Sun-Shade Legal Consultant Service

Sun-Shade Legal Consultant Service Legal Services

20/05/2023
18/05/2023
11/05/2023
15/03/2023

မြေဝယ်မယ်ဆိုရင် အလွယ်ကူဆုံး နဲ့
နောင်တစ်ချိန် ပြဿနာ မဖြစ်အောင်
ဆောင်ရွက်တဲ့ နည်းလမ်းပါ။

ယာမြေ/ လယ်မြေ/ ကျေးရွာမြေ
ဘိုးဘပိုင်မြေ ဝယ်မယ်ဆိုရင် . . . .

ပိုင်ရှင် အမည်ပေါက် ဟုတ်/မဟုတ်
မြို့နယ် မြေစာရင်းမှာ စစ်
အရှုပ်အရှင်း ရှိ/မရှိ လေ့လာ
ပိုင်ရှင်မဟုတ်လည်း နောက်ဆုံးဝယ်သူနဲ့
သေချာ စီစစ် လေ့လာ

ရောင်းသူရဲ့ မိဘ မောင်နှမ
ဆွေမျိုးသားချင်းထဲက သက်သေ ခေါ်
ရပ်ရွာဥက္ကဌရုံးမှာ သေချာစာချုပ်
တရားရုံးမှာ အရောင်းအဝယ်ကျမ်းကျိန်
ရှေ့နေနဲ့ အရောင်းအဝယ် စာချုပ်ကို
တရားဝင် သေချာချုပ် တံဆိပ်ခေါင်းကပ်
GP / SP ယူထား

ဖုန်းတွေရှိနေတာပဲ
အရောင်းအဝယ် လက်မှတ်ထိုးငွေချေတာ
ဓါတ်ပုံမှတ်တမ်းယူထား
လိုအပ်ရင် ဗွီဒီယိုဖိုင်ပါ ရိုက်ထားပါ။

ပြီးရင် သက်သေတွေရှေ့မှာ
မြေကွက်ကို သေချာတိုင်း ငုတ်ရိုက်
လိုအပ်ရင် ခြံခတ်ဖို့ စီစဥ်

နောင်အချိန် မြေစျေးတက်လို့
သား၊ သမီး၊ ချွေးမ၊ မိဘ မသိပါဘူး
အမွေဆိုင်မို့ သဘောမတူပါဘူး ဆိုပြီး
အငြင်းအခုန် မဖြစ်အောင်
အထောက်အထားနဲ့ ကြိုကာထားပါ။

ယာမြေ/လယ်မြေတွေဆိုရင်
ပုံစံ ၇ ကို အမည်တစ်ခါတည်းပြောင်းဖို့
လျှောက်ထားပါ။ ဒါမှ ခိုင်မာတယ်။
============================

ဂရံမြေဝယ်မယ်ဆိုရင်

မူလ ပိုင်ရှင် အဆင့်ဆင့်
စာချုပ်တွေတောင်း
သက်ဆိုင်ရာ စည်ပင်မှာ သွားစစ်
ရှေ့နေနဲ့ သေချာ စာချုပ်ချုပ်
တရားရုံးမှာ အရောင်းအဝယ် ကျမ်းကျိန်
ပြီးရင် မြေယာမှတ်ပုံတင်ရုံးမှာ
တစ်ခါတည်း မှတ်ပုံတင်
GP / SP ယူထား
စည်ပင်မှာ ဂရံမူရင်းအပ် အမည်ပြောင်း
သတင်းစာထဲမှာ ကန့်ကွက်ထည့်

===========================

စလစ်မြေဆိုရင်လည်း

မူလပိုင်ရှင်ကိုခေါ်
မြေပေးမိန့်ကို သေချာစစ်
အဆင့်ဆင့်ရောင်းထားရင်
နောက်ဆုံးဝယ်သူနဲ့ GP လွှဲယူ
တရားရုံးမှာ အရောင်းအဝယ် စာချုပ်ချုပ်
ရှေ့နေနဲ့ တရားဝင်လုပ်
မြေယာမှတ်ပုံတင်ထား
ပြီးရင် မိမိအမည်နဲ့ ဂရံလျှောက် ငွေသွင်း
၁၀၅/၁၀၆ ထုတ်
သတင်းစာမှာ ကန့်ကွက်ထည့်
==============================

အခုရှုပ်မှ နောင်ရှင်းတာ
ခိုင်ခိုင်မာမာဖြစ်အောင် စာချုပ်ချုပ်
စာရွက်စာတမ်းကြေးအပါ ကုန်ကျစရိတ်က
၂ သိန်းကျော်ပဲ ကုန်ကျတာ။
ဂရံဖိုးနဲ့ ပုံစံ ၇ ပြောင်းတာ မပါပေါ့။

