KZT Delivery Service

KZT Delivery Service You won't find a better delivery service than KZT Delivery Service.

When you need something delivered on time and in a hurry, whatever
it is, we're the perfect call.

"သာမညဖလ အခါတော်နေ့"🌸🌕 သူခိုးကြီးည လုံးဝမဟုတ်ပါ . . . ” (တန်ဆောင်မုန်းလပြည့် ညသည် သူခိုးကြီး ညဆိုတာ လုံးဝမဟုတ်ပါ။) တန်ဆော...
04/11/2025

"သာမညဖလ အခါတော်နေ့"

🌸🌕 သူခိုးကြီးည လုံးဝမဟုတ်ပါ . . .
” (တန်ဆောင်မုန်းလပြည့် ညသည် သူခိုးကြီး ညဆိုတာ လုံးဝမဟုတ်ပါ။) တန်ဆောင်မုန်း လပြည့်ညသည် ဗုဒ္ဓဘာသာတို့၏ နေ့ထူးနေ့မြတ် ဖြစ်ပါသည် ။ မြတ်စွာဘုရားသည် အဇာတသတ် ဘုရင်အား သာမညဖလ သုတ်တော်ကို ဟောတော်မှု၍ ရှင်ဘုရင်နှင့်တကွ နောက်ပါပြည်သူ (၁) သိန်းခန့် ဗုဒ္ဓဘာသာ ဖြစ်တဲ့ညကြီးပါ။ ဒီလိုကြီးကျယ် ခ်းနားတဲ့ ဗုဒ္ဓဘာသာနေ့ကြီးကို မသမာသူများက စုတ်ပျက်ကာ သွားရအောင် သူခိုးညဆိုပြီး နာမည်တပ်လိုက်တော့ အမှန်တရားက ပျောက်ကွယ်သလို ဖြစ်သွားပါတယ်။

တန်ဆောင်မုန်း လပြည့်ည၌ ပစ္စည်းခိုးရခြင်းအကြောင်း နှင့် ( ကျီးမနိုးပွဲ )။
ကျီးမနိုးပွဲ ဆိုသည်မှာ လွန်လေပြီးသော အခါက ယောင်္ကျားသားများ ရှင်လိင်ပြန်ကြရာဝယ် ဆေးမှင်ကြောင်ထိုးသည့် ဓလေ့သည် အထင်အရှား ရှိခဲ့၏။ ရှင်ဘုရင်မှ အစချီကာ မင်းညီမင်းသား ၊ မှူးမတ် ၊ သူကြွယ် ၊ ကုန်သည် ၊ လယ်လုပ် စသော လူယောကျာ်းတို့သည် ဆေးမှင်ထိုးကြလေသည်။ အခုခေတ်ကဲ့သို့ ကြုံသလို ထိုးကြခြင်း မဟုတ်ချေ။ အခါကောင်းကို စောင့်ဆိုင်းကာ မှောင်ခန်းခေါ် မှင်ထိုးသည့် အခန်းတွင် ပွဲပေး၍ ထိုးရပါသည်။

ထိုသို့ ထိုးခဲ့ပြီးသော ယောကျာ်းတို့သည် တန်ဆောင်မုန်လပြည့် နက္ခတ်စုံချိန်တွင် ကြောင်တက်ကြောင်ဆင်း ဆေးအစောင့်တို့သည် တန်ခိုးပြကြသည် ဟုအယူရှိသောကြောင့် အရှင်မသိသော ပစ္စည်းကို ခိုးယူကာ ခိုးကွင်း၌ ထားမြဲဖြစ်၏။ ခိုးကွင်းဆိုသည်မှာ ခိုးရာပါ ပစ္စည်းအားဘယ်သူဘယ်ဝါအိမ်မှ ပစ္စည်းဖြစ်ကြောင်း ခိုးကွင်းတွင် စာကပ်၍ ထားကြသည်။ ထိုသို့ ခိုးရာတွင် အသက်ရှိ သောအရာကို ခိုးယူနိုင်စွမ်းသော သူက လူစွမ်းကောင်း ဖြစ်၏။

