Tax Mentor Team

Tax Mentor Team Our perceptions are
According to the Law
Fairness & justice
Empathy & Compassion.

12/02/2026
လိုလိုလားလားဖိတ်ကြား နှစ်နှစ်လိုလိုကြိုဆို တက်တက်ကြွကြွ မှတ်သား ကြတဲ့အပြင် သတ်သတ်လွတ်ဟင်းလျာကောင်းတွေနဲ့ ဖွယ်ဖွယ်ရာရာ ဧည...
01/02/2026

လိုလိုလားလားဖိတ်ကြား နှစ်နှစ်လိုလိုကြိုဆို တက်တက်ကြွကြွ မှတ်သား ကြတဲ့အပြင် သတ်သတ်လွတ်ဟင်းလျာကောင်းတွေနဲ့ ဖွယ်ဖွယ်ရာရာ ဧည့်ခံပေးခဲ့ကြတာ အတိုင်းထက် အလွန် ကျေနပ်ခဲ့ရပါတယ်။ အချိန်ကန့်သတ်ချက်ရှိလို့ အားရအောင်မပြောခဲ့ရတာလေးတစ်ခုပဲ။ ဆက်သွယ်တာဝန်ပေးခဲ့သော အစ်ကိုကြီးကိုလည်း ကျေးဇူးတင်ပါကြောင်းနဲ့ တာဝန်ထမ်းဆောင်ပြီးကြောင်း သတင်းပို့ပါတယ်။

Carry on
31/01/2026

Carry on

TTO Pharm Co. Ltd Account Section မှ Junior accountant မဇူးဇူးလွင်၏ မိခင် ကွယ်လွန်ခြင်းအတွက် TMT အဖွဲ့အနေဖြင့် မိသားစုနှ...
20/01/2026

TTO Pharm Co. Ltd Account Section မှ Junior accountant မဇူးဇူးလွင်၏ မိခင် ကွယ်လွန်ခြင်းအတွက် TMT အဖွဲ့အနေဖြင့် မိသားစုနှင့်အတူ ဝမ်းနည်းရပါသည်။ မိခင်ကြီး ဒေါ်နီနီဝင်း ကောင်းရာသုဂတိရောက်ရှိပါစေကြောင်း TMT အဖွဲ့မှ တောင်းဆုပြုပါသည်။

ဖြတ်သန်းခဲ့ပြီးတဲ့၂၀၂၅ ကို အတိတ်အဖြစ် ထားရစ်ခဲ့ပြီး စိတ်ချမ်းသာပျော်ရွှင်ခြင်းများရရှိစေဖို့အတွက် တရားမျှတခြင်းကိုအစဉ်ရှ...
31/12/2025

ဖြတ်သန်းခဲ့ပြီးတဲ့၂၀၂၅ ကို အတိတ်အဖြစ် ထားရစ်ခဲ့ပြီး စိတ်ချမ်းသာပျော်ရွှင်ခြင်းများရရှိစေဖို့အတွက် တရားမျှတခြင်းကိုအစဉ်ရှေ့ရှုဆောင်ရွက်မယ့် အင်အားသစ်များနဲ့ ပစ္စုပန် ၂၀၂၆ ကို သည်ညီအစ်ကိုမောင်နှမတွေ ဆက်လှမ်းကြပါမယ်။
According to the law, Fairness & Justice, Empathy and Compassion ခံယူချက် တူညီသော သည် ညီအစ်ကို မောင်နှမတွေရဲ့ TAX MENTOR TEAM အနာဂတ်မှာ ဆက်လက်အဓွန့်ရှည်တည်တံ့အောင်မြင်နိုင်ပါစေ။

24/12/2025

တံဆိပ်ခေါင်းခွန် ဘယ်အချိန်မှာ ထမ်းဆောင်ရမလဲ။
မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၁၇။ စာချုပ်မချုပ်ဆိုမီဖြစ်စေ၊ ချုပ်ဆိုသည့်အခါ၌ဖြစ်စေထမ်းဆောင်ရမည်။
ယင်းဥပဒေ ပုဒ်မ ၂(၁၂)။ ချုပ်ဆိုပြီးခြင်းနှင့် ချုပ်ဆိုခြင်းဆိုသည့်စကားရပ်သည် လက်မှတ်ရေးထိုးပြီးခြင်းနှင့် လက်မှတ်တို့ကိုဆိုလိုသည်။
မူလ English version မှာလည်း
17. All instruments chargeable with duty executed by any person in the Union of Myanmar, shall be stamped before or at the time of ex*****on.
2(12). Executed and ex*****on used with reference to instruments, mean “signed” and “signature” လို့ဆိုထားပါတယ်။
ဒါကြောင့် တံဆိပ်ခွန်ကို စာချုပ်တစ်စောင်မှာ လက်မှတ်ရေးထိုးမထားရသေးခင် ထမ်းဆောင်ရမှာဖြစ်ပါတယ်။ စတင်အကျိုးသက်ရောက်သည့်နေ့ effective date လို့ဥပဒေမှာဖော်ပြမထားပါ။ ချုပ်ဆိုသည့်နေ့ လက်မှတ်ထိုးသည့်နေ့ မတိုင်မီလာရောက်ထမ်းဆောင်ရင် တည်ဆဲ ဥပဒေနဲ့အညီ လက်ခံဆောင်ရွက်ပေးရမှာပါ။

