World Gold Advisor by May

World Gold Advisor by May Mâkë û Hãppîñéŝš

❣ မေတ္တာတွေရနေရင်အဲ့ဒီမေတ္တာတရားအပေါ်မှာ သိတတ်ရတယ် ❣🍀 ကိုယ့်ကို စေတနာထားပေးရင်အဲ့ဒီစေတနာကို မစော်ကားရဘူး ❣🍀 တန်ပြန် မတုန...
26/03/2024

❣ မေတ္တာတွေရနေရင်
အဲ့ဒီမေတ္တာတရားအပေါ်မှာ သိတတ်ရတယ် ❣

🍀 ကိုယ့်ကို စေတနာထားပေးရင်
အဲ့ဒီစေတနာကို မစော်ကားရဘူး ❣

🍀 တန်ပြန် မတုန့်ပြန်နိုင်ရင်တောင်
မေတ္တာတရားနဲ့ ကျေးဇူးတရားဆိုတာ
သိတတ် နားလည်ရတယ် ❣

🍀 ကိုယ့်အပေါ် စေတနာထားတဲ့ သူတွေအပေါ်မှာ
ဘယ်တော့မှ တစ်နှပ်စားမကြံရဘူး
မေတ္တာတုန်းရင် ဘာနဲ့မှမတူဘူး 🤍

Crd...with respect

🍀💛🍀ကိုယ်တို့ဟာကိုယ်တိုင်တောင် မပြည့်ဘဲသူများကို ဖြည့်ဖို့ပဲ ဦးစားပေးခဲ့ကြတယ် ။ကိုယ်တိုင်တောင် မတည်ဆောက်နိုင်သေးဘဲသူများ...
09/10/2023

🍀💛🍀
ကိုယ်တို့ဟာ
ကိုယ်တိုင်တောင် မပြည့်ဘဲ
သူများကို ဖြည့်ဖို့ပဲ ဦးစားပေးခဲ့ကြတယ် ။

ကိုယ်တိုင်တောင် မတည်ဆောက်နိုင်သေးဘဲ
သူများရဲ့ ပြိုလဲကျမှုတွေ ကာကွယ်ပေးခဲ့ကြတယ် ။

ကိုယ်တိုင်တောင် လမ်းမှန်အောင် မလျှောက်နိုင်သေးဘဲ
သူများလမ်းမှားရောက်မှာကိုပဲ စိုးရိမ်နေခဲ့မိကြတယ် ။

ဒီချစ်ခြင်းမေတ္တာနဲ့ စာနာမှုတွေကြောင့်
ကိုယ်တို့ဟာ
စိတ်ရော လူရော ပင်ပန်းနေတုန်းပါပဲ ။

သူများလို နေတက်အောင် မနေတက်တော့ပိုပြီးပင်ပန်းရတယ် 🥀

တစ်နေ့နေ့တော့....
ပင်ပန်းခဲ့ရသမျှ အမောတွေ ပြေနိုင်ကောင်းပါရဲ့....,🌻

#မနောသီရိ

🌻 ဘဝကို Fine ဖို့ ဒီဇိုင်းဆွဲနေပါပြီ🌻🍀🍀🍀🍀🍀🍀🍀🍀🍀ကိုယ်ဝါသနာပါတဲ့အလုပ်ကိုလုပ်ရင်း၁။ ဝင်ငွေရမယ်၂။ တိုးတက်မယ်၃။ ကျန်းမာမယ်၄။ က...
25/09/2023

🌻 ဘဝကို Fine ဖို့ ဒီဇိုင်းဆွဲနေပါပြီ🌻

🍀🍀🍀🍀🍀🍀🍀🍀🍀
ကိုယ်ဝါသနာပါတဲ့အလုပ်ကိုလုပ်ရင်း
၁။ ဝင်ငွေရမယ်
၂။ တိုးတက်မယ်
၃။ ကျန်းမာမယ်
၄။ ကိုယ်အိပ်နေလဲ ဝင်ငွေရစေမည့်
ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေဖန်တီးပေးမယ်
၅။ ကိုယ်နေထိုင်ချင်တဲ့ ဘဝပုံစံကို
စိတ်ကြိုက် သွားချင်တဲ့နေရာသွား
အချိန်ကို ကြိုက်သလိုစီမံ
နေထိုင်လို့ရမယ်။

