Yan Lin Htet

Yan Lin Htet Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yan Lin Htet, Business consultant, 58B, bet 103 & 104, Mandalay.

06/04/2024

Make amends (for sth/doing sth) [IDM]
ကျေရာကျေကြောင်းလုပ်ပေး။
How can I ever make amends for the things I said to you last night?

05/04/2024

Habits to help you prosper
သင့်ကို ကြီးပွားစေမည့် အကျင့်ကောင်းများ

Network.
လုပ်ငန်းတူသူချင်း ချိတ်ဆက်။

Dream big.
ရည်မှန်းချက်ကြီးကြီးထား။

Plan ahead.
ရှေ့ရေး ကြိုပြင်။

Get up early.
မနက်စောစောထ။

Stay focused.
အာရုံစိုက်လုပ်။

Watch less TV.
TV လျှော့ကြည့်။

Invest in yourself.
မိမိအတွက် အကုန်ခံပါ။

Read more books.
စာတွေပိုဖတ်ပါ။

Avoid time wasters.
အချိန်ဖြုန်းသူတွေကို ရှောင်။

Take calculated risks.
တွက်ချက်ပြီး စွန့်စား။

Write down your goals.
ကိုယ့်ရည်မှန်းချက်တွေကို ချရေး။

Live on less than you make.
ရှာနိုင်တာထက် လျှော့သုံး။

Make your health a priority.
မိမိကျန်းမာရေးကို ဦးစားပေး။

Do work that matters to you.
ကိုယ့်အတွက် အရေးပါတာကိုလုပ်။

Learn from people you admire.
ကိုယ်လေးစားရသူတွေထံမှ သင်ယူ။

Foster meaningful relationships.
လေးနက်တဲ့ မိတ်ဖက်များရအောင် ပျိုးထောင်။

Cultivate an attitude of gratitude.
ကျေးဇူးတရားကို မမေ့လျော့တဲ့စိတ်ကို မွေးမြူ။

Take action, even when it's scary.
​ကြောက်ရွံ့စိုးရိမ်နေသော်လည်း လုပ်ရမှာကို လုပ်။

Have a powerful and inspiring "why."
လေးလေးနက်နက် "ဘာ့ကြောင့်လဲ" လို့ မေးခွန်းထုတ်ပါ။

Translated by Dr. Soe Than

04/04/2024

အချိန်ပြ ဝေါဟာရများ
= = = = = = = =
1. for a while - ခတ်ေတခဏ
2. at once - ချက်ချင်း
3. now - ယခု
4. day - နေ့ / ရက်
5. daily - နေ့စဉ်
6. every day - နေ့တိုင်း
7. today - ယနေ့
8. tomorrow - မနက်ဖြန်
9. The day after tomorrow - သန်ဘက်ခါ
10. yesterday - မနေ့က
11. The day before yesterday - တမြန်နေ့က
12. The third day after today - ဖိန်းနွှဲခါ
13. The other day - တစ်နေ့က
14. halfday - နေ့တ၀က်
15. whole day - တစ်နေ့လုံး ( တစ်နေကုန် )
16. midnight - သန်းခေါင်
17. past midnight - သန်းခေါင်ကျော်
18. night - ည
19. tonight - ယနေ့ည
20. last night - မနေ့ညက
21. tomorrow night - မနက်ဖြန်ည
22. nightly - ညစဉ်ညတိုင်း
23. whole night - တစ်ညလုံး
24. morning - မနက်ပိုင်း
25. noon - မွန်းတည့်
26. afternoon - နေ့လယ်ပိုင်း ( မွန်းတည့်ပြီးနောက် )
27. evening - ညနေပိုင်း
28. every morning - မနက်တိုင်း
29. every afternoon - နေ့လယ်တိုင်း
30. every evening - ညနေတိုင်း
31. year - နှစ်
32. this year - ဒီနှစ်
33. next year - နောက်တစ်နှစ်
34. last year - မနှစ်က
35. The year before last - တမြန်နှစ်
36. next day - နောက်တစ်နေ့
37. formerly - ရှေးအခါက
38. previous night - လွန်ခဲ့သောညက
39. previous day - လွန်ခဲ့သောနေ့
40. second - စက္ကန့်
41. minute - မိနစ်
42. one hour - တစ်နာရီ
43. hour - နာရီကြာချိန်ကိုပြောရန်
44. half hour - နာရီ၀က်
45. quarter past hour - နာရီတစ်မတ်
46. quarter to hour - နာရီမတ်တင်း
47. one O'Clock - နာရီပြန်တစ်ချက်
48. two O'Clock - နာရီပြန်နှစ်ချက်
49. sunrise - နေထွက်
50. sunset - နေ၀င်
51. afterwards -နောက်၌
52. two hours - နှစ်နာရီ
53. fornightly - နှစ်ပတ်ကြာတိုင်း
54. last month - ပြီးခဲ့သောလက
55. often - မကြာမကြာ
56. again and again - ထပ်ကာထပ်ကာ
57. seldom - တခါတေလ
58. sometimes - တစ်ရံတစ်ခါ
59. then - ထို့နောက်
60. ever -အစဉ်အမြဲ
61. before - အရင်က
62. dawn - အာရုဏ်ဦး
63. formerly - ရှေးအခါက


