AKS Digital Marketing

AKS Digital Marketing Business Cosultant

အင်တာနက်ပေါ်မှာ Video တွေ၊ Articles တွေ၊ ဓာတ်ပုံတွေနဲ့ ရှုပ်ယှက်ခက်နေပါတယ်။ အဲ့ဒီကြားထဲကနေ မိတ်ဆွေရဲ့  Brand၊ မိတ်ဆွေရဲ့...
26/05/2023

အင်တာနက်ပေါ်မှာ Video တွေ၊ Articles တွေ၊ ဓာတ်ပုံတွေနဲ့ ရှုပ်ယှက်ခက်နေပါတယ်။ အဲ့ဒီကြားထဲကနေ မိတ်ဆွေရဲ့ Brand၊ မိတ်ဆွေရဲ့ ကုန်ပစ္စည်း တစ်ခုကို မှတ်မိဖို့ဆိုတာခက်ပါတယ်။ ဒီလိုဆိုရင် မိတ်ဆွေရဲ့ Brand ကို တခြား Brand တွေနဲ့ မတူအောင် ဘယ်လိုလုပ်မလဲ......?
Marketing ဆိုတဲ့ပညာရပ်က Customers တွေရှိမယ့်နေရာနောက်ကို လိုက်ရတာဖြစ်ပါတယ်။ ဒါကြောင့် Internet အသုံးပြုတဲ့သူတွေ များလာတာကြောင့် မိတ်ဆွေလုပ်ငန်းအတွက် Digital Marketing ကလည်း လိုအပ်လာပါတယ်။ Digital Marketing ဟာ အခြား Marketing နည်းလမ်းတွေထက်ပိုပြီး ထိရောက်တာကို တွေ့ရမှာဖြစ်ပါတယ်။
Cost Effective ဖြစ်တာကို တွေ့ရမှာပါ။
Digital Marketing ကုသုံးမယ်ဆိုရင် မိတ်ဆွေရဲ့ Brand/ Product ကို Customer ဖြစ်လာနိုင်ချေရှိတဲ့သူတွေ မြင်အောင်၊ သတိထားမိအောင်၊ စိတ်ဝင်စားအောင် လုပ်လို့ရပါတယ်။
Customer တွေနဲ့ တကယ်ကိုက်ညီမယ့် Content တွေဖန်တီးလို့ရပါတယ်။ Digital Marketing ကို အသုံးပြုမယ်ဆိုရင် ဘယ်နေရာ၊ ဘယ်ဒေသက Customer ဖြစ်ဖြစ် ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုကို တည်ဆောက်လို့ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ဖက်ကလည်း အင်တာနက်ပေါ်မှာ အကြောင်းအရာပေါင်းစုံနဲ့ ပြည့်ကျပ်နေပါတယ်။
အင်တာနက်ပေါ်မှာ Video တွေ၊ Articles တွေ၊ ဓာတ်ပုံတွေနဲ့ ရှုပ်ယှက်ခက်နေပါတယ်။ အဲ့ဒီကြားထဲကနေ မိတ်ဆွေရဲ့ Brand၊ မိတ်ဆွေရဲ့ ကုန်ပစ္စည်း တစ်ခုကို မှတ်မိဖို့ဆိုတာခက်ပါတယ်။
ဒီလိုဆိုရင် မိတ်ဆွေရဲ့ Brand ကို တခြား Brand တွေနဲ့ မတူအောင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားစရာကိစ္စဖြစ်လာပါပြီ။

အဲ့လိုလုပ်ဖို့အတွက် Digital Marketing က မရှိမဖြစ်လိုအပ်ပါတယ်။

Digital Marketing ကို ယနေ့ခေတ်မှာ လုပ်ငန်းပေါင်းစုံက လုပ်နေကြတယ်။ စီးပွားရေး sector တိုင်းကလဲ လုပ်ဖို့တွန်းအားပေးနေကြပါတ...
18/05/2023

