Naing Htay Business Advisor

Naing Htay Business Advisor Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Naing Htay Business Advisor, Business service, Mandalay.

သင်ဘဝက ခက်ခဲလွန်းတယ်ထင်ရင် အပြင်ထွက်ပြီး လောကကြီးကို စောင့်ကြည့်ပါ"
19/01/2025

သင်ဘဝက ခက်ခဲလွန်းတယ်ထင်ရင်
အပြင်ထွက်ပြီး လောကကြီးကို စောင့်ကြည့်ပါ"

" တစ်ယောက်ထဲ နေသားကျပြီးမှတစ်ယောက်ယောက်ပေါ်လာမှာကိုပဲ ကြော"၊က်တယ်ကိုယ်မရှိလည်းဖြစ်တဲ့ လူတွေကိုမြင်ရတာအားကျပါတယ် နေနိုင်သ...
19/01/2025

" တစ်ယောက်ထဲ နေသားကျပြီးမှ
တစ်ယောက်ယောက်ပေါ်လာမှာကိုပဲ ကြော"၊က်တယ်

ကိုယ်မရှိလည်းဖြစ်တဲ့ လူတွေကိုမြင်ရတာ
အားကျပါတယ်

နေနိုင်သွားတဲ့အခါ ကျွန်တော်လည်း ခင်ဗျားတို့လို
ခပ်စိမ်းစိမ်းလေး နေပြပါဦးမယ် "

မြန်မာမုန့်ဆို အကုန်ကြိုက်တယ်
17/01/2025

မြန်မာမုန့်ဆို အကုန်ကြိုက်တယ်

ဘုရားမှတ်လို့ကိုးကွယ်လိုက်တာဖွတ်ထွက်မှတောင်ပို့မှန်းသိရင်ဘာလုပ်ကြမလဲအဖြေကရှင်းပါတယ်။အဲဒီတောင်ပို့ ကိုဖြိုချလိုက်ပါ။
16/01/2025

ဘုရားမှတ်လို့
ကိုးကွယ်လိုက်တာ
ဖွတ်ထွက်မှတောင်ပို့မှန်း
သိရင်ဘာလုပ်ကြမလဲ
အဖြေကရှင်းပါတယ်။
အဲဒီတောင်ပို့ ကို
ဖြိုချလိုက်ပါ။

လူတိုင်းကတော့ သူတို့ကိုတစ်ခုခုလုပ်ပေးတာ၊ လိုက်လျောပေးတာ၊ကူညီပေးတာ၊ အခွင့်အရေးပေးတာကိုကြိုက်ကြသူတွေချည်းပါပဲ။ဒါပေမဲ့ ပေးပ...
16/01/2025

လူတိုင်းကတော့ သူတို့ကို
တစ်ခုခုလုပ်ပေးတာ၊ လိုက်လျောပေးတာ၊
ကူညီပေးတာ၊ အခွင့်အရေးပေးတာကို
ကြိုက်ကြသူတွေချည်းပါပဲ။

ဒါပေမဲ့ ပေးပါများလာတဲ့အခါ
အဲ့ဒါက သူတို့ရပိုင်ခွင့်လို့ထင်လာတယ်။
လုပ်ပေးနေတာက သူတို့ရပိုင်ခွင့်လို့ထင်လာတဲ့အခါ လုပ်ပေးရမှာက မင်းတာဝန်ဖြစ်လာတယ်။

မလုပ်ပေးနိုင်တဲ့အခါ မင်းက တာဝန်မကျေတော့ဘူး။ သူတို့အတွက် မိတ်ဆွေကောင်းမဟုတ်တော့ဘူး။
အရင်က မင်းလုပ်ပေးခဲ့သမျှဟာ
မင်းမလုပ်ပေးနိုင်တဲ့နောက် အလကားဖြစ်သွားပြီ။

အဲ့ဒီအခါ အရင်လို
စေတနာသန့်သန့်နဲ့လုပ်ပေးတာမျိုးထက်
သူတို့ကြည်ဖြူအောင်၊ သူတို့နဲ့တည့်အောင်၊
အဆင်ပြေအောင်၊ သူတို့စိတ်ကျေနပ်အောင်၊
မမုန်းအောင်ကြိုးစားရတဲ့မင်းအတွက်လည်း
ဝန်ထုပ်ဝန်ပိုးဖြစ်လာမယ်။ မနိုင်ဝန်ဖြစ်လာမယ်။