ဒီလိုဖြစ်မည့်အလုပ်ကိုပဲ ရွေးချယ်တယ်။

🍀 ဘဝကို fine ဖို့ သေချာဒီဇိုင်းလုပ်ဖို့လိုတယ်။🍀

Phyo Paing @ Derek

ကိုယ်ပါရမီပါပြီး၊ဝါသနာပါနဲ့အလုပ်ကိုကျွမ်းကျင်အောင်လုပ်။နောင်ဒါနဲ့ အသက်မွေး။စီးပွါးရေးတည်ဆောက်။ရင်းနှီးမြုပ်နှံလို့ရတဲ့အခ...
20/09/2023

ကိုယ်ပါရမီပါပြီး၊
ဝါသနာပါနဲ့အလုပ်ကို
ကျွမ်းကျင်အောင်လုပ်။

နောင်ဒါနဲ့ အသက်မွေး။
စီးပွါးရေးတည်ဆောက်။
ရင်းနှီးမြုပ်နှံလို့ရတဲ့
အခွင့်အလမ်းတွေဖန်တီးပေး။

သမိုင်းပေးတာဝန်ကို
ကျွမ်းကျင်မှုနဲ့တည်ဆောက်။

ပါရမီပါပါ မပါပါသိဖို့
မတူညီတဲ့အလုပ်တွေကို စမ်းကြည့်။

Phyo Paing @ Derek

🌻 3မိနစ်လေးဘဲ အချိန်ပေးပြီးဖတ်ကြည့်ပါ🌻🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀 ခ (၅)လုံးကို ကျင့်သုံးကြည့်ပါ။- ခွင့်လွှတ်ပါ- ခံနိုင်ရည်ရှိပါ- ခံစားပ...
13/09/2023

🌻 3မိနစ်လေးဘဲ အချိန်ပေးပြီးဖတ်ကြည့်ပါ🌻
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
ခ (၅)လုံးကို ကျင့်သုံးကြည့်ပါ။
- ခွင့်လွှတ်ပါ
- ခံနိုင်ရည်ရှိပါ
- ခံစားပါ
- ချစ်ပါ
- ခံစားချက်တွေကို
အလို မလိုက်ပါနဲ့

1️⃣ ခွင့်လွှတ်ပါ (forgive)🌻
ခွင့်လွှတ်ခြင်းသည် အမြဲငြိမ်းချမ်းမှုကို ခေါ်ဆောင်ပေးတယ်။ခွင့်လွှတ်လိုက်တာနဲ့ အေးချမ်းမှုကို ကိုယ်က ဦးစွာ ခံစားရတာပါ။ဒါကြောင့် မစွန့်လွှတ်နိုင်တဲ့အခါ ခွင့်လွှတ်ပါ။
မခွင့်လွှတ်နိုင်တဲ့အခါ စွန့်လွှတ်ပါ။
ပူလောင်စွာနဲ့ နေလိုက်ဖို့ လူ့ဘဝ
အချိန်တိုတောင်းလွန်းပါတယ်လေ။

2️⃣ ခံနိုင်ရည်ရှိပါ( harden)🌻
ဘာတွေပဲကြုံလာပါစေ မညည်းတွား မမြည်တမ်းဘဲ ရင်ဆိုင်
လိုက်ပါ။အခက်အခဲအကြပ်အတည်းအားလုံးကို ခံနိုင်ရည်ရှိရ
မယ်။သဲပေါ် မှာ ဆောက်ထားတဲ့
အိမ်က လေဒဏ်ကို ခံနိုင်မှာ မဟုတ်ဘူး။ကုန်းပေါ် မှာ ဆောက်ထားတဲ့အိမ်ကတော့ လေဒဏ်မိုးဒဏ်ကို ခံနိုင်ရည်ရှိတယ်။ကိုယ်တို့ဟာ ကုန်းပေါ်က အိမ်လို ကြံ့ခိုင်ရမယ်။ခံနိုင်ရည်ရှိတဲ့လူကသာ
လူအုပ်ကြီးကို ကျော်ပြီး အရှေ့
ရောက်သွားတာပါ။

