Floris , FX and World Gold Trader Myanmar

Floris , FX and World Gold Trader Myanmar နိုင်ငံခြားငွေနှင့် ကမ္ဘာ့ရွှေရောင

🌎"အနာဂတ်ကမ္ဘာ့ရွှေ"🌎___________________ခေါင်းစဥ်ကိုကြည့်ပြီး အချိန်ခရီးသွားလိုလို အကြားမြင်ဆရာလိုလို အနာဂတ်ကို တစ်ကယ်မြင...
07/01/2021

🌎"အနာဂတ်ကမ္ဘာ့ရွှေ"🌎

___________________

ခေါင်းစဥ်ကိုကြည့်ပြီး
အချိန်ခရီးသွားလိုလို အကြားမြင်ဆရာလိုလို
အနာဂတ်ကို တစ်ကယ်မြင်နိုင်တယ်လို့မထင်ပါနဲ့
ကျွန်တော် ရေးတာတွေက မှားနိုင်ပါတယ်
အခု ပြောပြပေးသွားမှာက ကျွန်တော့ သုံးသပ်ချက်သပ်သပ်ကိုပဲ ပြောပြပေးသွားမှာ ဖြစ်ပါတယ်....

ကမ္ဘာ့ရွှေလို့ ပြောလိုက်ရင်
အမေရိကန်နိုင်ငံ အကြောင်းလည်း မပါမဖြစ်ပေါ့ ။
အခုလက်ရှိသမ္မတ ထရန့်က အရင် သမ္မတမဖြစ်ခင်
အမေရိကန်နိုင်ငံရဲ့ စီးပွားရေးသမားတွေ အပေါ်
အထူးသဖြင့် ကြီးမားတဲ့ လုပ်ငန်းတွေအပေါ််
အခွန်အများကြီးကောက်တဲ့အပေါ် ကျေနပ်မှု သိပ်မရှိလှဘူး။
အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံရေး လောကထဲ ရောက်လာခဲ့တယ်။
သူ့ကို ထောက်ခံတဲ့သူတွေလည်း ရှိသင့်သလောက်ရှိတယ်။
ဘယ်လိုလူတွေလဲဆိုတော့ အခွန်အများကြီးကောက်ခံတဲ့အပေါ်မှာ မကျေနပ်ကြတဲ့ လုပ်ငန်းကြီးသမားတွေပေါ့။
ထရန့်ကို ထောက်ခံသူ တော်တော်များများက လုပ်ငန်းကြီးသမားတွေဖြစ်တဲ့အတွက် ထရန့်ရဲ့ နောက်ခံက လျော့တွက်လို့ မရဘူးပေါ့။

ဂျိုးဘိုင်ဒန်သမ္မတ နေရာ ရောက်တဲ့အခါ အခွန်တွေ ပြန်တိုးကောက်မလား ။ အခွန်တိုးကောက်တဲ့အပေါ် စီးပွားရေးသမားတွေအနေနဲ့ ကျေနပ်ကြမလား ၊ ဆူပူမှုတွေ ဖြစ်လာမလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ ။

ဂျိုးဘိုင်ဒန် သမ္မဖြစ်လာရင်တော့ စီးပွားရေးလှုံ့ဇော်မှု အစီအစဥ်တွေ စပြီးအကောင်အထည်ဖော်တော့မှာပါ ။ စီးပွားရေးလှုံဇော်မှုအစီအစဥ်ဆိုတာ အစိုးရကနေ
ပြည်သူတွေအပေါ်
ထောက်ပံ့မှုတွေ လုပ်ဆောင်ပေးတဲ့ အစီအစဥ်ပါ။ အစိုးရအနေနဲ့ ပြည်သူကို ထောက်ပံပေးဖို့ဆို ငွေစက္ကူ ရိုက်နှိပ်ဖို့ ဒါမှမဟုတ်ရင် တချို့ လုပ်ငန်းတွေကို အခွန်တိုးကောက်ဖို့ပဲ ရှိပါတယ်။
ငွေစက္ကူရိုက်နှိပ်ထုတ်ဝေခြင်းရဲ့ အကျိုးဆက်က ငွေ​​ကြေးတန်ဖိုးလျော့ကျမှုဖြစ်ပါတယ်။
ငွေကြေးတန်ဖိုးလျော့ကျမယ်ဆိုရင်တော့ ကမ္ဘာ့ရွှေ စျေးနှုန်း တက်လာပါလိမ့်မယ်။

