကြုံသစ်တွေတော့ ရလာမှာပါ။

အပိုဝင်ငွေရှာခြင်းက။
စိတ်ပင်ပန်း၊ လူပင်ပန်းစေမှာပါ။
ပင်ပန်းမှာ မကြောက်ပါနဲ့၊
ဘ၀က မအေးချမ်းနေသေးသ၍
သာယာမှုကိုလဲ မနှစ်သက်သေးသင့်ပါ။

ပင်ပန်းမှုဟာ မသေစေနိုင်ပါဘူး၊
ပင်ပန်းမှုဟာ ကြီးပွားစေမည့်အရာဖြစ်ပါတယ်။

ဝင်ငွေကျွမ်းကျင်စွာရှာနိုင်သည့် လူတွေရဲ့
အရည်အချင်း (၃)ချက် ရှိပါတယ်။

၁။ လူတော်ဖြစ်ပြီး၊ ဗဟုသုတများအမြဲလေ့လာနေခြင်း။

၂။ သူတို့ရဲ့ အရည်အချင်း လုပ်ရည်ကိုင်ရည်တွေဟာ ဈေးကွက်လိုအင်အားဖြစ်နေခြင်း။ လူအများရဲ့ ပြသာနာကို ဖြေရှင်းပေးနိုင်ခြင်း။
လူအများရဲ့ လိုအပ်ချက်ကို ဖြည့်စွမ်းပေးနိုင်ခြင်း။

၃။ကိုယ့်ကို ကြော်ငြာတတ်ခြင်း။
ကိုယ့်အရည်အချင်း၊ ကိုယ့်ကျွမ်းကျင်မှုဟာ လူအများဆီသို့ မည်သို့၊ မည်ပုံ အကြိုးပြုနိုင်ကြောင်း အသိပေးနိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။

#ရင်းနှီးတတ်ရမည်။

အရင်းအနှီးပိုင်းမှာလဲ အရေးကြီးလှပါတယ်။

အသက်အရွယ် ကြီးသွားချိန်၊
အလုပ်လုပ်ဖို့ အားအင်တွေ၊
မရှိတော့တဲ့အချိန်မှာ

ငွေအားနှင့် ညဏ်အားတွေ
ရင်းနှီးနိုင်ဖို့တော့ လိုအပ်ပါတယ်။

လူအများပိုင်း
ပထမအရွယ် ငွေရှာဖို့၊ ငွေရဖို့အတွက်၊
လူအား၊ ညဏ်အား၊ အချိန်တို့ကို
လဲလည်ရတယ်၊ ရင်းနှီးရတယ်။

ငွေရဖို့။
(၁)ရက်စာ အချိန်နှင့် လဲတယ်။
(၁)လစာ အချိန်နှင့် လဲတယ်။
(၁)နှစ်စာ အချိန်နှင့် လဲတယ်။
တာတွေဟာလဲ ရင်းနှီးရတဲ့အရာတွေပါ။

အသက်ကြီးသွားချိန်မွာ
ခန္ဒာကိုယ်အင်အားတွေ မရှိတော့ပေမဲ့၊
ငွေအား၊ ညဏ်အားတို့ကို အသုံးပြုပြီး
ပြန်လည် ရင်းနှီးနိုင်ဖို့ လိုအပ်ပါသည်။

အရင်းနှီးဆိုတာ။
ငွေကို အလုပ်ပြန်ခိုင်းဖို့
ညဏ်သုံးတတ်ရင် အောင်မြင်မှာပါ။

ရင်းနှီးမှု ကျွမ်းကျင်ဖို့၊
ပထမဆုံး
ကိုယ့်ကို အရင်ရင်းနှီးထားရတယ်။

ကိုယ့်ကိုဘာကြောင့် ရင်းနှီရတာလဲ
ကိုယ့်ကိုရင်းနှီးမှုဆိုတာ ဘာလဲ???

