Sayar Win 2D

Sayar Win 2D ကံပေးလို့ လှုနိုင်ကြပါစေ

စိတ်မကောင်းစရာ နေ့စွဲတခုကို သိလိုက်ရလို့ ရေးလိုက်အုံးမယ် လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အဖွဲ့အစည်းမှာ ကျွန်တော်တို့ သူနာပြုတွ...
23/12/2023

စိတ်မကောင်းစရာ နေ့စွဲတခုကို သိလိုက်ရလို့ ရေးလိုက်အုံးမယ်
လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အဖွဲ့အစည်းမှာ ကျွန်တော်တို့ သူနာပြုတွေဟာ လိုအပ်ချက်ကြောင့် တာဝန်ထမ်းဆောင်စေတာလား အရေးပါလို့ တာဝန်ထမ်းဆောင်စေတာလား ဆိုတာ ကွဲကွဲပြားပြား သိဖို့လိုအပ်လာတယ်
သဆတ(MINP) ဆင်းတွေဆိုတာ လွန်ခဲ့သော ၂၀၀၀ ခုနှစ်မှာ စတင်ခဲ့ပြီး ၂၀၀၄ မှာ အမှတ်စဥ် ( ၁) ကျောင်းစတင်ဆင်းခဲ့တယ် ပေးအပ်တဲ့တာဝန်ကို အသက်ပေးပြီး တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေရှိသလို အကြောင်းအမျိုးမျိုးကြောင့် နှုတ်ထွက်ခဲ့ရတဲ့သူတွေလည်း ရှိကြတယ် လွန်ခဲ့သော ၁၉ ၃ ၂၀၁၄ နေ့မှာ သဆတဆင်းတွေဟာ ပြန်တမ်းဝင်အရာရှိစတင်ခန့်အပ်ခံခဲ့ရတယ် ယနေ့အထိလည်း နိုင်ငံ့တာဝန်ကို အသက်ပေးပြီး ကျေပွန်စွာ ထမ်းဆောင်နေကြတယ်
တက္ကသိုလ် အဆင့်တခုက ကျောင်းအဆင့်ထက် နောက်ကျပြီးမှ ကျောင်းဆင်းပွဲ ပြန်တမ်းဝင်ခန့်အပ်ခြင်းတွေက အဆင့်ကို အတန်းခွဲခြားတာလား သို့တည်းမဟုတ် ပညာရပ်တခုအပေါ်မှာ ဖိနှိပ်တာလားဆိုတာတော့ စီမံခန့်ခွဲနေကြတဲ့ သူတွေနဲ့ ဆုံးဖြတ်ချက်ချတဲ့သူရဲ့ အဲဒီပညာရပ်အပေါ်မှာထားတဲ့ သဘောထားလို့ပဲ မှတ်ယူရမှာပဲ
စီနီယာဆိုတာ အဆင့်တူနေရင် ကိုယ်ပိုင်အမှတ်ကစပြီး စကားပြောသလို အဆင့်တူနေရင်လည်း ရာထူးဆိုတာက စကားပြောတယ်ဆိုတာ အကြီးအကဲတွေသိပြီးသားပါပဲ ။ ။
မေးချင်တဲ့မေးခွန်းက လိုအပ်ချက်ကြောင့် or အရေးပါလို့ တာဝန်ထမ်းဆောင်စေတာလားဆိုတာ လစာ ရာထူး ပေးထားတဲ့ ခံစားခွင့်တွေက တာဝန်ထမ်းဆောင်နေရတဲ့ သူတွေရဲ့ ရင်ထဲမှာ ပြောမထွက်လို့ မပြောကြတာဆိုတာ သိစေချင်တယ်။
ကိုယ် အနေသာဖို့ အသာနေတဲ့ သူတွေထဲမှာ ကျွန်တော် မပါဘူးဆိုတာတော့ ဘယ်နေရာပဲ ရောက်နေပါစေ လိပ်ပြာလုံတယ်။

