𝐇𝐀𝐑𝐔𝐊𝐀

𝐇𝐀𝐑𝐔𝐊𝐀 Buttery

08/03/2023

ယနေ့ရွှေဈေး
အခေါက် - 2826000 ကျပ်
ဈေးအနည်းငယ်ကျ

07/03/2023

ယခုမြန်မာ့ရွှေဈေး
အခေါက် - 2,843,000 ကျပ်

လူတစ်ယောက်က မီးတောက်ထဲမှာမြွေတစ်ကောင်ကို မြင်ပြီး မီးထဲမှ လွတ်မြောက်ရန်ကယ်ဖို့ ဆုံးဖြတ်လိုက်တယ်၊ မြွေက ဖမ်းလိုက်တာနဲ့ ကိ...
26/08/2022

လူတစ်ယောက်က မီးတောက်ထဲမှာ
မြွေတစ်ကောင်ကို မြင်ပြီး မီးထဲမှ လွတ်မြောက်ရန်
ကယ်ဖို့ ဆုံးဖြတ်လိုက်တယ်၊
မြွေက ဖမ်းလိုက်တာနဲ့ ကိုက်တယ်၊
မြွေဆိပ်ကြောင့် အဲဒီလူကို
မချိမဆံ့ နာကျင်စေတယ်။
အဲ့လူက မြွေကို ချက်ချင်းပစ်လွှတ်လိုက်ရာ
မြွေကတောက်လောင်နေသော
မီးလျှံထဲသို့ ပြန်ကျသွားတယ်၊
အဲဒီအချိန်မှာ ဘေးလှည့်ပတ်ကြည့်ရာ
သတ္တုချောင်းတစ်ချောင်းကို တွေ့ရှိပြီး
မြွေကို မီးဘေးမှ ကယ်တင်ရန် တုတ်ကို
အသုံးပြုခဲ့သည်။

ဒီအဖြစ်အပျက်ကို စောင့်ကြည့်နေတဲ့
အခြားသူတစ်ဦးက အဲဒီလူကို ချဉ်းကပ်ပြီး
မေးတယ်။
"ဒီမြွေက မင်းကိုကိုက်တယ်။
မင်းဘာလို့သူ့အသက်ကိုကယ်ဖို့ကြိုးစားနေတာလဲ"

ပထမလူက "မြွေရဲ့သဘောသဘာဝက ကိုက်ရတာ၊ ဒါပေမယ့် ငါ့သဘောသဘာဝက မပြောင်းလဲဘူး၊ ငါ့သဘောက ကူညီတတ်တယ်" လို့ ပြန်ဖြေတယ်။

တစ်စုံတစ်ယောက်၏ ဆိုးရွားသောသဘောကြောင့်
သင့်အပြုအမူကို မပြောင်းလဲပါနှင့်။
စိတ်၏ဖြူစင်မှုကို မဆုံးရှုံးပါစေနှင့်။
သတိဖြင့် အလုပ်လုပ်ရန် လေ့လာပါ။! ❤
...

အသက် ၆၂ နှစ်အရွယ် မာ့ခ်ဘရိုင်ယန်ဟာ အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး အလုပ်သွားဖို့ ဒေါက်ဖိနပ်ပါတဲ့ စကတ်တွေကို ဝတ်ဆင်တယ်တဲ့။သူက...
29/07/2022

အသက် ၆၂ နှစ်အရွယ် မာ့ခ်ဘရိုင်ယန်ဟာ အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး
အလုပ်သွားဖို့ ဒေါက်ဖိနပ်ပါတဲ့ စကတ်တွေကို ဝတ်ဆင်တယ်တဲ့။

သူက ဂျာမနီမှာနေတယ်၊ အမေရိကန်မှာမွေးပြီး လုံး၀ဖြောင့်တယ်လို့ပြောတယ်၊
သူက အိမ်ထောင်ကျပြီး သမီးတစ်ယောက်ရှိတယ်။

"ငါဘာဝတ်ဝတ် ငါဘယ်သူလဲဆိုတာ မပြောင်းလဲဘူး" လို့ သူ့ရဲ့ လူမှုကွန်ယက်မှာ ဖော်ပြပါတယ်။