Digital Marketing ကို ယနေ့ခေတ်မှာ လုပ်ငန်းပေါင်းစုံက လုပ်နေကြတယ်။ စီးပွားရေး sector တိုင်းကလဲ လုပ်ဖို့တွန်းအားပေးနေကြပါတယ်။ ဒါပေမယ့် ဘာကြောင့်မဖြစ်မနေလုပ်သင့်တယ်ဆိုတာ မသိသေးတဲ့သူအချို့တွက် Digital Marketing ရဲ့ အရေးပါပုံတွေကို ပြောပြပေးသွားမှာပါ။

Digital Marketing ဆိုတာ expense မဟုတ်ပဲ investment ဆိုတာ အကြောင်းစုံသိစေနိုင်မယ့် အချက်( ၆ ) ချက် ကို ဖော်ပြလိုက်ပါတယ်။

Brand Development (အမှတ်တံဆိပ်ဖွံ့ဖြိုးတိုးတက်ရေး)

Business တွေအနေနဲ့ ကိုယ့် product (သို့) service ကို Market ထဲမှာ အတိုင်းအတာတစ်ခုအထိ ရောက်နေအောင် လုပ်ပြီးပြီ။ လူတွေကလဲ ကိုယ့်ကို brand တစ်ခုအဖြစ်မြင်နေပြီဆိုရင် brand အတွက် development program တွေ စသင့်ပါပြီ။ မြင်ယောင်ကြည့်ပါ သမိုင်း၀င် Coca Cola Brand တောင် ယနေ့ခေတ်အထိ Marketing Activities တွေ Digital Marketing Campaign တွေနဲ့ လူတွေရဲ့ မျက်စိရှေ့မှောက်က အပျောက်မခံပါဘူး။ Food Panda ဆိုရင်လဲ နေရာစုံအနှံ့ Digital ရော real world မှာပါ performance branding တွေလုပ်နေတာ တွေ့ကြမှာပါ။

လုပ်ငန်းရှင်တွေအနေနဲ့ brand တစ်ခုကို consumer တွေ လက်ထဲပေးပို့ပြီးရင် မျက်စိရှေ့က အပျောက်မခံအောင် လုပ်ဖို့ Digital Marketing က အကောင်းဆုံး စွမ်းဆောင်နိုင်ပါတယ်။ Brand Reputation ပိုင်းမှာလဲ ကိုယ့် brand က ဘယ်လို CSR တွေလုပ်နေတယ် ကိုယ့် company ၊ ကိုယ့်လုပ်ငန်းက ဘယ်လိုမျိုး လူတော်လူကောင်းတွေနဲ့ brand ကို တည်ဆောက်ပြီး consumers တွေဆီ deliver လုပ်နေတယ်ဆိုတာ ပြသဖို့အတွက် Digital marketing ဟာ အကောင်းဆုံး marketing model ဆိုတာ သိသာထင်ရှားနေပါတယ်။

Buying Behaviors Changes (ဝယ်ယူမှုအမူအကျင့်များ ပြောင်းလဲခြင်)
Consumers တွေရဲ့ buying behaviors တွေဟာ အများအားဖြင့် Digital Channels တွေပေါ်ကနေ အခြေခံလာပါတယ်။ Company တစ်ခုမှာ အလုပ်ဝင်လုပ်ချင်တာပဲဖြစ်ဖြစ် စားသောက်ဆိုင်တစ်ခုမှာ သွားစားချင်တာပဲဖြစ်ဖြစ် action တစ်ခုလုပ်ချင်တိုင်းမှာ သက်ဆိုင်ရာ brand ရဲ့ page၊ Review၊ Pages တွေရဲ့ Like အရေအတွက်ကို ကြည့်လာကြပါတယ်။

