Brighter Future-Forex Trading

Brighter Future-Forex Trading World Gold & International Currency Trading

ဒေါ်လာစျေး ဒီနေ့ ၁၈၀၀ အထိ တက်သွားတယ် ...မြန်မာ့ သမိုင်းမှာ အများဆုံး စျေးစံချိန်နဲ့ တက်တာလည်း ဖြစ်ပါတယ်။ ၁၈၀၀ ဆိုပေမယ့်လ...
17/08/2021

ဒေါ်လာစျေး ဒီနေ့ ၁၈၀၀ အထိ တက်သွားတယ် ...

မြန်မာ့ သမိုင်းမှာ အများဆုံး စျေးစံချိန်နဲ့ တက်တာလည်း ဖြစ်ပါတယ်။ ၁၈၀၀ ဆိုပေမယ့်လည်း ပမာဏ များများ သွားဝယ်လို့ မရဘူး။ ရရင်တောင်မှ ၅၀ လောက် ထပ်ဆောင်းအပိုပေးရတယ်။ Bank Transfer နဲ့ ကံကောင်းလို့ ဝယ်လို့ရရင်တော့ ၁၉၀၀ လောက် ပေးရမယ်။

ဟာ ဒေါ်လာစျေး တက်ပဟ၊ အုထားတာလေးတွေ ထုတ်ရောင်းအုံးမှ ဆိုပြီးတော့ သေတ္တာအောက်ဆုံးမှာ အဝတ်တွေနဲ့ ဖိထားတဲ့ ဒေါ်လှလေးကို ကိုင်ပြီး exchange centre တွေမှာ ရင်ကော့ပြီး သွားရောင်းမယ်တော့ မကြံလေနဲ့။

ကောင်တာက စာရေးမက ကိုယ်ရောင်းတဲ့ ဒေါ်လာတစ်ထပ်ကို ဖင်ပြန်ခေါင်းပြန်စစ်၊ မှန်ဘီလူးနဲ့စစ်၊ အစက်အပျောက်၊ အစွန်းအထင်း၊ ခေါက်ရာကြေရာ ဘာညာကို တစ်နာရီလောက် စစ်ပြီးနောက် အတော်များများကို ဒါတော့ မဝယ်ဘူး ဆိုပြီး reject လုပ်၊ ဒီလေးငါးရွက်လောက်တော့ ယူထားပေးလိုက်မယ် ဆိုပြီး ချေမိုးနေတဲ့ မျက်နှာနဲ့ ကယ်တင်ရှင်သဖွယ် ပြောတာ ခံရလိမ့်မယ်။

‌ဒေါ်လာစျေးဆိုတာ တိုင်းပြည် တစ်ပြည်ရဲ့ စီးပွားရေး နိုင်ငံရေး တည်ငြိမ်မှု အညွှန်းကိန်း ဖြစ်တယ်။ ဒေါ်လာစျေး တက်ရင် လောင်စာ၊ ‌ဆောက်လုပ်ရေး၊ ဆေးဝါးက အစ နောက်ဆုံး ကန်စွန်းရွက်စျေး၊ ဆိုက်ကားခ အထိ တက်တယ်။

ဒီတော့ ဒီလောက်တက်ချင်တဲ့ ‌ဒေါ်လာ *တောင် မဝယ်ဘူး ဆိုပြီး တစ်ယောက်ထဲ ကြမ်းပြလို့ မရသလို၊ ဟင့်အင်းဟင့်အင်း စျေးမကျမချင်း ဒေါ်လာနဲ့ မပတ်သက်ဘူးဆိုပြီး နွဲ့ဆိုး သွားဆိုးလို့လည်း မရဘူး။ စျေးတက်ခြင်းဟာ နိုင်ငံသား အားလုံးကို ရိုက်ခတ်တယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဗဟိုဘဏ်မှာ ငွေစက္ကူ အသစ်တွေ ရိုက်နေတဲ့ သတင်း၊ ပြီးတော့ ငွေစက္ကူ အဟောင်းတွေကို ပြန်သိမ်းမယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်အပြီးမှာပဲ ဒေါ်လာစျေးတွေ မိုးထိုးအောင် တက်သွားတာ ဖြစ်ပါတယ်။

ပြန်ကျ နိုင်လား ဆိုတော့ လောလောဆယ် ၂၀၀၀ လောက် အထိတော့ တက်သွားလိမ့်မယ်။ နောက်တော့မှာ ဗဟိုဘဏ် ဥက္ကဌရဲ့ လုပ်ရည်ကိုင်ရည် နဖူးရေ ဒူးရေ၊ တိုင်းပြည်အုပ်ချုပ်သူတွေ ဘယ်လောက် ညဏ်ပြေးလဲ၊ ဘယ်လောက် စမတ်ကျလဲ၊ ဘယ်လောက် အမြော်အမြင်ကြီးလဲ၊ ပြည်သူတွေရဲ့ ယုံကြည်မှုကို ဘယ်လောက်ရလဲ ဆိုတဲ့ပေါ် မူတည်ပြီး ဒေါ်လာစျေး အတက်အကျ ရှိမှာ ဖြစ်ပါတယ်။

စိုးနေ့သစ်

(ကမ္ဘာ့ရွှေ၊ မြန်မာ့ရွှေ၊ ဒေါ်လာ စတဲ့ စီးပွားရေးနှင့် ပတ်သက်သော ဗဟုသုတများ ရရှိနိုင်ရန် page ကို like and follow လုပ်ပေးသွားပါဦးရှင်)

ကျွန်တော့် ဘဝမှာ နေ့စဥ်ရှင်သန်ဖြတ်သန်း တဲ့အချိန်မှာ အမြဲတမ်း ဂရုစိုက်တဲ့ အရာတစ်ခုက ... ⚠️ ကိုယ် focus လုပ်မိတဲ့အရာ မမှား...
14/10/2020

ကျွန်တော့် ဘဝမှာ နေ့စဥ်ရှင်သန်ဖြတ်သန်း တဲ့အချိန်မှာ အမြဲတမ်း ဂရုစိုက်တဲ့ အရာတစ်ခုက ...

⚠️ ကိုယ် focus လုပ်မိတဲ့အရာ မမှားဖို့နဲ့၊ အရေးမကြီးတဲ့အရာ ကို focus မလုပ်မိဖို့ပါပဲ။

Tony Robbins အမြဲပြောလေ့ရှိပါတယ်။

✅ Most people fail in life because they major in minor things.

လူအများစုဟာ အရေးမကြီးတဲ့အရာတွေကို အရေးထားလို့ ဘဝမှာ ကျဆုံးကြတာ။

ဆိုတဲ့စကားပါ။

လူတစ်ယောက်မှာ ငါးနှစ်အတွင်း ဘာဖြစ်ချင်လဲ? သုံးနှစ်အတွင်း ဘာဖြစ်ချင်လဲ? တစ်နှစ်အတွင်း ဘာဖြစ်ချင်လဲ? ဒီလ ဘာလုပ်မလဲ? ဒီနေ့ဘာလုပ်မလဲ? ဆိုတဲ့ ရေတို၊ ရေရှည် Life Plan ရှိကို ရှိသင့်ပါတယ်။

ပြီးရင် နေ့စဥ် ကိုယ့်အိပ်မက်တွေနဲ့ အနီးဆုံးရောက်အောင် ကြိုးစား အားထုတ်ပြီး သွားရပါတယ်။

✅ Focus ဟာ ဘဝအတွက် အရမ်း အရေးကြီးပါတယ်။

ကျွန်တော်တို့ဟာ ပြဿနာတွေ အခက်အခဲတွေ အပေါ် အာရုံစိုက်ရင် ပြဿနာတွေ အခက်အခဲတွေ ပဲ တွေ့ရမှာ ဖြစ်ပြီး အခွင့်အလမ်း၊ အောင်မြင်မှု တွေ အပေါ် အာရုံစိုက်ရင် အခွင့်အလမ်း အောင်မြင်မှုတွေ ရလာတယ် လို့ပဲ ယုံကြည်ပါတယ်။

ကျွန်တော်တို့ Forex Trading မှာဆိုရင် အဓိက အရေးအကြီးဆုံး အသက်ဟာ ...