မလုပ်ပေးနိုင်တဲ့အခါ အရင်ကကောင်းခဲ့တဲ့
မင်းတို့ဆက်ဆံရေးတွေ အဆုံးသတ်မယ်။

အရာအားလုံးဟာ မင်းအားနာတာကနေ စခဲ့တာပါ။
ဒါကြောင့် ဘဝမှာ မလိုအပ်ဘဲ ဘယ်သူ့ကိုမှ
အားမနာမိပါစနေဲ့။
တစ်နေ့မင်းပဲ စိတ်ပင်ပန်းရလိမ့်မယ်။

ရှေ့မဆက်ချင်လောက်အောင်အရမ်းပင်ပန်းလာတဲ့အခါတစ်ခုပဲ တွေးကြည့်ပါ ...ကျွန်တော်တို့တွေရှေ့မဆက်ပဲ နေလိုက်လို့ရလားမရဘူးဆိုရင်ကျ...
18/10/2024

ရှေ့မဆက်ချင်လောက်အောင်
အရမ်းပင်ပန်းလာတဲ့အခါ

တစ်ခုပဲ တွေးကြည့်ပါ ...ကျွန်တော်တို့တွေ
ရှေ့မဆက်ပဲ နေလိုက်လို့ရလား

မရဘူးဆိုရင်
ကျွန်တော်တို့မှာ ရွေးချယ်စရာမှ မရှိတာ

ပင်ပန်းလွန်းနေရင် ခဏနားပေါ့
ပြီးရင်
ခရီးဆုံးတဲ့အထိ ကျွန်တော်တို့ဆက်လျှောက်မယ်လေ

တစ်နေရာရာမှာတော့ နားခိုရာဆိုတာ ရှိမှာပါ ။

လူတိုင်း ပြေးနေကြတဲ့ ဘဝရဲ့ ပြေးလမ်းမှာ မင်းလဲကျတဲ့အခါ ပြန်ထဖို့ တွေဝေမနေပါနဲ့ ဘာလို့လဲဆိုတော့ အနိုင်ယူချင်သူတွေက မင်းကို...
18/10/2024

လူတိုင်း ပြေးနေကြတဲ့
ဘဝရဲ့ ပြေးလမ်းမှာ
မင်းလဲကျတဲ့အခါ
ပြန်ထဖို့ တွေဝေမနေပါနဲ့
ဘာလို့လဲဆိုတော့
အနိုင်ယူချင်သူတွေက
မင်းကိုချန်ထားခဲ့ကြမယ်
မနာလိုသူတွေက
မင်းကို တက်နင်းကြလိမ့်မယ်..🔖🇬🇷

🔖🇬🇷
လူတိုင်း ပြေးနေကြတဲ့
ဘဝရဲ့ ပြေးလမ်းမှာ
မင်းမောပန်းတဲ့အခါ
ဖြည်းဖြည်းဆက်လျှောက်ပါ
မရပ်တံ့လိုက်ပါနဲ့
ဘာလို့လည်းဆိုတော့
ဘဝဆိုတာ လျှောက်လှမ်းနေမှ
အဓိပ္ပါယ် ပိုရှိတယ်
အချိန်ဆိုတာ အသုံးချနေမှ
တန်ဘိုး ပိုရှိတယ်... 🔖🇬🇷

🔖🇬🇷
လူတိုင်း ပြေးနေကြတဲ့
ဘဝရဲ့ ပြေးလမ်းမှာ
ခဏခဏ
မင်းလမ်းမမှားမိ ပါစေနဲ့
ဘာဖြစ်လို့လဲ ဆိုတော့
ပြန်လှည့်ရ ခက်တဲ့ လမ်းက
မင်းအတွက် ဆူးခင်းထားလိမ့်မယ်
နောင်တဆိုတဲ့ အရာက
တစ်သက်လုံး
မင်းရဲ့ စိတ်ကို သတ်လိမ့်မယ်... 🔖🇬🇷

