18/07/2021
"ကိုဗစ်ဖြစ်ပွါးနေသူအတွက် အသက်ရှုလေ့ကျင့်ခန်း"
- နှာခေါင်းမှ အသက်ပြင်းပြင်းရှုသွင်းပါ
(စိတ်ထဲမှ ၁မှ ၅ အထိရေပြီးသည်အထိ)
- အသက်အောင့်ပါ
(စိတ်ထဲမှ ၁မှ ၅ အထိရေပြီးသည်အထိ)
- ပါးစပ်ဖြင့် အသက်ဖြည်းဖြည်းပြန်ရှုထုတ်ပါ
(စိတ်ထဲမှ ၁မှ ၁ဝ အထိရေပြီးသည်အထိ)
ငါးခေါက်လုပ်ပါ အဆုံးတွင် ချောင်းဟန့်ထုတ်ပါ
အောက်စီဂျင်ရှုရသူများ ရှုရင်းတန်းလန်းလုပ်ပါ
------/////---------
"ကိုဗစ်ဖြစ်ပွါးပြီးသူများအတွက် အသက်ရှုလေ့ကျင့်ခန်း"
အဆင့်(၁)
ပက်လက်အိပ်စဥ် အသက်ပြင်းပြင်းရှုခြင်း
- ပက်လက်အိပ် ဒူထောင်ထားပါ
- လက်နှစ်ဖက်ကို အစာအိမ်ရှိရာဗိုက်ပေါ်တွင်တင်ပါ
- နှုတ်ခမ်းစိထားပြီး လျာကို အာခေါင်တွင်ထိထားပါ
- နှာခေါင်းဖြင့် ရှုသွင်း၍ အစာအိမ်ထဲလေဝင်သည်အထိရှုပါ (တင်ထားသည့်လက် ပြန်ကားသည်အထိ)
- ဖြည်းဖြည်းချင်းလေကို နှာခေါင်းမှ ပြန်ထုတ်ပါ
- အ့အတိုင်း ထပ်ခါထပ်ခါ တစ်မိနစ်လုပ်ပါ
အဆင့် (၂)
မှောက်အိပ်စဥ် အသက်ပြင်းပြင်းရှုခြင်း
- မှောက်၍ လက်ပေါ်တွင်ခေါင်းတင်အိပ်ပါ
- နှုတ်ခမ်းစိထားပြီး လျာကို အာခေါင်တွင်ထိထားပါ
- နှာခေါင်းဖြင့် ရှုသွင်း၍ အစာအိမ်ထဲလေဝင်သည်အထိရှုပါ (ဗိုက်က အိပ်ယာအားတွန်းသည်အထိ)
- ဖြည်းဖြည်းချင်းလေကို နှာခေါင်းမှ ပြန်ထုတ်ပါ
- အ့အတိုင်း ထပ်ခါထပ်ခါ တစ်မိနစ်လုပ်ပါ
အဆင့် (၃)
ထိုင်နေစဥ် အသက်ပြင်းပြင်းရှုခြင်း
- အိပ်ယာပေါ် သို့ ခုံပေါ်တွင် မတ်မတ်ထိုင်ပါ
- လက်နှစ်ဖက်ကို အစာအိမ်ရှိရာဘေးတွင်ထားပါ
- နှုတ်ခမ်းစိထားပြီး လျာကို အာခေါင်တွင်ထိထားပါ
- နှာခေါင်းဖြင့် ရှုသွင်း၍ အစာအိမ်ထဲလေဝင်သည်အထိရှုပါ (တင်ထားသည့်လက် ပြန်ကားသည်အထိ)
- ဖြည်းဖြည်းချင်းလေကို နှာခေါင်းမှ ပြန်ထုတ်ပါ
- အ့အတိုင်း ထပ်ခါထပ်ခါ တစ်မိနစ်လုပ်ပါ
အဆင့် (၄)
မတ်မတ်ရပ်၍ အသက်ပြင်းပြင်းရှုခြင်း
- မတ်မတ်ရပ်၍
- လက်နှစ်ဖက်ကို အစာအိမ်ရှိရာဘေးတွင်ထားပါ
- နှုတ်ခမ်းစိထားပြီး လျာကို အာခေါင်တွင်ထိထားပါ
- နှာခေါင်းဖြင့် ရှုသွင်း၍ အစာအိမ်ထဲလေဝင်သည်အထိရှုပါ (တင်ထားသည့်လက် ပြန်ကားသည်အထိ)
- ဖြည်းဖြည်းချင်းလေကို နှာခေါင်းမှ ပြန်ထုတ်ပါ
- အ့အတိုင်း ထပ်ခါထပ်ခါ တစ်မိနစ်လုပ်ပါ
ဒေါက်တာ အောင်ထက်ထွန်း