ဒါလေးကိုဖတ်ပြီး အရမ်းသဘောကျမိတယ်။
ကိုယ်တိုင်လဲ သူများပြောခံရမှာကြောက်တတ်သူ၊ သူများတစ်ခုခုပြောရင် ကိုယ်ဘယ်လောက်
ကြိုက်ကြိုက် အဝတ်အစားတစ်ခုကို ထပ်ဝတ်ဖို့ သတ္တိနည်းသူ။
ကျွန်တော်တွေးမိတယ်
ကျွန်တော်တို့တွေက ကိုယ့်အတွက်ကိုယ်ရှင်သန်တာလား ဒါမှမဟုတ် သူများပါးစပ်က စကားတွေ၊
ဝေဖန်မှုတွေအတွက် ရှင်သန်တာလားလို့
အဝတ်အစားက လူတစ်ယောက်ရဲ့စိတ်နေစိတ်ထား၊ အရည်အချင်းကို မပြောင်းလဲနိုင်ပါဘူး။
သဘောကျတယ်၊ သူ့စိတ်ကို။
✊ Respect ပါ


19/07/2022

July 19 # #

စိတ်မြန်လက်မြန် လွှတ်ခနဲ ပြောတတ်တဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ရန်ဒေါသ ပါးနိုင်သမျှ ပါးအောင်နေပါအဲ့ဒီဒေါသက သင့်ကိုသာ နာကျင်...
15/07/2022

စိတ်မြန်လက်မြန် လွှတ်ခနဲ ပြောတတ်တဲ့
ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ရန်

ဒေါသ ပါးနိုင်သမျှ ပါးအောင်နေပါ
အဲ့ဒီဒေါသက သင့်ကိုသာ နာကျင်စေပါတယ်
တကယ်လက်တွေ့ကျကျစဉ်းစားကြည့်ရင်....
ဒေါသဖြစ်လာတဲ့အခါ အဲဒီဒေါသရဲ့ဆိုးကျိုးကိုဦးစွာခံစားရတာကကိုယ်အရင်ပါပဲ...
ပြီးမှ သူများတွေဆီ ကူးစက်တာပါ။

ဒေါသဟာကြောက်စရာကောင်းပါတယ်....
သူငယ်ချင်းကြားမှာရှိတဲ့
ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာတရားတွေ...
မိသားစုကြားမှာရှိတဲ့ ဖြူစင်တဲ့ နှောင်ဖွဲ့မှုသံယောဇဉ်တွေ...
ချစ်သူခင်သူတွေကြားက
သံယောဇဉ်တရားတွေ...
ကိုယ့်ပတ်ဝန်းကျင်က
လူတွေနဲ့ ကောင်းတဲ့ဆက်ဆံရေးတွေ...
ဆရာတပည့်ကြားမှာရှိတဲ့
ချစ်ခြင်းမေတ္တာတရားတွေစတဲ့...
လူသားတွေရဲ့ကောင်းတဲ့အရည်အသွေး၊ တန်ဖိုးတွေကိုဖျက်ဆီးပစ်တာဟာဒေါသပါ။

ဒေါသကြောင့်.......
သူငယ်ချင်းကောင်းတွေ ဆုံးရှုံးသွားနိုင်တယ်။
မိတ်ဆွေကောင်းတွေ ဆုံးရှုံးသွားနိုင်တယ်။
ချစ်သူ ခင်သူအချင်းချင်း
ဆက်ဆံရေးကောင်းတွေ ဆုံးရှုံးသွားနိုင်တယ်။
ဆရာကောင်းတွေ ဆုံးရှုံးသွားနိုင်တယ်။
ချစ်ခြင်းမေတ္တာတွေ ဆုံးရှုံးသွားနိုင်တယ်။
အရာအားလုံးကို ဆုံးရှုံးသွားနိုင်တယ်။

