Thae Thiri Kyaw - Forex Advisor

Thae Thiri Kyaw - Forex Advisor Forex Advisor Gold and Forex Trading account ဖွင့်ခြင်းနှင့်သင်တန်းများစုံစမ်းနိုင်ပါသည်။

Very Nice Definition of TIME! 🕰️⏱️⏰
17/12/2023

Very Nice Definition of TIME! 🕰️⏱️⏰

ကိုယ့်ရဲ့ဦးနှောက်ကိုအကောင်းဆုံးအစာကျွေးခြင်းက စာဖတ်ခြင်းပါ။ ကိုယ့်ကိုကိုယ်ရှာမတွေ့တော့တဲ့အခါ စာဖတ်ပါ။ ဖုန်းသုံးပြီးတနေကု...
13/12/2023

ကိုယ့်ရဲ့ဦးနှောက်ကိုအကောင်းဆုံးအစာကျွေးခြင်းက
စာဖတ်ခြင်းပါ။ ကိုယ့်ကိုကိုယ်ရှာမတွေ့တော့တဲ့အခါ စာဖတ်ပါ။ ဖုန်းသုံးပြီးတနေကုန် Social Media မှာအချိန်ဖြုန်းမယ့်အစား Digital ခေတ်မှာ Application ကနေတဆင့် ဦးနှောက်အစာကျွေးနိုင်နေပါပြီ။

𝐃𝐨𝐧'𝐭 𝐰𝐚𝐬𝐭𝐞 𝐲𝐨𝐮𝐫 𝐩𝐫𝐞𝐬𝐜𝐢𝐨𝐮𝐬 𝐭𝐢𝐦𝐞.

စီးပွါးရေးမှာ Do or Die မဟုတ်ဘူး။Htoo or Die ပဲ။ထူးရင်ထူး။ မထူးရင်သေ။ဒါကို Differentiate or Die လို့ခေါ်တယ်။ဒီလိုထူးဖို့...
07/12/2023

စီးပွါးရေးမှာ Do or Die မဟုတ်ဘူး။
Htoo or Die ပဲ။
ထူးရင်ထူး။ မထူးရင်သေ။
ဒါကို Differentiate or Die လို့ခေါ်တယ်။

ဒီလိုထူးဖို့
အများစုမလုပ်နိုင်တာလုပ်။
ဒါမှမဟုတ် အများမလုပ်ချင်တာလုပ်။

အများမလုပ်နိုင်တာဖြစ်အောင်လုပ်တဲ့
သာဓကတွေကတော့ အများကြီးပဲ။
ကမ္ဘာ့ထိပ်တန်းကုမ္ပဏီအများစုကိုတွေ့လိမ့်မယ်။

ဒုတိကတစ်ခုကတော့ ဒါလေးနဲ့
အနီးစပ်ဆုံးတူမယ်။
တရုတ်က စက္ကူအမှိုက်တွေကို
ပြန်အသုံးပြုနိုင်တဲ့ Recycle ♻️ လုပ်ရင်း
ဖြစ်လာတဲ့ ဘီလီယံဒေါ်လာကုမ္ပဏီကြီးဖြစ်တဲ့
Nine Dragons ရဲ့ ပိုင်ရှင် Zhang Yin က ဥပမာပဲ။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။

06/12/2023

ဘာမှမရှိတဲ့အခါ မိမိကိုယ်ကို ခိုင်းစားပြီးငွေရှာပါ။ငွေရှိလာတဲ့အခါ ငွေကိုခိုင်းစားပြီး ပင်ပန်းခဲ့သမျှအတိုးချ အနားယူပါ။
🌻

04/12/2023

ကမ္ဘာ့ရွှေကတော့ အမြင့်ဆုံးစျေးနဲ့
စံချိန်တင်လိုက်ပြန်ပါပြီ။😱😱
အမြင့်ဆုံးစျေး-2147
လက်ရှိစျေး-2086

လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကျော်ခန့်ကစင်္ကာပူဆိုတဲ့တံငါကျွန်းရွာလေးက #လီကွမ်ယု  ဆိုတဲ့ လူငယ်လေးတစ်ယောက်က အခုလို ပြောဖူးပါတယ...
30/11/2023

လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကျော်ခန့်က
စင်္ကာပူဆိုတဲ့တံငါကျွန်းရွာလေးက
#လီကွမ်ယု ဆိုတဲ့ လူငယ်လေးတစ်ယောက်က
အခုလို ပြောဖူးပါတယ်။

