Civy Co.,Ltd.

Civy Co.,Ltd. Our company is based in Myanmar, offering Burmese and Myanmar ethnic languages consultancy services.

07/05/2026

မန္တလေးမြို့ရှိ ဘာသာပြန်ကုမ္ပဏီတစ်ခု ဖြစ်သော C.ivy Co., Ltd. တွင် Secretary အဖြစ် တာဝန်ထမ်းဆောင်ရန် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူတစ်ဦးကို ခေါ်ယူနေပါသည်-

(၁) မန္တလေးမြို့တွင် နေထိုင်သူ အမျိုးသမီးဖြစ်ရမည်။
(၂) အနိမ့်ဆုံး ပညာအရည်အချင်းမှာ ဘွဲ့ရ ဖြစ်ရမည်။
(၃) အသက်အပိုင်းအခြားမှာ ၂၀-၃၀ နှစ်အတွင်း ဖြစ်ရမည်။
(၄) အင်္ဂလိပ်စာ Intermediate အဆင့်နှင့် ကွန်ပျူတာ အခြေခံ တတ်ကျွမ်းရမည်။
(၅) သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၂ နှစ် ရှိရမည်။
(၆) အသင်းအဖွဲ့နှင့် လုပ်ကိုင်ဆောင်ရွက်တတ်သူ ဖြစ်ရမည်။

အထက်ပါ အရည်အချင်းများနှင့် ပြည့်စုံပါက စိတ်ဝင်စားသူတို့သည် [email protected] ထံ မျှော်မှန်းလစာ ဖော်ပြပါဝင်သော CV ပေးပို့ရပါမည်။ လျှောက်လွှာပိတ်ရက်မှာ 22 May 2026 ညနေ ၅ နာရီ နောက်ဆုံး ဖြစ်ပါသည်။

သိလိုသည်များ ရှိပါက Page ၏ Cb တွင် လာရောက်မေးမြန်းနိုင်ပါသည်။

23/02/2026

"နှစ်ဘာသာ ပြောတတ်ရုံနဲ့ ဘာသာပြန် ဖြစ်ပြီလား။"

ဒီမေးခွန်းကိုတော့ များသောအားဖြင့် အခုမှ ဘာသာပြန်လောကထဲ စ,ဝင်မယ့် ဝါသနာရှင်တွေ စဉ်းစားကောင်းစဉ်းစားမိနိုင်ပါတယ်။ ဘာသာစကားနှစ်မျိုး ပြောတတ်သူ (bilingual) ဖြစ်ရုံနဲ့ ဘာသာပြန်တစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းဖို့ အော်တို လုံလောက်သွားတယ် ထင်ရင် မှားပါတယ်။ အမှားကြီးကို မှားတာပါ။ ဘာသာစကားတစ်ခုကို ရေးတတ်၊ ပြောတတ်၊ ဖတ်တတ်တာနဲ့ ဘာသာစကားတစ်ခုကို ထုံးလိုမွှေရေလိုနှောက် တတ်ကျွမ်းတာက မတူပါဘူး။ ဘာသာပြန်တစ်ယောက်ဖြစ်ဖို့ အနည်းဆုံး ဘာသာစကားနှစ်ခု တတ်ကျွမ်းဖို့လိုတာ မှန်ပေမဲ့ ဘာသာပြန် နည်းစနစ်၊ ဘာသာစကား သီအိုရီတွေနဲ့ စနစ်တကျ လက်တွေ့ဘာသာပြန်ဆိုမှုတွေ မရှိရင်တော့ မျက်မမြင်ပုဏ္ဏားခုနစ်ဦး ဆင်စမ်းတာထက် ဆိုးသွားနိုင်ပါတယ်။ ကိုယ့်ထင်မြင်ယူဆချက်တွေအပေါ်မှာပဲ အခြေခံသိနားလည်ပြီး လိုရာဆွဲတွေးနေရင်တော့ ဘယ်တော့မှ အမှန်မြင်နိုင်မှာ မဟုတ်သလို ဒီလိုအယူအဆတွေနဲ့ ရေးသားထားတဲ့ ဘာသာပြန်စာပေတွေဟာလည်း စာဖတ်သူတွေအတွက် အဆိပ်အတောက်သာသာပဲ ဖြစ်ပါတယ်။ စံအနေနဲ့ထားဖတ်ပြီး ပညာယူလို့ မရသလို မူလစာရေးဆရာက ပေးတဲ့ မူရင်းမက်ဆေ့ချ်ကိုလည်း ပေးနိုင်မှာ မဟုတ်ပါဘူး။

