Consult Plus

Consult Plus We don't just consult.We focus on result.

Business တွေ အနေ နဲ့ Consultant ငှားတယ်  ဆိုတာ အဓိက အားဖြင့် ၂ မျိုး ရှိနိုင်ပါတယ်။ ရေတို အနေ နဲ့ ဖြစ်နေ တဲ့ ပြသနာတွေ အပ...
22/08/2026

Business တွေ အနေ နဲ့ Consultant ငှားတယ် ဆိုတာ အဓိက အားဖြင့် ၂ မျိုး ရှိနိုင်ပါတယ်။ ရေတို အနေ နဲ့ ဖြစ်နေ တဲ့ ပြသနာတွေ အပေါ် အကြံဥာဏ်လို ချင်တာ၊ ဒါမှမဟုတ် လက်ရှိ Business က အဆင်တော့ ပြေနေတယ်၊ ဒါပေမယ့် ပိုကောင်းတဲ့၊ ပိုပြီး အဆင်ပြေတဲ့၊ ပိုပြီး စနစ်ကျတဲ့ လုပ်ငန်းတစ်ခု ဖြစ်အောင် ပြောင်းချင်တဲ့အချိန်တွေမှာ Consultant တွေလိုအပ်လာပါတယ်။

လုပ်ငန်းအရွယ်အစားနဲ့မဆိုင်ပါဘူး။ ရင်ဆိုင်နေရတဲ့ အခက်အခဲကသာ အရေးကြီးဆုံးပါ။

Consultant ဆိုတာ အကြံပေးရတာချည်းပဲ မဟုတ်ဘဲ အတိုင်ပင်ခံရတဲ့ အလုပ်လည်း လုပ်ရပါတယ်။ လုပ်ငန်းရှင်က "ဒါလေးလုပ်ဖို့ အကြံရှိတယ် လုပ်သင့်လား" လို့ မေးလာခဲ့ရင် ကိုယ်က လွယ်လွယ်လေး "လုပ်သင့်တယ်"၊ "မလုပ်သင့်ဘူး" ပြောချလိုက်လို့ မရပါဘူး။ ဘက်ပေါင်းစုံကနေ စဉ်းစားတွက်ချက်မှုတွေ၊ သုံးသပ်ချက်တွေ တွက်ချက်ပြီးမှ ဆုံးဖြတ်ပေးရတာပါ။

Consultant လို့ ပြောရင် -

◾️လုံခြုံရေး ဆိုင်ရာ အကြံပေး
(Security Consultant) (Physical or electronic)
▫️ပညာရေးဆိုင်ရာ အကြံပေး
(Education Consultant )
◾️ဥပဒေဆိုင်ရာ အကြံပေး
(Law Consultant)(Legal Consultant)
▫️စီမံခန့်ခွဲရေး အကြံပေး
(Management Consultant)
◾️စာရင်းအင်းဆိုင်ရာ အကြံပေး
(Accountancy Consultant)
▫️ဘဏ္ဍာရေးဆိုင်ရာ အကြံပေး
(Finance Consultant)
◾️အင်င်္ဂျင်နီယာ အကြံပေး
(Engineering Consultant)
▫️တူးဖေါ်ရေးဆိုင်ရာ အကြံပေး
(Mining Consultant)
◾️လူ့စွမ်းအားဆိုင်ရာ အကြံပေး
(Human Resources Consultant)
▫️စျေးကွက်နှင့်လူမှုဆက်ဆံရေးဆိုင်ရာ အကြံပေး (Marketing & Public Relations Consultant)

စတဲ့ နယ်ပယ်မျိုးစုံ အကြံပေးသူတွေ ရှိကြပါတယ်။ ဆေးပညာနယ်ပယ်မှာလည်း Consultantant Physician တို့ Consultant Surgeon တို့ ရှိပါသေး
တယ်။

Consultant တွေဟာ အလုပ်ခွင်မှာ အနီးကပ်ရှိရပါမယ်။ အကြံပေးရုံပေးပြီး ထားခဲ့လို့မရပါဘူး။ တနည်းပြောရရင် ဘာလုပ်ရမလဲ ဆိုတာ သိရုံလောက်ပဲ ပြောပြရမှာ မဟုတ်ဘဲ ဘယ်လိုလုပ်ရင် အဆင်ပြေဆုံးဖြစ်မလဲ ဆိုတာကို ပြောလဲပြော၊ စောင့်လဲ ကြည့်၊ အကဲလည်း ဖြတ်ပေးရပါတယ်။ Consultant တွေဟာ ပြဿနာ တစုံတရာ ပေါ်လာရင် အဖြေရှာပေးရတဲ့ Problem Solver တွေလည်း ဖြစ်ကြပါတယ်။ ပြသနာရဲ့ အရင်းအမြစ်ကို တူးဆွဖေါ်ထုတ်ပြီး ရှင်းလင်းပေးတတ်သူတွေပါ။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအနေနဲ့ လုပ်ငန်းခွင်မှာ အခက်အခဲ တစ်စုံတစ်ရာရှိတယ်ဆိုရင် CONSULT PLUS ကိုသာ ဆက်သွယ်လိုက်ပါ။ မိတ်ဆွေ တို့ရဲ့လုပ်ငန်းခွင်မှာ စီးပွားရေးဆိုင်ရာ အကောင်းဆုံးသောအကြံဉာဏ်တွေကို ပေးနိုင်ဖို့အတွက် တိုင်ပင်ဖော်
တိုင်ပင်ဖက်အနေနဲ့ အကောင်းဆုံး ဝန်ဆောင်မှုပေးသွားဖို့ အသင့်ရှိနေပါတယ်။

