Ba Nyar Thway

Ba Nyar Thway Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ba Nyar Thway, Business consultant, 58B str Bet 103&104 ChanMyaTharSi, Mandalay.

29/11/2022

November 29 XAUUSD အဖွင့်စျေး
1 Ounce = 1740 $

28/11/2022

November 28 Monday
XAU/USD. အဖွင့်စျေး 1Ounce 1754 $

ဧရာမသင်္ဘောကြီး၏ အင်ဂျင်ပျက်သွားသည်။ မည်သူမျှ မပြုပြင်နိုင်ကြ။ ထို့ကြောင့် အတွေ့အကြုံ နှစ် ၄၀ ကျော်ရှိသော စက်ပြင်အင်ဂျင်...
21/10/2022

ဧရာမသင်္ဘောကြီး၏ အင်ဂျင်ပျက်သွားသည်။
မည်သူမျှ မပြုပြင်နိုင်ကြ။
ထို့ကြောင့် အတွေ့အကြုံ နှစ် ၄၀ ကျော်ရှိသော စက်ပြင်အင်ဂျင်နီယာထံ ပို့လိုက်ကြလေသည်။

စက်ပြင်ဆရာက အင်ဂျင်ကို အပေါ်ကနေ အောက်အထိ သေသေချာချာစစ်ဆေးသည်။

အားလုံးကိုစစ်ပြီးနောက် အင်ဂျင်နီယာသည် အိတ်ထဲမှ တူလေးတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။

အင်ဂျင်စက် တစ်​​နေရာကို ကို ညင်သာစွာ ခေါက်လိုက်သည်။ မကြာခင်မှာ အင်ဂျင်ပြန်အသက်ဝင်လာသည်။ အားလုံးကောင်းသွားလေပြီ။

အင်ဂျင်နီယာက ဧရာမသင်္ဘောကြီးကို ပြုပြင်ရန် စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ 10,000 - တစ်သောင်း ဖြစ်ကြောင်း ပိုင်ရှင်ကို ပြောကြားခဲ့ပါသည်။

"ဘယ်လို....?" ဟု ပိုင်ရှင်က မကြေမနပ်နှင့် မေးသည်။

"မင်း ဘာမှ ပြင်ရတာလဲမဟုတ်ဘူ။ ငါ့ကို အသေးစိတ် ဘေလ်​ရေးပေးပါ။"

စက်ပြင်ဆရာက
ဘောလ်ထဲမှာ ဤကဲ့သို့ ရေးလိုက်ပါတယ်..
- တူဖြင့် ​ခေါက်ခက- $2 နှစ်ဒေါ်လာ။
ဘယ်နေရာကိုခေါက်ရမယ် နှင့် ဘယ်နှစ်ချက် ခေါက်ရမယ်ဆိုတာ အတွက် ပညာကြေးက - $9,998 ( ကိုးထောင်ကိုးရာကိုးဆယ့်ရှစ်ဒေါ်လာ ) ဟူ၍ဖြစ်သည်။

သတိပြုစရာ.....

တစ်ခါတလေမှာ -
"လွယ်လွယ်လေး " နဲ့ "ဒါလေးပဲဟာ" ဆိုတဲ့ စကားလုံးတွေကို ဘေးဖယ်ထားသင့်ပါတယ်။
ပညာရှင်တယောက်ဟာ အတွေ့အကြုံနှင့် ကျွမ်းကျင်မူရရန် အများကြီး ကြိုးစားခဲ့ရပါတယ်။

(အလုပ်တစ်ခုကို မိနစ် 30 နှင့် ပြီးလျင်၊ ဤကဲ့သို့ မိနစ် 30 နဲ့ ပြီးသွားအောင် 10 နှစ်​လောက် အချိန်ပေး လေ့လာ သင်ယူခဲ့ရခြင်းဖြစ်သည်။
ဒါကြောင့်ပေးရတဲ့လုပ်ခဟာ ဆယ်နှစ် လောက်လေ့လာခဲ့ရတဲ့ ပညာကြေးပါ။မိနစ် 30 ရဲ့ ကြာချိန် အတွက်မဟုတ်ပါဘူး။ )

ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံက ဈေးကြီးပါတယ်။

ကံမကောင်းစွာပဲ၊ ကျွန်တော်တို့ဟာ အခုချိန်ထိ လူတယောက်ရဲ့ လုပ်အားခကို ကြာချိန်နဲ့ တွက်ဆနေကြတုန်းပါပဲ။

Saya U Khin Zaw ( ဘာသာပြန် )
#ကံ့ကော်

အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ စိတ်သွားတိုင်းကိုယ်ပါလို့ လိုရာဆန္ဒများပြည့်ဝကြပါစေနုတ်ဖျားကထွက်တဲ့စကား အပ်သွားထက် ထက်လို...
21/10/2022

အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ စိတ်သွားတိုင်းကိုယ်ပါလို့ လိုရာဆန္ဒများပြည့်ဝကြပါစေ
နုတ်ဖျားကထွက်တဲ့စကား အပ်သွားထက်
ထက်လို့ ကြံတိုင်းအောင်ကာ ဆောင်တိုင်းမြောက်ကြပါစေ။

BaNyarThway. 09979431495

လက်ဖျားမှာငွေသီး​ပြီးအောင်မြင်ချင်တယ်ဆိုရင် ခေါက်ရိုးကျိုးနေတဲ့ဘဝကနေရုံးထွက်ပါ အကျိုးရှိစေမယ့် အလုပ်တွေကို လုပ်ပါအချိန်တ...
20/10/2022

လက်ဖျားမှာငွေသီး​ပြီးအောင်မြင်ချင်တယ်ဆိုရင်

ခေါက်ရိုးကျိုးနေတဲ့ဘဝကနေရုံးထွက်ပါ

အကျိုးရှိစေမယ့် အလုပ်တွေကို လုပ်ပါ

အချိန်တွေကို အလကားမဖြစ်ပါစေနဲ့

စာဖတ်ပါ ၊လေ့လာပါ ၊ များများနားထောင်ပါ၊
နည်းနည်းပြောပါ ၊ များများသုံးသပ်ပါ၊

များများကြိုးစားပါ အောင်မြင်ပါလိမ့်မည်။

အရမ်းကြိုက်လို့ ထပ်ခါဖတ်မိတယ်..ဓားတိုနေရင် ဓားရှည် မတောင့်တနဲ့ ရှေ့တစ်လှမ်းတိုးခုတ်ပါ။🔺 အားနည်းချက်က အင်အားကို မချိ နဲ့စ...
20/10/2022

အရမ်းကြိုက်လို့ ထပ်ခါဖတ်မိတယ်..

ဓားတိုနေရင် ဓားရှည် မတောင့်တနဲ့ ရှေ့တစ်လှမ်းတိုးခုတ်ပါ။

🔺 အားနည်းချက်က အင်အားကို မချိ နဲ့စေဘူး.....
🔺 အားငယ်စိတ်ကသာ အားနည်းစေတာပါ။

🔷ဆင်တွေထဲမှာအစွယ်နှစ်ချောင်းပါတဲ့ဆင်ကို
စွယ်စုံဆင်လို့ခေါ်တယ်။
အစွယ်မပါတဲ့ဆင်ကို ဟိုင်းဆင်လို့ခေါ်တယ်။

🔷 ဟိုင်းဆင်ကအစွယ်မပါတော့ဘာလုပ်ရလဲဆိုတော့.....
နှာမောင်းကိုသန်အောင်လုပ်ရတယ်။
သူ့မှာနှာမောင်းပဲ အားကိုစရာရှိတော့တာကိုး။

🔷 တောထဲမှာ.....စွယ်စုံဆင်နဲ့ဟိုင်းဆင်နဲ့တွေ့ရင်
စွယ်စုံဆင်က ဟိုင်းဆင်ကိုအစွယ်နဲ့ပြေးထိုးတယ်။