ဒီစာရေးရခြင်းရဲ့ ရည်ရွယ်ချက်က လက်ရှိ မြန်မာနိုင်ငံရဲ့ ဘာသာပြန်လောကမှာ ဖြစ်ပျက်နေတာတွေအကြောင်း အရှိကို အရှိအတိုင်း အတတ်နိုင်ဆုံး ဘက်မလိုက်ဘဲ ပြောပြဖို့ပါ။ ကျွန်တော်တို့နိုင်ငံမှာ လူတွေက များသောအားဖြင့် ငွေကြေးနဲ့ အရေအတွက်ကို ဦးစားပေးစဉ်းစားလွန်းပါတယ်။ ဥပမာအားဖြင့် အလုပ်အပ်မယ် စဉ်းစားရင် ဒီက ဖောက်သည်တွေ အရင်ဆုံးကြည့်တာ ဈေးနှုန်းပါ။ ကျွန်တော့်အမြင်အရ အားမနာတမ်း ပြောရမယ်ဆိုရင် လူအများစုက ပေါချောင်ကောင်း လိုက်ရှာကြတာပါပဲ။ ဒီနေရာမှာ သိရမှာက “ပေါ/ချောင်/ကောင်း” ဆိုတဲ့ထဲက နှစ်ခုကိုပဲ ရနိုင်ပါတယ်။ ဈေးပေါရင် သတ်မှတ်ချက်မတင်းကျပ်ဘဲ ချောင်ရင် ကောင်းဖို့ မလွယ်သလို စံနှုန်းသတ်မှတ်ချက် မတင်းကျပ်ဘဲ ကောင်းမွန်တဲ့ လက်ရာကိုလည်း ပေါပေါပဲပဲ မရနိုင်ပါဘူး။ နောက်တစ်ခု လူတွေ အထင်ကြီးတာကတော့ အရေအတွက်ပါ။ နှစ်နှစ်ဆယ်ကျော် လုပ်သက်ရှိတဲ့ ဘာသာပြန်ဆရာ၊ စာအုပ် ၂၀ ကျော် ထုတ်ဝေပြီးဖြစ်တဲ့ ဘာသာပြန်ဆရာ စသဖြင့် လူတစ်ဦးရဲ့ အရည်အချင်းကို ကိန်းဂဏန်းတွေနဲ့ တိုင်းတာလိုက်တဲ့အခါ အလွဲတွေ စ,တော့တာပါပဲ။ အသက်ကြီးပြီး အချိန်မစီးဘူးဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ လူတစ်ဦးရဲ့ အသက်အရွယ်က သူ့ရဲ့ ရင့်ကျက်မှုနဲ့ အရည်အချင်းကို မဖော်ပြနိုင်သလိုပဲ လုပ်သက်ရှည်တာက လူတစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှု သက်တမ်းကိုပဲ ညွှန်ပြနိုင်ပြီး ဒီလူရဲ့ အရည်အသွေးရှိခြင်း၊ မရှိခြင်းကို မတိုင်းတာနိုင်ပါဘူး။