ကျွန်တော်တို့ Consult Plus - Business Consulting Firm မှ အောက်ပါ အတိုင်ပင်ခံအကြံပေးဝန်ဆောင်မှုများရယူနိုင်ပါသည်။

🔘Our Services

စီးပွားရေးလုပ်ငန်းရှင်များအတွက်

✅Business Startup
လုပ်ငန်းစတင်နိုင်ရေး

✅Business Planning
စီးပွားလုပ်ငန်းအစီအစဥ်ရေးဆွဲခြင်း

✅Marketing Strategy
စျေးကွက်ဖော်ဆောင်ရေး

✅Business Strategy
မဟာဗျူဟာချမှတ်ရေး

✅Business Development
လုပ်ငန်းချဲ့ထွင်နိုင်ရေး

✅Business Systemization
လုပ်ငန်းစနစ်တကျ လည်ပတ်နိုင်ရေး

✅Selling
အရောင်းမြှင့်တင်ရေး

✅Management Consultation
စီမံခန့်ခွဲမှုဆိုင်ရာ အကြံဥာဏ်များ

✅Human Resources Management
လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲရေး

အသေးစိတ်သိရှိလိုပါက
09740862699/09740862688 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။


ဈေးကွက်မှာ အခိုင်အမာ ရပ်တည်နေတဲ့ လုပ်ငန်းတွေရဲ့ လျှို့ဝှက်ချက်…တချို့လုပ်ငန်းတွေက စပြီးအခြေတည် ကတည်းက အခုအချိန်အထိ ဈေးကွ...
20/08/2026

ဈေးကွက်မှာ အခိုင်အမာ ရပ်တည်နေတဲ့ လုပ်ငန်းတွေရဲ့ လျှို့ဝှက်ချက်…

တချို့လုပ်ငန်းတွေက စပြီးအခြေတည် ကတည်းက အခုအချိန်အထိ ဈေးကွက်မှာ အခိုင်အမာ ရပ်တည်နေကြတယ်…။
တချို့ကတော့ ပေါ်လိုက်မြှုပ်လိုက်နဲ့ လုံးချာလည် လိုက်နေတယ်…။
ဒါဆို အခိုင်အမာ ရပ်တည်နေတဲ့ လုပ်ငန်းတွေက လျှို့ဝှက်ချက် ရှိနေတာများလား…။
“There’s no secret .It’s just planning’
လျှို့ဝှက်ချက်ဆိုတာ မရှိပါဘူး…။ Business Plan လိုနေတာပါ…။
Business Plan ရေးဆွဲတဲ့အခါ ရေးဆွဲတဲ့ လူအပေါ် မူတည်ပြီး ပါဝင်တဲ့ အစိတ်အပိုင်းတွေက မတူပါဘူး…။
ဒါပေမယ့် ဒီ(၇)ချက်ကိုတော့ လူတိုင်းမဖြစ်မနေ ထည့်သွင်းရေးဆွဲလေ့ရှိတာကို တွေ့ရပါတယ်…။
◾ Executive Summary
◾Business Description
◾Market analysis
◾Company Organization
◾Products and Services
◾Financial Outlook
◾Summary
ဒီအချက်တွေက ဘာကိုဆိုလိုတာပါလဲ…?
လိုတိုရှင်းလေး သိချင်ရင် “ Consult Plus “က ထပ်ပြီးရှင်းပြပေးမှာ ဖြစ်လို့စောင့်ကြည့်ပေးပါဦး ခင်ဗျာ…။


09 740 862 688
09 740 862 699

🏚76St, Bet 36x37,Mahar Aung Myay Township, Mandalay.




လုပ်ငန်းတစ်ခု ကြီးထွားလာဖို့ မဖြစ်မနေ လုပ်သင့်တဲ့ “Marketing Consulting”ဒီနေ့ခေတ်မှာတော့ Marketing Trend တွေက အမျိုးမျို...
16/08/2026

လုပ်ငန်းတစ်ခု ကြီးထွားလာဖို့ မဖြစ်မနေ လုပ်သင့်တဲ့ “Marketing Consulting”

ဒီနေ့ခေတ်မှာတော့ Marketing Trend တွေက အမျိုးမျိုး ပြောင်းလဲ လာတဲ့အတွက် အမှီလိုက်ဖို့ ခက်ခဲလာပြီး လက်ရှိသုံးနေတဲ့ Marketing Techniques တွေက အလုပ်မဖြစ်တော့တာမျိုး ဖြစ်လာပါတယ်...။

လက်ရှိ Marketing Techniques က အလုပ်မဖြစ်တော့တဲ့အခါ ဘာတွေဖြစ်နိုင်လဲ ...?