အချို့က လွယ်လွယ်ပဲ လုပ်ကြတာ
စားသောက်ဆိုင်မှာ အရပ်စာချုပ်ချုပ်ဝယ်
နှစ်ဦးနှစ်ဘက် သဘောတူနေတာပဲ
ဘာမှ မလိုဘူး ထင်ပြီး လွယ်လွယ်လုပ်တာ

ပြဿနာဖြစ်လာရင်
ဘာအထောက်အထားမှ မပြနိုင်တော့
တရားရုံးမှာ ရင်ဆိုင်ရ။ အချိန်ကုန် လူပမ်း

မြေတစ်ကွက်တည်းကိုပဲ
စလစ် မိတ္တူပေါင်တာ တစ်ဦး
ဂရံစာအုပ်ပေါင်တာ တစ်ဦး
အရပ်စာချုပ်နဲ့ ရောင်းတာ တစ်ဖုံ
မိန်းမ မသိ မိဘ မသိ သားသမီး မသိလို့
သဘောမတူပါဘူး ဆိုတာက တစ်သွယ်

အဲဒီလို ပြဿနာ မဖြစ်အောင်
အပေါ်က အကြံပြုချက်အတိုင်း
လုပ်ကိုင် ဆောင်ရွက်ကြပါ။

အချိန် နဲ့ ငွေကြေး အနည်းငယ်
ပိုမို ကုန်ကျပေမယ့် စိတ်ချမ်းသာတယ်။

မြေဆိုတာ အဝီစိအထိ ပိုင်တာ
ယူဇနာပေါင်း ၂၄၀၀၀၀ ရှိတယ် 😁
မြေပေါ်က မြေကွက်လေးတင်မဟုတ်ဘူး။

အဲဒါကြောင့် မြေဝယ်မယ်ဆိုရင်
ခိုင်မာမှု ရှိ /မရှိ သေချာစစ်
စျေးချို ပြီးရော မလုပ်ဘဲ
ရောင်းမှား ဝယ်မှား မဖြစ်ရအောင်
စနစ်တကျနဲ့ သေချာ စီစစ်ဝယ်ကြပါလို့

အဲဒီလို ခိုင်ခိုင်မာမာ
လုပ်ထားခြင်းအားဖြင့်
ပြဿနာဖြစ်လာရင်
ဗဟိုတရားရုံးချုပ် မကလို့
အာကာသအထိပဲ တက်တက်
ကိုယ့်ဘက်က အေးဆေး။

သားစဥ်မြေးဆက် စိတ်ချမ်းသာတယ်

စေတနာနဲ့

ဆရာ့ဆရာများကို ဂါဝရပြု၍
Reference

08/03/2023

ပြန်လှန်စစ်​မေးတဲ့အခါမှာ
မှန်ရင် မှန်တယ်
သိရင် သိတယ်
ဟုတ်ရင် ဟုတ်တယ် လို့​ဖြေရမယ်ဆိုပြီး မိမိလိုတာမရတိုင်း သက်​သေကို မကြပ်ပါနဲ့
တရားရုံးများလက်စွဲ အပိုဒ် ၆၁၇ မှာ သက်​သေ​ပြောတဲ့အတ်ိုင်း
​ရေးရမယ်လို့ပြဌာန်းထားပါတယ်။
ရာဇဝတ်ကျင့်ထုံးဥပ​ဒေ ပုဒ်မ ၃၅၉ လည်း ပြဌာန်းထားပါတယ်။
(တရားရုံးများလက်စွဲစာအုပ်က ထူသဖြင့် ဓါတ်ပုံရိုက်ရတာ
အခက်အခဲရှိ၍ သီးခံပါ။)

11/01/2023
15/11/2022

ဒီနေ့ဧည့်သည်တစ်ယောက်က မြေလေး ဝယ်ချင်လို့ ကျနော့ဆီ ဖုန်းဆက်မေးတယ်၊ဝယ်လို့ရမရပေါ့။ ရွာမြေလို့ပြောတာပဲ၊ပေ ၆၀×၇၀ လောက်ကျယ်တယ်၊အကြံပေးပါအုံးတဲ့။

ဒါနဲ့ကျနော်လည်း ခင်များဝယ်မဲ့မြေအတွက်
ရှိတဲ့စာရွက်လေးပို့ပေးပါပေါ့ ။

သူကလည်း viber ကနေ မြေပုံလေးတစ်ပုံပို့ပေးတယ်။
ကျနော်ကကြည့်ပီး ခင်များဟာ လယ်မြေအမျိုးအစားပဲ
သစ်ပင်စိုက်ဖို့ဝယ်တာလားလို့မေးတော့
မဟုတ်ဘူး နေဖို့ပဲ
၊ဘေးပတ်ဝန်းကျင်မှာ အိမ်တွေ၊ဝိုင်းကွက်တွေနဲ့ပဲတဲ့။