ကျွန်တော်က တုတ်ထိုးအိုးပေါက် ပြောတတ်ပါတယ်။ ကိုယ်မှန်တယ်ထင်ရင် ဘယ်သူ့ကိုမှလည်း အားမနာတတ်ပါဘူး။ ဒါကြောင့်မို့ ဒီဘာသာပြန်လောကရဲ့ အလွဲတွေကို တွေ့နေမြင်နေရပေမဲ့ မသိသလို နေပေးခဲ့တာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်ပြောရင် ထိမယ့်သူတွေ များလို့ပါ။ အနာရှိရင် စပ်လိမ့်မယ်လို့ သဘောထားရင် ရပေမဲ့ ဘယ်သူ့ထမင်းအိုးကိုမှ တုတ်နဲ့ မထိုးချင်ပါဘူး။ ဒါပေမဲ့ အနှစ်မရှိတဲ့တောမှာ ကြက်ဆူပင်တွေ မင်းမူနေတာကို မြင်ရတာ စိတ်မချမ်းသာတာတော့ အမှန်ပါပဲ။ တစ်ဖက်က ကြည့်ပြန်ရင်လည်း ကြက်ဆူပင်ကနေ ဇီဝလောင်စာထုတ်ဖို့ လှုံ့ဆော်ခဲ့တဲ့ နိုင်ငံမှာ လူဖြစ်လာတော့လည်း အနူတောမှာ လူချောတွေရှိတာ မဆန်းပါဘူး။

နိဂုံးအနေနဲ့ ပြောချင်တာကတော့ ဒီစာကို ကိုယ်ရည်သွေးဖို့ရေးတာ မဟုတ်ပါ။ အမောက်ထောင်ပြမှ နဂါးမှန်းသိရင်တော့ ကြည့်တဲ့သူတွေရဲ့ ဗဟုသုတနည်းတာ ဖြစ်နိုင်သလို နဂါးကိုယ်တိုင်ကလည်း နဂါးနဲ့မတူတာ ဖြစ်နိုင်ပါတယ်။ ဒီတော့ ဘယ်အခြေအနေမှာမဆို ဘက်မျှအောင် ကြည့်ပါ။ ကိုယ့်ဝါသနာနဲ့ ထပ်တူကျတဲ့ အလုပ်ဖြစ်လို့ ဘာသာပြန်တစ်ယောက်အနေနဲ့ အသက်မွေးဖို့ ဆုံးဖြတ်ပြီးရင်တော့ ဝမ်းစာအရင်ဖြည့်ဖို့ အကြံပေးပါရစေ။ ပညာဝမ်းစာ ပြည့်အောင်ဖြည့်ပါ။ သူများကို ဆရာလုပ်ဖို့ဆိုရင် ကိုယ်ကိုယ်တိုင်က ကျွမ်းကျင်တတ်မြောက်ထားဖို့ လိုအပ်ပါတယ်။ ကိုယ်ကိုယ်တိုင်က ဆင်ကန်းတောတိုး ထင်ရာပြောပြီး သင်နေရင်တော့ ကိုယ့်ထက်တတ်တဲ့သူက ထောက်ပြတဲ့အခါ သင်ခန်းစာယူနိုင်ဖို့ ပြင်ဆင်ထားပါ။ ငါမှန်တယ်ဆိုပြီး ငါတကော,ကောဖို့ထက် ငါဘယ်နေရာ မှားနေလဲ၊ ဘာတွေ ပြင်ဆင်ဖို့ လိုနေသေးလဲ ဆိုတဲ့ မေးခွန်း မေးတတ်ပါစေ။ ဘယ်နယ်ပယ်မှာမဆို ငါစွဲကို ဖျောက်နိုင်မှ တိုးတက်မယ်ဆိုတာ သိထားပါ။ ကျွန်တော်ကိုယ်တိုင်လည်း အင်္ဂလိပ်စာရော မြန်မာစာပါ သင်ယူရာမှာ ဆရာဦးမော်မော်မြိုင်၊ ဒေါက်တာ မောင်မောင်ဦး၊ ဆရာချယ်ရီမြေဦးတင်ထွန်း၊ ဆရာညိုထွန်းလူ စတဲ့ ဆရာကောင်းသမားကောင်းတွေနဲ့ တွေ့ခဲ့လို့ ဒီနေ့ ဘာသာပြန်လောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်တာပါ။