-Brand Awareness ကျလာမယ်...။

-Leads တွေနည်းလာမယ် ....။

-Conversion Rate တွေကျဆင်းလာမယ်...။

ဒါကို ဖြေရှင်းနိုင်ဖို့ဆို Marketing Consulting လုပ်ကို လုပ်ရပါလိမ့်မယ်....။

ဒီလို လုပ်ခြင်းအားဖြင့် စျေးကွက်ချဲ့ထွင်ရေး နည်းဗျူဟာ အားလုံးကို အသေအချာ လေ့လာထားတဲ့ Marketing Consultant တစ်ယောက်ရဲ့ Customized Marketing Plan ကို ရရှိနိုင်ပါလိမ့်မယ်...။

အတွေ့အကြုံတွေကို စနစ်တကျ ပေါင်းစပ်ပြီး မဟာဗျူဟာ ကျကျရေးဆွဲထားတဲ့ Plan ဖြစ်တာ‌ကြောင့် Brand Awareness တက်လာပြီး Sale Funnel ကို ပိုမိုကျယ်ပြန့် စေမှာပဲ ဖြစ်ပါတယ်...။

ဒါ့ကြောင့် လူကြီးမင်းရဲ့ ထုတ်ကုန်(သို့မဟုတ်) ဝန်ဆောင်မှုတွေဟာ စျေးကွက်မှာပြိုင်ဘက်တွေထက်သာလွန်ပြီး ပိုမိုကြီးထွားလာတဲ့ လုပ်ငန်းတစ်ခုကို ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ ကျွန်တော်တို့ရဲ့ “ Consult Plus -Consulting Firm” နဲ့ ဆက်သွယ်လိုက်ပါ ခင်ဗျာ...။

Hotline👇
09 740 862 688
09 740 862 699

Address . 76St, Bet 36x37,Mahar Aung Myay Township, Mandalay.




Business SystemBusiness System လို့ပြောလိုက်ရင် လက်ရှိလုပ်ငန်းကို စနစ်တကျလည်ပတ်နေအောင် ဆောင်ရွက်တာပါပဲ။ဆိုတော့ Business ...
15/08/2026

Business System

Business System လို့ပြောလိုက်ရင် လက်ရှိလုပ်ငန်းကို စနစ်တကျလည်ပတ်နေအောင် ဆောင်ရွက်တာပါပဲ။ဆိုတော့ Business တွေမှာကလဲ လုပ်ငန်းနဲ့သင့်လျော်တဲ့ System တွေကလဲ ရှိသင့်ပါတယ်။

Company type ဖြစ်စေ ၊ Family Type ဖြစ်စေ Systemနဲ့ စနစ်တကျလည်ပတ်ရင် မကောင်းဘူးလား ?

ဒီတော့ လိုတိုရှင်းလေးဖော်ပြပေးပါ့မယ်။

Business တစ်ခုမှာက ဆောင်ရွက်ရတဲ့ အပိုင်းကဏ္ဍအားဖြင့် ၅ ခု ၆ ခုလောက်ရှိကြပါတယ်။
လုပ်ငန်းတွေကတစ်ခုနဲ့ တစ်ခုတော့ မတူကြပါဘူး။ တချို့က ၃ ပိုင်း တချို့ ၄ ပိုင်း တချို့ကလဲ ၅ ပိုင်းပေါ့။ Industry & Sector မတူတာလဲပါပါတယ်။

ဒီတော့ အပိုင်းကဏ္ဍတွေဟာ ဘာတွေလဲဆိုရင်
1.Sale & Marketing အရောင်းပိုင်းကဏ္ဍ
2.Accounting & Finance စာရင်းနဲ့ ငွေကြေးပိုင်းကဏ္ဍ
3. Production ထုတ်လုပ်မှုအပိုင်းကဏ္ဍ
4. Warehouse ဂိုဒေါင် ပစ္စည်းထားသိုမှုအပိုင်းကဏ္ဍ
5. Logistics & Supply Chain ထောက်ပံ့ဆက်သွယ်ရေးအပိုင်းကဏ္ဍ
6. HR & Admin ဝန်ထမ်း၊ လူ့စွမ်းအား အရင်းအမြစ် ပစ္စည်း စသည့် အပိုင်းကဏ္ဍ

စတာတွေဟာ စီးပွားရေးတစ်ခုမှာပါဝင်ပါတယ်။
တချို့လုပ်ငန်းတွေကလဲ ၆ ပိုင်းလုံး လိုအပ်ချင်မှလိုအပ်မှာပါ။ တချို့ကလဲ ဒီ့ထက်ပိုနိုင်ပါသေးတယ်။

ဒီတော့ System ချတယ်ဆိုရာမှာလဲ အထက်ဖော်ပြပါ အပိုင်းကဏ္ဍ တစ်ခုချင်းစီကို သေချာ စနစ်ချရပါတယ်။

ဒီအပိုင်းကဏ္ဍတွေဟာ စက်သွားများလို တစ်ခုနဲ့ တစ်ခု ချိတ်ဆက်နေတာဖြစ်လို့ ကဏ္ဍတစ်ခုကို စနစ်ချနေရင်းမှာဘဲ တဆက်ထဲ အခြားကဏ္ဍ တစ်ခုကိုပါ စနစ်ချရပါတယ်။ ဒီလိုမှသာ ပြီးပြည့်စုံတဲ့ စနစ်တခုဖြစ်လာမှာပါ။

ဒီလို လုပ်ငန်းတွေ စနစ်ကျဖို့အတွက် Consult Plus ကနေ ဆောင်ရွက်ပေးနိုင်ပါတယ်။

Consult Plus အနေနဲ့ လူကြီးမင်းတို့အတွက်

✅Business Startup
လုပ်ငန်းစတင်နိုင်ရေး

✅Business Planning
စီးပွားလုပ်ငန်းအစီအစဥ်ရေးဆွဲခြင်း

✅Marketing Strategy
စျေးကွက်ဖော်ဆောင်ရေး

✅Business Strategy
မဟာဗျူဟာချမှတ်ရေး

✅Business Development
လုပ်ငန်းချဲ့ထွင်နိုင်ရေး

✅Business Systemization
လုပ်ငန်းစနစ်တကျ လည်ပတ်နိုင်ရေး

✅Selling
အရောင်းမြှင့်တင်ရေး

✅Management Consultation
စီမံခန့်ခွဲမှုဆိုင်ရာ အကြံဥာဏ်များ

✅Human Resources Management
လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲရေး

Business Consulting Services တွေကို လုပ်ငန်းရှင်လိုချင်သော ရလာဒ်ထွက်အောင် တာဝန်ယူအတိုင်ပင်ခံအကြံပေးသွားမှာဖြစ်ပြီး လုပ်ငန်းရှင်များလိုအပ်သော Resources များကို Supportလုပ်ပေးသွားမှာဖြစ်ပါတယ်။

Contact No 👇
09740862688 / 09740862699




လုပ်ငန်းရှင်တိုင်း  သိကိုသိရမယ့် A.I.D.Aဒီနေ့ခေတ်ရဲ့ လုပ်ငန်းရှင်တိုင်းက ဒီလိုပြောနေကြတာ မကြာခဏဆိုသလို ကြားဖူးတယ်…။“ကြော...
13/08/2026

လုပ်ငန်းရှင်တိုင်း သိကိုသိရမယ့် A.I.D.A

ဒီနေ့ခေတ်ရဲ့ လုပ်ငန်းရှင်တိုင်းက ဒီလိုပြောနေကြတာ မကြာခဏဆိုသလို ကြားဖူးတယ်…။
“ကြော်​​ြငာနေပေမယ့် မရောင်းရဘူး”

“Marketing လုပ်ပေမယ့် လူတွေကို မဆွဲဆောင်နိုင်ဘူး”
ဒါဟာ လူကြီးမင်းတို့ အနေနဲ့ A.I.D.A ကို မသုံးသေးလို့ ဒီလိုဖြစ်နေတာပါ…။
ဒီနေ့မှာတော့ A.I.D.A အကြောင်း ''Consult Plus'' က ဝေမျှပေးပါမယ်...။

◾A (Attention)
စိတ်ဝင်စားစရာ Headline တွေ၊ Content တွေနဲ့ လူတွေရဲ့ စိတ်ဝင်စားမှုကိုရရှိအောင် လှလှပပဆွဲဆောင်ဖို့ လိုပါတယ်…။

◾I (Interest)
ဒီအဆင့်ဟာ ဝယ်ယူသုံးစွဲသူတွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းဆုပ်ရမယ့်အဆင့်ဖြစ်လို့ ကိုယ့်ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေရဲ့ အများနဲ့မတူဘဲ ထူးခြားတဲ့ Features& Benefits တွေရှိကြောင်း ကိုမြင်သာအောင် ထုတ်ဖော်ပြသနိုင်ရပါမယ်…။

◾D(Desire)
ဒီအဆင့်မှာတော့ ဝယ်ယူသုံးစွဲသူရဲ့ လိုချင်စိတ်ကိုနှိုးဆွနိုင်ဖို့ ကိုယ့်ထုတ်ကုန်မှာရှိတဲ့ USP (Unique Selling Point)ကို အသားပေး ဖော်ပြဖို့ လိုပါတယ်…။ဒါ့အပြင် ဝယ်သူရဲ့ ပြဿနာတွေကိုပါ ဘယ်လိုအကောင်းဆုံး ဖြေရှင်းပေးနိုင်တယ်ဆိုတာ ကိုပါ သေသေချာချာ ဖော်ပြရပါမယ်…။

◾A(Action)
ဒီအဆင့်မှာတော့ ဝယ်ယူသုံးစွဲသူက ကိုယ့်ရဲ့ထုတ်ကုန်(သို့)ဝန်ဆောင်မှာကို အမှန်တကယ်ဝယ်ယူဖို့ ဆုံးဖြတ်ချက်ချအောင် လုပ်ဆောင်ရမယ့် အပိုင်းဖြစ်ပါတယ်…။ ဒီလိုဆုံးဖြတ်ချက်ချအောင် လူကြီးမင်းတို့ဘက်က အချိန်အကန့်အသတ်ရှိတဲ့ ပရိုမိုးရှင်းတွေ၊ အထူးအခွင့်အရေးတွေကို ဘောင်တစ်ခုအတွင်းကနေ ဖန်တီးပေးထားဖို့ လိုပါမယ်…။

👉ဒီအဆင့်တွေကို စနစ်တကျလုပ်ဆောင်ခြင်းက ဈေးကွက်မှာ လူကြီးမင်းတို့ရဲ့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကို လူတွေစိတ်ဝင်စားလာစေပြီး Sale Rate တက်လာဖို့ အထောက်အကူဖြစ်လာမှာပဲ ဖြစ်ပါတယ်…။

📌လူကြီးမင်းတို့အနေနဲ့ ဒီလို လူတွေကိုဆွဲဆောင်ဖို့၊ စိတ်ဝင်စားမှုကို ရယူဖို့၊ လိုချင်လာစေဖို့၊ ဝယ်ယူလာစေဖို့ ဘယ်လို နည်းစနစ်တွေ သုံးရမလဲဆိုတာ သိချင်မယ်ဆိုရင်တော့ ကျွန်တော်တို့ “ Consult Plus” နဲ့ အခုပဲ ဆက်သွယ်လိုက်ပါ ခင်ဗျာ…။

☎ 09 740 862 688
09 740 862 699

🏚76St, Bet 36x37,Mahar Aung Myay Township, Mandalay.




