Aung Pyae Phyo ေအာင္ျပည့္ၿဖိဳး

Aung Pyae Phyo ေအာင္ျပည့္ၿဖိဳး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Pyae Phyo ေအာင္ျပည့္ၿဖိဳး, Wholesale & Supply Store, Between 30x31 Sts, 85th Sts, Chan Aye Tha Zan Township, Mandalay.

ေအာင္ျပည့္ၿဖိဳး ဆန္ႏွင့္ ဆန္ေရာင္း၀ယ္ေရးမွရရွိႏိုင္ေသာ ဆန္အမ်ိဳးအစားမ်ား
31/08/2020

ေအာင္ျပည့္ၿဖိဳး ဆန္ႏွင့္ ဆန္ေရာင္း၀ယ္ေရးမွ
ရရွိႏိုင္ေသာ ဆန္အမ်ိဳးအစားမ်ား

ေအာင္ျပည့္ၿဖိဳး ဆန္စက္ႏွင့္ ဆန္ေရာင္း၀ယ္ေရး တြင္ေအာက္ပါ ၀န္ထမ္းမ်ား ေလွ်ာက္ထားႏိုင္ပါသည္။
11/08/2020

ေအာင္ျပည့္ၿဖိဳး ဆန္စက္ႏွင့္ ဆန္ေရာင္း၀ယ္ေရး တြင္
ေအာက္ပါ ၀န္ထမ္းမ်ား ေလွ်ာက္ထားႏိုင္ပါသည္။

🌾🌾🌾အိန္ဒိယ ဘာစမာတီ (ဆီးချိုဆန်) ကို မန္တလေးမြို့မှာ လက်လီ/လက်ကား ဝယ်ယူရရှိနိုင်ပါပြီ🌼🌿ဘာစမာတီဆန်သည် အခြားဆန်အမျိုးအစားမျ...
30/07/2020

🌾🌾🌾အိန္ဒိယ ဘာစမာတီ (ဆီးချိုဆန်) ကို
မန္တလေးမြို့မှာ လက်လီ/လက်ကား ဝယ်ယူရရှိနိုင်ပါပြီ

🌼🌿ဘာစမာတီဆန်သည် အခြားဆန်အမျိုးအစားများထက် သွေးတွင်းအချိုဓာတ်ကို သိသိသာသာ
နှေးစေသောကြောင့် ဆီးချိုသမားများအတွက် ကျန်းမာရေးနှင့် ညီညွတ်၍ အထူးသင့်လျော်သော ဆန်အမျိုးအစား ဖြစ်ပါသည်🌸🌸🌸

🌼🌿များသောအားဖြင့် ဆီးချိုသမားများနှင့် သင့်လျော်သော ဆန်အမျိုးအစားများမှာ ဆန်ကြမ်းများသာဖြစ်သောကြောင့် ရရှိလာသော ထမင်းသား၏ အရသာမှာလည်း နူးညံ့မှုမရှိဘဲ
ကြမ်းလှပါသည်🌸🌸🌸

🌼🌿သို့သော် ဘာစမာတီဆန်၏ ထမင်းသားမှာ သေးသွယ်ရှည်လျား၍ အရသာမှာ ထူးခြားပြီး နူးညံ့လှပါသည်🌸🌸🌸

🌼🌿ဆီးချိုသမားများ စားရသည့် ထမင်းပမာဏ အနည်းငယ်အတွက် ကျန်းမာရေးနှင့် အထူးသင့်လျော်သော ဘာစမာတီဆန်ကိုသာ
စားသုံးသင့်ပါသည်🌸🌸🌸

🌼🌿ကျန်းမာရေးနှင့် ပတ်သက်ပြီး ကိုယ်အလေးချိန် ထိန်းသိမ်းလိုသူများအတွက်လည်း အထူးသင့်လျော်ပါသည်🌸🌸🌸

🌼🌿မန္တလေးမြို့တွင်း အိမ်အရောက် အခမဲ့ ပို့ဆောင်ပေးပြီး နယ်မှဝယ်ယူလိုသောသူများအတွက်လည်း ကားဂိတ်အရောက် ပို့ဆောင်ပေးပါသည်🌸🌸🌸

😊😊😊25 Kg (၁၂ ပြည်ခွဲ) - ၅၈၀၀၀ ကျပ်

🌼🌿ဆက်သွယ် မှာယူရန်အတွက်

🌾🌾🌾အောင်ပြည့်ဖြိုး ပင်ရင်း ဆန်ပွဲရုံ
၈၅ လမ်း , ၃၀ နှင့် ၃၁ လမ်းကြား
မန္တလေးမြို့
၀၉-၇၉၇၇၇၇၈၈၉

မြန်မာလယ်သမားများသည် လွယ်ကူစိမ့် သောငှာ စပါးပင်တို့၏ သက်တမ်းကိုလိုက်၍ (၁) ကောက် လျင်၊ (၂)ကောက်လတ်၊ (၃)ကောက်ကြီး၊ (၄) မုရ...
29/07/2020

မြန်မာလယ်သမားများသည် လွယ်ကူစိမ့် သောငှာ စပါးပင်တို့၏ သက်တမ်းကိုလိုက်၍
(၁) ကောက် လျင်၊
(၂)ကောက်လတ်၊
(၃)ကောက်ကြီး၊
(၄) မုရင်း၊ ဟူ၍ စပါးမျိုး ၄မျိုး ခွဲခြားထားကြသည်။