05/12/2023

လက်အောက်ငယ်သား နှင့် လုပ်ဖော်ကိုင်ဖက်
Administration မှာတော့ Autocratic နှင့် Democratic လို့သုံးနှုန်းကြတာ သိကြမှာပါ
၁ ။Autocraticနဲ့ အုပ်ချုပ်လုပ်ကိုင်မယ် ဆိုရင်တော့ ကိုယ့်ရဲ့အောက်က သူမှန်သမျှက ကိုယ့်ရဲ့လက်အောက်ငယ်အဖြစ်နဲ့ ကိုယ့်ရဲ့စကားသည် တာဝန် ညွှန်ကြားချက်တခုအနေနဲ့ မဖြစ်မနေ တာဝန်ထမ်းဆောင်ပေးရမည်။ လုပ်ငန်းတခု အဆင်ပြေအောင်မြင်မယ်ဆိုရင် ခေါင်းဆောင်အုပ်ချုပ်သူတော်လို့ မအောင်မြင်ဘူဆိုရင်တော့ ခေါင်းဆောင်အုပ်ချုပ်သူညံ့ဖျင်းလို့ ဆိုတဲ့ ဝေဖန်မှုကို အပြည့်အဝ လက်ခံနိုင်ရမယ်။ ကိုယ်တာဝန်ပေးခိုင်းစေခံရသူအားလုံးသည် ညံံ့ဖျင်းလို့ မဟုတ်ဘူးဆိုတာကို လက်ခံပေးရမယ်။ Must do နဲ့ ခိုင်းရင် Must do လက်ခံရမယ်။
၂။ Democratic နဲ့ အုပ်ချုပ်မယ်ဆိုရင်တော့ ကိုယ့်ရဲ့ အောက်ခြေသည် ရာထူး အဆင့်အရ နိမ့်ပါးပေမယ့် ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက် သေဖော်သေဖက် ကောင်းဖော်ဆိုးဖက်လို့ သတ်မှတ်နိုင်ရမယ်။ လုပ်ငန်းစဥ်တခုကို ချပြမယ် ကိုယ်ဖြစ်ချင်တဲ့ အစီအစဥ်တခုကို ချပြရမယ် သူတို့ရဲ့ အကြံဥာဏ် လုပ်ရည်ကိုင်ရည်နဲ့ လုပ်ကိုင်ချင်စိတ်တွေကိုလည်း လွှဲအပ်နိုင်ရမယ် လက်ခံပေးနိုင်ရမယ်။ အဲဒီလုပ်ငန်းအောင်မြင်ရင် အားလုံးတော်လို့ မအောင်မြင်ရင် အားလုံးညံံ့လို့။ သူ့ကြောင့် သူ့အပိုင်းက လိုအပ်လို့ အပြစ်တင်နေလို့ မရဘူး။
အဖွဲ့အစည်းတခု နေရာတခု ပျက်စီးယိုယွင်းနေတာက Autocrat တွေများလာလို့ ။ လက်အောက်ငယ်သားအပေါ်မှာ ပေးအပ်တဲ့ အမိန့် တာဝန်အပေါ်မှာ တာဝန်ယူမှု မရှိပဲ နေရာတကာ အမိန့်ပေး နေရာတကာ သိချင် နေရာတကာ လိုက်လုပ်ချင်နေလို့။ Position power ဖြစ်ဖြစ် Expert power ပဲ ဖြစ်ဖြစ် အသိအမှတ်မပြုပဲ မင်းလည်း ငါ့အမိန့်နာခံ ငါခိုင်းတာလုပ် လိုအပ်လို့ ငါကိုယ်တိုင် ခိုင်းနေတာ ဆိုတဲ့ စကားကြောင့် တာဝန်ခွဲဝေမှု မရှိပဲ သူရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ လုပ်ငန်းစဥ်ကို လုပ်နေရတဲ့ အခါ ကျန့်ကြာမှု မှားယွင်းမှုတွေကြောင့် ပေးဆပ်လိုက်ရတဲ့ ဆုံးရှုံးမှုတွေက humen resource ဖြစ်ခဲ့မယ်ဆိုရင် ပိုပြီးဆုံးရှုံးနစ်နာမှု ဖြစ်စေတယ်။ Expert power ရှိတဲ့သူတယောက်ဖြစ်ဖို့ဆိုတာ အနည်းဆုံး၁၀ စုနှစ် ၃ ခုအချိန်ယူရတာ။
နောက်တချက် ကိုယ့်ရဲ့လက်အောက်ငယ်သားအပေါ် ယုံကြည်လွန်ခြင်း ယုံကြည်မှု ကင်းမဲ့ခြင်းတွေကလည်း အဖွဲ့အစည်းအပေါ်မှာ စည်းလုံးမှုကို ပျက်စီးစေတာပဲ။
လိုတိုရှင်းရေးရရင်တော့ ဒီနေ့ မြန်မာနိုင်ငံကို ပျက်စီးစေတဲ့ အကြောင်းရင်းတစ်ချက်အဖြစ် မကောင်းတဲ့ Autocrat တွေ ကြီးစိုးသွားလို့ အခုလို အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ပြီး ၂ ဖက်စလုံးက Humen resource တွေ ဆုံးရှုံးကုန်တာ။ ။ ကံ ကံ၏ အကျိုးပဲပေါ့။
ပုံ တချိန်က နတ်ဆိုး

ကိုယ်က ယုံကြည်လို့ ကိုးကွယ်ယုံကြည်တဲ့ မြတ်စွာဘုရားရှင်က သာသနာအတွက် ဒေဝဒတ် အမုန်းအညှိုးအတေးကို ခံပြီး ရဟန်းတွေကို အုပ်ချု...
05/12/2023