03/04/2024

Take (sth) amiss [IDM]
တလွဲယူဆသည်။တလွဲထင်သည်။
Would she take it amiss if I offered to help ?

02/04/2024

Nothing succeeds like success [IDM]
အောင်မြင်မှုတစ်ခုသည် အခြားအောင်မြင်မှုတစ်ခုကိုဆက်လက်ဖြစ်ပေါ်စေသည်။

၃၈ ဖြာ မင်္ဂလာ ကဗျာများ၁။ အသေဝနာစလူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ။ပညာရှိကို အရှည်တွဲလို့။ မှီဝဲဆည...
01/04/2024

၃၈ ဖြာ မင်္ဂလာ ကဗျာများ

၁။ အသေဝနာစ
လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့။ မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့် ၊ ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး ၊ မြော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။

၂။ ပတိရူပ
ကုသိုလ်ပညာ ဥစ္စာရဖို့၊ သင့်ရာဒေသ အမြဲနေ။
ရှေးကတင်ကြို ပြုခဲ့ဖူးသည့် ၊ ကောင်းမှုအထူး ရှိပါစေ။
မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့၊ မတိမ်းစေနဲ့ဆောက်တည်လေ။
ဥစ္စာကိုပေး နေထိုင်ရေး၊ မြော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။

၃။ ဗာဟုဿစ္စဉ္စ
တတ်ကောင်းတတ်ရာ ဟူသမျှကို ၊ ကြားမြင်သုတ ရှိပါစေ။
အိုးအိမ်တည်ထောင် ဝမ်းစာရေးနဲ့၊ အသက်မွေးဖို့ အတတ်သင်လေ။
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ၊ ကောင်းစွာသင်ကြားနားလည်စေ။
မှန်ကန်ယဉ်ကျေး ချိုသာအေး၊ ဆိုရေးတတ်ပါစေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။

၄။ မာတာပိတု
မြင်းမိုရ်ရွှေတောင် မိဘကြွေးကို၊ ကောင်းစွာဆပ်ပေး ဝတ်ကျေကျေ။
ကြွေးသစ်ချကာ သားနှင့်မယား ၊ မြှောက်စားချီးမြှင့် ဝတ်ကုန်စေ။
အလုပ်တာဝန် မလစ်ဟင်းနဲ့၊ အပြစ်ကင်းအောင် လုပ်ပါလေ။
စည်းစိမ်ကိုပေး ပြုစုရေး ၊ မြော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။

၅။ ဒါနဉ္စ
သုံးတန်စေတနာ ဖြူစင်လန်းလို့၊ ပေးကမ်းဝေမျှ လှူနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊ သုစရိုက်တရားကို ကျင့်ပါလေ။
ဆွေမျိုးတွေကို ပြင်ပမထားနဲ့၊ သင်္ဂဟတရားနှင့် ချီးမြှောက်လေ။
သန့်စင်ပြစ်မျိုး လူထုကျိုး၊ သယ်ပိုးဆောင်ရွက်စေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။

၆။ အာရတီ ဝိရတီ
မကောင်းမှုတွေ ဟူသမျှကို ၊ မတွေ့ခင်က ရှောင်ကြဉ်လေ။
တွေ့ကြုံလာလျှင် မလွန်ကျူးနဲ့၊ အထူးသဖြင့် စောင့်စည်းနေ။
အရက်သေစာ မသောက်စားနဲ့၊ မှောက်မှားတတ်တဲ့ အရာပေ။
လုပ်ကိုင်ပြောကြား သတိထား ၊ တရားမမေ့စေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။