1️⃣ Technical 10%

2️⃣ Risk Management (Position Sizing/ Risk & Reward Management) 30%

3️⃣ Trading Psychology 60% အရေးကြီးပါတယ်။

ကိုယ့်ကိုယ်ကိုယ် Cycle of Doom ထဲမလည်ဖို့၊ Holy Grail ကို မရှာမိဖို့လည်း အရေးကြီးပါတယ်။

တစ်ခါတရံ မေးခွန်းလေးတွေမေးကြပါတယ်။

⁉️ Broker မတူရင် Candle ကွဲသလား? ဆိုတာမျိုးပေါ့။

Liquidity Provider မတူရင် Broker အလိုက် Candle ကွာခြားမှု ရှိပါတယ်။ ဟိုးအရင် Beginner ဘဝ စ trade ကတည်းက ဒါကို သိခဲ့ပြီး တစ်ခါမှ လိုက်ယှဥ်ကြည့်ပြီး အချိန်ကုန်မခံတော့ပါဘူး။

✅ Forex လောကမှာ ၁၀၀% မှန်ကန်တယ် ဆိုတဲ့ Holy Grail ဟာ လုံးဝ မရှိပါဘူး။

အဓိက က ကိုယ့်ပညာ ကသာ အသက်ပါ။ အဲဒီအတွက် မတူညီတဲ့ Broker တွေမှာ Candle ကွဲလို့ဆိုပြီး လိုက်တိုက်ကြည့်ပြီး အချိန်ကုန် ခံမယ့်အစား လေ့လာသင်ယူမှုနဲ့ Trading ကိုသာ အပြည့်အဝအာရုံစိုက်ပါ။

ကျွန်တော် ကတော့ ဘဝကို ဖြတ်သန်းတဲ့အခါ ...

Always focus on MAJOR things ပါ။

အရေးမပါတဲ့ ကိစ္စတွေအပေါ် ဘယ်တော့မှ အာရုံစိုက်ပြီး အချိန်ကုန်မခံပါဘူး။
ကျွန်တော် trade လုပ်တဲ့ Chart ကိုပဲ ကျွန်တော် ၁၀၀% အာရံစိုက်ပါတယ်။

မျိုးအိမ်ဇန်
Founder and Chief Analyst
ProjectX Trading Team

တရုတ်နိုင်ငံမှ ကူးစက်ရောဂါပိုင်း အထူးကျွမ်းကျင်သူ  ဒေါက်တာ  Chen Wei( 陈薇)ဦးဆောင်တဲ့ သုတေသနအဖွဲ့ကနေ ဖော်စပ်ထုတ်လုပ်သည့် C...
16/08/2020

တရုတ်နိုင်ငံမှ ကူးစက်ရောဂါပိုင်း အထူးကျွမ်း
ကျင်သူ ဒေါက်တာ Chen Wei( 陈薇)
ဦးဆောင်တဲ့ သုတေသနအဖွဲ့ကနေ ဖော်စပ်ထုတ်
လုပ်သည့် COVID-19 ကာကွယ်ဆေးကိုတရားဝင် မှတ်ပုံတင်လိုက်ပြီလည်းဖြစ်ပါသည်။ထင်ထား
သည့်အတိုင်း ကွက်တိ ဖြစ်လာပါသည်။



Sun,Aug 16

💥 Cycle of doom သို့မဟုတ် ရှုံးနိမ့်သူတွေ နေတဲ့အခန်း 💥Forex Trading လောကမှာ လူတစ်ယောက်ဟာ အောင်မြင်နေပြီလား? မအောင်မြင်သေ...
31/07/2020

💥 Cycle of doom သို့မဟုတ် ရှုံးနိမ့်သူတွေ နေတဲ့အခန်း 💥

Forex Trading လောကမှာ လူတစ်ယောက်ဟာ အောင်မြင်နေပြီလား? မအောင်မြင်သေးဘူးလား? ဆိုတာဟာ ခွဲခြားလို့ အရမ်းသိသာထင်ရှားပါတယ်။ Loser ဘဝမှာပဲရှိနေတဲ့ လူတစ်ယောက်ကို ကြည့်လိုက်တာနဲ့ သူ့ဆီမှာ " Cycle of doom " ရဲ့ အငွေ့အသက်တွေ အပြည့်အဝ ခံစားမိတဲ့အတွက် သူဟာ Loser တစ်ယောက်ဆိုတာကို တန်းပြောလို့ရပါတယ်။

⁉️ Cycle of doom ဆိုတာဘာလဲ?

လူ ၁၀၀ မှာ ၉၀% လောက်ရှုံးနိမ့်နေကြတဲ့ Forex Trading လောကမှာ အဲဒီ ၉၀% သော ရှုံးနိမ့်သူ trader အားလုံးဟာ အဲဒီ Cycle of doom ဆိုတဲ့ အခန်းလေးထဲမှာ နေထိုင်နေကြပါတယ်။

Cycle of doom ဆိုတဲ့အခန်းလေးဟာ ကျွန်တော်တို့ ပြင်ပလောကမှာမရှိပါဘူး။ ၉၀% သော Loser Trader တွေရဲ့ စိတ်ထဲမှာဖွဲ့ထားတဲ့ အခန်းငယ်လေးပါ။ အဲဒီ အခန်းလေးကြောင့်လည်း ရှုံးနိမ့်သူ ဖြစ်နေကြတာပါ။

☘️ Cycle of doom ကဘယ်လိုမျိုးလဲ?

Cycle of doom မှာ အဆင့် (၃) ဆင့်ရှိပါတယ်။ ၉၀% သော Loser Trader တွေဟာ အဲဒီ အဆင့် (၃) ဆင့်ကို အလှည့်ကျ ဖြတ်သန်းလည်ပတ်နေရင်း ရှုံးပြီးရင်း ရှုံးနေကြပါတယ်။

အဆင့် (၁) The Search

Beginner ဘဝမှာတော့ လူတိုင်းဟာ ကိုယ့်အတွက် အကောင်းဆုံး ဖြစ်မယ့် " Trading System " ကိုရှာဖွေကြပါတယ်။

ကိုယ်နဲ့ လိုက်လျောညီထွေရှိတယ်၊ အခါခါ စမ်းသပ်ကြည့်လို့ profit တစ်ခုပေးနိုင်တယ်ဆိုရင် 10% သော Winner Trader တွေဟာ အဲဒီ Trading System ကိုပဲ discipline စည်းကမ်း၊ Risk & Reward Management တွေနဲ့ တည်ဆောက်ပြီး အောင်မြင်မှုကို ရယူသွားကြပါတယ်။

✅ 100% နိုင်တဲ့ trader ! trading system ဆိုတာ ကမ္ဘာမှာ မရှိပါဘူး။

Professional အားလုံးဟာ ပုံမှန်အကျိုးအမြတ် ရာခိုင်နှုန်းတစ်ခုနဲ့ပဲ ဒီလောကမှာ ရပ်တည်နေကြတာပါ။

❌ ဒါပေမယ့် အရှုံးသမားတွေကတော့ အမြဲရှာဖွေနေသူတွေ ဖြစ်ကြပါတယ်။ သူတို့ကို အမြဲ အနိုင်ရအောင်လုပ်ပေးနိုင်မယ့် Strategy ! EA Robot ! Indicator ! Trading System တစ်ခုခုရှိမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အမြဲရှာနေကြတာပါ။

page တွေမှာ၊ group တွေမှာ၊ နေရာအနှံ့မှာ သူတို့ဟာ ရှာဖွေနေကြပါတယ်။

သူတို့ဟာ မရှိတဲ့အရာကို အမြဲရှာဖွေရင်း ရှုံးနိမ့်နေကြပါတယ်။

⚠️ အချိန်ကာလ တစ်နှစ်၊ နှစ်နှစ် အတွင်း တစ်ခုခုကို စွဲစွဲမြဲမြဲ လုပ်တဲ့သူတွေ Breakthrough ဖြစ်သွားချိန်မှာ Forex Page တွေ၊ Group တွေ၊ Trainer ပေါင်းစုံဆီ လည်နေတဲ့သူတွေဟာ Cycle of Doom ထဲ လည်နေတာပါပဲ ⚠️

အဆင့် ( ၂ ) The Action

သူတို့ဟာ အမြဲရှာဖွေနေသလို အမြဲတမ်း ရှာလို့ရလာသမျှကို စမ်းသပ်နေသူတွေလည်း ဖြစ်ကြပါတယ်။

တကယ်တမ်း စစ်မှန်တဲ့ Trading Education, Discipline, Patience & Risk - Reward Management ကသာ အောင်မြင်မှုကို ပေးနိုင်တယ်ဆိုတာကို မယုံကြည်ဘဲ၊ တစ်ခုဆို တစ်ခုကို အာရုံစိုက် မလေ့လာဘဲ အမြဲတမ်း ရှာဖွေ၊ ရှာလို့ ရလာသမျှ အသစ်အသစ် တွေကို စမ်းနေကြပါတယ်။