" မြန်မာပြည်က အရမ်းခမ်းနားတဲ့
ရန်ကုန်တက္ကသိုလ်ကြီးမှာ ကျောင်းတက်နိုင်ဖို့က
ငါ့ရဲ့ အိပ်မက်ပဲ ... "တဲ့။

၁၉၅၀- ၆၀ ခုနှစ်အတွင်း၊ ရွှေတစ်ကျပ်သား
၂၀၀/ ၃၀၀ ခေတ်၊ မြန်မာတွေ ရွှေထီးဆောင်း
ခဲ့ကြစဉ်ကပေါ့။

အဲဒီတုန်းက

ရန်ကုန်မြို့ဆိုတာ အရှေ့တောင်အာရှမှာ
အလှပဆုံးနဲ့ခေတ်အမှီဆုံးမြို့တော်...

မင်္ဂလာဒုံလေယဥ်ကွင်းဆိုတာ အရှေ့တောင်
အာရှမှာအကျယ်ဆုံးနဲ့အကောင်းဆုံးလေယဥ်ကွင်း..

ရန်ကုန်တက္ကသိုလ်ဆိုတာ အရှေ့တောင်အာရှမှာ
နာမည်အကြီးဆုံးနဲ့အခမ်းနားဆုံး နံပါတ်တစ်
တက္ကသိုလ်...

နှစ် ၆၀ ကြာအပြီး...

ဒီနေ့ခေတ်မှာတော့ အရာအားလုံးက ပြောင်းပြန်
တွေဖြစ်ကုန်ပါရောလား...။ ။🥺🥺🥺

မူရင်းရေးသားသူကို လေးစားစွာ ခရက်ဒစ်ပေးပါသည်။

25/11/2023

ကုန်ဈေးနှုန်းက ၃ ဆ တက်တာဆိုတော့ကိုယ့်ဝင်ငွေက ဒီအတိုင်းပဲဆိုကိုယ့်အသုံးကို ၃ ဆ လျှော့သုံးကိုယ့်အသုံးမလျှော့နိုင်ရင် ကိုယ့်ဝင်ငွေကို ၃ ဆ တိုးရှာ

“ #ကာလပေါက်စျေးကိုသိစေနိုင်မယ့်ရွှေတွက်နည်း"လတ်တလော ဈေးကွက်အပြောင်းအလဲတွေကြောင့် လူတိုင်းအခက်ခဲတွေကြုံကြရပါတယ်။ အခက်ခဲကြ...
24/11/2023

“ #ကာလပေါက်စျေးကိုသိစေနိုင်မယ့်ရွှေတွက်နည်း"

လတ်တလော ဈေးကွက်အပြောင်းအလဲတွေကြောင့် လူတိုင်းအခက်ခဲတွေကြုံကြရပါတယ်။ အခက်ခဲကြုံရတာချင်း အတူတူ ဗဟုသုတကြွယ်တဲ့သူက ပိုပြီးသက်တောင့်သက်သာရှိမယ်ဆိုတာ အသေချာပါပဲ။

ဒေါ်လာဈေးနဲ့ ရွှေဈေးဂယက်တွေကြောင့် ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေပေမယ့် ရွှေဝယ်စုမယ်လို့တွေးနေတဲ့သူတွေအတွက် ဒီနည်းလေးက အသုံးဝင်မယ်လို့ ထင်ပါတယ်။ ရွှေဝယ်တဲ့အခါ ကိုယ်ဝယ်ယူမယ့် ရွှေဟာ ဘယ်လောက်အရှုံးရှိမယ်/ဘယ်နှစ်နှစ်နေမှ အမြတ်ရမယ်ဆိုတဲ့ အခြေခံ တောင်မသိဘဲ ရွှေဝယ်ယူနေသရွေ့ကတော့ အရှုံးနဲ့ဘဲရင်ဆိုင်ရမှာပါ။

ဒါ့ကြောင့် ရွှေဝယ်စုမယ်၊ ရွှေအရောင်းအဝယ်လုပ်မယ်ဆိုရင် ဒီနည်းလေးကိုသိထားတာ သင့်အတွက် ပိုပြီးလွယ်ကူ အဆင်ပြေမှာပါ။ ရွှေတွက်နည်း အခြေခံဖြစ်ပြီး ကိုယ်တိုင် တွက်ချက်နိုင်ပါတယ်။ အတိအကျမဟုတ်တောင် အနီးစပ်ဆုံး စျေးနှုန်းကိုတော့တွက်လို့ရပါမယ်။