အထူးသဖြင့် သင့်ရဲ့ဖြူစင်နေတဲ့စိတ်ကို
တောင် ဆုံးရှုံးသွားနိုင်တယ်။
ဒါကြောင့်....
ဒေါသကိုအနိုင်ယူနိုင်အောင်ကြိုးစားပါ
ဒေါသကြောင့်သင့်မှာရှိတဲ့
ကောင်းတဲ့စိတ်အရည်အသွေးတွေ၊ တန်ဖိုးတွေ၊
သိက္ခာတွေ၊ မိတ်ဆွေကောင်းတွေ၊
သူငယ်ချင်းကောင်းတွေ၊ ဆရာကောင်းတွေ၊
ချစ်သူခင်သူတွေ၊
မိသားစုကောင်းတွေ၊ ချစ်ခြင်းမေတ္တာတရားတွေကို..
ဆုံးရှုံးမခံပါနဲ့။

တကယ်တော့ ဘဝဆိုတာဟာ မမြဲတဲ့အတွက်ဒေါသနဲ့အသက်ရှင်နေရတာဟာ မတန်ပါဘူး။
ဒေါသဖြစ်လာရင် ငါ့မှာရှိတဲ့ ကောင်းတာတွေအားလုံးကို ဆုံးရှုံးသွားနိုင်တယ်လို့ " သတိရ " ပါ
crd

စီးပွားရေးမှာ သိပ်အားကျရတဲ့သူတယောက်ရှိတယ်သူပြောဖူးတဲ့ စကားတစ်ခုလူတယောက်က တစ်လဝင်ငွေ ၁သိန်းရတယ် ဆိုပါတော့တစ်လ ကို ၅သောင်း...
23/06/2022

စီးပွားရေးမှာ သိပ်အားကျရတဲ့သူတယောက်ရှိတယ်
သူပြောဖူးတဲ့ စကားတစ်ခု

လူတယောက်က တစ်လဝင်ငွေ ၁သိန်းရတယ်
ဆိုပါတော့
တစ်လ ကို ၅သောင်းသုံးတယ်

သူ တစ်လ ဝင်ငွေ ၅သောင်းပဲရတော့တဲ့အခါ
ဘာလုပ်မလဲတဲ့

ကိုယ် ထင်ခဲ့တာ
အသုံးစရိတ်ကို တဝက်လျှော့သုံးမယ်ပေါ့

သူ ရယ်တယ်
အဲ့လိုတွေးရင် သူဌေးမဖြစ်တော့ဘူး

တစ်လကို ၅သောင်း အသုံးစားရိတ်ရှိနေရင်
ငါအမြဲ ဒီလိုသုံးနိုင်အောင် ဘယ်လိုရှာရမလဲ
တွေးရတယ်
လျှော့သုံးဖို့ထက် တိုးရှာနိုင်အောင် လုပ်လေတဲ့

စောစောကပြောတော့ ဝင်ငွေက
တဝက်ကျသွားတာဆိုလို့ ပြန်မေးတော့
သူ ထပ်ရယ်တယ်

ဒီစီးပွားက ငွေဝင်နည်းရင်
အခြားတစ်ခုကိုရအောင်ကြံပေါ့
အချိန်တိုင်း ကြံစည်နေရမှာပဲလေ

လူဆိုတာ မွေးစကနေ သေသည်အထိ
ပြေးလမ်းပေါ်မှာ ပြေးနေသလိုပဲ
ပူလောင်လိုက်တာ မညည်းနဲ့
အေးချမ်းချင် တရားရိပ်ခိုလိုက်တဲ့

အဲ့ဒီလူဟာ အသက် ၂၃ နှစ်မှာ
စက်လှေအစီး ၈၀ ပိုင်တဲ့ Company ရဲ့
Director ဖြစ်နေပြီ

သူငယ်ငယ်က သူ့မိသားစုက
စက်လှေ ၁ စီးထဲနဲ့ ငါးဖမ်းလုပ်ငန်းလုပ်ခဲ့သူတွေ
သူ့ဘဝမှာ ရုပ်ရှင်ရုံလဲ မသိဘူး
ပန်းခြံလဲ မသိဘူး
အချစ်ကိုလဲ ဦးစားမပေးခဲ့ဘူး
အလုပ်ချိန် ချစ်သူကို သတိရမိရင်တောင်
မင်းကြောင့် ငါ အာရုံစိုက်မရဖြစ်တယ်ကွ ဆိုပြီး
လှမ်းဆဲတတ်တဲ့သူမျိုးး