၂။ ပုဒ်မ ၁၇ နဲ့အညီ ကပ်နှိပ်ထားခြင်းမရှိရင် တစ်ခါတည်း သိမ်းချုပ်ရမလား။ အခြားနည်း မရှိတော့ဘူးလား။
ပုဒ်မ ၁၈။ မြန်မာနိုင်ငံပြင်ပတွင်သာချုပ်ဆိုခဲ့သည့်စာချုပ်စာတမ်းတစ်ရပ်ရပ်အား မြန်မာနိုင်ငံအတွင်း၌ ပထမဦးစွာလက်ခံရရှိပြီးနောက် သုံးလအတွင်း တံဆိပ်ခေါင်းကပ်နှိပ်နိုင်သည်။
ပုဒ်မ ၃၂။ မြို့နယ်မှူး ဆုံးဖြတ်သည့် တံဆိပ်ခွန်နှင့်ညီမျှသော ငွေကြေးကိုပေးဆောင်ပြီးလျှင် ပေးဆောင်ပြီးကြောင်းထပ်ဆင့်လက်မှတ်ရေးထိုးအတည်ပြုရမည်။
ပုဒ်မ ၃၂(၃)။ အောက်ဖော်ပြပါအချက် များကိုမျှ ထပ်ဆင့်လက်မှတ်ရေးထိုးခြင်းမရှိစေရ။
(က) မြန်မာနိုင်ငံအတွင်း ချုပ်ဆိုသည့်နေ့မှ တစ်လလွန်ပြီးသည့်နောက် တင်ပြလာသောစာချုပ်စာတမ်း
(ခ) မြန်မာနိုင်ငံပြင်ပတွင်ချုပ်ဆိုပြီး ပထမဦးစွာမြန်မာနိုင်ငံအတွင်းရောက်ရှိပြီးနောက် သုံးလလွန်ပြီးမှ တင်ပြလာသည့်စာချုပ်စာတမ်း
ပုဒ်မ ၄၁။ မည်သူမဆို ၎င်း၏သဘောဆန္ဒအလျောက် စာချုပ်ချုပ်ဆိုသည့်နေ့မှ တစ်နှစ်အတွင်း လိုအပ်သောတံဆိပ်ခွန်ပေးရန်ကမ်းလှမ်းလာသည့်အခါတွင် ထိုသို့ပျက်ကွက်ခဲ့ရခြင်းမှာ မတော်တဆဖြစ်ခြင်း၊ မှားယွင်းခြင်း၊ အရေးတကြီးလိုအပ်ခြင်းကြောင့် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ခဲ့ပါက ပုဒ်မ ၃၃နှင့် ၄၀ အရဆောင်ရွက်မည့်အစား ထိုက်သင့်ငွေကိုလက်ခံရယူပြီးနောက် ပြဋ္ဌာန်းချက်များအတိုင်းဆောင်ရွက်နိုင်ပါသည်။
ပုဒ်မ ၃၃။ သိမ်းချုပ်ခြင်း
ပုဒ်မ ၄၀။ ဒဏ်ရိုက်ခြင်း

ဒါကြောင့် မြန်မာနိုင်ငံအတွင်း ချုပ်ဆိုပြီး(လက်မှတ်ရေးထိုးပြီး) တစ်လမလွန်ခင် လာရောက်တင်ပြရင်၊ မြန်မာနိုင်ငံပြင်ပမှာချုပ်ဆိုပြီး သုံးလမလွန်မီလာရောက်တင်ပြရင် ကျသင့်တံဆိပ်ခေါင်းခွန်ပမာဏကို ငွေသွင်းစေပြီး တငိပြလာတဲ့ စာချုပ်စာတမ်းအပေါ်မှာ ထိုက်သင့်တံဆိပ်ခွန်ထမ်းဆောင်ပြီးသည်မှာ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးအတည်ပြုပေးရပါမယ်။ ကာလခွင့်ပြုချက်ကျော်လွန်ရင်တော့ လက်မှတ်ရေးထိုးခြင်းမပြုရတော့ဘဲ ဒဏ်ငွေသာတပ်ရိုက်ရမှာဖြစ်ပါတယ်။
တစ်လကျော်ပြီး တစ်နှစ်မကျော်သေးရင်တောင် လုံလောက်တဲ့ အကြောင်းရင်းရှိရင် သိမ်းချုပ်ခြင်း ဒဏ်ရိုက်ခြင်းမပြုဘဲ တံဆိပ်ခွန်ကို လက်ခံဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။