ဥပမာ - ရွှေစျေးတစ်ကျပ်သား = ၂၂သိန်း
၁ ကျပ် - ၈ ပဲ - ၄ ရွေး ကို ဘယ်လောက်ပေးရမလဲသိချင်ရင်...
[ (၄÷၈) + (၈÷၁၆) + ၁ ] × ၂၂သိန်း = ရွှေစျေး
[(ရွေး ÷ ၈)+(ပဲ ÷ ၁၆)+ ကျပ်]×ရွှေပေါက်စျေး ဖြစ်ပါတယ်။

* ၁ိ မှာ ၁၆ ပဲ။ ၁ပဲ မှာ ၈ရွေး ရှိတာကြောင့် အားလုံးကိုကျပ်ဖွဲ့ပြီး တစ်ကျပ်သား ပေါက်စျေးနဲ့ မြှောက်လိုက်တာပါ။

#တစ်ခုချင်းစီတွက်ကြည့်ရအောင်
(၁) ၁ိ အတွက် = ၂၂သိန်း
(၂) ၈ ပဲ အတွက် (၈ ÷ ၁၆) × ၂၂သိန်း = ရွှေစျေး
(၃) ၄ ရွေး အတွက် (၄ ÷ ၈ ÷ ၁၆) × ၂၂သိန်း =ရွှေစျေး
(၁)+(၂)+(၃) = ရွှေစျေး

#၈ ပဲ ၄ ရွေး အတွက်ပဲ သိချင်ရင်
(၄ ÷ ၈) + (၈ ÷ ၁၆) × ၂၂သိန်း = ရွှေစျေး

#ရွှေအရည်အလိုက်ပေါက်စျေးသိချင်ရင်

*၁၆ ပဲ ရွှေရည်စျေး =ကာလပေါက်စျေး

*၁၅ ပဲ ရွှေရည်စျေး = (၁၅÷၁၆)×ကာလပေါက်စျေး = ရွှေစျေး

*၁၄ ပဲ ရွှေရည်စျေး = (၁၄÷၁၆)×ကာလပေါက်စျေး = ရွှေစျေး

*၁၃ ပဲ ရွှေရည်စျေး = (၁၃÷၁၆)× ကာလပေါက်စျေး = ရွှေစျေး

*၁၂ ပဲ ရွှေရည်စျေး = (၁၂÷၁၆)× ကာလပေါက်စျေး = ရွှေစျေး

ဒီတွက်နည်းတွေက သင့်အတွက် တစ်နည်းနည်းနဲ့ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။

👨‍👦 ရင်ထဲထိတယ် 👨‍👦➖➖➖➖➖➖➖➖➖သမီးလေးတစ်ယောက်ဟာ သူ့ဖခင်နဲ့ အတူ တံတားလေး တစ်ခုကို ဖြတ်ကူးသတဲ့ ..။ဖခင်ဖြစ်သူဟာ သူ့သမီးလေး ကြေ...
23/11/2023

👨‍👦 ရင်ထဲထိတယ် 👨‍👦
➖➖➖➖➖➖➖➖➖

သမီးလေးတစ်ယောက်ဟာ
သူ့ဖခင်နဲ့ အတူ တံတားလေး တစ်ခုကို ဖြတ်ကူးသတဲ့ ..။
ဖခင်ဖြစ်သူဟာ
သူ့သမီးလေး ကြောက်မှာ စိုးတာနဲ့ ...
"သမီးလေး .. ဖေဖေ့လက်ကိုကိုင်ထား .. ဒါမှ ချော်မကျမှာ" လို့ပြောတယ် ...။

အဲဒီ့မှာ သမီးလေးက
"မကိုင်ဘူးဖေဖေ ...
ဖေဖေပဲ သမီးလက်ကိုကိုင်ထားပေးပါ" လို့ ပြန်ပြောတယ် ...။

ဖခင်လုပ်သူက
နည်းနည်း စဉ်းစားရကြပ်သွားပြီးတော့
"ဒါက ဘာများကွာမှာမို့လို့လဲ သမီးရဲ့" လို့မေးသတဲ့ ...။

သမီးလေး ပြန်ဖြေတာက ...
"အကြီးကြီးကို ကွာတာပေါ့ ဖေဖေရယ် ...
သမီးသာ ဖေဖေ့လက်ကို ကိုင်ထားရင်
တခုခုဖြစ်တာနဲ့ ကြောက်လန့်ပြီး လွှတ်ရင် လွှတ်ချမိမှာ ။

