01/11/2022
CPU မှာ ရှိတဲ့ Generation နဲ့ Performance Series တေ အကြောင်းပြောပြပေးမှာ ဖြစ်ပါတယ်
======================================================================
ပထမဆုံး အနေနဲ့ Generation အကြောင်းကိုပြော ပေးပါမယ်။
ကျွန်တော်တို့ ကွန်ပျူတာမှာ Core i3, Core i5, Core i7 အစရှိသဖြင့် နာမည်တွေတော့ သိပြီး Generation ဘယ်လောက်လဲဆိုတာ သိချင်ရင်တော့ ( This PC ကို Right Click နှိပ် Properties ကို ရွေးလိုက်ပါ)။
ဥပမာ အနေနဲ့ Intel Core i3 – 3217U CPU @ 1.80GHz ဆိုကြပါဆို။ အဲ့ဒီမှာ i3 ဆိုတာရဲ့ နောက်က 3217U မှာ 3 က Generation ဖြစ်ပါတယ်။ 3217U ဖြစ်တဲ့ အတွက် 3rd Generation ပေါ့။
အဲ့နေရာမှာ 4 ဆိုရင် 4th Generation ဖြစ်ပါတယ်။ ဒါဆိုရင်တော့ CPU Generation ကြည့်နည်းကို သိသွားပြီး ကိုယ့် CPU Generation ကိုလည်း ကြည့်တက်သွားမယ် ထင်ပါတယ်။
ယခုဆိုရင် 11th Generation ထိ ရောက်နေပြီ ဖြစ်ပါတယ်။
AMD CPU တေမှာဆို
AMD Ryzen 3 3300X မှာဆို Ryzen 3 ရဲ့နောက်က 3 က Generation ဖြစ်ပါတယ်။
1 နဲ့ စလျှင် First Generation, 2 နဲ့ စလျှင် Second Gen, 3 နဲ့စလျှင် Third Gen, 5 နဲ့စလျှင် Fourth Gen ဆိုပြီး ခွဲခြားနိုင်ပါတယ်..
Performance Series တွေ အကြောင်း ဆက်ပြောပါမယ်။
Intel မှာဆိုရင်
Core™ i3-3217U CPU @ 1.80GHz မှာ 3217U ဆိုတာမှာ U က Performance Series တွေဖြစ်ပါတယ်။
အကြမ်းဖျင်းအားဖြင့်
U Series - ဆိုတာတွေကိုတော့ Laptop တွေအတွက်ထုတ်ထားတာဖြစ်ပြီး ပါဝါစားနည်းပါတယ်။
Y Series - ဆိုတာတွေကိုတော့ Old Generation Laptop တွေအတွက်ထုတ်ထားပါတယ် Mobile အတွက်လည်းအသုံးပြုတယ်လို့ဆိုပါတယ်။
T Series - ဆိုတာတွေကိုတွေ Desktop Processor တွေအတွက်ရည်ရွယ်ပြီးထုတ်ထားတာပါ။
H, HQ Series - ကတော့ High performance ပါ။ ကွန်ပျူတာ အပူချိန်မြင့်ခြင်း၊ ဘတ်ထရီစားခြင်း စတဲ့ အားနည်းချက်တွေ ရှိပါတယ်။
စျေးမြင့်တဲ့ gaming laptop တွေမှာ အသုံးပြုလေ့ရှိတာကြောင့် Cooling စနစ်ကောင်းကောင်းနဲ့ Cover ပြန်လုပ်ပြီး အသုံးပြုကြပါတယ်။
K Series - ဆိုတာကတော့ လုံးဝ High Performance ပါ။ သူကတော့ Unlock ဖြစ်ပြီး Overclock လုပ်လို့ရတဲ့ Processor ပဲဖြစ်ပါတယ်။
Overclock လုပ်တယ်ဆိုတာက CPU ရဲ့ အမြင့်ဆုံး လုပ်ဆောင်နိုင်စွမ်းကို ကျော်ပြီးတော့ ခိုင်းတာပါ။ ဒါကြောင့် Water Base Cooling System တွေနဲ့ တွဲဖက် အသုံးပြုကြပါတယ်။ အဓိကအားဖြင့်တော့ Gamer တွေ အသုံးများပါတယ်။
Ryzen CPU တွေမှာ ဆိုရင်
A Series, Athlon Series နှင့် Ryzen Series ဆိုပြီးတော့ ရှိပါတယ်။
အသုံးများတဲ့ Ryzen Series တွေ အကြောင်းပြောပြပေးပါမယ်။
Ryzen 3 က Entry Level user တွေအတွက်ဖြစ်ပြီး Intel i3 CPU နဲ့ Performance ပိုင်း တူတူလောက်ဖြစ်ပါတယ်။
Ryzen 5 က Mainstream အမျိုးအစား Gaming ပိုင်းနဲ့ Design ပိုင်းသွားမယ့် သူတွေအတွက်ဖြစ်ပြီး Intel i5 CPU နဲ့ Performance ပိုင်းတူတူလောက်ဖြစ်ပါတယ်..
Ryzen 7 ကတော့ Performance အမျိုးအစားဖြစ်ပြီး Gaming နှင့် Design ပိုင်းကို Professional ကျကျ သုံးမယ့်သူတွေအတွက် သင့်လျော်ပါတယ်။ Intel i7 CPU နဲ့ Performance ပိုင်းတူတူလောက်ဖြစ်ပါတယ်။
Ryzen Threadripper ကတော့ High-end Desktop အမျိုးအစားဖြစ်ပြီး High Performance နဲ့ သုံးချင်သူတွေအတွက် အဆင်ပြေစေပါတယ်။
မူရင်းရေးသားသူများကို Credit ပေးပါတယ်။
Content Group
Myanmar Pyi