တံဆိပ်ခေါင်းခွန်ကိစ္စများကို ဥပဒေနဲ့အညီ ဆောင်ရွက်ခွင့်မရရင် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေအရ စီမံအုပ်ချုပ်မှုနည်းလမ်းအရပြန်လည်သုံးသပ်ပေးရန်တင်ပြခြင်း၊ အခွန်အယူခံတင်ခြင်းနဲ့ ဥပဒေရေးရာအငြင်းးပွါးချက်ရှိပါကတရားလွှတ်တော်ချုပ်သို့ တင်ပြခြင်းအထိဆောင်ရွက်ခွင့်ရှိကြောင်း သိရှိထားဖို့လိုအပ်ပါတယ်။

မိမိလုပ်သက်အတွေ့အကြုံ ဆည်းပူးမှုတွေအရ သိရှိခဲ့သမျှ မျှဝေ ပေးချင်သူတစ်ယောက်အနေနဲ့ မျှဝေခြင်းသက်သက်သာ။

24/12/2025

၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်ကုန်ရန် ၃လသာကျန်ပါမည်။ အခွန်ဥပဒေလိုက်နာမှုအတွက် ဘာတွေပြင်ဆင်ရန်ကျန်မလဲ ပြန်စိစစ်ထားကြဖို့

24/12/2025

နှစ်ဟောင်းကုန်လို့ နှစ်သစ်ပြောင်းတော့မည်။ ကံကောင်းခြင်းများ အားလုံးရရှိကြပါစေ။

မီရာသင်တန်းလေးတွေရှိရင် သိပါရစေ ပြောထားသူများအတွက်
05/12/2025

မီရာသင်တန်းလေးတွေရှိရင် သိပါရစေ ပြောထားသူများအတွက်

အခွန်ထမ်းများနှင့် Audit & Taxation professional လုပ်နေ သူများ အတွက် အထူး

Consulting Tax for professional တန်းခွဲသစ်
==========================

📆Consulting Tax Training ကို 11 January 2026 Sunday တွင်စတင်ပါမည်။

💁‍♂️ 💁ဘယ်သူတွေတက်သင့်လဲ
✅စာရင်းပိုင်း ဝန်ဆောင်မူ ပေးနေသော Audit & Non Audit firm တွေရဲ့ ကျွမ်းကျင်ဝန်ထမ်းများ
✅OAS အခွန်စနစ်မှ SAS အခွန်စနစ်သို့ စတင်ကူးပြောင်းမည့် Company များ
✅SAS စနစ်နဲ့ အခွန်ထမ်းနေသော လုပ်ငန်း များအားလုံး
✅Tax Audit အတွက် အစစ်ဆေး ခံရန် ပြင်ဆင်နေသူများ
✅အယူခံဝင်ရန် သိလိုများ

Training တွင်ပါဝင်မည့် အကြောင်းအရာများ
============================

1. Compliance assessment
2. Compliance functions
3. Defined words
4. Documents preparation
5. Presenting for tax reports
6. How to appeal

🙏သင်ကြားမည့်ဆရာ 🙏
ဆရာ ဦးမင်းလွင်ဦး[ဒုညွှန် (ငြိမ်း)၊ Founder (Tax Mentor Team)၊ Chief Consultant (PMM Business Center)]

သင်တန်းကြာချိန် - ၁၆ နာရီ
✔️ Sunday 9:00 am to 4:00 pm

သင်ကြားမည့်ပုံစံ -On campus & Online (zoom)

🌟 Handout softcopy, Certificate (softcopy) နှင့် Recording Access ပါပြီး 🌟

သင်တန်းကြေး - ၂၀၀၀၀၀ ကျပ်
💁‍♂️WBM တွင် Tax သင်တန်း တက် ရောက်ဖူးသူများ
💁NEO PERFECT Audit and Accounting Firm မှ Services ပေးနေသော လုပ်ငန်းများ အနေဖြင့် Discount 20% ရရှိပါမည်။

🔺🔺 Consulting Tax Training တွင် မိမိတို့လက်ရှိစာရင်းများ၊ Financial Report များ၊ အခွန်လုပ်ငန်းစဥ်များ အခွန်ဥပဒေနှင့်ညီညွတ်ခြင်းရှိမရှိကို သုံးသပ်ပုံများကို ဥပမာများနှင့်တကွ ဆရာကြီး မှ လမ်းညွှန်ပြသပေးသွားမှာဖြစ်ပါတယ်။ ‼️

❤️❤️❤️
စုံစမ်းရန် -
09 43002226
09 260776149
09 989009952
Zoom ဖြင့် သင်ပီး Telegram group တွင်ပြန်တင်ျပးပါမည်။

WBM Institute of Accountancy & Management

နောက်ထပ် သင်္ကန်း ၅စုံ ထပ်ဖြည့်လှူပါဦးမည်၊ မြင်တွေ့သမျှ အားလုံး ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့
13/10/2025

နောက်ထပ် သင်္ကန်း ၅စုံ ထပ်ဖြည့်လှူပါဦးမည်၊ မြင်တွေ့သမျှ အားလုံး ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့

Address

80th Street, Between 27th And 28th Street, Mandalay Financial Center
Mandalay

Website

Alerts

Be the first to know and let us send you an email when Tax Mentor Team posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share