MAB Online Class

MAB Online Class မိတ်ဆွေတို့ရဲ့ လုပ်ငန်းများကို စနစ်တကျ 100%ရောင်းအားတက်စေဖို့ MAB - Online Class မှ့ သင်ကြားပေးနေပါပြီ။

အခုမှစလုပ်နေတဲ့ Page တစ်ခုအနေနဲ့ ဒီ ၅ချက်ကိုအရင်လုပ်ပါ။=============1. Boost နဲ့ပက်သက်တဲ့အပိုင်းမှာဆိုရင် Page Promoteလု...
16/01/2022

အခုမှစလုပ်နေတဲ့ Page တစ်ခုအနေနဲ့ ဒီ ၅ချက်ကိုအရင်လုပ်ပါ။
=============

1. Boost နဲ့ပက်သက်တဲ့အပိုင်းမှာဆိုရင် Page Promoteလုပ်ပါ ပြီးရင် message မrunပါနဲ့ engagement Runပါ။ page like 1k 2k လောက်ရပြီဆိုရင်တော့ message runပါ။

2. Plan ချပါ။
Plan ကိုစနစ်တကျချပါ ဘယ် product ကိုစဖောက်မယ်ဆိုတာကိုစဉ်းစား​ပါရေရှည်plan ဆွဲပါ ရေတိုPlan မဆွဲပါနဲ့။

3. လူတွေကိုယ့်ကိုသိအောင်လုပ်ပါ။

လူတွေစိတ်ထည်းမှာကိုယ်ကဘာရောင်းတယ်ဆိုတာဆွဲမြဲနေအောင်လုပ်လိုက်ပါ။

4. အချိန်ပေးပါ။

ဒီနေ့လုပ်မနက်ဖြန်ဘယ်တော့မှမရောင်းရပါ။ အနည်းဆုံး ၁လကနေ ၂လကြားမှာ အပေါ်ကအချက်သုံးချက်ကိုလုပ်ပါ။

5. အားလုံးပြီးမှဒါလုပ်ပါ။

ဒီတစ်လသို့မဟုတ် ၂လအတွင်းမှာဝယ်သူတွေရဲ့မေးခွန်းတွေကိုကြည့်ပါ။အဲ့ဒါကနေ plan ကိုပြင်သင့်တာပြင်ပြီးတော့ Post ကို message Run ပါ။

ဒီငါးချက်ကတော့လုပ်သင့်တဲ့အချက်တွေပါ။

အဆင်ပြေရင်yesလို့ရေးပေးနော်

ဝယ်သူက “ဈေးများတယ်နော်လို့” ပြောလာတဲ့အခါ ဖြေရှင်းနိုင်မယ့် နည်းလမ်း (၄)ခု ‼️အရောင်းသမားတွေ အနေနဲ့ ဝယ်သူတွေက ဈေးနှုန်းနဲ့...
10/01/2022

ဝယ်သူက “ဈေးများတယ်နော်လို့” ပြောလာတဲ့အခါ ဖြေရှင်းနိုင်မယ့် နည်းလမ်း (၄)ခု ‼️

အရောင်းသမားတွေ အနေနဲ့ ဝယ်သူတွေက ဈေးနှုန်းနဲ့ပတ်သက်ပြီးတော့ ဈေးကြီးတယ်၊ ဈေးများတယ် စသည်ဖြင့် ပြောလာတဲ့အခါ ကောင်းကောင်း မဖြေရှင်းလိုက်နိုင်လို့ အရောင်းမဖြစ်လိုက်တဲ့ အခြေအနေမျိုးတွေ ကြုံဖူးကြပါလိမ့်မယ်။

ဒီလို အခြေအနေတွေကို အကောင်းဆုံး ဘယ်လို ကျော်လွှားလို့ ရမလဲ ဆိုတာကို လေ့လာကြည့်ရအောင်။

၁) ဈေးကြီးတယ်နော်လို့ ပြောလာတဲ့အခါ ဘယ်ကုန်ပစ္စည်း၊ ဘယ်တံဆိပ်နဲ့ နှိုင်းယှဉ်ပြီး ဈေးကြီးတယ်လို့ ထင်တာလဲ ဆိုတာမေးပါ။

တစ်ခါတစ်လေမှာ ဈေးများတယ်ဆိုတာဟာ ဝယ်သူဘက်က ဒီဈေးပေးဖို့ မတတ်နိုင်တာ ဖြစ်နိုင်သလို၊ သူတွေ့ဖူးကြုံဖူးတဲ့ ပစ္စည်းနဲ့ ဈေးနှုန်းတစ်ခုထဲကိုပဲ ယှဉ်ပြီး များတယ်လို့ ထင်နေတာ ဖြစ်နိုင်ပါတယ်။ ဈေးကွက်နဲ့ ပြိုင်ဘက်တွေ အနေအထားကို လေ့လာထားတဲ့အရောင်းသမား တွေ ဆိုရင်တော့ ဒီလို မေးလိုက်လို့ ဘယ်ကုန်ပစ္စည်းနဲ့ ယှဉ်ပြီး ပြောနေတာပါလို့ သိသွားပြီဆိုရင် ကိုယ့်ရောင်းကုန်က ဘယ်လိုမျိုး အားသာချက်တွေ ကြောင့် ဒီဈေးဖြစ်နေတာ ပါလို့ပြောပြီး အောင်မြင်တဲ့ အရောင်းတွေ ရဖို့ ကြိုးစားလို့ရသွားမှာ ဖြစ်ပါတယ်။

၂) တစ်ခါထဲ ပေးလိုက်ရလို့ ဈေးများတယ်ထင်တာပါ။ သူတတ်နိုင်ပါတယ်လို့ ထင်သွားရင် ဈေးကြီးတယ်လို့ မထင်တော့ပါဘူး။

အရောင်းသမားအနေနဲ့ ဝယ်သူရဲ့ တစ်နေ့တာ သုံးနေတဲ့ အသေးသုံး အသုံးစရိတ်တွေနဲ့ နှိုင်းယှဉ်ပြပြီး ကိုယ့် ပစ္စည်းက ထင်သလောက် ဈေးမကြီးပါဘူးဆိုပြီး လုပ်နိုင်ပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် မိတ်ကပ်ဝယ်တယ်ဆိုပါစို့။ ၂ သောင်းကျမယ်ဆိုရင် ဈေးကြီးတယ်နော်လို့ တွေးနိုင်ပါတယ်။ ဒီမိတ်ကပ် က ၃ လလောက် အနည်းဆုံး အသုံးခံတယ် ဆိုပါစို့။ အရောင်းသမား အနေနဲ့ အမရေ ၂ သောင်းဆိုပေမယ့်လေ ၃ လလောက် အနည်းဆုံး သုံးလို့ရတာဆိုတော့ တွက်ကြည့်ရင် တစ်နေ့မှ ၂၀၀ ကျော်ကျော်၊ တစ်လမှ ၆၀၀၀ ကျော်ပဲ ကျတော့မှာပါ။ မျက်နှာလေး ဝင်းပြီး လှနေမှာနဲ့ နှိုင်းယှဉ်ရင် ဒီဈေးက သုံးပျော်ပါတယ်နော် ဆိုတာမျိုး ပြောလို့ရပါတယ်။

