ကမ္ဘာ့ရွှေအကြံပေး - နှင်းနှင်း

  • Home
  • Myanmar
  • Mandalay
  • ကမ္ဘာ့ရွှေအကြံပေး - နှင်းနှင်း

ကမ္ဘာ့ရွှေအကြံပေး - နှင်းနှင်း Hi

I have reached 4K followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉
05/06/2024

I have reached 4K followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉

သူဌေးဖြစ်ချင်ရင်ဒါတွေ ရှောင်ပါ .၁။ တီဗွီကြည့်ပြီး အချိန်ကုန်မခံပါနဲ့။သူဌေးတွေက ဘယ်တော့မှ ရုပ်မြင်သံကြားအစီအစဉ်တွေ၊ ဇာတ်လ...
13/02/2024

သူဌေးဖြစ်ချင်ရင်
ဒါတွေ ရှောင်ပါ .

၁။ တီဗွီကြည့်ပြီး အချိန်ကုန်မခံပါနဲ့။
သူဌေးတွေက ဘယ်တော့မှ
ရုပ်မြင်သံကြားအစီအစဉ်တွေ၊
ဇာတ်လမ်းတွေကြည့်ပြီး
အချိန်ကုန် မခံကြပါဘူး။
တီဗွီကြည့်မယ့်အစား
စာအုပ်တွေပဲ ဖတ်နေလေ့ရှိပါတယ်။
Elon Musk ကနေ
Warren Buffett အထိ
နာမည်ကျော် လုပ်ငန်းရှင်
သူဌေးတွေအားလုံးဟာ
တစ်နေ့တာရဲ့
အချိန်တော်တော်များများကို
စာဖတ်ခြင်းဖြင့်
ကုန်ဆုံးတတ်ကြပါတယ်။
စာဖတ်တဲ့နေရာမှာလည်း
အပျော်ဖတ်စာပေတွေထက်
ပညာရမယ့်၊ တိုးတက်မှု
တစ်စုံတစ်ရာ ရရှိနိုင်မယ့်
စာအုပ် စာပေတွေကိုပဲ
ဖတ်လေ့ရှိပါတယ်။

၂။ ဘယ်တော့မှ
တစ်ဦးတည်း သီးခြားခွဲထွက်
မနေပါနဲ့။
သူဌေးတွေအားလုံးက
လူမှုဆက်ဆံရေး
ကောင်းကြသူတွေချည်းပဲ ဖြစ်ပါတယ်။
သူတို့ဟာ အမြဲတမ်းလိုလို
မိတ်ဆွေသစ်တွေနဲ့ တွေ့ဆုံပြီး
စကားစမြည်
ပြောနေလေ့ရှိပါတယ်။
ဒီလို့ လူမှုဆက်ဆံရေး
ကောင်းမွန်တာဟာ အောင်မြင်မှုရဲ့
သော့ချက်ဖြစ်တယ် ဆိုတာကို
သူတို့တွေက သေချာသိရှိထားကြပြီး
သူတို့ရဲ့ လူမှုကွန်ယက်ကို
တိုးချဲ့နိုင်ဖို့ အားထည့်ကြပါတယ်။

၃။ အပိုတွေလျှောက် မတွေးပါနဲ့။
အောင်မြင်တဲ့လုပ်ငန်းရှင်တိုင်းဟာ
သူတို့ရဲ့ပင်ကိုယ် သိစိတ်ကို
ယုံကြည်စွာအသုံးပြုလေ့ရှိပြီး
အများကြီး
လျှောက်တွေးလေ့မရှိပါဘူး။
( အကျိုးဆက်တွေကို
သေချာမသုံးသပ်တာမျိုးကို
ဆိုလိုတာတော့ မဟုတ်ပါဘူး )
ဆင်ခြင်သုံးသပ်မှုတွေနဲ့
အချိန်ကုန် မခံတာမျိုးကို
ဆိုလိုတာဖြစ်ပါတယ်။
လုပ်ဆောင်ရမယ့် အရာတွေကို
သေချာ ဆင်ခြင်
သုံးသပ်ပြီးပြီ ဆိုတာနဲ့
လမ်းကြောင်းတစ်ခုကို ရွေးချယ်ပြီး
လုပ်စရာရှိတာတွေကို
စတင်လုပ်ဆောင်ကြပါတယ်။
ဘယ်တော့မှ နောက်ပြန်လှည့်
ကြည့်လေ့မရှိပါဘူး။

