Jade Reviewer

Jade Reviewer Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Jade Reviewer, Business service, Mandalay.

ကျောက်စိမ်း ဝါသနာရှင် ချစ်ညီကိုများအတွက်တရုတ်မလေးတွေနဲ့ စျေးလေး ပြောကြမယ်😄0 လိန်1 ယီး2 အော့3 စန်း4 စွပ်5  ဝူ6 လျို့ 7 ချ...
10/01/2023

ကျောက်စိမ်း ဝါသနာရှင် ချစ်ညီကိုများအတွက်
တရုတ်မလေးတွေနဲ့ စျေးလေး ပြောကြမယ်😄

0 လိန်
1 ယီး
2 အော့
3 စန်း
4 စွပ်
5 ဝူ
6 လျို့
7 ချီး
8 ပါး
9 ကြို
10 စူလ်
11 စူလျယိ
12 စူလ်အော့
13 စူလ်စန်း
14 စူလ်စွတ်
15 စူလ်ဝူ
16 စူလ်လျို့
17 စူချီး
18 စူလပွါး
19 စူးကြို
20 အော့စူ
30 စန်းစူ
31 စန်းစူယိ
32 စန်းစူအော့
33 စန်းစူစန်း
34 စန်းစူစွတ်
35 စန်းစူဝူ
36 စန်းစူလျို့
37 စန်းစူချီး
38 စန်းစူပါး
39 စန်းစူကြို
40 စွတ်စူ
50 ဝူစူ
60 လျို့စူ
70 ချီးစူ
80 ပါးစူ
90 ကြိုစူ
100 ယိပိုင်
200 လျမ်းပိုင်
300 စန်းပိုင်
400 စွတ်ပိုင်
500 ဝူးပိုင်
600 လျို့ပိုင်
700 ချီးပိုင်
800 ပါးပိုင်
900 ကြိုးပိုင်
950 ကြိုးပိုင်ဝူစူ
1000 ယိချမ်း
2000 လျမ်ချန်း
3000 စန်းချန်း
4000 စွတ်ချန်း
5000 ဝူချန်း
6000 လျို့ချန်း
7000 ချီးချန်း
8000 ပါးချန်း
9000 ကြိုချန်း
9500 ကြိုချန်းဝူ
10000 ယိဝမ့်
တစ်သိန်း=စူဝမ့်
နှစ်သိန်း=အော့စူဝမ့်
သုံးသိန်း=စန်းစူဝမ့်
လေးသိန်း= စွတ်စူဝမ့်
ငါးသိန်း=ဝူစူဝမ့်
ခြောက်သိန်း=လျိုစူဝမ့်
ခုနစ်သိန်း=ချီးစူဝမ့်
ရှစ်သိန်း= ပါးစူဝမ့်
ကိုးသိန်း= ကြိုစူဝမ့်
ဆယ်သိန်း=ယိပိုင်ဝမ့်
သိန်းနှစ်ဆယ်=လျမ်းပိုင်ဝမ့်
သိန်းသုံးဆယ်= စန်းပိုင်ဝမ့်
သိန်းလေးဆယ်=စွတ်ပိုင်ဝမ့်
သိန်းငါးဆယ်=ဝူးပိုင်ဝမ့်
သိန်းခြောက်ဆယ်=လျို့ပိုင်ဝမ့်
သိန်းခုနှစ်ဆယ်=ချီးပိုင်ဝမ့်
သိန်းရှစ်ဆယ်=ပါးပိုင်ဝမ့်
သိန်းကိုးဆယ်=ကြိုးပိုင်ဝမ့်
သိန်းတစ်ရာ=ယိချန်းဝမ့်
သိန်းနှစ်ရာ=လျမ်ချန်းဝမ့်
သိန်းသုံးရာ=စန်းချန်းဝမ့်
သိန်းလေးရာ=စွတ်ချန်းဝမ့်
သိန်းငါးရာ=ဝူချန်းဝမ့်
သိန်းခြောက်ရာ=လျို့ချန်းဝမ့်
သိန်းခုနှစ်ရာ=ချီးချန်းဝမ့်
သိန်းရှစ်ရာ=ပါးချန်းဝမ့်
သိန်းကိုးရာ=ကြိုချန်းဝမ့်
သိန်းတစ်ထောင်=ယိယိ
#

Peaceful New Year (Myanmar ) 2023
31/12/2022

Peaceful New Year (Myanmar ) 2023

ကျောက်မျိုးတန်း 8 ချက်1 အထိုင်    ထောင့်နားတွေ ပါရမယ်    ထောင့်ကျရမယ် ရေခွံ နှင့် ရေတဝက် ကုန်းတဝက်မပါ2.ချော်    ချော်ပါး...
29/12/2022