တကယ်လို့တစ်ခုခု ဝယ်ဖို့သုံးဖို့ ဆုံးဖြတ်တဲ့အခါမှာလည်း Search engine တွေမှာ အရင်ရိုက်ရှာလာကြပါတယ်။ ဒါဟာ ‌သိသိသာသာ ပြောင်းလဲလာတဲ့ လူတွေရဲ့ digital behaviors တွေပါ။ ဒါကြောင့် Digital Marketing ကို အသုံးပြုပြီး Buying Behaviors တွေအလိုက် customers တွေများများရှာသင့်ခြင်း ဖြစ်ပါတယ်။

buyers-searching-via-social-platform
Buyers searching via social platform
Affordability
အရင်ခေတ် TV commercial, Billboard ခေတ်တွေမှာ လူများများဆီ ရောက်အောင် သိန်းဆယ်ဂဏန်း ရာဂဏန်းပေးပြီး ပြခဲ့ရပါတယ်။ Digital Marketing ခေတ်မှာတော့ 10$ သုံးပြီး လူ သောင်းနဲ့ချီဆီ ရောက်အောင်ပြနိုင်ပါတယ်။ အဲ့ဒီ သောင်းနဲ့ချီတဲ့လူတွေမှာလည်း ကိုယ့် product နဲ့ Service အကြောင်းကိုပဲ စိတ်၀င်စားတဲ့ သူတွေကို ရွေးပြနိုင်ခြင်းဟာ ယခင် advertising၊ marketing နယ်ပယ်တွေနဲ့ လုံးဝမတူတော့တဲ့ တိုးတက်မှုပါ။ အဲ့တော့ ငွေနည်းနည်းပဲ ကုန်ကျပြီး ကိုယ့် brand ကို လူများများဆီရောက်အောင် ပို့မလားဆိုတာထပ် မိတ်ဆွေသာ လုပ်ငန်းရှင် ဖြစ်မယ်ဆိုရင် ပုံမှန်သုံးနေကျ marketing budget အတွက် Digital Marketing ကို investment လုပ်ရင် ကိုယ့်လုပ်ငန်းကို ဘယ်လောက် effective ဖြစ်စေမလဲဆိုတာ စဉ်းစားရမယ့် အရေးကြီးအချက်ဖြစ်ပါလိမ့်မယ်။

Demand Prediction (ဝယ်လိုအား ခန့်မှန်းချက်)
ကိုယ့်ရဲ့ ဘယ် product ကြော်ငြာပို့စ်ကတော့ လူကြိုက် ဘယ်လောက်ပဲရှိနေတယ်၊ ကိုယ့်ရဲ့ ဘယ် product က တော့ လူကြိုက်အရမ်းများပြီး chat-box အထိ လာအမေးများနေတယ် အစရှိတဲ့ အသေးစိတ်အချက်လက်တွေက နောက်ကွယ်က business အတွက်ပါ အသုံး၀င်နိုင်တဲ့ insight တွေပါ။ Digital Marketing ဟာ consumer တွေကို real time brand message တွေ ပေးနိုင်တာတင်မဟုတ်ပါဘူး။ ကိုယ့် product နဲ့ market demand ကို ချိန်ညှိပြီး သေချာ prediction ထုတ်ပေးနိုင်တဲ့ value added marketing model တစ်ခုဖြစ်ပါသေးတယ်။

Real Time Tracking (အချိန်နှင့်တပြေးညီ ခြေရာခံခြင်း။)
ကိုယ့် product ကို ကြော်ညာဖို့အတွက် စီစဉ်တဲ့အခါ ကိုယ့် customer တွေက မနက် ၁၀ နာရီမှာ အကြည့်များကြတာလား။ ည ၉ နာရီမှာမှကြည့်တတ်ကြတာလား။ ကိုယ့် page ကို အများဆုံး လာ engage တာက ရုံးပိတ်ရက်တွေလား ဖွင့်ရက်တွေလား စတာတွေကို အကောင်းဆုံး tracking လုပ်နိုင်တာဟာ Digital Marketing မှာပဲ ရှိပါတယ်။ ဒီလို track လုပ်ပေးနိုင်တာကြောင့် ကိုယ့် product ကို လူများများဆီရောက်အောင် ပို engagement ကောင်းအောင် လုပ်နိုင်ပါတယ်။