ကျွန်တော်ဆို indicator ဆိုလို့ Moving Average လောက်ပဲ သုံးဖြစ်ပြီး ကိုယ်နဲ့ အသားကျ အဆင်ပြေနေကတည်းက တစ်ခါမှအသစ်ဆိုတာ မတွေးဖြစ်တော့တာပါ။

အဆင့် (၃) The Blame

Forex Trading မှာ ဘယ်သူမှ အမြဲမနိုင်ပါဘူး။ ကျွန်တော်တို့လည်း ( 60win - 40loss ) 20% profit အနည်းဆုံး ဆိုတဲ့ ကိုယ့် Trading System ပေါ်မှာပဲ နေနေတာပါ။

တစ်ခုဆို တစ်ခုပဲ ခိုင်ခိုင်မာမာ ယုံယုံကြည်ကြည် အမြဲလုပ်ပါတယ်။ Technically အရ တကယ် Valid ဖြစ်ရင် trade တယ်။ Stoploss ပဲ ထိထိ၊ TP ပဲ ထိထိ ဘာစိတ်ခံစားမှုမှ မထားပါဘူး။

Risk & Reward Management ကို သေချာကိုင်ထားတဲ့အတွက် တစ်ခါရှုံး၊ တစ်ခါနိုင်ရင်တောင် ကျိန်းသေအမြတ်ကျန်ပါတယ်။

❌ 90% သော Loser Trader တွေဟာ trade တစ်ခါ၊ နှစ်ခါ ရှုံးရင်ကို အဲဒီ စနစ်ကို အပြစ်တင်ကြပါတယ်။ Market ကို အပြစ်တင်ကြပါတယ်၊ ကိုယ့် အရှုံးအတွက် ကိုယ်တိုင် responsibility လုံးဝမယူဘဲ အခြားသူ၊ အခြားအရာကိုသာ အပြစ်ပုံချကြပါတယ်။

ပြီးတာနဲ့ The Search အသစ်ရှာ၊ The Action ကြုံသမျှ စမ်းကြည့်၊ ပြီးရင် The Blame အပြစ်ပုံချ ...

ပြီးတာနဲ့ The Search အသစ်ရှာ၊ The Action ကြုံသမျှ စမ်းကြည့်၊ ပြီးရင် The Blame အပြစ်ပုံချ ...

ပြီးတာနဲ့ ...

The Search အသစ်ရှာ၊ The Action ကြုံသမျှ စမ်းကြည့်၊ ပြီးရင် The Blame အပြစ်ပုံချ ... ရင်း သူတို့ဟာ " The Search ! The Action ! The Blame " ဆိုတဲ့ " Cycle of doom " ထဲမှာ လည်ပတ်နေကြပါတော့တယ်။

၉၀% သော အရှုံးသမားတွေဟာ " သူတို့ နေထိုင်ရာ Cycle of doom " ဆိုတဲ့ အခန်းငယ်လေးထဲမှာ လည်နေကြပါတယ်။

မိတ်ဆွေရော Forex လောကရဲ့ ဘယ်နေရာမှာ နေထိုင်ပါသလဲ ?

အကယ်၍များ Cycle of doom ထဲမှာ နေနေတယ်ဆိုရင်တော့ အမြန်ဆုံးရုန်းထွက်ဖို့ တိုက်တွန်းချင်ပါတယ်။

မျိုးအိမ်ဇန်
Founder & Chief Analyst
ProjectX Market Action Trading Team

☘️ Stoploss အကြောင်း ပြောရအောင် !!! ☘️Forex Trading မှာ လူတစ်ယောက် အောင်မြင်ဖို့ အတွက် Stoploss, Entry, TP Exit သုံးမျို...
29/07/2020

☘️ Stoploss အကြောင်း ပြောရအောင် !!! ☘️

Forex Trading မှာ လူတစ်ယောက် အောင်မြင်ဖို့ အတွက် Stoploss, Entry, TP Exit သုံးမျိုးရှိတဲ့အထဲမှာ ပထမဆုံး စပြီး emotion ကို အောင်မြင်နိုင်တာဟာ “ stoploss " ဆိုတဲ့ ကဏ္ဍမှာပါ။

⁉️ Stoploss ခဏခဏ ထိနေလို့ ဘာလုပ်ရမလဲ ရှင်းပြပေးပါ ? ဆိုတဲ့ မေးခွန်းပါ။

1️⃣ Trading Psychology ပိုင်းစပြောပါမယ်။

Stoploss ဆိုတာဟာ Forex Trading ရဲ့ အဓိက အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ trade တိုင်းမှာ stoploss ရှိကိုရှိရပါမယ်။ မရှိလို့ လုံးဝမရပါဘူး။

Stoploss ထိတယ်ဆိုတာကလည်း forex trading မှာ မလွဲမသွေ ကြုံနေရမယ့် ကိစ္စပါ။

📌 Stoploss မထိတဲ့ trader တစ်ယောက်မှ မရှိပါဘူး။

📌 Stoploss မထိတဲ့ နည်းစနစ် လုံးဝ ( လုံးဝ ) မရှိပါဘူး။

အဲဒီအတွက် Stoploss ထိတာနဲ့ ပတ်သက်လို့ အရမ်း worry ဖြစ်နေရင် ကိုယ့် mindset ကို အရင်ပြောင်းပါ။ Stoploss ထိတာကို လက်မခံနိုင်လို့ လုံးဝမရပါဘူး။

2️⃣ Risk Management ပိုင်း လည်း အရေးကြီးပါတယ်။

Stoploss က ကျွန်တော်တို့လည်း ထိပါတယ်။ ဒါပေမယ့် Risk & Reward Management ကြောင့် ကျွန်တော်တို့ profit တော့ ပုံမှန်ရနေတာပါ။

Stoploss ထိသွားရင် ကျွန်တော့်မှာဘာ emotion မှမရှိပါဘူး။ အဲဒီလို ဖြစ်အောင် သုံးမျိုးတည်ဆောက်ရပါတယ်။

📌 Trading System ခိုင်ခိုင်မာမာ ရှိရပါမယ်။

📌 Self-Discipline တိတိကျကျ ထားရှိလိုက်နာရပါမယ်။

📌 Risk Management လုပ်ကို လုပ်ရပါမယ်။

Trader တစ်ယောက်ဟာ trade တစ်ခု ( position တစ်ကြောင်း ) ပေါ်မှာ မိမိ capital ရဲ့ 5% ထက် လုံးဝ လုံးဝ ပိုမသုံး ရပါဘူး။

⚠️ Stoploss အပေါ်မှာ Emotion အရမ်းများနေတယ်ဆိုတာ အစကတည်းက ကိုယ်ယူနိုင်တဲ့ ပမာဏထက် risk % အများကြီး ယူထားတာကြောင့် ဖြစ်လေ့ရှိပါတယ်။ Trading System & Self-discipline မရှိတာလည်း ပါပါလိမ့်မယ် ⚠️

3️⃣ Technical ပိုင်းအရ အားနည်းတာ !

ကျွန်တော့် ProjectX မှာ အဓိက သုံးမယ့် Candlesticks နှစ်မျိုးနဲ့ Foundation ပိုင်း သင်ကြားတာ လေ့ကျင့်တာတင် (၆) လောက် အနည်းဆုံး သင်ရ/ တွဲပြီး အတူတူ trade ကြရပါတယ်။

ကိုယ်သုံးမယ့် pattern တွေကို အသေအချာ တကယ်တတ်အောင် လုပ်ပါ။ trade လုပ်မယ့် currency pair တွေရဲ့ Trend တွေကို သိအောင်လုပ်ပါ။

✅ ပြီးရင် Candle conformation မပါဘဲ လုံးဝ ( လုံးဝ ) trade မလုပ်ပါနဲ့။

✅ Stoploss ကို ကိုယ်သုံးတဲ့ Candlestick ရဲ့ စည်းကမ်း အတိုင်း စနစ်တကျထားပါ။

✅ နောက် ကိုယ်က beginner ဆိုရင် trend ပြောင်းပြန် လုံးဝ မ trade ပါနဲ့။

ဒါဆိုရင် နောက်ပိုင်း Stoploss ထိရင် ခံနိုင်တဲ့ တည်ငြိမ်မှုမျိုးရလာမယ်။ ဒါမှ market ကို အမှန်အတိုင်း စိတ်ရှင်းရှင်းနဲ့ မြင်လာနိုင်မှာ ဖြစ်ပါတယ်။

မျိုးအိမ်ဇန်
Founder & Chief Analyst
ProjectX Market Action Trading Team

💰ငွေကြေးနှင့် ကုန်စည် အချို့ကြားမှ ဆက်နွယ်ချက်များ အပိုင်း (၂) 💰(၄) ရွှေ နှင့် သြစတြေးလျဒေါ်လာ AUD၂၀၁၆ ခုနှစ်တွင် သြစတြေ...
28/07/2020