ငွေစက္ကူမရိုက်ပဲ အချို့ လုပ်ငန်းတွေအပေါ် အခွန် တိုးကောက်မယ်ဆိုရင်တော့ အခွန်ကောက် ခံရမယ့် လုပ်ငန်းရှင်တွေအနေနဲ့ ဆန္ဒပြမှုတွေ ဖြစ်လာနိုင်ပါတယ် ။
အကျိုးဆက်အနေနဲ့ တိုင်းပြည်မငြိမ်မသက်မှုတွေနဲ့ ငွေကြေးတန်ဖိုးလျော့ကျမှုတွေပဲ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အနာဂတ်မှာ ရွှေစျေးတက်မယ်လို့ပဲ သုံးသပ်ကြပါတယ်။

တစ်ဖက်မှာတော့ ကမ္ဘာ့ရွှေမှာ မဖြစ်နိုင်တာ မရှိဘူးဆိုတဲ့ စကားအတိုင်း
ရွှေစျေး မထင်မှတ်ပဲ ကျသွားတာမျိုးလည်း ကြုံရနိုင်ပါတယ်။
အဲ့ဒီအတွက် အရောင်းအဝယ်လုပ်တဲ့အခါ မိမိခံနိုင်ရည်ရှိတဲ့ပမာဏနဲ့သာ
အရောင်းအဝယ်လုပ်ဖို့ကိုတော့ မေ့မထားသင့်ပါဘူး။

31/12/2020

Happy New Year
2021
နှစ်သစ်မှာ ပျော်ရွှင်ကြပါစေရှင့်

🌐Stimulus package( စီးပွားရေးလှုံ့စော်မှုအစီအစဥ်)                  အကြောင်းနှင့် ယင်း၏ အကျိုးဆက်🌐✅Stimulus packageဆိုတာ ...
13/12/2020

🌐Stimulus package( စီးပွားရေးလှုံ့စော်မှုအစီအစဥ်)
အကြောင်းနှင့် ယင်း၏ အကျိုးဆက်🌐

✅Stimulus packageဆိုတာ
တိုင်းပြည်၏စီးပွားရေး မကောင်းတဲ့အခါ
အစိုးရရဲ့ စီးပွားရေးလှုံ့စော်မှု အစီစဥ်ဖြစ်ပါတယ်။

ဘယ်လို နည်းလမ်းတွေနဲ့ လှုံ့စော်လဲ❓
အစိုးရဟာ
1️⃣ပြည်သူတွေ အပေါ်မှာ အခွန် လျော့ချခြင်း
2️⃣ဘဏ်အတိုးနှုန်းလျော့ချခြင်း
3️⃣အစိုးရ၏ အသုံးစရိတ် တိုးမြှင့်ခြင်း
စတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်လေ့ရှိပါတယ်။

☯ဒီနေရာမှာ အစိုးရ၏အသုံးစရိတ်ဆိုတာလေးကို
ပြန်ရှင်းပြချင်ပါတယ်။

အစိုးရ၏ အသုံးစရိတ်ဆိုတာ အစိုးရအနေနဲ့
ပြည်သူတွေအတွက် ထောက်ပံ့ခြင်း ၊ အချို့သောလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံပေးခြင်းစတဲ့ ပြည်သူအတွက် အကျိုးဖြစ်စေမယ့် လုပ်ငန်းဆောင်တာများအတွက် ကုန်ကျစရိတ်ဖြစ်ပါတယ်။

💲အစိုးရရဲ့ အဓိကဝင်ငွေဟာ ပြည်သူ့အခွန်ကနေ လာပါတယ်။

သို့သော် အခွန်လျော့ချမယ် ၊ ထောက်ပံ့မှု တိုးမြှင့်မယ်ဆိုတဲ့အတွက်
အစိုးရရဲ့ ဝင်ငွေထွက်ငွေ မမျှတခြင်းတွေ ရှိလာပါတယ်။

အစိုးရ အနေနဲ့ ထိုပြသနာကို ဖြေရှင်းဖို့အတွက်
အခြားမှ ငွေချေးယူခြင်း၊ ငွေစက္ကူရိုက်နှိပ်ထုတ်ဝေခြင်းတို့ လုပ်ဆောင်ရပါတယ်။