၇။ ဂါရဝေါစ
အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက ၊ ဆည်းကပ်ခစား ရိုသေလေ။
မာနတံခွန် ဂုဏ်မကြွနဲ့၊ ကိုယ့်ကိုနှိမ့်ချ အမြဲနေ။
လောဘအပို လိုမလိုက်နဲ့၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ။
ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး ၊ အထူးသိတတ်စေ။
ကောင်းကျိုးဆင့်ပွား မြတ်တရား ၊ နာကြားမပြတ်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။

၈။ ခန္တီစ
ဝတ်စားနေထိုင် ရန်ခပ်သိမ်း၊ စိတ်ကိုချုပ်ထိန်း သည်းခံလေ။
ကျိုးကြောင်းပြညွှန် ဆုံးမစကား၊ ပြောကြားလာက နာလွယ်စေ။
သူမြတ်ပုဂ္ဂိုလ် ဟူသမျှ ၊ မကြာခဏ တွေ့ဆုံလေ။
သဘာဝတွေး မှန်ကန်ရေး၊ ဆွေးနွေးမပြတ်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။

၉။ တပေါစ
လောကီအာရုံ ဇိမ်ယစ်မူးလို့၊ အပျော်မကြူးနဲ့ ခြိုးခြံလေ။
မေတ္တာဗြဟ္မစိုရ် လက်ကိုင်သုံးလို့၊ သူမြတ်ကျင့်ထုံး ယွင်းမသွေ။
လေးပါးသစ္စာ ဉာဏ်မြင်ကြည့်လို့၊ အမှန်သိအောင် ကြိုးစားလေ။
ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချဉ်း ၊ အလင်းပေါက်နိုင်စေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။

၁၀။ ဖုဋ္ဌဿ
ဆင်းရဲချမ်းသာ သဘာဝ၊ တွေ့ကြုံနေကြ လူတိုင်းပေ။
ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊ တလဲစီလှည့် အမြဲနေ။
လောကဓံကြုံ မဖြုံတမ်းပေါ့ ၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။
သောကကိုထိန်း ၊ ရမ္မက်သိမ်း၊ အေးငြိမ်းချမ်းသာနေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။

ပြန်လည်မျှဝေပါသည်

အတွေ့အကြုံက စျေးကြီးတယ်"""""""""""""""""""""""""""""""""""""""""""ဧရာမသင်္ဘောကြီး၏ အင်ဂျင်ပျက်သွားသည်။မည်သူမျှ မပြုပြင်န...
31/03/2024

အတွေ့အကြုံက စျေးကြီးတယ်
"""""""""""""""""""""""""""""""""""""""""""

ဧရာမသင်္ဘောကြီး၏ အင်ဂျင်ပျက်သွားသည်။
မည်သူမျှ မပြုပြင်နိုင်ကြ။
ထို့ကြောင့် အတွေ့အကြုံ နှစ် ၄၀ ကျော်ရှိသော
စက်ပြင်အင်ဂျင်နီယာထံ ပို့လိုက်ကြလေသည်။

စက်ပြင်ဆရာက အင်ဂျင်ကို အပေါ်ကနေ အောက်အထိ
သေသေချာချာစစ်ဆေးသည်။

အားလုံးကိုစစ်ပြီးနောက် အင်ဂျင်နီယာသည် အိတ်ထဲမှ
တူလေးတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။

အင်ဂျင်စက် တစ်နေရာ ကို ညင်သာစွာ ခေါက်လိုက်သည်။
မကြာခင်မှာ အင်ဂျင်ပြန်အသက်ဝင်လာသည်။
အားလုံးကောင်းသွားလေပြီ။

အင်ဂျင်နီယာက ဧရာမသင်္ဘောကြီးကို ပြုပြင်ရန်
စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ 10,000 - တစ်သောင်း
ဖြစ်ကြောင်း ပိုင်ရှင်ကို ပြောကြားခဲ့ပါသည်။

"ဘယ်လို.....?" ဟု ပိုင်ရှင်က မကျေမနပ် နှင့် မေးသည်။

"မင်း ဘာမှ ပြင်ရတာလဲမဟုတ်ဘူး ငါ့ကို အသေးစိတ်
ဘေလ်ရေးပေးပါ။"

စက်ပြင်ဆရာက
ဘေလ်ထဲမှာ ဤကဲ့သို့ ရေးလိုက်ပါတယ်..

