12/05/2026
တွဲလက်မွန်ပရဟိတပညာရေး မန္တလေး
သင်တန်း ကြီးကြပ်အုပ်ချုပ်ရေးအဖွဲ့ က
ဖွင့်လှစ်မည့် အခြေခံ ဟိုတယ်အိပ်ခန်းဆောင်ထိန်းသိမ်းရေး သင်တန်း အမှတ်စဥ် ၁ (အမျိုးသား/အမျိုးသမီး)
Announcement for Basic Hotel House Keeping Operations
လျောက်လွာ စတင်ပေးမည့်ရက် - 1 May 2026 (Friday)
လျောက်လွာ ပိတ်ရက် - 30 May 2026 (Saturday) ညနေ ၄ နာရီ တိတိ။
လူတွေ့ အင်တာဗျုး အစီအစဉ်
နေ့ရက် - 31 May 2026 (Sunday)
အချိန် - မနက် 9 နာရီတိတိ
နေရာ- အကောက်အုပ်မင်း ဝကဖ် အုပ်ချုပ်ရေးအဖွဲ့ ရုံးခန်း၊ ၂၉ လမ်း ၊ ၈၂ လမ်းနှင့် ၈၃ လမ်းအတွင်း၊ တောင်အိုးဘိုဝင်း၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
သင်တန်းကာလ - ၂ လ (စာတွေ့ ၁လ+ လက်တွေ့ ၁ လ)
သင်တန်း အချိန် - နေ့လည် ၂ နာရီ မှ ၄နာရီအထိ။
သင်တန်းဖွင့်ရက် - Monday, Tuesday, Wednesday (3 days per week for one month theory training and one month on job training as hotel staff)
သင်တန်းလျောက်လွာ ထုတ်ရန်နေရာ နှင့် လျောက်လွာတင်ရန်နေရာများ
ဟာဂျီဦးမျိုးမြင့် (ABC ကြွေပြားရောင်းဝယ်ရေး) အမှတ် ၁၃၃၊ ၈၃ လမ်း၊ ၂၃ လမ်းနှင့် ၂၄ လမ်းအတွင်း၊ အောင်မြေသာဇံမြို့နယ်၊ မန်းလေးမြို့၊ အချိန် မနက် ၉ နာရီ မှ ညနေ ၄ နာရီအတွင်း၊( ဥပုသ်နေ့ မှ အပ)ဖုန်း 09-975553681/09-441007861
သင်တန်းကို အသက် (၄၀) နှစ်ထက်မကြီးသော စနစ်ဟောင်း နဝမတန်း အောင် (သို့) စနစ်သစ် Grade 10 အောင်မြင်ပြီးသူ အမျိုးသား၊အမျိုးသမီးများ လျောက်ထားနိုင်ပါသည်။
သင်တန်း လျောက်လွာ များကို 30 May 2026 (Saturday) ညနေ ၄ နာရီ နောက်ဆုံးထားပြီး သင်တန်း လျောက်လွာပုံစံ၊ ပညာအရည်အချင်း ထောက်ခံချက်၊ အိမ်ထောင်စုဇယားမိတ္တူ၊ မှတ်ပုံတင်မိတ္တူ၊ Passport ဓာတ်ပုံ(၂) ပုံနှင့်တကွလျောက်ထားရမည်။
သင်တန်းလူဦးရေ ကန့်သတ် လက်ခံမည် ဖြစ်ပါသဖြင့် သင်တန်း အတွက်အချိန်ပေးနိုင်သူ၊ အမှန်တကယ် အသက်မွေးဝမ်းကျောင်း လုပ်မည့်သူများကိုသာ လူတွေ့စစ်ဆေးပြီး စီစစ်လက်ခံသွားပါမည်။
သင်တန်းလျောက်လွာပြည့်စုံပြီး လူတွေ့ အင်တာဗျုး ဖြေဆိုခွင့်ရသူများကို ပြန်လည်အကြောင်းကြားပေးပါမည်။
တက်ရောက်ခွင့်ရသူများသည် ၂ လသင်တန်းအတွက် သင်တန်းကြေး 150000 Kyats ( ကျပ်တစ်သိန်းခွဲတိတိ) ပေးသွင်းရမည်။
သင်တန်းအား ပြီးဆုံးအောင်တက်ရောက်ပြီး အောင်မြင်သူများကိုသာ သင်တန်းပြီးဆုံးအောင်မြင်ကြောင်း Completion in Basic Hotel House Keeping Operations Certificate ထုတ်ပေးမည်ဖြစ်ပါသည်။
မှတ်ချက်
၁။ လျောက်လွာထုတ်ယူသောနေရာတွင်သာ
လျောက်လွာ ပြန်လည်တင်ပေးရမည်။
၂။ အထက်ဖော်ပြပါ အချက်များနှင့်ကိုက်ညီသူ မည်သူမဆို လျောက်ထားနိုင်ပါသည်။
၃။ သင်တန်းကြေးအတွက် အမှန်တကယ် အခက်အခဲရှိသူများ ဆရာများနှင့် တွေ့ဆုံဆွေးနွေးနိုင်ပါသည်။
အင်ရှာအလ္လာ သင်တန်း ကို ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့၊ တနင်လာနေ့တွင် စတင်ဖွင့်လှစ်ပါမည်။
Teacher's Profile
Saya Aung Kyaw Soe
Founder ( K & K Hospitality Training and Consultantancy Company Limited)
NSSA Certified Assessor
ID No. NSSA - CDD- 0053
ITE Singapore Certified Master Trainer နှင့်
Saya Kyi Thu Maung
Co-Founder and Trainer (K & K Hospitality Training and Consultantancy Company Limited) တို့က
သင်ကြားပေးပါမည်။
သင်တန်းနှင့် ချိတ်ဆက်ထားသော မန္တလေးမြို့တွင်းရှိဟိုတယ်များတွင်လက်တွေ့ ဆင်းရမည် ဖြစ်ပြီးသင်တန်းအောင်မြင် ပြီးမြောက်ပါက ပြည်တွင်းပြည်ပ ရှိဟိုတယ်များတွင် House Keeping Staff အနေဖြင့်အလုပ် လုပ်ကိုင်နိုင်ပါမည်။ သင်တန်းလျောက်ထားမည့်သူများသည် ကျန်းမာရေးကောင်းမွန်ပြီးခန္ဓာကိုယ် ကိုယ်ကာယပိုင်းကြံခိုင်သန်စွမ်းသူဖြစ်ရမည်။
အမျိုးသားသီးသန့်၊ အမျိုးသမီးသီးသန့် သင်ကြားပေးမည်ဖြစ်ပါသဖြင့် လျောက်လွာ လူဦးရေ ပြည့်မီသော အတန်းကို အရင်ဦးစားပေးဖွင့်လှစ်ပေးသွားပါမည်။
ဆက်သွယ်စုံစမ်းရန်
Dr Aung Myo Win 09- 259219231
Dr Tin Maung Htun 09-752458234