၄။ တကယ် ရင်မဆိုင်ကြည့်ပဲ
အရှုံးမပေးပါနဲ့။
သူဌေးတွေအားလုံးဟာ
ဒုက္ခရောက်လာချိန်မှာ
ဘယ်တော့မှ အရှုံးပေးဖို့
မစဉ်းစားတတ်ကြပါဘူး။
ကျရှုံးမှုတွေ
အဆင်မပြေမှုတွေ အားလုံးကို
ဇွဲရှိရှိနဲ့ ကျော်ဖြတ်ကြပါတယ်။
လုပ်ငန်းရှင်အများစုဟာ
လုပ်ဖော်ကိုင်ဖက်တွေ၊
မိတ်ဆွေ၊ မိသားစု၀င်တွေရဲ့
ဝေဖန်ပြစ်တင်မှုတွေ
ခံရလေ့ရှိပေမယ့်
လက်မလျှော့တတ်ကြပါဘူး။
အောင်မြင်သူအစစ်တွေက
ဘယ်တော့မှ နောက်ကောက်ကျ
မကျန်နေခဲ့ပါဘူး။

၅။ အားကစားလုပ်ဖို့ မမေ့ပါနဲ့။
ချမ်းသာ အောင်မြင်နေတဲ့
လုပ်ငန်းရှင်တိုင်းဟာ
မနက်ခင်းမှာ လေ့ကျင့်ခန်း
လုပ်တတ်ကြပါတယ်။
သူတို့အတွက် မနက်ခင်း
လေ့ကျင့်ခန်းလုပ်တာဟာ နေ့စဉ်
လုပ်ငန်းဆောင်တာတွေ အတွက်
အာရုံစူးစိုက်နိုင်ပြီး၊
လုပ်ငန်းပြီးမြောက်မှုကို
တိုးတက်လာစေဖို့
အကျိုးသက်ရောက်မှု
ရှိတယ်ဆိုတာကို
နားလည်ကြပါတယ်။

၆။ အိပ်ရာထနောက်မကျပါနဲ့။
အောင်မြင်တဲ့သူ အများစုဟာ
မနက်စောစော
အိပ်ရာ ထတတ်ကြသူတွေ
ချည်းပဲဖြစ်ပါတယ်။
သူတို့ဟာ ဘယ်တော့မှ
အိပ်ရာထဲမှာကွေးနေပြီး
အလုပ်နောက်ကျခံတဲ့အထဲမှာ
မပါကြပါဘူး။

၇။ မပျင်းပါနဲ့။
အောင်မြင်သူ အများစုဟာ
သူတို့ပတ်၀န်းကျင်မှာ
လေ့လာစရာ အခွင့်အလမ်းတွေ
အမြဲတမ်းရှိနေတာကို
သိကြတဲ့အတွက်
ပျင်းနေတယ်ဆိုတာ မရှိပါဘူး။
ထိုင်ပြီး ပျင်းနေမယ့်အစား
မိတ်ဆွေသစ်တွေနဲ့ တွေ့ဆုံဖို့၊
သင်တန်းတွေတက်ဖို့၊
စာအုပ်တွေဖတ်ဖို့၊ စသဖြင့်
အရည်အချင်းနဲ့ အသိပညာ
ဗဟုသုတေတြ တိုးလာဖို့ကိုပဲ
အမြဲအားထုတ်နေတတ်ကြပါတယ်။

သန်းကြွယ် ကုဋေ့ကြွယ်သော
သူဌေးကြီးများ ဖြစ်ကြပါစေခင်ဗျား . . ။

Credit

အတွေ့အကြုံက စျေးကြီးတယ်""""""""""""""""""""""""""""""""""""""""""" ဧရာမသင်္ဘောကြီး၏ အင်ဂျင်ပျက်သွားသည်။မည်သူမျှ မပြုပြင်...
07/02/2024

အတွေ့အကြုံက စျေးကြီးတယ်
"""""""""""""""""""""""""""""""""""""""""""

ဧရာမသင်္ဘောကြီး၏ အင်ဂျင်ပျက်သွားသည်။
မည်သူမျှ မပြုပြင်နိုင်ကြ။
ထို့ကြောင့် အတွေ့အကြုံ နှစ် ၄၀ ကျော်ရှိသော စက်ပြင်အင်ဂျင်နီယာထံ ပို့လိုက်ကြလေသည်။

စက်ပြင်ဆရာက အင်ဂျင်ကို အပေါ်ကနေ အောက်အထိ သေသေချာချာစစ်ဆေးသည်။

အားလုံးကိုစစ်ပြီးနောက် အင်ဂျင်နီယာသည် အိတ်ထဲမှ တူလေးတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။

အင်ဂျင်စက် တစ်နေရာကို ကို ညင်သာစွာ ခေါက်လိုက်သည်။ မကြာခင်မှာ အင်ဂျင်ပြန်အသက်ဝင်လာသည်။ အားလုံးကောင်းသွားလေပြီ။

အင်ဂျင်နီယာက ဧရာမသင်္ဘောကြီးကို ပြုပြင်ရန် စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ 10,000 - တစ်သောင်း ဖြစ်ကြောင်း ပိုင်ရှင်ကို ပြောကြားခဲ့ပါသည်။

