Aung Myo - World Gold Trading Consultant

Aung Myo - World Gold Trading Consultant Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Myo - World Gold Trading Consultant, Business consultant, Mandalay.

သူတစ်ပါးအမြင်နဲ့ အသက်ရှင်လေ အသုံးအစွဲထိန်းရခက်လေပဲ◾ငွေရှာတာ၊ ငွေကိုထိန်းသိမ်းတာနဲ့ ငွေစုတာ ဘယ်ဟာအခက်ဆုံးလဲဆိုရင် အများစု...
06/09/2023

သူတစ်ပါးအမြင်နဲ့ အသက်ရှင်လေ အသုံးအစွဲထိန်းရခက်လေပဲ

ငွေရှာတာ၊ ငွေကိုထိန်းသိမ်းတာနဲ့ ငွေစုတာ ဘယ်ဟာအခက်ဆုံးလဲဆိုရင် အများစုက ငွေကိုထိန်းသိမ်းရာတာအခက်ဆုံးလို့ ဖြေကြလိမ့်မယ်။

တချို့လူတွေအတွက် ငွေရှာရတာ အခက်ဆုံးဖြစ်ချင်လည်းဖြစ်မယ်။ ဘာကျွမ်းကျင်မှုမှ မယ်မယ်ရရမရှိတဲ့လူတစ်ယောက်အနေနဲ့ အောက်ခြေသိမ်းအလုပ်တွေလုပ်ရတဲ့အခါ ရတဲ့ဝင်ငွေက မစို့တပို့လောက်ပဲရတာမျိုးပေါ့။ အခုလို စီးပွားရေးကျပ်တည်းချိန့် အလုပ်ကိုင်ရှားပါးချိန်မှာဆိုရင် ငွေရှာရတာ ပိုခက်ပါတယ်။

ဒါပေမဲ့ ငွေကိုမထိန်းသိမ်းနိုင်ခြင်းက ငွေကြေးကျပ်တည်းခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ခုဆိုတာကလည်း လူအများသိပ်သတိမထားဖြစ်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ ဆိုလိုတာကတော့ အသုံးအစွဲမတတ်တာဟာ ငွေကြေးကျပ်တည်းခြင်းရဲ့အစပဲ။ ဒါကြောင့် ကိုယ့်ဝင်ငွေက ဘယ်လောက်ပဲဖြစ်စေ ကိုယ့်ရဲ့ Budgeting ကို သေချာလုပ်ဖို့လိုတယ်။ ဝင်ငွေ (Income) ထက် အသုံစရိတ် (Expense) က များနေရင် အခြေအနေမကောင်းဘူးဆိုတာ သတိပြုဖို့လိုတယ်။

လူရဲ့ဗီဇက အာရုံမျိုးစုံနောက်လိုက်တတ်တဲ့အပြင် ပတ်ဝန်းကျင်ရဲ့အမြင်၊ တခြားလူတွေရဲ့အမြင်ကို ဂရုစိုက်လေ့ရှိတယ်။ ဒါက ပုံမှန်လောက်ဆို ပြဿနာမရှိပေမဲ့ ပတ်ဝန်းကျင်ရဲ့အမြင်နောက်ကို သိပ်လိုက်လွန်းရင်တော့ ပြဿနာရှိပါတယ်။ လူတွေက ကိုယ့်ကိုဘယ်လောက်ထိတောင်သုံးနိုင်တာပဲလို့ အထင်ကြီးခံရဖို့ထက် ကိုယ့်ရဲ့ပိုက်ဆံအိတ်ဖောင်းနေလား၊ ကျုံ့နေလားကို ကိုယ်တိုင်သတိထားမိနေဖို့က ပိုအရေးကြီးပါတယ်။