ဆရာကဒီနေရာကိုရောက်ဘူးလားတဲ့။

ကျနော်ကလည်း မရောက်ဘူးပါဘူး။

မြေပုံမှာ ပါတဲ့ သင်္ကေတနဲ့ မြေပုံဆွဲထားတဲ့
အရောင်ကိုကြည့်ပီးပြောတာပါလို့ပြောလိုက်တော့ ။

အဲလိုကြည့်လို့ရလားတဲ့။

ရပါတယ်။

ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ပြပီး မြေပုံကို အနီရောင်နဲ့ဆွဲတယ်ဗျာ၊
ဘိုးဘပိုင်မြေဆိုရင် သင်္ကေတ B နဲ့ ပြပီး မြေပုံကို အပြာရောင်နဲ့ဆွဲတယ်ဗျာ၊
အစိုးရ မြေဆိုရင် သင်္ကေတ A နဲ့ပြပီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲတယ်ဗျာ၊
ဒီလိုပဲ ရွာမြေဆိုရင် လိမ္မော်ရောင်နဲ့ မြေပုံဆွဲပီး၊သာသနာ့မြေဆိုရင် အစိမ်းရောင်နဲ့ ဆွဲကြတယ်လို့ ။

အက္ခရာ သင်္ကေတတွေကိုကြည့်ပီးလည်း
ဘာမြေအမျိုးအစားဖြစ်နိူင်တယ်
၊မြေပြန့်လား၊ကုန်းကျလား၊မြောင်းဘေးလား၊ဆည်ရေသောက်လား
၊မြစ်ရေဝင်လား၊သုသာန်နဲ့နီးလား.....စသည်ဖြင့်
ခွဲခြားလို့ရတယ်လို့ အများလည်းသိအောင်၊
ကျနော်လည်း စုပီးသားဖြစ်သွားအောင်
သိထားသလောက်လေး ပြောရရင်..
မြေအမျိုးအစားများနဲ့ သင်္ကေတ အက္ခရာများကတော့....

၁။ မိုးကောင်းလယ်မြေ၊သာမန်လယ်မြေဆိုရင် R/P/M တို့နဲ့ပြသတက်ပီး၊
ပထမတန်းစားဆိုရင် R1
ဒုတိယတန်းစားဆိုရင် R2
တစ် ဧကအထွက်နှုန်း တင်း၃၀ အောက် ဆိုရင် တတိယတန်းစား R3
တစ် ဧကအထွက်နှူန်း တင်း ၂၀ အောက်ဆိုရင် စတုတ္ထတန်းစား R4 နဲ့ ပြကြပါတယ်။

၂။ အစိုးရ ဆည်ရေသောက်လယ်မြေဆိုရင် RG

၃။ ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် RP

၄။ ကန်ရေသောက်မူရင်းလယ်ဆိုရင် TM

၅။ မူရင်းလယ်မြေဆိုရင် M/MY

၆။ ချောင်းရေဝင် မြေဆိုရင် C

၇။ ယာမြေ ဆိုရင် Y

၈။ ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင် RR

၉။ တောင်ယာ မြေဆိုရင် TY/YY

၁၀။ ကိုင်းမြေ ဆိုရင် K/KA/KY

၁၁။ ကိုင်းမြေရင့်ဆိုရင် KY

၁၂။ ဥယျာဉ်ခြံမြေဆိုရင် G/U

၁၃။ ဓနိမြေဆိုရင် D

၁၄။ အပိုင်ရမြေ O

၁၅။ အပိုင် ဂရန်မြေ G

၁၆။ အငှားဂရန်မြေ L ..... စသည်ဖြင့် အမျိုးမျိုးရှိကြပါတယ်။

မိမိဝယ်မဲ့မြေရဲ့မြေပုံမှာပါတဲ့ သင်္ကေတလေးကိုကြည့်ပီး
မိမိဘာသာ အကြမ်းဖျင်းခွဲခြားနိူင်ပါတယ်။

Credit : Original Writer

🏠 ပတ္တမြားနန်းတော်အိမ်ခြံမြေ
📞 09 441010600
09 251010800



Address

Mandalay

Telephone

+959798500471

Website

Alerts

Be the first to know and let us send you an email when Sun-Shade Legal Consultant Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sun-Shade Legal Consultant Service:

Share