ကိုယ်က ယုံကြည်လို့ ကိုးကွယ်ယုံကြည်တဲ့ မြတ်စွာဘုရားရှင်က သာသနာအတွက် ဒေဝဒတ် အမုန်းအညှိုးအတေးကို ခံပြီး ရဟန်းတွေကို အုပ်ချုပ်ခွင့်ဆိုတဲ့ လုပ်ပိုင်ခွင့်မပေးလို့ နာဠာဂီရိဆင် ကျောက်မောင်းကြီးတွေနဲ့ တိုက်ခိုက်ခံခဲ့ရသေးတာပဲ အမုန်းမခံချင်လို့ ဘာမှမပြောပဲ မသိချင်ယောင်ဆောင်နေလို့ အဖွဲ့အစည်း နေရာတခုလုံးပျက်ဆီးမယ့် အရေးဆိုရင်တော့ အမုန်းခံရမှာပဲ ရန်ငြိုးဖွဲ့လို့ ဒုက္ခရောက်တော့ အတိတ်ကံ ဝိပါတ်ကြောင့် ခံရတာမို့ လုပ်ချင်ရာသာလုပ် အခုလိုပျက်ဆီးနေတာကတော့ အမုန်းမခံပဲ ချစ်လို့ စာနာလို့ ဆိုတဲ့ စကားနဲ့ နှစ်နေကြတဲ့ လူတွေကြောင့်ဆိုတာတော့ မြေကြီးလက်ခတ်မလွဲပဲ ကိုယ့်ခန္ဓာကိုယ်က အစိတ်အပိုင်းတောင် မကောင်းတော့ရင် ဖြတ်ထုတ်ရသေးတာပဲ ကံ ကံ၏ အကျိုးပဲပေါ့ ဒီဂါထာနဲ့တော့ ကိုယ့်ကိုယ်ကို အကာအကွယ်လုပ်ထားတယ်လို့ ပြောပါရစေ။

ဒီလိုအပုံလိုက်ရှိရင် ဘာလုပ်မလဲ မေးရင် လိုနေတဲ့နေရာတွေလှူမယ် အခုတော့ မရှိသေးလို့ လုပ်အားဒါနအဖြစ် အလှူရှင်ရှာတယ် လိုနေတဲ့န...
04/12/2023

ဒီလိုအပုံလိုက်ရှိရင် ဘာလုပ်မလဲ မေးရင် လိုနေတဲ့နေရာတွေလှူမယ် အခုတော့ မရှိသေးလို့ လုပ်အားဒါနအဖြစ် အလှူရှင်ရှာတယ် လိုနေတဲ့နေရာတွေ လှူပေးနေပါတယ်

ဖြစ်ချင်တိုင်းဖြစ်ခွင့်မရတဲ့ ဘဝအခြေအနေကို ခံနိုင်ရည်ရှိဖို့ ရွတ်ဖတ်ပွားများပါ
27/11/2023

ဖြစ်ချင်တိုင်းဖြစ်ခွင့်မရတဲ့ ဘဝအခြေအနေကို ခံနိုင်ရည်ရှိဖို့ ရွတ်ဖတ်ပွားများပါ

တချိန်က ဒေါသစိတ်ကြောင့် သူတပါးအသက်ကို tတ်ခဲ့မိရင် ငရဲကို ဆင်းရမှာပါတကား
24/11/2023

တချိန်က ဒေါသစိတ်ကြောင့် သူတပါးအသက်ကို tတ်ခဲ့မိရင် ငရဲကို ဆင်းရမှာပါတကား

၂၄ ၁၁ ၂၀၂၁ တိုက်စည်းတက်နေတုန်း CQ လုပ်ခဲ့တဲ့တုန်းက ရေးစပ်ခဲ့တဲ့ ကဗျာလေးက အသက်ဝင်လာတော့မယ် ဘာလိုလိုနဲ့ ၂ နှစ်ရှိခဲ့ပြီပဲ
24/11/2023

၂၄ ၁၁ ၂၀၂၁
တိုက်စည်းတက်နေတုန်း CQ လုပ်ခဲ့တဲ့တုန်းက ရေးစပ်ခဲ့တဲ့ ကဗျာလေးက အသက်ဝင်လာတော့မယ် ဘာလိုလိုနဲ့ ၂ နှစ်ရှိခဲ့ပြီပဲ

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက သဗ္ဗညုတရွှေဥာဏ်တော်ရအပြီးမှာ မျက်စိတမှိတ်အတွင်းမှာ စကြာဝဠာ အနတ္တမှာ ဘာတွေဖြစ်လိမ့်အုံ...
23/11/2023