၃) ကိုယ်ချင်းစာကြောင်း ဝယ်သူ သိအောင်ပြပါ။

ဝယ်သူက ဈေးများတယ်နော်လို့ ပြောလိုက်တာနဲ့ "ဟာ မများပါဘူးဗျာ" လို့်အတင်း ငြင်းလိုက်တာ မျိုးထက် "ဟုတ်ကဲ့ ကျွန်တော်တို့ လည်း နားလည်ပါတယ်။ အရင်ကဆိုလည်း ဈေးနှုန်းတစ်ခုထဲကိုပဲ ကြည့်ပြီး များတယ်လို့ ထင်တဲ့ ဝယ်သူတွေ ကျွန်တော်တို့ ဆီမှာလည်း ရှိခဲ့ပါတယ်"။ ဒီလို အစချီလိုက်ခြင်းအားဖြင့် သူပြောတာကို လက်ခံတယ်ဆိုတဲ့ ခံစားချက်ကို ဖြစ်စေလို့ သင်ဆက်ပြောမယ့် အကြောင်းအရာသည် သူ့ခေါင်းထဲ ရောက်ဖို့ ပိုအခွင့်အရေး များသွားပါတယ်။ ပြီးတော့မှ...ဒါပေမယ့် ဒီပစ္စည်းမှာပါတဲ့ feature (အင်္ဂါရပ်) တွေကြောင့် ရလာမယ့် benefit (အကျိုးရလဒ်) ငွေကုန်သက်သာသွားမှာလား၊ အချိန်ကုန်သက်သာသွားမှာလား၊ ပိုပြီး သက်သောင့် သက်သာ ဖြစ်သွားမှာလား ဆိုတာတွေကို ဝယ်သူ မြင်သွားအောင် ပြောပြတတ်ဖို့ လိုပါတယ်။

၎) အာမခံချက် ပေးပြီး အရောင်းပိတ်ပါ။

တစ်ခါတစ်လေမှာ ဝယ်သူက ဈေးများတယ်လို့ပြောလိုက်တာသည် သင့်ကုန်ပစ္စည်းကို ဝယ်ဖို့ မယုံရဲတာ၊ ဝယ်တာများမှားသွားမလားဆိုတဲ့ စိုးရိမ်စိတ် တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် သင်က ကျွန်တော်တို့ ကုန်ပစ္စည်းက "ပေးရတဲ့ ဈေးနဲ့ ပြန်ရမယ့် အကျိုးကျေးဇူးသည် ထပ်တူကျမယ် ဆိုတာကို အာမခံနိုင်ပါတယ်" ဆိုတာမျိုး၊ လူကြီးမင်းအနေနဲ့ အခြား ဈေးနှုန်းတူ၊ ကုန်ပစ္စည်းတူ၊ တွေ နဲ့ ယှဉ်လို့မှ အရည်အသွေးမပြည့်မှီဘူးဆိုရင် ၁၀၀% ငွေပြန်အမ်း ပေးမှာ ဖြစ်ပါတယ် ဆိုတာမျိုးနဲ့ ဝယ်သူရဲ့ စိုးရိမ်စိတ်ကို လျှော့ချနိုင်ဖို့ ကြိုးစားနိုင်ပါတယ်။ သင်ရောင်းတဲ့ ကုန်ပစ္စည်းရဲ့ အရည်အသွေးနဲ့ ဈေးနှုန်းကိုတော့ ယုံကြည်မှု ရှိဖို့ လိုပါတယ်။

ဒီတော့ အရောင်းသမားတွေအနေနဲ့ သင့်လုပ်ငန်း၊ သင်ရောင်းတဲ့ ကုန်ပစ္စည်း အနေအထားပေါ်မူတည်ပြီး ဈေးနှုန်းနဲ့ ပတ်သက်လို့ ပြောလာတဲ့အခါ ဘယ်လို ဖြေရှင်း လို့ရမလဲ ဆိုတာကို ကြိုတင် စဉ်းစားပြင်ဆင်ဖို့လိုပါတယ်။ ဒါမှပဲ ရေရှည်မှာ အောင်မြင်တဲ့ အရောင်းတွေ ရလာမှာ ဖြစ်ပါတယ်။

ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ MAB ရှိပါတယ်။

🔺ဘာ... သင်တန်း ၄ခုလုံးအတွက်-၃၀၀၀ တဲ့ / ဟုတ်လို့လားကွာ❓ ဟုတ်ပါတယ်!သင်တန်းလေး ၄ခု့ သင်ခန်းစာပေါင်း ၅၈ခု့ ကိုမှ့တကယ် ၃၀၀၀ တ...
07/01/2022

🔺ဘာ... သင်တန်း ၄ခုလုံးအတွက်-၃၀၀၀ တဲ့ / ဟုတ်လို့လားကွာ❓ ဟုတ်ပါတယ်!
သင်တန်းလေး ၄ခု့ သင်ခန်းစာပေါင်း ၅၈ခု့ ကိုမှ့
တကယ် ၃၀၀၀ တည်းပါ!

[ ယခုကာလအတွင်း တက်ချင်နေတဲ့သူတွေအတွက် အစစအရာရာအဆင်ပြေအောင် အထူးလျော့ဈေးချ ပေးထားတာပါ ]

🔺အဲ့သင်တန်းမှာ ဘာတွေသင်ပေးမှာလဲ❓

🔑🔑 MAB မှာ သင်ယူလေ့လာ ရမယ့် အဓိက သင်ခန်းစာပေါင်း(58) ခုကတော့...

Marketing Classမှာ...
✅ Marketing အောင်မြင်ရတဲ့အဓိကအချက်များ
✅အရင်းအနှီးအနည်းငယ်ဖြင့် စတင်နိုင်သော
ကိုယ်ပိုင်လုပ်ငန်းများ အကြောင်း
✅ရောင်းသူများကြားမှာ နေရာတစ်ခုအထိရဖို့ MSR အကြောင်း ရှင်းပြခြင်း
✅ရောင်းအားအသွက်ဆုံး ပစ္စည်းများ အကြောင်း
✅ကိုယ်ပိုင်လုပ်ငန်းအတွက် စနစ်တကျ Page ဖွင့်နည်း
✅Page အတွက် လိုအပ်မယ့် Setting (1)
✅Page အတွက် လိုအပ်မယ့် Setting (2)
✅Page Templates နှင့် Page Tabs များ
✅Page Chatbox link ပြုလုပ်နည်း
✅Page ကိုင်တွယ်နိုင်ဖို့ လမ်းညွှန်ချက်(1)
✅Page ကိုင်တွယ်နိုင်ဖို့ လမ်းညွှန်ချက်(2)
✅Page Roles များအကြောင်း
✅ဘာတွေလိုအပ်နေလဲဆိုတာ သိရဖို့ Page Insightsကို သုံးသပ်ခြင်း
✅Page နှင့် Groups ဖွင့်နည်း အသေးစိတ်
✅သတိထားရမယ့် Page Quality အကြောင်း
✅Page Buttons များ အကြောင်း
✅Business suite ချိတ်ဆက်အသုံးပြုနည်း
✅Auto Replyများနှင့် စက္ကန့်ပိုင်းအတွင်း Quick Reply များဖန်တီးနည်း
✅Pageမှာ Shop ထောင်နည်း အသေးစိတ်
✅Postတင်သည်ံအခါ Like This Page Button
ထည့်နည်း
✅Creator Studio ဖြင့် စနစ်တကျ Scheduled Post တင်နည်း
✅Page Album စနစ်တကျ ပြုလုပ်နည်း

