Min Thant Business Consultant

Min Thant Business Consultant ☎️ 09-765022181

18/01/2024

မိမိ ပိုင်ဆိုင်မှု တစ်ဝက်လောက် မိမိဝင်ငွေစီးကြောင်းအပေါ်တည်ရှိနေသလား တိုင်းတာပါ။

ဘာ့ကြောင့် Forex Market အကြောင်းကို သိထားသင့်တာလဲဆိုရင် နိုင်ငံတကာငွေကြေးမို့လို့ပါ။  exchange ကိုနားလည်ထားမယ်ဆိုရင် သင့...
06/10/2023

ဘာ့ကြောင့် Forex Market အကြောင်းကို သိထားသင့်တာလဲဆိုရင် နိုင်ငံတကာငွေကြေးမို့လို့ပါ။

exchange ကိုနားလည်ထားမယ်ဆိုရင် သင့်အနေနဲ့ နိုင်ငံခြားနဲ့ ပတ်သတ်တဲ့ သွင်းကုန် ထုတ်ကုန်တွေမှာ အကျိုးအမြတ်ရှာလို့ရပါတယ်။

#သင့်မှာသာ ငွေကြေး စျေးအတက်အကျတွေ ကောင်းကောင်းကျွမ်းကျင်သွားရင် ဘယ်နေရာ ဘယ်လိုမဆို အကျိုးအမြတ်ရှာဖို့နည်းတွေအများကြီးရှိပီး မသိရင်တော့ အရှုံးဒဏ် ခံရမှာလည်းရှိပါတယ်။

#ငွေစျေးအတက်အကျဘဲ ခန့်မှန်းပီး ငွေကြေးအချင်းချင်းဘဲ ရင်းနှီးမြုပ်နှံလို့ရတာလား?

သင်သာဒီပညာရပ်ကိုကျွမ်းကျင်ထားရင် ကမ္ဘာ့shwe(or) Crude oil(or) အိမ်ခြံမြေ၊ ကုမ္ပဏီ စတော့ရှယ်ယာ၊ Bondစာချုပ် အစရှိသဖြင့် ငွေကြေးနဲ့လည်ပတ်နေတဲ့ အရာအားလုံးမှာ သင်အကျိုးအမြတ်ရှာနိုင်မှာဘဲဖြစ်ပါတယ်။

#ဒါ့ကြောင့် လူတိုင်း ငွေကြေးနဲ့ပတ်သက်နေသရွေ့ ကမ္ဘာ့ငွေကြေးစျေးကွက်ကိုလည်း မဖြစ်မနေ လေ့လာထားသင့်ပါတယ်။

#အခုလိုsocial midea ခေတ်ကြီးမှာနောက်ကျမကျန်ခဲ့အောင်ကျွန်တော်တို့ သင်တန်းကိုတတ်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်။ သင်တန်းလေးကိုစိတ်ဝင်စားလို့တက်ရောက်ချင်ပါက ☎️ 09-765022181 ကို ဆက်သွယ်ပေးးပါခဗျ
(Business Advisor)
☎️ 09-765022181

22/09/2023

မင်္ဂလာပါခဗျ
22.9.23 သောကြာနေ့ ကမ္ဘာ့ရွှေအဖွင့်ဈေး 1919$

20/09/2023

‼️ည 12:30 မှာ သတင်းကြီးတွေ ရှိလို့ Trader များအထူးဂရုစိုက်ပါ

Business ပဲ ပြောပြော၊ အရောင်းအဝယ် Trading ပဲ ပြောပြော အလုပ်တစ်ခုမှာ အဓိက အရေးအကြီးဆုံး အသက်က ... ▪️ကိုယ်ဘာလုပ်တာလဲ ဆိုတာ...
19/09/2023

Business ပဲ ပြောပြော၊ အရောင်းအဝယ် Trading ပဲ ပြောပြော အလုပ်တစ်ခုမှာ အဓိက အရေးအကြီးဆုံး အသက်က ...