🔖🇬🇷
လူတိုင်း ပြေးနေကြတဲ့
ဘဝရဲ့ ပြေးလမ်းမှာ
မင်း ခရီးနှင်နေတဲ့အခါ.... ,,,

စိတ်ညစ်စရာတွေကိုလည်း
အဖေါ်ခေါ် မလာပါနဲ့... 🔖🇬🇷

ကြောက်ရွံ့ခြင်းကိုလည်း
မိတ်ဆွေ မဖွဲ့ပါနဲ့... 🔖🇬🇷

လူတိုင်းကိုလည်း
လွယ်လွယ် မယုံပါနဲ့... 🔖🇬🇷

တန်ဘိုး မရှိတဲ့ အရာတွေ ကိုလည်း
ငေးမော မနေပါနဲ့... 🔖🇬🇷

🔖🇬🇷
ဘယ် အချိန် အထိ
ဘယ်လောက် ကြာကြာ
သွားရမယ်မှန်းမသိနိုင်တဲ့ ဘဝ ခရီးမှာ
မင်း ခြေလှမ်းတွေ
ပေါ့ပေါ့ပါးပါး ဖြစ်ချင်ရင်
ချန်ထားမှဖြစ်မယ့် အရာတွေကို
ချန်ထားခဲ့ လိုက်ပါ... 🔖🇬🇷

🔖🇬🇷
မင်း စိတ်ထဲက
လေးလံလွန်းတဲ့ အရာတွေကို
ဝေးလံလွန်းတဲ့ တစ်နေရာမှာ
လွှတ်ချ ခဲ့လိုက်ပါ... 🍃



သာမာန် လူတစ်ယောက်ပါ။အမြဲတမ်း မသန်မာနိုင်ပါဘူး။လူမသိအောင် မျည်ရည်ကျခဲ့တဲ့အခါရှိပါတယ်။ နေရာတိုင်း မတော်ပါဘူး။ အားနည်းချက်ရ...
17/10/2024

သာမာန် လူတစ်ယောက်ပါ။
အမြဲတမ်း မသန်မာနိုင်ပါဘူး။
လူမသိအောင် မျည်ရည်ကျခဲ့တဲ့အခါရှိပါတယ်။

နေရာတိုင်း မတော်ပါဘူး။
အားနည်းချက်ရှိတယ်။
အားသာချက် ရှိတယ်။

ကြိုးစားရုန်းကန်ရတဲ့သူမို့
အမြဲတမ်းလှလှပပ မနေနိုင်ပါဘူး။

အဆင်မပြေမှုတွေ အမျိုးမျိုးနဲ့
ရင်ဆိုင်ရတာများတဲ့အခါမှာ အားငယ်တတ်ပါတယ်။

ဒါပေမဲ့
ဘဝကို လွယ်လွယ်နဲ့ ဘယ်တော့မှ အသနားခံပြီး အရှုံးပေးမှာ မဟုတ်ပါဘူး။

ကိုယ့်မှာ လဲကျလို့မဖြစ်ဘူး။
တကယ် ကိုယ့်မှာ လဲကျလို့မဖြစ်တဲ့ အကြောင်းပြချက်တွေအများကြီးရှိတယ်။

ဘယ်လောက်ပဲ အခက်အခဲတွေ ရှိနေပါစေ၊
ဘယ်လိုအတိုက်အခိုက်တွေ ရှိနေပါစေ၊
ကိုရောက်ချင်တဲ့ နေရာ
ကိုယ်ရည်မှန်းချက် ချထားတဲ့ပန်းတိုင်ကိုရောက်ဖို့
မနက်ဖြန်တိုင်းကို ရှေ့ဆက်ကြိုးစားနေဦးမှာပါ။

ချက်ချင်းပြောလိုက်ပါ--------------------ကျွန်တော် သက်ကြီးပိုင်းသင်တန်းတစ်ခုတွင် ပို့ချနေစဉ်ကဖြစ်သည်။ ကျွန်တော်ပို့ချနေသည...
17/10/2024

ချက်ချင်းပြောလိုက်ပါ
--------------------
ကျွန်တော် သက်ကြီးပိုင်းသင်တန်းတစ်ခုတွင် ပို့ချနေစဉ်ကဖြစ်သည်။

ကျွန်တော်ပို့ချနေသည့် ခေါင်းစဉ်မှာ

“ခွင့်မလွှတ်နိုင်သောနောင်တ”

ကျွန်တော်က ဟောပြောပို့ချပြီးသည့်အခါတွင် သူတို့ကို အိမ်စာအဖြစ် Assignment တစ်ခုပေးသည်။