"ဘယ်လို....?" ဟု ပိုင်ရှင်က မကြေမနပ်နှင့် မေးသည်။

"မင်း ဘာမှ ပြင်ရတာလဲမဟုတ်ဘူ။ ငါ့ကို အသေးစိတ် ဘေလ်ရေးပေးပါ။"

စက်ပြင်ဆရာက
ဘောလ်ထဲမှာ ဤကဲ့သို့ ရေးလိုက်ပါတယ်..
- တူဖြင့် ခေါက်ခက- $2 နှစ်ဒေါ်လာ။
ဘယ်နေရာကိုခေါက်ရမယ် နှင့် ဘယ်နှစ်ချက် ခေါက်ရမယ်ဆိုတာ အတွက် ပညာကြေးက - $9,998 ( ကိုးထောင်ကိုးရာကိုးဆယ့်ရှစ်ဒေါ်လာ ) ဟူ၍ဖြစ်သည်။

သတိပြုစရာ.....

တစ်ခါတလေမှာ -
"လွယ်လွယ်လေး " နဲ့ "ဒါလေးပဲဟာ" ဆိုတဲ့ စကားလုံးတွေကို ဘေးဖယ်ထားသင့်ပါတယ်။
ပညာရှင်တယောက်ဟာ အတွေ့အကြုံနှင့် ကျွမ်းကျင်မူရရန် အများကြီး ကြိုးစားခဲ့ရပါတယ်။

(အလုပ်တစ်ခုကို မိနစ် 30 နှင့် ပြီးလျင်၊ ဤကဲ့သို့ မိနစ် 30 နဲ့ ပြီးသွားအောင် 10 နှစ်လောက် အချိန်ပေး လေ့လာ သင်ယူခဲ့ရခြင်းဖြစ်သည်။
ဒါကြောင့်ပေးရတဲ့လုပ်ခဟာ ဆယ်နှစ် လောက်လေ့လာခဲ့ရတဲ့ ပညာကြေးပါ။မိနစ် 30 ရဲ့ ကြာချိန် အတွက်မဟုတ်ပါဘူး။ )

ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံက ဈေးကြီးပါတယ်။

ကံမကောင်းစွာပဲ၊ ကျွန်တော်တို့ဟာ အခုချိန်ထိ လူတယောက်ရဲ့ လုပ်အားခကို ကြာချိန်နဲ့ တွက်ဆနေကြတုန်းပါပဲ။

 #အရမ်းကောင်းတဲ့စာသားပါ ===================ပန်းတိုင်ကိုရောက်ဖို့အတွက်လူတွေရဲ့ မျက်လုံးတွေကို မကြည့်ပါနဲ့ ကိုယ့်လမ်းကိုသာ...
21/07/2023

#အရမ်းကောင်းတဲ့စာသားပါ
===================

ပန်းတိုင်ကိုရောက်ဖို့အတွက်
လူတွေရဲ့ မျက်လုံးတွေကို မကြည့်ပါနဲ့
ကိုယ့်လမ်းကိုသာကြည့်ပါ။

အောင်မြင်မှု ရဖို့အတွက်
လူတွေရဲ့စကားတွေကို နားထောင်မနေပါနဲ့ ။
ကိုယ့်ဆုံးဖြတ်ချက်ကိုသာ
ခိုင်ခိုင်မာမာချပါ။

ဘဝတက်လမ်းအတွက်
လူတွေရဲ့ အမူအယာတွေကို ဂရုမစိုက်ပါနဲ့။
ကိုယ်လုပ်သင့်တာကို ရဲရဲဝံ့ဝံ့လုပ်ပါ။

စကားများများ ပြောမိရင်
ရူးနေလားလို့ အထင်ခံရလိမ့်မယ်။

စကားပြန်မပြောရင်လည်း
မာနကြီးတယ်လို့ အထင်ခံရလိမ့်ယ်။

အမြဲတမ်းပြုံးနေရင်
ပေါတောတောလို့ အထင်ခံရလိမ့်မယ်။

တည်တည်ကြည်ကြည် နေမိရင်လဲ
ဘဝင်မြင့်နေတယ်လို့ အထင်ခံရလိမ့်မယ်။

ကိုယ့်ဘဝကို ကိုယ်တိုင်သိနေတာပဲ လို့
သူတစ်ပါးကို မထိခိုက်ပဲ
ကိုယ်အဆင်ပြေသလို နေထိုင်တတ်ဖို့က အရေးကြီးပါတယ်။

သူတစ်ပါးလဲကျနေရင် စေတနာသန့်သန့်နဲ့
ကိုယ်တတ်နိုင်သလောက် ဆွဲထူပေးလိုက်ပါ။

ကိုယ်လဲကျနေရင်တော့ ကိုယ်တိုင်ပဲ
ပြန်ထနိုင်အောင်ကြိုးစားပါ။
ဘာကြောင့်လဲဆိုတော့
ကိုယ့်လို စိတ်ဓာတ်မျိုးက သူတစ်ပါးဆီမှာ ရှိချင်မှရှိမှာ။