💢ထိုလုပ်ဆောင်ချက်ရဲ့ အကျိုးဆက်အနေနဲ့ကတော့ ရေတိုအနေနဲ့ ငွေကြေးဖောင်းပွမှုတွေ တွေ့ကြုံလာရနိုင်ပါတယ်။တိုင်းပြည်ရဲ့ ငွေကြေးတန်ဖိုးဟာ လျော့ကျလာပါလိမ့်မယ်။
ဥပမာ -အရင်က 1$နဲ့ ဝယ်လို့ရတဲ့ပစ္စည်းဟာ 2$ပေးမှပဲ ဝယ်လို့ရလာပါလိမ့်မယ်။

ဒါပေမယ့်လည်း ဒါဟာ ရေရှည်မှာ တိုင်းပြည်ရဲ့ စီးပွားရေး ကောင်းမွန်ဖို့ အတွက်သာ ဖြစ်ပါတယ်။



09257105581

ထရန့်အပေါ် ဘယ်လိုမြင်လဲ ?ဂျိုးဘိုင်ဒန်အပေါ်ဘယ်လိုမြင်လဲ?အမေရိကန် နိုင်ငံမှာ လတ်တလော  ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မြန်မာနိ...
04/11/2020

ထရန့်အပေါ် ဘယ်လိုမြင်လဲ ?ဂျိုးဘိုင်ဒန်အပေါ်ဘယ်လိုမြင်လဲ?

အမေရိကန် နိုင်ငံမှာ လတ်တလော ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက ပြည်သူတော်တော် များများဟာ ထရန့်ကို ပိုပြီး ကြိုက်ကြတာကို တွေ့ရပါတယ်။

ထရန့်အပေါ် ဘယ်လိုမြင်ကြလဲ
စစ်တမ်းကောက်ယူကြည့်ရာမှာတော့

1. ပြတ်သားတယ်
2. သူ့နာမည်ကို လူတိုင်းက ရင်းနှီးတယ်
3.စီးပွားရေးသမား တဇွတ်ထိုးသမားဖြစ်ပြီး တရုတ်နဲ့ ဆက်ဆံရေးကို ဂရုမစိုက်တဲ့ သမ္မတဖြစ်ပါတယ်

မြန်မာနိုင်ငံက လူတွေက စကားပြော ပြတ်တာကို ကြိုက်နှစ်သက်ကြကြောင်း တွေ့ရှိရပါတယ်။

ဂျိုးဘိုင်ဒန်အကြောင်း စစ်တမ်းကောက်ယူကြည့်ရာမှာတော့

1. တခြားနိုင်ငံများ၊ တခြားသူများနဲ့ ပျော့ပျောင်းညင်သာစွာ ဆက်ဆံလိုစိတ်ရှိတယ်

2. အသက်ငယ်ငယ်တည်းက နိုင်ငံရေးလောက ကို ရောက်ရှိခဲ့တာဖြစ်တဲ့အတွက် နိုင်ငံရေးနဲ့ပတ်သက်ပြီး ကျွမ်းကျင်နှံ့စပ်တယ်

3. မြန်မာနိုင်ငံသားတွေအနေနဲ့တော့ ဂျိုးဘိုင်ဒန်ရဲ့ နာမည်ဟာ ရင်းနှီးကျွမ်းဝင်မှု မရှိပါဘူး

သူ့ရဲ့ နိုင်ငံရေးရာ ကျွမ်းကျင်မှုဟာ အားသာချက်ဖြစ်ပါတယ် ။
.....,. ........................................

ထရန့်ဟာ ရီပါပလစ်ကန် ပါတီဝင်ဖြစ်ပြီး ဂျိုးဘိုင်ဒန်ကတော့ ဒီမိုခရက်တစ်ပါတီ ဝင်ဖြစ်ပါတယ်။
အိုဘားမား ၊ ဟီလာရီ ကလင်တန်တို့ဟာလည်း ဒီမိုခရက်တစ်ပါတီ မှ ဖြစ်ပါတယ်။

ထရန့်ဟာ သမ္မမဖြစ်ခင်က စီးပွားရေးလောကမှာ အောင်မြင်တဲ့ အိမ်ခြံမြေပွဲစား ကုမ္ပဏီ လုပ်ငန်း လုပ်ကိုင်ခဲ့ပါတယ်။