နောက်တစ်ချက်က ကိုယ့်အတွက်လိုအပ်တဲ့အရာတွေတင်မကဘဲ မလိုအပ်တာတွေအတွက်ပါ လျှောက်သုံးလာရင် ဝင်ငွေတွေဘယ်လောက်ကောင်းကောင်း၊ ငွေကြေးဘယ်လောက်ချမ်းသာချမ်းသာ ခင်ဗျားရဲ့ငွေကြေးကို ထိန်းသိမ်းနိုင်မှာမဟုတ်ဘူး။ အမွေတွေ သိန်းထောင်ချီရ၊ ထီတွေပေါက်လည်း အသုံးအစွဲမတတ်ရင် အဲဒီငွေကြေးပမာဏက ရေရှည်ခံမှာမဟုတ်ပါဘူး။

နီကိုလပ်စ်ကေ့ချ်၊ မိုက်တိုင်ဆန်၊ ရော်နယ်လ်ဒင်ဟိုတို့လို ဒိတ်ဒိတ်ကြဲတွေ သာမန်ဘ၀ရောက်သွားတာ၊ ငွေကြေးကျပ်တည်းသွားတာ အသုံးအစွဲမိုက်မဲလို့ပဲ။ အသုံးအစွဲကိုထိန်းဖို့အကောင်းဆုံးကတော့ သူတစ်ပါးအမြင်ကို ဂရုစိုက်လွန်းတာ၊ စိတ်ခံစားချက်နောက်ကိုလိုက်လွန်းတာတွေကိုလျှော့ပြီး Minimalism ဆိုတဲ့ မလိုတာတွေမသုံးတဲ့အလေ့အကျင့်ကို တည်ဆောက်နိုင်ဖို့လိုတယ်။

ကိုယ်က ဝင်ငွေ သောက်သောက်လဲမဝင်သည့်တိုင် ကိုယ့်ရဲ့ငွေကြေးကို ကောင်းကောင်းစီမံနိုင်မယ်ဆိုရင် ငွေကြေးအကျပ်အတည်းကင်းတဲ့ဘ၀ကို ရရှိနိုင်ပါတယ်။

HeinZaw

ကြိုတင်ပြင်ဆင်ခြင်းက အနာဂတ်အတွက် ကောင်းဆုံးတည်ဆောက်ခြင်းပဲ◾“လူတွေရဲ့ သဘောသဘာ၀တစ်ခုက နေ့စဉ်အလုပ်တွေထဲမှာပဲ နစ်မြုပ်နေတတ်ပ...
30/08/2023

ကြိုတင်ပြင်ဆင်ခြင်းက အနာဂတ်အတွက် ကောင်းဆုံးတည်ဆောက်ခြင်းပဲ

“လူတွေရဲ့ သဘောသဘာ၀တစ်ခုက နေ့စဉ်အလုပ်တွေထဲမှာပဲ နစ်မြုပ်နေတတ်ပြီး အနာဂတ်အတွက် ပြင်ဆင်ဖို့မေ့လျော့တတ်ကြတာပဲ။”

တစ်လောက မတွေ့တာကြာပြီဖြစ်တဲ့ အဒေါ်တစ်ယောက်နဲ့တွေ့တော့ သူရုပ်က တော်တော်အိုစာသွားတာ သတိထားမိတယ်။ အဒေါ် ဘယ်လိုများဖြစ်သွားတာလဲပေါ့။ စကားတွေ အများကြီးပြောဖြစ်တော့မှ သဘောပေါက်သွားတယ်။ အဓိကအကြောင်းရင်းက သူ့အမျိုးသား ပင်စင်ယူတဲ့ကိစ္စကစတာပဲ။ သူ့အမျိုးသားက အရင်က အာဏာပါဝါရှိတဲ့အစိုးရအရာရှိကြီးတစ်ဦး၊ ဝင်ငွေလည်း ကောင်းခဲ့တယ်လို့ပြောလို့ရတယ်။ အဲဒီအချိန်မှာ သားဖြစ်သူကလည်း မိဘကိုကောင်းကောင်းထောက်ပံ့တယ်။ အဲဒီအချိန်ကာလက အဒေါ်တို့မိသားစု ရွှေထီးဆောင်းတဲ့ကာလတွေပေါ့။

