키-keek

키-keek Hello!!K-Fans

23/05/2025

ကျောင်းကပို့ပေးတဲ့ city tour မြန်မာလိုဆို ဝန်ကြီးများရုံးလိုက်ပို့လို့ စိတ်ကောက်🤣



22/05/2025

မနေ့က ကျောင်းမှာ beauty majorကnail art အတွက်မော်ဒယ်လိုလို့ မော်ဒယ်တစ်ဖြတ် 🤭💅



Xin Chào🇻🇳keekအခုတက်နေတာက vietnamနိုင်ငံရဲ့ Ho chi Minh မြို့မှာရှိတဲ့ နာမည်ကြီး uniတစ်ခုဖြစ်တဲ့ Vanlang University/Vanl...
20/05/2025

Xin Chào🇻🇳

keekအခုတက်နေတာက vietnamနိုင်ငံရဲ့ Ho chi Minh မြို့မှာရှိတဲ့ နာမည်ကြီး uniတစ်ခုဖြစ်တဲ့ Vanlang University/Vanlang Saigon collageမှာတက်နေတာပါ 🇻🇳

Vietnam မှာကျောင်းတက်တာမျိုးကသိပ်မရှိသေးတော့ တစ်ချို့က အားနဲချက် အားသာချက်ကိုသိချင်ကြတယ် အားသာချက်ကိုအရင်ပြောပြရမယ်ဆို ဒီကာလမှာ ကျောင်းနဲ့ထွက်လို့အမြန်ဆုံးနဲ့visaစိတ်အချရဆုံး နိုင်ငံထဲပါတာပဲ ဘာတွေတက်လို့ရလဲဆို ITပိုင်းတက်ကြတယ် languageတက်တယ် keekတို့ကကျ Korea program နဲ့joinတာပေါ့ အဲ့လိုပဲ Japan နဲ့joinတာရှိတယ် e majorနဲ့joinတာရှိတယ် keekတို့ ကိုရီးယားဂျပန်ကျ ဒီကာလမှာ ဗီဇာအရမ်းခက်တာကြောင့် နိုင်ငံအခြေနေအရအမြန်ထွက်ချင်တဲ့သူတွေအတွက် ကိုယ်သင်ချင်တဲ့စာပဲဆက်သင်ပီး ဒီနိုင်ငံကနေပဲ third countryကိုစောင့်ပီး joinလို့ရတာအားသာချက်တစ်ခုပေါ့

အားနဲချက်ကကျ နေသားကျဖို့ခက်တဲ့နိုင်ငံထဲပါသလိုပဲ keekလို ဘာလာလာစားတတ်တဲ့သူတွေအတွက်တော့သိပ်ဒုက္ခမရောက်ပေမဲ့ ၁၀ယောက်မှာ ၇ယောက်လောက်ကဗီယက်နမ်စာမစားနိုင်ကြဘူး မြန်မာပါးစပ်နဲ့ကျအရမ်းပေါ့တယ် ပီးတော့ သူတို့ဘာသာစကားပဲသုံးတဲ့အတွက် အပြင်သွားတဲ့အခါနဲနဲကသိကအောက်ဖြစ်တာရယ် ထိုင်းလိုအပျော်အပါးမများတော့ အလစ်တဲတော့ပျင်းစရာကောင်းတယ်😁ဒါမဲ့ရှာကြံပျော်တတ်ရင်တော့ရပါတယ်

ပြီးတော့ ကျောင်းcampusကအရမ်းအရမ်းကျယ်ပါတယ် အရမ်းလဲလှပါတယ် international schကနေပီးအဆုံးထိအကုန်ရှိပါတယ် 😬

နိုင်ငံတိုင်းကတော့အားနဲချက် အားသာချက်ရှိကြပါတယ် ဒီကျောင်းတတ်တာနဲ့ပတ်သတ်ပီး သိချင်တာရှိရင်လာမေးလို့ရပါတယ် အကုန်ပြန်ဖြေပေးပါမယ်နော်☺️🇻🇳

ကျောင်းကန်တင်းမှာ နေ့လယ်စာစား🍝
16/05/2025

ကျောင်းကန်တင်းမှာ နေ့လယ်စာစား🍝

နိုင်ငံခြားကျောင်းသားဘဝရဲ့ တနေ့တာအဖစ်ပျက်လေးတွေတင်‌မှာမလို့ like & follow လေးစောင့်ကြည့်ပေးကြပါအုန်းနော် မိဘတွေအနေနဲ့ရော...
15/05/2025