အိုဘားမားလက်ထက်မှာ ပြည်သူများ၏ ဝင်ငွေ ခွဲဝေဖြန့်ဖြူးပုံ မညီမျှမှုကို လျော့ချနိုင်ရန် စီးပွားရေးလုပ်ငန်းကြီးများကို အခွန်တိုးမြှင့် စည်းကြပ်ခဲ့ပြီး အလုပ်လက်မဲ့များကို ထောက်ပံငွေများ ပေးအပ်ခဲ့ပါတယ်။

စီးပွားရေးလုပ်ငန်းများအပေါ် အခွန် တိုးပြီး စည်းကြပ်မှုအပေါ် ထရန့်ဟာ မကျေနပ်တဲ့အတွက် ကိုယ်တိုင်ပဲ တက်ပြီး သမ္မတ လုပ်ခဲ့ပါတယ်။

ထရန့်အနေနဲ့ကတော့ စီးပွားရေးလုပ်ငန်းများ တိုးချဲရင် အလုပ်လက်မဲ့ လျော့နည်းသွားလိမ့်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ သူ့လက်ထပ်မှာ အလုပ်လက်မဲ့နှုန်း လျော့ကျသွားတာကိုလည်းတွေ့ရပါတယ်။
သို့သော်လည်း မထင်မှတ်ထားတဲ့ ကပ်ရောဂါ ကိုရိုနာဗိုင်းရပ် ဝင်ရောက်လာတဲ့အခါ စီးပွားရေးသမားဟာ စီးပွားရေးဆန်ဆန် ဖြေရှင်ခဲ့တာကို တွေ့ရပါတယ်။ အဲ့လိုမျိုးစီးပွားရေးဆန်ဆန် ဖြေရှင်းခဲ့တဲ့အတွက်ကြောင့် အမေရိကန်ရဲ့ ကိုရိုနာဗိုင်းရပ် ပြန့်နှံမှုဟာ တော်တော်ကြီး ဆိုးရွားခဲ့တာကို တွေ့ရပါတယ် ။ အမေရိကန် ပြည်သူတွေအနေနဲ့လည်း အစိုးရရဲ့ ဗိုင်းရပ်နဲ့ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းမှုအပေါ် ကျေနပ်မှုလျော့နည်းနေတာကို တွေ့ရှိရပါတယ်။

ထရန့်လို့ ပြောလိုက်ရင် လူမည်းတွေကို မတူမတန်သလို ဆက်ဆံတာနဲ့အတူ တွဲဖက်မြင်နိုင်ပါတယ်။ ထရန့်ရဲ့ ပေါ်ပေါ်တင်တင် လူဖြူလူမည်း ခွဲခြားမှုလုပ်ရပ်တွေဟာလည်း အလွန်အင်မတန်များပြားလှပါတယ်။ အမေရိကန်ရဲ့ တစ်ချို့သော ဆယ်လီ တွေဟာ ထရန့်ရဲ့ ခွဲခြားမှုတွေကို ပေါ်ပေါ်တင်တင် လူသိရှင်ကြား ရှုံ့ချကြတာတွေကိုလည်း တွေ့ရပါတယ်။

သို့သော်လည်း ထရန့်ရဲ့ ပြတ်သားတဲ့ စကားပြောဟန်နဲ့ စီးပွားရေး အကွက်မြင်မှုတွေကြောင့် ယခုချိန်ထိ အားပေးသူ အခိုင်အမာရှိနေဆဲ သမ္မတ တစ်ဦးဖြစ်ပါတယ်။



09257105581
ကမ္ဘာ့ရွှေအရောင်းအဝယ်အား စတင်လုပ်ကိုင်လိုပါက ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်.