💰ငွေကြေးနှင့် ကုန်စည် အချို့ကြားမှ ဆက်နွယ်ချက်များ အပိုင်း (၂) 💰

(၄) ရွှေ နှင့် သြစတြေးလျဒေါ်လာ AUD

၂၀၁၆ ခုနှစ်တွင် သြစတြေးလျသည် ရွှေ မက်ထရစ်တန် ၂၇၀ ထုတ်လုပ်ခဲ့ရာ မက်ထရစ်တန် ၄၅၀ ထုတ်လုပ်သော တရုတ်နိုင်ငံနောက်တွင် ကမ္ဘာ့ဒုတိယရွှေထုတ်လုပ်သူနိုင်ငံအနေဖြင့် ရပ်တည်ခဲ့ပြီး သူတို့၏အဓိက စီးပွားရေးမှာ ရွှေထုတ်လုပ်တင်ပို့ခြင်းပင်ဖြစ်ပါသည်။

အကယ်၍များ အချိန်ကာလတစ်ခုတွင် ရွှေစျေးသည် အတက်ဘက်တွင်မြဲနေခဲ့လျှင် ရွှေထုတ်သောနိုင်ငံများသည် ထိုအချိန်တွင် ရွှေကိုပိုမိုထုတ်လုပ်တင်ပို့ခြင်းဖြင့် ယေဘုယျအားဖြင့် အမြတ်အစွန်း ပိုမိုရရှိနိုင်ကြမည်ဖြစ်သည်။

ထို့ကြောင့် ရွှေစျေး တက်လျှင် AUD Austrilian Dollar တက်သည်ဆိုသည့် တိုက်ရိုက်သက်ရောက်သောဆက်နွယ်မှု ရှိနေခြင်းပင်ဖြစ်သည်။

(၅) ရွှေ နှင့် Swiss Franc CHF

ကမ္ဘာ့အရေးပါသောငွေကြေးတစ်ခုပင်ဖြစ်သည့် ဆွစ်ဇာလန်နိုင်ငံသုံးဖရန့်ငွေ CHF နှင့် ရွှေသည်
တိုက်ရိုက်ဆက်နွယ်သော အကျိုးသက်ရောက်မှုရှိပြီး ကမ္ဘာ့ရွှေစျေးတက်လျှင် CHF ဆွစ်ဖရန့်ငွေတန်ဖိုးပါ လိုက်တတ်လေသည်။

အကြောင်းမှာ ဆွစ်ဇာလန်နိုင်ငံ ဘဏ္ဍာရေးရန်ပုံငွေ၏ ၂၅ရာခိုင်နှုန်းကို ရွှေဖြင့် ကျောထောက်နောက်ခံပြု သိမ်းဆည်းခြင်းကြောင့်ဖြစ်ပါသည်။

ထို့ကြောင့် ရွှေစျေးပြောရလောက်အောင် တက်ပြီဆိုလျှင် ရွှေနှင့် ဖဝါးထပ်ချပ်မကွာပင် ဆွစ်ဇာလန်နိုင်ငံ၏ ပိုင်ဆိုင်မှုအမှန်တန်ဖိုးမှာ လိုက်တက်လာခြင်းပင်ဖြစ်သည်။

ရွှေစျေးတက်လျှင် ဆွစ်ဇာလန်နိုင်ငံ၏ ကြွယ်ဝမှုမှာ ပိုမိုတိုးပွားခိုင်မာလာမည်သာဖြစ်လေသည်။

(၆) Nikkei နှင့် Japanese Yen ( JPY )

အကယ်၍များ Tokyo Stock Exchange တွင် Nikkei 225 သည် လုံလောက်သောပမာဏဖြင့် သိသိသာသာကျဆင်းလျှင် Nikkei ၏ကျဆင်းမှု
သည် စျေးကွက်တွင် ထိတ်လန့်ကြောက်ရွံ့မှုကိုဖြစ်ပေါ်စေသည်။

ထိုကဲ့သို့သော စျေးကွက်အတွင်း မသေချာမရေရာမှုများကြီးစိုးနေသော အချိန်များတွင် Trader များသည် ဂျပန်ယန်းငွေ JPY ကို safe haven asset ( စီးပွားရေးကပ်ကျော် ရင်းနှီးမြှုပ်နှံမှုပစ္စည်း ) အနေဖြင့် တိုးမြှင့်ဝယ်ယူကြလေသည်။

ထို့ကြောင့် ဂျပန်နိုင်ငံ၏စီးပွားရေးခိုင်မာမှုကြောင့် ဂျပန်ယန်းငွေတန်ဖိုး မြင့်တက်မှုထက် ထိုကဲ့သို့ safe haven asset အနေဖြင့်ဝယ်ယူခြင်းထုံးစံကြောင့် JPY တန်ဖိုးမြင့်တက်မှုက ပို၍များစွာတက်စေသည်။

ထို့ကြောင့် Nikkei 225 ကျလျှင် JPY ဂျပန်ယန်းငွေတက်ဖိုး တက်သည်ဆိုသည့် ပြောင်းပြန်အကျိုးသက်ရောက်သော ဆက်နွယ်မှုကို မှတ်သားကြခြင်းဖြစ်ပါသည်။

မျိုးအိမ်ဇန်

~ကမ္ဘာပေါ်မှာဒုတိယအချမ်းသာဆုံး သူဋ္ဌေးကြီးWarren Buffettဘ၀ကိုရှုမြင်သုံးသပ်ပုံများ~“အရိုးဆုံးက အဆန်းဆုံးလို့ လူတွေပြောလေ...
27/07/2020

~ကမ္ဘာပေါ်မှာဒုတိယအချမ်းသာဆုံး သူဋ္ဌေးကြီးWarren Buffettဘ၀ကိုရှုမြင်သုံးသပ်ပုံများ~

“အရိုးဆုံးက အဆန်းဆုံးလို့ လူတွေပြောလေ့ရှိကြပါတယ်။ ရိုးရှင်းစွာနေထိုင်ခြင်းကလည်း ဘ၀အတွက် အကောင်းဆုံး ဆိုတာ အောက်မှာဖေါ်ပြမယ့် Interview တစ်ခုမှာ အထင်အရှား တွေ့ရမှာဖြစ်ပါတယ်။ ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ (၃၁) ဘီလီယံကို ရက်ရက်ရောရောလှူဒါန်းခဲ့တဲ့ ကမ္ဘာပေါ်မှာ ဒုတိယ အချမ်းသာဆုံး သူဋ္ဌေးကြီး Warren Buffett နဲ့ တစ်နာရီကြာ အင်တာဗျူးမှာ CNBC ကိုပြောသွားတဲ့ သူ့ရဲ့ ဘ၀ကို ရှု့မြင်သုံးသပ်ပုံတွေက အရမ်းစိတ်၀င်စားဖို့ကောင်း လို့ ဘာသာ ပြန်ပြီးမျှဝေလိုက်ပါတယ်။

(၁) သူ့အသက် (၁၁)နှစ်မှာသူ့ရဲ့ ပထမဆုံး ရှယ်ယာကို ၀ယ်ယူခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီလို ၀ယ်တာနောက်ကျလို့ အခု နောင်တ ရနေပါတယ်။ (အဲ့ဒီအချိန်တုန်းက အခုထက် အများကြီးစျေးနှုန်းတွေ သက်သာလို့ပါ။ ဒါကြောင့် ကိုယ့်သားသမီး ကိုလည်း ရင်းနှီးမြုပ်နှံဖို့ တိုက်တွန်းအားပေးပါ။)

(၂) သူအသက် (၁၄)နှစ်မှ သတင်းစာပို့ပြီး ရတဲ့ပိုက်ဆံတွေနဲ့ ယာမြေလေး တစ်ခု၀ယ်ခဲ့ပါတယ်။ (စုဆောင်းထားတဲ့ ငွေ လေးတွေပေါင်းပြီး ပစ္စည်းအများကြီး၀ယ်လို့ ရပါတယ်။ အဲ့ဒါကြောင့် ကိုယ့်သားသမီးကိုလည်း စီးပွားရေးတစ်ခုခုလုပ်ဖို့ တိုက်တွန်းအားပေးပါ။)