နောက်ပိုင်း သူ့အမျိုးသားက ပင်စင်ယူလိုက်သလို သားဖြစ်သူကလည်း အိမ်ထောင်ကျလို့ ကောင်းကောင်းမထောက်ပံ့နိုင်တော့ဘူး။ အရင်ဝင်ငွေကောင်းခဲ့ချိန်က စုဆောင်းမှုနဲ့ ရင်းနှီးမြှုပ်နှံမှု သေချာမလုပ်ထားတဲ့အခါ သူတို့မိသားစုဟာ ပင်စင်ဝင်ငွေလေးနဲ့ ဝင်ငွေကျပ်တည်းလာတယ်။ အဲဒါထက် ပိုဆိုးတာက အမျိုးသားဖြစ်သူက အရင်ကအာဏာနဲ့ ဝင်ငွေရှိခဲ့ပြီး ဗြုန်းဆို ဘာအာဏာမှမရှိ၊ ဝင်ငွေလည်းမကောင်းတော့တဲ့အခါ အတော်ပြောင်းလဲသွားတယ်။ မိသားစုနဲ့ ဆက်ဆံရေးက အရင်လို နွေးနွေးထွေးထွေးမရှိတော့တဲ့အပြင် ပြဿနာပါရှာတတ်လာလို့ဆိုတယ်။ အဒေါ်ကတော့ သူတို့လင်မယား မကြာခဏစကားများတဲ့အကြောင်းပြောပြသလို ဘာအလုပ်လုပ်ရင်ကောင်းမလဲလည်း အားငယ်တဲ့အသံနဲ့ မေးရှာတယ်။

ဒီလိုလူတွေ၊ ဒီလိုမိသားစုတွေ ပတ်ဝန်းကျင်မှာ တော်တော်လေးတွေ့ရတယ်။ ဆိုတော့ လူတစ်ယောက်၊ မိသားစုတစ်စုအနေနဲ့ ငွေကြေးအရပဲကြည့်ကြည့်၊ ဘ၀နေနနည်းအရပဲ ကြည့်ကြည့် ပင်စင်ယူတဲ့အချိန်တွေအတွက် ပြင်ဆင်မှုလုပ်ဖို့ တော်တော်လေးအရေးကြီးတာတွေ့ရတယ်။

လူတွေရဲ့ သဘောသဘာ၀တစ်ခုက နေ့စဉ်အလုပ်တွေထဲမှာပဲ နစ်မြုပ်နေတတ်ပြီး အနာဂတ်အတွက် ပြင်ဆင်ဖို့မေ့လျော့တတ်ကြတာပဲ။ "အနာဂတ်ကိစ္စလား ဝေးပါသေးတယ်"၊ "နောင်ခါလာ နောင်စျေး" ဆိုတာလည်းရှိသေးတယ်။ တကယ်တမ်းတော့ ပင်စင်ယူတဲ့အသက်အရွယ်အတွက်ဆိုတာ ပြင်ဆင်ချိန် တော်တော်ရပါတယ်။ ထားပါတော့ အနည်းဆုံး ဝင်ငွေကောင်းကောင်းရှာနိုင်တဲ့၊ မိသားစုကို ကောင်းကောင်းဦးဆောင်နိုင်တဲ့ ၃၅-၄၀ အရွယ်လောက်မှာပဲ စပြင်ဆင်ဦး နှစ်ပါင်း ၂၀ ကျော်လောက်အချိန်ရတယ်။

ပြင်ဆင်တဲ့အခါ နေရေးရော၊ ငွေကြေးပါ အရေးကြီးပါတယ်။ နေတတ်အောင်ဘယ်လိုလေ့ကျင့်မလဲ။ အလုပ်ဆိုတာ ငွေတစ်ခုတည်းပေးနိုင်တာမဟုတ်ဘဲ နေ့စဉ်ဘ၀အတွက် တွန်းအားပါပေးနိုင်တယ်။ ဂျပန်တွေဆိုရင်တော့ ပင်စင်ဆိုတာ သူတို့အတွက်အဓိပ္ပာယ်သိပ်မရှိလှဘူး။ အသက် ၇၀ လောက်ထိ အလုပ်လုပ်ကောင်းတုန်း၊ ဆိုလိုချင်တာက ဂျပန်တွေလောက်အလုပ်မလုပ်ရင်တောင် နေ့စဉ်ဘ၀ကို ဘာတွေလုပ်ပြီးဖြတ်သန်းမလဲ ကြိုစဉ်းစားထားဖို့လိုတယ်။ အလုပ်တစ်ခုခုလား၊ ဝါသနာပါတာလား၊ ဘာသာရေးလား စသဖြင့်ပေါ့။