Huge ROI
ဆိုင်အသစ်ဖွင့်တာပဲဖြစ်ဖြစ်၊ product အသစ်တစ်ခု launch လုပ်ချင်တာပဲဖြစ်ဖြစ် marketing message ကို consumer တွေဆီ ပေးပို့တော့မယ်ဆိုရင် offline မှာ လက်ကမ်းစာစောင်ဝေရမယ်။ event တွေ လုပ်ရပါမယ်။ ဒီအတွက် printing ဖိုးတွေ၊ လူအားတွေ၊ event တွက်ကုန်ကျမယ့် ကုန်ကျငွေက သိန်းပေါင်းများစွာ ကုန်ကျနိုင်ပါတယ်။

ဒီနေရာမှာ digital marketing မှာ10$ လောက် ၅ ရက်သုံးပြီး consumers များများဆီ ပြမယ်။ အဲ့ဒီနောက် ကိုယ် product ကို လူသိများလာပြီး purchase လုပ်ကြပြီဆိုရင် သုံးလိုက်တဲ့ digital platform ပေါ်က ကြော်ငြာခနဲ့ရလိုက်တဲ့ အမြတ် ကာမိတာပါပဲ။

ကိုယ့် product ရဲ့ nature ပေါ်မူတည်ပြီး ဆုံးဖြတ်ရမှာဆိုပေမယ့် digital marketing ကတော့ ရွေးကိုရွေးချယ်သင့်တဲ့ နည်းလမ်းတစ်မျိုး ဖြစ်ပါတယ်။

ယခု အချက်တွေကို ကြည့်ပြီး သင့်လုပ်ငန်းအတွက် marketing investment လုပ်ရာမှာ အထောက်အကူဖြစ်မယ် မျှော်လင့်ပါတယ်။

ကျွန်တော်တို့ AKS Digital Marketing မှာလည်း မိတ်ဆွေတို့လုပ်ငန်းအတွက် ထိရောက်တဲ့ one-stop digital marketing service တွေ ဆောင်ရွက်ပေးနေ
တာကြောင့် ဒီလင့်ကနေတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။
Aks page Link
https://www.facebook.com/htetarkarsoe.graphicdesigner
#မူရင်းရေးသားသူအား crd ပေးပါသည်

ကျွန်တော်များ AKS Digital Marketing Agency နှင့်လက်တွဲးပီး လူကြီးမင်း၏ စီးပွားရေးလုပ်ငန်းကိုဘာကြောင့် လုပ်ဆောင်သင့်သလည်း...
02/05/2023

ကျွန်တော်များ AKS Digital Marketing Agency နှင့်
လက်တွဲးပီး လူကြီးမင်း၏ စီးပွားရေးလုပ်ငန်းကို
ဘာကြောင့် လုပ်ဆောင်သင့်သလည်း.....✨✨✨

ဒစ်ဂျစ်တယ် ဈေးကွက်ဖော်ဆောင်ခြင်း သို့မဟုတ် ဒစ်ဂျစ်တယ်မားကတ်တင်း (Digital Marketing) ဆိုသည်မှာဈေးကွက်ဖော်ဆောင်ခြင်း နည်းလ...
18/04/2023

ဒစ်ဂျစ်တယ် ဈေးကွက်ဖော်ဆောင်ခြင်း သို့မဟုတ် ဒစ်ဂျစ်တယ်မားကတ်တင်း (Digital Marketing) ဆိုသည်မှာ
ဈေးကွက်ဖော်ဆောင်ခြင်း နည်းလမ်းများကို အင်တာနက်ပေါ်တွင် ဒစ်ဂျစ်တယ်နည်းပညာများအသုံးပြုပြီး မိမိ Product ‌ရောင်းအားကောင်းအောင် ကြော်ငြာဖြစ်သည်။ ဒစ်ဂျစ်တယ်နည်းပညာများတွင် မိုဘိုင်းဖုန်းများ၊ ပြသခြင်းကြော်ငြာများ နှင့် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ကြားခံနည်းလမ်းများကို အသုံးပြုခြင်းများပါဝင်သည်။