 #ယခုလက်ရှိ_ကမ္ဘာ့_ကျန်းမာရေး_နိုင်ငံရေးနှင့်_ရွှေစျေးအခြေအနေပြီးခဲ့တဲ့ 2019ဒီဇင်ဘာလ ၊တရုတ်နိင်ငံ ဝူဟန်မြို့က စခဲ့တဲ့ ကိ...
01/11/2020

#ယခုလက်ရှိ_ကမ္ဘာ့_ကျန်းမာရေး_နိုင်ငံရေးနှင့်_ရွှေစျေးအခြေအနေ

ပြီးခဲ့တဲ့ 2019ဒီဇင်ဘာလ ၊တရုတ်နိင်ငံ ဝူဟန်မြို့က စခဲ့တဲ့ ကိုရိုနာ ဗိုင်းရပ်ဟာ ယခုအချိန်ထိ ကမ္ဘာနှင့်အဝှမ်းပျံ့နှံနေတာ 10လခန့် ရှိပြီဖြစ်ပါတယ်။

တရုတ် နိုင်ငံရဲ့ စုစုပေါင်းရောဂါ ကူးစက်ခံရသူလူဦးရေ 8သောင်း 5ထောင် ဦးခန့် မှာ 4ထောင်ခန့် သေဆုံးပြီး ကျန်8သောင်း 1ထောင်လုံး ပြန်လည်ကောင်းမွန်ပြီးဖြစ်တယ်လို့သိရှိရပါတယ်။

မကြာသေးမီမှာ ရွေးကောက်ပွဲကျင်းပမယ့် ကမ္ဘာ့ စီးပွားရေးအင်အား အကြီးဆုံး အမေရိကန်နိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ 94သိန်းခန့် ရှိပြီး လူဦးရေ သိန်း 60ခန့်သာ ပြန်လည်ကောင်းမွန်ပြီး လူ 2သိန်း 3သောင်းခန့် သေဆုံးပြီး ဖြစ်ပါတယ်။

မကြာသေးမီရက်က USရဲ့ Covid ကာကွယ်ဆေးကို FDAက အသိအမှတ် ပြုလိုက်တယ်ဆိုပေမယ့်လည်း ကူးစက်ခံရသူ ၊ သေဆုံးသူဦးရေ လျော့ချနိုင်ခြင်းမရှိသေးတာကို တွေ့ရပါတယ်။

ကိုရိုနာ ဗိုင်းရပ်စတင်ရာ တရုတ်နိုင်ငံအနေနဲ့လည်း ကိုဗစ် ကာကွယ်ဆေးကို ကြိုးစားပမ်းစား ဖော်ထုတ်နေတာကို တွေ့ရပါတယ်။
ဒီကာကွယ်ဆေးဟာဆိုရင် တရုတ်ပြည်သူတွေရဲ့ ကျန်းမာရေးသာမက နိုင်ငံရေးမှာလည်း အရေးပါတယ်လို့ ပြောလို့ရပါတယ်။
မကြာသေးမီရက်တွေက တရုတ်နိုင်ငံ YiWuမြို့မှာ ရာပေါင်းများစွာသောပြည်သူလူထုဟာ Covidကာကွယ်ဆေး စပ်သပ်ထိုးနှံရန် စောင့်ဆိုင်းခဲ့ကြကြောင်း သိရှိရပါတယ် ။
ကာကွယ်ဆေးရဲ့ လက်တွေ စမ်းသပ်မှုဟာ မပြီးပြည့်စုံသေးပေမယ့်လည်း လွန်ခဲ့တဲ့ လအနည်းငယ်တည်းက သန်းပေါင်းများစွာသောလူတို့ကို ကာကွယ်ဆေးထိုးပေးခဲ့ပြီး ယခုအခါ အရေးပေါ်အသုံပြုခွင့်လိုင်စင်လျှောက်ထားကြောင်း သိရှိရပါတယ်။

တရုတ်နိုင်ငံရဲ့ ကာကွယ်ဆေး ဖော်ထုတ်နိုင်မှုဟာ တရုတ်နိုင်ငံအတွက်သာမက နိုင်ငံတကာအတွက်လည်း အရေးပါတဲ့ ကိစ္စရပ် ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ WHOနဲ့ ပူးပေါင်းပြီး ကာကွယ်ဆေးထုတ်လုပ်ဖို့ ၊ ဖြန့်ဖြူးဖို့ အစွမ်းကုန်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။