Boosting Classမှာ...
သင်ကိုယ်တိုင်.. ထိထိရောက်ရောက် ရောင်းအားမြှင့်တင်နိုင်ဖို့ .....
✅Boost၊ Promote နှင့် People reachedများအကြောင်း
✅Gmail ဖွင့်နည်း
✅Business Mng Acc ဖွင့်နည်း
✅Account စကားဝှက်မေ့ရင် ပြန်ဆယ်နည်း
✅လိုအပ်တဲ့အခါ အလွယ်တကူ Account Nameချိန်းနည်း
✅ကြော်ငြာခွင့် (Boost) ရဖို့ Ad Account ID တင်နည်း
✅Post Boost/ Page Promote လုပ်သည့်အခါ reject/restrict မထိစေဖို့ ဆောင်ရန်ရှောင်ရန်အချက်များ
✅ကိုယ်တိုင် ကျွမ်းကျင်စွာ Post Boost လုပ်နည်းနှင့် paymentထည့်နည်း အဆင့်ဆင့်
✅Page လူသိများအောင် ကြော်ငြာဖို့ ၊ Page like&followersတိုးအောင် စနစ်တကျ Page Promoteလုပ်နည်း အဆင့်ဆင့်
✅ကြော်ငြာတိုင်း ordersနဲ့ ရောင်းအားတက်အောင် Audience & Interest Setting ထိထိမိမိ တွေးနည်း၊ချိန်နည်း
✅Ads Managerကို ကျွမ်းကျင်စွာ အသုံးပြုခြင်း
✅Smart Ads Campaignsများ ဖန်တီးနည်း
✅Ads Payment Setting ကြည့်/ချိန်နည်း
✅ကြော်ငြာထားတဲ့ Postကို စနစ်တကျ ပြန်လည် ပြင်ဆင်နည်း
✅Audience Setting ပြန်လည် ပြင်ဆင်နည်း
✅ လိုအပ်ပါက Boost Error ဖြေရှင်းနည်းအတွက် သင်ခန်းစာတွေ ထပ်တိုး မှာဖြစ်ပါတယ်ခင်ဗျာ..

Creative Designs For Business မှာ...
ကိုယ်ပိုင် လုပ်ငန်းတစ်ခုအဖြစ် ခိုင်မာစွာ ရပ်တည်နိုင်ဖို့ လိုအပ်ချက်များအတွက်...
✅ကိုယ်ပိုင် Word Logo ဆွဲနည်း
✅ကိုယ်ပိုင် Chracterbased Logoဆွဲနည်း
✅ ကိုယ်ပိုင် Graphic Logo ဆွဲနည်း
✅ လုပ်ငန်းအတွက် Page Cover Logo ဆွဲနည်း
✅ လုပ်ငန်းအတွက် Business Card ဆွဲနည်း
✅Thank You Cardဆွဲနည်း
✅လုပ်ငန်းအတွက် Member Cardဆွဲနည်း
✅ကိုယ်ပိုင် Logoနှင့် ဘောင်ချာဆွဲနည်း
✅ရောင်းကုန်မှာ ကိုယ်ပိုင် Logo သပ်ရပ်စွာထည့်နည်း

Content Writing Classမှာ...
မြင်သူတကာ Customersများထံမှ စိတ်ဝင်စားမှု အပြည့်အဝ ရရှိစေဖို့...
✅Content Writing အရေးကြီးသည့်အချက်
✅Content Writing Vs Copy Writing
✅ဥပမာ ပေး၍ အသေးစိတ် ရှင်းပြခြင်း
✅အစားအသောက် ရောင်းသူများအတွက် Content Tips & Ideas များ
✅အဝတ်အထည်ရောင်းသူများအတွက် Content Tips & Ideasများ
✅Online Class ဖွင့်ချင်သူများအတွက်
Content Tips & Ideasများ
✅အလှကုန် ရောင်းသူများအတွက် Content Tips & Ideasများ

✅မိမိလုပ်ငန်း ကြော်ငြာဖို့ အတွက် Whiteboard Animation သင်ခန်းစာများကိုပါ အသေးစိတ် လေ့လာရမှာဖြစ်ပါတယ်ခင်ဗျာ..

👨🏻‍🏫သင်ကြားမှုပုံစံကတော့..

✅Private Groupထဲမှာ အပြည့်အဝ တတ်မြောက်သည်အထိ အချိန်မရွေး၊ မိမိအားတဲ့အချိန် လေ့လာလို့ရအောင်ပြင်ဆင်ပေးထားပါတယ်
✅Business & Marketing ပိုင်းမှာ အတွေ့အကြုံများစွာရှိတဲ့ ဆရာများမှ သင်ပြထားသည့် သင်ခန်းစာ ဗီဒီယိုဖိုင်များနဲ့အတူ Social Learning Guides စနစ်ကို အသုံးပြုထားပါတယ်ခင်ဗျာ...
✅Guides နံပါတ်များကို ကြည့်၍ (သို့)
မိမိ လေ့လာလိုသည့် အချက်များကို ရွေးချယ်၍
အလွယ်တကူ လေ့လာသင်ယူနိုင်ပါတယ်ခင်ဗျာ...
✅သင်ခန်းစာ လေ့လာနည်းအတွက် အသေးစိတ် ဗီဒီယိုဖိုင်ကို ပြင်ဆင်ပေးထားတာမို့ အခက်အခဲ မရှိ သင်ယူနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ...
✅နားမလည်သည့် သင်ခန်းစာများကို တစ်ပတ်မှာ ငါးရက် အချိန်ပေး၍ နားလည်သည်အထိ အသေးစိတ် ပြန်လည် ဖြေကြားပေးပါတယ်ခင်ဗျာ....(တစ်သက်စာ အမြဲလေ့လာနိုင်ပါတယ် ခင်ဗျာ)
✅အိမ်မှာနေပြီး Online ကနေပဲ 100% တတ်ကျွမ်းသည်အထိ လေ့လာသင်ယူနိုင်ပါတပြီခင်ဗျာ...
✅လမ်းညွှန်ချက်တွေအတိုင်း လေ့လာသင်ယူပါက 100% တတ်မြောက်မည်ဟု အာမခံပါတယ်ခင်ဗျာ....

👉 သတ်မှတ်ထားတဲ့ ပထမဆုံး အယောက် ၁၀၀ အထိ ဘဲ ၃၀၀၀ ကျပ် ဖြင့် လက်ခံပေးသွားပါမယ်ခင်ဗျာ...

👉သတ်မှတ်ထားသည့် သင်တန်းသားအရေအတွက် ပြည့်သွားပါက..
✅ပုံမှန်သင်တန်းကြေး 10000ksဖြင့် လက်ခံသင်ကြားပေးသွားပါမယ်ခင်ဗျာ...

💁🏻‍♂️70%OFFနှင့် အချိန်မှီ သင်တန်းတက်မည်ဆိုပါက
Page Messenger သို့ 👉Yes👈🏻 ဟု ပေးပို့၍ သင်တန်းအပ်နိုင်ပါတယ်ခင်ဗျာ....

ယခု Post Commentမှာလည်း Yes ဟု ချန်ထား၍ သင်တန်းအပ် နိုင်ပါတယ် ခင်ဗျာ...

ကဲ.. အချိန်မှီ သင်တန်းအပ်ပြီး ဝယ်သူများစည်ကားနေတဲ့ လုပ်ငန်းတစ်ခုကို အခုပဲ စတင်လိုက်ပါ...