တကယ်လို့ ဖေဖေသာ သမီးလက်ကို ကိုင်ထားရင်
ဘာတွေဘယ်လိုပဲဖြစ်ဖြစ်
သမီးရဲ့လက်ကို လွှတ်မှာမဟုတ်ဘူးဆိုတာ
သမီးသေချာသိလို့ပါ ဖေဖေ ...." တဲ့ ....။

Translated By အလင်္ကာမေကျော်

 #ရွှေအလေးချိန်တွက်နည်းနဲ့ ရွှေအကြောင်းသိထားသင့်တဲ့အချက်များ။============================မြန်မာနိုင်ငံမှာတော့ ရွှေကို အလ...
23/11/2023

#ရွှေအလေးချိန်တွက်နည်းနဲ့ ရွှေအကြောင်းသိထားသင့်တဲ့အချက်များ။
============================
မြန်မာနိုင်ငံမှာတော့ ရွှေကို အလေးချိန် ကျပ်၊ပဲ၊ရွေး နဲ့ပဲချိန်လေ့တွက်လေ့ရှိပါတယ်။
တစ်ကျပ် = ၁၆ ပဲ
တစ်ပဲ = ၈ ရွေး
တစ်ကျပ် = ၁၂၈ ရွေး
ရန်ကုန်နဲ့ အခြားမြို့တွေမှာ ဒီအလေးချိန်ကိုပဲ အသုံးပြုကြပါတယ်။
ဂရမ်အနေနဲ့ဆို
၁ ကျပ်သား = ၁၆.၃၃၁ ဂရမ်
၁ အောင်စ = ၁ ကျပ် ၁၁ ပဲ ၆ ရွေး

ဘယ်နှစ်ပဲရည်ဆိုတာကတော့ တစ်ကျပ်သားမှာ ပါဝင်တဲ့ ရွှေ% ကိုပြောတာပါ
ရွှေကိုအထည်လုပ်မယ်ဆို ရွှေသားစစ်စစ်ကပျော့တဲ့အတွက် အခြားသတ္တုနဲ့ရောစပ်ရပါတယ်
၁၆ပဲရည်ဆိုတာ တစ်ကျပ်သားဖြစ်တဲ့ ၁၆ ပဲလုံးရွှေသားစစ်စစ် အရောအနှောမရှိဘူးလို့ပြောတာပါ မီးဖုတ်ကြည့်ရင် မမဲတဲ့အတွက် မီးလင်း အခေါက်ရွှေလို့ခေါ်ကြပါတယ်
၁၄ ပဲရည်ဆိုတာ ၁၆ပဲမှာ ရွှေ ၁၄ ပဲနဲ့ အခြားသတ္တု(ကြေး) ၂ ပဲ ရောစပ်ထားတာပါ။ကြေးပါတဲ့အတွက်ကြောင့် မီးဖုတ်ကြည့်ရင် မဲသွားပါတယ်။ငရဲမီးစိမ်လိုက်မှ မူလရွှေရောင် ပြန်ရပါတယ်။
၁၅ ပဲရည်လဲ ဒီသဘောတရားအတိုင်းပါပဲ
အတွင်းစပ်ဆိုတာ ရွှေ၁၄ ပဲ+ ကြေး ၂ပဲ ပေါင်းတစ်ကျပ် ဖြစ်ပြီး
အပြင်စပ်ဆိုတာ ရွှေတစ်ကျပ်+ကြေး ၂ပဲ ပေါင်း ၁၈ပဲ ဖြစ်ပါတယ်
၁၄ပဲ ၂ပြားဆိုတာ ရွှေ ၁၄ပဲ ၄ရွေး+ကြေး ၁ပဲ၄ရွေး ရောစပ်ထားတာဖြစ်ပါတယ်

အနောက်တိုင်းမှာတော့ ရွှေပါဝင်နှုန်းကို Karat နဲ့ပြောပါတယ် (ကျောက်မှာသုံးတဲ့ unit ဖြစ်တဲ့ carat နဲ့ မတူပါ) အတိုကောက် k လို့သုံးပါတယ်
24 k = ၁၆ ပဲရည်
23 k = ၁၅ ပဲရည်
22 k = ၁၄ ပဲ ၂ ပြား
21 k = ၁၄ ပဲရည်
20 k = ၁၃ ပဲရည်
19 k = ၁၂ ပဲ ၂ ပြား
18 k = ၁၂ ပဲရည်
17 k = ၁၁ ပဲ ၂ပြား
16 k = ၁၁ ပဲရည်
15 k = ၁၀ ပဲရည်
14 k = ၉ ပဲရည်
13 k = ၈ ပဲ ၂ ပြား
12 k = ၈ ပဲရည်