USအနေနဲ့ကတော့ ကိုရိုနာဗိုင်းရပ်နဲ့ ပတ်သက်ပြီး သူတို့နိုင်ငံကို အထိနာ စေခဲ့တဲ့အတွက် တရုတ်အပေါ်အခဲမကြေသလို ၊ WHOကိုလည်း တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး US အနေနဲ့ အမြင်မကြည်မှု တင်းမာမှုတွေရှိနေတာကို တွေ့ရပါတယ်။
ခုချိန်မှာ US အနေနဲ့ ကိုယ်တိုင်ကာကွယ်ဆေးထုတ်လုပ်နိုင်ရန်သာ အားသန်နေတာကိုတွေ့ရပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ကိုရိုနာ ကို စောစီးစွာထိန်းချုပ်ထားနိုင်တဲ့အတွက် အနာဂတ်မှာ တရုတ်ယွမ်ငွေကြေးတန်ဖိုး အနည်းငယ်တက်လာနိုင်ပါတယ်။

အမေရိကန်အနေနဲ့ကတော့ ယခုချိန်ထိ ကိုရိုနာ ကူးစက်မှု ကို ကောင်းမွန်စွာ ကိုင်တွယ် ဖြေရှင်းနိုင်ခြင်း မရှိသေးတာကိုတွေ့ရပါတယ်။ အ​မေရိကန်ရွေးကောက်ပွဲပြီးတဲ့ထိကောင်းမွန်တဲ့ ထိန်းချုပ်မှု မရှိဘူးဆိုရင် ဘိုင်ဒန်နဲ့ ထရမ့် ဘယ်သူ သမ္မတဖြစ်ဖြစ် အမေရိကန် ငွေကြေးတန်ဖိုး လျော့ကျမသွားအောင် ဆက်လက်ထိန်းသိမ်းရန် ခက်ခဲတဲ့ အနေထားမှာ ရှိနေတဲ့အတွက် ကမ္ဘာ့ရွှေစျေး ဆက်လက် မြင့်တက်လာနိုင်တဲ့ အနေထားမှာ ရှိနေပါတယ် ။ မြန်မာ့ရွှေအနေနဲ့ကတော့ 13သိန်းကျပ်က အဓိက အကျအဟန့်အတားစျေးတန်းအဖြစ် ၊ 1320000ကျပ်က အဓိက အတက်အဟန့်အတားအဖြစ် ရပ်တည် နေတာကိုတွေ့ရပါတယ်။

ယခုအပတ် တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး သုံရက်မှာ ကမ္ဘာ့ရွှေ အလှုပ်အခတ် ကြမ်းနိုင်တဲ့ အတွက် ဂရုတစိုက် အရောင်းအဝယ်လုပ်ကြဖို့ မိတ်ဆွေတို့ အမြတ်များများရနိုင်ကြဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်။

1.11.2020, တနင်္ဂနွေ


09257105581
နိုင်ငံခြားငွေနှင့် ကမ္ဘာ့ရွှေ အရောင်းအဝယ်လုပ်ငန်းအား စတင်လုပ်ကိုင်လိုပါက ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 #ကုမ္ပဏီ_ငွေတိုက်စာချုပ်( Corporate Bond)🗞 ချေးငွေလိုအပ်သော ကုမ္ပဏီများကို အချိန်အတိုင်းအတာတစ်ခုအတွက် ပုံသေ အတိုးနှင့် ...
27/10/2020

#ကုမ္ပဏီ_ငွေတိုက်စာချုပ်( Corporate Bond)

🗞 ချေးငွေလိုအပ်သော ကုမ္ပဏီများကို အချိန်အတိုင်းအတာတစ်ခုအတွက် ပုံသေ အတိုးနှင့် ငွေချေးပေးထားခြင်းဖြစ်ပါတယ်။

🗞ကုမ္ပဏီ၏ ပိုင်ဆိုင်မှုသည် စတော့ကဲ့သို့ မိမိနှင့် သက်ဆိုင်မှု မရှိပါ။


 #ပြည်နယ်အစိုးရ_ငွေတိုက်စာချုပ်( Municipal Bond)🗞လမ်းတံတား ဆောက်လုပ်တဲ့ စီမံကိန်းကြီးများအတွက် ပြည်နယ် အစိုးရကို ငွေချေး...
27/10/2020

#ပြည်နယ်အစိုးရ_ငွေတိုက်စာချုပ်( Municipal Bond)

🗞လမ်းတံတား ဆောက်လုပ်တဲ့ စီမံကိန်းကြီးများအတွက် ပြည်နယ် အစိုးရကို ငွေချေးပေးခြင်းဖြစ်ပါတယ်။