3️⃣ ခံစားပါ (feel)
ဘဝက ပျော်ရွှင်ခြင်းတွေ ပေးလာတဲ့အခါ စိုးရိမ်မနေဘဲ
အပြည့်အဝ ခံစားလိုက်ပါ။
ထိုနည်းတူ ဝမ်းနည်းခြင်းတွ
ကြုံစေတဲ့အခါလည်း သတ္တိရှိရှိ
ခံစားရဲဖို့ လိုတယ်။ဆိုလိုတာ
ရှောင်ပြေးမသွားဖို့၊ကိုယ့်ကို အပြစ်မတင်ဖို့ပါ။မပျော်တဲ့အခါ
သဘာဝတရားအလှတွေ ခံစားပါ။
ပန်းတွေဘယ်လိုပွင့်တာ၊နေမင်းကြီး
ဘယ်လိုဝင်တာ၊ကျေးငှက်တွေ
ဘယ်လို တေးဆိုတာ အစသဖြင့်။

4️⃣ ချစ်ပါ (love)🍀
များများချစ်ပါ။ချစ်ဖို့ မကြောက်နဲ့။အချစ်နဲ့ပတ်သက်ပြီး နောင်တမရှိတာ
ပိုကောင်းတယ်။ရဲရဲချစ်ပြီး
အကြောင်းဖန်လို့ ခွဲခွာသွားရတဲ့အခါ ခွဲခွာခြင်းကို ရဲရဲလက်ခံသွားပါ။
အချစ်ကြာင့် ပျော်ရွှင်ပါစေ။

5️⃣ ခံစားချက်တွေကို အလိုမလိုက်
ပါနဲ့(show no emotions)🌻
နေရာတကာ ခံစားချက်နဲ့ အသက်ရှင်လို့မရဘူး။ခံစားချက်နောက်
လိုက်တာ များသွားရင် ဘဝဟာ
အဆင်မပြေမှုတွေ များစွာ ကြုံ
တွေ့ရနိုင်တယ်။ခံစားချက်တွေကို
အလိုသိပ်မလိုက်ရဘူး။လူ့ဘဝ
ခံစားချက်နဲ့ အသက်ရှင်လို့ မရဘူး။ရည်မှန်းချက်နဲ့ အသက်ရှင်ရတယ်။

🍀 အချုပ်အားဖြင့်ဆိုရရင် ဘဝဟာ
ရှုပ်ထွေးပျံ့ပြားနေပေမယ့်
အရှုပ်ထဲမှ ရှင်းအောင် နေတတ်ဖို့
လိုပါတယ်။ဘဝဆိုတာ ကိုယ့်လက်ထဲမှာပါ။
လုပ်သင့်လုပ်ထိုက်တာလုပ်ပြီး
နေ့ရက်တိုင်းကို အနှစ်သာရ ရှိရှိနေထိုင်သွားပါ။
ဗုဒ္ဓပြောခဲ့သလို ဘဝက ရခဲပါတယ်။ရှင်သန်ခွင့်ရတဲ့ဘဝကို
ကျေနပ်စွာ ခံစားပါ။ချစ်ပါ။💛
ရယ်မောပါ။ပြုံးပါ။ပေါ့ပါးရမယ်။🍀

🙏

🌻 ဘာပဲဖြစ်ဖြစ် ရှင်သန်နေတဲ့ဒီနေ့တစ်ရက်တော့ ပျော်အောင်နေပါ။🍀💛 ချစ်ရတဲ့သူတွေကို ဂရုစိုက်ပြီး ချစ်တယ်လို့ပြောပါကိုယ့်ကိုယ်က...
13/09/2023

🌻 ဘာပဲဖြစ်ဖြစ် ရှင်သန်နေတဲ့
ဒီနေ့တစ်ရက်တော့ ပျော်အောင်နေပါ။🍀

💛 ချစ်ရတဲ့သူတွေကို ဂရုစိုက်ပြီး ချစ်တယ်လို့ပြောပါ
ကိုယ့်ကိုယ်ကိုယ်လည်း ပိုဂရုစိုက်ပါ။💛