🌿MAB- Online Training Center Myanmar

🔺  လုပ်ငန်းရှင်တိုင်းအတွက်❗2019 လောက်ထဲ က Boosts Unavailable ပြသာနာက တွေ့နေကြဆိုပေမယ့် သိပ်ပြီး ဖြစ်လေ့ဖြစ်ထ မရှိပါဘူး။ ...
07/01/2022

🔺 လုပ်ငန်းရှင်တိုင်းအတွက်❗

2019 လောက်ထဲ က Boosts Unavailable
ပြသာနာက တွေ့နေကြဆိုပေမယ့် သိပ်ပြီး
ဖြစ်လေ့ဖြစ်ထ မရှိပါဘူး။ 2021 လောက်
ရောက်တဲ့ အချိန်မှာ Boosts Unavailable
ပြသာနာက အတော်ကိုများလာပါတယ်။

Boosts Unavailable မှာ
(1) Page not allow to advertise နဲ့
(2) Your not allowed to run ads ဆိုပြီး
နှစ်မျိုး ရှိပါတယ်။

(1) Page not allow to advertise က
Page ကို ဘယ် Ads Acc နဲ့မှ ကြော်ငြာ
ထုတ်ခွင့် မပြုတော့တာပါ။
Page ကို ကြော်ငြာထုတ်ခွင့် ပိတ်လိုက်တာ
ဖြစ်ပါတယ်။ ဒါကြောင့်မို့ Page မှာတော့
Boosts Unavailable ဖြစ်နေပေမယ့်
Ads Acc မှာတော့ Active လို့ပြနေတာ
ဖြစ်တယ်။

(2) Your not allowed to run ads ကတော့
Ads Acc ကို ကြော်ငြာထုတ်ခွင့် ပိတ်လိုက်
တာပါ။ Page ကို တစ်ခြား Ads Acc နဲ့
ကြော်ငြာထုတ်လို့ ရပါတယ်။ Page ကို
ပိတ်လိုက်တာ မဟုတ်ဘဲ Ads Acc ကိုဘဲ
ပိတ်လိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့
Ads Acc ထဲ ၀င်ရင် Ads Disable လို့
ပြနေတာ ဖြစ်ပါတယ်။ Ads Acc ဆိုတာ
ကတော့ ကြော်ငြာထုတ်တဲ့ Acc ကို
ပြောတာပါ။

ဒီနှစ်ချက်ထဲက ဘယ်အချက်ဖြစ်နေတာလဲ
ဆိုတာ သိချင်ရင် Boosts Unavailable ကို
နှိပ်ကြည့်ပါ။

Boosts Unavailable ဘာကြောင့်ဖြစ်တာလဲ
မသိရင် Ads Acc တွေက Disable ကျနေမှာ
ဖြစ်ပါတယ်။
==================================
🎯 Boosts Unavailable ဘာကြောင့်ဖြစ်တာလဲ❓

Policy အားလုံးကိုပြောရင် တစ် Post ထဲနဲ့
မရတာကြောင့် အဓိက အချက်တွေကိုဘဲ
ပြောပြပေးထားပါတယ်။

✅ Policy မလွတ်တဲ့ ပစ္စည်းတွေကို ရောင်းတာ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Online လောင်းကစား၊ ဆေးပစ္စည်းနဲ့
ကုန်အမှတ်တံဆိပ် တွေက ရောင်းချ
ခွင့်မရှိပါဘူး။

ဒါပေမယ့် ရောင်းမယ်ဆိုရင်လဲ
ရောင်းလို့ရတဲ့နည်းတွေ ရှိပါတယ်။

Design ကို Policy နဲ့ လွတ်အောင်ဆွဲပါ။
Online လောင်းကစားနဲ့ ဆေးဝါးပစ္စည်းတွေ
ဆိုရင် Design မှာ စာသားကို အဓိကထားပါ။
ပုံမှာ ဖဲချပ်၊ ဆေးဗူးတွေကို ပေါ်လွင်အောင်
အဓိကမထားဘဲ ပေးချင်တဲ့ Message
ကို ထိရောက်အောင် စာသားနဲ့ ရုပ်ပြပုံကို
ဆွဲပါ။ ဆေးပစ္စည်းတွေမှာမှ အဆီကျဆေးတွေ
ဆိုရင် Design ကို အရမ်းသတိထားရပါတယ်။

ကုန်အမှတ်တံဆိပ်လို့ ဆိုတာနဲ့ အလှကုန် နဲ့
Clothing Brand၊ Bags၊ Shoes တွေကို
တော်တော်များများ ရောင်းကြပါတယ်။

ဒီပစ္စည်းတွေက Online Shop သမားတွေ
အတွက် အဓိက အားထားရာပါ။
လုံးဝ မရောင်းလို့မရတာ မဟုတ်ပါ။
ရောင်းလို့ရတဲ့ နည်းတွေရှိပါတယ်။
ဒီပစ္စည်းတွေ ရောင်းတဲ့အခါမှာ အထူး
သတိထားရမှာက

(1) Website တွေက Copy Right ညိတဲ့ ပုံတွေ
(2) ကုန်ပစ္စည်းနဲ့ Logo ကို ထင်ပေါ်အောင်
ဓာတ်ပုံရိုက်ပြီး Page ပေါ် တင်ရောင်းတာမျိုး
တွေ မလုပ်မိဖို့ လိုပါတယ်။

အဲ့လိုမှ မတင်ရင်လဲ ဘယ်လိုတင်ရမလဲ
ဆိုရင်တော့ စာအရမ်းရှည်သွားပါမယ်။
စာနဲ့ရေးမနေတော့ဘဲ Design နမူနာ ပေးပါမယ်။

(ကုန်အမှတ်တံဆိပ်ဆိုရာတွင် ကိုယ်တိုင်ထုတ်တဲ့
အမှတ်တံဆိပ်မျိုးမဟုတ်ပါ၊ နာမည်ရပြီးသား Brand တွေကို ပြောခြင်းဖြစ်ပါတယ်)

🔶 Design နမူနာ ရယူချင်ရင် မန့်မှာ "D-YES"
လို့ ရေးခဲ့ပေးပါ။

✅ Policy မလွတ်တဲ့ Design နဲ့ Boosts လုပ်တာ။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Policy မလွတ်တဲ့ Design ဆိုတာက ခါးပေါ်၊
ရင်ပေါ် Sexy ဖြစ်အောင် Design ဆွဲတာ၊
တစ်စုံတစ်ယောက်ကို နိမ့်ချတဲ့ Design မျိုးနဲ့
Compare လုပ်ပြီးဆွဲတာ၊ Personal Attack
ပုံစံမျိုး Design ဆွဲတာ၊ နာမည်ရပြီးသား
Brand ကုန်အမှတ်တံဆိပ် Logo တွေကို
ပေါ်လွင်အောင်ဆွဲတာ၊ Facebook မှာ
တားမြစ်ထားတဲ့ ပစ္စည်းတွေကို ထင်ပေါ်အောင်
ဆွဲတာမျိုး၊ Page Logo ကို Product တွေ
ပေါ်မှာ ထားတာ၊ ဒါမျိုး Design တွေကို ရှောင်ပါ။

✅ Boosts ကို မကျွမ်းကျင်ဘဲ မလုပ်တတ်
လုပ်တတ်နဲ့ လုပ်တာ။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Terms and Condition ကို Accept မလုပ်တာ၊
Campaign တွေကို သေချာ မသုံးတတ်ဘဲ
ဖြစ်သလို အသုံးပြုတာ၊ Payment တောင်းတာ
ကို မဆပ်တတ်ဘဲ တစ်ခြား Ads Acc တွေနဲ့
ထပ်ပြီး Run တာ၊ Ads Acc တစ်ခုထဲမှာ
Page 6ခု၊7ခု ကို စုပြီး Run တာ။ Page တစ်ခု
အတွက် Ads Acc တစ်ခုသာ အကောင်းဆုံးပါ။
Visa Card တစ်ကဒ်ထဲကို Ads Acc 6 ခုလောက်
မှာ အသုံးပြုတာ ဒါမျိုးတွေကို မလုပ်ပါနဲ့။

