Diamond World -𝗗𝗪

Diamond World -𝗗𝗪 Taiyo မီးခြစ်၊ Aladdin မီးခြစ်၊ Linc ဘောပင်များကို ၃ဖာထက် အများ ဈေးသက်သာစွာ မြန်မာပြည်အနှံ့ပို့ပေးနေပါတယ်။
📦 လက်ကား / လက်လီ – Messenger မှမှာယူနိုင်ပါတယ်။

💎 ကိုယ့်တန်ဖိုးကို ကိုယ်မဆုံးဖြတ်လိုက်နဲ့တစ်နေ့မှာ ကောင်လေးတစ်ယောက်ကအဖိုးကြီးတစ်ယောက်ကို မေးတယ်…“အဖိုး… ကျွန်တော့်တန်ဖို...
27/08/2026

💎 ကိုယ့်တန်ဖိုးကို ကိုယ်မဆုံးဖြတ်လိုက်နဲ့

တစ်နေ့မှာ ကောင်လေးတစ်ယောက်က
အဖိုးကြီးတစ်ယောက်ကို မေးတယ်…

“အဖိုး… ကျွန်တော့်တန်ဖိုးက ဘယ်လောက်လဲ?”

အဖိုးကြီးက ဘာမှပြန်မပြောဘဲ
ကျောက်တုံးတစ်တုံးကို ကောင်လေးလက်ထဲ ထည့်ပေးလိုက်တယ်။

ပြီးတော့…

“ငါ့တူ… ဒီကျောက်တုံးကို သွားရောင်းကြည့်။
#ဒါပေမယ့်_တကယ်တော့_မရောင်းခဲ့နဲ့…”
#လို့_ပြောလိုက်တယ်။

ကောင်လေးလည်း ကျောက်တုံးကိုယူပြီး
တွေ့သမျှဆိုင်တွေကို ဝင်ပြီး ရောင်းကြည့်တယ်။

#ကုန်စုံဆိုင်ရောက်တော့—

“ဒီကျောက်တုံးအတွက် လူသုံးကုန်ပစ္စည်းတချို့ ပေးမယ်” တဲ့။

#သစ်သီးဆိုင်ရောက်တော့—

“သစ်သီးတချို့နဲ့ လဲမယ်” တဲ့။

#အထည်ဆိုင်ရောက်တော့—

“အထည်တချို့ ပေးမယ်” တဲ့။

နောက်ဆုံး #ရွှေဆိုင်ကို_ရောက်သွားတော့…

“ရွှေတချို့တော့ ပေးနိုင်တယ်” လို့ ပြောတယ်။

ဒါပေမယ့် ကောင်လေးက
ကျောက်တုံးရဲ့ တကယ့်တန်ဖိုးကို မသိသေးဘူး။

နောက်ဆုံးမှာ #ကျောက်မျက်ရတနာတွေအကြောင်း
#တကယ်နားလည်တဲ့သူတစ်ယောက်ဆီ ရောက်သွားတယ်။

သူက ကျောက်တုံးကို သေချာကြည့်ပြီး…

“ဒီကျောက်တုံးကို ကျွန်တော် မဝယ်နိုင်ပါဘူး…”

ကောင်လေးက အံ့ဩသွားတယ်။

“ဘာလို့လဲ?”

သူက ပြန်ပြောတယ်…

“ဒီကျောက်တုံးရဲ့တန်ဖိုးက
ကျွန်တော်တို့ ပေးနိုင်တဲ့ငွေထက် အများကြီးပိုတယ်။
တစ်တိုင်းပြည်လုံးတောင် ဝယ်လို့ရလောက်တဲ့ တန်ဖိုးရှိတယ်…”

#ကောင်လေးလည်း_အံ့ဩပြီး
အဖိုးကြီးဆီ ပြန်သွားတယ်။

အဖြစ်အပျက်အားလုံးကို ပြောပြလိုက်တော့
အဖိုးကြီးက ပြုံးပြီး ပြောတယ်…

“ #ငါ့တူ…
#ကိုယ့်တန်ဖိုးကို_ဘယ်သူတွေ_ဘယ်လောက်မြင်မြင်
#ကိုယ့်တန်ဖိုးကို_ကိုယ်_မဆုံးဖြတ်လိုက်နဲ့…”

“လူတိုင်းက သူတို့နားလည်သလောက်၊
သူတို့လက်ခံနိုင်သလောက်နဲ့ပဲ
မင်းရဲ့တန်ဖိုးကို ဆုံးဖြတ်ကြလိမ့်မယ်…”