▪️ကိုယ်ဘာလုပ်တာလဲ ဆိုတာ ကိုယ် ခိုင်ခိုင်မာမာ သိဖို့ပဲရယ်၊

ကိုယ်လုပ်ချင်တဲ့ ရည်ရွယ်ချက် ကို ကိုယ်တိုင် ခိုင်ခိုင်မာမာ မသိရင် စိတ်ခံစားမှု Emotions ကို ထိန်းဖို့ ဘယ်လိုမှ မလွယ်ဘူး။

Major Emotions တွေဖြစ်တဲ့ Greed လောဘ၊ Fear ကြောက်စိတ်က လူတွေကို ရောင်းမှား၊ ဝယ်မှား ဖြစ်စေတယ်။ အဲဒီ ရောင်းမှား၊ ဝယ်မှားက အရှုံးကို ဖြစ်စေတယ်။

⛔️ အဲဒီအတွက် အရှုံး အားလုံးရဲ့ ပင်မ အရင်းအမြစ်က စိတ်ခံစားမှု၊

စိတ်ခံစားမှု ရဲ့ အရင်းအမြစ်က ကိုယ် ဘာလုပ်ချင်မှန်း၊ ကိုယ်ဘာလုပ်တာမှန်း ခိုင်ခိုင်မာမာ မသိတာ။

အဲဒီတော့ ကိုယ်ဘာလုပ်ချင်မှန်း ခိုင်ခိုင်မာမာ မသိသမျှ ရှုံးနေမှာပဲရယ်။

❗️ဥပမာ ပြောရရင် ပြည်တွင်း ရွှေ ဝယ်တယ်၊ ဒေါ်လာ ဝယ်တယ်ထား။

နှစ်မျိုးကွဲပြားတယ် ... ။

1️⃣ (၁) Safe-Haven Asset ကပ်ကျော်ပစ္စည်း အဖြစ် ဝယ်တာလား?

Safe-Haven ရဲ့ အဓိက ရည်ရွယ်ချက်က Inflation ငွေကြေးဖောင်းပွမှု ကို Hedge လုပ်ဖို့ ရွှေ သို့ ငွေမာ $USD ကို ပြောင်းထားလိုက်တာ။

နေ့စဥ် အတက်အကျ အရှုံးအမြတ်ကို ခံစားနေစရာ မလိုဘူးရယ်။ လက်ငင်း အမြတ်လိုချင်လို့လည်း လုံးဝ မရဘူး။

သူ့ ရည်ရွယ်ချက် ကကို ဖြစ်လာနိုင်သမျှသော Risk အန္တရာယ် မှန်သမျှ ကို Hedge လုပ်ပစ်တာ။

သေချာတာ ခေတ်ကာလ တစ်ခုပြီးရင် ကိုယ့် ငွေလုံးငွေရင်း မပျောက်ဖို့သာ အဓိကပဲ။

2️⃣ ရေတို အရောင်းအဝယ် လုပ်ချင်တာလား?

ဒါဆိုရင်တော့ ...

(၁) ကမ္ဘာ့ရွှေ၊ ဒေါ်လာ ဈေးနှုန်း အတက်အကျ၊

(၂) ပြည်တွင်း ဈေးကွက်ရဲ့ ဝယ်လိုအား/ရောင်းလိုအား၊

(၃) ပြန်တွင်းဈေးကွက် အပေါ်လွှမ်းမိုးလာမယ့် နိုင်ငံရေး၊ စီးပွား​ရေး Fundamental များ၊

စတာတွေကို သိကို သိရမယ်။ နေ့စဥ် လေ့လာနေရမယ်။

ဈေးကွက် အကျ၊ ဈေးကွက် အတန့်၊ ဈေးကွက် အတက် အလှုပ် အဲဒီ သုံးချက် ကို မဖြစ်မနေ သိကို သိရမယ်။