ကောက်လျင် စပါး၏ သက်တမ်းမှာ ရက်ပေါင်း ၁၄ဝ မှ ၁၅ဝ အထိဖြစ်၍ အောက်တိုဘာလလယ်လောက်တွင် ဖြစ်စေ၊ လကုန်လောက်တွင် ဖြစ်စေ မှည့်သည်။ ထိုစပါးမျိုးကို မိုးနည်း သော ဒေသများနှင့် မြေမကောင်းသော လယ်ကွင်းများတွင် စိုက်ပျိုးလေ့ ရှိသည်။ သို့သော် မြန်မာနိုင်ငံ အောက်ပိုင်း၌ ကောက်ကြီးနှင့် ကောက်လတ်စပါး စိုက်ပျိုးသောလယ်များ တွင် သီးဦးစားရန်အတွက် ကောက်လျင်များကို အနည်းငယ် စိုက်ပျိုးလေ့ရှိသည်။ မြန်မာနိုင်ငံ အောက်ပိုင်းတွင် စိုက်ပျိုး သော ကောက်လျင်စပါးမျိုးများမှာ ဆန်လုံးငယ်သော ဧည့်မထ စပါးနှင့် လက်ရွေးဆန်စပါးများ ဖြစ်ကြသည်။ မြန်မာနိုင်ငံ အထက်ပိုင်းတွင် စိုက်ပျိုးသော ကောက်လျင်စပါးမျိုးများမှာ ငစိန်နှင့် လက်ရွေးဆန် အငယ်စားမျိုးများ ဖြစ်ကြသည်။ ကောက်လတ်စပါး အမျိုးအစား၏ သက်တမ်းမှာ ရက်ပေါင်း ၁၅ဝ မှ ၁၇ဝ အထိ ဖြစ်၍ နိုဝင်ဘာလလယ် သို့မဟုတ် လကုန်လောက်တွင်မှည့်သည်။ ထိုစပါးမျိုး၌ ဆန်လုံးသေးငယ် သော ငစိန်စပါး၊ လက်ရွေးဆန်စပါးနှင့် ဧည့်မထစပါးများ ပါဝင်သည်။ ထိုစပါးများကို ကောက်ကြီးစပါး စိုက်ပျိုးသော လယ်များမှာထက် ၁ဝ ရက် ၁၅ ရက်စော၍ ရေခန်းသော လယ်ကွက်များတွင် စိုက်ပျိုးကြသည်။ ရခိုင်တိုင်းမှ ဆန်လုံး ငယ်သော 'လက်ရုံး'စပါး၊ 'ငကြိမ်သီး'စပါး၊ တနင်္သာရီတိုင်းမှ 'ရှမ်းကလေး'စပါးနှင့် 'ရဟိုင်း'စပါးတို့သည် ကောက်လတ်စပါး များ ဖြစ်ကြသည်။ မြန်မာနိုင်ငံ အထက်ပိုင်းတွင် ဆည်များမှ ရေမရသောလယ်များတွင် ကောက်လတ်စပါးမျိုးကို စိုက်ပျိုးကြ သည်။

ကောက်ကြီးမှာ သက်ရင့်စပါးမျိုး ဖြစ်သည်။ သက်တမ်းမှာ ရက်ပေါင်း ၁၇ဝ မှ ၂ဝဝ အထိဖြစ်၍ ဒီဇင်ဘာလဆန်းတွင် မှည့်သည်။ သက်တမ်းအလိုက် အမျိုးအစားခွဲရလျှင် ပဲခူး တိုင်း၊ ရခိုင်တိုင်းတို့၌ စိုက်ပျိုးသော ဆန်လုံးကြီးမျိုး ငစိန်စပါး သည် ကောက်ကြီးမျိုး ဖြစ်သည်။ တနင်္သာရီတိုင်းတွင် စိုက်ပျိုး သော 'ဗျတ်'စပါးနှင့် မြန်မာနိုင်ငံအောက်ပိုင်း မြေဩဇာကောင်း သော အရပ်များတွင် စိုက်ပျိုးသော မီးတုံးစပါးတို့သည်လည်း ကောက်ကြီးမျိုးပင် ဖြစ်ကြသည်။ မီးတုံးမျိုးတွင် ကမာကြည်၊ စပါးနက်နှင့် ကုလားကြီးတို့ ပါဝင်သည်။ ကောက်ကြီးစပါးကို မြေဩဇာ ကောင်းမွန်၍ မိုးကုန်သည်အထိ ရေရရှိသော လယ် များတွင် စိုက်ပျိုးသည်။ ပုသိမ်၊ မြောင်းမြ၊ ဖျာပုံစသော မြစ်ဝ ကျွန်းပေါ်ဒေသတို့တွင် စပါးနက်မျိုးကို ငကျွဲဟု ခေါ်လေ့ရှိ သည်။ ဆည်မှရေရသော ရွှေဘိုခရိုင်နှင့် မင်းဘူးခရိုင်ရှိ လယ်များတွင် ကောက်ကြီးစပါးကို စိုက်ပျိုးကြသည်။

မူရင်းစပါးသည် ကောက်လျင်စပါးနှင့် သက်တမ်းတူသည်။ ထိုစပါးမျိုးကို မြစ်ကမ်းခြေ အရပ်ဒေသများ၌ နိုဝင်ဘာလတွင် စိုက်ပျိုးကြ၍ မတ်လတွင် ရိတ်သိမ်းကြသည်။ အထက်ပါ စပါး မျိုးများအပြင် တောင်ပေါ်တွင် စိုက်ပျိုးသော တောင်ယာစပါး နှင့် ၆ လက်မ ၈ လက်မအထိ ရေမြုပ်နေသော လယ်များတွင် စိုက်ပျိုးသည့် တစ်တောင်ပိုစပါးမျိုးကဲ့သို့သော ရေပေးစပါးမျိုး ဟူ၍ စပါးနှစ်မျိုး ရှိသေးသည်။ ထိုစပါးမျိုးများ အနက် ကောက်ကြီးနှင့် ကောက်လတ်စပါးတို့မှာ အနုတ်အသိမ်းများ သဖြင့် ယင်းတို့ကို အကြီးအကျယ် စိုက်ပျိုးကြသည်။