မနေ့ကဆိုတာ အတိတ်တခုပါ
မနက်ဖြန်ဆိုတာလဲ အိပ်မက်တစ်ခုပါပဲ။
ဒီနေ့သာလျှင် ဘဝတစ်ခုလေ
ဘဝဆိုတာ ပျော်လည်းတစ်နေ့ မပျော်လည်းတစ်နေ့ပါပဲ။

အကောင်းဆုံးဖြစ်အောင်
ဘယ်လိုဖြတ်သန်း ရမလဲဆိုတာ
ကိုယ့်အပေါ် မှာပဲ မူတည်တယ်။

အရိုးသားဆုံး လူတစ်ယောက် မဖြစ်သေးရင်တောင်
ကိုယ့်ကိုယ်ကို မလိမ်မိစေနဲ့၊ ယုံကြည်မှု မပျက်စေနဲ့
ကိုယ်အတွက် ယုံကြည်ရဆုံးက
ကိုယ်တစ်ယောက်တည်းပဲ ရှိပါတယ်။

စာဖတ်မိတ်ဆွေအားလုံး အောင်မြင်မှုပန်းတိုင်ကို
အမြန်ဆုံးလျှောက်လှမ်းနိုင်ကြပါစေ..............
....
#လူငယ်များအတွက့်စာကြည့်တိုက်

{အသုံးကျအောင် အသုံးချပါ}••••••••••••••••••••••ကျောက်ဆောင်ကြီးတွေက ပင်လယ်ပြင် လှိုင်းကြက်ခွပ်လေးတွေ အပြေးရိုက်ခက်တဲ့အခါ ခ...
14/07/2023

{အသုံးကျအောင် အသုံးချပါ}
••••••••••••••••••••••

ကျောက်ဆောင်ကြီးတွေက ပင်လယ်ပြင် လှိုင်းကြက်ခွပ်လေးတွေ အပြေးရိုက်ခက်တဲ့အခါ ခံနိူင်ရည်ရှိကြပေမယ့် အချိန်တစ်ခုရောက်သွားတဲ့အခါ အဲ့ဒီလှိုင်းသေးသေးလေးတွေကလဲ ကျောက်ဆောင်ကြီးကို ပြိုကျအောင်လှဲဖြိုနိူင်သွားကြတာပါ။

ဒီလိုပဲ ဘဝတွေက ကျောက်ဆောင်ကြီးတွေလို မခိုင်မာဘူးဆိုပြီး အားလျော့နေလို့မှမရတာ ပင်လယ်ပြင်က လှိုင်းသေးသေးလေးတွေလိုဇွဲရှိနေဖို့ပဲလိုတယ်။

အားကျခွင့်ရှိတယ် အားကျလိုက်ပါ
ဒါပေမယ့် လဲကျပြီးရင် ပြန်ထဖို့မမေ့နဲ့ ရင်မဆိုင်ရဲတဲ့စိတ်က
ကိုယ့်ကို ကျ ရှုံးစေနိုင်တယ် မျှော်လင့်ချက် မရှိတဲ့စိတ်ကကိုယ့် ဘဝကို နိမ့်ကျ စေနိုင်တယ်မပြတ်သားတတ်တဲ့စိတ်ကကိုယ့်ကို တွေဝေစေနိုင်တယ်။

သာမာန်ထက် သာတဲ့ဘဝကိုလိုချင်ရင် သာမာန်ထက်ပိုလုပ်ပြရမယ်
ကြိုးစားမှုမရှိတဲ့ ဘယ်အရာကမှ ပန်းတိုင်ကိုမရောက်ပါဘူး။

လူတစ်ယောက် ရင့်ကျက်ခြင်းမရင့်ကျက်ခြင်းကလည်း သူဖြတ်သန်းလာရတဲ့ ဘဝနဲ့ထပ်တူကြပါတယ်။

လောကမှာ တချို့ကအသက်သာ ကြီးသွားတာ အသိတွေ သေးကျန်နေတာရှိတယ်။နှလုံးသားတွေလည်းဒီလိုပါပဲ
ဦးနှောက်က အရွယ်အစားကြီးလာရင် နှလုံးသားက တဖြည်းဖြည်း သေးငယ်လာတတ်တယ်။နှလုံးသား၊ဦးနှောက်နဲ့အသက်အရွယ်တွေအရ ဘဝသင်ခန်းစာတွေနဲ့ ပြည့်နေတဲ့သူက
ပိုရင့်ကျက်တယ်။

ဘဝကကြမ်းတယ်ဆိုတာ ထိုင်ညည်းနေဖို့မဟုတ်ဘူး လောကဓံက ကိုယ်ဘယ်လောက် အထိ ခံနိူင်ရည်ရှိလဲဆိုတာစမ်းသပ်နေတာပါ။