ကျွန်တော်တို့ Consult Plus - Business Consulting Firm မှ အောက်ပါ အတိုင်ပင်ခံအကြံပေးဝန်ဆောင်မှုများရယူနိုင်ပါသည်။🔘Our Con...
09/08/2026

ကျွန်တော်တို့ Consult Plus - Business Consulting Firm မှ အောက်ပါ အတိုင်ပင်ခံအကြံပေးဝန်ဆောင်မှုများရယူနိုင်ပါသည်။

🔘Our Consulting Services

စီးပွားရေးလုပ်ငန်းရှင်များအတွက်

✅Business Startup
လုပ်ငန်းစတင်နိုင်ရေး

✅Business Planning
စီးပွားလုပ်ငန်းအစီအစဥ်ရေးဆွဲခြင်း

✅Marketing Strategy
စျေးကွက်ဖော်ဆောင်ရေး

✅Business Strategy
မဟာဗျူဟာချမှတ်ရေး

✅Business Development
လုပ်ငန်းချဲ့ထွင်နိုင်ရေး

✅Business Systemization
လုပ်ငန်းစနစ်တကျ လည်ပတ်နိုင်ရေး

✅Selling
အရောင်းမြှင့်တင်ရေး

✅Management Consultation
စီမံခန့်ခွဲမှုဆိုင်ရာ အကြံဥာဏ်များ

✅Human Resources Management
လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲရေး

အသေးစိတ်သိရှိလိုပါက

Contact No - 09740862699
09740862688 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။







စီးပွားရေးလုပ်ငန်းတွေမှာ Ethics တွေက ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနေလဲ။စီးပွားရေးလုပ်ငန်းတွေမှာလည်း Business Ethics က အရ...
08/08/2026

စီးပွားရေးလုပ်ငန်းတွေမှာ Ethics တွေက ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနေလဲ။

စီးပွားရေးလုပ်ငန်းတွေမှာလည်း Business Ethics က အရေးကြီးတဲ့ နေရာမှာ ရပ်တည်နေပါတယ်။ လုပ်ငန်းတစ်ခုက ကောင်းကောင်းရပ်တည်နိုင်ဖို့၊ law တွေ ဘောင်တွေအောက်မှာ စနစ်တကျနဲ့ ဖွဲစည်းထားတဲ့ အဖွဲ့အစည်းဖြစ်ဖို့ အတွက် business ethics တွေကို လိုက်နာရပါတယ်။ ဒီ Ethics တွေက ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားရှိတဲ့၊ တာဝန်သိစိတ်ရှိတဲ့ အဖွဲ့အစည်းဖြစ်အောင် နည်းလမ်းတွေညွှန်ပြပေးနေတဲ့ အရာပဲဖြစ်ပါတယ်။

Businessesတွေမှာ Ethicsက ဘယ်လိုအရေးပါနေလဲ ဆိုတာကို အပိုင်း (၅)ပိုင်းနဲ့ အတိုချုံး ရှင်းပြပေးသွားပါမယ်။

(၁)Market systemတွေမှာ Ethics ရဲ့အရေးပါပုံ

Market systemဆိုတာက sellersတွေ၊ buyersတွေ တစ်ခြားသော product, servicesတွေကို trade လုပ်တဲ့လူတွေကို ချိတ်ဆက်ပေးထားတဲ့ systemပါ။
ဒီsystemဟာ laws, regulations, qualifications နဲ့ reputations တွေအောက်မှာ စနစ်တကျ စီစဉ်ထားတဲ့ systemတစ်ခုပါ။ တစ်ကယ်လို့ organizationsတွေ၊ companiesတွေနဲ့ customersတွေကြားမှာ အငြင်းပွားစရာတွေဖြစ်လာတဲ့အခါ ဘယ်ဟာကမှန်တယ် မှားတယ်ဆိုတာကို မျှမျှတတဆုံးဖြတ်ပေးတဲ့ Ethics issues တွေဖြစ်ပါတယ်။

(၂)Social Responsibility အပေါ်
Ethics သက်ရောက်မှု

Social Responsibility ဆိုတာက customers တွေနဲ့ organization တွေကြားက တာဝန်သိစိတ်လေးပေါ့။ Social Responsible ဖြစ်တဲ့ organization တွေဟာ customers တွေ၊ employees တွေဆီက loyalty(ယုံကြည်မှု)၊ Respect (လေးစားမှု)တွေကိုရရှိပြီး profitများများရတဲ့ အောင်မြင်တဲ့ လုပ်ငန်းတွေအဖြစ်ရပ်တည်ကြပါတယ်။ ဒီ social responsibility အပိုင်းမှာဆို Ethics က environmental, cultural, social structures အပိုင်းတွေမှာ တာဝန်ယူထားရပါတယ်။ ဒါ့အပြင် scientific research, consumer protection အပိုင်းတွေမှာလည်း Ethics တွေနဲ့ တာဝန်ခံထားပါတယ်။

(၃)Ethics in Marketing,HR & Finance

Marketing Ethics ဆိုတာကတော့ Market Place မှာရှိတဲ့ standards နဲ့ principles တွေပါ။ Ethics in HR ဆိုတာက organization တစ်ခုလုံးရဲ့ employees တွေ employersတွေ နဲ့ သက်ဆိုင်နေတဲ့ Ethicsတွေပါ။ ဥပမာ ဆွေမျိုးမလို့၊ သူငယ်ချင်းမလို့ အလုပ်ခန့်တာမျိုးတွေ၊ ရာထူးပေးတာမျိုးတွေ၊ လစာလျော့ပေးတာတွေ၊ personal information တွေကို sharingလုပ်တာမျိုးတွေဟာ unethical activitiesတွေပါ။ Organization တစ်ခု အောင်မြင်ဖို့ဆိုတာ employeesတွေ၊ employers တွေအပေါ်မှာလည်း အများကြီးမူတည်ပါတယ်။
Ethics ကောင်းတဲ့ organizations တွေမှာ employees နဲ့ employers တွေဟာ ရှေ့တွဲနောက်လိုက်ညီနေ ကြတာပါပဲ။ ဒီလို employeesတွေ အလုပ်မှာactiveဖြစ်ဖြစ်နဲ့ loyaltyဖြစ်အောင် ethically ဆောင်ရွက်ရပါမယ်။