ရှေးအခါက နွားများနှင့် လူအိပ်နေသော ကုတင်ကို လူမနိုးအောင် ထမ်း၍ ခိုးကွင်း၌ လာထားကြသည်။ မနက်မိုးလင်းသော အခါပစ္စည်းရှင်များက သင်္ကန်းအစုံဖြင့် မိမိတို့၏ ပစ္စည်းများ ကို လာရွေးယူရပြီး ကထိန်ပွဲကို ဆင်နွဲကြသည်။

ပစ္စည်းခိုးလို့ လူမိသောအခါတွင် ထိုသူကိုဖမ်း၍ ခိုးကွင်းတွင် ကတုံးတုံးကာ ပြာလူး၍ ထားကြသည်။ ကထိန်ပွဲတွင် ထိုခိုးသားကို ရွာလူကြီးက တရားသူကြီးလုပ်ကာ တရားဆိုင်ခန်းဖြင့် ဟာသလုပ်ကြပြီး ရဟန်းဝတ် စေမြဲဖြစ်သည်။ ဒီဘက်ခေတ် ရောက်လာတော့ တန်ဖိုးရှိ ပစ္စည်းတွေကို တကယ် ခိုးလာကြတယ် ။ လမ်းတွေပေါ်မှာ ကျက် သရေ မင်္ဂလာမရှိအောင် ရုပ်ပျက်ဆင်းပျက် ဆိုင်းဘုတ်တွေ ဖြုတ်ချ ၊ အရက်ဘီယာ အသောက်စားတွေ ပလူးပျံအောင် ပြန့်ကျဲနေတယ်။ အပျော်ကနေ အပျက်ဘက် ကိုဦးတည် လာကြတယ်။ အမှန်တရားကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ သိစေချင်၍ ရည်ရွယ်ရင်း…။

မူရင်း ကောက်နှုတ်ချက်အား လေးစားစွာဖြင့် ပြန်လည်ဖော်ပြအပ်ပါသည်…
Crd

မန္တလေးသူ/သား ဖြစ်ရတာ သိပ်ကောင်းတယ်ဆို ပြောပြီးဒီထဲက အစားအစာတွေ အကုန်မစားဖူးသေးရင် မန္တလေးသား မစစ်သေးဘူးနော် 😁😁တစ်ပုံချင...
31/08/2025

မန္တလေးသူ/သား ဖြစ်ရတာ သိပ်ကောင်းတယ်ဆို ပြောပြီး
ဒီထဲက အစားအစာတွေ အကုန်မစားဖူးသေးရင် မန္တလေးသား မစစ်သေးဘူးနော် 😁😁

တစ်ပုံချင်းသာဝင်ကြည့်ပြီး ကိုယ့်ဘာသာ Rating သတ်မှတ်လိုက်နော် တစ်ဆိုင်စားဖူးရင် (၁)မှတ်ပေါ့ဗျာ

ဘယ်နှမှတ်ရလဲ ပြောသွားကြဦးနော်

လူတော်တွေဟာ ထပ်တရာနဲ့ ပလာတာကို တူတယ်လို့ မငြင်းခုံပါဘူး ….     ၂မျိုးလုံးဖြစ်အောင်မြည်းကြည့်ပြီး အမြတ်ထုတ်ကြပါတယ် 😎     ...
21/08/2025

လူတော်တွေဟာ ထပ်တရာနဲ့ ပလာတာကို တူတယ်လို့ မငြင်းခုံပါဘူး ….
၂မျိုးလုံးဖြစ်အောင်မြည်းကြည့်ပြီး အမြတ်ထုတ်ကြပါတယ် 😎
အခု အရသာခံဖို့ လက်မလွှတ်သင့်တဲ့ တစ်ဆိုင်ကတော့ အောင်ကျော်ချမ်းအေး မန္တလေးသားတွေရဲ့ “ စိန်စွန် “ က ထပ်တရာပါပဲ ….

ဂျုံသားရဲ့ နူးညံ့မှု
အထပ်ထပ်တို့နဲ့ ထပ်တရာပီသမှု
ပဲနဲ့စားစား ၊ သကြားနဲ့စားစား ၊ အာလူးနဲ့စားစား တင့်တယ်နေမှုတို့က စိန်စွန်ရဲ့ ပြည့်စုံမှုတွေပေါ့
ဆိုင်ရဲ့ Signature က ပဲကို ပုံမှန်အနှစ်ချက်နဲ့ မဟုတ်ဘဲ ပဲအလုံးလိုက် စတော်ပဲအပြုတ်နဲ့ ဆိုပေသိ ပါးနပ်ရင် ပါးနပ်သလို မျိုးစုံစားကြည့်နိုင်ပါတယ် 😌

ကဲ အငြင်းအခုံမလုပ်တဲ့ လူတော်တွေလို့ သက်သေပြဖို့ ခုပဲ messenger ကြွ !!