ပန်းခင်းထားတဲ့ လမ်းပဲလျှောက်ချင်နေလို့မရဘူး ဆူးခင်းလမ်းလဲ ဖြတ်လျှောက်ရဲရတယ် ဒါမှလည်း အတွေ့အကြုံကနေရတဲ့ သင်ခန်းစာတွေကို တစ်ဆင့်ချင်း ဘဝအတွက် အသုံးချတတ်မှ အသုံးကျတဲ့သူတစ်ယောက်ဖြစ်မှာပါ။

#မေဆု(ရာမညမြေ)7.7.2023


#ဗဟုသုတ #စာပေ

ဆင်းရဲခြင်း၏ အကြောင်းအရင်းအမှန်တခါတုန်းက အရမ်းကို ဆင်းရဲတဲ့ လူတယောက် ရှိတယ်။ သူ့ကို အရမ်းချမ်းသာတဲ့ လူတယောက်က တွေ့တော့ သ...
05/07/2023

ဆင်းရဲခြင်း၏ အကြောင်းအရင်းအမှန်

တခါတုန်းက အရမ်းကို ဆင်းရဲတဲ့ လူတယောက် ရှိတယ်။ သူ့ကို အရမ်းချမ်းသာတဲ့ လူတယောက်က တွေ့တော့ သနားပြီး သူ့ကို ကြီးပွားလာအောင် ကူညီချင်စိတ်တွေ ပေါ်လာတယ်။

သူဌေးက သူ့ကို နွားတကောင် လက်ဆောင် ပေးခဲ့တယ်။ သူ့ကို လယ်ယာ ထွန်ယက်ဖို့ သေချာ မှာခဲ့တယ်။ အခုချိန် မျိုးစေ့ ကြဲထားပြီး ကောင်းကောင်း ထွန်ယက်ရင် ဒီနှစ်ကုန်ရင် ဆင်းရဲတယ် ဆိုတဲ့ စကားလုံးနဲ့ ဝေးဝေး ခွာနိုင်တော့မှာပါ လို့ ပြောခဲ့တယ်။

သူဆင်းရဲလေးကတော့ အစပိုင်းမှာ မျှော်လင့်ချက် အပြည့်နဲ့ တက်တက်ကြွကြွ လုပ်ရှာတယ်။ ဒါပေမဲ့ ဘယ်လောက်မှ မကြာလိုက်ပါဘူး။ နွားက မြက်စားတယ်၊ လူက ထမင်းစားတယ်။ ဖြတ်သန်းရတဲ့ ဘဝက အရင်က ထက်တောင် ခက်ခဲနေသေးတယ်။

သူဆင်းရဲလေးက ပြန်စဉ်းစားတယ်။ နွားကို ရောင်းလိုက်ပြီး ဆိတ်တချို့ ဝယ်လိုက်ရင် ကောင်းမယ်။ တကောင်ကို အရင် သတ်စားလိုက်ပြီး ကျန်တာတွေကို ဆက်မွေးထား လိုက်မယ်။ ဆိတ်ကလေးတွေ မွေးလာလို့ ကြီးလာရင် ပြန်ရောင်းစားလို့ ရတယ်။ ဒါလည်း တော်တော်လေး အမြတ်ရနိုင်တယ်။

သူဆင်းရဲလေးက သူ့ရဲ့ အစီအစဉ်ကို အကောင်အထည် ဖေါ်လိုက်ပါတယ်။ ဆိတ်တကောင်ပဲ သတ်စားလိုက်တယ်။ နောက်ပိုင်းမှာ ဆိတ်ကလည်း တော်တော်နဲ့ ကလေးမမွေးနိုင်တာနဲ့ မအောင့်နိုင်ဘဲ ဆိတ်နောက်တကောင် သတ်စားလိုက်တယ်။

သူ ပြန်စဉ်းစားတယ်။ ဒီတိုင်းဆို မဖြစ်တော့ဘူး။ ဆိတ်ကိုလည်း ရောင်းပစ်လိုက်ပြီး ကြက်ဝယ်လိုက်ရင် ကောင်းမယ်။ ကြက်က ဥ ဥတာ ပိုမြန်တယ်။ ကြက်ဥကနေ ဝင်ငွေ ချက်ချင်း ရနိုင်တယ်။ ဒါဆိုရင် ငါလည်း နည်းနည်း ချောင်သွားလိမ့်မယ်။

သူစီစဉ်ထားတဲ့ အတိုင်း လုပ်လိုက်ပြန်တယ်။ ဒါပေမဲ့ သူ့ရဲ့ ဘဝက ပြောင်းလဲမှု မရှိဘူး။ ခက်ခဲလာပြန်ပြီ။ နောက်ဆုံးတော့လည်း မနေနိုင်ဘဲ တကောင် သတ်မိပြန်တယ်။ ဒီလိုနဲ့နောက်ဆုံး ကြက်တကောင်ပဲ ကျန်တဲ့အချိန်မှာ သူတော်တော်လေး စိတ်ဓာတ်ကျသွားတယ်။