🌱 ဒီ Story က ပေးတဲ့ သင်ခန်းစာ

ဘဝမှာလည်း ဒီလိုပါပဲ။

#မင်းရော_ငါရောအတွက်

တချို့လူတွေက
မင်းလုပ်နိုင်တာကို မမြင်ဘူး။

တချို့က မင်းရဲ့ကြိုးစားမှုကို မမြင်ဘူး။

တချို့က မင်းရဲ့ကောင်းကျိုးတွေကို မမြင်ဘဲ
မင်းရဲ့အမှားတစ်ခုကိုပဲ မြင်ကြတယ်။

တချို့ကတော့
မင်းကို သူတို့ရဲ့အမြင်၊ သူတို့ရဲ့အတွေ့အကြုံနဲ့ပဲ
တန်ဖိုးဖြတ်ကြလိမ့်မယ်။

ဒါပေမယ့်…
သူတို့မမြင်တာကြောင့် မင်းတန်ဖိုးမရှိတာ မဟုတ်ဘူး။

လူမှားတဲ့နေရာမှာ ရပ်ပြီး
ကိုယ့်တန်ဖိုးကို သက်သေပြဖို့ အချိန်မကြိုးစားနဲ့။

ကိုယ့်တန်ဖိုးကို သိတဲ့သူတွေကြားမှာ
ကိုယ်ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ
အချိန်က သက်သေပြသွားလိမ့်မယ်။

သူများရဲ့ အမြင်နဲ့
ကိုယ့်တန်ဖိုးကို မတိုင်းတာပါနဲ့။

ကိုယ့်တန်ဖိုးကို ကိုယ်သိထားပါ။
ကိုယ့်လမ်းကို ကိုယ်ဆက်လျှောက်ပါ။ 💎

23/08/2026

ကိုဒေဂ အစွဲလန်းကြီးဒယ်🤨

📦 BABY TALCUM POWDER 👶 Baby Talcum Powder လက်ကျန် Stock ရှိပါတယ်။ဆိုင်တင်ရောင်းရန်၊ ပြန်လည်ဖြန့်ချိရန်အတွက် Wholesale ဝယ...
23/08/2026

📦 BABY TALCUM POWDER

👶 Baby Talcum Powder လက်ကျန် Stock ရှိပါတယ်။

ဆိုင်တင်ရောင်းရန်၊ ပြန်လည်ဖြန့်ချိရန်အတွက် Wholesale ဝယ်ယူလိုသူများ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

📦 Wholesale Only
📞 09 896117005
📞 09 969705788

💬 ဈေးနှုန်းနှင့် လက်ကျန် Stock ကို Viber မှာလည်း မေးမြန်းနိုင်ပါတယ်။

https://invite.viber.com/?g2=AQAqz5VOp9Jf3FV%2B04iKDqxWozQBouK99OZwtfYy2%2FggExchriYq2fJHzd3l4KS2

#ဖန်ဖန်ပေါင်ဒါ





#ပစ္စည်းလက်ကား
#လက်ကားရောင်းဝယ်ရေး

“စီးပွားရေး” နဲ့ “ကြီးပွားရေး” တူတယ်ထင်‌နေတုန်းလား? 🤔တကယ်တော့ မတူပါဘူး…စီးပွားရေး ဆိုတာ💰 ငွေရှာဖို့📦 ကုန်ပစ္စည်းရောင်းဝယ...
17/08/2026

“စီးပွားရေး” နဲ့ “ကြီးပွားရေး” တူတယ်ထင်‌နေတုန်းလား? 🤔

တကယ်တော့ မတူပါဘူး…

စီးပွားရေး ဆိုတာ
💰 ငွေရှာဖို့
📦 ကုန်ပစ္စည်းရောင်းဝယ်ဖို့
📈 အမြတ်ရဖို့
လုပ်ကိုင်နေခြင်းပါ။

ဒါပေမယ့်…

ကြီးပွားရေး ဆိုတာကတော့
ဒီနေ့ရတဲ့အမြတ်ကို ဒီနေ့ပဲ သုံးပစ်တာမဟုတ်ဘဲ
👉 လုပ်ငန်းထဲ ပြန်ရင်းနှီး
👉 အရင်းအနှီးတိုး
👉 Customer တိုး
👉 လုပ်ငန်းစနစ်ကောင်းအောင် ပြင်
👉 တဖြည်းဖြည်းနဲ့ ကိုယ့်ဘဝပါ တိုးတက်လာအောင် လုပ်ခြင်းပါ။

“စီးပွားရေးလုပ်တာ” နဲ့
“စီးပွားရေးလုပ်ပြီး ကြီးပွားလာတာ”
မတူပါဘူး။

💡 ငွေရှာနိုင်တာက စီးပွားရေး၊
ငွေကို စီမံပြီး တိုးပွားအောင်လုပ်နိုင်တာက ကြီးပွားရေး။

ဒီနေ့ ဘယ်လောက်ရောင်းရလဲဆိုတာထက်
မနက်ဖြန်မှာ ဒီနေ့ထက် ပိုကောင်းအောင် ဘာလုပ်ထားလဲ ဆိုတာက ပိုအရေးကြီးပါတယ်။ ❤️