🌻 ဘယ်သူကြောင့်မှစိတ်ပင်ပန်းမခံနဲ့
အတွေးမလွန်နဲ့
စာအုပ်ဖတ်ပြီးကမ္ဘာတွေပတ်
ခေတ်ဟောင်းသီချင်းတွေနားထောင်ပြီး
ဘဝကို ပေါ့ပါးစွာ ဖြတ်သန်းပါ။

🌻 သွားချင်တဲ့ နေရာဒေသတွေကို
ငယ်ရွယ်တုန်းလေး သွားနိုင်အောင်ကြိုးစား
လူငယ်ပဲမို့ရုန်းကန်လိုက်၊ပျော်လိုက်ပေါ့။

🌻 ဘယ်ဆက်ဆံရေးပဲဖြစ်ဖြစ် ကံပါသလောက်တွေးထား
ဘယ်အရာတွေပဲကြုံလာကြုံလာ ခဏလေးလို့တွေးထား
အဲလိုတွေးနိုင်တဲ့အခါ
ဘဝကို ရှင်သန်ရတာ ပိုပြီး အေးချမ်းလိမ့်မယ်။💙

🍀 လူတစ်ယောက်ကိုချစ်လို့ရတယ်🍀
ဒါပေမယ့်.............
ကိုယ့်တန်ဖိုးတွေအလကားဖြစ်သွားတဲ့အထိ မချစ်နဲ့
🍀 မင်းကတန်ဖိုးရှိတဲ့လူမို့
တန်ဖိုးရှိတဲ့ အရပ်မှာဘဲ ရှင်သန်ပါ ..။🌻

#ဖားစည်ရည်ကျော်
crd

အသက်ကြီးလာတာနဲ့အမျှစိတ်တူကိုယ်တူပေါင်းနိုင်သင်းနိုင်တဲ့သူငယ်ချင်း မိတ်ဆွေဆိုတာတဖြေးဖြေးချင်း နည်းပါးသွားတယ်ဆိုတာပါပဲ ။လူ...
10/09/2023

အသက်ကြီးလာတာနဲ့အမျှ
စိတ်တူကိုယ်တူပေါင်းနိုင်သင်းနိုင်တဲ့
သူငယ်ချင်း မိတ်ဆွေဆိုတာ
တဖြေးဖြေးချင်း နည်းပါးသွားတယ်ဆိုတာပါပဲ ။

လူလတ်ပိုင်းရောက်လာတဲ့အခါ...
တချို့ကို ကိုယ်ကမကြိုက်လို့ ဆက်မပေါင်းဖြစ်တော့ဘူး
တချို့က ကိုယ့်ကို သဘောမကျလို့
ထပ်ပြီး လာမပေါင်းကြတော့ဘူး ။

တချို့ကြတော့လည်း...
သူ့ဘက် ကိုယ့်ဘက်
နှစ်ဖက်စလုံးက အမြင်မတူလို့
ခပ်တန်းတန်း ဖြစ်သွားကြတယ် ။

တချို့တွေကြတော့လည်း
ကိုယ့်ရှေ့ကြ ချိုပြ ကွယ်ရာကြ အပုပ်ချကြတယ် ။
တချို့တွေလည်း မေးထူးခေါ်ပြော
တချို့တွေက အလုပ်သဘော
တချို့တွေလည်း ဘာသတင်းမှမကြားရတော့ဘဲ
အစအနတွေ ပျောက်သွားကြတယ် ။

လူတွေနည်းနည်းသွားကြတာတော့
သတိထားမိတယ် ။

ဘဝရဲ့သင်ခန်းစာတွေကြောင့်
ဘယ်သူကတော့
အပေါ်ယံပဲ ပေါင်းလို့ရမယ် ။
ဘယ်သူကတော့
အတွင်းကျကျ ပေါင်းလို့ရတယ်ဆိုတာ
သိလာလို့လည်း ဖြစ်မယ်ထင်တယ် ။