နိုင်ငံခြားကျောင်းသားဘဝရဲ့ တနေ့တာအဖစ်ပျက်လေးတွေတင်‌မှာမလို့ like & follow လေးစောင့်ကြည့်ပေးကြပါအုန်းနော် မိဘတွေအနေနဲ့ရော နိုင်ငံခြားမှာကျောင်းတက်ချင်တဲ့ ညီလေးညီမလေးတွေလဲ သိချင်တာ‌‌ေမးလို့ရပါတယ်ရှင်🥰

ကိုရီးယားကမြန်မာကျောင်းသူတစ်ယောက် ကိုယ့်ကိုယ်ကို su***de လုပ်သွားတဲ့သတင်းကြားရတာ တကယ်ကိုအံ့ဩပီးကောင်မလေးကိုသနားတယ် ဘယ်တေ...
05/06/2024

ကိုရီးယားကမြန်မာကျောင်းသူတစ်ယောက် ကိုယ့်ကိုယ်ကို su***de လုပ်သွားတဲ့သတင်းကြားရတာ တကယ်ကိုအံ့ဩပီးကောင်မလေးကိုသနားတယ်

ဘယ်တော့များမှမြန်မာအချင်းချင်းစည်းလုံးမှာလဲ သူလိုကိုယ်လိုရုန်းကန်ချင်လို့ သူများတိုင်းတပါးရောက်လာတာခြင်းအတူတူ ဘာလို့ ယုတ်မာတဲ့စိတ်မွေးရတာလဲဆိုတာ တကယ်အံ့ဩလို့မဆုံးဘူး
ကိုယ်တိုင်လဲမြန်မာအချင်းချင်းဖစ်တဲ့caseအကြီးကြီးတွေကြုံဖူးလို့ စာနာတယ် သူများနိုင်ငံမှာကိုယ့်လူမျိုးခြင်းပြသနာဖစ်ရတာ ဘယ်လောက်စိတ်ပင်ပန်းလိုက်မလဲဆိုတာ

အသိတွေသူများနိုင်ငံသွားလို့ဘယ်လိုလူမျိုးရှောင်ရမလဲမေးရင်မြန်မာလူမျိုးကလွဲပီးအကုန်ပေါင်းပါလို့ပဲပြောရမဲ့အနေထား အကုန်လုံးပြောပြထုတ်ပြချင်ပေမဲ့ ဒိခေတ်က စနှိုးဝှိုက်နဲ့ စုန်းမကနေရာမှားနေတဲ့ခေတ်မလို့ပါးစပ်လေးပိတ်နေရတယ်😅

ဖြစ်သင့်တာကအရင်ရောက်တဲ့သူက လူမျိုးခြင်းကူညီရမယ်ဖေးမရမယ် ဖြစ်နေတာက ဆရာလုပ်မယ် သူတို့ကိုထောက်ပြရင် မင်းတို့ကရောက်တာဘယ်လောက်ကြာပီလဲကအရင်စတာ တကယ်စိတ်ကုန်ဖို့ကောင်းပါတယ် ဒီကနေအကြံပေးတာပါဘယ်နိုင်ငံသွားသွား ကိုယ့်လူမျိုးကိုတတ်နိုင်သလောက်ရှောင်ပါ အထူးသဖြင့်မိန်းကလေးခြင်းအဆောင်အတူတူငှားနေတာလဲတော်တော်ဆိုးတယ်ဆိုတာ သိစေချင်ပါတယ်နော်😩

မိန်းကလေးတွေကစာရကြတော့အများကြီးအောင်ကြတယ်🥰
05/06/2024

မိန်းကလေးတွေကစာရကြတော့အများကြီးအောင်ကြတယ်🥰

အခုကကိုရီးယားမှာ နွေဦး ကျောင်းသားပွဲတော်တွေလုပ်တဲ့ကာလဆိုတော့ မင်မင်တွေ့ဖူးတဲ့ ကျောင်းသားပွဲတော်က အိုင်ဒါအချို့ကို တင်ပေး...
29/05/2024

အခုကကိုရီးယားမှာ နွေဦး ကျောင်းသားပွဲတော်တွေလုပ်တဲ့ကာလဆိုတော့ မင်မင်တွေ့ဖူးတဲ့ ကျောင်းသားပွဲတော်က အိုင်ဒါအချို့ကို တင်ပေးလိုက်ပါတယ်🥰