တတ်နိုင်သမျှ Buy Low, Sell High ဝိသေသ အရ အဝယ်မှန် ဖို့ကို ကြိုးစားရမယ်။ အဝယ်မှန်ထားရင် လူတစ်ယောက်ဟာ အများကြီး အသာစီး ရတယ်။

▪️လောလောဆယ် မြင်မိသလောက်မှာ အချို့သူတွေဟာ အဝယ်မှား၊ အဝင်အထွက် မှားတယ်။

ဘာကြောင့်လဲ ဆိုတော့ Safe-Haven နဲ့ Trading ကိုယ် ဘာလုပ်နေတာလဲ? ဆိုတာကို မကွဲဘူးဖြစ်နေတာက ပင်မ ပြဿနာ။

အဲဒီတော့ ကျန်တာတွေခဏထား ...

တစ်ခုခု လုပ်တော့မယ်ဆို ⁉️ ကိုယ် ဘာဖြစ်ချင်တာလဲ ဆိုတာကို သေသေချာချာ စဥ်းစားဖို့လိုတယ်။ ရောထွေးနေသမျှ ရှုံးဖို့များတယ်။

အရှုံးနဲ့ ကာလရှည် hold ရတဲ့ အရင်းအမြစ်က အဲဒီလို အလုပ်ကို ရောထွေးလုပ်နေလို့ ဖြစ်ရတာ။

မျိုးအိမ်ဇန်

18/09/2023

မိတ်ဆွေအားလုံး မင်္ဂလာ
နံနက်ခင်းပါခဗျ🤍
ယနေ့ ကမ္ဘာ့ရွှေ အဖွင့်စျေး
၁အောင်စ 1923$

15/09/2023

15.09.23 သောကြာနေ့ ကမ္ဘာ့ရွှေ အဖွင့်စျေး
1910$

13/09/2023

ည7:00 မှာကမ္ဘာ့ရွှေကိုအလှုပ်ခတ်ကြမ်းစေမဲ့ US သတင်းကြီးတွေထွက်ဖို့ရှိလို့ Orderများအထူးသတိထားပေးပါ

🧠 သင့်ခေါင်းထဲက  ထုတ်ပစ်သင့်တဲ့အရာ(၆)ခု=====================================၁။ ဂရုမစိုက်နဲ့။-------------သင့်ကို ဂရုမစို...
13/09/2023

🧠 သင့်ခေါင်းထဲက ထုတ်ပစ်သင့်တဲ့အရာ(၆)ခု
=====================================
၁။ ဂရုမစိုက်နဲ့။
-------------
သင့်ကို ဂရုမစိုက်တဲ့သူတွေကို သင်ဂရုစိုက်စရာ မလိုပါဘူး။ တစ်ချို့လူတွေက သူတို့ကို ဂရုစိုက်လေလေ၊
သင့်ကို တန်ဖိုးမထားလေလေပါပဲ။ ဒီတော့ သူတို့ကို လိုက်ဂရုစိုက်နေမှာထက် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်လိုက်ပါ။

၂။ လူ့ခွစာတွေကို ဝေးဝေးက ရှောင်ပါ။
---------------------------------
တစ်ချို့လူတွေကအခြားသူ ဘာလုပ်လုပ် အမြဲအပြစ်ပြောတတ်ကြတယ်။ ဘုကလန့် တိုက်တတ်တယ်။ ဂျစ်ကန်ကန်နဲ့ စိတ်ထဲရှိရင် ရှိသလို မဆင်မခြင်စကားတွေ ပြောတတ်ကြတယ်။ ဒီလို အဆိုးမြင်ဝါဒီရှိသူတွေကို ရှောင်ရှားပါ။ အဆိုးမြင်စိတ်ဓာတ်က သင့်ကိုပါ ကူးစက်လာစေနိုင်လို့ပါ။
၃။ တစ်ခုခုကို အမြဲသင်ယူလေ့လာနေပါ။
-----------------------------------
“ပညာလို အိုသည်မရှိ” ဆိုသလိုပဲ ဘယ်အတတ်ပညာမဆို သင်ယူဖို့ ဝန်မလေးပါနဲ့။ ငါ့ အသက်အရွယ်ကြီးနဲ့
မသင့်တော်ပါဘူးလေ၊ ငါငယ်သေးလို့ မလိုသေးပါဘူး ဆိုပြီး မတွေးပါနဲ့။