ကောက်ည|င်းသည် စပါးမျိုးပင်ဖြစ်သည်။ အကြမ်းအားဖြင့် ဆန်အရောင်ကိုကြည့်၍ ကောက်ညှင်းဖြူ၊ ကောက်ညှင်းငချိပ် ဟူ၍ နှစ်မျိုးခွဲသည်။ ကောက်ညှင်းဖြူမှာ အရောင်ဖြူ၍၊ ကောက်ညှင်းငချိပ်မှာ အရောင်ညိုသည်။ ကောက်ညှင်းစပါး သည် ရိုးရိုးစပါးများလောက် အသုံးမများသဖြင့် ယင်းကို အနည်းငယ်လောက်သာ စိုက်ပျိုးလေ့ရှိသည်။

🥰IBK Capital Myanmar မိသားစုမွ🥰အမရပူရ ေရေဘးသင့္ျပည္သူမ်ားအား ဆန္ ႏွင့္ ဆီ ေပးေ၀လွဴဒါန္းရန္အတြက္ေအာင္ျပည့္ၿဖိဳးမွ ၀ယ္ယူအာ...
24/07/2020

🥰IBK Capital Myanmar မိသားစုမွ🥰
အမရပူရ ေရေဘးသင့္ျပည္သူမ်ားအား
ဆန္ ႏွင့္ ဆီ ေပးေ၀လွဴဒါန္းရန္အတြက္
ေအာင္ျပည့္ၿဖိဳးမွ ၀ယ္ယူအားေပးမႈကို
အလွဴရွင္ ေမာင္ႏွမမိသားစုမ်ားႏွင့္ အတူ
ဂုဏ္ယူ၀မ္းသာမိပါေၾကာင္း ႏွင့္
ေက်းဇူးအထူးတင္ရွိပါေၾကာင္း
ဒီထက္မက လွဴဒါန္းႏိုင္ပါေစေၾကာင္း
ေအာင္ျပည့္ၿဖိဳးမိသားစု မွ
ဆုမြန္ေကာင္းေတာင္းလိုက္ပါတယ္ခင္ဗ်ာ။
🙏🙏🙏🙏🙏
ေအာင္ျပည့္ၿဖိဳး မိသားစုမွလည္း
အလွဴရွင္မ်ား စိတ္တိုင္းက် 1ျပည္ 2ျပည္အိတ္မ်ားကို
အိတ္ခြံဖိုးႏွင့္ ၀န္ေဆာင္မႈအတြက္ အဖိုးအခမယူပဲ လုပ္အားဒါနကုသိုလ္အျဖစ္ ၀န္ေဆာင္မႈေပး၍ အိတ္ႀကီးေစ်းႏႈန္းအတုိင္းသာ ခြဲေ၀ေပးၿပီး ခ်က္ခ်င္းေဆာင္ရြက္ေပးပါသည္။
🌸🌸🌸🌸🌸
ေအာင္ျပည့္ၿဖိဳး မိသားစုမွလည္း ဆန္ႏွင့္ ပတ္သက္လာလွ်င္ အလွဴရွင္မ်ားစိတ္တိုင္းက် အစဥ္တစိုက္ ႀကိဳးပမ္းေဆာင္ရြက္လွ်က္ရွိပါတယ္ခင္ဗ်ာ။🙏🙏🙏

"ဧရာ၀တီမြစ်ကမ်းနား ရေဆိုးမြောင်းနေရာ တာရိုးကျိုးပေါက်မှု ပြင်ဆင်ရန် ၃ ရက်ခန့်ကြာနိုင်၊အစိုးရတာ၀န်ဖြစ်သောကြောင့် လုပ်သင့်...
20/07/2020

"ဧရာ၀တီမြစ်ကမ်းနား ရေဆိုးမြောင်းနေရာ တာရိုးကျိုးပေါက်မှု ပြင်ဆင်ရန် ၃ ရက်ခန့်ကြာနိုင်၊အစိုးရတာ၀န်ဖြစ်သောကြောင့် လုပ်သင့်လုပ်ထိုက်သည်များလုပ်ပေးမည်ဟု ၀န်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ပြော"

ယနေ့နံနက်ပိုင်းက အခင်းဖြစ်ပွားရာ အမရပူရ ဧရာ၀တီမြစ်ကမ်းနားလမ်းသို့ ရောက်ရှိလာသည့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အင်ဂျင်နီယာများခန့်မှန်းထားချက်အရ ၃ ရက်ခန့်ကြာနိုင်ပြီး ပြိုတာများလျှင် ယခုထက်ပိုကြာနိုင်ကြောင်း၊ ခိုင်မာအောင်ပြန်လည်ပြုပြင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ပြည်ထောင်စုအစိုးရအဖွဲ့ လူကယ်ပြန်၀န်ကြီးလည်း ဆင်းလာမည်ဖြစ်ပြီး တိုင်းအစိုးရ၊ ပြည်ထောင်စုအစိုးရပူးပေါင်းကာ ယခုပြဿနာအား ဖြေရှင်းမည်ဖြစ်ကြောင်း ၀န်ကြီးချုပ်က ပြောသည်။ "လူတွေလည်းဘေးလွတ်ရာကိုရွှေ့ထားတယ်။ လုပ်သင့်လုပ်ထိုက်တာ အကုန်လုပ်ပေးမယ်။ တိုင်းဒေသကြီးကလည်းလုပ်မယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ကလည်းလုပ်မယ်။ သဘာ၀ဘေးအန္တရာယ်ဆိုတာ ရှောင်လွှဲလို့မရဘူး။ ပြည်သူလူအသက်အိုးအိမ်စည်းစိမ်ကာကွယ်ဖို့က အစိုးရရဲ့တာ၀န်ပါ။" ဟု ၀န်ကြီးချုပ်ကပြောသည်။