[၁]
ဒစ်ဂျစ်တယ်မားကတ်တင်း သည့် ၁၉၉၀ ပြည့်နှစ်များစတင်၍ နိုင်ငံတကာတွင် စတင်အသက်ဝင်လာပြီး စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်မှုတွင် အခန်းဂဏ္ဍတစ်ရပ်အနေဖြင့်ပါဝင်ခဲ့သည်။
[၂]
၂၀၀၀ ပြည့်နှစ်ကာလတွင် ဒစ်ဂျစ်နယ်နည်းပညာများ တဟုန်ထိုးဖွံဖြိုးလာပြီး ဈေးကွက်ဖော်ဆောင်ရေးနည်းများတွင် ဒစ်ဂျစ်တယ်ဖြင့် ဈေးကွက်ဖော်ဆောင်ခြင်း ကြော်ငြာပြသခြင်းများသည် နေရာအပြည့်ယူလာပြီး အများပြည်သူသို့ ဈေးကွက်ချဲ့ထွင်ရာတွင် အတူတွဲဖက်အသုံးပြုနိုင်သည့် နည်းလမ်းတစ်ခုအဖြစ် အရေးပါလာခဲ့သည်။ ဒစ်ဂျစ်တယ်မားကတ်တင်း ကြောင့် စီးပွားရေးလုပ်ငန်းများ၏ ပျံနှံခြင်းနှင့်ထိရောက်ခြင်းများသည် အခြားသောဈေးကွက်ဖော်ဆောင်ရေးနည်းလမ်းများထက်ပိုမိုထိရောက်လာခဲ့သည်။

ဒစ်ဂျစ်တယ်မားကတ်တင်းတွင် သတင်းအချက်အလက်ရှာဖွေနိုင်ရန်ပြုလုပ်ခြင်း
(search engine optimization (SEO))
သတင်းအချက်အလက် ရှာဖွေနိုင်ခြင်းပတ်သက်၍ ဈေးကွက်ရှာဖွေခြင်း [search engine marketing (SEM)]
ကြော်ငြာစာရေးသား၍ ဈေးကွက်ဖော်ဆောင်ခြင်း၊ နာမည်ကျော်ကြားသည့်ပုဂ္ဂိုလ်များအသုံးပြု၍ ဈေးကွက်ဖော်ဆောင်ခြင်း၊ အကြောင်းအရာများ အလိုလျောက်ဖြေကြားပေးခြင်း၊ စည်းရုံးလှုံဆော် ဈေးကွက်ဖော်ဆောင်ခြင်း ၊သတင်းအချက်အလက်ခြေပြု ဈေးကွက်ဖော်ဆောင်ခြင်း၊ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး၊ လူမှုကွန်ယက်အခြေပြု ဈေးကွက်ဖော်ဆောင်ခြင်း၊ လူမှုကွန်ယက်အခြေပြု သိသာထင်ရှားအောင်ပြုခြင်း ၊ နှင့် ပြသမှုကြော်ငြာခြင်းများနှင့် အခြားသော ဆက်စပ်နည်းပညာများ ပါဝင်သည်။
[၃]
ဒစ်ဂျစ်တယ်မားကတ်တင်းတွင် အထက်ပါအချက်အလက်များသာမက အခြားသော အင်တာနက်အသုံးပြုခြင်းများသာမက မိုဘိုင်းဖုန်းများတွင် မာတီမီဒီယာမက်ဆေ့များ၊ ကြော်ငြာမက်ဆေ့များ ပြုလုပ်ခြင်းနှင့် အခြားခြားသော ဒစ်ဂျစ်တယ်နည်းပညာများအားအသုံးပြု၍ ဈေးကွက်ဖော်ဆောင်ခြင်းများကို ဒစ်ဂျစ်တယ်မားကတ်တင်း ပြုလုပ်သည်ဟုသတ်မှတ်နိုင်သည်။

Address

134st, 54st ( B ), Tha Khin Phoe Hla GYi Road, Pyi Gyi Tagon
Mandalay

Telephone

+959965306244

Website

Alerts

Be the first to know and let us send you an email when AKS Digital Marketing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AKS Digital Marketing:

Share