အဲဒါထက် လက်တွေ့ပိုအရေးကြီးတာကတော့ ငွေကြေးပိုင်းပဲ။ ခင်ဗျား ဝင်ငွေနည်းပါးသွားချိန်မှာလည်း နေ့စဉ်အသုံးစရိတ်က ထွက်နေမှာပဲ။ ကိုယ့်ရဲ့ Living Cost တော့ အနည်းဆုံး မပူမပန်ရအောင် ပြင်ဆင်ထားဖို့လိုတယ်။ သေချာတာက Retirement Planning, Future Planning သေချာမလုပ်ရင်တော့ အနာဂတ်မှာ သောကများရဦးမှာပဲ။

HeinZaw

 ိုအလောင်းကစားတစ်ခုလို့ လုံးဝမသတ်မှတ်သင့်ပါဈေးကွက်မှာ Analysis များစွာမှ မိမိကြိုက်တာ အသုံးပြုပြီး အရောင်းအဝယ် လုပ်နိုင်...
30/08/2023

ိုအလောင်းကစားတစ်ခုလို့ လုံးဝမသတ်မှတ်သင့်ပါ

ဈေးကွက်မှာ Analysis များစွာမှ မိမိကြိုက်တာ အသုံးပြုပြီး အရောင်းအဝယ် လုပ်နိုင်ပါတယ်။
❎အလောင်းကစားဆန်ဆန်မျိုး လုပ်နေကြတာ မဟုတ်ပါဘူး❎

တချို့လူများဟာလည်း အလောင်းကစားဆန်ဆန် လုပ်နေကြတဲ့သူလည်း ရှိနေပါတယ်။တကယ်တော့ နည်းပညာပိုင်းလေ့လာပြီး သေချာအရောင်းအဝယ်လုပ်မယ်ဆိုရင် အကျိုးအမြတ်များစွာပိုင်ဆိုင်နိုင်တဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်လာပါတယ်။

ဘယ် Analysis မှမပါဘဲ စိတ်ထင်ရာ လုပ်ချင်သလို လုပ်နေရင် အလောင်းကစားဆန်တဲ့ ပုံစံမျိုးဖြစ်လာပါလိမ့်မယ်။
Forex Trader တစ်ယောက်အနေနဲ့ Analysis သေချာလေ့လာပြီးမှ အရောင်းအဝယ်လုပ်ရင်တော့ တစ်ရက်ကို ၁သိန်း၂သိန်းလည်း ဝင်နိုင်သလို ၁၀သိန်း ထိလည်း ဝင်ဖို့ မခက်ခဲလှပါဘူး။

ထိုနည်းတူပါပဲ တစ်နေ့ ၁သိန်း ၂သိန်း ရနိုင်သလို ၁သိန်း ၂သိန်း ရှုံးသွားနိုင်တဲ့ riskလဲ ရှိစမြဲပါပဲ။Forex မှာ အောင်မြင်သော traderဖြစ်ဖို့ဆိုရင်မြတ်တဲ့ အခါ ဘယ်လို ထိန်းသိမ်းမလဲဆိုတာရယ်ရှုံးတဲ့အခါ ကိုယ့်ရဲ့ riskကို ဘယ်လိုကာမလဲ ဆိုတာက ပိုပြီးအရေးပါတယ်။