7 Day News မှ တဆင့် တင်ပြပါသည် ခင်ဗျား...

မန္တလေးမြို့ ရွှေဂဲရေထိန်းတံခါးအနီး တာရိုး ကျိုးပေါက်ကာ ဧရာဝတီမြစ်ရေ ဝင်ရောက်မှု အခြေအနေMandalay In-depth News၊ ဇူလိုင်-...
20/07/2020

မန္တလေးမြို့ ရွှေဂဲရေထိန်းတံခါးအနီး တာရိုး ကျိုးပေါက်ကာ ဧရာဝတီမြစ်ရေ ဝင်ရောက်မှု အခြေအနေ

Mandalay In-depth News၊ ဇူလိုင်-၂၀

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရွှေဂဲရေထိန်းတံခါးအနီး တာရိုး ကျိုးပေါက်ကာ ဧရာဝတီမြစ်ရေ ဝင်ရောက်မှု အခြေအနေကို ယနေ့ ဇူလိုင်(၂၀)ရက် နံနက်ပိုင်းတွင် တွေ့ရစဉ်။

အဆိုပါ တာရိုးကျိုးပေါက်ကာ မြစ်ရေဝင်ရောက်မှုကြောင့် အမရပူရမြို့နယ် ကျန်တန်းရပ်ကွက်၊ ယဉ်တော်ကျေးရွာနှင့် ငယ်တိုးကျေးရွာမှ ဒေသခံများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ ဇူလိုင်(၁၉)ရက် ညပိုင်းကတည်းက ရေဘေးအန္တရာယ် သတိပေးခြင်း၊ နေရာရွှေ့ပြောင်းပေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

ရေဆိုးထုတ်မြောင်း ကျိုးပေါက်ကာ ဧရာဝတီမြစ်ရေ ဝင်ရောက်မှု အခြေအနေများ/ Photo – Mg Min Maw, Htet Naing FB.

https://www.facebook.com/mandalayindepthnews

#တာရိုး #ဧရာဝတီမြစ်ရေဝင်

မန္တလေးမြို့ ရွှေဂဲရေထိန်းတံခါးအနီး တာရိုး ကျိုးပေါက်ကာ ဧရာ၀တီမြစ်ရေ ၀င်ရောက်မှု အခြေအနေ

Mandalay In-depth News၊ ဇူလိုင်-၂၀

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရွှေဂဲရေထိန်းတံခါးအနီး တာရိုး ကျိုးပေါက်ကာ ဧရာ၀တီမြစ်ရေ ၀င်ရောက်မှု အခြေအနေကို ယနေ့ ဇူလိုင်(၂၀)ရက် နံနက်ပိုင်းတွင် တွေ့ရစဉ်။

အဆိုပါ တာရိုးကျိုးပေါက်ကာ မြစ်ရေ၀င်ရောက်မှုကြောင့် အမရပူရမြို့နယ် ကျန်တန်းရပ်ကွက်၊ ယဉ်တော်ကျေးရွာနှင့် ငယ်တိုးကျေးရွာမှ ဒေသခံများကို သက်ဆိုင်ရာ တာ၀န်ရှိသူများက ယမန်နေ့ ဇူလိုင်(၁၉)ရက် ညပိုင်းကတည်းက ရေဘေးအန္တရာယ် သတိပေးခြင်း၊ နေရာရွှေ့ပြောင်းပေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

ရေဆိုးထုတ်မြောင်း ကျိုးပေါက်ကာ ဧရာ၀တီမြစ်ရေ ၀င်ရောက်မှု အခြေအနေများ/ Photo – Mg Min Maw, Htet Naing FB.

https://www.facebook.com/mandalayindepthnews

#တာရိုး #ဧရာ၀တီမြစ်ရေ၀င်
Mandalay - In depth - News မှ တဆင့် တင်ပြပါသည် ခင်ဗျား...

ေအာင္​ျပည္​့ၿဖိဳး မိသားစုမွ အာဇာနည္​ ​ေခါင္​း​ေဆာင္​ႀကီးမ်ားကို ​ေလးျမတ္​စြာ ဂုဏ္​ျပဳဂါရဝ ျပဳအပ္​ပါတယ္​ခင္​ဗ်ာ။
19/07/2020

ေအာင္​ျပည္​့ၿဖိဳး မိသားစုမွ အာဇာနည္​ ​ေခါင္​း​ေဆာင္​ႀကီးမ်ားကို ​ေလးျမတ္​စြာ ဂုဏ္​ျပဳဂါရဝ ျပဳအပ္​ပါတယ္​ခင္​ဗ်ာ။

ဆန် စပါး စိုက်ပျိုးပုံ အဆင့်ဆင့်စပါးသည် မြေဩဇာမကောင်းသော နေရာများ၌ပင် ဖြစ်ထွန်းနိုင်၏။ အရေးတကြီးလိုအပ်သည်မှာ ကောင်းစွာဖြ...
17/07/2020

