Forex Trade For Trillionaire

Forex Trade For Trillionaire Forex Bussiness consultant

26/12/2023

ဒီနေ့အတွက်ကမ္ဘာ့ရွှေ စျေးကွက်ခန့်မှန်းချက်
- အမိုးစျေး = 2073
- ကြမ်းခင်းစျေး = 2042

လက်ရှိ 2061 စျေးတန်း
အရောင်းအ၀ယ် ပြုလုပ်ဖို့အတွက် ရောင်းစျေး၀ယ်စျေးများကို Telegram မှာတင်ထားပါတယ်ရှင်

💌 𝗔𝗰𝗰𝗼𝘂𝗻𝘁 𝗟𝗶𝗻𝗸...........
https://www.facebook.com/sulwinnyunt43?mibextid=ZbWKwL

💌𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐥𝐢𝐧𝐤..........
https://t.me/sulwin63

#ကမ္ဘာ့ရွှေသင်တန်း

26/12/2023

ကမ္ဘာ့ရွှေကတော့ စျေးကွက်စဖွင့်ကတည်းက 2053 မှ 2063 အထိ တောက်လျှောက်အတက်အားကောင်းနေပါတယ်ရှင်
09-953205043

Internet ဆောင်းပါးကဏ္ဍ -------------------------------------Forex Trading: Beginner လက်စွဲ (အပိုင်း-၁)------------------...
22/12/2023

Internet ဆောင်းပါးကဏ္ဍ
-------------------------------------
Forex Trading: Beginner လက်စွဲ (အပိုင်း-၁)
--------------------------------------------------------------------------
Forex ဆိုတာကတော့ Foreign Currencyနဲ့ Exchange နှစ်ခုပေါင်းရဲ့အတိုကောက်စကားလုံး ဖြစ်ပါတယ်။ Foreign Exchange ကို ကုန်သွယ်ရေးလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ခရီးသွား လုပ်ငန်းတွေအတွက် Currency တစ်ခုမှ အခြားတစ်ခုသို့ ပြောင်းလဲရာတွင် တွင်ကျယ်စွာအသုံးပြုလေ့ ရှိကြပါတယ်။ အပြည်ပြည် ဆိုင်ရာ နိုင်ငံတော်ဘဏ်များရဲ့ထုတ်ပြန်ချက်အရ ၂၀၁၉ ခုနှစ် ဧပြီလတွင် Forex market အတွင်းလည်ပတ် နေသောငွေပမာဏသည် $6.6 Trillion အထိရှိနေပြီဖြစ်ပါတယ်။