✅ Reject မိတဲ့ Post ကို ခဏခဏ Run တာ။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Reject မိတဲ့ Post တွေကို Request Review
တင်တာတော့ ကောင်းပေမယ့် Post ကို
ဘာကြောင့် Reject မိစေလဲ ဆိုတဲ့အဖြေကို
အရင်ရှာပြီး ပြင်သင့်တာကို ပြင်ပါ။
တကယ်လို့များ Facebook က မှားပြီး
Reject လုပ်မိတယ်ဆိုရင် Request Review
တင်ပြီး မှာ Facebook နဲ့ live Chat သွားပြောပါ။

Facebook Live Chat Link 👇
(www.facebook.com/business/help)

ဒီလိုမှမဟုတ်ဘဲ Reject မိလို့ Campaign ကို
ဖျက်ပြီး အဲ့ Post ကို ထပ်ခါထပ်ခါ Run ရင်
Ads Acc ကို Disable လုပ်တဲ့ အပြင်
အခန့်မသင့်ရင် Page ကိုပါ ကြော်ငြာ
ထုတ်ခွင့်ပိတ်ပါတယ်။

✅ Bank ရဲ့ Main Visa ကဒ်နဲ့မဟုတ်ဘဲ
Boosts လုပ်တာ။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Bank ကထုတ်ပေးထားတဲ့ Main Visa
ကဒ်နဲ့ မဟုတ်ဘဲ E-book လောက်ဘဲ
ဝယ်ယူဖို့ ထုတ်ပေးထားတဲ့ Visa ကဒ်နဲ့
Boosts လုပ်မယ်ဆိုရင် Ads Disable က
လှမ်းကြိုနေပါတယ်။

✅ Visa Crack Version တွေနဲ့ Boosts လုပ်တာ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Visa ကို Crack Version သုံးပြီး Run ရင် Disable
ကျပါတယ်။

✅ VPN ကျော်ပြီး Page ဖွင့်တာပါ။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
VPN Software တွေ APP တွေနဲ့ VPN
ကျော်ပြီး Page ဖွင့်ခြင်း၊ ပုံနဲ့စာတင်ခြင်း
ကလဲ အခန့်မသင့်ရင် Boosts Unavailable
ဖြစ်တတ်ပါတယ်။

✅ VPN ကျော်ပြီး Ads Run တာ၊
Boosts လုပ်တာ။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
VPN Software တွေ၊ APP တွေနဲ့ VPN
ကျော်ပြီး Campaign ဖျက်တာ၊ Payment
သွင်းတာ Boosts လုပ်တာတွေက Disable
ကျစေပါတယ်။

VPN ကျော်ပြီး လုံးဝ Run လို့မရတာတော့
မဟုတ်ပါ။ Run လို့ရတဲ့နည်းရှိပါတယ်။

VPN မကျော်ရတဲ့ Wifi တွေရှိနေပေမယ့်
VPN ကျော်မှ Facebook သုံးလို့ရတဲ့
သူတွေအတွက် VPN Software နဲ့ မဟုတ်ဘဲ
Extension နဲ့ဆို အဆင်ပြေပါတယ်။

Marketing ကောင်းဖို့ Content ဘယ်လိုရေးမလဲ?Marketing တစ်ခုမှာ Content က အရေးကြီးဆုံး အချက်တစ်ချက်ဖြစ်ပါတယ်။ Content ကောင်...
07/01/2022

Marketing ကောင်းဖို့ Content ဘယ်လိုရေးမလဲ?

Marketing တစ်ခုမှာ Content က အရေးကြီးဆုံး အချက်တစ်ချက်ဖြစ်ပါတယ်။ Content ကောင်းရင်ကောင်းသလို ကိုယ့်ရဲ့ Audienceတွေလည်း များလာမှာဖြစ်ပါတယ်။ အဲ့ဒီတော့ Dear Marketer တို့အတွက် Content ရေးတော့မယ်ဆိုရင် သိထားရမယ့် အချက်(၆)ချက်ကိုပြောချင်ပါတယ်။

(၁) ကိုယ်ထုတ်မယ့် Brand က ဘယ်အသက်အရွယ်ပိုင်းကို ဦးစားပေးမှာလဲ?
ကိုယ်ရဲ့ Product က လူငယ်တွေအတွက်လား? လူကြီးတွေအတွက်လား? ဆိုတာကို အရင်ဆုံးသိထားဖို့လိုအပ်ပါတယ်။အဲ့ဒါမှ ကိုယ်ရေးမယ့် Content မှာ ဘယ်သူတွေအတွက် အဓိကထားပါတယ်ဆိုပြီး ပြောလို့ရမှာဖြစ်တယ်ပေါ့နော်။

(၂) ကိုယ့်ရဲ့ Customer တွေကို ဘယ်လိုနာမ်စားသုံးပြီးခေါ်မလဲ?
ကိုယ်ရဲ့ Brand နဲ့ကိုက်ညီမယ့် အသက်အရွယ်အတိုင်း Customer တွေကို ဆွဲဆောင်မှုရှိစေမယ့် အခေါ်အဝေါ်တွေကိုသုံးဖို့ လိုအပ်ပါတယ်။

(၃) အချိန်အများကြီးပေးပြီး ဖတ်ရမယ့် Content မျိုးမရေးပါနဲ့၊
လူတိုင်းက စာရှည်ရင် သူတို့ရဲ့စိတ်ဝင်စားမှုက နည်းသွားတတ်ပါတယ်။ အဲ့ဒါကြောင့် ကိုယ့်ရဲ့ Product အကြောင်းကို ရေးတဲ့အခါ စာကို ၁မိနစ်လောက်ပဲ အချိန်ပေးဖတ်ရပြီး ဖတ်တဲ့လူကို အကျိုးရှိသွားစေမယ့် Content မျိုး ဖြစ်အောင်ရေးပါ။

(၄) Content Calendar ဆွဲရပါမယ်။
ကိုယ်ရေးထားတာကကောင်းပေမယ့် ကိုယ်တင်တဲ့အချိန်မှားရင် ကိုယ့်ရဲ့ Product အကြောင်းကို လူတွေသိဖို့ မလွယ်ပါဘူး။ အဲ့ဒါကြောင့် Content Calendar နဲ့ Engagement ကောင်းမယ့် အချိန်မျိုးကို ရွေးတတ်ရပါမယ်။

(၅) စာလုံးပေါင်းသတ်ပုံ သေချာစစ်ပါ။
ကိုယ်ရေးထားတဲ့ Content က ဘယ်လောက်ပဲ ကောင်းကောင်း စာလုံးပေါင်းသတ်ပုံမှားရင် ဘာမှအသုံးမဝင်တော့ပါဘူး။ အဲ့ဒါကြောင့် စာလုံးပေါင်းသတ်ပုံကို သတိထားပါ။

(၆) ကိုယ့်ရဲ့ Content ကို သေချာအောင် ခဏခဏပြန်ပြီးစစ်ပေးပါ။
ကိုယ့်ရဲ့ Contentက အဆင်ပြေရဲ့လား ဘယ်နေရာမှာ ဘာလိုနေသေးလဲဆိုတာကို သေချာသိအောင် ခဏခဏ ပြန်ပြန် စစ်ပေးပါ။