ဆန် စပါး စိုက်ပျိုးပုံ အဆင့်ဆင့်
စပါးသည် မြေဩဇာမကောင်းသော နေရာများ၌ပင် ဖြစ်ထွန်းနိုင်၏။ အရေးတကြီးလိုအပ်သည်မှာ ကောင်းစွာဖြစ်ထွန်း လာသည်အထိ ရေလုံလောက်စွာ ရရှိရန်ပင်ဖြစ်သည်။ စပါး သည် အပူလျော့ပိုင်းဒေသနှင့် နွေးသမပိုင်းဒေသများ၌ အကောင်း ဆုံးဖြစ်ထွန်းသည်။ စပါးသည် အီကွေတာတောင်ဘက် လတ္တီ တွဒ်ဒီဂရီ ၄ဝ နှင့် မြောက်ဘက် လတ္တီတွဒ်ဒီဂရီ ၄ဝ အကြား ၌ များပြားလှသည့် ရာသီဥတုအခြေအနေအမျိုးမျိုးတွင် ဖြစ် ထွန်းနိုင်သည်။ အများအားဖြင့် စိုစွတ်သော အပူပိုင်းဒေသများ နှင့် ကောင်းစွာသင့်လျော်သည်ဟု သဘောထား လေ့ရှိသော် လည်း၊ အီဂျစ်၊ ဩစတြေးလီးယားနှင့် သမပိုင်းရာသီဥတုရှိသော အရပ်ဒေသများဖြစ်သည့် စပိန်၊ ပေါ်တူဂီနှင့် အီတလီနိုင်ငံများ၌ လည်း ဖြစ်ထွန်းပေသည်။ ထိုပြင် အီကွေတာတောင်ဘက်လတ္တီ တွဒ် ဒီဂရီ ၄ဝ နှင့် မြောက်ဘက်တွင် လက်တ္တီတွဒ်ဒီဂရီ ၄ဝ အကြားရှိ အလယ်ပိုင်းအမေရိက၊ အမေရိကန်ပြည်ထောင်စု ထက်ဝက်ခန့်၊ အနောက် အိန္ဒိယကျွန်းစု၊ တောင်အမေရိကတိုက်၊ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ မလ္လာယုကျွန်းဆွယ်နှင့် ပစိဖိတ်သမုဒ္ဒရာတွင်းရှိ ကျွန်းများ၌လည်း စပါးဖြစ်ထွန်းနိုင် သည်။ ဤသို့ စပါးသည် နေရာအနှံ့အပြား၊ ရာသီဥတု အခြေအနေအမျိုးမျိုး၌ ဖြစ်ထွန်းနိုင်ခြင်းမှာ စပါးပင် အမျိုးမျိုးအဖုံဖုံ ရှိသောကြောင့်ပင် ဖြစ်၏။ အချို့သော စပါးပင်များသည် မိုးခေါင်ခြင်းဒဏ်ကို ခံနိုင်ရည်ရှိ၏။ အချို့ကား ရေလွှမ်းသော် လည်း ရှင်နေနိုင်၏။ အချို့စပါးများကို ရေချို၌သာစိုက်ပျိုး နိုင်၏။ အချို့စပါးမျိုးများမှာကား ရေငန်၌လည်း ဖြစ်ထွန်း နိုင်၏။

ထို့ပြင် အချို့သော စပါးမျိုးသည် အပူချိန် အမြောက်အမြား လိုသော်လည်း၊ အချို့သော စပါးမျိုးတို့သည် အအေးဒဏ်ကို ခံနိုင်ကြသည်။ အိန္ဒိယနိုင်ငံ၌ စပါးတစ်မျိုးကို ဆောင်းဥတု ဇန်နဝါရီလတွင် စိုက်ပျိုးလေ့ရှိ၍ မတ်လ၌ ရိတ်သိမ်းကြ၏။ စပါး ပင် ဖြစ်ထွန်းနိုင်ရန် အရေးကြီးဆုံးမှာ နေရောင်ခြည်ပင် ဖြစ်၏။ လောင်းရိပ်သည် အပင်ကို ကြုံလှီစေ၏။ သို့သော် အိန္ဒိယနိုင်ငံ မာလာဗာကမ်းရိုးတန်း၌ စိုက်ပျိုးသောစပါးတစ်မျိုးမှာ လောင်းရိပ်ထံ၌ပင် ကောင်းစွာ ဖြစ်ထွန်းပေသည်။

စပါးစိုက်ပျိုးရန် ကောင်းမွန်သော မြေမျိုးသည် ရေကို စုပ်မပစ်ဘဲ၊ ရေတင်သော မြေမျိုးဖြစ်ရပေမည်။ အာရှတိုက်၌ စပါးကို မြစ်ဝကျွန်းပေါ်ဒေသများနှင့် မြစ်ချောင်းကမ်းပါး တစ်လျှောက်၌ စိုက်ပျိုးလေ့ရှိရာ၊ စပါး စိုက်ပျိုးရာဒေသများ တည်နေပုံမှာ မြေအမျိုးအစားထက် ရေရရှိမှုအပေါ်တွင် ပို၍ တည်သည်ဟု ဆိုရပေမည်။ ထိုပြင် စပါးသည် သဲမြေမှာထက် ရွှံ့စေးမြေတွင် ပို၍ဖြစ်ထွန်းနိုင်သည်ဟု ဆိုရပေမည်။ သို့သော် သဲမြေ ၌ပင် ရေအမြောက်အမြားသွင်း၍၊ မြေဩဇာထည့်ပေး ကာ စိုက်ပျိုးလျှင်လည်း ကောင်းစွာဖြစ်ထွန်းနိုင်၏။ တူးမြောင်း များဖြင့် ရေသွင်း၌စိုက်ပျိုးရာ၌ ရေသွင်းရေထုတ်ကို အထူးပင် ဂရုစိုက်ရ၏။ အပင်များကြီးလာသည်နှင့်အမျှ ရေကိုများများ သွင်းပေးရ၏။ ထိုနောက် ရေကို တဖြည်းဖြည်းလျှော့ပေးရသည်။ သို့မှသာစပါးရိတ်သိမ်းချိန်၌ မြေကြီးသည် ခြောက်သွေ့ နေပေမည်။ ရေသွင်းပေးရာ၌လည်း ရေကို ဝပ်မနေစေရ။ ရေဝပ်နေလျှင် စပါးပင်များ ပျက်စီးတတ်၏။
မူရင္း