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက သဗ္ဗညုတရွှေဥာဏ်တော်ရအပြီးမှာ မျက်စိတမှိတ်အတွင်းမှာ စကြာဝဠာ အနတ္တမှာ ဘာတွေဖြစ်လိမ့်အုံးမယ်ဆိုတာ သိတော်မူတယ်
အဲဒါကိုသိတော်မူပေမယ့် ရှင်ဒေဝတ်ကြောင့် အဇာတသတ်က အဖကိုသတ်မှာကို မတားမြစ်ပေးဘူးလားလို့ စောဒကတက်ရင်လည်း တက်လို့ရတယ်
ဘာဖြစ်လို့ မတားမြစ်တာလဲဆိုတော့ အဲဒီအချိန်မှာ အဇာတသတ်က လောဘကြီးမားပြီး ရာဇဂြိုလ်ပြည်ရဲ့ဘုရင်ဖြစ်ချင်နေတာလေ အဲဒီခေတ်မှာလည်း မြတ်စွာဘုရားကို မယုံကြည် မကိုးကွယ်တဲ့သူတွေလည်းရှိနေတာကိုး
အဲဒါကိုအခွင့်ကောင်းယူပြီး ရှင်ဒေဝတ်က သူ့ရဲ့ တန်ခိုးအစွမ်းအနည်းငယ်ပြပြီး အဇာတသတ်ကို စည်းရုံး နောက်ဆုံး အဖေကို သတ်မယ့်အထိအကြံပေးတာကို မြတ်စွာဘုရားက မသိပဲ ဘယ်နေပါ့မလဲ
ကျွန်တော်ရဲ့ ဥာဏ်လေးနဲ့ပြောရရင် နှောင်းလူတွေ အဇာတသတ်လို ဆရာမှားပြီး မိဘသတ်ရင် မဂ်ဖိုလ်ဝေး ငရဲကျလိမ့်မယ်လို့ သက်သေပြဖို့ ထားခဲ့လိုက်တာ ဒါပေမယ့် နှစ်ဦးစလုံးက မြတ်စွာဘုရားရှင်ကို ယုံကြည်ကန်တော့သွားလို့ ငရဲက လွတ်လို့ ကမ္ဘာတခုစီမှာ ပစ္စေကဗုဒ္ဓဖြစ်လိမ့်မယ်လို့ ဗျာဒိတ်ပေးခဲ့တယ် ။ ။

သူတပါးရဲ့လမ်းမှာ ဆူးညှောင့်ခလုတ်မတွေ့အောင် ဖယ်ရှားပေးခြင်းသူတပါးရဲ့သွားမယ့်လမ်းကို ဖြောင့်ဖြူးအောင် လုပ်ပေးခြင်းလမ်းသွား...
28/10/2023

သူတပါးရဲ့လမ်းမှာ ဆူးညှောင့်ခလုတ်မတွေ့အောင် ဖယ်ရှားပေးခြင်း
သူတပါးရဲ့သွားမယ့်လမ်းကို ဖြောင့်ဖြူးအောင် လုပ်ပေးခြင်း
လမ်းသွားရင်း သတိထားကြည့်မှ မြင်ရတဲ့ ပုရွတ်ဆိတ်လို အကောင်သေးတွေ ရှောင်ကွင်းသွားခဲ့တဲ့ အကျိုးကြောင့်
ခြကောင်လေးတွေ လုပ်ထားတဲ့ ခြလမ်းကြောင်းထင်ပြီး နင်းမယ့်ခြေထောက်ကို ကျော်ချလိုက်တာ လှုပ်သွားတာတွေ့လို့ ငုံ့ကြည့်လိုက်တာ သူ့ကိုထိရင် ယင်ကောင်တောင် မလွတ်တဲ့ အကောင်ရှည်ဖြစ်နေတယ်
ခန္ဓာပျက်ကိန်းတခုတော့ သူတပါးကို မထိခိုက် မပျက်စီးစေချင်တော့တဲ့ စိတ်ကြောင့် ကျော်လွှားနိုင်ခဲ့ပြီ
ကျွန်ုပ်ပြုစုခဲ့သော ကုသိုလ်အစုစုတို့အား အမျှပေးဝေပါ၏ ယူတော်မူကြပါကုန်တော့ သာဓု သာဓု သာဓု

22/06/2023

21 ထွက်ထားပြီဆိုတော့ ဘူဘရိတ်နဲ့ အပူးလိုက်ရတော့မှာပေါ့

13/06/2023

အခွေပါတ် ရကြလား

13/06/2023

2479 အခွေ မမေ့ကြနဲ့

Address

Meikhtila
Mandalay

Telephone

+959694012708

Website

Alerts

Be the first to know and let us send you an email when Sayar Win 2D posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sayar Win 2D:

Share