27/08/2026
💎 ကိုယ့်တန်ဖိုးကို ကိုယ်မဆုံးဖြတ်လိုက်နဲ့
တစ်နေ့မှာ ကောင်လေးတစ်ယောက်က
အဖိုးကြီးတစ်ယောက်ကို မေးတယ်…
“အဖိုး… ကျွန်တော့်တန်ဖိုးက ဘယ်လောက်လဲ?”
အဖိုးကြီးက ဘာမှပြန်မပြောဘဲ
ကျောက်တုံးတစ်တုံးကို ကောင်လေးလက်ထဲ ထည့်ပေးလိုက်တယ်။
ပြီးတော့…
“ငါ့တူ… ဒီကျောက်တုံးကို သွားရောင်းကြည့်။
#ဒါပေမယ့်_တကယ်တော့_မရောင်းခဲ့နဲ့…”
#လို့_ပြောလိုက်တယ်။
ကောင်လေးလည်း ကျောက်တုံးကိုယူပြီး
တွေ့သမျှဆိုင်တွေကို ဝင်ပြီး ရောင်းကြည့်တယ်။
#ကုန်စုံဆိုင်ရောက်တော့—
“ဒီကျောက်တုံးအတွက် လူသုံးကုန်ပစ္စည်းတချို့ ပေးမယ်” တဲ့။
#သစ်သီးဆိုင်ရောက်တော့—
“သစ်သီးတချို့နဲ့ လဲမယ်” တဲ့။
#အထည်ဆိုင်ရောက်တော့—
“အထည်တချို့ ပေးမယ်” တဲ့။
နောက်ဆုံး #ရွှေဆိုင်ကို_ရောက်သွားတော့…
“ရွှေတချို့တော့ ပေးနိုင်တယ်” လို့ ပြောတယ်။
ဒါပေမယ့် ကောင်လေးက
ကျောက်တုံးရဲ့ တကယ့်တန်ဖိုးကို မသိသေးဘူး။
နောက်ဆုံးမှာ #ကျောက်မျက်ရတနာတွေအကြောင်း
#တကယ်နားလည်တဲ့သူတစ်ယောက်ဆီ ရောက်သွားတယ်။
သူက ကျောက်တုံးကို သေချာကြည့်ပြီး…
“ဒီကျောက်တုံးကို ကျွန်တော် မဝယ်နိုင်ပါဘူး…”
ကောင်လေးက အံ့ဩသွားတယ်။
“ဘာလို့လဲ?”
သူက ပြန်ပြောတယ်…
“ဒီကျောက်တုံးရဲ့တန်ဖိုးက
ကျွန်တော်တို့ ပေးနိုင်တဲ့ငွေထက် အများကြီးပိုတယ်။
တစ်တိုင်းပြည်လုံးတောင် ဝယ်လို့ရလောက်တဲ့ တန်ဖိုးရှိတယ်…”
#ကောင်လေးလည်း_အံ့ဩပြီး
အဖိုးကြီးဆီ ပြန်သွားတယ်။
အဖြစ်အပျက်အားလုံးကို ပြောပြလိုက်တော့
အဖိုးကြီးက ပြုံးပြီး ပြောတယ်…
“ #ငါ့တူ…
#ကိုယ့်တန်ဖိုးကို_ဘယ်သူတွေ_ဘယ်လောက်မြင်မြင်
#ကိုယ့်တန်ဖိုးကို_ကိုယ်_မဆုံးဖြတ်လိုက်နဲ့…”
“လူတိုင်းက သူတို့နားလည်သလောက်၊
သူတို့လက်ခံနိုင်သလောက်နဲ့ပဲ
မင်းရဲ့တန်ဖိုးကို ဆုံးဖြတ်ကြလိမ့်မယ်…”
🌱 ဒီ Story က ပေးတဲ့ သင်ခန်းစာ
ဘဝမှာလည်း ဒီလိုပါပဲ။
#မင်းရော_ငါရောအတွက်
တချို့လူတွေက
မင်းလုပ်နိုင်တာကို မမြင်ဘူး။
တချို့က မင်းရဲ့ကြိုးစားမှုကို မမြင်ဘူး။
တချို့က မင်းရဲ့ကောင်းကျိုးတွေကို မမြင်ဘဲ
မင်းရဲ့အမှားတစ်ခုကိုပဲ မြင်ကြတယ်။
တချို့ကတော့
မင်းကို သူတို့ရဲ့အမြင်၊ သူတို့ရဲ့အတွေ့အကြုံနဲ့ပဲ
တန်ဖိုးဖြတ်ကြလိမ့်မယ်။
ဒါပေမယ့်…
သူတို့မမြင်တာကြောင့် မင်းတန်ဖိုးမရှိတာ မဟုတ်ဘူး။
လူမှားတဲ့နေရာမှာ ရပ်ပြီး
ကိုယ့်တန်ဖိုးကို သက်သေပြဖို့ အချိန်မကြိုးစားနဲ့။
ကိုယ့်တန်ဖိုးကို သိတဲ့သူတွေကြားမှာ
ကိုယ်ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ
အချိန်က သက်သေပြသွားလိမ့်မယ်။
သူများရဲ့ အမြင်နဲ့
ကိုယ့်တန်ဖိုးကို မတိုင်းတာပါနဲ့။
ကိုယ့်တန်ဖိုးကို ကိုယ်သိထားပါ။
ကိုယ့်လမ်းကို ကိုယ်ဆက်လျှောက်ပါ။ 💎