Vector Burma Construction Services

Vector Burma Construction Services Connecting Dreams, Building Realities

04/06/2026

📞 NEW PROJECT IS CALLING...
ရန်ကုန်မြို့ရှိ အိမ်ဆောက်လုပ်ခြင်း၊ အဆောက်အဦးတိုးချဲ့ခြင်း၊ Renovation ပြုလုပ်ခြင်းနှင့် Commercial Project များအတွက် အခွင့်အရေးကောင်းတစ်ခု ရောက်ရှိလာပါပြီ။
ကျွန်ုပ်တို့၏ Managing Director ကိုယ်တိုင် ရန်ကုန်မြို့သို့ လာရောက်မည်ဖြစ်ပြီး Project များအား တိုက်ရိုက်ဆွေးနွေးပေးသွားမည် ဖြစ်ပါသည်။

🏗️ RC/SS Building
🏠 Residential House
🏢 Commercial Building
🔨 Renovation & Extension Works
📐 Design & Construction Solutions
Project အသစ်စတင်ဖို့ စဉ်းစားနေသူများ၊ ဆောက်လုပ်ရေးအကြံဉာဏ် ရယူလိုသူများအနေဖြင့် အချိန်မီ ဆက်သွယ်ထားရန် ဖိတ်ခေါ်အပ်ပါသည်။

📲 Appointment Booking များကို 09976004035သို့ ခေါ်ဆို၍၎င်း၊ CBမှတစ်ဆင့်၎င်း ယခုပင် ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

"Your Dream Project Deserves the Right Partner."

10/04/2026

Vector Burma ကဘယ်လိုဆောက်လုပ်ရေး ကုမ္ပဏီလဲ? Client တွေရဲ့ Review ကဘယ်လိုလဲ?

ဒီ Video လေးကို အဆုံးထိကြည့်ပြီး
စိတ်ကူးထဲက အိမ်ကလေးအတွက်
စိတ်ကူးထဲမှာ Vector Burma ကို
ရွေးချယ်ထားလိုက်ပါ။

လက်တွေ့ဆောက်လုပ်ဖို့အဆင်သင့်ဖြစ်နေပြီဆိုရင်တော့
👇ဖုန်းလေးဆက်ပြီး စုံစမ်းကြည့်ဖို့ အကြံပြုပါရစေ။

📲09976004035 (Viber👌)

Connecting Dreams, Building Realitiesအိမ်မက်များကိုယှက်ဖွဲ့ချိတ်ဆက်ပြီး လက်တွေ့ကမ္ဘာတွင်တည်ဆောက်ခြင်း📲09976004035
27/01/2026

Connecting Dreams, Building Realities

အိမ်မက်များကိုယှက်ဖွဲ့ချိတ်ဆက်ပြီး လက်တွေ့ကမ္ဘာတွင်တည်ဆောက်ခြင်း

📲09976004035

04/07/2025
ယနေ့ကျရောက်တဲ့ ကဆုန်လပြည့်နေ့ (ဗုဒ္ဓအခါတော်နေ့) မှာ မြန်မာ ပြည်သူ ပြည်သားအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာ ချမ်းသာကြပြီး လ...
11/05/2025

ယနေ့ကျရောက်တဲ့ ကဆုန်လပြည့်နေ့ (ဗုဒ္ဓအခါတော်နေ့) မှာ မြန်မာ ပြည်သူ ပြည်သားအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာ ချမ်းသာကြပြီး လိုအင်ဆန္ဒများပြည့်ဝပါစေကြောင်း “Vector Burma “ မိသားစုမှ ဆုတောင်း မေတ္တာ ပို့သအပ်ပါတယ်။

#ကဆုန်လပြည့်နေ့ #ညောင်ရေသွန်းပွဲ

ယနေ့ မေလ (၁) ရက်နေ့တွင် ကျရောက်သော အလုပ်သမားနေ့မှစ၍ ကမ္ဘာတစ်ဝှမ်းမှ ကာယ၊ဉာဏအလုပ်သမားများအားလုံး စိတ်ချမ်းသာ ၊ ကိုယ်ကျန်း...
01/05/2025