#စီးပွားရေး
#ကြီးပွားရေး

🧴 GARNIBO SHAMPOO & BODY SOAP🌿 BUBBLE BODY WASH🔵 GARNIBO OLIVE SHAMPOO• Hair Nutrition Care — ဆံသားကို အာဟာရဖြည့်တင်းပေး...
16/08/2026

🧴 GARNIBO SHAMPOO & BODY SOAP
🌿 BUBBLE BODY WASH

🔵 GARNIBO OLIVE SHAMPOO
• Hair Nutrition Care — ဆံသားကို အာဟာရဖြည့်တင်းပေးခြင်း
• Anti-Dandruff Care — ဗောက်ဖြစ်ခြင်းကို ကူညီထိန်းချုပ်ပေးခြင်း
• Smooth & Silky Hair — ဆံသားနူးညံ့ချောမွေ့စေခြင်း

⚪ GARNIBO ALOE SHAMPOO
• Moisture & Nutrition — ဆံသားကို အစိုဓာတ်နှင့် အာဟာရဖြည့်ပေးခြင်း
• Hair Care — ဆံသားကို ကျန်းမာနူးညံ့စွာ ထိန်းသိမ်းပေးခြင်း
• Anti-Dandruff Care — ဗောက်ဖြစ်ခြင်းကို ကူညီထိန်းချုပ်ပေးခြင်း

🥛 GARNIBO GOAT MILK BODY SOAP
• Goat Milk Enriched — ဆိတ်နို့အာဟာရဖြင့် အသားအရေကို ပြုစုစောင့်ရှောက်ပေးခြင်း
• Moisturizing Care — အသားအရေကို အစိုဓာတ်ဖြည့်ပေးခြင်း
• Soft & Smooth Skin — အသားအရေ နူးညံ့ချောမွေ့စေခြင်း

🟢 BUBBLE BODY WASH

🌿 HERBAL
Rejuvenating & Moisturizing — အသားအရေကို လန်းဆန်းစေပြီး အစိုဓာတ်ဖြည့်ပေးခြင်း

🍓 SUPER FRUIT
Brightening & Nourishing — အသားအရေကို ကြည်လင်ဝင်းပစေပြီး အာဟာရဖြည့်ပေးခြင်း

🥛 GOAT MILK
Radiant & Moisturizing — အသားအရေကို ဝင်းပနူးညံ့စေပြီး အစိုဓာတ်ဖြည့်ပေးခြင်း

💧 Moisturizing & Skin Nourishing
အသားအရေကို အစိုဓာတ်ဖြည့်ပြီး အာဟာရပြည့်ဝစွာ ပြုစုစောင့်ရှောက်ပေးခြင်း

✨ For Soft, Smooth & Healthy-Looking Skin
နူးညံ့ချောမွေ့ပြီး ကျန်းမာဝင်းပတဲ့ အသားအရေအတွက်

📦 WHOLESALE ONLY

🧴 550 ml — 12 pcs
🧴 900 ml — 8 pcs

💰 Wholesale Price — Please Contact Us

☎️ 09 896117005
☎️ 09 969705788

#လက်ကား #လက်ကားပစ္စည်း #အလှကုန်လက်ကား ်ကား ်ကား

13/08/2026

မနိုင်စိန်တို့အဖွဲ့ကပါ😁

09/08/2026

✏️🖊️ စာရေးကိရိယာ ရှာဖွေနေသူများအတွက်

ခဲတံမျိုးစုံ ✏️ | ဘောပင်မျိုးစုံ 🖊️
စာရေးကိရိယာဆိုင်များ၊ ကျောင်းသုံးပစ္စည်းဆိုင်များနဲ့ ပြန်လည်ရောင်းချလိုသူများအတွက် Wholesale ရရှိပါတယ်။ 📦

လိုအပ်တဲ့ စာရေးကိရိယာတွေကို
Diamond World - DW မှာ တစ်နေရာတည်း ရှာဖွေဝယ်ယူနိုင်ပါတယ်။ 🤝

#စာရေးကိရိယာ
#ခဲတံ
#ဘောပင်
#ခဲတံမျိုးစုံ
#ဘောပင်မျိုးစုံ


#စာရေးကိရိယာလက်ကား


#လက်ကား
#လက်ကားပစ္စည်း
#ဆိုင်သုံးပစ္စည်း
#ကျောင်းသုံးပစ္စည်း
#စာရေးကိရိယာဆိုင်

08/08/2026

ODOMOS Mosquito Repellent Cream

ဆိုင်အတွက် ပြန်လည်ရောင်းချဖို့၊
Stock တင်ထားချင်တဲ့ Wholesale Client များအတွက် ODOMOS ရောက်ရှိထားပါပြီခင်ဗျာ 🦟✨