ဒီစာဟာ ဘယ်သူ့ကိုမှ နစ်နာပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးတာမဟုတ်လို့ အပျက်သဘောဆန်တဲ့ မှတ်ချက်တွေကို တုံ့ပြန်မှာ မဟုတ်သလို ဘယ်သူနဲ့မှလည်း ပြိုင်ငြင်းနေမှာ မဟုတ်ပါဘူး။ ဆရာဆရာမတွေလိုပေါ့။ တပည့်ကျော်ရဲ့ အချစ်ဆုံး ဆရာမ အမြဲတမ်း မဖြစ်နိုင်သလို ကျွန်တော်လည်း အမြင်မတော်တာတွေ များလာလို့ မနေနိုင်လို့ တစ်ခါတလေ အမုန်းခံပြီး ပြောရတာပါ။ ဒီတော့ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကို ဖော်ပြတဲ့ အမှာစကားလေးတစ်ခွန်းနဲ့ ဒီစာကို အဆုံးသတ်ပါရစေ။

“ချစ်လို့ပြောတယ် မှတ်ပါ။”

စာရေးသူ- ချိုလွင်ဖူး

13/02/2025

Hello, everyone!

We are hiring experienced Burmese translators to join our freelancer team. If you are fluent in English and Burmese plus a minimum two years’ experience, kindly call Ma Cho Lwin Phu at 09-787805410 during office hours or send a CV to [email protected].

For more information, please contact as via email, chat or phone call.

Thank you in advance!

25/11/2024

မင်္ဂလာပါရှင်
ကျွန်မတို့ C.ivy Co., Ltd မှ အင်္ဂလိပ်-မြန်မာ ဘာသာပြန်သင်တန်းကို လာမည့် ဒီဇင်ဘာ ၁၆ ရက်နေ့မှ စတင်ကာ နှစ်လခွဲကြာ ဖွင့်လှစ်သင်ကြားပေးမှာ ဖြစ်ပါတယ်ရှင်။ အွန်လိုင်းအတန်း မဟုတ်ဘဲ လူကိုယ်တိုင် တက်ရောက်ရမည့် အတန်း ဖြစ်သည့်အပြင် တစ်နေ့လျှင် နှစ်နာရီကြာ တနင်္လာနှင့် အင်္ဂါနေ့များတွင် သင်ကြားပေးမည်ဖြစ်ပြီး အစိုးရရုံးပိတ်ရက်များတွင် ပိတ်ပါမည်။ သင်ကြားပေးမည့်ဆရာမှာ ဝါရင့် ဘာသာပြန်နှင့် စကားပြန်တစ်ဦးဖြစ်သူ ဆရာနိုင်ထွန်းလင်း ဖြစ်ပါသည်။ ဒီသင်တန်းကို တက်ရောက်ဖို့ စိတ်ဝင်စားပါက chat box မှတစ်ဆင့် သို့မဟုတ် ဖုန်းနံပါတ် ၀၉-၇၇၄၇၉၀၀၃၇ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါပြီရှင့်။

ဘာသာပြန်သင်တန်း (Batch 1)

သင်ကြားမည့်ဆရာ- ဦးနိုင်ထွန်းလင်း
သင်တန်းချိန်- နံနက် ၁၀ - ၁၂ (တနင်္လာ၊ အင်္ဂါ)
သင်တန်းကာလ- ၂၀၂၄ ဒီဇင်ဘာ ၁၆ မှ ၂၀၂၅ ဖေဖော်ဝါရီ ၂၅ ထိ
သင်တန်းတည်နေရာ- S 5-2၊ လမ်း ၃၀၊ ၇၇ × ၇၈ ကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
သင်တန်းကြေး- ၂၀၀,၀၀၀ ကျပ်
ဆက်သွယ်ရန်- ၀၉ ၇၇၄၇၉၀၀၃၇ (နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း)