Forex Market ဆိုတာဘာလဲ?
--------------------------------------------------------------------------
နိုင်ငံတကာငွေကြေးတွေကိုအရောင်းအဝယ် အလဲအလှယ်လုပ်တဲ့ Market ကို Foreign Exchange Market လို့ခေါ်ပါတယ်။ နိုင်ငံအလိုက် ငွေကြေးတွေဟာအရေးပါကြပါတယ်။ ဘာလို့လဲဆိုတော့ Currency တွေဟာ ပြည်တွင်းပြည်ပက ကုန်ပစ္စည်းတွေကိုအရောင်းအဝယ်လုပ်ရာမှာ အရေးပါလို့ဘဲဖြစ်ပါတယ်။ ကုန်သွယ်မှုနှင့် စီးပွားရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရန်အတွက် ငွေကြေးများကိုလဲလှယ်ရန်လိုအပ်ပါတယ်။ တကယ်သင်ဟာ U.S မှာနေသူတစ်ယောက်ဖြစ်ပြီး ပြင်သစ်နိုင်ငံက ဒိန်ခဲ ကိုဝယ်ချင်တယ်ဆိုရင် ပြင်သစ်နိုင်ငံမှာ ရှိတဲ့ဒိန်ခဲကုမ္ပဏီကို ယူရို (Euro) နဲ့ပေးချေရမှာဖြစ်ပါတယ်။ ဆိုလိုတာကတော့ အမေရိကန်ထဲကို ပြင်သစ်နိုင်ငံက ကုန်ပစ္စည်းတွေတင်သွင်းချင်တယ်ဆိုရင် ကုန်သွင်းတဲ့သူဟာသူ့ရဲ့ အမေရိကန်ဒေါ်လာ (USD) တွေကို ယူရို (Euro) အဖြစ်လဲလှယ်ရမှာဖြစ်ပါတယ်။
အလားတူပါဘဲ ပြင်သစ်နိုင်ငံသားတွေဟာ အိဂျစ်မှာ ပိရမစ်တွေကြည့်ဖို့အတွက် ယူရို(Euro)နဲ့ ငွေချေလို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယူရို (Euro) ဟာ အီဂျစ်နိုင်ငံရဲ့ ငွေကြေးမဟုတ်လို့ပါဘဲ။ ဒါကြောင့် ပြင်သစ် နိုင်ငံသားတွေအနေနဲ့ ပိရမစ်ကြည့်ခွင့်ရနိုင်ဖို့အတွက် အီဂျစ်နိုင်ငံရဲ့ ငွေကြေးဖြစ်တဲ့ Egyptian Pound ကိုလက်ရှိ ပေါက်ဈေးအတိုင်း Euro နဲ့လဲလှယ်ရတော့မှာဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ Market တစ်ခုဖြစ်တဲ့ Forex Market ရဲ့ သူမတူတဲ့အချက်ကတော့ ဗဟိုကနေ ချုပ်ကိုင်ထားတဲ့ Market တစ်ခုမဟုတ်တာပါဘဲ။ ၎င်းအစားငွေကြေးအရောင်းအဝယ် ကိစ္စတွေကို တစ်ကမ္ဘာလုံးနဲ့ အင်တာနက်ပေါ်ကနေချိတ်ဆက်ပြီး အလဲအလှယ်လုပ်နိုင်တဲ့ ကွန်ရက်တစ်ခုအဖြစ် ရပ်တည်ပါတယ်။ Forex Market ဟာ တစ်နေ့ကို ၂၄ နာရီ၊ တစ်ပတ်ကို ၅ ရက်ဖွင့်ပြီး နိုင်ငံတကာစံတော်ချိန် အကုန်နီးပါး လည်ပတ်နိုင်အောင် ဂျာမန်နိုင်ငံရှိ Franfurt ၊ ဟောင်ကောင်၊ လန်ဒန်၊ နယူးယောက်၊ ပါရီ၊ စက်ာပူ၊ ဆစ်ဒနီ၊ တိုကျိုနှင့် ဇူးရစ်မြို့တွေမှာ အရောင်းအဝယ်ပြုလုပ်ပါတယ်။ ဆိုလိုတာကတော့ အမေရိကန်နိုင်ငံမှာ အရောင်းအဝယ်ပြုလုပ်ချိန် ကုန်သွားသည်နှင့်တစ်ပြိုင်နက် တိုကျိုနဲ့ဟောင်ကောင် မှာ Forex Market ဟာ အသစ်ပြန်စမှာဖြစ်ပါတယ်။ ဒါကြောင့် Forex Market ထဲမှာရှိတဲ့ Currency ဈေးတွေဟာ နေ့စဥ်နေ့တိုင်း အချိန်နှင့်အမျှ အပြောင်းအလဲရှိပြီး Market ဟာ အချိန်တိုင်းလှုပ်ရှားအသက်ဝင်နေပါတယ်။