“ခွင့်လွှတ်ပါလို့ပြောခဲ့ပါ” ခေါင်းစဉ်ဖြင့် သူတို့ကို နောက်တစ်ပတ်တွင် အိမ်စာလုပ်ခဲ့ရန်ဖြစ်သည်။ ကန့်သတ်ချက်ကတော့ ရှင်းပါသည်

- ယခင်က တစ်ကြိမ်မျှ မပြောခဲ့ဖူးသူကို ပြောရန်

- ပြောခဲ့ဖူးသော်လည်း ထပ်ပြောရန် ကာလရှည်ကြာ မေ့နေသူများကို ပြောရန် ဖြစ်သည်။

“ခွင့်လွှတ်ပါလို့ပြောခဲ့ပါ"

ရိုးရိုးလေးဖြစ်ပါသည်။ ဘာမျှ ခက်ခဲသော ကိစ္စလည်း မဟုတ်ပါ။ ကိုယ်တောင်းပန်သင့်သူကို ခွင့်လွှတ်ပါဟု ပြောခဲ့ရုံသာ ဖြစ်သည်။ ထို့နောက် မည်သူ့ကို ခွင့်လွှတ်ပါဟု ပြောခဲ့ကြောင်း ပြန်ရေးပြလိုက်ရုံသာဖြစ်သည်။

ကျွန်တော် သင်ကြားနေသည့်အတန်းတွင် လာတက်နေသူတွေက အသက် ၃၅ နှစ်နှင့် အထက်တွေဖြစ်သည်။ သူတို့ကို ကျွန်တော်က မာန်မာနမထားရန် သင်ကြားပြီးဖြစ်သလို အသက်အရွယ်အရလည်း ရင့်ကျက်သည့် အနေအထားများသို့ ရောက်နေပြီဖြစ်သောကြောင့် အထွေအထူးပြောရန်ပင် မလိုဟုထင်ပါသည်။

“ခွင့်လွှတ်ပါ” ဟု ထုတ်ပြောခြင်းမှာ ကိုယ့်ရင်တွင်းမှ ခံစားချက်တစ်ခုကို ထုတ်ဖော်ပြောကြားရခြင်း ဖြစ်ပါ သည်။ ထိုသို့ ပြောရခြင်းကို အချို့ကလည်း ငိုကြွေးနည်းတစ်နည်းဟု ထင်ကောင်းထင်မည်။ ထို့ကြောင့်လည်း မာန်မာနဖြင့် မထုတ်ဖော်ရသေးခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ လူတစ်ချို့အတွက်တော့ အလွန် ခက်သော Assignment ဖြစ်နိုင်သည်။

နောက်တစ်ပတ် အတန်းပြန်စချိန်တွင်ဖြစ်သည်။ ကျွန်တော်က ပေးလိုက်သည့် အိမ်စာနှင့်ပတ်သက်ပြီး မည်သူက စတင်ဆွေးနွေးလိုပါသနည်းဟု ဖိတ်ခေါ်လိုက်သည်။ ကျွန်တော် မျှော်လင့်နေသည်မှာ အမျိုးသမီး တွေက စတင်လိမ့်မည်ထင်ထားသော်လည်း အမျိုးသားတစ်ဦးက လက်ထောင်လိုက်သည်ကိုတွေ့လိုက်ရ သည်။

သူက မတ်တတ်ရပ်လိုက်သည်။ အရပ်က ၆ ပေ ၂ လက်မခန့်ရှိမည့် လူထွားကြီးတစ်ယောက်။ လူကောင် ကသာကြီးသည် မတ်တတ်ထပြီး ပြောမည်လုပ်ပြန်တော့ သူ့လက်တွေ တုန်နေကြောင်း သတိထားလိုက်မိ သည်။ သူက

“ဆရာ ... အမှန်အတိုင်းပြောရရင် ပြီးခဲ့တဲ့ တစ်ပတ်ကပေးလိုက်တဲ့ အိမ်စာကြောင့် စိတ်ဆိုးခဲ့ရပါတယ်။ ကျွန်တော့် စိတ်ထဲမှာ အဲဒီ ခွင့်လွှတ်ပါဆိုတဲ့ စကားလုံးကို ဘယ်သူ့ကိုမှ မပြောခဲ့ပါဘူး။ ဘယ်သူ့ကို ပြောရမယ် မှန်းလည်း ဆရာက မပြောလိုက်တော့ စိတ်ထဲဇဝေဇဝါပေါ့။ အိမ်အပြန် ကားမောင်းရင်း ဘယ်သူ့ကို ပြောရ