(၃) သူဟာအခု အချိန်အထိ လွန်ခဲ့တဲ့ အနှစ် (၅၀) မင်္ဂလာဦးတုန်းက ၀ယ်ခဲ့တဲ့ Midtown Omaha က အခန်းသုံးခန်းပဲ ပါတဲ့ အိမ်ကလေးမှာနေတုန်း ပါပဲ။ သူလိုအပ်တာတွေအားလုံး အဲ့ဒီအိမ်လေး ထဲမှာရှိတယ်လို့ သူကပြောပါတယ်။ သူအိမ်မှာအကာအရံတွေ ခြံစည်းရိုးတွေလဲ မရှိပါဘူး။ (ကိုယ်တကယ်လိုအပ်တာထပ် ဘယ်တော့မှ ပိုပြီးတော့ မ၀ယ် ပါနဲ့၊ ကိုယ်သားသမီးတွေကိုလဲ အဲ့ဒီလို တွေးဖို့ လုပ်ဖို့ တိုက်တွန်း အားပေးပါ။)

(၄) သူ ဘယ်သွားသွား ကားကို ကိုယ်တိုင်မောင်း သွားတတ်ပြီး သူ့မှာ ကားမောင်းသမားရော သက်တော်စောင့်ရော တစ်ယောက်မှ မရှိပါဘူး။ (သင်က သင်ပါပဲ)

(၅) သူဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ပုဂ္ဂလိက ဂျက်လေယာဉ် ကုမ္ပဏီကို ပိုင်ဆိုင်ပေမယ့် ပုဂ္ဂလိက ဂျက်လေယာဉ်နဲ့ ခရီးသွားလေ့ ဘယ်တော့မှမရှိပါဘူး။ (ကိုယ်လုပ်စရာရှိတာကို ခြိုးခြံချွေတာစွာနဲ့ ဘယ်လိုပြီးမြောက်အောင် လုပ်မလဲဆိုတာအမြဲစဉ်းစားပါ။)

(၆) သူ့ရဲ့ Berkshire Hathaway ကုမ္မဏီက ကုမ္မဏီပေါင်း (၆၃) ခုကို ပိုင်ဆိုင်ပါတယ်။ အဲ့ဒီကုမ္မဏီတွေက CEO တွေ ဆီကို သူက (၁)နှစ်ကို စာတစ်စောင်ပဲ ပို့ပါတယ်။ စာထဲမှာ လာမည့်နှစ်အတွက် ရည်းမှန်းချက်တွေကိုပဲ ရေးပေးလိုက် ပါတယ်။ အဲ့ဒါကလွဲလို့ သူတို့ဆီ ပု ံမှန်ဖုန်းဆက်ခြင်း၊ အစည်းအဝေးလုပ်ခြင်းတွေ ဘယ်တော့မှ သူမလုပ်ပါဘူး။
(သင့်တော်တဲ့ လူကိုသင့်တော်တဲ့ နေရာပေးပါ။)

(၇) အဲ့ဒီ CEO တွေကို စည်းကမ်းချက် (၂)ခုပဲထုတ်ထားပါတယ်။ စည်းကမ်းချက်(၁) သင့် ရှယ်ယာ၀င်တွေရဲ့ ငွေ တွေကိုလုံး၀ မဆုံးရှုံးပါစေနဲ့။ စည်းကမ်းချက်(၂) စည်းကမ်းချက် (၁) ကို မမေ့ပါနဲ့။ (ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ် ပါ၊ ပြီးရင်အဲ့ဒီအပေါ် လူတွေ (လက်အောက်ငယ်သားတွေ၊) အာရုံစူးစိုက်တာ သေချာပါစေ။

(၈) သူ အထက်တန်းလွှာက လူတွေနဲ့ ပေါင်းသင်းသွားလာခြင်း မရှိပါဘူး။ အိမ်ပြန်ရောက်တဲ့ အချိန်မှာ သူ လုပ်လေ့ ရှိတာက ပြောင်ဖူးပေါက်ပေါက်တွေ ကိုယ်တိုင်လုပ်ပြီး TV ထိုင်ကြည့်တာပါပဲ။ (မကြွားဝါပါနဲ့ ကိုယ်နေတတ်သလိုသာ နေပါ။ ကိုယ်နှစ်သက်တာတွေ လုပ်ပါ။)

(၉) သူဟာ ဆဲလ်ဖုန်း သယ်လေ့ မရှိသလို သူ့ အလုပ်စားပွဲပေါ်မှာလဲ ကွန်ပျူတာ မရှိပါဘူး။

(၁၀) ကမ္ဘာ္ဘပေါ်မှာ အချမ်းသာဆုံးဖြစ်တဲ့ Bill Gates က သူနဲ့ လွန်ခဲ့တဲ့ (၅)နှစ်ကမှ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ Bill Gates က သူနဲ့ Warren Buffett ဘာမှ တူညီတာသိပ်မရှိဘူး (ပြောစရာ သိပ်မရှိဘူးထင်တာနဲ့) နာရီ၀က်ပဲတွေ့ ဆုံဖို့စီစဉ်ခဲ့ပါ တယ်။ တကယ်တမ်း တွေ့ဆုံတော့ တွေဆုံမှုဟာ (၁၀)နာရီအထိ ကြာမြင့်ပြီး Bill Gates ဟာ သူ့ကို အထူးချစ်ခင်လေး စားသူ တစ်ယောက်ဖြစ်သွား ပါတော့တယ်။

လူငယ်တွေအတွက် Warren Buffett ရဲ့ အကြံပေးချက်တွေကတော့....
Credit Card (ဘဏ်ချေးငွေ) တွေကို ဝေးဝေးကရှောင်ပြီး ကိုယ့်အတွက် ကိုယ်ရင်းနှီး မြှုပ်နှံပါ- မှတ်မိနေရမယ့်အရာတွေကတော့ . . . . .

(၁) ငွေက လူကိုဖန်တီးခဲ့တာ မဟုတ်ဘဲ လူကပဲငွေကို ဖန်တီးခဲ့တာပါ။
(၂) ဘ၀ကို ကိုယ့်အရှိအတိုင်း ရိုးရိုးရှင်းရှင်း နေထိုင်ပါ။
(၃) သူများတွေပြောတိုင်း လိုက်မလုပ်ပါနဲ့။ နားတော့ထောင်ပါ။ ဒါပေမယ့် ကိုယ်ကောင်းမယ် ထင်တာကိုသာလုပ်ပါ။
(၄) အ၀တ်အစားနဲ့ ပတ်သက်ရင်လဲ နာမည်ကြီးတံဆိပ်တွေနောက်ကို မလိုက်ပါနဲ့ ကိုယ်၀တ်ရတာ သက်တောင့် သက်သာ ရှိတာတွေကိုပဲ ၀တ်ပါ။
(၅) မလိုအပ်တဲ့ အရာတွေအတွက် ပိုက်ဆံကို မဖြုန်းတီးပါနဲ့၊ တကယ်လိုအပ်နေတဲ့ သူတွေအတွက် သာသုံးပါ။
(၆) ဘာပဲပြောပြော ဒါဟာ ကိုယ့်ရဲ့ ဘ၀ပါပဲ။ ဘာလို့ သူများတွေကို ထိန်းချုပ်ခြယ်လှယ်ခွင့် ပေးရမှာလဲ။

အပျော်ဆုံးလူတွေဟာ အကောင်းဆုံးတွေကိုချည်းပဲ ရထားကြတာ မဟုတ်ပါဘူး၊
သူတို့ရဲ့ ဘ၀လမ်းမှာ ကြုံတွေ့ရတဲ့ အရာတွေကိုပဲ တန်ဖိုးထား နှစ်သက်ကြတာပါ။
Crd...

ကျွန်တော်တို့ ဘဝတွေမှာ မရရှိခဲ့၊ မပိုင်ဆိုင်ခဲ့ ရတဲ့အရာတွေ၊ မဖြစ်ခဲ့တဲ့ အိပ်မက်တွေကို ပြန်ကြည့်လိုက်ရင် အများစုဟာ ကျွန်တ...
23/07/2020

ကျွန်တော်တို့ ဘဝတွေမှာ မရရှိခဲ့၊ မပိုင်ဆိုင်ခဲ့ ရတဲ့အရာတွေ၊ မဖြစ်ခဲ့တဲ့ အိပ်မက်တွေကို ပြန်ကြည့်လိုက်ရင် အများစုဟာ ကျွန်တော်တို့ မလုပ်ဖြစ်ခဲ့တဲ့ အရာတွေပဲ ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။

အချို့အရာတွေဟာ ခက်ခဲတယ်လို့ ထင်ရပေမယ့် ဖြတ်သန်းပြီး ရင်ဆိုင်ပြီးသွားလို့ နောက်ပြန်လှည့်ကြည့်ရင် ကိုယ်လုပ်နိုင်ခဲ့တယ်ဆိုတာတွေ့ရပါတယ်။

✅ Only you can change your life.