ဘာကိုမှ ဖုံးကွယ်ထားစရာမလိုဘဲ
သူ့အကြောင်းကို ကိုယ်က အကုန်သိ
ကိုယ့်အကြောင်းလည်း သူ အကုန်သိ
တွေ့လိုက်ရင် ပျော်သွားတဲ့သူ
ဖုန်းပြောလိုက်ရင် ရင်ထဲပေါ့သွားတဲ့သူဆိုတာတော့
တော်တော်ရှားသွားတယ် ။
ဆယ်ယောက် မပြည့်ချင်တော့ဘူး ။

သာရေးနာရေး မသွားမဖြစ်သွားရမယ့်သူ
အရေးအကြောင်းဆို
ပထမဆုံး ဖုန်းဆက်တိုင်ပင်ရမယ့်သူ
တစ်ခုခုအတွက် အမြဲ readyဖြစ်နေရမယ့်သူဆိုတာ
ပိုပြီးရှားသွားပါပြီ ။

အရေးအကြောင်းဆို
အကြောင်းအမျိုးမျိုးပြပြီး ရှောင်တတ်သူတွေ
လိုမှလာပြီး မလိုရင် ပျောက်နေတတ်သူတွေ
ရယူခြင်းတွေသာ အမြဲရှိပြီး
ဘာတစ်ခုမှ ပေးဖူးတာ မရှိတဲ့သူတွေ
နောက်ကျောကို ဓားနဲ့ထိုးဖို့ စောင့်နေတဲ့သူတွေ
ကိုယ် လဲကျမှာကို စောင့်နေတဲ့သူတွေ

ကိုယ်အဆင်ပြေမှာ
ကိုယ်ပျော်ရွှင်နေတာကို
မလိုချင် မမြင်ချင်တဲ့သူတွေ ရှိနေမှန်း
တဖြေးဖြေးချင်း သိလာတော့
သူတို့နားက အသာလေး ထွက်လာလိုက်တယ် ။
အပြုံးလေးနဲ့ လမ်းခွဲခဲ့တယ် ။
တချို့လည်း သူတို့လိပ်ပြာသူတို့မလုံလို့
ကိုယ့်ဘေးက ခွာသွားတယ် ။

အသက်ကြီးလာတော့
လူများပြီး ပွဲမစည်တဲ့ဘဝကို
စိတ်ကုန်လာတာလည်း ပါတယ် ။
အရည်အသွေးရှိတဲ့သူ အနည်းငယ်

ကိုယ့်ကို ချစ်တဲ့သူ
ကိုယ်ကလည်း ချစ်တဲ့သူတွေနဲ့
ဘဝကို သပ်သပ်ရပ်ရပ် အေးအေးဆေးဆေးနဲ့
တိတ်တိတ်ဆိတ်ဆိတ်နေရတာကို
ပိုသဘောကျလာတယ် ။

စီးပွားရေးအရ လူမှုရေးအရ
လူအသစ်တွေနဲ့ ထပ်ထပ်ပြီး ဆက်ဆံနေရပေမယ့်
ကိုယ့်စိတ်ထဲ ယုံကြည်ရတဲ့လူအသစ်ဆိုတာ
တစ်နှစ်နေလို့ တစ်ယောက် ထပ်မတိုးတော့ဘူး ။

ကောက်ကျစ်လွန်းတဲ့ မြေခွေးတွေကြားမှာ
ကိုယ့်နားရှိတဲ့ သိုးတွေကို ပိုပြီး တန်ဖိုးထားလာမိတယ် ။

လူတစ်ယောက်ရဲ့ အဆင့်အတန်းဆိုတာ ဘာလဲ?အဆင့်အတန်းဆိုတာ လူတစ်ယောက်က အခြားလူတစ်ယောက်အပေါ်မှာ လေးစားမှု၊ စာနာမှု၊ တနွေးတထွေး ဆက...
09/09/2023

လူတစ်ယောက်ရဲ့ အဆင့်အတန်းဆိုတာ ဘာလဲ?