Forex ရဲ့သမိုင်းအကျဉ်း
--------------------------------------------------------------------------
Forex Market ဟာလွန်ခဲ့သောရာစုနှစ်များစွာတည်းက စတင်ခဲ့တာဖြစ်ပါတယ်။ လူတွေဟာ ကုန်စည်တွေနဲ့ အခြားသောဝန်ဆောင်မှုတွေကို ဝယ်ယူဖို့အတွက် ကုန်စည်နဲ့ ငွေကြေးတွေကို အလဲအလှယ် အရောင်းအဝယ်ပြုလုပ်ကြပါတယ်။ သို့သော်ယနေ့ကျွန်တော်တို့ နားလည်တဲ့ Forex Market ဆိုတာကတော့ ခေတ်မှီသော တီထွင်မှုတစ်ခုပင်ဖြစ်သည်။ ၁၉၇၁ ခုနှစ် Bretton Woods သဘောတူညီမှုစာချုပ် ပြိုကွဲပြီးနောက် အခြားသော Currencies တွေကိုပါ တစ်ခုနှင့်တစ်ခုလွတ်လပ်စွာ လဲလှယ်ရောင်းဝယ်ခဲ့ကြပါတယ်။ Currency တစ်ခုချင်းစီရဲ့ တန်ဖိုးဟာ ဝယ်လိုအားနှင့် ဈေးကွက်အတွင်းလည်ပတ်မှုအပေါ်အခြေခံပြီး Foreign Exchange Trading services များကစောင့်ကြည့်နေပါတယ်။ ကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဘဏ်တွေဟာ သူတို့ရဲ့ ဖောက်သည်တွေကိုယ်စား Forex market ထဲမှာ လဲလှယ်ရောင်းဝယ်ပေးရသော်လည်း ကျွမ်းကျင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် ငွေကြေးတစ်ခုကနေ အခြားတစ်ခုကိုအရောင်းအဝယ်လုပ်ဖို့အတွက် အခွင့်အလမ်းတွေ ရှိပါတယ်။ Forex Market ထဲမှာ ပါဝင်သူတွေအနေနဲ့ နည်းလမ်းနှစ်သွယ်နဲ့ အမြတ်အစွန်း ရနိုင်ပါတယ်။
- Currency နှစ်ခုအကြားအတိုးနှုန်းအပြောင်းလဲပေါ်မူတည်ပြီး အမြတ်ရယူခြင်း
- ငွေလဲနှုန်းအပေါ်မူတည်ပြီးအမြတ်ရယူခြင်း

ရင်းနှီးမြှုပ်နံသူတွေဟာ မတူညီတဲ့စီးပွားရေးလုပ်ငန်းနှစ်ခုမှ အတိုးနှုန်းနှစ်ခုကွာခြားချက်မှ အမြတ်ငွေကို အတိုးနှုန်းများများဖြင့်ဝယ်ယူပြီး အတိုးနှုန်းသက်သာတဲ့ Currency တွေကိုပြန်ရောင်းခြင်းဖြင့်အမြတ်ငွေ ရရှိကြသည်။ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကြပ်အတည်းမတိုင်မီအချိန်တွေတုန်းက အတိုးနှုန်းကွာခြားချက်တွေဟာ အလွန်မြင့်မားသောကြောင့် ဂျပန်ယန်း (JPY) နှင့် ဗြိတိန်ပေါင် (GBP) ကို Short လုပ်ခြင်း (ရေတိုရောင်းခြင်း)သည် အလွန်အသုံးများပါတယ်။ ၎င်းဗျူဟာကို “Carry Trade” လို့ခေါ်ပါတယ်။

ဘာလို့ Currencies တွေကိုလဲလှယ်ရောင်းဝယ်နိုင်တာလဲ?
အင်တာနက်ကွန်ရက်မပေါ်မီကာလများမှာ တစ်ဦးချင်းရင်းနှီးမြှုပ်နှံသူတွေအတွက် ငွေကြေး လဲလှယ်ရောင်းဝယ်မှုဟာအလွန်ခက်ခဲခဲ့ပါတယ်။ များသောအားဖြင့် Currency Traders တွေဟာ နိုင်ငံစုံ အဖွဲ့အစည်းများ၊ ရန်ပုံငွေအဖွဲ့အစည်းများ သို့မဟုတ် Forex Trading မှာအရင်းအနှီးများစွာလိုအပ်သူတွေဖြစ်တဲ့ အတွက်ကြောင့် Currency (ငွေကြေး) တွေကိုလဲလှယ်ရောင်းဝယ်ကြသူများဖြစ်ကြပါတယ်။ ခေတ်အဆက်ဆက် ပြောင်းလဲလာပြီး အင်တာနက်အကူအညီဖြင့် Trader တစ်ဦးချင်းစီ အတွက်လက်လီ လဲလှယ်ဝယ်ရောင်းနိုင် သော Market များပေါ်ပေါက်လာပြီး ဘဏ်များ သို့မဟုတ် ပွဲစား (Broker) များမှတစ်ဆင့် Foreign Exchange market သို့အလွယ်အတူဝင်ရောက်လာနိုင်ပါတယ်။ အွန်လိုင်းပွဲစားများ (Online Broker) နှင့် အရောင်း ကိုယ်စားလှယ် အများစုဟာ Trader တွေအတွက် ရင်းနှီးငွေနည်းနည်းဖြင့် ကြီးမားတဲ့ အရောင်းအဝယ်တွေ လုပ်နိုင်အောင် ကြီးမားသော Leverage များပေးဆောင်လေ့ရှိကြပါတယ်။