သူ ပြန်စဉ်းစားတယ်။ ကြီးပွားဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ကြက်ကို ရောင်းပြီး အရက်ဝယ်သောက်တာပဲ ကောင်းပါတယ်။ ဗိုက်ထဲ အရက်ဝင်သွားရင် အတွေးထဲကို အနောက်အယှက် မဝင်တော့ပါဘူးလေ။

နှစ်ကုန်လို့ သူ့ကို ကူညီခဲ့တဲ့ သူဌေး သူ့ဆီကို ပြန်ရောက်လာတယ်။ ပြန်တွေ့လိုက်တာ ကတော့ အရက်လေး တမြမြနဲ့ မူးနေတဲ့ သူကိုတွေ့လိုက်တယ်။ နွားကလည်း မရှိတာကြာရောပေါ့။ အိမ်ကလည်း စုတ်ပြတ်မြဲ စုတ်ပြတ်နေတယ်။ သူဌေးက သူ့ရှေ့မှာ ရှိတဲ့ မြင်ကွင်းကို တွေ့တော့ သက်ပြင်းချလိုက်ပြီး ဘာမှပြန်မပြောပဲ လှည့်ထွက်သွားလိုက်တယ်။

သူဆင်းရဲလေး ကတော့ ဆင်းရဲမြဲ ဆင်းရဲနေတယ်။

ဆင်းရဲတဲ့လူ အများစုမှာလည်း အိပ်မက်ဆိုတာ ရှိခဲ့ပါတယ်။ အခွင့်အရေး ဆိုတာလည်း ကြုံခဲ့ပါတယ်။ ကြိုးလည်း ကြိုးစားခဲ့တယ်။ ဒါပေမဲ့ တစိုက်မက်မက် လုပ်ဖို့ဆိုတာ ခက်ခဲလာတယ်။ စီးပွားရေး လုပ်ငန်းရှင်ကြီးတယောက် သူအောင်မြင်တဲ့ လျှို့ဝှက်ချက်ကို ပြောခဲ့ဖူးတယ်။

“ပိုက်ဆံ မရှိတဲ့အချိန် ဘယ်လောက်ထိဘဲ ခက်ခဲနေပါစေ ရင်းနှီးထားတဲ့ ငွေနဲ့ စုထားတဲ့ငွေကို မထိမိပါစေနဲ့။ ဖိအားက မင်းကို ငွေရှာဖို့ နည်းလမ်းသစ်တွေ ပေးနိုင်တယ်။ အကြွေးရှင်းဖို့ တွန်းအားပေးနိုင်တယ်။ ဒါဟာ ကောင်းတဲ့ အကျင့်လေးတခု ပါတဲ့”

စရိုက်က အကျင့်တခု ဖြစ်စေတယ်။ အဲဒီအကျင့်က အောင်မြင်မှုကို ဆုံးဖြတ်ပေးတယ်။ အောင်မြင်တဲ့သူနဲ့ ကျရှုံးတဲ့သူရဲ့ အဓိက ကွာခြားတဲ့ နေရာကတော့ အောင်မြင်တဲ့သူမှာ ပန်းတိုင်ကို သတ်မှတ်ထားပြီးရင် ရဲရဲချီတက်တယ်။ အခက်အခဲတွေ့ရင် နည်းလမ်းကို ပြောင်းပြီး ထပ်ကြိုးစားတယ်။

ရှုံးနိမ့်တဲ့သူ ကတော့ ပန်းတိုင်ကို သတ်မှတ်ပြီးရင် အခက်အခဲတွေ့တာနဲ့ ပန်းတိုင်ကို ပြောင်းပစ်တယ်။ လမ်းကြောင်းကို ပြောင်းပစ်တယ်။ အစီအစဉ်က ပြောင်းလဲမှုတွေကို ဘယ်လိုမှ လိုက်မမှီဘူး ပေါ့။ ဒါဟာ ဆင်းရဲခြင်း၏ အကြောင်းရင်း အမှန်တွေပဲ ဖြစ်ပါတယ်


Credit
#သတင်းပေါင်းစုံ

တစ်ခါတုန်းက မြို့စျေးတစ်ခုရဲ့ဘေးမှာထီးကို ဝါးလုံးနဲ့ထောက်ထားပြီးထီး တွေ ဖိနပ်တွေ မီးခြစ် ဂက်စ် ထည့်တာတွေလုပ်တဲ့ လူကြီးတစ...
27/06/2023