zawgyi

ဆန္ စပါး စိုက္ပ်ိဳးပံု အဆင့္ဆင့္
စပါးသည္ ေျမဩဇာမေကာင္းေသာ ေနရာမ်ား၌ပင္ ျဖစ္ထြန္းႏိုင္၏။ အေရးတႀကီးလိုအပ္သည္မွာ ေကာင္းစြာျဖစ္ထြန္း လာသည္အထိ ေရလုံေလာက္စြာ ရရွိရန္ပင္ျဖစ္သည္။ စပါး သည္ အပူေလ်ာ့ပိုင္းေဒသႏွင့္ ေႏြးသမပိုင္းေဒသမ်ား၌ အေကာင္း ဆုံးျဖစ္ထြန္းသည္။ စပါးသည္ အီေကြတာေတာင္ဘက္ လတၱီ တြဒ္ဒီဂရီ ၄ဝ ႏွင့္ ေျမာက္ဘက္ လတၱီတြဒ္ဒီဂရီ ၄ဝ အၾကား ၌ မ်ားျပားလွသည့္ ရာသီဥတုအေျခအေနအမ်ိဳးမ်ိဳးတြင္ ျဖစ္ ထြန္းႏိုင္သည္။ အမ်ားအားျဖင့္ စိုစြတ္ေသာ အပူပိုင္းေဒသမ်ား ႏွင့္ ေကာင္းစြာသင့္ေလ်ာ္သည္ဟု သေဘာထား ေလ့ရွိေသာ္ လည္း၊ အီဂ်စ္၊ ဩစေၾတးလီးယားႏွင့္ သမပိုင္းရာသီဥတုရွိေသာ အရပ္ေဒသမ်ားျဖစ္သည့္ စပိန္၊ ေပၚတူဂီႏွင့္ အီတလီႏိုင္ငံမ်ား၌ လည္း ျဖစ္ထြန္းေပသည္။ ထိုျပင္ အီေကြတာေတာင္ဘက္လတၱီ တြဒ္ ဒီဂရီ ၄ဝ ႏွင့္ ေျမာက္ဘက္တြင္ လက္တၱီတြဒ္ဒီဂရီ ၄ဝ အၾကားရွိ အလယ္ပိုင္းအေမရိက၊ အေမရိကန္ျပည္ေထာင္စု ထက္ဝက္ခန႔္၊ အေနာက္ အိႏၵိယကြၽန္းစု၊ ေတာင္အေမရိကတိုက္၊ အိႏၵိယ၊ တ႐ုတ္၊ ဂ်ပန္၊ မလႅာယုကြၽန္းဆြယ္ႏွင့္ ပစိဖိတ္သမုဒၵရာတြင္းရွိ ကြၽန္းမ်ား၌လည္း စပါးျဖစ္ထြန္းႏိုင္ သည္။ ဤသို႔ စပါးသည္ ေနရာအႏွံ႔အျပား၊ ရာသီဥတု အေျခအေနအမ်ိဳးမ်ိဳး၌ ျဖစ္ထြန္းႏိုင္ျခင္းမွာ စပါးပင္ အမ်ိဳးမ်ိဳးအဖုံဖုံ ရွိေသာေၾကာင့္ပင္ ျဖစ္၏။ အခ်ိဳ႕ေသာ စပါးပင္မ်ားသည္ မိုးေခါင္ျခင္းဒဏ္ကို ခံႏိုင္ရည္ရွိ၏။ အခ်ိဳ႕ကား ေရလႊမ္းေသာ္ လည္း ရွင္ေနႏိုင္၏။ အခ်ိဳ႕စပါးမ်ားကို ေရခ်ိဳ၌သာစိုက္ပ်ိဳး ႏိုင္၏။ အခ်ိဳ႕စပါးမ်ိဳးမ်ားမွာကား ေရငန္၌လည္း ျဖစ္ထြန္း ႏိုင္၏။

ထို႔ျပင္ အခ်ိဳ႕ေသာ စပါးမ်ိဳးသည္ အပူခ်ိန္ အေျမာက္အျမား လိုေသာ္လည္း၊ အခ်ိဳ႕ေသာ စပါးမ်ိဳးတို႔သည္ အေအးဒဏ္ကို ခံႏိုင္ၾကသည္။ အိႏၵိယႏိုင္ငံ၌ စပါးတစ္မ်ိဳးကို ေဆာင္းဥတု ဇန္နဝါရီလတြင္ စိုက္ပ်ိဳးေလ့ရွိ၍ မတ္လ၌ ရိတ္သိမ္းၾက၏။ စပါး ပင္ ျဖစ္ထြန္းႏိုင္ရန္ အေရးႀကီးဆုံးမွာ ေနေရာင္ျခည္ပင္ ျဖစ္၏။ ေလာင္းရိပ္သည္ အပင္ကို ႀကဳံလွီေစ၏။ သို႔ေသာ္ အိႏၵိယႏိုင္ငံ မာလာဗာကမ္း႐ိုးတန္း၌ စိုက္ပ်ိဳးေသာစပါးတစ္မ်ိဳးမွာ ေလာင္းရိပ္ထံ၌ပင္ ေကာင္းစြာ ျဖစ္ထြန္းေပသည္။