ဒါဆိုရင် Dear Marketer တို့အနေနဲ့ ကိုယ့်ရဲ့ Product အကြောင်းကို Content ရေးတဲ့အခါ ဘာတွေ လိုအပ်မလဲဆိုတာကို သိသွားမယ်လို့ မျှော်လင့်ပါတယ်။

အရောင်းသမားတိုင်းသတိထားရှောင်ကြဉ်သင့်တဲ့ အပြုအမူ ၅ ခု 📌အရောင်းသမားတွေအနေနဲ့ များများရောင်းရချင်တယ်ဆိုရင် ဝယ်သူတွေနဲ့ ပြေ...
06/01/2022

အရောင်းသမားတိုင်းသတိထားရှောင်ကြဉ်သင့်တဲ့
အပြုအမူ ၅ ခု 📌

အရောင်းသမားတွေအနေနဲ့ များများရောင်းရချင်တယ်ဆိုရင် ဝယ်သူတွေနဲ့ ပြောဆို ဆက်ဆံတဲ့အခါမှာ သတိထားရှောင်ကြဉ်သင့်တဲ့ အပြုအမူတွေ ရှိပါတယ်။

တစ်ခါတစ်လေလည်း သတိမထားမိဘဲ ဖြစ်သွားတတ်တဲ့ အမှားမျိုးတွေ ဖြစ်လို့ အောင်မြင်တဲ့ အရောင်းတွေ ရချင်ရင်တော့ ဒီအချက်တွေကို သတိထားရပါမယ်။ ဘယ်လို အပြုအမူမျိုးတွေ ဖြစ်မလဲ လေ့လာကြည့်ရအောင်။

၁) လူတိုင်းကို ရောင်းဖို့ကြိုးစားခြင်း

“Everyone is not your customer” (လူတိုင်းက သင့်ရဲ့ customer တွေ မဟုတ်ပါဘူး) လို့ မားကတ်တင်းဂုရုကြီး Seth Godin ကပြောထားပါတယ်။ လုပ်ငန်းတိုင်းမှာ ပစ်မှတ်ထားတဲ့ ဝယ်သူတွေ၊ ဈေးကွက်တွေ ရှိရပါမယ်။ ဒါကို အရောင်းသမားတွေက နားလည်ထားဖို့လည်း လိုပါတယ်။ ကိုယ့်လုပ်ငန်းရဲ့ တားကဒ်ထားတဲ့ ဝယ်သူက ဘယ်သူလဲ၊ သူတို့ ဆီက အရောင်းရဖို့ ဘယ်လို ကြိုးစားရမလဲ ဆိုတာကို သာအာရုံစိုက်ရမှာ ဖြစ်ပြီး၊ ဈေးလာမေးတဲ့သူတိုင်း၊ နောက်မှပဲ ပြန်ပြောတော့မယ် နော် ဆိုပြီး ငြင်းသွားတဲ့သူတိုင်းကို လိုက်ဖြေရှင်းနေရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် targeted customer တွေဆီက ငြင်းပယ်မှုတွေ များလာပြီဆိုရင်တော့ ဘာ့ကြောင့်လဲ ဆိုတာကို သုံးသပ်ဖို့လိုပါပြီ။

၂) ဝယ်သူကို အထင်သေးခြင်း

ဒါကိုလည်းဝယ်သူတော်တော်များများကြုံဖူးကြမှာ ဖြစ်သလို၊ အရောင်းသမားအချို့လည်း ဒီလို အပြုအမူမျိုး လုပ်ဖူးပါလိမ့်မယ်။ ထိရောက်တဲ့မေးခွန်း မေးနည်းတွေနဲ့ ဝယ်သူရဲ့ လိုအပ်ချက်၊ လိုအင် တွေကို မသုံးသပ်တော့ဘဲ ဝယ်သူရဲ့ စကားပြောပုံ၊ ဆိုပုံ၊ ဝတ်ပုံစားပုံကို ကြည့်ပြီး သုံးသပ်ချက်မှားတဲ့အခါ ဝယ်သူကို အထင်အမြင်သေးတဲ့ အပြုအမူမျိုး လုပ်မိတတ်ပါတယ်။ ဒါကိုလဲ အရောင်းသမားတိုင်းသတိထားရှောင် ကြဉ်ရပါမယ်။

၃) Follow-up မလုပ်လဲ ဝယ်သူ အသစ်ရဖို့သာလျှင် ကြိုးစားခြင်း

အလားအလာရှိတဲ့ ဝယ်သူ အသစ်တွေ​ ရအောင်ကိုပဲ ဦးစားပေးကြိုးစားပြီးတော့ ကုန်ပစ္စည်းအကြောင်းတွေ ဈေးနှုန်းတွေတော့ ပို့လိုက်တယ်၊ တင်ပြလိုက်တယ် ဒါပေမယ့် ဘာမှ သတင်းပြန်မကြားရသေးတဲ့ ဝယ်သူတွေကို ပစ်ထားလိုက်တာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ မှန်ကန်ထိရောက်တဲ့ နည်းလမ်းတွေနဲ့ ပြန်ဆက်သွယ် ခြင်း (follow up) လုပ်ရမှာသည်လည်း အရောင်းသမားတွေ အတွက် အရေးကြီးတဲ့ တာဝန်တစ်ခု ဖြစ်ပါတယ်။

ဥပမာ - မ၀ယ်သေးတဲ့ ၀ယ်သူဖောက်သည်ကို ၂ပတ် တစ်ခါလောက် ဖုန်းဆက်ပေးတာမျိုး၊ တစ်လတစ်ခါလောက် ပစ္စည်းလေးတွေ အစမ်းသုံးဖို့ ပို့ပေးတာမျိုးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားသင့်ပါတယ်။ ဒါမှပဲ ၀ယ်သူက သူဝယ်ယူဖို့ အဆင်သင့်ဖြစ်တဲ့အချိန်မျိုး မှာသင့်​ကို ၊သင့​ကုန်ပစ္စည်းကို သတိရပြီး ၀ယ်ယူလာမှာဖြစ်ပါတယ်။

၎) ကိုယ်ရောင်းတဲ့ ကုန်ပစ္စည်းအကြောင်း၊ ဈေးကွက်အကြောင်း အသေးစိတ် နားလည်ဖို့ မကြိုးစားခြင်း

အရောင်းသမားတွေအနေနဲ့ ရောင်းနေတဲ့ ကုန်ပစ္စည်းအကြောင်း၊ ဈေးကွက် အကြောင်းကို မပြတ် လေ့လာရမှာ ဖြစ်ပါတယ်။ ဒါတွေကို လေ့လာထားတဲ့ အရောင်းသမားသည် ရောင်းတဲ့ ကုန်ပစ္စည်းချင်းတူရင်တောင် အခြားသူတွေထက် ယှဉ်ပြိုင်မှု အားသာချက် ဖြစ်ပြီး ဝယ်သူတွေ သင့်ဆီက ဝယ်ဖို့ ရာခိုင်နှုန်း ပိုများပါလိမ့်မယ်။
၅) အားလုံးကို သိဟန်ဆောင်ခြင်း