- တူဖြင့် ခေါက်ခက- $2 နှစ်ဒေါ်လာ။
ဘယ်နေရာကိုခေါက်ရမယ် နှင့် ဘယ်နှစ်ချက် ခေါက်ရမယ်ဆိုတာ
အတွက် ပညာကြေးက - $9,998
( ကိုးထောင်ကိုးရာကိုးဆယ့်ရှစ်ဒေါ်လာ ) ဟူ၍ဖြစ်သည်။

သတိပြုစရာ.....

တစ်ခါတလေမှာ -
"လွယ်လွယ်လေး " နဲ့ "ဒါလေးပဲဟာ" ဆိုတဲ့ စကားလုံးတွေကို
ဘေးဖယ်ထားသင့်ပါတယ်။
ပညာရှင်တယောက်ဟာ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုရရန်
အများကြီး ကြိုးစားခဲ့ရပါတယ်။

(အလုပ်တစ်ခုကို မိနစ် 30 နှင့် ပြီးလျှင်၊ ဤကဲ့သို့ မိနစ် 30 နဲ့
ပြီးသွားအောင် 10 နှစ်လောက် အချိန်ပေး လေ့လာ
သင်ယူခဲ့ရခြင်းဖြစ်သည်။
ဒါကြောင့်ပေးရတဲ့လုပ်ခဟာ ဆယ်နှစ် လောက်လေ့လာခဲ့ရတဲ့
ပညာကြေးပါ။မိနစ် 30 ရဲ့ ကြာချိန် အတွက်မဟုတ်ပါဘူး။ )

ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံက စျေးကြီးပါတယ်။

ကံမကောင်းစွာပဲ၊ ကျွန်တော်တို့ဟာ အခုချိန်ထိ လူတယောက်ရဲ့
လုပ်အားခကို ကြာချိန်နဲ့ တွက်ဆနေကြတုန်းပါပဲ။


"စာဖတ်သူ နှင့် စာမဖတ်သူ"==================စာပေဗဟုသုတရှိသူသည် စာပေဗဟုသုတမရှိသူထက် အမြဲတမ်း ခေါင်းတစ်လုံးမြင့်နေတယ်။...အနေ...
31/03/2024

"စာဖတ်သူ နှင့် စာမဖတ်သူ"
==================
စာပေဗဟုသုတရှိသူသည် စာပေဗဟုသုတမရှိသူထက် အမြဲတမ်း ခေါင်းတစ်လုံးမြင့်နေတယ်။...
အနောက်တိုင်းသားများက အရှေ့တိုင်းသားများထက် နေရာတိုင်းတွင် သာနေခြင်းမှာ စာဖတ်ခြင်းကြောင့်ပင်ဖြစ်သည်။...

အင်္ဂလန်၌ ရပ်ကွက်တစ်ခုဖော်တိုင်း မဖြစ်မနေပါရသောအရာမှာ "စာကြည်တိုက်"ပင်ဖြစ်သည်။...
ရပ်ကွက်စာကြည်တိုက်ပင်ဖြစ်သော်လည်း ထိုစာကြည်တိုက်တွင် ကမ္ဘာ့ဂန္ထဝင်စာအုပ်အားလုံး ရှိနေရသည်။...

ထိုစာပေဗဟုသုတအားကြောင့်လည်း ကျွန်းနိုင်ငံလေး တစ်ခုသာဖြစ်သော အင်္ဂလန်သည် တစ်ကမ္ဘာလုံးနီးပါးကို အုပ်ချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။..

(မေတ္တာရှင်...ရွှေပြည်သာ)...

စာဖတ်ခြင်းက သင့်ကို ဘယ်လိုထူးခြားတဲ့စွမ်းအင်တွေ ပေးနိုင်တယ်လို့ထင်ပါသလဲ

စာဖတ်ခြင်းက ဗဟုသုတတိုးပွားဖို့အတွက်ပဲလို့ ထင်နေကြပါတယ်။ တကယ်တော့ စာဖတ်ခြင်းကနေ ဗဟုသုတ
တိုးပွားရုံသာမက သင်မသိသေးတဲ့ အခြားကောင်းမွန်တဲ့ရလဒ်တွေ အများကြီး ရှိပါသေးတယ်။ ဒါကြောင့် အားလပ်ချိန်တွေမှာ စာအုပ်
လေးတွေ ဖတ်ပေးပါ။