စပါးစိုက္ပ်ိဳးရန္ ေကာင္းမြန္ေသာ ေျမမ်ိဳးသည္ ေရကို စုပ္မပစ္ဘဲ၊ ေရတင္ေသာ ေျမမ်ိဳးျဖစ္ရေပမည္။ အာရွတိုက္၌ စပါးကို ျမစ္ဝကြၽန္းေပၚေဒသမ်ားႏွင့္ ျမစ္ေခ်ာင္းကမ္းပါး တစ္ေလွ်ာက္၌ စိုက္ပ်ိဳးေလ့ရွိရာ၊ စပါး စိုက္ပ်ိဳးရာေဒသမ်ား တည္ေနပုံမွာ ေျမအမ်ိဳးအစားထက္ ေရရရွိမႈအေပၚတြင္ ပို၍ တည္သည္ဟု ဆိုရေပမည္။ ထိုျပင္ စပါးသည္ သဲေျမမွာထက္ ႐ႊံ႕ေစးေျမတြင္ ပို၍ျဖစ္ထြန္းႏိုင္သည္ဟု ဆိုရေပမည္။ သို႔ေသာ္ သဲေျမ ၌ပင္ ေရအေျမာက္အျမားသြင္း၍၊ ေျမဩဇာထည့္ေပး ကာ စိုက္ပ်ိဳးလွ်င္လည္း ေကာင္းစြာျဖစ္ထြန္းႏိုင္၏။ တူးေျမာင္း မ်ားျဖင့္ ေရသြင္း၌စိုက္ပ်ိဳးရာ၌ ေရသြင္းေရထုတ္ကို အထူးပင္ ဂ႐ုစိုက္ရ၏။ အပင္မ်ားႀကီးလာသည္ႏွင့္အမွ် ေရကိုမ်ားမ်ား သြင္းေပးရ၏။ ထိုေနာက္ ေရကို တျဖည္းျဖည္းေလွ်ာ့ေပးရသည္။ သို႔မွသာစပါးရိတ္သိမ္းခ်ိန္၌ ေျမႀကီးသည္ ေျခာက္ေသြ႕ ေနေပမည္။ ေရသြင္းေပးရာ၌လည္း ေရကို ဝပ္မေနေစရ။ ေရဝပ္ေနလွ်င္ စပါးပင္မ်ား ပ်က္စီးတတ္၏။
မူရင္း

ဆန္စပါး ၏ သမိုင္းေၾကာင္းရုက္ခဗေဒအလိုအရ စပါးသည် 'အိုရီဇာ'မျိုးစုတွင် ပါဝင်သည်။ ယင်းမျိုးစုမှ မျိုးစိတ်ပေါင်း ၂၅ မျိုး ခွဲ...
16/07/2020

ဆန္စပါး ၏ သမိုင္းေၾကာင္း

ရုက္ခဗေဒအလိုအရ စပါးသည် 'အိုရီဇာ'မျိုးစုတွင် ပါဝင်သည်။ ယင်းမျိုးစုမှ မျိုးစိတ်ပေါင်း ၂၅ မျိုး ခွဲထွက်လာ၏။ ယင်းတို့ကို အာရှတိုက်၊ အာဖရိကတိုက်နှင့် တောင်အမေရိကတိုက် အပူပိုင်းနှင့် အပူလျော့ ပိုင်းဒေသများတွင် အနှံ့အပြား တွေ့ကြရလေသည်။ ထိုမျိုးစိတ်များသည် အာရှတိုက်ရှိပင်ရင်းအမျိုး တစ်ခုမှ၎င်း၊ အာဖရိကတိုက်ရှိ ပင်ရင်းအမျိုးတစ်ခုမှ၎င်း ဆင်းသက်လာကြသည်ဟု ယူဆရသည်။ တောင်အမေရိကတိုက်ရှိ မျိုးစိတ်များသည် အာဖရိကတိုက်မျိုးမှ တစ်ဆင့်ပေါက်ပွားလာလေသည်။

အချို့ရုက္ခဗေဒပညာရှင်တို့ကလည်း အာရှတိုက်မျိုးဖြစ်သော အိုရီဇာ ဖက်တျူအာနှင့် အိုရီဇာ ဆာတီဗားမှ၎င်း၊ အနောက်အာဖရိကတိုက်မျိုးဖြစ်သော အိုရီဇာ စတက်ဖီးအိုင်မျိုးမှ၎င်း ပေါက်ပွားလာသည်ဟု ယူဆကြ၏။ အိုရီဇာဖက်တျူအာနှင့် အိုရီဇာ မိုင်နျုတာ စပါးမျိုးကို ဟိမဝန္တာအရှေ့ပိုင်းမှ သီဟိုဠ်ကျွန်းအထိ၊ တစ်ဖန် တရုတ်နိုင်ငံတောင်ဘက်အကျဆုံး အပိုင်းမှ မြန်မာနိုင်ငံ၊ အင်ဒိုချိုင်းနား၊ ဂျားဗား၊ ဗော်နီယိုနှင့် ဖိလစ်ပိုင်ကျွန်းအထိ စွတ်စိုထိုင်မှိုင်းသော ဒေသများတွင် အနှံ့ အပြားတွေ့ရ၏။ အာရှတိုက်မှစပါးမျိုးများကို ၁၇ ရာစုနှစ်က အနောက်အာဖရိကတိုက်သို့ ပေါ်တူဂီကုန်သည်များ ယူဆောင်လာ၍ စိုက်ပျိုးခဲ့ကြသည်ဟု ဆို၏။ အာရှတိုက်ရှိ စပါးရိုင်းမျိုးများအနက် အိုရီဇာ ဆာတီဗားနှင့် အိုရီဇာ အော်ဖီစီနယ်လစ် စသော အပင်များမှာ ယခုအခါ စိုက်ပျိုးနေသော စပါးပင်များ၏ မူလအစပင်ဖြစ်သည်။
မူရင္း

🙏🙏🙏"ကျေးဇူး ဥပကာယ တင်ရှိခြင်း"🙏🙏🙏🌿🍂☘️"ရှမ်းရွှေတောင်" လက်ဖက် နှင့် အကြော်စုံPALINE ORGANIC FERMENTED TEAတို့၏ သားငယ် မော...
15/07/2020