Ethics in finance ဆိုတာကလည်း အရေးကြီးပါတယ်။ လာဘ်ပေးလာဘ်ယူတာမျိုးတွေ၊ sales goalsရောက်အောင် customer ဆီက information တွေကိုဖုံးထားတာတွေ၊ စာရင်းလိမ်တာမျိုးတွေဟာ unethical activities of finance တွေပါ။

(၄) Ethics in Information Technology

IT ခေတ်ဖြစ်လာတာနဲ့အညီ organization တစ်ခုရဲ့ အချက်အလက် dataတွေကို IT နဲ့ပဲ saveလုပ်ထားကြပါတယ်။ Hackersတွေ၊ industrial spies တွေပေါများလာတဲ့အတွက် organization တစ်ခု safeဖြစ်အောင် Trustworthy Computing
System ကို employees နဲ့ employers တွေကြားမှာ တည်ဆောက်ထားရပါတယ်။ ဒီ systemကို security, privacy, reliability, business integrity တွေနဲ့ ပေါင်းစပ်ပြီး Trustworthy ဆိုတာကို တည်ဆောက်ထားရတာပဲ ဖြစ်ပါတယ်။

(၅) Ethics in Intellectual Properties Rights

Intellectual Properties မှာ
Industrial Properties နဲ့ Copyright ဆိုပြီး နှစ်မျိုးရှိပါတယ်။ Industrial Properties မှာဆိုရင် organization ရဲ့ patents, trademarks၊graphic designs၊namesရဲ့ inventions တွေပါဝင်ပါတယ်။

Organization တစ်ခုမှာ သူ့ရဲ့intellectual properties တွေကအရေးပါပါတယ်။ Copyrightမှာဆိုရင်တော့ literary worksတွေ artistic worksတွေ ပါ။
Copyright တွေမှာဆိုရင် Architecture၊Audiovisual works၊Drama၊ Literature၊Art၊Choreography၊Graphics​တွေပဲ တရားဝင် copyrighted လုပ်လို့ရပါတယ်။

အခုကတော့ Ethics Impacts In Business ခေါင်းစဉ်အောက်မှာ အပိုင်း(၅)ပိုင်း ခွဲပြောသွားတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ Consult Plus - Business Consulting Firm မှ အောက်ပါ ဝန်ဆောင်မှုများရယူနိုင်ပါသည်။

🔘Our Services

စီးပွားရေးလုပ်ငန်းရှင်များအတွက်

✅Business Startup
လုပ်ငန်းစတင်နိုင်ရေး

✅Business Planning
စီးပွားလုပ်ငန်းအစီအစဥ်ရေးဆွဲခြင်း

✅Marketing Strategy
စျေးကွက်ဖော်ဆောင်ရေး

✅Business Strategy
မဟာဗျူဟာချမှတ်ရေး

✅Business Development
လုပ်ငန်းချဲ့ထွင်နိုင်ရေး

✅Business Systemization
လုပ်ငန်းစနစ်တကျ လည်ပတ်နိုင်ရေး

✅Selling
အရောင်းမြှင့်တင်ရေး

✅Management Consultation
စီမံခန့်ခွဲမှုဆိုင်ရာ အကြံဥာဏ်များ

✅Human Resources Management
လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲရေး

အသေးစိတ်သိရှိလိုပါက
09740862699/09740862688 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။








မင်္ဂလာပါ ခင်ဗျာလုပ်ငန်းတစ်ခု အခိုင်အမာရပ်တည်ဖို့ Business Plan လိုအပ်ကြောင်းနဲ့ ဒီ Plan မှာ ဘယ်လို အပိုင်းတွေပါဝင်ရမယ်ဆ...
06/08/2026

မင်္ဂလာပါ ခင်ဗျာ
လုပ်ငန်းတစ်ခု အခိုင်အမာရပ်တည်ဖို့ Business Plan လိုအပ်ကြောင်းနဲ့ ဒီ Plan မှာ ဘယ်လို အပိုင်းတွေပါဝင်ရမယ်ဆိုတာ “ Consult Plus”က ဝေမျှပြီးသွားပါပြီ…။
ဒီနေ့မှာတော့ ဘယ်အပိုင်းမှာ ဘယ်လိုအချက်တွေပါဝင်အောင် ရေးဆွဲရမယ်ဆိုတာ လိုတိုရှင်းလေး ပြောပြပေးပါမယ် ခင်ဗျာ…။
၁)Executive Summary
ဒီအဆင့်ဟာ Business Plan ရဲ့ အစဖြစ်ပြီး ထည့်သွင်းဖို့ လိုအပ်တဲ့အချက်တွေကို အကြမ်းချထားရမယ့် အခြေအနေလည်း ဖြစ်ပါတယ်…။ လုပ်ငန်းရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ ပန်းတိုင် စတာတွေကိုလည်း ဒီနေရာမှာ ရေးဆွဲထားဖို့ လိုပါလိမ့်မယ်…။