#ကျော်လင်းထွန်း

Reference:

Investopedia is the world's leading source of financial content on the web, ranging from market news to retirement strategies, investing education to insights from advisors.

21/12/2023

ရှယ်ယာ မဝယ်ပါနဲ့။ လုပ်ငန်းကို ဝယ်ပါ
💯💯💯💯💯💯💯💯💯💯💯💯💯💯💯💯💯💯

💯 မရေးတာကြာပြီဖြစ်တဲ့ ရှယ်ယာအကြောင်းလေး ကို ရေးပြချင်ပါတယ်။

💯 လူအတော်များများဟာ ရှယ်ယာတွေ ဝယ်ထားပြီး စျေးတက်လာတဲ့အခါ ထုတ်ရောင်းလိုက်ရင် အမြတ်တွေ အများကြီးရပြီး နေ့ချင်းညချင်း ချမ်းသာသွားကြမယ်လို့ ထင်နေကြတယ်။ အဲဒီအတိုင်း တကယ်ဖြစ်လာရင်တော့ အရမ်းကောင်းပေါ့။

💯 တချို့ကျတော့လည်း ရှယ်ယာဝယ်တာကို ထီထိုးသလို သဘောထားကြတယ်။ ကံကောင်းရင် ရှယ်ယာစျေးတွေ ထိုးတက်သွားမယ်။ အဲဒီအခါ ပြန်ထုတ်ရောင်းလိုက်ရင် အကြီးအကျယ် မြတ်ပြီလို့ ထင်နေကြတယ်။

💯 တကယ်လို့ သင့်မှာ ငွေတွေ သုံးမကုန် ဖြုန်းမကုန် ရှိနေရင်တော့ အပေါ်ကလူတွေ လုပ်သလို လုပ်လိုက်ပါ။ ဒီလိုမဟုတ်ဘဲ သင့်ချွေးနည်းစာနဲ့ စုထားတဲ့ ငွေကိုတော့ သူတို့လို လိုက်မလုပ်ပါနဲ့။ သင့်ပိုက်ဆံတွေ ရေထဲပစ်ချလိုက်သလို ဆုံးရှုံးသွားဖို့ များပါတယ်။

💯 တကယ်တော့ ကုမ္ပဏီတစ်ခုဟာ ရင်းနှီးမြုပ်နှံဖို့ ငွေလိုနေလို့ ရှယ်ယာရောင်းတာပါ။ ကုမ္ပဏီက သူပိုင်ဆိုင်ထားတဲ့ အစုရှယ်ယာကို လူထုကို ထုတ်ရောင်းတာပါ။ အစုရှယ်ယာများများ ထုတ်ရောင်းရင် ကုမ္ပဏီရဲ့ ပိုင်ဆိုင်တဲ့ ရှယ်ယာ နည်းသွားပါတယ်။

💯 "ရှယ်ယာရောင်းတယ်ဆိုတာ ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုကို ထုတ်ရောင်းတာပါ။ ထို့နည်းတူ ရှယ်ယာဝယ်တယ်ဆိုတာ ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုကို ဝယ်လိုက်တာပါ။"

💯 ဒီစကားလေးဟာ ရှယ်ယာဝယ်မယ်ဆိုရင် အမြဲခေါင်းထဲမှာ သတိရနေရမယ့် အလွန်ကို အရေးကြီးတဲ့ စကားပါ။