Hotline
☎️ 09 960880808
☎️ 09 952295566


#စိန်စွန်ထပ်တရာ

တစ်ခု ၄၀၀ တန် Dimsum ကို အရသာရှိရှိ အဝစားမယ် ….      ၄၀၀ ဆိုလို့ အထင်သေးလို့တော့ မရဘူးနော် ဘယ်လောက်စားစား မအီတာက သူ့ရဲ့ ...
09/08/2025

တစ်ခု ၄၀၀ တန် Dimsum ကို အရသာရှိရှိ အဝစားမယ် ….
၄၀၀ ဆိုလို့ အထင်သေးလို့တော့ မရဘူးနော်
ဘယ်လောက်စားစား မအီတာက သူ့ရဲ့ ထူးခြားချက်ပဲ …
မနက်စာကို နေ့တဒူဝ သမရိုးကျတွေ စားရင်း ရိုးနေပြီဆို စျေးတန်တန်နဲ့ မတူတာလေး ပြောင်းစားကြည့်ပါ
Yin Nyein Homemade Dimsum က ငွေကျပ် ၄၀၀၀ လောက်နဲ့ မနက်ခင်းစာကို ပြည့်စုံစေမှာပါပဲ …
ပူပူနွေးနွေး အရသာမပျက်စားရဖို့ကတော့ KZT တာဝန်ပေါ့ 💓

( မနက် ၇ နာရီကစတင်မှာယူနိုင်ပါတယ် )

Hotline
☎️ 09 960880808
☎️ 09 952295566

ညနေခင်းစာ အဆာပြေ"သန့်သန့်လေး" စားရအောင်တို့ဟူးနွေးမုန်ညှင်းပေါင်းငါးပေါင်းထမင်းဝါမှိုပေါင်းငရုတ်သီးကြော် မွှေးမွှေးလေးနဲ...
06/08/2025

ညနေခင်းစာ အဆာပြေ

"သန့်သန့်လေး" စားရအောင်

တို့ဟူးနွေး
မုန်ညှင်းပေါင်း
ငါးပေါင်း
ထမင်းဝါ
မှိုပေါင်း

ငရုတ်သီးကြော် မွှေးမွှေးလေးနဲ့ ကြက်သွန်ဖြူဆီချက်လေးနဲ့ တွဲဖက်စားရတာ တစ်လုပ်ဆို တစ်လုပ် ထိမိသောပါပဲ😋

Hotline
☎️ 09 952295566
☎️ 09 960880808


နေ့လယ်နေ့ခင်း သရေစာလေးတစ်ခုခုစားချင်တယ် ! လဆန်း လခလေးလည်းထုတ်ပြီး ငွေရွှင်နေတယ်ဆို       Trust in KZT နော်  ဒီလို စားကော...
03/08/2025

နေ့လယ်နေ့ခင်း သရေစာလေးတစ်ခုခုစားချင်တယ် ! လဆန်း လခလေးလည်းထုတ်ပြီး ငွေရွှင်နေတယ်ဆို
Trust in KZT နော်
ဒီလို စားကောင်းတာလေးတွေ ရှာပေးထားတယ်
ငယ်ကတည်းက ဂျုံယို၊ သာကူယို ၊ နွားနို့ခဲ ၊ နို့ထမင်း နဲ့ ငှက်ပျောပေါင်းစားချင်ပြီဆို ခေါင်းရွက်သည်ထိုင်စောင့်နိုင်မှ စားခွင့်ရတာ
ခုတော့ တစ်နေရာထဲမှာ တစ်စုတစ်စည်းထဲ စိတ်ကြိုက်ရွေးစားလို့ရပြီ
“ မလှူနိုင် စျေးရောင်း “ ဆိုသလိုပဲ ရောင်းတဲ့လူက စေတနာပါတော့ ပိုစားကောင်းနေတာမျိုး