ဒီတော့ မိတ်ဆွေအနေနဲ့ အလောင်းကစားဆန်ဆန်မလုပ်ချင်ဘူးဆိုလျှင် ပြင်ဆင်ထားသင့်ပါတယ်။
1.Forex အကြောင်းကို သေချာလေ့လာထားရမယ်
2.နည်းပညာပိုင်း လေ့လာခန့်မှန်းတတ်ရမယ်
3.ကမ္ဘာ့အရေးကြီးသတင်းတွေအကြောင်း ကောင်းကောင်း‌ေစာင့်ကြည့်တတ်ရမယ်
4.လေ့ကျင့်မှုတွေ ထပ်တလဲလဲစမ်းသပ်နေရမယ်(ဥပမာ Demoနဲ့ စမ်းသပ်တာမျိုးပေါ့)
5.ကောင်းမွန်တဲ့ planတွေ ချထားရမယ်
6.Emotion (စိတ်ခံစားမှု)ကို ကြိုတင်ပြင်ဆင်ထားရမယ်
7.(O)သုံးလုံးရှောင်ရမယ်
[က]Over trade အလွန်အကျွံ အရောင်းအဝယ်လုပ်ခြင်း
[ခ]Over Confident အလွန်အကျွံ ယုံကြည်မှုရှိနေခြင်း
[ဂ]Over lot အလွန်အကျွံ Lot sizeသုံးခြင်း
ဒါတွေ ဆောင်ရွက်နိုင်ရင် မိတ်ဆွေဟာ အလောင်းကစားဆန်ဆန်လုပ်နေသူနဲ့ မတူပဲ ‌တစိုက်မတ်မတ် အောင်မြင်နိုင်တဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကို ပိုင်ဆိုင်နိုင်မှာ မလွဲဧကန်ပဲ ဖြစ်ပါတယ်ဗျ။

Forex trading သို့မဟုတ် နိုင်ငံတကာငွေကြေးစျေးကွက်ကို အခုမှစပြီးလေ့လာနေတဲ့ မိတ်ဆွေးများအနေနဲ့ သေချာကောင်းမွန်သောနည်းစနစ်နဲ့ လေ့လာထားသင့်ကြောင်း တိုက်တွန်းပါရစေ။

Forex ဈေးကွက်ကိုစိတ်ဝင်စား၍ဖြစ်စေ ၊Deposit တောင့်တဲ့အကောင့်တစ်ခု ဖွင့်လို၍ဖြစ်စေ ၊Forex Trading ကိုအခြေခံမှစပြီး လေ့လာသင်ယူလို၍ ဖြစ်စေ ကျွန်တော် Aung Myoသို့ ဆက်သွယ်နိုင်ပါတယ်....
Aung Myo - NFX Co,ltd (BFA Team)
Content -09967032515

ရုံးသို့ Appointment ယူပြီးလူကိုယ်တိုင်လာရောက်ဆွေးနွေးနိုင်ပါတယ်။(ဖုန်းကြိုတင် ဆက်သွယ်ပါရန်)

🏢မန္တလေးရုံး (၁)
58B လမ်း၊ 103A × 104 ကြား ၊ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့ ။

🏢မန္တလေးရုံး (၂)
အမှတ်(တ-၄/၅၂)
62A လမ်း,103 နှင့် 103Aလမ်းကြား။

🏢ရန်ကုန်ရုံး
-အခန်းနံပါတ်.905၊Soho Bussiness Tower.
-ဗိုလ်မြတ်ထွန်းလမ်း၊အောက်ဘလောက်၊ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်။
Myo (09967032515)

28/08/2023

28.8.23
ကမ္ဘာ့ရွှေအဖွင့်စျေး
1ounce 1914$

 #ငွေကြေးပိုင်းဆိုင်ရာလုံခြုံစိတ်ချရပြီး ရန်ကုန်မြို့ နှင့် မန္တလေးမြို့တို့တွင် ရုံးခွဲပေါင်းများစွာ ဖွင့်လှစ်ထားတဲ့ မြ...
26/08/2023

#ငွေကြေးပိုင်းဆိုင်ရာလုံခြုံစိတ်ချရပြီး ရန်ကုန်မြို့ နှင့် မန္တလေးမြို့တို့တွင် ရုံးခွဲပေါင်းများစွာ ဖွင့်လှစ်ထားတဲ့ မြန်မာနိုင်ငံတွင် အကြီးမားဆုံး Campany များထဲက တစ်ခုဖြစ်သောNFX International Consultant Campanyမှာ Trading Account ဖွင့်လိုတဲ့ မိတ်ဆွေများအတွက်...