Korea student lifeရဲ့အရသာပါ🥳🧡🧡
28/05/2024

Korea student lifeရဲ့အရသာပါ🥳🧡🧡

❗️Universities News
*(PNU ဟာ excellent universities တွေထဲကတစ်ကျောင်းအပါအဝင်ပါ)*
ဒီနေ့မေ၂၈ရက်ကစပြီးမေ၃၀ရက်နေ့ထိ ဘူဆန်မြို့က
Pusan National University PNU မှာ ကျောင်းတေးဂီတပွဲ Festival ပြုလုပ်နေပြီးတော့ အဆိုတော်တွေကတော့ တကယ့်အလန်းတွေနော်
ပွဲကို ကိုရီးယား စံတော်ချိန် ညနေ၆နာရီမှာစမှာဖြစ်ပြီး

အဖွင့်မှာတင် super shine သံတွေညံနေတော့မှာသေချာတယ်။ New Jeans နဲ့ဖွင့်မှာလေ။ပြီးရင် ဒရုန်းရှိုးလဲပါမှာပါ။

ဖိတ်ထားတဲ့ အဆိုတော်တွေကအကုန်အလန်းတွေချည်း

(G)I-DLE တို့
ZICO တို့ SG Wannabeတို့ အစုံပါပဲ။

PNU မှာ ကျောင်းတတ်မနေပေမယ့်လည်း တိုက်ရိုက်ကြည့်ချင်တယ်ဆိုရင် ခုညနေကနေစပြီး PNU you tube channel ကနေပြီး live လွှင့်ပေးနေတာဆိုတော့ အဲ့မှာ ဝင်ကြည့်လိုရကြောင်း သတင်းပေးတာပါလို့။
New Jeans fans လေးတွေလည်းပါမယ်ထင်လို့😄

PNU ကျောင်းနဲ့ပတ်သက်ပြီးလည်း ရုံးမှာလာရောက်စုံစမ်းနိုင်ပါတယ်!
Ph 09 963584232

#ကိုရီးယားပညာတော်သင်ဝန်ဆောင်မှု့အကြံပေး #ကိုရီးယားပညာတော်သင်ဝန်ဆောင်မှု့ #ကိုရီးယားပညာတော်သင်service ာတော်သင် #ဗီဇာဝန်ဆောင်မှု့ ်းညွှန် #အချိန်ပိုင်းအလုပ် ွေးနွေးပေးနေပါတယ်

Skill test ဆိုတာဘာလဲ???ပထမပို့စ်မှာပြောထားသလိုပဲ ဒီတခေါက်စာမေးပွဲက skill testရောပါတာဖစ်တဲ့အတွက် စာကိုတစ်ခုထဲပဲဖိမလုပ်ဖို...
15/02/2024

Skill test ဆိုတာဘာလဲ???

ပထမပို့စ်မှာပြောထားသလိုပဲ ဒီတခေါက်စာမေးပွဲက skill testရောပါတာဖစ်တဲ့အတွက် စာကိုတစ်ခုထဲပဲဖိမလုပ်ဖို့အကြံပြုချင်ပါတယ် စာကလဲအရေးကြီးသလောက် skill testကလဲ ၅၀%အရမ်းအရေးကြီးပါတယ် ...

အဲ့တော့skill testကဘာလဲဆိုတော့အောက်ကပုံမှာကြည့်နိုင်ပါတယ် google youtubeမှာလဲ(EPS skill test)လို့ရိုက်ရှာနိုင်ပါတယ် အလွယ်နည်းနဲ့ပြောရရင် စက်ရုံမှာအသုံးများတဲ့ စက်ပစ္စည်းတွေအလွယ်တကူ ချိတ်တာဆက်တာကို စာမေးပွဲမှာ လက်တွေ့ဖြေရတာပါ ကိုယ့်ရဲ့လုပ်နိုင်စွမ်းကိုကြည့်ပီးဆုံးဖြတ်အမှတ်ပေးတာပါ ကိုယ့်ဘက်ကသွက်လပ်မြန်ဆန်နေဖို့လိုပါတယ် ထင်သလောက်မလွယ်ကူပါဘူး

အဲ့တော့ သင်တန်းတက်မယ်ဆို EPSသီးသန့်သင်တဲ့သင်တန်းမျိုးမှာတက်တာကောင်းတယ်လို့ဆိုလိုတာပါ

ဘာလို့အဲ့လိုပြောရလဲဆို EPSသီးသန့်သင်တဲ့သူတွေမှသာ ဒီskill testကိုပိုင်နိုင်ပီး လက်တွေ့လေ့ကျင့်ဖို့ပစ္စည်းတွေလဲသင်တန်းမှာရှိနေနိုင်တာမလို့ပါ✔️