လူဆိုတာ ကိုယ့်ဘဝကို ကိုယ်ပဲ ပြောင်းလဲရတာပါ။

ကိုယ်ဖြစ်ချင်တာ တစ်ခုရှိလာရင် ကိုယ်တိုင်စလုပ်ရတာပါ။

အဓိက အရေးအကြီးဆုံးက စ လုပ်ဖြစ်ဖို့ပါ !!!

ဘယ်တော့စမလဲ ???

⁉️ One day ? တစ်နေ့နေ့ လား?

⁉️ ? ဒီနေ့ဟာ စလုပ်မယ့် action ယူမယ့် ပထမဆုံးနေ့လား ?

⁉️ One day ? VS ?

Decide !!! သင်ကိုယ်တိုင် ဆုံးဖြတ်ပါ၊ သင့်ရွေးချယ်မှု၊ သင့်ရဲ့ ကြိုးစားအားထုတ်မှုဟာ သင့် အနာဂတ်ပါပဲ ...

မျိုးအိမ်ဇန်
Founder & Chief Analyst
ProjectX Trading Team

စီးပွားရှာနည်း~~~~~~~~~"စီးပွားရှာတယ်"(တနည်းအားဖြင့်) "ငွေရဖို့ အလုပ်လုပ်တယ်" ဆိုတာကိုယ့်ကိုယ်ကို စိတ်ပိုင်းရော ၊ ရုပ်ပိ...
23/07/2020