၁. ဦးနှောက်ကို ပိုမိုလှုံ့ဆော်ပေးနိုင်
တယ်။

စာဖတ်ခြင်းဟာ သင့်ရဲ့ဦးနှောက်ကို အ
လုပ်လုပ်စေပါတယ်။ ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့ တခြားကြွက်သားတွေလိုပဲ သင့်
လေ့ကျင့်ခန်းလုပ်လေ သင်ရဲ့ကြွက်သား
တွေ ကြီးထွားလာလေ ဖြစ်ပါတယ်။

၂. စာဖတ်ခြင်းက အာရုံစူးစိုက်မှုအား
ကောင်းစေပါတယ်။

ဘ၀မှာ တစ်ခုခုကို အောင်မြင်ချင်တယ်ဆိုရင် အာရုံစူးစိုက်မှုရှိနေဖို့က အရမ်းအရေးကြီးပါတယ်။
သင်ဟာ စာအုပ်တစ်အုပ်ကိုဖတ်နေတဲ့အခါမှာ

စာရွက်ပေါ်က စာလုံးတွေတိုင်းအပေါ်ကို
အာရုံစူးစိုက်ထားပြီး ဇာတ်လမ်းထဲမှာ
မျောပါနေပါတယ်။
စာဖတ်ခြင်းဟာ သင့်ရဲ့ အာရုံစူးစိုက်မူအကျင့်ကို
အလွယ်တကူ ပြုစုပျိုးထောင်ပေးနိုင်ပါတယ်။

၃. ဗဟုသုတများစွာ ကြွယ်ဝစေတယ်။

စာအုပ်ဖတ်ခြင်းဟာ ဗဟုသုတကြွယ်ဝစေပြီး
အတွေးအခေါ် မြင့်တက်လာစေနိုင်ပါတယ်။
စာအုပ်လေး ဘယ်လောက်ပါးပါစေ
သင် တစ်ချိန်ချိန်မှာ ပြန်လည် အသုံးပြုရမယ့်
အသိပညာတွေပါ၀င်ပြီး သင် စာများများ ဖတ်နိုင်လေ သင့်အတွက် ပိုအကျိုးများလေ ဖြစ်ပါတယ်။

၄. စိတ်ဖိစီးမှုလျော့ကျစေတယ်။

စာအုပ်ကောင်းကောင်း၊ ၀တ္ထုကောင်း
ကောင်းတစ်အုပ်ဟာ သင့်ကို တခြားကမ္ဘာတစ်ခုဆီ ဆွဲခေါ်သွားနိုင်ပြီး သင့်လက်ရှိဘ၀ရဲ့ စိတ်ဖိစီးမှုတွေကို ကုသဖို့အတွက် အကောင်းဆုံး နည်းလမ်း တစ်ခုဖြစ်ပါတယ်။

၅. စာဖတ်ခြင်းက နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်စေနိုင်ပါတယ်။

စာအုပ်တစ်အုပ်ကိုင်လိုက်တာနဲ့ အိပ်ပျော်သွားတဲ့သူတွေ များစွာ ရှိတတ်ပါတယ်။ စာဖတ်တဲ့ အလေ့အကျင့်မရှိသေးကြလို့ ဖြစ်ပါတယ်။
ဒါပေမယ့် သင်ဟာ အိပ်ယာမ၀င်ခင် စာအုပ်ကို
နည်းနည်းပဲဖြစ်ဖြစ်
ဖတ်တတ်တဲ့အကျင့်ရှိမယ်ဆိုရင် သင့်အိပ်စက်ချိန်မှာ ပိုပြီး နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နိုင်မှာ ဖြစ်ပါတယ်။

၆. လူတွေကို ပိုပြီး နားလည်ပေးနိုင်လာ
မယ်။

တခြားလူတွေရဲ့အတွေ့အကြုံတွေ၊ အ
ခက်အခဲတွေကို ဖတ်ရှုခြင်းဟာ ဘ၀မှာ တခြားလူတွေရဲ့ အခက်အခဲတွေကို ပိုမိုသိလာပြီး လူတွေကို ပိုမိုနားလည်တတ်လာပါတယ်။ လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး ဝေဖန်ဖို့က လွယ်ပါတယ်။ သို့ပေမယ့် သင်ဟာ စာအုပ်တွေထဲကနေ လူအများရဲ့ အတွေ့အကြုံမျိုးစုံကို ဖတ်ထားမယ်ဆိုရင် လူအမျိုးမျိုးကို ပိုပြီး နားလည်ပေးတတ်နိုင်လာပါတယ်