အဆင့်အတန်းဆိုတာ လူတစ်ယောက်က
အခြားလူတစ်ယောက်အပေါ်မှာ
လေးစားမှု၊ စာနာမှု၊ တနွေးတထွေး ဆက်ဆံမှု၊
တစ်ဖက်လူရဲ့ ကိုယ်စိတ်နှစ်ပါးလုံး မနစ်နာသွားအောင်
ပြောဆိုပြုမူမှု၊ သစ္စာရှိမှုတွေကို ခေါ်တာပဲ ဖြစ်တယ်။

ဒီလို စိတ်သဘောထားတွေ ရှိတဲ့သူကိုမှသာ အဆင့်အတန်းမြင့်တဲ့သူလို့ ခေါ်သင့်တယ်။

#မြသန်းတင့်

" အကောင်းဆုံး ရှင်သန်နေထိုင်ပါ " """""""""""""""""""""""""""""""""""""""""""""""""""✍✍✍✍✍✍✍✍✍✍✍✍✍📚 ဘဝဆိုတာ       ရာသီဥတု...
07/09/2023

" အကောင်းဆုံး ရှင်သန်နေထိုင်ပါ "
"""""""""""""""""""""""""""""""""""""""""""""""""""
✍✍✍✍✍✍✍✍✍✍✍✍✍

📚
ဘဝဆိုတာ
ရာသီဥတုဆန်တယ်။
အမြဲတမ်း သာယာမနေနိုင်သလို
အမြဲတမ်းလည်း ဆိုးရွားမနေနိုင်ပါဘူး။

📚
နေသာတဲ့အခါ ရှိမယ်။
မိုးအုံ့တဲ့အခါ ရှိမယ်။
မိုးရွာတဲ့အခါ ရှိမယ်။
အမြဲတမ်း မတည်မငြိမ်နဲ့
ပြောင်းလဲနေတယ်။

📚
ကြောက်စရာကောင်းတဲ့
မုန်တိုင်းထန် နေ့ရက်တွေ ရှိ သလို
စိတ်ချမ်းမြေ့စရာကောင်းတဲ့ ကြည်နူးစရာ
ဆောင်းဦးပေါက်
မနက်ခင်းလေးတွေလည်း ရှိတာပဲ။

📚
ကံဆိုးခြင်းဟာ
နွေ ရာ သီ ဖြစ်ခဲ့မယ်ဆိုရင်
ကံကောင်းခြင်းမိုးရာသီဟာ
မကြာခင်ရောက်လာမှာပါ။
ဒီလိုပဲ ကံဆိုးခြင်းဟာ
မိုးရာသီဖြစ်ခဲ့မယ်ဆိုရင်
ကံကောင်းခြင်းဆောင်းရာသီဟာလည်း
မကြာခင်ရောက်လာဦးမှာပါ။

📚
အရာရာဟာ အခိုက်အတန့်တွေပါပဲ။
ရာသီအလိုက်ပွင့်နေတဲ့
ရောင်စုံပန်းကလေးတွေဟာ
ဘဝရဲ့အလှတရားတွေပဲ။
ဆင်းရဲဒုက္ခတွေကိုတွေးပြီး
အမြဲတမ်းညည်းညူနေရင်တော့
အဲဒီအလှတရားတွေကို
လက်လွတ်သွားလိမ့်မယ်။

📚
သဘာဝပန်းချီကားချပ်ကြီးကို ကြည့်ဖို့
သင့်မျက်လုံးတွေကို
သောကတွေနဲ့ ဖုံးမထားပါနဲ့။

အမြဲတမ်းစိတ်ပျက်ညည်းညူနေသူအတွက်
သူ့ဘဝတစ်လျှောက်လုံးဟာ နွေ ရာ သီ ပဲ
ခြောက်သွေ့မှုတွေနဲ့ပဲ ဘဝကို
ကုန်ဆုံးလွန်မြောက်ရလိမ့်မယ် ။

📚
ဘယ်လိုဆင်းရဲဒုက္ခတွေနဲ့ပဲ ကြုံတွေ့ရပါစေ
အပြုံးမပျက်
ကြံ့ကြံ့ခံရင်ဆိုင်နိုင်အောင် ကြိုးစားပါ။
ခံနိုင်ရည်ရှိဖို့
ကိုယ့်ကိုယ်ကို အမြဲအားပေးပါ ။