သူ့မှာ...
လူငယ်ဘဝလဲ ဆုံးရှုံးတယ်
ပျော်စရာဆိုတာ မရှိသလောက်ပဲ

ဒီလို နေရတာ ပျော်ရဲ့လား?
ဘဝက ဘာအဓိပ္ပါယ်ရှိမလဲ ကိုယ်မေးတော့

အနည်းဆုံးတော့ ကိုယ့်ညီတွေကို နိုင်ငံခြားမှာ ကျောင်းထားနိုင်တယ်
ဆင်းရဲသူတွေကို ပေးနိုင်လှူနိုင်တယ်
မကျန်းမာတဲ့အခါ ကုနိုင်တယ်
ဆွေမျိုးတွေကို ထောက်ပံ့နိုင်တယ်
တစ်နေ့ သားသမီးရှိလာရင် ပြည့်စုံမှုပေးနိုင်တယ်လေ
ငွေမရှိပဲ ငယ်ဘဝကိုပေါ့ပေါ့ပါးပါး ပျော်နေခဲ့မယ်ဆို
အတ္တကြီးရာ ကျတာပေါ့တဲ့

ဘဝမှာ တခုပဲရမယ်
အောင်မြင်မှုလားး အေးချမ်းမှုလားး
နှစ်ခုလုံးလိုချင်လို့တော့ မရဘူး
ကြာလာလေ သဘောပေါက်လာလေပဲ

ထမင်းကြမ်းကို ယပ်ခပ်စားရတာ
ပြဿနာမဟုတ်ပေမယ့်
ကိုယ်ချစ်တဲ့သူတွေ မပြည့်မစုံဖြစ်တာ ထိုင်ကြည့်ရတဲ့အခါတော့ အတော့်ကို နာကျင်ရတယ်
သူများစားရင် ကျွေးချင်တယ်
သူများဝတ်ရင် ဆင်ချင်တယ်
သူများပေးရင် ကိုယ်လဲပေးချင်တယ်
ဒါဟာ လောဘ ဆိုရင်
ဟုတ်တယ် ကျနော် သိပ်လောဘကြီးတာပဲ

"တန်ဖိုး"******ဘရိတ်ဓားဟာ ထက်ပေမယ့်သစ်ပင် ကိုတော့ မပိုင်းဖြတ်နိုင်ဘူးပုဆိန်ဟာ လည်း ခိုင်ခံ့ ပေမယ့်ဆံပင် ကိုတော့ မရိတ် နိ...
22/06/2022

"တန်ဖိုး"
******

ဘရိတ်ဓားဟာ ထက်ပေမယ့်
သစ်ပင် ကိုတော့ မပိုင်းဖြတ်နိုင်ဘူး
ပုဆိန်ဟာ လည်း ခိုင်ခံ့ ပေမယ့်
ဆံပင် ကိုတော့ မရိတ် နိုင်ဘူး။

ဒီလိုပဲ
လူတိုင်းဟာ ပြိုင်ဘက်ကင်းတဲ့ သူတို့ရဲ့
ကိုယ်ပိုင်ရည်ရွယ်ချက်တွေနဲ့
ကိုယ်စီအရေးပါကြပါတယ်။

မည်သူ့ကိုမဆို
သူတို့စီးထားတဲ့ဖိနပ်တွေကို
ကြည့်ပီးတော့
အထင်အမြင်မသေးမိပါစေနဲ့။

လိုက်နာစောင့်ထိန်းပါအလာစကာပြည်နယ်ကို ရုရှားနိုင်ငံက ပိုင်ပါတယ်။အဲ့ဒီပြည်နယ်က မြန်မာနိုင်ငံထက် ကြီးပါတယ်။ဘေးမှာပင်လယ်ကြီး...
21/06/2022

လိုက်နာစောင့်ထိန်းပါ

အလာစကာပြည်နယ်ကို ရုရှားနိုင်ငံက ပိုင်ပါတယ်။အဲ့ဒီပြည်နယ်က မြန်မာနိုင်ငံထက် ကြီးပါတယ်။ဘေးမှာပင်လယ်ကြီးရံထားတဲ့ လူမရှိတဲ့ လူမနေတဲ့ကျွန်းကြီးမို့ ရုရှားက အမေရိကန်ကို ရောင်းလိုက်ပါတယ်။