ကျွန်မတို့ C.ivy Co., Ltd. ဟာ ပြည်တွင်းမှာသာမက နိုင်ငံတကာမှာပါ လူသိများပြီး ယုံကြည်စိတ်ချရတဲ့ ဘာသာပြန်နှင့်စကားပြန် ဝန်ဆ...
10/11/2024

ကျွန်မတို့ C.ivy Co., Ltd. ဟာ ပြည်တွင်းမှာသာမက နိုင်ငံတကာမှာပါ လူသိများပြီး ယုံကြည်စိတ်ချရတဲ့ ဘာသာပြန်နှင့်စကားပြန် ဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ C.ivy Co., Ltd. အဖြစ် မမွေးဖွားလာခင် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုနီးပါးကတည်းက တိကျမှန်ကန်‌တဲ့ ဝန်ဆောင်မှုတွေ ပေးအပ်ရင်း ဂုဏ်သိက္ခာရှိစွာ ရပ်တည်လာတဲ့ ဘာသာစကားဝန်ဆောင်မှုပေးသူလို့ ဆိုနိုင်ပါတယ်။ ဒီနေ့ဒီအချိန်မှာလည်း ခေတ်စနစ်နဲ့ ကိုက်ညီတဲ့ ဝန်ဆောင်မှုတွေ တိုးချဲ့ပေးအပ်ရင်း ကျွန်မတို့ရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ တိကျမှန်ကန်မှု၊ ‌ပေါင်းကူးဆက်သွယ်ပေးမှုနဲ့ ယုံကြည်စိတ်ချရမှုတို့ကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

ကျွန်မတို့ကုမ္ပဏီအနေနဲ့ ဘာသာပြန်ဆိုခြင်း၊ စကားပြန်ဆိုခြင်း၊ အသံသွင်းခြင်း၊ စာတန်းထိုးခြင်း၊ နောက်ခံစကားပြောထည့်ခြင်း၊ တည်းဖြတ်ခြင်းတို့ကို ကျွမ်းကျင်ပညာရှင်များက လုပ်ဆောင်ပေးပြီး ဝါရင့်ဆရာ/ဆရာမများက ကြီးကြပ်ပေးပါတယ်။ ပညာရေး၊ ဆေးပညာ၊ ဥပဒေနှင့် စာရွက်စာတမ်း၊ ဘဏ္ဍာရေးစတဲ့ နယ်ပယ်မျိုးစုံနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာများစွာကို ဆီလျော်မှန်ကန်စွာ ဝန်ဆောင်မှုပေးနေတဲ့အတွက် လူကြီးမင်းတို့ရဲ့ လုပ်ငန်းဆောင်တာများ တိုးတက်အောင်မြင်စေဖို့ C.ivy Co., Ltd. နဲ့ လက်တွဲကြပါစို့လို့ တိုက်တွန်းရင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်။

C.ivy Co., Ltd. ရဲ့ ဝန်ဆောင်မှုတွေအကြောင်း အသေးစိတ် သိရှိလိုပါက ဖုန်းနံပါတ် 09-773790047 သို့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်။

မင်္ဂလာပါရှင်။ ၂၀၂၄ ကုန်ခါနီး နိုဝင်ဘာလဆန်းမှာ ကျွန်မတို့ ကုမ္ပဏီရုံးခန်း ဖွင့်လာတာ ၁ နှစ် ပြည့်ပြီပဲ ဖြစ်ပါတယ်။ ဒီတစ်နှ...
01/11/2024