စီးပွားရှာနည်း
~~~~~~~~~

"စီးပွားရှာတယ်"(တနည်းအားဖြင့်) "ငွေရဖို့ အလုပ်လုပ်တယ်" ဆိုတာ
ကိုယ့်ကိုယ်ကို စိတ်ပိုင်းရော ၊ ရုပ်ပိုင်းရော ပြောင်းပြန်လှန်ပစ်ရတာပါ။
ပြောင်းပြန်လှန်ပစ်တယ်ဆိုတာ

ကိုယ်ဖြစ်ချင်တာ
ကိုယ်လုပ်ချင်တာ
ကိုယ်ကြိုက်တာ
ကိုယ်မှန်တယ်ထင်တာ
ကိုယ့်အတွက်လိုအပ်တာ..
အဲဒါတွေအားလုံး (ကိုယ့်အတွက်)ဆိုတဲ့နေရာမှာ (သူ့အတွက်/သူတို့အတွက်)လို့ ပြောင်းပြန်လှန် တွေးရတာ။

ကိုယ်က ဒီအရသာကို ကြိုက်ပေမယ့် စားသုံးသူကြိုက်ချင်မှကြိုက်မယ်။
ဒီပစ္စည်းကို ကိုယ်ကြိုက်ပေမယ့် ၀ယ်သူကအဲဒါကို လိုချင်မှလိုချင်လိမ့်မယ်။
နောက်ကွယ်မှာ ကိုယ် ဘယ်လောက်ရုန်းကန်ရုန်းကန် ၀ယ်သူရှေ့မှာတော့ ပြုံးနေရမယ်။

တစ်ဘက်လူကို ကိုယ့်အခက်အခဲ၊ ကိုယ့်အကြိုက်၊ ကိုယ့်အမှန်တရားတွေ သွားပြောလို့ ဘာအကျိုးမှမရှိဘူး။
ကိုယ့်အကြိုက်ဟာ သူ့အကြိုက်မှ မဟုတ်တာ။ သူ့အမြင်မှာ မှန်ချင်မှ မှန်မယ်။
သူလိုချင်တာ သူ့အကြိုက်၊ သူ့အတွက်အသုံး၀င်မယ့်အရာ ပဲ။

အဲဒီအချက်ကို သိရင် ငွေရှာလို့ ရပါပြီ။

ကိုယ်ပိုင်လုပ်ငန်းဖြစ်ဖြစ်
၀န်ထမ်းဖြစ်ဖြစ်
ငွေရဖို့အလုပ်မှန်သမျှ "တဘက်လူရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်လေ ငွေရလေ" ပဲ။

လုပ်ငန်းရှင်ဆိုရင်
Customer ရဲ့လိုအပ်ချက်ကို များများဖြည့်နိုင်လေ ၀င်ငွေတိုးလေလေ။
ဒါကြောင့် Customer လိုအပ်ချက်ကိုသိဖို့ Marketing တွေ လုပ်ကြတာ။
(Marketing ဆိုတာ သုံးစွဲမယ့်သူတွေ ဘာကြိုက်မလဲ ဆိုတာ တိတိကျကျသိအောင်လုပ်တာ)

၁။ မြန်မာမှာ သီးခြားလူတန်းစားလောက်သာ စီးနိုင်တဲ့ Yamaha ဆိုင်ကယ်တွေပဲ ရှိချိန်မှာ
လူတိုင်းစီးနိုင်တဲ့ ဆိုင်ကယ်တွေ တရုတ်က ရောင်းတယ်။ (၀က်၀က်ကွဲ အောင်မြင်တယ်)
၂။ လူတိုင်းနီးပါးတတ်နိုင်တဲ့ပမာဏနဲ့ မြန်မာကြိုက် Touch ဖုန်းတွေ ရောင်းတယ်။ (သောက်သောက်လဲရောင်းရတယ်)
အဲဒီဖုန်းမျိုး၊ အဲဒီဆိုင်ကယ်မျိုး သူတို့တရုတ်မှာ ဘယ်သူမှမသုံးဘူး။

"ငွေရှာနည်းဆိုတာ .. တဘက်လူရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းခြင်း" ပါပဲ။

အရောင်းဆိုင်ဖွင့်မယ်ဆိုရင် ကိုယ်ကြိုက်တာတွေချည်း ဆိုင်မှာရောင်းလို့ မရပါဘူး။
ကိုယ် ၀ယ်ဖို့မဟုတ်ဘူး။ တခြားသူတွေ၀ယ်မှာဖြစ်တဲ့အတွက်
ကိုယ့်နေရာကမစဉ်းစားပဲ
တဘက်လူနေရာက စဉ်းစားရတယ်။
ရောင်းရင်လည်း တဘက်လူနေရာက ကြည့်ရတယ်။

အဲဒီလို ကြည့်တတ်ပြီဆိုရင် ငွေရဖို့အလုပ်လုပ်တတ်ပြီ ။

၀န်ထမ်းဆိုရင်လည်း
လုပ်ငန်းရှင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်လေ ၀င်ငွေတိုးလေ။
အလုပ်ရှင် ဘာလိုအပ်မလဲ
ရောင်းအားတက်ဖို့ ၊ ၀င်ငွေတိုးဖို့လား။
ကုန်ကျစရိတ်သက်သာစေချင်တာလား။
လုပ်ငန်းနာမည် ကောင်းစေချင်တာလား
၀န်ထမ်းတွေကို ယုံကြည်စိတ်ချချင်တာလား။
လုပ်ရည်ကိုင်ရည် ကျွမ်းကျင်ပိုင်နိုင်တာလား။...
အဲဒီလို အလုပ်ရှင်ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်လေ ငွေရလေပဲ။

စီးပွားရေးပညာ(ငွေရှာနည်း)ဆိုတာ
ကျောင်းမှာလည်း မသင်ခဲ့ရဘူး။
မွေးရာကနေအသက်ကြီးလာတဲ့တလျောက် ကြုံလာတဲ့အတွေ့အကြုံတွေထက် နက်နဲပြီး
ရှေ့ ယူဇနာ၁၀၀ လောက် မျှော်မြင်ရတယ်။
တဘက်လူစိတ်ကိုလည်း သိရမယ်။ ကိုယ့်ကိုယ်ကိုလည်း ကောင်းကောင်းနားလည်ရတယ်။
အထက် အောက် ဘယ် ညာ ရှိသမျှရှုထောင့်ပေါင်းစုံကနေလည်း တွေးတတ်ရတယ်။ အချက်အလက်စုံသိရတယ်။ အစဉ်အမြဲသတိရှိရတယ်။
ဘယ်သူ့ကိုမှ ယုံကြည်လို့မရပဲ
ကိုယ့်ယုံရမှာ ကိုယ့်အသိဥာဏ် နဲ့ ကိုယ့်လုပ်အားပဲ။
အဲဒီကနေ အခြေတည်ပြီး လုပ်ငန်းSystem ကောင်းအောင် ကြိုးစားလေ လုပ်ငန်းအောင်မြင်ကြီးထွားလေ ၀င်ငွေများလေ ပဲ။

လုပ်ငန်းSystem ကောင်းဖို့ဆိုတာ MBA တက်ရုံနဲ့ မရဘူး။ အတွေ့အကြုံနဲ့အတတ်ပညာပေါင်းပြီး ဖြစ်လာတာ။

မြန်မာပြည်မှာ စီးပွားရေးအောင်မြင်နေသူတွေဆိုရင် ကံကောင်းလို့ဖြစ်လာသလို ပြောဆိုကြတာ တွေ့တယ်။
စီးပွားရေးအောင်မြင်ဖို့ဆိုတာ ဘယ်လောက် ဘယ်လို ဘယ်အချိန်ကတည်းက ဘာတွေလုပ်ခဲ့ရတယ်ဆိုတာ အောင်မြင်သူတွေကို မေးကြည့်။
အော်ရီလိမ့်မယ် (ထုံလွန်းလို့ နာတယ်မထင်တော့တာ)။
ပိုပြည့်စုံနေတယ် ချမ်းသာပြည့်ဝနေတယ်လို့ ထင်ရတဲ့သူတွေဟာ
သာမန်လူတွေ အိပ်ချိန်တောင် အလုပ်လုပ်နေကြတယ်။

ငွေရဖို့ရှာတဲ့အခါ
ကိုယ့်မျက်စိကမြင်တဲ့အမြင် ကိုယ့်အသိကထင်တဲ့အထင် ထက်
တစ်ဘက်လူတစ်ယောက်စာအမြင် ဆယ်ယောက်စာအမြင် အယောက်တထောင်စာအမြင် နိုင်ငံတခုလုံးစာအမြင်မျိုး
မြင်တတ်ရတယ် တွေးတတ်ရတယ်။

လူဆိုတာ သက်သာတာကြိုက်တဲ့အမျိုး။
ဘယ်သူမဆို ကိုယ် လုပ်ချင်တာလုပ်နေချင်တယ်။ ဘယ်သူ့မျက်နှာ၊ဘယ်သူ့အကြိုက်မှ လိုက်လုပ်မနေချင်ဘူး။
ဒါပေမယ့်
ငွေရဖို့ အလုပ်လုပ်ရတဲ့အခါ -
ကိုယ့်စိတ်အတိုင်း ကိုယ်ထင်တဲ့အတိုင်း မဟုတ်ဘူး။ နေတတ်ရတယ်။ ပြောတတ်ရတယ်။
ချင့်ချိန်စဉ်းစားရတယ်။ စီစဉ်ရတယ်။ ကြိုတင်ပြင်ဆင်ရတယ်။ လုပ်ဆောင်ရတယ်။ စီမံရတယ်။

ဒါကြောင့် စိတ်ကိုရော
ရုပ်ပိုင်းကိုရော
ကိုယ့်တစ်ကိုယ်စာ အမြင်၊အထင်၊အပြောမျိုး မဟုတ်ပဲ
ဘက်ပေါင်းစုံ လူပေါင်းစုံ ရှုထောင့်ပေါင်းစုံက အမြင်မျိုး အသိမျိုးရှိရတယ်။
အဲဒါကို ကိုယ့်ကိုယ့်ကို ပြောင်းပြန်လှန်ပစ်တယ်လို့ သုံးနှုံးတာပါ။

ဝင်ငွေများအောင် ရှာရတာ
ပြဿာဒ်ကြီးကို ဇောက်ထိုးထောင်ပြီး ဟန်ချက်ညီအောင် ထိန်းရသလိုပဲ။
ခက်ခဲသလိုလိုနဲ့
တချိန်ကျရင်တော့
တမင်အားထုတ်စရာမလိုပဲ
အသာလေး ဟန်ချက်ညီညီထိန်းနိုင်သွားပါလိမ့်မယ်။ အဲဒီအချိန်ဟာ လူကငွေကို အနိုင်ရသွားတဲ့အချိန်ပါပဲ။

လေးစားစွာဖြင့်🙏🙏
Credit : သူရဝေနှင်း
အမှားပြင်ဆင်ချက် -
Yokohama ကို ဟု ပြင်ဆင်ဖတ်ရှုပါရန်။

☘️ အောင်မြင်သော Forex Traders များ၏ အမူအကျင့် များ ☘️ #11️⃣ Wake Up Early !Daily Timeframe Trader တစ်ယောက်အနေနဲ့ မနက် ၆ခ...
20/07/2020

☘️ အောင်မြင်သော Forex Traders များ၏ အမူအကျင့် များ ☘️

#11️⃣ Wake Up Early !

Daily Timeframe Trader တစ်ယောက်အနေနဲ့ မနက် ၆ခွဲဝန်းကျင်မှာ Chart Screening လုပ်ဖို့ လိုပါတယ်။

#22️⃣ Stay Disciplined !

စည်းကမ်းဟာ trader တစ်ယောက်ရဲ့အသက်ပါပဲ။ Trading Discipline, Self Discipline အားလုံး အတိအကျ လိုက်နာရပါမယ်။

#33️⃣ Stay Laser Focused !

Forex Trader ချင်းအတူတူ၊ Trading System ချင်း အတူတူ အချို့က Profit ကောင်းကောင်းရပြီး အချို့ မရတာဟာ " Focus " ချင်းမတူလို့ပါ။

Trading System အရ opportunity ရလာရင် အမိအရ ယူနိုင်အောင် Laser Focus ထားရပါမယ်။

#44️⃣ Live Healthy !

Forex Trading ဟာ " Psychology Game " ပါ ကိုယ်ရော စိတ်ပါ ကျန်းမာဖို့ အရမ်းအရေးကြီးပါတယ်။

အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ကြည်လင် ကျန်းမာနေဖို့ အရမ်း အရေးကြီးပါတယ်။