သူရောင်းလိုက်တဲ့အချိန်တုန်းက အလာစကာဟာ ပြည်နယ်တစ်ခုလုံး ရေခဲပြင်တွေဖုံးလွှမ်းနေသလို ဘာအပင်မှမရှိ ဘာမှသုံးမရခဲ့ပါဘူး။

ဒါပေမဲ့ အမေရိကန်လက်ထဲလည်းရောက်ရော ရေခဲတွေအကုန် အရည်ပျော်ပြီး မြေကြီးတွေပေါ်လာသလို ထင်းရှူးပင်တွေ အပြည့်ပေါက်လာပါတယ်။

အဲ့ဒီထင်းရှူးပင်တွေကို ဂျပန်ကိုရောင်းပြီး အမေရိကန် တအားချမ်းသာသွားတယ်။

ဂျပန်က ထင်းရှူးသားကို ဆေးတစ်မျိုးနဲ့စပ်တဲ့အခါ သစ်မာဖြစ်သွားပြီး ပရိဘောဂအဖြစ်နဲ့ ကုန်ချောလုပ်လို့ ကမ္ဘာကို ဖြန့်ပါတယ်။

မြန်မာနိုင်ငံရဲ့ နာမည်ကြီး စာရေးဆရာ ဆရာအဏ္ဏဝါစိုးမိုး လိုက်ပါတာဝန်ထမ်းဆောင်တဲ့ သင်္ဘောက အဲ့ဒီ ထင်းရှူးတွေကို အပင်လိုက် ဂျပန်ကို တင်ပို့ရတာပါ။

သင်္ဘောပေါ် အပင်တွေတင်နေတုန်းမှာ ဆရာစိုးမိုးက ပင်လယ်ကမ်းစပ်နား လမ်းလျှောက်တဲ့အခါ အမေရိကန် လူမဲတစ်ယောက် ပင်လယ်ထဲကနေ ဂဏန်းကောင်တွေ ဖမ်းနေတာ တွေ့ရပါတယ်။အကောင်အကြီးကြီးတွေရှိသလို ဂဏန်းတွေလည်း တအားပေါပါတယ်။

အဲ့ဒီလူမဲက သူမိတဲ့ ဂဏန်းကောင်တွေကို မိတာနဲ့ တန်းဖြုတ်ပြီး ပလိုင်းနဲ့မထည့်ပါဘူး။သူ့အိတ်ထဲက ပေတံလေးနဲ့တိုင်းပြီး ၆လက်မပြည့်မှ ပလိုင်းထဲ
ထည့်ပါတယ်။

သူမိတဲ့ အကောင် ၃၀မှာ ၁ကောင်ပဲ ယူတာပါ။ဒါကို နားမလည်တဲ့ဆရာစိုးမိုးက ဘာလို့တစ်ကောင်ပဲယူရသလဲဆိုတဲ့ မေးခွန်းကို လူမဲက

''ငါတို့ပြည်နယ်မှာ ဂဏန်းကို ၆ လက်မ ပြည့်မှ ဖမ်းခွင့်ရှိတဲ့ ဥပဒေ ထုတ်ပြန်ထားတယ်''တဲ့။

တကယ့်ကို လေးစားအတုယူထိုက်ပါတယ်။

လူသူဝေးတဲ့ကျွန်းမှာ ၆ လက်မ မပြည့်တဲ့ဂဏန်းကို သူဖမ်းရင် ရပါရဲ့နဲ့ အစောင့်လည်း မရှိပါဘဲနဲ့ သူ့နိုင်ငံ သူ့ပြည်နယ်က ထုတ်ပြန်တဲ့စည်းကမ်းကို အတိအကျ လိုက်နာတာဟာ နိုင်ငံကြီးသားပီသတာပါ စိတ်ဓာတ်ကောင်းရှိတာပါ။

လူတိုင်းမှာ လိုက်နာစောင့်စည်းရမဲ့ လူမှု ကျင့်ဝတ်နဲ့ စည်းမျဉ်းစည်းကမ်းတွေရှိပါတယ်။

နိုင်ငံသားတစ်ဦးချင်းစီက ကိုယ်စီစောင့်စည်းရမဲ့ ကျင့်ဝတ်တွေနဲ့ သက်ဆိုင်ရာနေရာဌာနအသီးသီးက ချမှတ်ထားတဲ့ စည်းကမ်းတွေကို ....