လူတိုင်းသည် အရာအားလုံးကို မသိနေနိုင်ပါဘူး။ ဒါကို ဝယ်သူတွေလည်း နားလည်လက်ခံပါတယ်။ အရောင်းသမားတွေ အနေနဲ့ ဝယ်သူမေးတဲ့ မေးခွန်းထဲမှာ မသိတာမျိုး၊ အဖြေ မသေချာတာ မျိုး၊ ချက်ချင်းဖြေဖို့ အချက်အလက်မရှိတာမျိုးဆိုရင် "ဟုတ်ကဲ့ ကျွန်တော်/ကျွန်မ ဘယ်အချိန်မှာတော့ အတိအကျ အဖြေပြန်ပို့ပေးပါ့မယ်" မက်ဆေ့ပို့ပေးပါ့မယ်။ ဖုန်းခေါ်ပေးပါ့မယ်။ စသည်ဖြင့် ပြောတာမျိုးသည် မှန်ကန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဝယ်သူမေးခွန်းကို ရှောင်ဖို့ ကြိုးစားတာတွေ၊ မသိဘူးမပြောချင်တဲ့ အတွက် မသေချာတဲ့ အဖြေတွေ ပေးပြီး မေးတာတစ်ခြား ဖြေတာတစ်ခြား လုပ်တာမျိုးတွေက ဝယ်သူတွေရဲ့ အရောင်းသမားအပေါ် ယုံကြည်မှုကို ပျောက်ဆုံးစေပါတယ်။ လူတွေသည် ကိုယ်ယုံတဲ့ သူဆီကပဲ ဝယ်တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီလိုအပြုအမူတွေကို သတိထားရှောင်ကြဉ်မယ်ဆိုရင် သင့်ဝယ်သူတွေနဲ့ ဆက်ဆံရေး ပိုကောင်းလာပြီး အောင်မြင်တဲ့ အရောင်းတွေ ဖန်တီးနိုင်မှာပါ။

ရောင်းကောင်းကြပါစေ....

ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။

#သင်ထင်ထားတာထက်ပိုပါတယ်။ #တိုးတက်မှုတစ်ခုနေ့စဉ်ပြုပါ။

အရောင်းသမားတွေ အနေနဲ့ ဝယ်သူနဲ့ sales call သွားတွေ့တဲ့အခါမှာပဲ ဖြစ်ဖြစ်၊ ဖုန်းပြောတဲ့အခါ၊ အီးမေလ်းပို့တဲ့အခါမှာပဲ ဖြစ်ဖြစ...
06/01/2022

အရောင်းသမားတွေ အနေနဲ့ ဝယ်သူနဲ့ sales call သွားတွေ့တဲ့အခါမှာပဲ ဖြစ်ဖြစ်၊ ဖုန်းပြောတဲ့အခါ၊ အီးမေလ်းပို့တဲ့အခါမှာပဲ ဖြစ်ဖြစ်၊ sales presentation လုပ်တဲ့အခါမှာပဲ ဖြစ်ဖြစ် အောင်မြင်တဲ့အရောင်း တွေ ဖြစ်ချင်ရင် call to action လုပ်တတ်ဖို့ လိုပါတယ်။ Call to action ဆိုတာက သင်ပို့လိုက်တဲ့ အချက်အလက်၊ သင်ပြောလိုက်တဲ့ အကြောင်းအရာကို နားထောင်ပြီး တစ်ဖက်လူကို ဘာလုပ်စေချင်တာလည်း ဆိုတာကို တစ်ခါထဲ ထည့်သွင်း ပြောလိုက်ခြင်းဖြစ်ပါတယ်။

ဥပမာ- sale presentation လုပ်တယ်ဆိုပါစို့။ သင့်ကုန်ပစ္စည်းက ဘယ်လိုအရာတွေ နဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်၊ feature (ပါဝင်တဲ့အင်္ဂါရပ်) နဲ့ benefit (ဒီ အင်္ဂါရပ်ကြောင့်ရလာမယ့် အကျိုးရလဒ်) တွေက ဘာတွေပါ ဆိုတာကို ပြောပြီးရုံနဲ့ presentation ကို အဆုံးသတ်လိုက်လို့မရပါဘူး။ ဒီလိုသာ အဆုံးသတ်လိုက်မယ်ဆိုရင် ဝယ်သူက သင်ပြောပြတဲ့ အချက်အလက်တွေ အရကုန်ပစ္စည်းကို သဘောကျသွားတဲ့ အနေအထားဆိုရင်တောင် ဝယ်မယ် ဆိုရင် ဘယ်လို လုပ်ရမလဲ။ နောက်တစ်ဆင့်က ဘာလဲဆိုတာကို သေချာ မရှင်းလင်းတဲ့အတွက် အရောင်းရဖို့ ခက်ပါလိမ့်မယ်။ ဒီတော့ သင်က "ဒီအပတ်အတွင်း ငွေအကျေချေမယ်ဆိုရင် ၅% discount ရမှာမို့ အခုပဲ နာမည် အပြည့်အစုံနဲ့ ဖုန်းနံပါတ်ပေးပြီး စာရင်းသွင်းလိုက်ပါ" ဆိုတာမျိုး ဝယ်မယ်ဆိုရင် ဘာဆက်လုပ်ပါဆိုပြီး call to action ပါ ထည့်ပြောဖို့လိုပါတယ်။ ဒါသည် ဝယ်ဖို့ ဆုံးဖြတ်ချက် အမြန်ချဖို့ကို လှုံ့ဆော်ရာလည်း ရောက်ပါတယ်။

ဒီလိုပဲ မက်ဆေ့ပို့တယ်၊ အီးမေလ်းပို့တယ်၊ social media မှာ ကြော်ငြာတယ်၊ content marketing လုပ်တယ် ဆိုလည်း ဝယ်ဖို့ စိတ်ဝင်စားနေပြီဆိုရင်တော့ ဘာဆက်လုပ်ပါ ဆိုတဲ့ call to action မဖြစ်မနေပါဖို့ လိုအပ်ပါတယ်။

Call to action အနေနဲ့ ဘယ်လို စကားလုံးတွေကိုရွေးချယ် သုံးလို့ရမလဲ လေ့လာကြည့်ရအောင်။

၁) Register (စာရင်းသွင်းလိုက်ပါ)၊ သင့်ကုန်ပစ္စည်းကို တစ်ခါထဲ အရောင်းရချင်တဲ့အခါ ဒီစကားလုံး သုံးလို့ရပါတယ်။

၂) Call (အသေးစိတ် ထပ်မံသိလိုပါက ဒီဖုန်းနံပါတ်ကို ခေါ်ဆိုပါ)၊ သင်ရောင်းတဲ့ ကုန်ပစ္စည်းက နည်းပညာပိုင်းရှုပ်ထွေးလို့ ဝယ်သူတွေ အနေနဲ့ သိချင်တာ များနိုင်တယ်ဆိုရင် ဒီစကားလုံးမျိုး သုံးလို့ရပါတယ်။

၃) Click to order now (အော်ဒါမှာမည် ဆိုပါက ဒီလင့်ကို နှိပ်ပါ ဆိုတာမျိုးဖြစ်ပါတယ်)။

၎) Follow (သင်က social media marketing လုပ်တဲ့အခါမျိုးဆိုရင် engagement များဖို့အတွက် ဒီစကားလုံး သုံးလို့ရပါတယ်)

၅) Subscribe (ဒီစကားလုံးကတော့ တစ်ခါထဲ အရောင်းရဖို့ မဟုတ်သေးပါဘူး။ သင့်ရဲ့ website မှာ ရှိတဲ့ contents တွေ blog အသစ်တွေ တင်တဲ့အခါ အလားအလာရှိတဲ့ ဝယ်သူတွေကို သိစေချင်လို့ subscribe လုပ်သွားပါလို့ ပြောသွားတာ ဖြစ်ပါတယ်)