၂)Business Description
ဒီအပိုင်းဟာ Business Plan တစ်ခုလုံးမှာ အရေးအကြီးဆုံးအပိုင်းဖြစ်ပြီး ထုတ်လုပ်မယ့် ထုတ်ကုန်တွေ၊ ပေးနိုင်တဲ့ ဝန်ဆောင်မှုတွေနဲ့ သုံးစွဲသူတွေရဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းပေးမယ် ဆိုတာတွေကိုပါ ထည့်သွင်းဖော်ပြရမှာ ဖြစ်ပါတယ်…။

၃) Market Analysis
ဈေးကွက်ထဲမှာရှိနေတဲ့ ပြိုင်ဘက်တွေရဲ့ အားသာချက်၊ အားနည်းချက် စတာတွေကို အသေးစိတ်လေ့လာပြီး ကိုယ့်ရဲ့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကို ဘယ်လိုနည်းလမ်းနဲ့ ဈေးကွက်မှာ ဦးဆောင်စေမလဲ ဆိုတာသတ်မှတ်ချက်ထားရပါမယ်…။

၄)Company Organization
တရားဝင် ဖွဲ့စည်းပုံအရ ကိုယ့်လုပ်ငန်းအတွက် ဘယ်လိုလူတွေ ပါဝင်မလဲဆိုတဲ့ Organization Chart တစ်ခု ရှိထားဖို့လဲ လိုပါတယ်….။

၅)Products & Services provided
ကိုယ်ရဲ့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေဟာ သုံးစွဲတွေကို ဘယ်လိုအကျိုးရှိစေမှာလဲ…။
တခြားသူတွေထက် သာလွန်ကာင်းမွန်တဲ့ အရည်အသွေးတွေက ဘာတွေလဲ…။
ဒါတွေကို သေချာသတ်မှတ်ထားပြီး Business Plan မှာ ထည်သွင်းရေးဆွဲ သင့်ပါတယ်…။

၆)Financial Outllook
ဒါကတော့ အထွေအထူးပြောနေစရာမလိုပါဘူး။ Business Plan ဆွဲတိုင်း လူအများထည့်သွင်းလေ့ရှိတဲ့ အချက်ပဲ ဖြစ်ပါတယ်…။

၇) Summary
Business Plan ကို အများစုက “ Funding Pitch”နဲ့ အဆုံးသတ်လေ့ရှိကြပါတယ်။ နောက်ပြီး ဒီ Pitch ကို ထောက်ပံ့ပေးနိုင်တဲ့ အချက်အလက်တွေကို စုဆောင်းဖော်ပြကြပါတယ်…။

👉 ဒီအချက်တွေကို အများစုက Business Plan မှာ ထည့်သွင်းရေးဆွဲလေ့ရှိတာဖြစ်လို့ လူကြီးမင်းတို့ရဲ့ လုပ်ငန်းအတွက် Plan ရေးဆွဲတဲ့ အခါမှာလည်း ဒီအချက်တွေကို စဥ◌်းစားကြည့်ပါ…။
👉အကယ်၍ ကိုယ်တိုင် Business Plan ရေးဆွဲဖို့ အကြံပေးဆွေးနွေးခြင်းတွေ လိုအပ်နေပြီဆိုပါက “Consult Plus”နဲ့ ဆက်သွယ်နိုင်ပါတယ်…။
👉 လူကြီးမင်းတို့ လုပ်ငန်းတွေ အတွက်ထိရောက်တဲ့ Business Plan တစ်ခုကို မဟာဗျူဟာ ကျကျရေးဆွဲဖို့ စနစ်တကျ အကြံပေးဆွေးနွေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ…။

☎ 09 740 862 688
09 740 862 699

🏚76St, Bet 36x37,Mahar Aung Myay Township, Mandalay.




ကျွန်တော်တို့ Consult Plus ဟာ ဘယ်လို Industry တွေ ၊ Sector တွေမှာ Business Consulting Services စီးပွားရေးအတိုင်ပင်ခံအကြံ...
02/08/2026

ကျွန်တော်တို့ Consult Plus ဟာ ဘယ်လို Industry တွေ ၊ Sector တွေမှာ Business Consulting Services စီးပွားရေးအတိုင်ပင်ခံအကြံပေးနေလဲ ?

1.Engineering
2.Agriculture
3.ISP
4.Trading
5. FMCG
6. Education
7. Medical
8. Real Estate
9. Hotel
10. Automotive
11. Entertainment
12. Production & Distribution
13. Information Technology
14. Construction
15. Tourism
16. Livestock

Our Business Consulting Services
စီးပွားရေးလုပ်ငန်းရှင်များအတွက်

✅Business Systemization
လုပ်ငန်း စနစ်တကျလည်ပတ်ရေး

✅Sale & Marketing
အရောင်းမြှင့်တင်ရေး

✅Business Planning
စီးပွားလုပ်ငန်းအစီအစဥ်ရေးဆွဲခြင်း

✅Marketing Strategy
စျေးကွက်ဖော်ဆောင်ရေး

✅Business Strategy
မဟာဗျူဟာချမှတ်ရေး

✅Business Development
လုပ်ငန်းချဲ့ထွင်နိုင်ရေး

✅Management Consultation
စီမံခန့်ခွဲမှုဆိုင်ရာ အကြံဥာဏ်များ

✅Human Resources Management Services
လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲရေး

Contact
09740862699 / 09740862688

Email - [email protected]