အနာဂတ် ပိုင်ဆိုင်ချင်တဲ့လုပ်ငန်း
ဥပမာ
ကော်ဖီဆိုင်
ထမင်းဆိုင်
စတိုးဆိုင်
အင်္ကျီဆိုင်
ကားအုံနာ
အိမ်ခြံမြေ

အင်္ကျီဆိုင် ဖွင့်မယ်ဆိုပါတော့၊
အခုပဲ ချက်ချင်းရင်းနှီးနိုင်ဖို့
သိန်း(၇၀)ပေးလိုက်မယ်။

အခုပဲ လုပ်ငန်းစခိုင်းမယ်။
ကဲ........
ဆိုင်ရှာရမယ်
ကုန်ပစ္စည်းအမျိုးအစား ရှာရမယ်
ဘယ်လိုဟာ ရောင်းရမလဲ
ဘယ်လောက်အမြတ်ယူရမလဲ
ရောင်းအားကောင်းအောင်
ဘယ်လိုလုပ်ရမလဲ
အခြားဆိုင်နဲ့ ဘယ်လိုပြိုင်ဆိုင်ရမလဲ

ဒီအချက်တွေနဲ့တင်
ခေါင်းရူပ့်သွားလိမ့်မယ်။
ကြိုတင်ပြင်ဆင်မှု ဘာမျှမရှိတော့
အရင်းနှီ့းပြုတ်ဖို့က များနေတယ်။
မြန်မလား၊ နှေးမလားပဲကွာတယ်။

ကိုယ့်ကိုယ်ကို ရင်းနှီးမှုဆိုတာ
ကိုယ်မသိသေးတဲ့ အရာကို၊ သိအောင်လုပ်
ကိုယ်သိဖို့လိုအပ်တဲ့အရာကို ရအောင်ရှာ
ကိုယ့်လုပ်မယ့် လုပ်ငန်းရဲ့
အားနည်းချက်၊ အားသာချက်ကို
သိအောင်လုပ်၊ ဒါပါပဲ။

ကိုယ်ပိုင်လုပ်ငန်း မရင်းနှီးခင်မှာ
ကိုယ့်ကိုရင်းနှီးထားမှုက အရေးကြီးပါတယ်။

တချို့ အရင်းနှီးလုပ်ငန်းမှာလဲ
ငွေ ပြန်ရဖို့ အချိန်အတိုင်းအတာ တစ်ခု
ယူရတာတွေ ဘာတွေရှိပါတယ်။

ချက်ချင်းရင်းနှီး ချက်ခြင်းရချင်သည့်
လူတွေ အတွက်တော့ ကိုက်ညီမှာမဟုတ်။

ဘယ်လို ရင်းနှီးမှုကိုသဘောကျသလဲဆိုတာ
အခုပဲ စတင်လေ့လာပါ။

ဟုတ်ကဲ့။
ဘာပဲလုပ်လုပ် 'စမ်းလုပ်ကြည့်မယ်'ဆိုတဲ့
အတွေးတွေ မထားပါနှင့်။

အဲ့ဒီအတွေးတွေဟာ
တစ်နေ့မှာ ဒီလုပ်ငန်း၊ ဒီအလုပ်၊
ကျရှုံးမှာပဲ ဆိုသည့်၊
ကြိုတင် ခန့်မှန်းထားတာနှင့် တူပါတယ်။

တကယ်လုပ်ပါ။
ရည်မှန်းချက် ချပြီးမှလုပ်ပါ။
ခေတ်ကို အမြဲလေ့လာပါ။
ကျရှုံးတိုင်း ပြန်လည်နိုးထတဲ့ စိတ်မွေးထားပါ။
ကျရှုံးရတဲ့ အကြောင်းရင်းကို
အဖြေရှာပြီး ပြုပြင်ပါ။

အားလုံး ငွေရေးကြေးရေးအဆင်ပြေကြပါစေ။

Address

34st, Between 75st~76st
Mandalay

Telephone

+959697579897

Website

Alerts

Be the first to know and let us send you an email when ATDM's Gold & Currency Advisory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ATDM's Gold & Currency Advisory:

Share