အဲ့ဒီမှာ ဟိုင်းဆင်က စွယ်စုံဆင်ရဲ့အစွယ်ကို
နှာမောင်းနဲ့လိမ်ချိုးပစ်လိုက်တယ်။

🔷သစ်လုပ်သားတွေကပြောဖူးတယ်။
တောထဲမှာ အဲ့ဒီဟိုင်းဆင်တွေနဲ့တွေ့ရင်.....
ကျွန်တော်တို့ဆင်တွေကပြေးတာပေါ့။
ပြေးတာမလွတ်လို့ အရိုက်ခံရရင်
အရိုးတောင်ထင်တယ်တဲ့။

🔷 ဆင်ကိုအရိုးထင်အောင်ရိုက်နိုင်တယ်ဆိုမှတော့.....
သူ့ရဲ့နှာမောင်းအားကို ခန့်မှန်းသာကြည့်။

🔷 ပြောချင်တာက.....
မင်းတို့မှာ ဘာချိူ့ယွင်းချက်ပဲရှိရှိ အားမငယ်နဲ့။
တစ်ဖက်မှာအားနည်းရင်.....
တစ်ဖက်ဖက်မှာအားသာလာအောင်
ကြိုးစားကြ ။

🔷 အထက်ပါစကားသည်
ဆရာကြီးဦးအောင်သင်း၏သြဝါဒဖြစ်သည်။..................&...........................

အားနည်းချက်တွေရှိပေမယ့်
လောကကြီးရဲ့ ဘုရင်တစ်ဆူဖြစ်ခဲ့သူတွေအများကြီးပါ
အနည်းငယ် ထုတ်ပြချင်ပါတယ်...

🔺🔺 မီးသီးကိုစတင်တီထွင်ခဲ့တဲ့
သောမတ်အက်ဒီဆင်ဟာ
ကျောင်းစာအရမ်းညံ့တယ်
ဆရာတွေကတောင် ညဏ်တုံးတဲ့သူလို့သတ်မှတ်ခံခဲ့ရတယ်။

နောက်ဆုံးမှာ......
စာလည်းမလိုက်နိုင်တာကတစ်ကြောင်း၊
ကျောင်းကဆရာတွေရဲ့ဖိအားတွေကတစ်ကြောင်းနဲ့
သူကျောင်းမလိုက်ချင်တာနဲ့ထွက်လိုက်တယ်...။

အသက်ဆယ်နှစ်ကျော်မှာ နားပါထိုင်းသွားတယ်။

ဒါပေမယ့်......
သူဝါသနာထုံတဲ့ တီထွင်မှုကို
တစ်စိုက်မတ်မတ်ကြိုးစားအားထုတ်ရင်း
သိပ္ပံလောကရဲ့ဆရာတစ်ဆူဖြစ်ခဲ့တယ်..။

🔺🔺 အမေရိကန်နိုင်ငံသူ ဂျက်ဆီကာလော့ပ်ဟာ
လက်နှစ်ဖက်မပါဘူး
သူရဲ့အားထုတ်မှုကြောင့်
ခြေထောက်နှစ်ဖက်ကလက်နှစ်ဖက်လိုပဲ
အသုံးပြုလို့ရခဲ့တယ်...။
သိပ္ပံဘွဲ့ရတယ်။
အံ့အားသင့်စရာအကောင်းဆုံးက
လေယာဉ်မှုးဖြစ်သွားတာပဲ။
လက်မပါတဲ့လေယာဉ်မှူးတဲ့ဗျာ
သူဘယ်လောက်တောင် အားထုတ်ခဲ့သလဲ

🔺🔺ပြောချင်တာက
အားနည်းချက်ကိုယ်စီရှိပေမယ့်
ပြည့်စုံတဲ့ဘဝကိုတည်ဆောက်ခဲ့သူတွေ
လောကကြီးမှအများကြီးပါပဲ...။

🔺 လွယ်လွယ်နဲ့မရပါဘူး
သူများခြေတစ်လှမ်း လှမ်းရင်
သူတို့နှစ်လှမ်းလှမ်းရတယ်။

🔺အားနည်းချက်၊ ချိူ့ယွင်းချက်ကြောင့်
စိတ်ပျက်အားငယ်နေမယ်ဆိုရင်
အင်အားချိနဲ့နေယုံပဲရှိမှာပါ။