#55️⃣ Ignore Nonsense !

" Awareness " စိတ်ဝင်စားတာနဲ့ " Aggressive " တက်ကြွထက်သန်စွာ လုပ်တာနဲ့ မတူပါဘူး။

Forex Trading ကို ဝင်လာတဲ့အခါ လူနှစ်မျိုးတွေ့ရပါတယ်။

Forex Trading ကို လုပ်မယ်ဆိုတဲ့ Awareness နဲ့ comfort zone ထဲက လုပ်တဲ့သူတွေဟာ အောင်မြင်ဖို့ အချိန်ကြာလေ့ရှိပါတယ်။

အောင်မြင်ရမယ်လို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး aggressively လုပ်တဲ့သူတွေဟာ ပိုပြီး အောင်မြင်မှု ကိုရလေ့ရှိပါတယ်။

🖍 အဓိက ကွာခြားချက်ကတော့ ဘဝမှာ ဘယ်အရာ အရေးကြီးလဲ ဆိုတဲ့ အဓိက နဲ့ သာမည ကိုခွဲခြားနိုင်စွမ်းပါပဲ။ Beginner ဘဝမှာ Facebook သုံးလိုက်၊ game ဆော့လိုက်၊ လူမှုရေးတွေအတွက် တအား အချိန်ပေးနေလိုက် အရမ်းများနေရင် အောင်မြင်မှုနဲ့ ဝေးပါလိမ့်မယ်။

" အဓိပ္ပာယ်ရှိတာတွေအတွက် အချိန်ကို သုံးတတ်တာ အရမ်းကောင်း ပါတယ်။ "

မျိုးအိမ်ဇန်
Founder & Chief Analyst
ProjectX Trading Team

☘️ မဖြစ်နိုင်ဘူး ...  လို့ မပြောခင် ဘယ်လောက် ကြိုးစားခဲ့ပြီးပြီလဲ? ☘️လူတိုင်း လူတိုင်းရဲ့ ဘဝမှာ ဖြစ်ချင်တဲ့ လိုအင်ဆန္ဒတွ...
19/07/2020

☘️ မဖြစ်နိုင်ဘူး ... လို့ မပြောခင် ဘယ်လောက် ကြိုးစားခဲ့ပြီးပြီလဲ? ☘️

လူတိုင်း လူတိုင်းရဲ့ ဘဝမှာ ဖြစ်ချင်တဲ့ လိုအင်ဆန္ဒတွေ၊ အိပ်မက်တွေ ရှိကြတယ်။ ဒါပေမယ့် အချို့လည်း ပန်းတိုင်ကို ရောက်သွားကြတယ်၊ အချို့လည်း လက်လျှော့ အရှုံးပေးသွားကြတယ်။ ဘဝကို နေချင်သလို ဖြစ်အောင် မလုပ်တော့ဘဲ ဖြစ်လာသလိုပဲ နေသွားကြတယ်။

လူတစ်ယောက်ဟာ တစ်စုံတစ်ရာ တိုးတက်ပြောင်းလဲအောင် လုပ်တော့မယ်၊ အသစ်တစ်ခုခု စလုပ်တော့မယ်ဆိုရင် အရင်ဆုံး မိမိ ကိုယ်တိုင် စခံစားရတာ Resistance လို့ ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ အဟန့်အတား ကြောက်စိတ်ပါ။

အဲဒီအခါမှာ ...

မဖြစ်နိုင်ပါဘူး၊

မလုပ်နိုင်ပါဘူး၊ ဒါဟာ ငါ့ပုံစံမဟုတ်ဘူး၊ ငါနဲ့ မကိုက်ဘူး၊ ငါလိုက်မှာ မဟုတ်ဘူး ... စသည် စသည် ဖြင့် ကြောက်စိတ်နဲ့ အပြင်းအထန် ငြင်းဆန်ကြတယ်။

Self-Confidence မိမိကိုယ်ကို ယုံကြည်မှု မရှိတဲ့အခါ အခြားသူကို တိုင်ပင်တတ်ကြတယ်။
ကိုယ်တိုင်ပင်တဲ့သူဟာ Positive Thinking အပြုသဘောအကောင်းမြင်စိတ်ရှိတဲ့သူဆိုရင် ပြဿနာမရှိပေမယ့်၊ သူကလည်း Fear ကြောက်စိတ်များတဲ့သူဆိုရင် ကိုယ့်ရဲ့ ကြောက်စိတ်က ပိုကြီးသွားနိုင်ပါတယ်။

လောကမှာ ရှိသမျှ အရာရာအားလုံးကို ကတော့ ဖြစ်အောင်လုပ်ဖို့ မလွယ်တာ အမှန်ပါပဲ။ ဒါပေမယ့် အများစု၊ အများစု ကတော့ တကယ်လုပ်ရင် တကယ်ဖြစ်ပါတယ်။

အဓိက အရေးအကြီးဆုံးက "မရဘူး၊ မဖြစ်နိုင်ဘူး" လို့ ကိုယ့်ကိုယ်ကိုယ် ပြောနေမိတိုင်း ပြန်မေးရမယ့် မေးခွန်းတစ်ခုက ...

⁉️ မဖြစ်နိုင်ဘူး !!! မဖြစ်နိုင်ဘူး !!! လို့ မပြောခင် ဘယ်လောက်ကြိုးစားခဲ့ပြီးပြီလဲ ? ဆိုတဲ့မေးခွန်းပါ။

ဘယ်လောက် လုံလောက်အောင် အားထုတ်ခဲ့ပြီးပြီလဲ?

ဘယ်လောက် လုံလောက်အောင် ကြိုးစားခဲ့ပြီးပြီလဲ?

ဘယ်လောက် လုံလောက်အောင် ပေးဆပ်ရင်းနှီးခဲ့ပြီးပြီလဲ?

အကြိမ်ကြိမ် ကိုယ့်ကိုယ်ကိုယ် ပြန်မေးသင့်ပါတယ်။

အောင်မြင်မှု မှာ ဘယ်တော့မဆို မပါမဖြစ်တဲ့ ပါဝင်ပစ္စည်းဟာ ကြိုးစားအားထုတ်မှုနဲ့ Endurance လို့ ခေါ်တဲ့ ဒူပေဒဏ်ပေ ခံနိုင်စွမ်းပါ။

လွယ်လွယ်လက်လျှော့ တတ်သူကို ဒီ Universe လောကကြီးက ဘာဆုလာဘ်မှ ပြန်မပေးတတ်ပါဘူး။

တကယ်တော့ အောင်မြင်တဲ့သူတွေဆိုတာ မရဘူး၊ မဖြစ်နိုင်ဘူး လို့ ကိုယ်ထင်တဲ့အရာတစ်ခုကို ပေခံပြီး အသည်းအသန်ရအောင် တစ်ကြိမ်ကနေ နောက်အကြိမ်ကြိမ် လုပ်ရင်း လုပ်ရင်း မရရအောင် ကြိုးစားတယ် ဆိုတဲ့သူတို့ရဲ့ Self Confidence ရယ်၊ ဖြစ်အောင်လုပ်ရင် ဖြစ်တယ်ဆိုတဲ့ အစဥ်အလာ အလေ့အထ ရယ်က သူတို့ကို အောင်မြင်စေတာပါ ...

အဲဒီအတွက် ဘယ်တော့မှ လွယ်လွယ်နဲ့ လက်မလျှော့ပါနဲ့ ...

မရဘူး၊ မဖြစ်နိုင်ဘူး လို့ မပြောခင် " ငါ ဘယ်လောက် အစွမ်းကုန် ကြိုးစားကြည့်ခဲ့ပြီးပြီလဲ? " လို့ ကိုယ့်ကိုယ်ကိုယ် အမြဲ ပြန်ပြန်မေးကြည့်ပါ ...

မျိုးအိမ်ဇန်

အစိုးရအသုံးစရိတ်အတွက် အမေရိကန် ၁ ဒေါ်လာကို ကျပ် ၁၅၂၀ သတ်မှတ် ဈေးကွက်အတွင်း ဒေါ်လာဈေးပြန်တက်ဖွယ်ရှိ======================...
19/07/2020

အစိုးရအသုံးစရိတ်အတွက် အမေရိကန် ၁ ဒေါ်လာကို ကျပ် ၁၅၂၀ သတ်မှတ် ဈေးကွက်အတွင်း ဒေါ်လာဈေးပြန်တက်ဖွယ်ရှိ

====================
====================

ဇူလိုင် ၁၈

အောက်တိုဘာ ၁ ရက်နေ့မှစတင်ကာ အစိုးရအသုံးစရိတ်အတွက် အမေရိကန် ၁ ဒေါ်လာကို ၁၅၂၀ ကျပ် သတ်မှတ်လိုက်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရပါတယ်။

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်းထားများကို ၂၀၁၂ ခုနှစ်မှစတင်ကာ နှုန်းရှင် စနစ်ဖြင့် ဆောင်ရွက်ခဲ့ပြီး ငွေကြေးဈေးကွက်အတွင်း Covid-19 ကြောင့် အမေရိကန်ဒေါ်လာဈေးနှုန်းမှာ ကျဆင်းလျက်ရှိပြီး မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်လျက်ရှိတယ်လို့ဆိုပါတယ်။

ကျပ်ငွေတန်ဖိုးမြင့်တက်လျက်ရှိသော်လည်း ဘဏ်အတိုးနှုန်းလျော့ချခြင်း၊ အစိုးရဘတ်ဂျက်လိုငွေမြင့်မား ခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားခြင်းတို့ကြောင့် ကျပ်ငွေတန်ဖိုးကျဆင်းစေပြီး ငွေလဲလှယ်နှုန်းပြန် လည် မြင့်တက်လာနိုင်တယ်လို့ ဗဟိုဘဏ်က ခန့်မှန်းထားပါတယ်။

အဲဒါကြောင့် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ်အရ အသုံးခန့်မှန်းခြေငွေစာရင်း ရေးဆွဲတင်ပြတဲ့အခါ ဌာန အဖွဲ့အစည်းများသို့ နိုင်ငံခြားငွေလဲလှယ်နှုန်း အမေရိကန် ၁ ဒေါ်လာ ကျပ် ၁၅၂၀ သတ်မှတ်လိုက်တယ် လို့ဆိုပါတယ်။

ငွေကြေးဈေးကွက်လေ့လာသူ တစ်ဦးက ငွေကြေးပေါက်ဈေးထက် ကျပ် ၁၅၀ လောက်ကိုဆွဲတင်လိုက် တာပေါ့။ အပြင်မှာ ၁၃၀၀ ကျော်ပေါက်တာ ဒီအတိုင်းဆိုရင် ဒေါ်လာဈေးက ထပ်တက်လာမယ့် သဘောရှိတယ်။ ဒေါ်လာစားတွေကတော့ ပျော်တာပေါ့။ ဒေါ်လာဈေးမြင့်လာရင် ကုန်ဈေးနှုန်းမြင့်လာမယ့် အကျပ်အတည်းကိုလည်း ပြည်သူတွေက ထပ်ခံရဖို့ရှိတယ်လို့ မြန်မာ့ပလက်ဖောင်းကို ပြောပါတယ်။

---

အစိုးရအသုံးစရိတ်အတွက် အမေရိကန် ၁ ဒေါ်လာကို ကျပ် ၁၅၂၀ သတ်မှတ် ဈေးကွက်အတွင်း ဒေါ်လာဈေးပြန်တက်ဖွယ်ရှိ
https://www.myanmaplatform.com/a/46149.html

==========
Credit MyanmaPlatform
X TRADER

Address

34st, Bet; 75*76st, Chan Ayae Thar Zan Township
Mandalay
05013

Alerts

Be the first to know and let us send you an email when Brighter Future-Forex Trading posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share