ကျောက်မျိုးတန်း 8 ချက်
1 အထိုင်
ထောင့်နားတွေ ပါရမယ်
ထောင့်ကျရမယ်
ရေခွံ နှင့် ရေတဝက် ကုန်းတဝက်မပါ
2.ချော်
ချော်ပါးရမယ်
ချော်ပါးပြီး စီးကပ်နေရင်
မကောင်း
ချော်ပါးပြီး ရွရမယ်
ကျွပ်ရမယ်
3.ဝိတ်
ကျောက်တစ်လုံး ကြည့်လို့
ကိုယ်က တစ်ပိဿာလောက်မှန်း
လိုက်ပြီး ကိုင်ပြီး ဝိတ်ဆကြည့်
လို့ မရှိလောက်ဘူးထင်ရင်
မကောင်းနိုင်
4.ယမ်း
ယမ်းပြား ပိန်းဥ
ယမ်းချောင်း ခါးအောက် ခါး
ယမ်းလုံး ခါး ခါးသန်
ယမ်းညက် ခါးသန်
ယမ်းပျောက် ခါးသန်သန်
5.ရောင်ကာလာ
ကျောက်တစ်လုံးရဲ့
အခွံကာလာ တစ်နေရာမှ မကွက်
ပဲ ညီနေရမယ်
မညီရင် မကောင်းနိုင်
6.ကျောက်ကြော တင်းမတင်း
အခွံကာလာ စိုစွတ်မူ့ကို ကြည့်ရ
မယ်
7.ယမ်းလင်းအား
ယမ်းရဲ့ တောက်ပမူ့ လင်းအား ရှိ
ရမယ်
8.ယမ်း ခိုင်
ကျောက်တစ်လုံးပေါ်က ယမ်း
လေးတွေကို လက်နဲ့ ပွတ်ကြည့်ရ
မယ်
ပွတ်ကြည့်လို့ ‌ကြွေလာရင် မ
ကောင်းနိုင်
မျိုးတန်း 8 ချက်စလုံး ပြည့်စုံနေမှ ကျောက်ကောင်းရမယ်
တစ်ချက်လောက် ချို့ယွင်းရင် ကျောက်ကောင်းမရနိုင်ပါ
Crd #

ကျောက်စိမ်း အကြောင်းများ  #အသားလိုက.         ယမ်းကြည့် #  #အရည်လိုက.          မန်းကြည့် #  #ချွမ်လိုက.               အခွ...
28/12/2022

ကျောက်စိမ်း အကြောင်းများ

#အသားလိုက. ယမ်းကြည့် #

#အရည်လိုက. မန်းကြည့် #

#ချွမ်လိုက. အခွံကြည့် #

#လက်ကောက်လိုက. အနာကြည့် #

#အပွင့်လိုက. လိုက်ချက်ကြည့် #

#အချပ်လိုက. ဖြတ်ကွက်ကြည့် #

#ရောင်းပန်းဝင်လိုက စျေးကွက်ကြည့် #

#ပန်းပုလိုက. လှချက်အရောင်ကြည့် #

#မှတ် #မနိုင်က ဖြတ်သားမကိုင်နဲ့
အသားမနိုင်က. ဖြတ်သားမကိုင်နဲ
အရောင်မနိုင်က. အပွင့်မကိုင်နဲ့

♥♥ ချော် ယမ်း အထိုင်
၃ချက်မနိုင်
ရေမဆေးမကိုင်နဲ့♥♥

ကျောက်ကိုမသိ စျေးမသိသော်
ဝယ်ယူသောကျောက် မှားတတ်သည်။

♥♥အနာသာတွက် ရှို့မတွက်သော
အနာထုကြောင့် မှားတတ်သည်♥♥

♥♥ စိမ်းစိမ်းမြင်တိုင်း အရည်မထင်နဲ့♥♥
အသားရည် မျိုးရည်မကောင်းလို့ ထုံဆန်အရည်နဲ့မှားတတ်သည်။(ထုံဆန်ပိတ်)

♥♥ ခွံကြပ် မီးမပေါက် အကာခံဆန်း
ထင်မြင်မှားက.ပိန်းဥပိန်းသား အသားပိတ်နဲ့ မှားတတ်သည် #♥♥♥

#မီးရောင်ကိုတွက် အသားတန်းမတွက်သော်
လှပအရောင်ကြောင့် အဝယ်မှားမည်။♥♥

♥♥♥မန်းစိမ်းသာမြင် မန်းကြိုးသာမြင်
အကျစ် အကျယ် မတွက်သော် အဖြတ်မှား၍
ကားတတ်သည်။♥♥♥

♥♥ဆန်းပွေ ကျွတ်ပွေး အပွေးဆန်းသာမြင် တစ်ကွက်ပွေးမို့ ကော့ရော့ပွေးဖြစ် အဖြတ်မှား၍ ကားတတ်သည်။♥♥

♥♥မသိသူကျော်လွှား သိသူဖော်စား ကျောက်လောကသား မမှားဖူးသူ မရှိပါ♥♥

♥♥သင်ဆရာ မြင်ဆရာ ကြားဆရာ စကား
ပုံသေမမှတ်ပဲ ကျောက်ပုံစံကိုကြည့် အလုံးစုံတွက်မှ အမှားနည်းမည်။♥♥♥

♥♥အောင်ကျောက်ဖြစ်ဖို့ထက်
ရှုံးကျောက်မဝယ်မိဖို့ အရေးကြီးသည်။♥♥♥

ကျောက်စိမ်းမြင့်မိုရ်(လုံးခင်း)

မူရင်းမပျက် copy ယူသုံးခြင်းခွင့်ပြုပါသည်။

Credit to

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Jade Reviewer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share