ယနေ့ မေလ (၁) ရက်နေ့တွင် ကျရောက်သော အလုပ်သမားနေ့မှစ၍ ကမ္ဘာတစ်ဝှမ်းမှ ကာယ၊ဉာဏအလုပ်သမားများအားလုံး စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာခြင်းနှင့်ပြည့်စုံပြီး အလုပ်အကိုင်များ အဆင်ပြေချောမွေ့ကြပါစေကြောင်း Vector Burma မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

#အလုပ်သမားနေ့

25/04/2025

မန္တလေးငလျင်ကြီးနဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေဟာ Vector Burma ရဲ့ စေတနာနဲ့အရည်အသွေးကို တုန်လှုပ်စေခဲ့ခြင်းမရှိပါ
-----------------------
မန္တလေးမှာ ငလျင်ကြီး လှုပ်သွားတယ်။ နောက်ဆက်တွဲ ငလျင်ငယ်တွေလည်း လှုပ်တယ်။ ငလျင်ကြီးရဲ့ ပြင်းအားကဆိုရင် မဂ္ဂနီကျု ၇ ဒသမ ၆ တောင် ရှိခဲ့တယ်။ ငလျင်ကြီးကြောင့် တိုက်တာတွေ ပြိုကျခဲ့တယ်၊ ယိုင်နဲ့ခဲ့တယ်၊ ရွဲ့စောင်းသွားတယ်၊ နောက်ဆက်တွဲငလျင်တွေလှုပ်တော့ တချို့ ရွဲ့စောင်းနေတဲ့တိုက်တွေ၊ အခြေမခိုင်တဲ့တိုက်တွေ ဆက်ပြီး ပြိုကျခဲ့တယ်။

အဲ့ဒီလို အထိအနာဖြစ်ခဲ့ရတဲ့တိုက်တွေထဲမှာ Vector Burma Construction Services က တည်ဆောက်ခဲ့တာတွေ ဘာတစ်ခုမှ မပါသွားခဲ့ဘူးဆိုရင် ယုံကြည်လိုက်ပါ။

Vector Burma Construction Services က တာဝန်ယူပြီး ၅ နှစ်တာကာလအတွင်း တည်ဆောက်ခဲ့တဲ့ ဆက်သွယ်ရေးတာဝါတိုင်တွေ၊ Solar Plant တွေ၊ လူနေအိမ်တွေ၊ စာသင်ကျောင်းတွေ အားလုံးဟာ မတ်လ ၂၈ ရက်နေ့က ပြင်းပြင်းထန်ထန် လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးနဲ့ ငလျင်ကြီးရဲ့နောက်မှာ နောက်ဆက်တွဲ လှုပ်ခတ်ခဲ့တဲ့ ငလျင်ငယ်တွေအကြား ဘာတစ်ခုမှကို မထိခိုက်ခဲ့ပါဘူး။

အခုလည်း Vector Burma Construction Services က တာဝန်ယူတည်ဆောက်ခဲ့တဲ့ အဆောက်အအုံတွေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီးပါပြီ။ အဲ့ဒီလို စစ်ဆေးတာမှာလည်း Vector Burma Construction Services ရဲ့အဆောက်အအုံတွေက ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ တည်တံ့ခိုင်မြဲနေတာကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပါပြီ။

Vector Burma Construction Services တာဝန်ယူတည်ဆောက်ပေးခဲ့တဲ့ အဆောက်အအုံတွေဟာ ပြိုကျတာ၊ ကြီးကြီးမားမား ထိခိုက်ပျက်စီးတာ၊ နောက်ဆက်တွဲ အကြီးစား အလတ်စားပြုပြင်ရတာမျိုးတောင် လုံးဝမရှိတာကို ဂုဏ်ယူဖွယ်ရာ တွေ့ရှိခဲ့ရပါတယ်။
ပီတိကိုစားပြီး အားရှိရတယ်ဆိုတာ ဒါပါပဲ။ အနာဂတ်မှာလည်း အခုကောင်းမွေတွေကို အကောင်းတကာ့အကောင်းဆုံးဖြစ်အောင် ဆက်လက်ထိန်းသိမ်းပြီး Vector Burma Construction Services က ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း ကြေညာမောင်းခတ်လိုက်ပါရစေလား။

