11/11/2022
“𝐇𝐢𝐫𝐞 𝐂𝐡𝐚𝐫𝐚𝐜𝐭𝐞𝐫, 𝐓𝐫𝐚𝐢𝐧 𝐒𝐤𝐢𝐥𝐥.” (𝐅𝐫𝐞𝐞 𝐒𝐞𝐦𝐢𝐧𝐚𝐫)
ဝန်ထမ်းရှာတဲ့အခါ “လူကောင်း” တွေကို ခန့်ပါ.... “လူတော်” ဖြစ်အောင် လေ့ကျင့်ပေးပါ... “𝐇𝐢𝐫𝐞 𝐂𝐡𝐚𝐫𝐚𝐜𝐭𝐞𝐫, 𝐓𝐫𝐚𝐢𝐧 𝐒𝐤𝐢𝐥𝐥.” ဆိုသော ခေါင်းစဉ်ဖြင့် Free Seminar ကို မန္တလေးမြို့ရှိ NVL Business Tower တွင် ကျင်းပ ပြုလုပ်ပေးမှာ ဖြစ်ပါသည်။
ဤ Seminar အား NVL Business Tower မှ အဓိကကူညီပံ့ပိုးပေးထားပြီး ဟောပြောဆွေးနွေးမည့်သူမှာ 𝐃𝐫. 𝐊𝐨𝐮𝐧𝐠 𝐋𝐨𝐨𝐧 (𝐏𝐡.𝐃. (𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭), 𝐒𝐈𝐔, 𝐁𝐚𝐧𝐠𝐤𝐨𝐤) ဖြစ်ပါသည်။
𝐃𝐫. 𝐊𝐨𝐮𝐧𝐠 𝐋𝐨𝐨𝐧 သည် Brain Box Acumen School of Management သင်တန်းကျောင်း၏ Founder & Principal တစ်ဦးဖြစ်ပြီး စီမံခန့်ခွဲရေး နှင့်ဆိုင်သော ဘာသာရပ်များ သင်ကြားပို့ချခြင်း နှင့် လုပ်ငန်းအကြံပေးခြင်း များ လုပ်ကိုင်လျှက်ရှိသော အတွေ့အကြုံရှိ ဝါရင့်ဆရာကြီးတစ်ဦး ဖြစ်ပါသည်။ Business Management, Chindwin TU, Mandalay တွင် Lecturer နှင့် Tourism & Hospitality Management, Collage of Khamti, Mandalay တွင် Lead Lecturer အဖြစ် စာသင်ကြားနေပြီး ပညာရေးအကြံပေးအနေဖြင့် ဆောင်ရွက်နေပါသည်။ စာပေဗဟုသုများကိုလည်း စာရေးခြင်းဖြင့် ဖြန့်ဝေပေးလျှက်ရှိပါသည်။ အောင်သမာဓိ (စိန်ရွှေရတနာ)၊ ဇာနည် အီလက်ထရောနစ်၊ Golden Dragon Inle Co., Ltd၊ Mya Yadanar Htay, Flour Mill၊ Moe Wai Kyaw Tea Center၊ Yaung Chi, Textile Company၊ Zann+Point Sunflower Seed Production၊ Great Wall Hotels Group (Mandalay, Naypyitaw)၊ Royal Lucky Home (Group of Companies) တို့တွင် လုပ်ငန်းအကြံပေး ခြင်းများ လုပ်ကိုင်နေပါသည်။
Seminar အသေးစိတ်
***************************
🗓️ နေ့ရက် - 27 November 2022 (Sunday)
🕐 အချိန် - 1:00 PM to 3:00 PM
📌 နေရာ - BLUE HEAVEN - Banquet & Function Hall, 2nd Floor, NVL Business Tower, 68 Street, Bet ; 108 & 109 Streets, Chanmyatharzi Township, Mandalay, Myanmar.
လုပ်ငန်းခွင်ဝင်ရောက်နေသော Working Professionals များ၊ စီးပွားရေးလုပ်ငန်းရှင်များ နှင့် စီမံခန့်ခွဲသူများ၊ စွန့်ဦးတီထွင်လူငယ်များ တက်ရောက်သင့်သည့် ဆွေးနွေးပွဲတစ်ခုဖြစ်ပြီး၊ လူဦးရေ ၂၀၀-သာ ကန့်သတ်ထား သောကြောင့် စိတ်ဝင်စားသည့် မည်သူမဆို NVL Business Tower သို့ လူကိုယ်တိုင် လာရောက် စာရင်းပေးသွင်း၍ အခမဲ့ တက်ရောက်နိုင်ပါသည်။
❗️Seminar နေ့တွင် မိမိတို့၏လုပ်ငန်းများ စပွန်ဆာ နှင့် ကြော်ငြာလိုသော လုပ်ငန်းရှင်များ NVL Business Tower သို့ ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ပါသည်။
☎️ 09 442 042 468