🔺 အစွယ်မပါနဲ့ဟိုင်းဆင်ဟာ
အားကိုးစရာအစွယ်မရှိပေမယ့်
နှာမောင်းကိုသန်အောင်လုပ်ရသလို

သင့်ရဲ့ အားနည်းချက်ဆိုတာ
မေ့ထားပြီးကြိုးစားကြည့်ပါ။
သင့်အတွက် နေရာကောင်းတစ်ခုရှိပါတယ်...

💠 အားနည်းချက်က အင်အားကိုမချိနဲ့စေဘူး
💠 အားငယ်စိတ်ကသာ အားနည်းစေတာပါ။

🔺ခင်ဗျားရဲ့ဘဝကို
ဘယ်သူကမှ အဆုံးအဖြတ်မပေးနိုင်ဘူး။
ပွဲတစ်ပွဲရဲ့အဖြေဟာ.....
ခင်ဗျားလက်ထဲမှာပဲရှိတယ်ဆိုတာယုံပါ..။

စကားတစ်ခွန်းလက်ဆောင်ပေးခဲ့ချင်တယ်
ဓားတိုနေလျှင် ဓားရှည်မတောင့်တနဲ့
ရှေ့တစ်လှမ်းတိုးခုတ်ပါ

Credit #ကူးယူဖော်ပြသည်။

 #သရဖူဆောင်းနိုင်အောင်ကြိုးစားပါလူရယ်လို့ဖြစ်လာရင် ဘဝလို့ခေါ်တဲ့ပြိုင်ပွဲတခုအတွက် လောကဓံ ဆိုတဲ့ ကြိုးဝိုင်းထဲမှာ စိန်မခေ...
20/10/2022

#သရဖူဆောင်းနိုင်အောင်ကြိုးစားပါ

လူရယ်လို့ဖြစ်လာရင် ဘဝလို့ခေါ်တဲ့ပြိုင်ပွဲတခုအတွက် လောကဓံ ဆိုတဲ့ ကြိုးဝိုင်းထဲမှာ စိန်မခေါ်ပဲ ထိုးသတ်ရလိမ့်မယ် ။

မင်း ကြိုတင်ပြင်ဆင်ထားပါ ပြိုင်ပွဲက ပြင်းထန်တယ်အနိုင်ရဖို့ထက် ရှုံးနိမ့်ဖို့က ပိုများတယ်
အဲတော့ ဇွဲရှိဖို့ အရမ်းအရေးကြီးတယ် ။

မင်းကိုမင်း ယုံကြည်မှု ရှိဖို့ လိုအပ်တယ် မင်းကိုမင်း မှ မယုံရင်ဘယ်သူမှမင်းကို ယုံကြည်မှာမဟုတ်ဘူး။

အနိုင်လိုစိတ်ပြင်းထန်ဖို့ အရမ်းလိုအပ်တယ်
တခါကလေ ကလေးစိတ်လေးပြန်မွေးစေချင်တယ်
ဘာလို့လဲဆိုတော့ ကလေးငယ်တွေဟာ သူတို့လိုချင်တဲ့ဘယ်အရာကိုမဆို ရအောင်ယူတယ် ဘာတွေပဲတားဆီးတားဆီး ရောက်အောင်သွားတယ် ဒါတောင်သူတို့က လမ်းမလျှောက်နိုင်သေးပါဘူး။

ကြိုးစားပါ အားမလျှော့လိုက်နဲ့ ရှုံးလိုက်ရတဲ့ အရသာကိုသိမှ အနိုင်ယူချင်စိတ်တွေ ပိုဖြစ်လာနိုင်ပါတယ် ။

အောင်မြင်မှု သရဖူ ဆောင်းနိုင်ကြပါစေ။

Address

58B Str Bet 103&104 ChanMyaTharSi
Mandalay

Alerts

Be the first to know and let us send you an email when Ba Nyar Thway posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share