📚
သင်စိတ်ပျက်အားငယ်လာတဲ့အခါ
ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပါ။
ကြည်လင်တဲ့အခါလည်း ရှိမယ်။
မကြည်လင်တဲ့အခါလည်း ရှိမယ် ။

ဘဝဆိုတာလည်း ဒီလိုပါပဲ။
ဘာအတွက်ကြောင့်မှ
စိတ်ပျက်အားငယ်မနေပါနဲ့ ။

📚
ပန်းကလေးတွေဟာ
သူ့ရာသီရောက်ရင် ပွင့်ကြတာပဲ။
ဘာအတွက်မှ သောကမရောက်ဘူး။

ဒါ့ကြောင့် ပန်းကလေးတွေ လှကြတာ။
မုန်တိုင်းလာမှာလည်း မကြောက်ဘူး။
မိုးသည်းမှာလည်း မစိုး ရိမ် ဘူး။
နေလောင်မှာလည်း မ တွေး ကြောက်ဘူး။
အမြဲတမ်း ရဲရဲဝံ့ဝံ့နဲ့ ဖူးပွင့်ကြတယ်။

📚
ဘဝမှာ သတ္တိရှိရှိရှင်သန်ရဲဖို့ လိုတယ်။
သတ္တိမရှိရင် ဘဝက အလကားပဲ။
ဟိုဟာကြောက်ရ ဒီဟာကြောက်ရနဲ့
ပီပီသသရှင်သန်ချိန် မ ရ လိုက် ဘူး။

📚
မနေ့က ဘာဖြစ်ခဲ့လဲ ပြန်မတွေးနဲ့။
မနက်ဖြန် ဘာဖြစ်မလဲ
ကြို ပြီးလည်းမစိုးရိမ်နဲ့။
ဒီနေ့ကို အကောင်းဆုံးရှင်သန်ပါ ။

နေရတဲ့ခဏမှာ
ကိုယ့်ကိုယ်ကို ကျေနပ်ပါမှ
ရလာတဲ့ဘဝ နေသာထိုင်သာ ရှိ မှာ ပါ ။

📚
ကိုယ့်ကိုယ်ကိုလည်း အပြစ်မတင်နဲ့။
သူတစ်ပါးလည်း အပြစ်မပြောနဲ့။
အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး ကြိုးစားပြီး
ရှင်သန်နေထိုင်ပါ ...... ။

31/08/2023

ယနေ့ August လကုန်ရက် 31ရက်နေ့မှာတော့ကမ္ဘာ့ရွှေ
အဖွင့်စျေး = 1943
လက်ရှိစျေး = 1946
ရောင်းမလား?ဝယ်မလား?မိတ်ဆွေ🤗

စိတ်ပညာရှင်ကြီး Carl Jung ကပြောခဲ့တယ်။စဉ်းစားရတာ ခက်တယ်။ဒါကြောင့်လူအများစုက အထင်အမြင်နဲ့ ဝေဖန်အကဲဖြတ်ခြင်းကိုပဲပြုလုပ်ကြ...
22/08/2023

စိတ်ပညာရှင်ကြီး Carl Jung ကပြောခဲ့တယ်။

စဉ်းစားရတာ ခက်တယ်။
ဒါကြောင့်လူအများစုက
အထင်အမြင်နဲ့
ဝေဖန်အကဲဖြတ်ခြင်းကိုပဲပြုလုပ်ကြတယ်။

ကျွန်တော်တို့ဟာ
အထင်အမြင်နဲ့ ဝေဖန်အကဲဖြတ်သူ
အများအပြားရှိတဲ့ နေရာမှာနေနေကြရတယ်။

ဘူကောင်တွေထဲ
ကိုယ်မပါဖို့လိုတယ်။

Phyo Paing @ Derek

Address

Mandalay
777888

Telephone

+959758013596

Website

Alerts

Be the first to know and let us send you an email when World Gold Advisor by May posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share