ညနေ ၄ နာရီလောက်ထိသာရတတ်တာမို့ KZT ကို မြန်မြန်လေး ဆက်လိုက်တော့နော် 😚

Hotline
☎️ 09 960880808
☎️ 09 952295566


#နို့ထမင်း

ထားဝယ်အစားအစာတွေကို စားတတ်တဲ့သူဆိုရင်ဒါမှမဟုတ် မစားဖူးသေးရင် "သေချာပေါက်" မှာစားကြည့်ပါခင်ဗျာထိမိတဲ့အရသာ ချဉ်ငံစပ်အရသာ န...
31/07/2025

ထားဝယ်အစားအစာတွေကို စားတတ်တဲ့သူဆိုရင်
ဒါမှမဟုတ် မစားဖူးသေးရင် "သေချာပေါက်" မှာစားကြည့်ပါခင်ဗျာ

ထိမိတဲ့အရသာ
ချဉ်ငံစပ်အရသာ နဲ့မို့ မကြိုက်ဘူးဆိုတဲ့သူတောင် ခနခနမှစားတတ်ကြတဲ့ ထားဝယ်ရိုးရာ အစားအစာတွေပါခင်ဗျာ ...

Hotline
☎️ 09 960880808
☎️ 09 952295566

KZT မှာ မှာစားနေကျ Lotteria Fan တွေမသိမှာစိုးလို့ Share ပေးထားပါတယ်ဗျ ...လကုန်ခါနီးပြီဆို‌တော့ ဈေးသက်သာပြီး အရသာရှိတဲ့  ...
27/07/2025

KZT မှာ မှာစားနေကျ Lotteria Fan တွေမသိမှာစိုးလို့ Share ပေးထားပါတယ်ဗျ ...

လကုန်ခါနီးပြီဆို‌တော့ ဈေးသက်သာပြီး အရသာရှိတဲ့ 𝗦𝗲𝘁 𝗠𝗲𝗻𝘂 တွေ 𝗟𝗢𝗧𝗧𝗘𝗥𝗜𝗔 မှာ ရှိနေပြီ!!
ဇူလိုင် ( ၂၈ ၊ ၂၉ ၊ ၃၀ )
👉 ကြက်ကြော် ၂ တုံး + Pepsi ၁ ခွက် = 𝟵,𝟱𝟬𝟬 𝗞𝘀 !!
👉 ကြက်ကြော်တစ်တုံး + Teriyaki Chicken ဘာဂါ တစ်လုံး + Orange Juice ၁ ခွက် = 𝟭𝟯,𝟱𝟬𝟬𝗞𝘀 !!
👉 ကိုရီးယားကြက်ကြော် (half pack ) တစ်ပွဲ + အာလူးကြော် တစ်ပွဲ + Pepsi ၁ ခွက် = 𝟭𝟬,𝟬𝟬𝟬 𝗞𝘀 !!
ကြက်ကြော်လား၊ 𝗕𝘂𝗿𝗴𝗲𝗿 လား?

ဖိုက်တင်းဘောဆိတ်ကင် စမူဆာသုပ်ကို သန့်သန့်ရှင်းရှင်း အရသာရှိရှိစားချင်ရင် "KZT" မှာ မှာစားနိုင်ပါတယ်ဗျဆိတ်သားစစ်စစ် ဖြစ်က...
17/07/2025

ဖိုက်တင်းဘော
ဆိတ်ကင်
စမူဆာသုပ်ကို သန့်သန့်ရှင်းရှင်း အရသာရှိရှိစားချင်ရင် "KZT" မှာ မှာစားနိုင်ပါတယ်ဗျ

ဆိတ်သားစစ်စစ် ဖြစ်ကြောင်းလည်း အာမခံပါတယ်ခင်ဗျာ
ညှီနံ့ကင်းပြီး အရသာရှိတာမို့ မန္တလေးရဲ့ မစားမဖြစ် နာမည်ကြီးဆိုင်တွေထဲက တခုအပါအဝင်ဖြစ်နေတာပါ

Hotline
☎️ 09 960880808
☎️ 09 952295566

ရွှေမူဆယ် ရှမ်းခေါက်ဆွဲတောင် "၃၃လမ်းဆိုင်ကမှ" ဆိုသူတွေ သပ်သပ်ကိုရှိတာနော်ဆိုင်ပြောင်းတာ နည်းနည်းဝေးသွားတော့ သွားမစားဖြစ်...
10/07/2025