အသက်20ကနေ30ကြား သက်တမ်းက ကလေးတစ်ယောက်မဟုတ်တော့သလို လူကြီးတစ်ယောက်လည်းမဖြစ်သေးတဲ့အချိန်တွေပါပဲအကြိုက်တွေကပြောင်းလဲလာခဲ့ပေ...
16/10/2024

အသက်20ကနေ30ကြား သက်တမ်းက ကလေးတစ်ယောက်မဟုတ်တော့သလို လူကြီးတစ်ယောက်လည်းမဖြစ်သေးတဲ့အချိန်တွေပါပဲ

အကြိုက်တွေကပြောင်းလဲလာခဲ့ပေမဲ့
တကူးတကသိမ်းထားမိတဲ့မှတ်ညဏ်တွေလူတွေ
နေရာတွေရှိလာခဲ့ပြီ..

အချစ်ခံချင်မိပြီး ချစ်ပေးချင်တဲ့အသက်အရွယ်.အိပ်မက်တွေကိုစတင်မြင်လာပြီး ပုံဖော်ရမယ့်အရွယ်တွေပေါ့

နည်းနည်းတော့ကိုယ့်ကိုယ်ကိုပိုပြီးသိလာကြတယ်.။
ငါဟာအစွဲအလမ်းကြီးတဲ့သူလား
ငြီးငွေ့လွယ်တတ်တဲ့သူလား

ကိုယ့်ကိုယ်ကိုတဖြည်းဖြည်းပိုပြီးသိလာပြီး
ပိုပြီး ဂရုစိုက်ပေးချင်လာတယ်..။

ဘဝရဲ့ကျန်ရှိတဲ့သက်တမ်းနှစ်ပုံကို
ဘယ်လိုမျိုးနေထိုင်ဖြတ်သန်းရမလဲစစဥ်းစားရတော့မယ့် တာဝန်ရှိတဲ့အသက်အရွယ်မလို့လေ

တစ်ခါမှမရခဲ့ဖူးတဲ့အဖြေတွေကိုနားလည်လာခဲ့တယ်

ငါကဒီလိုပုံစံမျိုးရှင်သန်သွားချင်တာပါလား
ငါဖြစ်ချင်တဲ့အိပ်မက်ကဒီလိုမျိူးပါလား
ငါလိုချင်တဲ့လက်တွဲဖော်ကဒီလိုပုံစံပါလား

သန်မာသင့်သလောက်သန်မာပြီး
မခံချင်စိတ်ကို လက်တွေ့ပြဖို့အကောင်းဆုံးအရွယ်တစ်ခုရောက်လာခဲ့ပြီ

ဝေးကွာသွားတဲ့ဆက်ဆံရေးတစ်ချို့
နီးကပ်လာတဲ့ သူစိမ်းတစ်ချို့

လျှောက်လှမ်းသွားရမယ့်လမ်းက ဘယ်လမ်းပဲ ဖြစ်ပါစေ
ကိုယ့်ကိုယ်ကို ကတိတစ်ခုတော့ပေးရလိမ့်မယ်

ဒီလောက်နာကျင်ခဲ့သမျှနဲ့တန်အောင်
ဘယ်လောက်ပဲခက်ခဲလည်းကြိုးစားပြီး
ဖြစ်အောင်လုပ်မှာမလို့

အနာဂတ်က ကိုယ်ဟာ သေချာပေါက်
ပျော်ရွှင်စေရပါမယ်

အသက်တွေကြီးလာရင် မြို့ပြနဲ့ ဝေးတဲ့ ဒီလိုနေရာလေးမှာ အေး‌အေးချမ်းချမ်းလေး နေသွားချင်တယ် 🏕️💚
16/10/2024

အသက်တွေကြီးလာရင် မြို့ပြနဲ့ ဝေးတဲ့
ဒီလိုနေရာလေးမှာ အေး‌အေးချမ်းချမ်းလေး နေသွားချင်တယ် 🏕️💚

Address

Mandalay

Telephone

+959772539998

Website

Alerts

Be the first to know and let us send you an email when Naing Htay Business Advisor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Naing Htay Business Advisor:

Share