💯 အခု သင့်ကို မေးခွန်းလေး တစ်ခု၊ ၂ ခုလောက် မေးချင်ပါတယ်။

💯 အရှုံးပေါ်ပြီး ဒေဝါလီခံရတော့မယ့် ကုမ္ပဏီတစ်ခုရဲ့ ရှယ်ယာကို ဝယ်မလား။ သေချာတာပေါ့။ အရူးနဲ့ ငတုံးကလွဲရင် ဘယ်သူမှ မဝယ်ပါဘူး။

💯 အခုတစ်ခါ ကုမ္ပဏီတစ်ခုဟာ လောလောဆယ် အမြတ်နည်းနည်းလေးဘဲ ရနေတယ်။ နောက် ၃ နှစ်ကြာရင် အကြီးအကျယ် အောင်မြင်သွားမယ်။ အမြတ်တွေ အများကြီးရလာမယ်။ အဲဒါကို သေချာပေါက် သိနေရင် ဒါမှမဟုတ် ခန့်မှန်းတတ်မယ်ဆိုရင် အဲဒီကုမ္ပဏီရဲ့ ရှယ်ယာတွေကို မဝယ်ဘူးလား။ အရူးနဲ့ ငတုံးမဟုတ်ပဲ လက်ထဲမှာ ပိုက်ဆံရှိရင်ရှယ်ယာကို သေချာပေါက် ဝယ်မှာပါ။ ဘာကြောင့်လဲဆိုတော့ ကုမ္ပဏီအကြီးအကျယ် အောင်မြင်လို့ အမြတ်တွေ အများကြီးတက်လာရင် သူ့ရဲ့ ရှယ်ယာစျေးတွေ ခုန်တက်သွားပါလိမ့်မယ်။

💯 ဒါကြောင့် ရှယ်ယာဝယ်မယ်ဆိုရင် အဲဒီကုမ္ပဏီအကြောင်း ဘယ်လောက်သိထားသလဲ။ ဘာပစ္စည်းထုတ်တဲ့ ကုမ္ပဏီလဲ။ ကုမ္ပဏီရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေဟာ အရည်အချင်း ရှိကြရဲ့လား။ ကုမ္ပဏီမှာ အကြွေးဘယ်လောက်တင်နေသလဲ။ မရွှေ့မပြောင်းနိုင်တဲ့ ဘာပစ္စည်းတွေ ရှိသလဲ။ သူ့ပစ္စည်းကို လူတွေ ဝယ်ပါ့မလား။ လစဉ် အမြတ် ဘယ်လောက်ရနေသလဲ။ ဒါမှမဟုတ် အကြွေးတင်နေသလား။ သိစရာအချက်တွေ အများကြီးပါ။ သင် များများသိတဲ့အခါ ရှယ်ယာဝယ်ရင် မြတ်ဖို့ အခွင့်အလမ်းများလေပါပဲ။

💯 ကုမ္ပဏီအကြောင်း ဘာမှ မသိဘဲ သူများရှယ်ယာဝယ်လို့ လိုက်ဝယ်မယ်ဆိုရင်တော့ အိမ်တွေ၊ ကားတွေ ပေါင်နှံရောင်းချဖို့ အသင့်ပြင်ထားလိုက်ပါ။

💯 ဘီလျံနာသူဋ္ဌေးကြီး ဝါရင်ဘတ်ဖက် (Warren Buffett) အကြောင်းကြားဖူးမှာပါ။ စတော့ရှယ်ယာတွေ ဝယ်ရောင်းလုပ်ရင်း အကြီးအကျယ် ချမ်းသာလာခဲ့လို့ စတော့ရှယ်ယာဂုရုဆရာကြီးလို့ ထင်ရှားကျော်ကြားပါတယ်။

💯 သူဟာ ကုမ္ပဏီတစ်ခုရဲ့ ရှယ်ယာကို ဝယ်မယ်ဆိုရင် အဲဒီကုမ္ပဏီကို နှစ်အတန်ကြာကြာ စောင့်ကြည့်လေ့လာပြီးမှ ရှယ်ယာကို ဝယ်လိုက်ပါတယ်။