ဒီလူမဲရဲ့ စိတ်ဓာတ်နှင့်တကွ အတုယူပြီး လိုက်နာစောင့်ထိန်းကြမယ်ဆိုရင် ....

မိသားစုတစ်စုမှသည် တစ်ရွာ တစ်မြို့ တစ်နိုင်ငံလုံး အေးချမ်းသာယာနေ မယ်ဆိုတာ အခိုင်အမာ ပြောရဲပါတယ်။

original writer

1.အိမ် ကိုအရင်ဝယ်ပါ။ကားက လိုရာခရီးသွား လို့ ရရင်တော်ပီ။2.တာရှည်သုံးရတဲ့ ပစ္စည်းဆို ဈေးကြီးကောင်းတာဝယ်။3.သူငယ်ချင်း အမျို...
18/06/2022

1.အိမ် ကိုအရင်ဝယ်ပါ။
ကားက လိုရာခရီးသွား လို့ ရရင်တော်ပီ။

2.တာရှည်သုံးရတဲ့ ပစ္စည်းဆို
ဈေးကြီးကောင်းတာဝယ်။

3.သူငယ်ချင်း အမျိုးတွေနဲ့
စီးပွါးတွဲ မလုပ် ပါနဲ့။

4.ကျန်းမာ ရေးကို အထူးဂရုစိုက်ပါ။

5.အခွင့်ရေးရရင် ကိုယ်ပိုင်လုပ်ငန်း လုပ်ပါ
တသက်လုံးလခစားမလုပ်နဲ့။

6. ကိုယ် က သူများကို ပြောပြနိုင်တဲ့
အဆင့် ရအောင်ကြိုးစားပါ။

7.တယောက်ထဲနေတတ်နိုင်အောင်ကြိုး စားပါ။

8.အလုပ်လုပ် ရင် ပုံသေ လခ နဲ့
အလုပ် မလုပ် ပါနဲ့။

9. စာအုပ် ဖတ် တတ်တဲ့ အကျင့် လုပ်ပါ။

10. စိတ်တည်ငြိမ် ဆုံးဖြတ် နိုင်တဲ့
လူငယ်တယောက် ဖြစ် အောင် ကြိုးစားပါ။

11.အလုပ်လုပ်ရာမှာ.တစ်ဖက်သားကို
မထိခိုက်ပါစေနဲ့

12.တစ်ဖက်ကတိုက်ခိုက်လာရင်
ရှောင်သွားလိုက်ပါ

သူများရဲ့ စကားတခွန်းကြောင့်
ကိုယ့်ရဲ့ ပျော်ရွှင်မှုကို မဆုံးရှုံးပါစေနဲ့။

Credit # Sale Mollar 🙂
Photo-crd

တယောက်ယောက်က သင့်ကို ငြင်းပယ်လိုက်ရင်ရှက်ရွံ့ဝမ်းနည်းခြင်းတွေ မခံစားလိုက်ပါနဲ့။လူတွေဟာ သူတို့မတတ်နိုင်လို့ ဈေးကြီးတဲ့အရာ...
17/06/2022

တယောက်ယောက်က
သင့်ကို ငြင်းပယ်လိုက်ရင်
ရှက်ရွံ့ဝမ်းနည်းခြင်းတွေ မခံစားလိုက်ပါနဲ့။

လူတွေဟာ သူတို့မတတ်နိုင်လို့
ဈေးကြီးတဲ့အရာတွေကို
ငြင်းပယ်လေ့ရှိတယ်။

16/06/2022

နာမည်ကျော် အလှကုန်လုပ်ငန်း Revlon
ဒေဝါလီခံရန် လျှောက်ထား။
Source cmt 👇

Address

19, 80, 81
Mandalay
454

Alerts

Be the first to know and let us send you an email when 𝐇𝐀𝐑𝐔𝐊𝐀 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝐇𝐀𝐑𝐔𝐊𝐀:

Share