အားလုံးကြိုးစားပီးမှ skill testပါတာမသိဘူးဆိုပီးသဲထဲရေသွန်မဖစ်ရဖို့ ထပ်မံအကြံပြုခြင်းဖစ်ပါတယ်ရှင်🥰




crd from google

ဒီနေ့ အားလုံးသိတဲ့အတိုင်း E9(EPSတရားဝင်)လုပ်သား မိန်းကလေးတွေပါစတင်ခေါ်ပီဆိုပီး POEAကနေကြေငြာလိုက်ပါတယ်အခုဆိုကိုရီးယားကို...
13/02/2024

ဒီနေ့ အားလုံးသိတဲ့အတိုင်း E9(EPSတရားဝင်)လုပ်သား မိန်းကလေးတွေပါစတင်ခေါ်ပီဆိုပီး POEAကနေကြေငြာလိုက်ပါတယ်

အခုဆိုကိုရီးယားကိုမိန်းကလေးတွေ​ပါ တရားဝင်အလုပ်နဲ့သွားလို့ရပါပီ ..

ကိုရီးယားနဲ့အလုပ်သွားလုပ်ဖို့ရာမှာ ဂျပန်လိုမလွယ်ဘူးဆိုတာတော့တချက်ပြောပြချင်ပါတယ် ဘာလို့မလွယ်လဲဆို ဂျပန်က agentနဲ့သွားတာ ကိုရီးယားက အစိုးရနဲ့သွားတာဖြစ်လို့ လူဦးရေအကန့်သတ်ရှိပီး ကိုယ်ကအများကြားမှာ အဖက်ဖက်ကပြည့်စုံနေဖို့လိုပါတယ် ✔️

အဲ့တော့ကိုယ့်ဘက်ကနေ သင်တန်းတက်ရာမှာရော E-9ရဲ့သဘောသဘာဝကို နားလည်ဖို့ကအရမ်းအရေးကြီးပါတယ် ✔️

သင်တန်းတက်မယ်ဆို သင်တန်းကိုသေချာစုံစမ်းရမယ် အဲ့သင်တန်းက E9နဲ့ပတ်သတ်ပီး သေချာရှင်းပြနိုင်ရဲ့လား??
စာမေးပွဲမှာက စာမေးပွဲအောင်ယုံနဲ့မပီးပဲ testရော လူတွေ့ဖြေတာတွေက ၅၀%လောက်အရေးကြီးတဲ့အတွက် သင်တန်းရွေးချယ်တဲ့နေရာမမှားဖို့အကြံပြုချင်ပါတယ် ကိုယ့်ဘက်ကပြင်ဆင်ဖို့ကတော့ စာကို၂၀၀ဖိုးမေးရင် ၂၀၀ဖိုးလုံးမှန်အောင်မှန်းထားဖို့အကြံပြုချင်ပါတယ် ✔️

⛔သင်တန်းသေချာစုံစမ်းပီးမှအပ်ပါ✔️
⛔စာသေချာလုပ်ပါအမှတ်ပြည့်ရအောင်ဖြေပါ✔️
⛔skill testသေချာလေ့ကျင့်ပါ✔️
⛔လူတွေ့မှာ အဆင်ပြေဖို့ listening speakingသေချာလေ့ကျင့်ပါ ✔️

အားလုံးပဲအိပ်မက်တွေအကောင်ထည်ဖော်နိုင်ကြပါစေ🥰



23/01/2024

25000ksထဲနဲ့ korea dramaထဲသွားလည်ကြမယ်🥰

ဒီနေရာလေးကသိတဲ့သူတွေလဲသိပါတယ် ပြန်ဖွင့်တာမကြာသေးတာမို့အမှတ်တရအနေနဲ့တင်ပေးလိုက်ပါတယ်

25000မှာပါဝင်တာကတော့
ချွေးထုတ်ခန်း
အအေးခန်း
mini cinema
suna(ရေချိုးတဲ့နေရာ)
ရေနွေးကန်
ရေကူးကန်
ရေချိုးပီးရင် dryer lotionသုံးဖို့အကုန်ထားပေးထားတဲ့အပြင် မနက်၉နာရီကနေည၁၀နာရီအထိနေလို့ရလို့ အရမ်းတန်ပါတယ်နော် ဟိုတယ်staycationသွားနေတောင်အခန်းထဲပဲနေရမှာ ဒါလေးက စိတ်လဲပေါ့ပါးပီးအရမ်းနေလို့ကောင်းသော🥰🥰🫶

bloggerမဟုတ်ပဲ အမှတ်တရအနေနဲ့တင်တာမလို့ အသံလေးသည်းခံပေးပါရှင်🫶🫶

Address

Mandalay Road, Myanmar, Burma (Myanmar)
Mandalay

Telephone

+959766355323

Website

Alerts

Be the first to know and let us send you an email when 키-keek posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 키-keek:

Share