တစ်ခါတုန်းက မြို့စျေးတစ်ခုရဲ့ဘေးမှာ
ထီးကို ဝါးလုံးနဲ့ထောက်ထားပြီး
ထီး တွေ ဖိနပ်တွေ မီးခြစ် ဂက်စ်
ထည့်တာတွေလုပ်တဲ့ လူကြီးတစ်ဦးရှိတယ်
ဒါပေမယ့် သူ့မှာ ခြေထောက်တစ်ချောင်း
ဒူးဆစ်ကနေ ဖြတ်ထားရတယ်

သူကို အားလုံးက ပေါင်တို လို့ခေါ်ကြတယ်
ဒါပေမယ့် သူကိုအဲ့လိုခေါ်လို့လည်း အပြုံးမပျက်ဘူး
သူပြောနေကြစကားတစ်ခွန်းရှိတယ်

မာန က ဆာလောင်နေသော ဝမ်းကို မပြည့်စေဘူး...။
မာန က လိပ်ပြာလုံစေတယ်တဲ့...။

အပေါ်စာကြောင်းကို လူတိုင်းနားလည်တယ်
ဒုတိယ စာကြောင်းကို တော့ ဘယ်သူမှမသိကြဘူး
ပေါင်တိုကြီးမေးလည်း ဒီလိုပါပဲကွာလို့သာဖြေတယ်

အဲ့ပေါင်တိုကြီးမှာ ရှစ်တန်းအရွယ်တက် နေတဲ့
သားတစ်ယောက်ရှိတယ်
သူ့ သားက ကျောင်းပိတ်ရက်တွေဆို သူ့အဖေဆိုင်ကို
သူဖွင့်ရတယ် ရတဲ့ ပိုက်ဆံကို လိုအပ်တာဝယ်ဖြည့်ပြီး
ပိုတာကို တစ်ပါတ်စာ မုန့်ဖိုးအဖြစ်သုံးရတယ်

တစ်နေ့ ကျောင်းမုန့်စားဆင်းချိန်မှာ
အမြဲတမ်း ထမင်းချိုင့် ကလွဲပြီးမုန့်တွေဘာတွေ
မပါလာတတ်တဲ့ ပေါင်တိုရဲ့သားကို
ဘေးက သူငယ်ချင်းတွေကစတယ်

"ဟေ့ကောင် ပေါင်တိုလေး
မင်းကွာ မုန့်လေး ဘာလေးဝယ်စားပါဦး၊
တစ်ခါတလေ မင်း မဝယ်ချင်လည်းပြော
ငါ့တို့အညောင်းခံဝယ်ပေးပါ့မယ်ကွ"

"ငါကျောင်းလာတတ်တာပါ
မုန့်စားဖို့လာတာမှမဟုတ်တာ
မင်းတို့ စားချင်ရင်ပြောလေ ငါဝယ်ကျွေးပါ့မယ်
ဒီမှာ ပိုက်ဆံ ရော့..."
"ဟေ့ကောင် များလှပါလားကွ"
"အင်း ငါစုထားတာရောမို့ပါ..."

"မင်းကွာ အတော်ကပ်စီးနည်းတာပဲကွ
မင်းမှာ ပိုက်ဆံတွေရှိရက်သားနဲ့
တစ်ခါမှ အဲ့လိုဝယ်မစားဘူး"

"ငါ့ ပိုက်ဆံက သန့်ပါတယ် အဲ့ကြောင့်မသုံးရက်တာ
ဒါ မင်းတို့လို အိမ်က လက်ဖြန့်ထောင်းထားတာ
မဟုတ်ဘူးကွာ ....
မင်းတို့သိချင်ရင် ကျောင်းပိတ်ရက် ငါ့ဆိုင်လာခဲ့လေ
ငါ မုန့်ကျွေးပါ့မယ်၊ စျေးထိပ်နားမှာ ပေါင်တိုဆိုင်လို့
မေးလာခဲ့.."

••••••

"ဟေ့ကောင် ပေါင်တိုလေး ငါ့တို့ရောက်ပြီ
သားငယ် မင်း သူငယ်ချင်းတွေကို တစ်ခုခု
ဧည့်ခံလိုက်လေ"

"ဟုတ်ကဲ့ အဖေ....
"ဦးကျင်နွမ်း ကျွန်တော်ကို ဆီချက်လေးပွဲ
လ္ဘက်ရည်လေးခွက်ပေးပါဦး
သူငယ်ချင်းတွေလာလို့"

"ဟေ့ကောင်တွေစားကြ"
"မောင်လေး ဖိနပ်ချုပ်ချင်.."
"အော် ဟုတ်ကဲ့"

"အစ်မ သဲကြိုးပါ လဲဦးမလား"
"ဘယ်လောက်ကျမလဲ..."
"၇၀၀ ပါ "
"လဲပေးပါမောင်လေး ကန်တော့နော်"

"ရပါတယ်ဗျာ ကန်တော့လုပ်မနေနဲ့"