မည်သည့်ကျောင်းဆရာမှ တပည့်များအား
တစ်သက်လုံး သုံးမကုန်နိုင်လောက်သော
ပညာသုတကို ပေးလိုက်နိုင်သည်မဟုတ်။
ကျောင်းသား၏ နှလုံးသားကို ပညာမွတ်သိပ်လာအောင် လုပ်နိုင်သူပင်လျှင် အတော်ဆုံးဆရာဖြစ်သည်ဟု ဆာရစ်ချယ်လစ်ဗင်းစတုန်း ဆိုသော
ပုဂ္ဂိုလ်ကြီးကပညာရေးသြဝါဒစကား ဆိုခဲ့ဖူးပါသည်။

ထိုနောက်တစ်ဖန်
လူငယ်တို့၏ဘဝကို ပညာနှင့် ကိုယ်ကျင့်တရားကောင်းမွန်စေရန် စိတ်အားထက်သန်လေ့ရှိသော
ဆရာကြီးဦးအောင်သင်း၏ အမှာစကားက
ဘယ်သူတွေ ဘာပြောနေနေ
မင်းကိုမင်းချစ်ရင်
ပညာသင်ပါ၊စာဖတ်ပါ
မိဘကိုချစ်ရင် ပညာသင်ပါ၊စာဖတ်ပါ
တိုင်းပြည်နဲ့လူမျိုးကိုချစ်ရင်
ပညာသင်ပါ ၊ စာဖတ်ပါ ။

ပညာဆိုတာဘာလဲ။
မေးရင် မသိဘူး။ မမေးရင် သိတယ်။
ပညာသင်တယ်ဆိုတာ အတွေးအကြံနဲ့
အတွေ့အကြုံကို လက်ဆင့်ကမ်းခြင်းဖြစ်ပါတယ်။

ဘာကြောင့် စာဖတ်သင့်တာလဲ။
စာအုပ်ဆိုတာ ဝင့်ခွင့်ဖြေစရာမလိုတဲ့
တက္ကသိုလ် သို့မဟုတ် ကျောင်းတော်ကြီးဖြစ်နေလို့ပါဘဲ။
ဒါပေမယ့် ကျောင်းဆရာမရှိဘူး။ ဝင်ကြေးမပေးရဘူး။

ထို့နောက်တစ်ဖန်
လူမျိုးတစ်မျိုး၏ အခြေအနေ အဆင့်အတန်း
အနိမ့်အမြင့်ကို သိလိုပါလျှင်
ထိုလူမျိုးတို့ လေ့လာလိုက်စားသော
စာပေ၊ အနုပညာ၊ ဂီတတို့ကို ကြည့်မှ
သိနိုင်မည် ဟု မြဝတီမင်းကြီး ဦးစက မှတ်တမ်း
ပြုခဲ့တာကို ကြည့်မည်ဆိုလျှင်လည်း
စာအုပ် စာပေသည်ပင်လျှင် လူ့တန်ဖိုး
လူ့အဆင့်အတန်းကို ဖော်ပြနေပေသည်။

တကယ်တော့ စာဖတ်ခြင်းသည်
သစ်ပင်စိုက်ပျိုးခြင်းနှင့် တူ၏။
တဖြည်းဖြည်းချင်း လူသားဘဝကို ကောင်းကျိုးပေး
သောသဘောရှိ၏။
အချိန်ကြာလေ အကျိုးရှိလေဖြစ်၏။

စာအုပ်စာပေ လူ့မိတ်ဆွေ၊
အလိမ္မာ စာမှာရှိ၊
စာပေစကား နေ့တိုင်းကြားက ထူးခြားလိမ္မာရှိသည်သာ။
စတဲ့ ဆောင်ပုဒ်များသည် စာအုပ်စာပေကို
ဖတ်စေချင် မြတ်နိုးစေချင်သော
စာရေးဆရာကြီး ပညာရှိကြီးတို့၏
စေတနာ အမှာစကားများပင် ဖြစ်တော့သည်။

စာ ဘာကြောင့် သင်ရတာလဲ?
တကယ်တော့ စာသင်တာ စိတ်တတ်ဖို့ပါ
စာသာတတ်ပြီး စာမဖတ်ရင် စိတ်မတတ်တော့ပါ
စိတ်မတတ်ရင် ပညာတတ် လူပေါကြီးတွေဖြစ်သွားတတ်ပါတယ်။