“မန္တလေးငလျင်ကြီးနဲ့ နောက်ဆက်တွဲငလျင်ငယ်တွေဟာ Vector Burma ရဲ့ စေတနာနဲ့အရည်အသွေးကို တုန်လှုပ်စေခြင်းငှာ မစွမ်းသာခဲ့ဘူးဆိုတာကို မိတ်ဆွေ ယုံကြည်လိုက်ပါ”





Connecting Dreams, Building Realities

Project အသစ်များလက်ခံခြင်းကို (၁) လတိတိ ရပ်နားသွားမည့် Vector BurmaVector Burma အနေနဲ့ မည်သည့် Construction Project အသစ်...
18/04/2025

Project အသစ်များလက်ခံခြင်းကို (၁) လတိတိ ရပ်နားသွားမည့် Vector Burma

Vector Burma အနေနဲ့ မည်သည့် Construction Project အသစ်ကိုမှ အခုကစပြီး နောက်ထပ် (၁)လတိတိ လက်ခံသွားမှာမဟုတ်ကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ။

✅လက်ရှိမှာ ငလျင်ဒဏ်ကို ပူပူနွေးနွေးခံစားထားရပြီး ငလျင်ငယ်တွေလည်း လှုပ်နေသေးတဲ့အတွက် အဆောက်အဦးသစ်များ ဆောက်လုပ်ရန် အချိန်အခါကောင်းမဟုတ်ခြင်း

✅ဆောက်လုပ်ရေးပစ္စည်းများ အင်မတန်ဈေးကြီးနေတဲ့ ကာလဖြစ်လို့ ငွေကုန်ကြေးကျ ပိုများနိုင်ခြင်း

✅ငလျင်လှုပ်ပြီး အခြေအနေများကြောင့် ဆောက်လုပ်ခွင့်ပါမစ်များ အရင်ကလို လွယ်ကူစွာ မရရှိနိုင်တော့ခြင်း

✅ပြန်လည်ထူထောင်ရေးကာလဖြစ်တဲ့အတွက် အဆောက်အဦးအသစ်တွေ ဆောက်လုပ်ခြင်းထက် ဦးစားပေးသင့်တဲ့အရာတွေ ရှိ‌နေတယ်လို့ Vector Burma အနေနဲ့ ခံယူထားခြင်း

ဒီလိုမျိုး Client တွေအတွက် နစ်နာစေနိုင်တဲ့ အကြောင်းတရား အခက်အခဲများစွာရှိနေတဲ့အတွက် Vector Burma ရဲ့ (၁)လတိတိ Project အသစ်လက်ခံတာ ရပ်နားခြင်းကို နားလည်ပေးစေလိုပါကြောင်း ပန်ကြားအပ်ပါတယ်ခင်ဗျာ။

အသေးစိတ်သိရှိလိုပါက____

📱 09976004035, 09966076000 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

🔗 Website Link : www.vectorburma.com









💦 မြန်မာ့နှစ်ကူးအချိန်အခါမှ စပြီး ပြည်သူပြည်သားများအားလုံး ဘေးအန္တရာယ်ကင်းရှင်းလို့ အေးချမ်းသာယာတဲ့ ဘဝကို ပိုင်ဆိုင်နိုင...
17/04/2025

💦 မြန်မာ့နှစ်ကူးအချိန်အခါမှ စပြီး ပြည်သူပြည်သားများအားလုံး ဘေးအန္တရာယ်ကင်းရှင်းလို့ အေးချမ်းသာယာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါ​စေကြောင်း နှင့်

ငလျင်ဘေးကြီးကြောင့် ပျက်စီးဆုံးရှုံးမှုတွေလည်း အမြန်ဆုံးပြန်လည်ထူထောင်နိုင်ပါစေကြောင်း Vector Burma မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ 🙏

Address

Office Building (4th Floor), Thiri Mingalar Housing, 27th Street Between 73th Street And 74th Street, Chanayethazan Township
Mandalay
05024

Alerts

Be the first to know and let us send you an email when Vector Burma Construction Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share