၈ ပဲရည်အောက်နိမ့်သောရွှေကို မိုးကြိုးလို့ခေါ်ပါတယ်။ဂဟေဆော်ရာမှာသာ အသုံးပြုပြီး လက်ဝတ်ရတနာအနေနဲ့တော့ ၁၂ ပဲရည်အောက် လုပ်လေ့မရှိပါဘူး။

☘ ရွှေတွက်နည်း☘

၁၆ပဲရည်တစ်ကျပ်သား ပေါက်စျေးကို ကိုယ်တွက်ချင်တဲ့ ရွှေအမျိုးအစား တစ်ကျပ်သားစျေးအဖြစ် အရင်တွက်ရပါမယ်။

ဥပမာ (အပြင်စပ် နဲ့အတွင်းစပ်သဘောတရားကို အပေါ်မှာရှင်းပြပေးထားပါတယ်)
၁၄ ပဲရည် အပြင်စပ်အတွက်
16÷18×️ပေါက်စျေး
16÷18×️887000=788444

၁၄ ပဲရည် အတွင်းစပ်အတွက်
14÷16×️ပေါက်စျေး

၁၅ ပဲရည်အတွက်
16÷17×️ပေါက်စျေး (အပြင်စပ်)
15÷16×️ပေါက်စျေး (အတွင်းစပ်)

ဒါဆိုကိုယ်တွက်ချင်တဲ့ ရွှေအမျိုးအစားရဲ့ တစ်ကျပ်သားစျေး ရပါပြီ။
ရွှေတင်ချိန်ကို အလျော့တွက်နဲ့ပေါင်း ပြီးရင်စုစုပေါင်းအလေးချိန်ကို ဒီလိုတွက်ရပါမယ်။

ရွေး÷8+ပဲ÷16+ကျပ်×️တစ်ကျပ်သားစျေး

ဥပမာ
၁၄ ပဲရည် အပြင်စပ်
ရွှေတင်ချိန် 1 ကျပ် 7 ပဲ 4 ရွေး
အလျော့တွက် 1 ပဲ 6 ရွေး ဆိုပါဆို့
ပေါင်းလိုက်ရင် 1 ကျပ် 9 ပဲ 2 ရွေးပါ

2÷8+9÷16+1×788444=1244263 ပါ

ရွှေဝယ်ပြီး ပြန်ရောင်းတဲ့အခါ ရွှေစျေးတက်တာတောင် ရှုံးတယ် ဆိုတာကတော့ ပြန်ရောင်းတဲ့အခါ အလျော့တွက်ကို ထည့်မတွက်ပဲ ရွှေတင်ချိန်ကိုသာ တွက်လေ့ရှိတာကြောင့်ပါ။

အလျော့တွက်ဆိုတာ အထည်လုပ်တဲ့အချိန်ရွှေအလေအလွင့် ပန်းတိမ်ဆရာလက်ခ တွေပေးရတာဖြစ်တာကြောင့် ပြန်မရတာပါ။

ကမ္ဘာ့ရွှေစျေးကို မြန်မာရွှေစျေးအဖြစ်တွက်ပုံကတော့
ကမ္ဘာ့ရွှေစျေး÷1.875×ဒေါ်လာပေါက်စျေးပါ။
ဥပမာ - 1304÷1.875×1280=890000 ပါ။...............................
လိုအပ်လျှင်ရှာရခက်တာမို့ ရှယ် Share ထားဖို့မမေ့နဲ့နော်😘😘
: Original author


#ကမ္ဘာ့ရွှေအကြံပေး

22/11/2023

သင်လိုချင်တဲ့အရာအားလုံးဟာ သင့်ကြောက်စိတ်ရဲ့အခြားတစ်ဖက်မှာရှိပါတယ်။

22/11/2023

XAUUSD Sell-1993
အမြတ်ယူရန်စျေးတန်း-1985
အရှုံးဖြင့်ထွက်ရမည့်စျေးတန်း-1997

Address

Mandalay
05041

Alerts

Be the first to know and let us send you an email when Thae Thiri Kyaw - Forex Advisor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thae Thiri Kyaw - Forex Advisor:

Share