ဒါတွေကတော့ အများဆုံးတွေ့ရလေ့ရှိတဲ့ call to action အနေနဲ့ သုံးထားတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ ဒီလိုပဲ ဝယ်သူနဲ့ ဖုန်းပြောပြီဆိုလည်း ကုန်ပစ္စည်းအကြောင်း ရှင်းပြပြီးသွားပြီး၊ ဝယ်သူကလည်း ကြိုက်နေပြီဆိုတဲ့အနေအထားမှာ "အကို/အမ အဆင်ပြေတယ်ဆိုရင် invoice ဘယ်တော့လောက်များပို့ပေးရတော့မလဲ ခင်ဗျာ" ဆိုတာမျိုး ပြောပြီး တစ်ခါထဲ အရောင်းပိတ်နိုင်ဖို့ ကြိုးစားလို့ရပါတယ်။

Call to action ဆိုတာသည် အလားအလာရှိတဲ့ ဝယ်သူကို သင့်ရဲ့ ဖောက်သည် ဖြစ်အောင်၊ တစ်ခါထဲ ဝယ်သွားအောင် ပြောင်းလဲနိုင်တဲ့ အချက်ဖြစ်တဲ့အတွက် ကြောင့် အရောင်းသမားတွေ အတွက် အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။

ဒါကြောင့် ထိရောက်တဲ့ call to action စာလုံးတွေကို သင်ရဲ့ ဝယ်သူအနေအထား၊ ကုန်ပစ္စည်းအခြေ အနေပေါ်မူတည်ပြီး ရွေးချယ် အသုံးပြုကြည့်ပါ။ ထိရောက်တဲ့ ရလဒ်တစ်ခု ရလာပါလိမ့်မယ်။

ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ MAB Online Class ရှိပါတယ်။

ဆင်ခြေများနဲ့ စီးပွားရေးလုပ်ငန်းများစီးပွားရေးလုပ်ငန်းတစ်ခုရဲ့ တာဝန်တွေထဲက တစ်ခုဟာ ဝယ်သူတွေကို ပေးပါမယ်လို့ ပြောထားတဲ့ အ...
06/01/2022

ဆင်ခြေများနဲ့ စီးပွားရေးလုပ်ငန်းများ

စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ တာဝန်တွေထဲက တစ်ခုဟာ ဝယ်သူတွေကို ပေးပါမယ်လို့ ပြောထားတဲ့ အရည်အသွေး၊ အရေအတွက်၊ ဝန်ဆောင်မှု ကို သေချာပေးကိုပေးနိုင်အောင် လုပ်ရမှာ ဖြစ်ပါတယ်။

ကိုယ်တိုင် မှားခဲ့တဲ့ လုပ်ရပ်တစ်ခုကို နောင်တရလို့ကော လက်ရှိဖြစ်နေတဲ့ စားသုံးသူ အခွင့်အရေးတွေကို မျက်ကွယ်ပြုပြီး ဆင်ခြင်ပေးနေတဲ့ လုပ်ငန်းတွေများလာတာတွေ့ရတောကြောင့်ကော ကျွန်တော့်ပိုစ့်တွေကို ဖတ်လေ့ရှိတဲ့လူတွေအတွက် အတွေးတစ်ခု၊ စိတ်ခွန်အားတစ်ခု ဖြစ်စေဖို့ ရည်ရွယ်ပြီး ဒီပိုစ့်ရေးဖြစ်ပါတယ်။

အမရေ... လက်ရှိအခြေအနေက သိတဲ့အတိုင်းဘဲ။ အဲဒါကြောင့် အရင်ပြောထားတာလေးတွေတော့ မလုပ်ပေးနိုင်ဘူး။

ငွေသွားထုတ်တာ မဆဲရုံတမယ် အပြောခံရတယ်။

အင်တာနက်ဖိုး အပြည့်ကောက်ပြီး လိုင်းမကောင်းတာ တာဝန်မယူဘူး။

လမ်းတွေကြပ်လို့ နောက်ကျသွားတယ်။

Hotline တွေဖုန်းကို မကိုင်ဘူး။ မက်ဆေ့သွားပို့တယ် ပြန်ကိုမလာဘူး။

ဟိုဟာဖြစ်လို့... ဒီဟာဖြစ်လို့....
——

ကိုဗစ်ဒါဏ် နဲ့ နိုင်ငံရေး အကြပ်အတည်း ဖြစ်နေတဲ့ ကာလဖြစ်တဲ့အတွက်ကြောင့် သေချာတာကတော့ လုပ်ငန်းတွေဟာ သေချာ မလည်ပတ်နိုင်ဘူး။ ဒါဟာ အမှန်တရားပါ။ ဒီရိုက်ခတ်မှုတွေဟာ ကြီးမားတာလဲ​ဟုတ်ပါတယ်။

ဒါပေမယ့် လုပ်ငန်းတစ်ခုရဲ့ တာဝန်တွေထဲတစ်ခုက ဝယ်သူကို ပေးထားတဲ့ ကတိတွေကိုတော့ တတ်နိုင်သမျှတည်နိုင်အောင် ကြိုးစားရမယ်။ ကိုယ်တိုင် နည်းလမ်းရှာပြီး ဝယ်သူရသင့်တဲ့အခွင့်အရေးတွေ၊ ပေးထားတဲ့ကတိတွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဖိုးကြိုးစားရပါမယ်။

ကိုယ်တိုင်လဲ​ ဆင်ခြေပေးပြီး တချို့ အလုပ်တွေကို မေ့ထားမိလိုက်တာမျိုးဖြစ်ဖူးပါတယ်။ တကယ်တော့ ကိုယ့်လုပ်ငန်းပေါ်မှာ သက်ရောက်မှု ပြင်းထန်တဲ့ ပြင်ပ ရိုက်ခတ်မှုတွေကိုချည်း လက်ညှိုးထိုး ဆင်ခြေပေးပြီး လုပ်သင့်တာတွေကို မလုပ်ဘဲ နေမိတာမျိုးပါဘဲ။

အခက်အခဲတွေရှိတာဟုတ်ပါတယ်။ ကျော်လွှားဖို့၊​ ဝယ်သူကို ပေးထားတဲ့ ကတိတွေတည်ဖို့ ကြိုးစားရမှာ လုပ်ငန်းတိုင်းရဲ့ တာဝန်ပါဘဲ။ တတ်နိုင်သမျှ ဆင်ခြင်မပေးဘဲ ဝယ်သူတွေတကယ် ရသင့်တဲ့ ဝန်ဆောင်မှုတွေ၊ ပေးမယ်လို့ ပြောထားတဲ့ကတိတွေကို တတ်နိုင်သမျှ လုပ်ပေးနိုင်အောင် ကြိုးစားကြရအောင်ပါ။

ပြောင်းမရသေးလို့ တခြားနေရာမရှိသေးလို့ သည်းခံနေရင်တောင် အဆင်ပြေသွားတဲ့တနေ့ ဝယ်သူပြန်ရိုက်ရင် စီးပွားရေး တစ်ခုလုံးပါ ပျောက်သွားမယ် မဟုတ်လား။

——

ကိုယ်တိုင်ဂုဏ်ယူရပြီး အများအတွက်အကျိုးရှိတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်နိုင်ကြပါစေ။

——

Address

Mandalay
05061

Website

Alerts

Be the first to know and let us send you an email when MAB Online Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share