💯 ရှယ်ယာဝယ်ချင်သူတွေအတွက် စဉ်းစားစရာ အတွေးလေးတစ်ခု ပေးလိုက်တာပါ။
ဗန်းမော်သိန်းဖေ

21/12/2023

ကမ္ဘာ့ရွှေကတော့ 2047 နဲ့ 2020 ကြားမှာ စျေးပြေးနေတာ ၃ရက်ရှိပါပြီ
အရောင်းရော အ၀ယ်ပါ အကျိုးအမြတ်ရစေနိုင်တဲ့ market rangeထဲမှာရှိနေပါတယ်ရှင့်
(09-953205043)

19/12/2023

တစ်နေကုန် 9dollar သာအလှုပ်အခတ်ရှိထားတဲ့ ကမ္ဘာ့ရွှေစျေး လက်ရှိ တစ်အောင်စ - 2028dollar

19/12/2023

19.12.23( world gold)
can sell-2027/Tp -2020/Sl - 2029

14/12/2023

♻Double Top pattern အကြောင်းသိကောင်းစရာ♻

➡Forex Trading ပြုလုပ်ရာတွင် မြင်ရလေ့ရှိသော pattern မှာ Double Top ဖြစ်ပါတယ်ရှင့်.

✔Double Top Pattern ပေါ်လာပါက အမြင့် စျေးတန်းတစ်ခုကို နှစ်ကြိမ်ရောက်ပေမယ့် အရောင်းတွေ ၀င်လာတာကြောင့် စျေးအကျ ပြန်လာလေ့ရှိသောကြောင့် bearish pattern ( စျေးအကျ ) လာနိုင်တယ်လို့ယူဆပြီး

✔ဘယ်အချိန်မှာ Entry ဝင်နိုင်မလဲ?

➡Resistance ( အမိုးစျေးတန်း) ကိုဖောက်မတက်ဘဲ​ပြန်ကျလာချိန် ရေတိုအရောင်းဝင်နိုင်သလို သေချာတဲ့ entry တစ်ခု ပြုလုပ်လိုပါက Neckline ကိုဖောက်မှသာ sell order ဝင်နိုင်ပါတယ်ရှင့်.
〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰

📩 Forex Trading အခြေခံ လက်တွေ့ရောင်း၀ယ်နည်း သင်တန်း
https://m.facebook.com/story.php?story_fbid=645279284460035&id=100069339069034&mibextid=Nif5oz



13/12/2023

ကမ္ဘာ့ရွှေ သတင်းနဲ့ 1986 အထိ တက်ခဲ့ပေမယ့် လက်ရှိ အကျအားသာနေဆဲ ဖြစ်ပါတယ် Downtrend ထဲမှာဘဲ သွားနေဆဲပါ အ၀ယ်တွေ ဂရုစိုက်ပေးပါ
လက်ရှိ 1980 အရောင်းကြိုက်ပါတယ်

04/12/2023

ကိုယ့် Client တွေက ပါးနပ်တယ် လောဘမကြီးဘူး ထိန်းထိန်းသိမ်းသိမ်း Trade ကြလို့ ကျေးဇူးတင်ရမယ် သူများတွေ Account ပြုတ်နေတဲ့အချိန် မပါလို့

04/12/2023

စျေးကွက်အနေအထား သိရှိလိုပါက join ထားလို့ရပါတယ်ရှင်
https://t.me/sulwin63

04/12/2023

သောကြာနေ့က Buy ထားလိုက်တာ အဲ့လောက်ထိတက်သွားမယ်မှန်းမသိ Sl ဘဲထားပြီး အမြတ်ကိုဖွင့်ထားလိုက်တာ ရှယ်ဘဲ 😆
Monday အိပ်ယာနိုးတာ ကျက်သရေရှိ sweet december

Address

Mandalay

Telephone

+959953205043

Website

Alerts

Be the first to know and let us send you an email when Forex Trade For Trillionaire posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Forex Trade For Trillionaire:

Share