မင်္ဂလာပါရှင်။ ၂၀၂၄ ကုန်ခါနီး နိုဝင်ဘာလဆန်းမှာ ကျွန်မတို့ ကုမ္ပဏီရုံးခန်း ဖွင့်လာတာ ၁ နှစ် ပြည့်ပြီပဲ ဖြစ်ပါတယ်။ ဒီတစ်နှစ်တာ ကာလအတွင်း အနိမ့်အမြင့် အတက်အကျများစွာကို တွေ့ကြုံကျော်ဖြတ်နိုင်ခဲ့ကြပါတယ်။ ဒီတော့ နိုဝင်ဘာ ၁ ရက်နေ့မှာ ကုမ္ပဏီ ဝန်ထမ်းတွေကို အမှတ်တရ ဓာတ်ပုံလေးတွေ ရိုက်ပေးဖြစ်ခဲ့ပါတယ်။ အားလုံးအပေါ် ခွဲခြားဆက်ဆံမှုမရှိခြင်း၊ တစ်သားတည်းဖြစ်ခြင်းနဲ့ အချင်းချင်း ရိုင်းပင်းကူညီခြင်းဆိုတဲ့ တန်ဖိုးတွေအပေါ်မှာ တည်ဆောက်ထားတဲ့ ကျွန်မတို့ရဲ့ C.ivy Co., Ltd. ရုံးဖွင့်ခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်နေ့လေးကို ကျွန်မတို့နဲ့အတူ အပျော်တွေ မျှဝေခံစားနိုင်ဖို့ ပုံလေးတွေ မျှဝေပါရစေလားရှင်။

19/02/2024

Edit: ဝန်ထမ်း ခန့်ပြီးပါပြီ။ စိတ်ဝင်တစား မေးမြန်းကြသူများနှင့် ကူညီမျှဝေပေးသူများကို ကျေးဇူးတင်ပါသည်။

C.ivy Co.,Ltd. အတွက် Office assistant (၁) ဦးနှင့် Project Manager (၁) ဦး လိုအပ်နေပါသည်။

- Office Assistant (M/F)

Office assistant ရာထူးအတွက် English (Intermediate level) နှင့် MS Office တတ်ကျွမ်းရမည်။ စကားပြောပြေပြစ်ရမည်။ ရုံးလုပ်ငန်း၊ ပရောဂျက်ပိုင်း အတွေ့အကြုံရှိသူ ဦးစားပေးမည်။ စိတ်ပါဝင်စားသူများ မချိုလွင်ဖူး 09-2033674 ထံ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

- Project Manager (M/F)

Project Manager ရာထူးအတွက် English (Upper-intermediate level), MS Office, E-mail & Communication ကျွမ်းကျင်သူ ဖြစ်ရမည်။ စကားပြောပြေပြစ်ပြီး ပရောဂျက် စီမံခန့်ခွဲဖူးသူ ဖြစ်ရမည်။ ဘွဲ့ရပြီးသူ ဖြစ်ရမည်။ မျှော်မှန်းလစာနှင့်အတူ [email protected] သို့ CV ပို့၍ လျှောက်ထားပေးပါ။

10/12/2023

Hiring Alert!!!

We are looking for part-time Burmese translators who can work full-time at weekend and on public holidays. If you are an experienced and competent translator, who can handle complex content like legal, medical and cryptocurrency, kindly contact Ma Cho Lwin Phu for further information. Or you can send your CV to [email protected] with Part-time BU Translator as the Subject.

Thank you for your time. We look forward to working with you soon!

08/12/2023

Hello, everyone!

We are hiring experienced Burmese translators to join our in-house team in Mandalay. If you are fluent in English and Burmese plus a minimum two years’ experience, kindly call Ma Cho Lwin Phu at 09-787805410 during office hours.

For more information, please send your thoughts or comments to [email protected]

Thank you in advance!

Hiring Alert!We are recruiting freelance ethnic languages translators and interpreters especially for the following lang...
08/12/2023

Hiring Alert!

We are recruiting freelance ethnic languages translators and interpreters especially for the following languages:

1. Karenni
2. Falam Chin
3. Tedim Chin
4. Mon
5. Rakhine
6. Shan

Please send your updated CV to [email protected] to apply for this position. You may contact 09-787805410 for more details.

Thank you for your time. We look forward to working with you soon!

Address

S5-2, 1st Floor, 30th Street, Between 77th & 79th Street, Chan Aye Tha San Township
Mandalay

Alerts

Be the first to know and let us send you an email when Civy Co.,Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share