မရှိတာလည်း ရှိအောင်လုပ်ရင် ရှိနိုင်ပါတယ်
မသိတာလည်း သိအောင်လုပ်ရင် သိနိုင်ပါတယ်
မလုပ်တာကတော့ ဘာမှမဖြစ်နိုင်တော့တာမို့
အခက်အခဲဆုံးလို့ ပြောပါတယ်။
ဒီလိုဆိုရင် စာဖတ်ပြီး သိသွားနိုင်ပါတယ်။
အသိနဲ့ အလုပ်လုပ်မည်ဆိုပါက သေချာပေါက်
ရှိလာမှာပါ။
ဘဝမှာ ကိုယ်ဘာသိချင်သလဲ စာဖတ်ပါ။
ဘဝမှာ ကိုယ်ဘာရှိချင်သလဲ စာဖတ်ပါ။
ဘဝမှာ ကိုယ်ဘာလုပ်ချင်သလဲ စာဖတ်ပါ။

စာဖတ်ခြင်းဟာ မင်းကို ဗဟုသုတနဲ့ပြည်ဝတဲ့သူတစ်ယောက်ဖြစ်စေတယ်။
ဥာဏ်ကောင်းသူတစ်ယောက်ပေါ့။
မင်းဥာဏ်ကောင်းချင်ရင် စာများများဖတ်ပါ။

စာရေးခြင်းဟာ မင်းကို တိကျသေချာတဲ့သူတစ်ယောက် ဖြစ်စေပါတယ်။
နှုတ်တစ်ရာ စာတစ်လုံးဆိုတဲ့
စကားပုံကို မင်းကြားဖူးမှာပါ။

တွေးတော့ကြံဆခြင်းကတော့ မင်းကိုပြီးပြည့်စုံတဲ့
သူတစ်ယောက်ဖြစ်စေပါတယ်။ လိုလျှင်ကြံဆ နည်းလမ်းရဆိုသလိုပေါ့။

တွေးတတ်ဖိုဆိုတာကလည်း မင်း စာများများ
ဖတ်မှ တွေးတတ်မယ်ဆိုတာ မင်းငြင်းချင်သေးလား။

နောက်ဆုံးပြောချင်တာကတော့
မိမိကိုယ်ကိုယ်ချစ်ရင် ကောင်းကောင်းစာဖတ်ပါ။
မင်းကိုယ်မင်း မချစ်ရင်တော့ စာမဖတ်ဘဲ နေချင်သလိုသာ နေလိုက်တော့။

စာမဖတ်ခြင်းက မင်းဘဝကို နိမ့်ကျစေမှာဖြစ်ပြီး
စာဖတ်ခြင်းကတော့ မင်းဘဝကိုတောက်ပစေမှာဖြစ်ပါတယ်
..........
မေတ္တာဖြင့် YLH

Mandalayမြို့လက်ရှိအခြေအနေ🤓🤓🤓
06/12/2023

Mandalayမြို့လက်ရှိအခြေအနေ🤓🤓🤓

02/09/2023

(IDM) အသုံးလေးတခု
Wonders will never cease.(ကျားသားမိုးကြိုး)
''I've washed the car for you''.''Wonders will never cease!''.

28/08/2023

ကိုယ်ကမင်းလက်ကလေး ကိုင်ခွင့်ရတဲ့အခါ
ကမ္ဘာတစ်ခြမ်းကို ကိုယ်ကပိုင်ပြီး

မင်းကကိုယ့်လက်ကို မဖြုတ်ချရင်တော့
ကမ္ဘာကြီးတစ်ခုလုံးကို မင်းကပိုင်လိမ့်မယ်

မောင်ဆောင်းခ

27/08/2023

You can't tell a book by its cover.
စာအုပ်တစ်အုပ်ရဲ့ ကောင်းခြင်းမကောင်းခြင်းကို အဖုံးကြည့်ပြီးဆုံးဖြတ်လို့မရပါဘူး။
လူတွေကိုလည်းအပေါ်ယံ ကြည့်ပြီးဆုံးဖြတ်လို့မရပါဘူး။

Address

58B, Bet 103 & 104
Mandalay

Alerts

Be the first to know and let us send you an email when Yan Lin Htet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share