🙏🙏🙏"ကျေးဇူး ဥပကာယ တင်ရှိခြင်း"🙏🙏🙏
🌿🍂☘️"ရှမ်းရွှေတောင်" လက်ဖက် နှင့် အကြော်စုံ
PALINE ORGANIC FERMENTED TEA
တို့၏ သားငယ် မောင်ရဲရင့်သီဟ
ရက် (၁၀၀) ပြည့် မွေးနေ့မင်္ဂလာ
ဦးမျိုး၀င်းအောင် + ဒေါ်ခင်ရဲရူပါအေး
သား မောင်စွမ်းပြည့်တေဇ ၊ သားငယ် မောင်ရဲရင့်သီဟ
ရသာ၀သီ ကုမ္ပဏီ လီမိတက် မှ လုပ်ဖော် ကိုင်ဖက်
၀န်ထမ်းများကို ပေးဝေရန်အတွက်
ဆန်အိတ်သေး (506) အိတ်ကို
ကျွန်တော်တို့ အောင်ပြည့်ဖြိုး
ဆန်စက်နှင့် ဆန်ရောင်း၀ယ်ရေးမှ
၀ယ်ယူအားပေးမှုအတွက် ၀မ်းမြောက်၀မ်းသာ
🙏🙏🙏သာဓုခေါ်ဆိုပါကြောင်း နှင့်
လှိုက်လှဲစွာ ကျေးဇူး ဥပကာယ တင်ရှိပါကြောင်း ၊
"ရှမ်းရွှေတောင်" လက်ဖက်နှင့်
PALINE ORGANIC လုပ်ငန်းကြီးလည်း
ရာစုနှစ်ပေါင်းများစွာ လက်ဖက်လောကရဲ့
ယခုလို ထိပ်ဆုံးမှာ အအောင်မြင်ဆုံး အမှတ်တံဆိပ်အဖြစ်
ဆက်လက် ရပ်တည်နိုင်ပါစေကြောင်း
အောင်ပြည့်ဖြိုး မိသားစု မှ
ဆုမွန်ကောင်း တောင်းအပ်ပါသည် ခင်ဗျာ။ 🙏🙏🙏

🍞 SP Bakery ၏ ဆန် (၄)ပြည်အိတ်ပေါင်း🙏🙏🙏(၇၅၀)အိတ်အလှူတော်🙏🙏🙏🌾🌾🌾အိမ်သုံးဆန် , ဝန်ထမ်းဆန် , လှူဒါန်းရန်ဆန် အစရှိသဖြင့် ဆန်နှ...
15/07/2020

🍞 SP Bakery ၏ ဆန် (၄)ပြည်အိတ်ပေါင်း
🙏🙏🙏(၇၅၀)အိတ်အလှူတော်🙏🙏🙏

🌾🌾🌾အိမ်သုံးဆန် , ဝန်ထမ်းဆန် , လှူဒါန်းရန်ဆန် အစရှိသဖြင့် ဆန်နှင့်ပက်သက်လျှင် အမြဲယုံကြည်စိတ်ချစွာ အားပေးပါသော SP Bakery မှ
COVID -19 ကာလအတွင်း အမှန်တစ်ကယ် လိုအပ်သူတို့အတွက် လှူဒါန်းရန် ပြည့်လျှံဖြိုး တံဆိပ် သန့်စင်ပြီးဆန် ဖန်သီးသုခဟောင်းရှယ် (၄)ပြီအိတ်ပေါင်း (၇၅၀)အိတ်တိတိ ကို ဝယ်ယူအားပေးမှုအတွက် ကျွန်တော်တို့ အောင်ပြည့်ဖြိုး မိသားစုမှ များစွာ ကျေးဇူးတင်ရှိပြီး ဝမ်းမြောက်စွာ သာဓုခေါ်ဆိုလိုက်ပါတယ် ခင်ဗျား.....🙏🙏🙏

🌷🌷🌷အမြဲ အစဥ်တစိုက် ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးမှုနှင့်အတူ ကျွန်တော်တို့ အောင်ပြည့်ဖြိုး မိသားစုမှ 🍞 SP Bakery ၏ အလှူတော်တွင် အသင့်တံဆိပ်ရိုက် ပီနံအိတ်များ ပါဝင်လှူဒါန်းခွင့် ရရှိသည့်အတွက်လည်း ထပ်မံကျေးဇူးတင်ရှိပြီး များစွာဂုဏ်ယူမိပါကြောင်း ပြောကြားပါရစေ
ခင်ဗျား.....🙏🙏🙏

🍞 SP Bakery မိသားစု လုပ်ငန်းကြီးလည်း
နှစ်ငါးဆယ်ပြည့် ရွှေရတု နှစ်ပတ်လည်မှစ၍ နောင် ရာစုနှစ်ပေါင်းများစွာ Bakery လောကရဲ့ ယခုလို
ထိပ်ဆုံးမှာ အအောင်မြင်ဆုံးအမှတ်တံဆိပ် အဖြစ်
ဆက်လက်ရပ်တည်နိုင်ပါစေကြောင်း အောင်ပြည့်ဖြိုး မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည် ခင်ဗျား.....🙏🙏🙏

Address

Between 30x31 Sts, 85th Sts, Chan Aye Tha Zan Township
Mandalay
05023

Opening Hours

Monday 07:00 - 18:00
Tuesday 07:00 - 18:00
Wednesday 07:00 - 18:00
Thursday 07:00 - 18:00
Friday 07:00 - 18:00
Saturday 07:00 - 18:00
Sunday 07:00 - 18:00

Telephone

+9592016006

Website

Alerts

Be the first to know and let us send you an email when Aung Pyae Phyo ေအာင္ျပည့္ၿဖိဳး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aung Pyae Phyo ေအာင္ျပည့္ၿဖိဳး:

Share