"ကောင်လေး အန်တီထီး ဘာဖြစ်တယ်မသိဘူး
ဒီကအချောင်းလေးထွက်လာပြီ ပြန်ထည့်မရလို့.."
"၅၀၀ ကျမယ် အန်တီ ခဏစောင့်ရမယ်"

"ဟေ့ကောင်တွေစားလေ
ဘာလို့လဲ"

"မင်းငါတို့ကိုကျွေးတာ ဒီအလုပ် လုပ်ပြီးရတာနဲ့လား"
"ဘာဖြစ်လို့လဲကွ"

"မဟုတ်ပါဘူးကွာ ......
မင်းလုပ်နေတာကြည့်ပြီးမစားရက်လို့ .....
သူများတွေ ခြေမှာနင်းတဲ့ဖိနပ်လည်းမရွံ့မရှာမင်းလက်နဲ့
ကိုင်ပြီးလုပ်ရ သူများတွေကို အရိပ်ပေးတဲ့အရာတွေကို
ချုပ်ရ ရိုက်ရနဲ့ ကွာ"

"ဒီလိုပါပဲကြာ ....
ဒါပေမယ့် ငါလိပ်ပြာသန့်တယ်လေ
ကိုယ့်ရဲ့လုပ်အား ကိုယ့်ရဲ့အတတ်ပညာနဲ့
ငါ အလုပ်လုပ်တယ် ကျောင်းတတ်တယ်
ငါအဖေက ခြေထောက်တစ်ချောင်းမရှိဘူး
ငါ့ကို ဖိနပ်ချုပ်ပြီးကျောင်းထားပေးတယ်

ဒီလိုနားလည်စေဖို့ အတွေးမမှားစေဖို့
အမေဆိုတာငါမှာရှိတယ်

ငါ့အဖေ က ငါဘဝကိုအားငယ်မှာစို့လို့
အမြဲပြောပြတာရှိတယ်

သား လောကကြီးမှာ ခြေတွေလက်တွေသန်မာဖို့ထက်
စိတ်ဓာတ်တွေကြံ့ခိုင်ဖို့ ပိုအရေးကြီးတယ်
လူဆိုတာ နှစ်မျိုးရှိတယ်
မှန်တာလုပ်တဲ့လူရယ်
အမှားကို လုပ်နေတဲ့သူရယ်

ငါမှန်တယ်လို့ ငါ့ကိုယ်ငါခံစားရတယ်
ငါရဲ့ ရိုးသားစွာရှာဖွေရရှိမှုအတွက်
လက်မထောင်နိုင်တဲ့ မာန ငါ့မှာရှိတယ်

မာန ဆိုတာ မကောင်းဘူးလို့ပြောကြတယ်
ငါ့အဖေရဲ့ မာန က ရှင်းရှင်းလေးပဲ
ငါ ရိုးသားစွာရှာဖွေပြီးရတဲ့ ငွေကြေးအပေါ်မှာ
လိပ်ပြာသန့်သန့်နဲ့ လက်မ ရဲရဲထောင်ပြီး
ပျော်အောင်အိပ်မယ်ဆိုတာမျိုးပဲ

မင်းတို့ပြောသလို ငါကပ်စီးနည်းတယ်ပေါ့ကွာ
ငါ ကပ်စီးနည်းတာမဟုတ်ပါဘူး
သုံးစရာ မလိုသေးလို့ပါ

ငါ့အဖေက ငါ့ ကျောင်းပိတ်ရက်တွေဆိုင်မှာ
အလုပ် လုပ်ခိုင်းပြီး ရသမျှကို တစ်ပါတ်စာမုန့်ဖိုးအဖြစ်ပေးတာကွ

ငါအိမ်ကိုပိုက်ဆံပြန်ပေးတိုင်းအဖေကပြောတယ်

ငါ့သား မာန က ဆာလောင်နေသော ဝမ်းကိုမပြည့်စေဘူး
မာန က လိပ်ပြာလုံစေတယ်တဲ့

ငါ အလုပ်မှာ မာနဆိုတာမရှိဘူး
အတတ်ပညာနဲ့ ပြောဆိုဆက်ဆံမှုပဲလိုတယ်

မာနက လိပ်ပြာလုံစေတယ်
ရိုးသားစွာ လုပ်ကိုင်ပြီးရတဲ့အရာမှန်သမျှ
ကိုယ့်ဘာသာ ဖြုန်းသည်ဖြစ်စေ သုံးသည်ဖြစ်စေ
လိပ်ပြာလုံစွာ သုံးပစ်နိုင်တယ် စွန့်ကြဲနိုင်တယ်ဆိုတာ..။

အတွေးတစ်ခုခုရကြပါစေ။

Credit:Original uploader.

Address

Mandalay

Telephone

+959959979439

Website

Alerts

Be the first to know and let us send you an email when ကမ္ဘာ့ရွှေအကြံပေး - နှင်းနှင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ကမ္ဘာ့ရွှေအကြံပေး - နှင်းနှင်း:

Share