🗞 အစိုးရကို အမြတ်ခွန်ဆောင်စရာ မလိုတဲ့ ငွေတိုက်စာချုပ်ဖြစ်ပါတယ်။


 #အစိုးရ_ငွေတိုက်စာချုပ် ( Government Bond)🗞အစိုးရငွေတိုက်စာချုပ်ကို တစ်နည်းအားဖြင့် Treasury Bond လို့ခေါ်ပါတယ် ။🗞အစိုး...
27/10/2020

#အစိုးရ_ငွေတိုက်စာချုပ် ( Government Bond)

🗞အစိုးရငွေတိုက်စာချုပ်ကို တစ်နည်းအားဖြင့် Treasury Bond လို့ခေါ်ပါတယ် ။

🗞အစိုးရကို ငွေချေးပေးခြင်းဖြစ်တဲ့အတွက် စိတ်အချရဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ် ။

🗞အတိုးအနည်းငယ်သာ ရပါတယ်။


27/10/2020

Stimulus package (စီးပွားရေး လှုံ့စော်မှု အစီအစဥ်)
https://www.facebook.com/101431978368896/posts/179364340575659/

ကုမ္ပဏီ ငွေတိုက်စာချုပ်
https://www.facebook.com/101431978368896/posts/140751854436908/

ပြည်နယ်အစိုးရ ငွေတိုက်စာချုပ်
https://www.facebook.com/101431978368896/posts/140749287770498/

အစိုးရ ငွေတိုက်စာချုပ်
https://m.facebook.com/story.php?story_fbid=140748144437279&id=101431978368896

ငွေတိုက်စာချုပ် Bond အကြောင်း
https://www.facebook.com/101431978368896/posts/140731937772233/

အထူးစတော့
https://www.facebook.com/101431978368896/posts/140721844439909/

သာမန်စတော့
https://www.facebook.com/101431978368896/posts/140720087773418/

စတော့ အကြောင်း
https://www.facebook.com/101431978368896/posts/140718681106892/

ဘဏ္ဍာရေး စျေးကွက်၏ လုပ်ဆောင်ချက်များ
https://www.facebook.com/101431978368896/posts/120900363088724/

ဘဏ္ဍာရေးစျေးကွက်ဆိုတာ ဘာလဲ?
https://www.facebook.com/101431978368896/posts/120877273091033/

မြန်မာငွေစက္ကူ ထုတ်လုပ်တဲ့ ဝါဇီစက်ရုံအကြောင်း
https://www.facebook.com/101431978368896/posts/140717191107041/

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အဓိက လုပ်ငန်းတာဝန်များ
https://www.facebook.com/101431978368896/posts/120846376427456/

နိုင်ငံအတွင်းရှိ စျေးကွက်များအကြောင်း အပိုင်း 2
https://www.facebook.com/101431978368896/posts/118270583351702/

နိုင်ငံအတွင်းရှိ စျေးကွက်များအကြောင်း အပိုင်း 1
https://www.facebook.com/101431978368896/posts/115976853581075/

နိုင်ငံအတွင်းရှိ အင်အားစုများ
https://www.facebook.com/101431978368896/posts/115971926914901/

ရွှေစံချိန်စနစ် သမိုင်းကြောင်း အပိုင်း3
https://www.facebook.com/101431978368896/posts/113995580445869/

ရွှေစံချိန်စနစ် သမိုင်း​ကြောင်း အပိုင်း 2
https://www.facebook.com/101431978368896/posts/112895787222515/

ရွှေစံချိန်စနစ် သမိုင်းကြောင်း အပိုင်း 1
https://www.facebook.com/101431978368896/posts/112890507223043/

ဘဏ်များ စတင်ပေါ်ပေါက်လာပုံ
https://www.facebook.com/101431978368896/posts/102002848311809/

ငွေကြေးနှင့် ငွေစက္ကူ ပေါ်ပေါက်လာပုံ အပိုင်း 2
https://www.facebook.com/101431978368896/posts/101519055026855/

ငွေကြေးနှင့် ငွေစက္ကူ ပေါ်ပေါက်လာပုံ အပိုင်း 1
https://www.facebook.com/101431978368896/posts/101496475029113/

ငွေကြေး၏ အဓိပ္ပါယ်
https://www.facebook.com/101431978368896/posts/101468395031921/