တာဝန်ခွဲခြင်း အနုပညာထိရောက်တဲ့ Management ဆိုတာပြောရမယ်ဆိုရင် တာဝန်ခွဲဝေခြင်းပါပဲ။ ဒိီလိုတာဝန်ခွဲဝေခြင်းဟာ လုပ်ငန်းရှင်ဖ...
01/08/2026

တာဝန်ခွဲခြင်း အနုပညာ

ထိရောက်တဲ့ Management ဆိုတာပြောရမယ်ဆိုရင် တာဝန်ခွဲဝေခြင်းပါပဲ။ ဒိီလိုတာဝန်ခွဲဝေခြင်းဟာ လုပ်ငန်းရှင်ဖြစ်ဖြစ် Manager ဖြစ်ဖြစ် လုပ်ငန်းရဲ့အရာရာတိုင်းကို အသေးစိတ်လိုက်လုပ်လို့မရပါဘူး။ တာဝန်တွေခွဲယူပြီး အရေးကြီးတဲ့အရာတွေလုပ်မှသာ လုပ်ငန်းကြီးထွားနိင်မှာဖြစ်ပါတယ်။ ဒီလိုတာဝန်ခွဲတာကလည်း ခက်ခဲနေတာမဟုတ်ပဲနဲ့ သေချာလေး planning လုပ်မယ်၊ communication သေချာပြောမယ်၊ ပေးတဲ့တာဝန်တွေ အဆင်ပြေချောမွေ့ဖို့ ဘေးက Support ပေးနေရင်ရပါတယ်။

ဒီလိုမျိုး Support ပေးတာ ဘယ်လိုမျိူး စလုပ်ရမလဲဆိုရင်တော့

အရင်ဆုံး ရေရှည်တွေးပြီးလုပ်ပါ။ တာဝန်တွေမခွဲခင်မှာ ကိုယ်က ရေရှည်ဘာလုပ်ချင်တာ၊ ကိုယ့်လုပ်ငန်းရဲ့ Goals တွေ, Objectives တွေ သေချာနားလည်ထားအောင်လုပ်ဖို့လိုအပ်ပါတယ်။ ဒီလိုမျိုးနားလည်ထားမှ ဘယ်တာဝန်က ကိုယ်ပါဝင်ရမလဲဆိုတာ သိမှာဖြစ်ပါတယ်။

လူသေချာရွေးပြီး Tasks သတ်မှတ်ပါ။ ဒီတာဝန် tasks နဲ့ပတ်သက်ပြီး အတွေ့အကြုံ၊ Knowledge ရှိတဲ့လူရွေးပြီး တာဝန်ရဲ့ လိုချင်တဲ့ပုံစံ၊ ဘာလုပ်ရမလဲဆိုတာမျိုး သေချာပြောပြထားရပါမယ်။ Deadlines ပါပြောပြထားပြီး လိုချင်တဲ့ပုံစံပြောပြထားဖို့အရေးကြီးပါတယ်။

နောက်ပြီး အမြဲထောက်ပံ့ပေးနေဖို့အရေးကြီးပါတယ်။ Check in အမြဲဝင်စစ်ပေးတာ၊ Feedback တွေယူတာ၊ လမ်းကြောင်းပြပေးတာ နောက်ပြီးတစ်ခုခုအခက်အခဲ ဖြစ်လာရင် အမြဲကူညီပေးဖို့ Standby ရှိပေးရပါတယ်။

နောက်ဆုံးအရေးကြီးတာတစ်ခုက Tasks တွေပြီးလို့ Final goals ဖြစ်မြောက်သွားရင် Celebration လုပ်ဖို့အရေးကြီးပါတယ်။ Celebration မှမဟုတ်ပါပဲ အဓိက က Reward တစ်ခုပေးဖို့ပါ။ ဒီလိုမှသာ အားတက်ပြီး အမြဲတမ်း Challenge တွေရင်ဆိုင်ဖို့ အားရှိနေမှာဖြစ်ပါတယ်။

ကျွန်တော်တို့ Consult Plus - Business Consulting Firm မှ အောက်ပါ ဝန်ဆောင်မှုများရယူနိုင်ပါသည်။

🔘Our Consulting Services

စီးပွားရေးလုပ်ငန်းရှင်များအတွက်

✅Business Systemization
လုပ်ငန်းစနစ်တကျ လည်ပတ်နိုင်ရေး

✅Business Planning
စီးပွားလုပ်ငန်းအစီအစဥ်ရေးဆွဲခြင်း

✅Marketing Strategy
စျေးကွက်ဖော်ဆောင်ရေး

✅Business Strategy
မဟာဗျူဟာချမှတ်ရေး

✅Business Development
လုပ်ငန်းချဲ့ထွင်နိုင်ရေး

✅Selling
အရောင်းမြှင့်တင်ရေး

✅Management Consultation
စီမံခန့်ခွဲမှုဆိုင်ရာ အကြံဥာဏ်များ

✅Human Resources Management
လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲရေး

အသေးစိတ်သိရှိလိုပါက
09740862699
09740862688
သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။










Address

Mandalay
05031

Opening Hours

Monday 08:30 - 06:00
Tuesday 08:30 - 06:00
Wednesday 08:30 - 06:00
Thursday 08:30 - 06:00
Friday 08:30 - 06:00
Saturday 08:30 - 06:00
Sunday 08:30 - 06:00

Telephone

+959740862699

Alerts

Be the first to know and let us send you an email when Consult Plus posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Consult Plus:

Shortcuts

Share