ပါဝင်မှု
📦 1 Carton = 100g × 36 pcs
🎁 FOC = 23g × 36 pcs

💰 ဈေးနှုန်းကို page မှာ မကြေညာထားပါခင်ဗျာ။
လက်ရှိဈေးနှုန်းနှင့် Order / Stock အခြေအနေများကို သိရှိလိုပါက—

☎️ 09 896117005
☎️ 09 969705788
📱 Viber မှတစ်ဆင့်လည်း မေးမြန်းနိုင်ပါတယ်။

📢 နေ့စဉ် Update Price များကို Viber Channel မှာ တင်ပေးနေပါတယ်။
Wholesale ဈေးနှုန်းတွေ၊ ပစ္စည်းအသစ်ရောက်ရှိမှုနဲ့ Promotion တွေကို မလွတ်ချင်ရင် Viber Channel ကို Join ထားပေးပါခင်ဗျာ။ ❤️

Diamond World Distribution
Wholesale Only | Daily Price Update

#ခြင်လိမ်းဆေး

Diamond World -𝗗𝗪

 #ပုရွက်ဆိတ်နဲ့_နှံကောင်_ပုံပြင်က_ကလေးတွေအတွက်ပဲ ထင်ခဲ့တာ...စီးပွားရေးလုပ်လာတော့မှ သိတယ်။ရောင်းအားကောင်းတဲ့အချိန်မှာ"အမြ...
31/07/2026

#ပုရွက်ဆိတ်နဲ့_နှံကောင်_ပုံပြင်က_ကလေးတွေအတွက်ပဲ ထင်ခဲ့တာ...

စီးပွားရေးလုပ်လာတော့မှ သိတယ်။

ရောင်းအားကောင်းတဲ့အချိန်မှာ
"အမြဲဒီလိုပဲ ဖြစ်နေမယ်" လို့ ထင်ရင်...
#နှံကောင်လို ဖြစ်သွားနိုင်တယ်။

ဈေးကွက်အေးတဲ့အချိန်မှာတောင်
ဆက်ရပ်တည်နိုင်တဲ့သူတွေက
ရောင်းကောင်းတုန်းကတည်းက ကြိုပြင်ထားတဲ့ " #ပုရွက်ဆိတ်" တွေပဲ။

စီးပွားရေးမှာ ကံထက်... ကြိုတင်ပြင်ဆင်မှုက ပိုအရေးကြီးတယ်။

ပြတ်စွိပ်တေ🐜💪အေးဆေး😁

မအေးဆေးချင်လည်းမရ🤭
အေးဆေးးအေးဆေးးး🤣🤣🤣

🦟 ODOMOS 100g Stock Ready! 📦မိုးရာသီရောက်လာပြီဆိုတော့... ခြင်မကိုက်ခင် ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံးပါ။✅ မကပ်စေး/ အသား...
17/07/2026

🦟 ODOMOS 100g Stock Ready! 📦

မိုးရာသီရောက်လာပြီဆိုတော့... ခြင်မကိုက်ခင် ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံးပါ။

✅ မကပ်စေး/ အသားရေမပူတဲ့ Non-Sticky Formula ✅ Vitamin E & Almond Oil ပါဝင်
✅ ကလေး၊ လူကြီး အသုံးပြုနိုင်
✅ ခြင်ရန်မှ ၈ နာရီအထိ ကာကွယ်ပေးနိုင်

🎁 လက်ရှိ Promotion 📦 1 Carton = 100g × 36 pcs 🎁 FREE 23g × 36 pcs

⚠️ Promotion ပါတဲ့ Stock က အရေအတွက်အကန့်အသတ်ရှိတာကြောင့် လိုအပ်တဲ့ဆိုင်များ အမြန် Order တင်ထားဖို့ အကြံပြုပါတယ်။

💬 ဈေးနှုန်းအသေးစိတ်ကို Chat Box (သို့) Viber မှာ မေးမြန်းနိုင်ပါတယ်။

📢 Price Update 📈 | Stock Update
📦 | Promotion 🎁 များကို Viber Channel မှာ အမြဲတင်ပေးနေတာမို့ Channel ဝင်လိုသူများ "Hi" လို့ ပို့ပြီး Join လုပ်နိုင်ပါတယ်။

☎️ 09 896117005
☎️ 09 969705788

🏪 Diamond World Distribution
📍 Mandalay, Maharaungmyay Township

လက်ကားရောင်းချခြင်းသာ ✔️

#ခြင်လူးဆေး

Address

36-37 Street 86-87 Bt Maharaungmyae
Mandalay
05033

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+959896117005

Alerts

Be the first to know and let us send you an email when Diamond World -𝗗𝗪 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Diamond World -𝗗𝗪:

Shortcuts

Share