ရွှေမူဆယ် ရှမ်းခေါက်ဆွဲတောင် "၃၃လမ်းဆိုင်ကမှ" ဆိုသူတွေ သပ်သပ်ကိုရှိတာနော်

ဆိုင်ပြောင်းတာ နည်းနည်းဝေးသွားတော့ သွားမစားဖြစ်လို့ "KZT" ကို ဝယ်ခိုင်းကြတာများပါတယ်ခင်ဗျာ

မသိသူတွေမှာစားလို့ရအောင် ပြောပြပေးတာပါခင်ဗျာ

Hotline
☎️ 09 892295566
☎️ 09 952295566


#ရွှေမူဆယ်

ငါးဖယ် သရဲတွေရှိလား???မင်မင်ကတော့ ငါးဖယ်ကြော်ဆို တခု တလုပ် စားဖြစ်လွန်းလို့ ခြေဦးမလှည့်တာကြာပြီ (ပိုက်ဆံကုန်လို့😜)ငါးဖယ်...
05/07/2025

ငါးဖယ် သရဲတွေရှိလား???

မင်မင်ကတော့ ငါးဖယ်ကြော်ဆို တခု တလုပ် စားဖြစ်လွန်းလို့ ခြေဦးမလှည့်တာကြာပြီ (ပိုက်ဆံကုန်လို့😜)

ငါးဖယ်ကို ငပိထောင်း အစာသွပ်ရတယ်
ငါးဖယ်သုပ် ရတယ်
ရိုးရိုး ရတယ်

မှာချင်တာရှိ "ဟဲလို"လိုက်ပါဗျာ
MPT Hotline လေးတွေက လိုင်းအဆင်မပြေလို့
Ooredoo Hotline များကို ပြောင်းလဲ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ...

Hotline
☎️ 09 960880808
☎️ 09 952295566

ဝန်ထမ်းအင်အား ထပ်မံဖြည့်တင်းရန်အတွက် (၅)ဦးခေါ်ယူပါမယ်ခင်ဗျာ ကိုက်ညီမှုရှိသူဝါသနာပါသူအလုပ်လိုအပ်သူ များ လျှောက်ထားနိုင်ပါ...
02/07/2025

ဝန်ထမ်းအင်အား ထပ်မံဖြည့်တင်းရန်အတွက် (၅)ဦးခေါ်ယူပါမယ်ခင်ဗျာ

ကိုက်ညီမှုရှိသူ
ဝါသနာပါသူ
အလုပ်လိုအပ်သူ များ လျှောက်ထားနိုင်ပါတယ်ခင်ဗျာ

မန္တလေးမြို့တွင်းလမ်းကြောင်းကျွမ်းကျင်ပြီး လုပ်ငန်းခွင်အတွင်း ပေါ့ပါးစွာ အလုပ်လုပ်ကိုင်လိုသူများအတွက်

Rider လိုအပ်ချက်များ
- အထက်တန်းအောင် အရည်အချင်းရှိရမည်
- မန္တလေးမြို့တွင်းလမ်းများ ကျွမ်းကျင်ရမည်
- Customer နှင့်ပြောဆိုဆက်ဆံမှု ကောင်းမွန်ရမည်
- ဆိုင်ကယ်လိုင်စင်/ယာဉ်မောင်းလိုင်စင် ရှိရမည်
- အကျင့်စာရိတ္တကောင်းမွန်ပြီး အသင်းအဖွဲ့နဲ့ လုပ်ကိုင်နိုင်ရမည်

(အနည်းဆုံး ၃လလုပ်ကိုင်နိုင်မှလျှောက်ထားပေးပါ)
အထက်ပါ လိုအပ်ချက်များနှင့် ကိုက်ညီပြီး လျှောက်ထားရန် စိတ်ဝင်စားပါက Page Messengerမှ ဖြစ်စေ Viberကနေဖြစ်စေ လျှောက်ထားနိုင်ပါသည်
09422249994

Address

Building D, 29 Street, Bet 70x71 St, Chan Aye Thar Zan Township
Mandalay
05024

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+959892295566

Alerts

Be the first to know and let us send you an email when KZT Delivery Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KZT Delivery Service:

Share