NFX Campany ရဲ့Trading Accountဖွင့်သင့်တဲ့အားသာချက်တွေကတော့.....

မိတ်ဆွေတို့ရဲ့ ရင်းနှီးငွေ(deposit)ထဲကဖြစ်စေ၊အမြတ်(profit)ထဲကဖြစ်စေဘဏ်(bank)ဖွင့်တဲ့ မည်သည့်အချိန်မဆို အလွယ်တကူ ထုတ်ယူနိုင်ပါတယ်။

မိတ်ဆွေတို့ရဲ့ငွေကြေးများ လုံခြုံစိတ်ချမှုရရှိစေရန် ရှေ့နေနှင့်တကွ စာချုပ်စာတမ်းများဖြင့် ဆောင်ရွက်ပေးပါတယ်။

မိတ်ဆွေတို့ Trading accountဖွင့်တဲ့ အစအဆုံးဘာchargesမှ ပေးစရာမလိုပဲ freeလုပ်ဆောင်ပေးပါတယ်။

အရောင်းအဝယ် အကျိုးအမြတ်များအပေါ် ဝန်ဆောင်ခ commissionများ ပေးဆောင်စရာမလိုခြင်း။

ကမ္ဘာတစ်ဝှမ်းက Forex Trader 80%လောက်က ယုံကြည်စိတ်ချစွာ အသုံးပြုနေသော Meta trader 4/5 softwareကို အသုံးပြုထားခြင်း။

Customer ရှုံးမှ company မြတ်တဲ့ ပုံစံမျိုးမဟုတ်ပဲ buyer and sellerကြားကို တိုက်ရိုက်ချိတ်ပေးထားတဲ့ companyဖြစ်ပါတယ်။

အရောင်းအဝယ်လုပ်ပြုလုပ်ရန် companyမှ နေ့စဉ် Customer များအတွက် free signals များပို့ပေးပါတယ်။

24hrs အကြံပေး ဝန်ဆောင်မှု အတွက် Consultant တစ်ယောက်ထားပေးခြင်း။

Europe ကိုယ်ပိုင် server ဖြင့်ဖွင့်လှစ်ထားသော Broker Campany ဖြစ်ပါတယ်။

မိတ်ဆွေတို့ အနေနဲ့ NFX Campany မှာ Trading Account ဖွင့်ပါက မိတ်ဆွေတို့ကိုယ်တိုင် အရောင်းအဝယ် ပြုလုပ်တက်သည်အထိ အခမဲ့ သင်ကြားပို့ချပေးမှာပဲဖြစ်ပါတယ်။

ကျွန်တော်ကိုယ်တိုင် မိတ်ဆွေတို့ Trading Account ဖွင့်ပါက Consultant အဖြစ်နဲ့ အကြံပေးဝန်ဆောင်မှုတွေ ပေးသွားမှာပဲဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက ကျနော်ရဲ့
ထံသို့ page messenger သို့မဟုတ် ☎ 09967032515 မှတဆင့်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Mandalay Office - 1
58 (B), 103 လမ်း နှင့် 104 လမ်းကြား၊
ချမ်းမြသာစည်မြို့နယ်။

Mandalay Office - 2
62 (A), 103 လမ်း နှင့် 103 (A) လမ်းကြား၊
ချမ်းမြသာစည်မြို့နယ်။

Myo( business consultant)
- BFA Team
ကမ္ဘာ့ရွှေ၊ နိုင်ငံတကာ ငွေကြေး၊ စတော့ ရှယ်ယာ ရောင်း/ဝယ်ရေး သင်တန်း။

Address

Mandalay

Telephone

+959967032515

Website

Alerts

Be the first to know and let us send you an email when Aung Myo - World Gold Trading Consultant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aung Myo - World Gold Trading Consultant:

Share