၄။ အရမ်းမတွေးပါနဲ့။
------------------
အတိတ်က အဖြစ်အပျက်တွေ အတိတ်က အကြောင်းအရာတွေကို အရမ်းမတွေးပါနဲ့။
အတိတ်မှာ အမှတ်ရစရာ အများကြီး ရှိကောင်းရှိခဲ့မှာပါ။ ဒါပေမဲ့ အတိတ်ဆိုတာ အချိန်တစ်ခုမှာ ပြီးသွားခဲ့ပြီးသား အဖြစ်အပျက်တွေပါ။ နောက်ထပ်ဖြစ်လာမယ့် အနာဂါတ်တွေကို လှပနေစေဖို့သာ ကြိုးစားပါ။

၅။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ။
----------------------------
ကိုယ်ကျင့်တရားကောင်းတဲ့သူက
လောကမှာ တန်ဖိုးအရှိဆုံးပါ။
ကိုယ့်ကိုယ်ကို အမြဲတမ်းတိုးတက်အောင် ကြိုးစားပါ။ ကိုယ်စိတ်နှလုံး ဖြူစင်လာအောင် အမြဲကြိုးစားပါ။ စိတ်ကောင်းကောင်းထားပါ။

၆။ ထင်ချင်သလို ထင်ကြပါစေ။
---------------------------
လူအမျိုးမျိုး၊ စိတ်အထွေထွေရှိတယ်ဆိုသလိုပဲ
လူတစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားတာတွေ၊ ခံယူချက်တွေနဲ့ အမြင်တွေ မတူညီကြပါဘူး။ ကိုယ့်အကြောင်းနဲ့ကိုယ် ရှိကြတာမို့ ကိုယ်မှန်တယ်လို့ ယုံကြည်တဲ့အရာကို ရဲရဲသာလုပ်ပါ။ အခြားလူတွေ ဘယ်လိုထင်သလဲဆိုတာ အရေးစိုက်မနေပါနဲ့။
#မူရင်း 𝐂𝐫𝐞𝐝𝐢𝐭 ပေးပါတယ်
#စာပေ

✨ရောင်းအားတိုးစေနိုင်တဲ့ အချက် ၅ ချက်✅ 1.မိမိဆီကို ဘယ်နှစ်ရောက်လာဝယ်လဲ leads လုပ်ရ လုပ်ပါ (Leads)✅ 2.မိမိတို့ဆီလာတဲ့cous...
10/09/2023

✨ရောင်းအားတိုးစေနိုင်တဲ့ အချက် ၅ ချက်

✅ 1.မိမိဆီကို ဘယ်နှစ်ရောက်လာဝယ်လဲ leads လုပ်ရ လုပ်ပါ (Leads)

✅ 2.မိမိတို့ဆီလာတဲ့coustomerဘယ်နှစ်ယောက်ကို ရောင်းလိုက်နိုင်လဲဆိုတာကို တိုင်းတာပါ (Sales)

✅ 3.မိမိတို့ဆီကို ဘယ်ကနေသိပြီး လာဝယ်သလဲ တိုင်းတာရပါမယ် (Known from)

✅ 4.ဘာကြောင့် လာဝယ်သလဲ ၊ဘာကြောင့် အခု ဝယ်သလဲ ဆိုတာကို တိုင်းတာပါ (Why/why now?)

✅ 5.အားလုံးထဲကမှ ဘာလို့ ကိုယ့်ကို ရွေးတာလဲဆိုတာကို တိုင်းတာပါ ခဗျ (Why us?)

Address

Mandalay

Telephone

+959765022181

Website

Alerts

Be the first to know and let us send you an email when Min Thant Business Consultant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Min Thant Business Consultant:

Share