💎 ္ဍာရေးစျေးကွက်မှ_ငွေတိုက်စာချုပ်_Bondအကြောင်း💎📜 #ငွေတိုက်စာချုပ်_Bond_ဆိုတာဘာလဲ?📜ငွေတိုက်စာချုပ်ဆိုတာ မိမိမှ တခြားသူကိ...
27/10/2020

💎 ္ဍာရေးစျေးကွက်မှ_ငွေတိုက်စာချုပ်_Bondအကြောင်း💎

📜 #ငွေတိုက်စာချုပ်_Bond_ဆိုတာဘာလဲ?📜

ငွေတိုက်စာချုပ်ဆိုတာ မိမိမှ တခြားသူကို ချေးငွေထုတ်ချေးပေးထားကြောင်း သက်သေခံ စာချုပ်ဖြစ်ပါတယ်။

👌🏻 ငွေတိုက်စာချုပ် သုံးမျိုးရှိပြီး

🗞 အစိုးရငွေတိုက် စာချုပ် (Government Bond)

🗞ပြည်နယ်အစိုးရ ငွေတိုက်စာချုပ် (Municipal Bond)

🗞ကုမ္ပဏီ ငွေတိုက်စာချုပ် ( Corporate Bond)တို့ဖြစ်ပါတယ်။


 #အထူး_စတော့_Preferred_Stock_အကြောင်း🗞ငွေတိုက်စာချုပ်(Bond)နှင့် ဆင်တူသော်လည်းရှယ်ယာတစ်ချို့တစ်ဝက် ပိုင်ဆိုင်ကြောင်းလက်မ...
27/10/2020

#အထူး_စတော့_Preferred_Stock_အကြောင်း

🗞ငွေတိုက်စာချုပ်(Bond)နှင့် ဆင်တူသော်လည်း
ရှယ်ယာတစ်ချို့တစ်ဝက် ပိုင်ဆိုင်ကြောင်းလက်မှတ်သာဖြစ်ပါတယ်။

🗞ကုမ္ပဏီ အုပ်ချုပ်ရေးမှာ ဝင်ရောက် မဲပေးဆုံးဖြတ်ပိုင်ခွင့် မရှိပါ။

🗞 သာမန်စတော့လောက် အမြတ်မများဘဲ ပုံမှန်အတိုင်းသာ ရပါတယ်။

🗞 ကုမ္ပဏီ ဒေဝါလီ ခံရပါက ငွေပြန်အမ်းရာမှာ သာမန်စတော့ ပိုင်ဆိုင်သူထက် ဦးစားပေးခံရပါတယ်။

🗞 ကုမ္ပဏီမှ မိမိ စတော့များအား တစ်ဖတ်သတ် ပြန်လည် ဝယ်ယူပိုင်ခွင့် ရှိပါတယ်။


 #သာမန်_စတော့_Common_Stock_အကြောင်း📉 ကုမ္ပဏီ၏ ရှယ်ယာအချို့အား     ပိုင်ဆိုင်ကြောင်းလက်မှတ်ဖြစ်ပါတယ်။📉 ကုမ္ပဏီ၏ အုပ်ချုပ်...
27/10/2020

#သာမန်_စတော့_Common_Stock_အကြောင်း

📉 ကုမ္ပဏီ၏ ရှယ်ယာအချို့အား
ပိုင်ဆိုင်ကြောင်းလက်မှတ်ဖြစ်ပါတယ်။

📉 ကုမ္ပဏီ၏ အုပ်ချုပ်သူအား မဲပေးဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။

📉 အထူးစတော့ထက် အကျိုးအမြတ် ပိုများပါတယ်။

📉 ကုမ္ပဏီ ဒေဝါလီခံရရင် မိမိပါ အကြွေးပြန်ဆပ်ပေးရပါတယ်။

📉 ကုမ္ပဏီဒေဝါလီ ခံရပါက အထူးစတော့နှင့် Bond ပိုင်ဆိုင်သူများကို ဦးစားပေး ​ငွေ ပြန်အမ်းရပြီး သာမန် စတော့ ပိုင်ဆိုင်သူများက နောက်ဆုံးမှ ငွေ ပြန်ယူရတဲ့ အတွက် ငွေရင်း ပြန်ရဖို့ အခွင့်လမ်းနည်းပါး ပါတယ်။


Address

Mandalay
4802

Alerts

Be the first to know and let us send you an email when Floris , FX and World Gold Trader Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Floris , FX and World Gold Trader Myanmar:

Share